← Chapters

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်

Vol. 73 Ch. 1084

သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်

Vol. 73 Ch. 1084

ဤကိစ္စက ဤမှာပင် ပြီးဆုံးမသွားနိုင်လောက်ပေ။

ဆူဇီမိုသည် အဲ့ဒါနဲ့ ပတ်သက်၍ ထပ်ပြီးစဥ်းစားလိုစိတ်မရှိပေ။ သူက သူ၏နဂါးသားရဲတွင်းသို့ ပြန်ရောက်သည်နှင့်အမျှ လုံရှီသည် သူ့ကို အတင်းအကျပ် ဆွဲထုတ်နိုင်လိမ့်မည်မဟုတ်ပေ။

သူက အသံကိုနှိမ့်၍ မေးလိုက်လေသည်။

“ဒါနဲ့.. စကားမစပ် မီးပဒေသာနဂါးမျိုးရိုးရဲ့ ကျင့်ကြံရေးနည်းစနစ်တွေက ဘယ်နေရာမှာရှိတာလဲ... ကျုပ်တစ်ချက်လောက် သွားကြည့်ချင်တယ်”

“ကျုပ်နောက်က လိုက်ခဲ့ပါ... လုံစန်က ဆူဇီမိုကို ရှေ့ကနေ ဦးဆောင်သွားပြီး မဟာခန်းမတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

ခန်းမ၏ ဝင်ပေါက်ဝ၌ အစောင့်နှစ်ယောက်၏ စစ်ဆေးမှုကိုဖြတ်ကျော်ပြီးနောက် သူတို့နှစ်ယောက်က အထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။

ခန်းမက သိပ်၍မကြီးမားဘဲ အထဲမှာ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်ကျမ်းများစွာမရှိပေ။ အဲ့ဒါက ဆန်းကြယ်တောင်ထွတ်လောက်တောင် မပေါများပေ။

နဂါးမျိုးနွယ်ကဲ့သို့ မျိုးနွယ်စုတစ်ခုအတွက် သူတို့မှာ မည်သည့်ကျင့်ကြံရေးနည်းစနစ်မှ မရှိလျှင်တောင် သူတို့က အရွယ်ရောက်လာသည်နှင့်အမျှ သူတို့၏ခွန်အားက တိုးလာပေလိမ့်မည်။

ကျင့်ကြံရေးနည်းစနစ်များက နဂါးမျိုးနွယ်များအတွက် ဖြည့်စွက်အထောက်အပံ့တစ်ခုမျှသာ ဖြစ်လေသည်။

ဆူဇီမိုသည် နဂါးမျိုးနွယ်၏ ကျင့်ကြံရေးနည်းစနစ်များကိုလည်း စိတ်မဝင်စားပေ။

နဂါးမျိုးနွယ်၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များပင်လျှင် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

သူဤနေရာသို့ ရောက်လာရသည့်ရည်ရွယ်ချက်မှာ ယန်စိတ်ဝိညာဥ်အပိုင်းတွင်ပါရှိသော ကျက်တီးမြေဓမ္မပညာရပ်နှင့် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တို့၏ လျှို့ဝှက်နက်နဲမှုကို ရှာဖွေဖော်ထုတ်နိုင်ဖို့ဖြစ်လေသည်။

ဆူဇီမိုသည် ရှေးဟောင်းကျမ်းစာအချို့ကို လန်လှောကြည့်ရှုပြီးနောက် သူ၏မျက်လုံးက ဝင်းလက်သွားလေသည်။

သူသည် အစကတော့ အဲ့ဒါကို ခန့်မှန်းမိခဲ့ရုံသာ ဖြစ်လေသည်။

ကျက်တီးမြေဓမ္မပညာရပ်နှင့် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ဖော်ပြထားသည့် ​ရှေးကျ၍ ထူးဆန်းသော သင်္ကေတစာလုံးများသည် အမှန်တကယ်ပင် နဂါးမျိုးနွယ်၏ ဘာသာစကားဖြစ်နေလေသည်။

ဆူဇီမိုသည် နဂါးမျိုးနွယ်ဘာသာစကားကို နားမလည်ခဲ့သောကြောင့် သူသည် ထိုပညာရပ်တို့၏ နောက်ကွယ်က လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ခဲ့ပေ။

အဲ့ဒါကိုအတည်ပြုပြီးနောက် သူသည် ခန်းမထဲရှိ အခြေခံအကျဆုံး ရှေးဟောင်းစာအုပ်အချို့ကို မိတ္တူပွားကာ နဂါးမျိုးနွယ်ဘာသာစကားကို တတ်နိုင်သမျှမြန်မြန်သင်ယူဖို့ ဆုံးဖြတ်လိုက်လေသည်။

ဆူဇီမိုသည် ခန်းမထဲကနေထွက်ခွာ၍ လုံစန်ကို နှုတ်ဆက်ပြီးနောက် တံခါးပိတ်ကျင့်ကြံဖို့ သူ၏ နဂါးသားရဲတွင်းဆီသို့ ပြန်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင်...

မီးပဒေသာနဂါးနယ်မြေတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်ပွဲသည် အလျင်မြန်ဆုံးနှုန်းထားဖြင့် နဂါးအရိုးတောင်ကြားတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့လေသည်။

လုံယဲ့သည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့် ၅ ဝင်လေသည်။ ပုံမှန်အားဖြင့် သူ၏ ရှုံးနိမ့်မှုက နဂါးများ၏ အာရုံစိုက်မှုကိုရရှိသင့်လေသည်။ သို့သော်လည်း နောက်ပိုင်းအချိန်များတွင် နဂါးများအမှန်တကယ်ဆွေးနွေးနေသည်မှာ ဆူဇီမိုနှင့်လုံရှီကြားက တိုက်ပွဲအကြောင်းသာ ဖြစ်လေသည်။ လုံယဲ့က သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၅ ဖြစ်စေ အဆင့် ၆​ ဖြစ်စေ မည်သူကမှ စိတ်မဝင်စားကြတော့ပေ။

အပြာရောင်နဂါးနယ်မြေတွင်....

“ဘယ်လို....”

အပြာရောင်နဂါးတစ်ကောင်က မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏မျက်လုံးထဲမှာ တလိပ်လိပ်တက်လာသော ဒေါသများနှင့်အတူ အေးစက်စွာမေးလိုက်လေသည်။

“တစ်ယောက်ယောက်က လုံရှီကိုအနိုင်ကျင့်ရဲတယ်ပေါ့လေ...”

“အစ်ကိုလုံယန်း... ကျုပ်ကြားတာတော့ အဲ့ဒါက အသစ်ရောက်လာတဲ့လုံမိုပဲ... သူက အစ်မရှီကို အနိုင်ကျင့်ခဲ့ရုံတင်မကဘူး သူက သူမရဲ့ တင်ပါးကိုပါ ပုတ်ခဲ့သေးတယ်...”

နောက်ထပ်အပြာရောင်နဂါးတစ်ကောင်က တီးတိုးပြောဆိုလိုက်လေသည်။

လုံယန်းဟုခေါ်သော အပြာရောင်နဂါးသည် သွယ်လျသောခန္ဓာကိုယ်နှင့် ရှည်လျားသော အစိမ်းရောင်ဆံပင်တို့ရှိလေသည်။ သူ၏မျက်နှာက နူးညံ့သိမ်မွေ့ပြီး ကြော့ရှင်းချောမောသောသွင်ပြင်ရှိလေသည်။ သူက အမျိုးသားတစ်ယောက်သာဖြစ်သော်လည်း အမျိုးသမီးတစ်ယောက်ထက်ပင် ပို၍လှပနေလေသည်။

လုံယန်းသည် အမျိုးသမီးအဝတ်အစားများကိုသာ ပြောင်းလဲဝတ်ဆင်လိုက်မည်ဆိုလျှင် သူက လုံရှီထက်ပင် ပို၍ ဆွဲဆောင်မှုရှိလာနိုင်လေသည်။

“သူက သူ့အကန့်အသတ်သူ တကယ်မသိဘူးပဲကိုး...”

လုံယန်းသည် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး အပြင်ဘက်သို့ လျှောက်လှမ်းထွက်လိုက်လေသည်။ သူ့မျက်လုံးထဲတွင် ညင်သာသောပုံရိပ်တစ်ခုက ထင်ဟပ်လာပြီး အသံကိုနှိမ့်၍ ပြောလိုက်လေသည်။

“ငါက ညီမလုံရှီကိုသွားပြီး နှစ်သိမ့်ပေးရမယ်... သူမရဲ့စိတ်ကြီးတဲ့သဘာဝနဲ့ဆို အခုလောက်ဆို ဒေါသတွေနဲ့ ပေါက်ကွဲနေလောက်ပြီ..”

သိပ်မကြာမီ လုံယန်းသည် ဦးချိုမဲ့နဂါးမျိုးရိုးနယ်မြေဆီသို့ ရောက်ရှိလာခဲ့လေသည်။

သူက လုံရှီ၏ ခန်းဝါအပြင်ဘက်သို့ ရောက်ရှိလာသည့်အချိန်မှာပင် အထဲကနေ မာန်မဲအော်ဟစ်သံအချို့ကို ကြားလိုက်ရလေသည်။

သိပ်မကြာမီ ဦးချိုမဲ့နဂါးအချို့က ပျက်ယွင်းနေသောအမူအရာများဖြင့် ထွက်လာကြလေသည်။ သူတို့သည် ဒေါသူပုန်ထနေသော လုံရှီ၏ ဆူပူငေါက်ငမ်းခြင်းကို ခံလာကြရလေသည်။

“ညီမလုံရှီ....ငါပါ”

လုံယန်းသည် လှိုဏ်ဂူခန်းဝ၏ အပြင်ဘက်မှာ ရပ်နေရင်း ညင်သာစွာ ပြောလိုက်လေသည်။

“တစ်ယောက်ယောက်က နင့်ကိုအနိုင်ကျင့်လိုက်တယ်လို့ ငါကြားမိတယ်... အဲ့ဒါကြောင့် ငါက နင့်ဆီကိုလာခဲ့တာပဲ...”

ဘုန်း.. ဘုန်း....ဘုန်း....

သိပ်သည်းလေးလံသော ခြေသံများက ထွက်ပေါ်လာခဲ့လေသည်။

သိပ်မကြာမီ လုံရှီ၏ ပုံရိပ်က လှိုဏ်ဂူခန်းဝါရှေ့မှာ ပေါ်ထွက်လာခဲ့လေသည်။

လုံယန်း၏ မျက်နှာပေါ်တွင် တောက်ပ၍ ကြည်လင်သော အပြုံးတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ လုံရှီသည် လုံယန်းကို သွေးနီရောင်မျက်လုံးများဖြင့် စိုက်ကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။

“ထွက်သွားစမ်.... အခြောက်ကောင်”

လုံယန်း၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားလေသည်။

အနီးနားပတ်လည်တွင် ဦးချိုမဲ့နဂါးများစွာ ရှိနေကြလေသည်။

ထိုအသံကိုကြားသောအခါ ဦးချိုမဲ့နဂါးများသည် ပြုံးဖြီး၍ သူ့ကို တိတ်တဆိတ် ကြည့်လာကြလေသည်။

လုံယန်းသည် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း သူသည် အမျိုးသမီးများထက်ပင် ပို၍မိန်းမဆန်ပြီး လှပနေလေသည်။ သူ၏ နူးညံ့သိမ်မွေ့သောအသံနှင့် ပေါင်းစပ်လိုက်သောအခါ သူငယ်ရွယ်စဥ်က နဂါးများစွာ၏ အနိုင်ကျင့်ခြင်းကိုခံရပြီး သူ့ကို မိန်းမလျာဟု ခေါ်ဆိုခဲ့ကြလေသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုစကားကို လုံယန်း၏ရှေ့မှာ မည်သူကမှ ထပ်မံ၍ မပြောဆိုရဲတော့ပေ။

လုံယန်းသည် ကြီးထွားလာသည်နှင့်အမျှ သူ၏ အရှက်ကွဲမှုကို ချေဖျက်ဖို့အတွက် အဆက်မပြတ်ကျင့်ကြံပြီး အခြားသူများနှင့် တိုက်ခိုက်ခဲ့လေသည်။ သူက ပို၍လှပလာသော်လည်း သူ၏ခွန်အားက ပို၍ကြောက်စရာကောင်းလာခဲ့လေသည်။

ယခုအချိန်မှာ သူက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်နေခဲ့လေပြီ။

နဂါးအရိုးတောင်ကြားမှာ လုံရှီကလွဲလျှင် အခြားသောမူလနတ္ထိနဂါးများအားလုံးနီးပါးသည် သူ၏ ဆုံးမခြင်းကိုခံရလေသည်။

အဲ့ဒါက သူသည် လုံရှီကို ဘယ်လောက်တောင်နှစ်သက်သဘောကျသလဲ ဖော်ပြနေလေသည်။

အခြားသောနဂါးများသာဆိုလျှင် သူ့ကို ဤကဲ့သို့ပုံစံဖြင့်ပြောဆိုပါက သေချာပေါက် အရှင်လတ်လတ် အရေခွံခွာခံရပေလိမ့်မည်။

လုံယန်းကခဏမျှတိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြုံလိုက်လေသည်။

“ညီမလုံရှီ... နင်က စိတ်တိုနေတယ်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့်လို့ ဘာမှမပူနဲ့... ငါက အဲ့ဒီလုံမိုကို နင့်ကိုယ်စားသွားပြီး ဆုံးမပေးမယ်”

“ငါနင့်ကိုမလိုဘူး...”

လုံရှီက အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်လေသည်။

“ဒါက ငါ့ကိစ္စပါ... ငါ့ဘာသာငါ ဖြေရှင်းနိုင်တယ်... လုံယန်း နင်က ငါ့ထက်တောင်ပိုပြီး လှနေတာလဲ... ဘာလို့နင်က ငါ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ... ငါ့ကိုထပ်ပြီးမနှောက်ယှက်နဲ့တော့”

လုံရှီသည် ကြမ်းတမ်းသောစကားများကို ဒေါသတကြီးပြောဆိုပြီးနောက် သူမ၏ လှိုဏ်ဂူခန်းဝထဲသို့ ပြန်လှည့်ဝင်သွားလေသည်။

လုံယန်းက စိတ်တိုဒေါသထွက်ခြင်းမရှိပေ။ သူက သူ၏ခေါင်းကိုအနည်းငယ် ငုံ့ထားပြီး ညင်သာစွာပြုံး၍ တီးတိုးပြောဆိုလိုက်လေသည်။

“ညီမလုံရှီ... အဲ့လောက်လည်း စိတ်တိုမနေပါနဲ့... ငါက နင့်ရဲ့ဒေါသတွေကိုဖြေဖျောက်ဖို့အတွက် လုံမိုရဲ့ဦးခေါင်းကို ယူလာခဲ့မယ်...”

လုံယန်းက ပြုံးနေသော်လည်း သူ၏မျက်လုံးထဲမှာ မကောင်းဆိုးဝါးဆန်ဆန် သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာခဲ့လေသည်။

“မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ အပြင်လူတစ်ယောက်...သူ့ကို သတ်လိုက်ရင်တောင် ကြီးကြီးမားမားကိစ္စမဟုတ်ဘူး...”

သူက အေးစက်စွာလှောင်ရယ်၍ သူ၏ခေါင်းကိုခါကာ ထွက်ခွာလာခဲ့လေသည်။

သူ၏ကိုယ်ပိုင်နဂါးသားရဲတွင်းတွင် ကျင့်ကြံနေသော ဆူဇီမိုသည် နဂါးမျိုးနွယ်သို့ ရောက်ရှိလာပြီး တစ်လအကြာမှာပင် နေရင်းထိုင်ရင်း မဟာရန်သူတော်တစ်ယောက်ကို ရရှိလိုက်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် သူက ဤလူကို တွေ့ပင်မတွေ့ဖူးသေးပေ။

အဲ့ဒါထက် သူက သိခဲ့လျှင်တောင် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် ယန်စိတ်ဝိညာဥ်အပိုင်းမှာ လုံးဝနစ်မျောနေခဲ့လေပြီ။

သူသည် နဂါးမျိုးနွယ်၏ ဘာသာစကားကို လေ့လာသင်ယူပြီး ကျက်တီးမြေဓမ္မပညာရပ်နှင့် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တို့ကို တစ်ဖန်ပြန်လေ့လာကြည့်လိုက်သောအခါ ထိုဓမ္မပညာရပ်တို့၏ လျှို့ဝှက်နက်နဲမှုကို အမှန်တကယ်ပင် နားလည်သဘောပေါက်လာခဲ့လေသည်။

သူက ယန်စိတ်ဝိညာဥ်အပိုင်း၏ ကြောက်စရာကောင်းမှုကို အခုမှ အမှန်တကယ် တွေ့ကြုံခံစားလာခဲ့ရခြင်း ဖြစ်လေသည်။

အစကတော့ ဆူဇီမိုသည် ကျက်တီးမြေဓမ္မပညာရပ်ကို ထုတ်ဖော်သောအခါ အဲ့ဒါက သူ့ကိုဗဟိုပြု၍ ကြီးမားသည့် ရွှံ့ညွန်တောတစ်ခုပေါ်ထွက်လာခြင်းနှင့် တူ​လေသည်။

သူ၏မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ သူ၏ဘေးပတ်လည်ရှိ သက်ရှိများအားလုံးသည် ကျက်တီးမြေဓမ္မပညာရပ်၏ တိုက်စားခြင်းကို ခံရပေလိမ့်မည်။

သို့သောယခုအခါ ဆူဇီမို၏လက်ဖဝါးပေါ်တွင် မီးခိုးရောင်မြူခိုးလုံးတစ်လုံးက ပေါ်ထွက်လာပြီး ထူးဆန်းသောအော်ရာတစ်ခုနှင့်အတူ လည်ပတ်၍ ​ပြောင်းလဲနေလေသည်။

ဤမြူခိုးများတွင် ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်နှင့် မဟာတာအိုတစ်ခု၏ အထွတ်အထိပ်အမှန်တရားတို့ ပါဝင်နေပုံရလေသည်။

အဲ့ဒါက စစ်မှန်သော ကျက်တီးမြေဖြစ်လေသည်။ ၎င်းက အကန့်အသတ်မဲ့ပြီး စိတ်ရှိသလိုပြောင်းလဲနိုင်လေသည်။

အရင်တုန်းက ကျက်တီးမြေ၏ ဗဟိုချက်မှာပင်လျှင် ဘဝသက်တမ်းလျော့ကျခြင်းက အသက်တစ်ရှိုက်မှာ နှစ်တစ်ရာမျှသာဖြစ်လေသည်။

ကျက်တီးမြေ၏ အစွန်အစပ်မှာဆိုလျှင် ဘဝသက်တမ်း လျော့ကျမှုက ပို၍ပင်နှေးကွေးပြီး လျစ်လျူရှု၍ရလောက်လေသည်။

သို့သော် ယခုအခါမှာတော့ ဆူဇီမို၏ လက်ဖဝါးထဲရှိ မြူခိုးများနှင့် ထိတွေ့မိသူမည်သူမဆို သူတို့၏ ဘဝသက်တမ်းက အသက်တစ်ရှိုက်စာမှာ နှစ် ၅၀၀ နှုန်းဖြင့် လျော့ကျသွားပေလိမ့်မည်။

ကျက်တီးမြေ၏ လျှို့ဝှက်ချက်ကို နားလည်ဆင်ခြင်ပြီးနောက် ၎င်းက အရင်ကထက် ၅ ဆပို၍ သန်မာလာခဲ့လေသည်။

အဲ့ဒါက မြင့်မားစွာ ခုန်တက်ခြင်းပင် ဖြစ်လေသည်။

မူလနတ္ထိ တစ်ယောက်က ဘဝသက်တမ်းနှစ်ငါးထောင်ရှိလေသည်။

အသက်တစ်ရှိုက်စာမှာ နှစ်ငါးရာသည် ဘဝသက်တမ်းနှစ်ငါးထောင်ရှိသော မူလနတ္ထိတစ်ယောက်ပင်လျှင် ကျက်တီးမြေ၏ လွှမ်းခြုံမှုအောက်မှာ အသက်ဆယ်ရှိုက်စာထက်ပို၍ ခံနိုင်ရည်မရှိဟု အဓိပ္ပါယ်ရလေသည်။

ဆူဇီမိုသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ မြူခိုးများက ပျက်ပြယ်သွားလေသည်။

နဂါးမျိုးနွယ်၏ဘာသာစကားကို နားလည်ဆင်ခြင်ပြီးနောက် ကျက်တီးမြေ၏စွမ်းအားက အဆများစွာတိုးလာခဲ့သော်လည်း အဲ့ဒါက တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေး​လေသည်။ သူ၏ တကယ့်အစစ်အမှန်အကျိုးအမြတ်မှာ ယန်စိတ်ဝိညာဥ်အပိုင်း၏ အနှစ်သာရဖြစ်သော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ပင်ဖြစ်လေသည်။

All Chapters