← Chapters

နတ်နဂါးပုံရိပ်ယောင်

Vol. 73 Ch. 1088

နတ်နဂါးပုံရိပ်ယောင်

Vol. 73 Ch. 1088

လုံယန်းသည် စဥ်းစားနေဖို့အချိန်မရှိဘဲ သူ၏သွေးချီကို တလိပ်လိပ်တက်လာစေကာ သူ၏အရိုးများက အသွင်ပြောင်းလဲလာခဲ့လေသည်။ အစက ဆယ်ပေမြင့်မားသော သူ၏ခန္ဓာကိုယ်က လျင်မြန်စွာပြန့်ကား၍ ရှည်ထွက်လာခဲ့လေသည်။

ရှည်လျားသော သူ၏ခန္ဓာကိုယ်က လေထဲသို့ပျံတက်သွားပြီး အထက်သို့တက်လိုက်လေသည်။

ပြီးပြည့်စုံသောနဂါးသွင်ပြင်....

သူ၏ခန္ဓာကိုယ်သည် ပေပေါင်းများစွာရှည်လျားလာပြီး အစိမ်းရောင်ကြေးခွံများဖြင့် ဖုံးအုပ်နေလေသည်။ သူ၏ဝမ်းဗိုက်အောက်ရှိ လက်သည်းလေးဘက်နှင့် သူ၏ဦးခေါင်းထက်ရှိ ဦးချိုနှစ်ချောင်းနှင့်အတူ သူ၏နတ်ဆိုးနဂါးဦးခေါင်းက ယိမ်းနွဲ့နေပြီး တိမ်လွှာများကြားမှာ ပျံသန်းလိုက်လေသည်။

အဲ့ဒါက ပြီးပြည့်စုံလုနီးပါး နဂါးခန္ဓာကိုယ်တစ်ခုဖြစ်လေသည်။

လုံယန်းက သူ၏နဂါးသွင်ပြင်သို့ ပြောင်းလဲလိုက်သည့်အချိန်မှာပင် မီးပဒေသာမျက်လုံး၏ အလင်းရောင်က ဆင်းသက်လာခဲ့ပြီး သူ၏နဂါးခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့လေသည်။

ဇီ.....

နဂါးခန္ဓာကိုယ်သည် လေထဲသို့ပျံတတ်သွားပြီး ၎င်းပေါ်တွင် အလင်းတန်းက ကြီးမားသည့်ဒဏ်ရာတစ်ခုကို ကျန်ရစ်စေကာ သွေးများကို စီးကျလာစေခဲ့လေသည်။

နဂါးကြေးခွံဆယ်ခုကျော်က ပြုတ်ကျလာပြီး မီးများလောင်ကျွမ်း၍ ဓားချက်များဖြင့် ပြည့်နှက်နေလေသည်။

ထိုသည်ကိုမြင်သောအခါ နဂါးများက ဆူညံပွက်လောရိုက်သွားကြလေသည်။

စက္ခုနည်းစနစ်တစ်ခု၏ ခြိမ်းခြောက်နိုင်စွမ်းက မကြီးမားနိုင်သော်လည်း ၎င်းက ချက်ချင်းလက်ငင်း မမျှော်လင့်ထားစွာပဲ အသာစီးရယူနိုင်ခဲ့လေသည်။

နဂါးမျိုးနွယ်တွင် စက္ခုနည်းစနစ်၏စွမ်းအားက များစွာသော ဓမ္မပညာရပ်များထက် နိမ့်ကျလေသည်။

မီးပဒေသာနဂါးမျက်လုံးကဲ့သို့ စွမ်းအားကြီးမားသော စက္ခုနည်းစနစ်တစ်ခုပင်လျှင် အပြာရောင်နဂါး၏ ကြေးခွံခံစစ်ကိုမထိုးဖောက်နိုင်ဘဲ ထိုသူ၏ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ယခုအခါ ဆူဇီမို၏ စက္ခုနည်းစနစ်သည် လုံယန်း၏ နဂါးခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါးဖြစ်သွားခဲ့လေသည်။

လုံယန်းက သူ၏ပြီးပြည့်စုံသော နဂါးသွင်ပြင်ကို အချိန်မီမပြောင်းလိုက်နိုင်လျှင် သူက သေလုမတတ်ဖြစ်သွားနိုင်သည်မှာ စဥ်စားကြည့်ဖို့လွယ်ကူလေသည်။

ဘန်း.....

အပြာရောင်နဂါးက သူ၏အမြီးကို လွှဲယမ်း၍ ဆူဇီမို၏ လက်သီးကို ပစ်ရိုက်လိုက်လေသည်။

ဆူဇီမို၏ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး လွင့်စင်ထွက်သွားခဲ့လေသည်။

လုံယန်း၏ခွန်အားက သူ၏ပြီးပြည့်စုံသော နဂါးသွင်ပြင်မှာ များစွာပို၍ ကြောက်စရာကောင်းလာခဲ့လေသည်။ ဆူဇီမိုသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့ဖြင့် အဲ့ဒါကို မခုခံနိုင်ပေ။

သူတို့နှစ်ယောကိကြားတိုက်ခိုက်မှုက သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေသည်ဟု ထင်ရလေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ကြီးကြီးမားမား ထိခိုက်ခံရသည်မှာ လုံယန်းဖြစ်လေသည်။

သူသည် အသံတစ်ချက်မှမထွက်သော်လည်း သူ၏နဂါးမျက်လုံးများက ပြင်းထန်သည့်နာကျင်မှုကို ဖော်ပြနေလေသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် မီးပဒေသာမျက်လုံးကနေ ဖြစ်ပေါ်လာသော ဒဏ်ရာများသည် သူ့အတွက် ကြီးမားသောရိုက်ချက်ဖြစ်ပြီး ထိုဒဏ်ရာများက အခုချိန်ထိပြန်ကောင်းမလာသေးပေ။

အပြာရောင်နဂါးမျိုးရိုးသည် ကြောက်စရာအကောင်းဆုံး ပြန်လည်ကုသနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။

မီးပဒေသာနဂါးမျက်လုံး၏ လောင်မြိုက်မှုစွမ်းအားသက်သက်ဆိုလျှင် အဲ့ဒါကို သူ၏ပြန်လည်ကုသနိုင်စွမ်းက ပြုပြင်ဖာထေးနိုင်လေသည်။

သို့သော်လည်း ထိုဒဏ်ရာထဲတွင် ထက်ရှသောအနားစောင်းများက ရောထွေးနေပြီး သူ၏အသားများကို အဆက်မပြတ်လှီးဖြတ်နေလေသည်။ အဲ့ဒါက သူ၏ပြန်လည်ကုသနိုင်စွမ်းရည်နှင့် ယှဥ်နိုင်လေသည်။

လုံယန်းသည် တိမ်လွှာများကြားလှည့်ပတ်၍ သူ၏ ခန္ဓာကိုယ်မှ သွေးများက အဆက်မပြတ်စီးကျနေလေသည်။ သူ၏လှုပ်ရှားမှုတိုင်းသည် သူ၏ဒဏ်ရာများအပေါ် အလွန်ပြင်းထန်သည့် နာကျင်မှုကိုဖြစ်ပေါ်စေလေသည်။

သူသည် အပြာရောင်နဂါးသွင်ပြင်သို့ပြောင်းလဲပြီးနောက် ကောင်းကင်ထက်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖိအားတစ်ခုက ပြည့်နှက်လာခဲ့လေသည်။ အဲ့ဒါက နဂါးမျိုးနွယ်၏ တစ်မူထူးခြားသော ဖိအားတစ်ခုဖြစ်လေသည်။

နိမ့်ကျသော မျိုးဆက်သွေးရှိသည့် မည့်သည့်မျိုးနွယ်စုမဆို ထိုဖိအား၏ သက်ရောက်ခြင်းကို ခံရပေလိမ့်မည်။

မျိုးဆက်သွေးက အားနည်းလေလေ ထိတွေ့ရိုက်ခတ်မှုက ပို၍ကြီးမားလေလေ ဖြစ်လေသည်။

ဆူဇီမိုသည် သူ၏ခေါင်းကိုမော့၍ ၎င်းကိုကြည့်လိုက်လေသည်။ သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေပြီး ထိုဖိအား၏ သက်ရောက်ခြင်းကို လုံးဝမခံရသည့်အလားပင်။

ဘုန်း....

တိမ်လွှာများထဲမှ အရိုင်းဆန်၍ ကြောက်စရာကောင်းသော နဂါးဦးခေါင်းက ရုတ်တရက်ထွက်ပေါ်လာပြီး သူ၏ပါးစပ်ကို ဖွင့်ဟ၍ ကြီးမားသည့် ရေစီးကြောင်းများကို ဆူဇီမိုထံသို့ ထွေးထုတ်လိုက်လေသည်။

ပြင်းထန်သည့် ရေစီးကြောင်းများက ဆင်းသက်လာပြီး တိုက်ပွဲနယ်မြေတွင် အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် မြွေနဂါးတစ်ကောင်အနေဖြင့် ဤကဲ့သို့သော ဓမ္မပညာရပ်များဖြင့် ရင်းနှီးကျွမ်းဝင်လေသည်။ သို့သော်မြွေနဂါးများသည် ရေကန်များနှင့် ရွှံ့ညွန်များတွင်သာ အလွန်ဆုံးကျင်လည်ကျက်စားနိုင်လေသည်။

နဂါးမျိုးနွယ်အနေဖြင့်တော့ သူတို့သည် မြစ်များနှင့် သမုဒ္ဒရာများကို မှောက်လှန်နိုင်ပြီး အစစ်အမှန်လွှမ်းမိုးခြယ်လှယ်နိုင်သူများဖြစ်လေသည်။

ထိုစွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် ​ဆူဇီမိုသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားပြီး ရေလှိုင်းများ၏ အုပ်မိုးခြင်းကို ချက်ချင်းနီးပါးခံလိုက်ရလေသည်။

ဤဓမ္မပညာရပ်သည် အစစ်အမှန်သမုဒ္ဒရာနှင့် လုံးဝမခြားနားပေ။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့်စွမ်းအားမဆို ခုခံနိုင်စွမ်းမရှိတော့ပေ။

လုံးယန်းသည် လေထဲမှာလှည့်ပတ်၍ သူ၏ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်လေသည်။ သူ၏မျက်လုံးများက ဝင်လက်တောက်ပနေပြီး တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ရေမျက်နှာပြင်ကို ငေးကြည့်နေလေသည်။

ခဏကြာပြီးနောက် ရေမျက်နှာပြင်ပေါ်တွင် မည်သည့်လှုပ်ရှားမှုမှ ထွက်ပေါ်မလာသောအခါ သူက စိတ်သက်သာစွာသက်ပြင်းချလိုက်လေသည်။

ဂါး.....

လုံယန်းက စိတ်အားထက်သန်စွာဖြင့် အော်ဟစ်မြည်ကြွေးလိုက်လေသည်။

“အဲ့ဒါကပြီးသွားပြီလား....”

နဂါးများသည် တိုက်ပွဲနယ်မြေကို ငေးကြည့်ရင်း သူတို့၏စိတ်ထဲမှာတူညီသော အတွေးက ဝင်ရောက်လာခဲ့လေသည်။

ပြောရမည်ဆိုလျှင် နဂါးအရိုးတောင်ကြားမှာ မူလနတ္ထိအဆင့် မည်သည့်နဂါးကမှ လုံယန်း၏ ဓမ္မပညာရပ်ကို ခုခံနိုင်ခြင်းမရှိကြပေ။ သို့သော်လည်း လုံမိုကတော့ ခြားနားလေသည်။

လုံမိုက အထဲမှာ နစ်မြုပ်သွားသည်ဆိုလျှင်တောင် နဂါးများက မသက်မသာခံစားနေရဆဲဖြစ်လေသည်။

လုံမိုက ဤကဲ့သို့ အလွယ်တကူ သေမသွားနိုင်ဟုထင်ရလေသည်။

ရုတ်တရက်ဆိုသလို.... အစက တည်ငြိမ်နေသော ပင်လယ်ရေမျက်နှာပြင်သည် မမြင်ရသော ဧရာမလက်တစ်စုံဖြင့် မွှေနှောက်ခြင်းခံလိုက်ရသည့်အလား စတင်လည်ပတ်လာခဲ့လေသည်။

အဲ့ဒါက ပို၍ပို၍ မြန်ဆန်လာခဲ့လေသည်။

ခဏနေပြီးနောက် သမုဒ္ဒရာ၏အလယ်တွင် ဧရာမဝဲကတော့တစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

ဝဲကတော့၏ အလယ်ဗဟိုတွင် သွေးချီများဖြင့်ပြည့်နှက်နေသော ကြီးမားသည့် ငရဲခန်းတစ်ခုက ဖြည်ဖြည်းချင်းလွင့်မျောပေါ်ထွက်လာပြီး တစ္ဆေညည်းတွားသံများကိုလည်း ကြားနေရလေသည်။

“ပြိုကွဲစမ်း....”

ဆူဇီမို၏အသံက ငရဲခန်းထဲကနေ ထွက်ပေါ်လာခဲ့လေသည်။

ငရဲခန်းကကြေမွသွားလေသည်။

မြင့်မားသော အလောင်းတောင်တန်းတစ်ခုက ထွက်ပေါ်လာပြီး သမုဒ္ဒရာတစ်ခုလုံး နီစွေးသွားလေသည်။ အလောင်းတောင်ပေါ်မှာမတ်တတ်ရပ်နေရင်း ဆူဇီမိုသည် ငရဲ၏ သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်လွင်ထင်ရှားလာခဲ့လေသည်။

သူက အဆူရာဆေဘာနှင့် တည်ငြိမ်ပင်လယ်ကျမ်းကို ပေါင်းစပ်လိုက်ခြင်း ဖြစ်လေသည်။

ရွှစ်.....

လုံယန်းသည် ဒေါသူပုန်ထသွားပြီး ဆူဇီမိုကို ငုံကြည့်ကာ ပင့်သက်ကို သည်းထန်စွာ ရှုရှိုက်နေလေသည်။

ရုတ်တရက်ဆိုသလို....

သူသည် အောက်သို့ထိုးဆင်းလာပြီး သူ၏ပါးစပ်ကို ဖွင့်ဟကာ သူ့လည်ချောင်းအနက်ပိုင်းထဲကနေ ကျယ်လောင်သော နဂါးဟိန်းဟောက်သံကို ထုတ်ဖော်၍ ဝန်းကျင်တစ်ခွင်ကို တုန်ခါသွားစေလေသည်။

အပြာရောင်နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ....

မျိုးရိုးငါးခုမှ နဂါးများသည် မွေးကတည်းက ဤအသံလျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်နိုင်ကြလေသည်။

လူသားအများစုသည် မျိုးရိုးငါးခုမှ နဂါးများကိုမဆိုထားနှင့် သွေးနှောနဂါးများ၏ ဟိန်းဟောက်သံကိုပင် ခံနိုင်ရည်မရှိကြပေ။

မျိုးရိုးငါးခုမှ နဂါးဟိန်းဟောက်သံ၏ ပို၍ပင်ကြောက်စရာကောင်းလေသည်။

အတော်အတန်အားနည်းသော မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များပင်လျှင် ထိုဟိန်းဟောက်သံကြောင့် ချက်ချင်းသတ်ဖြတ်ခံရနိုင်လေသည်။

မျိုးရိုးငါးခုကြားမှာ အပြာရောင်နဂါး၏ ဟိန်းဟောက်သံက အသန်မာဆုံးဖြစ်လေသည်။

အကြောင်းမှာ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် သူ၏မျိုးဆက်သွေးနှင့် တိုက်ရိုက်အချိုးကျနေသောကြောင့်ဖြစ်လေသည်။

အပြာရောင်နဂါးမျိုးရိုးက အသန်မာဆုံးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားမှတော့ သူတို့၏နဂါးဟိန်းဟောက်သံက အသန်မာဆုံးဖြစ်နေလေသည်။

ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည့်ခဏမှာပင် သူ၏နားထဲမှာ စူးရှသော နာကျင်မှုကို ခံစားလာရလေသည်။

သူ၏ခန္ဓာကိုယ်က ဘယ်လောက်တောင်သန်မာလိုက်ပါသလဲ...

သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး အသံလျှို့ဝှက်နည်းစနစ်အများစုက သူ့အပေါ်မှာသက်ရောက်မှု မရှိကြပေ။

သို့သော်လည်း အပြာရောင်နဂါးဟိန်းဟောက်သံက အပြည့်အဝထွက်ပေါ်မလာခင်မှာပင် သူ၏နားနှစ်ဖက်က နာကျင်မှုကို ခံစားလာရလေပြီ။

ဆူဇီမိုသည် ဤတိုင်းသာဆက်နေလျှင် အပြာရောင်နဂါးဟိန်းဟောက်သံကို သူကခုခံနိုင်မည်မဟုတ်ကြောင်း နားလည်လိုက်လေသည်။

သူက အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် သူ၏နားစည်က စုတ်ပြဲသွားနိုင်လေသည်။

သူ၏အမြုတေစိတ်ဝိညာဥ်ပင် လှုပ်ခတ်သွားစေနိုင်လေသည်။

ဖြောက် ဖြောက်....

ရုတ်တရက် ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ အရိုးများရွေ့လျားသံက ထွက်ပေါ်လာခဲ့လေသည်။

ဗြီး...

သူ၏အဝတ်များက စုတ်ပြဲသွားပြီး သူ၏ခန္ဓာကိုယ်က ပြန့်ကားလာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် နီရဲနေအောင် အပူပေးထားသော သံမဏိပြားများကဲ့သို့ သွေးနီရောင်ကြေးခွံများက ထွက်ပေါ်လာပြီး ချစ်ချစ်တောက်အပူအော်ရာကို ထုတ်ပေးလာလေသည်။

နဂါးအသွင်​ပြောင်းလဲခြင်း....

နဂါးတစ်ပိုင်းသွင်ပြင်....

နဂါးများစွာ၏ မျက်လုံးထဲတွင် လုံယန်းသည် သူ၏ ပြီးပြည့်စုံသော နဂါးသွင်ပြင်သို့ ပြောင်းလဲပြီးတာတောင် ဆူဇီမိုကိုချက်ချင်း မဖိနှိမ်နိုင်ပေ။

သို့သော်လည်း နဂါးများစွာမသိကြသည်မှာ ဆူဇီမို၏ ကျင့်ကြံမှု ဤအဆင့်အ​ရောက်ထိ သူ့ကို ဤအခြေအနေထိ ဖိအားပေးနိုင်သူမှာ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်တစ်ယောက်သာလျှင် ရှိခဲ့ဖူးလေသည်။

သီယင်းနှင့် ရင်ဆိုင်ချိန်မှာတောင် ဆူဇီမိုက နဂါးအသွင်ပြောင်းလဲဖို့ မလိုအပ်ခဲ့ပေ။

သူ၏နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲပြီးနောက် ဆူဇီမို၏ ခွန်အား ၊ အမြန်နှုန်းနှင့် ခံစစ်အားတို့ကလည်း တိုးလာပေလိမ့်မည်။ သူ၏နားထဲရှိ စူးရှသောနာကျင်မှုကလည်း အတော်လေးပျက်ပြယ်သွားခဲ့လေသည်။

သို့သော်လည်း အဲ့ဒါက မလုံလောက်သေးပေ။

အပြာရောင်နဂါးဟိန်းဟောက်သံက သူ့အပေါ် ထိတွေ့ရိုက်ခတ်နိုင်နေဆဲ ဖြစ်လေသည်။

ဆူဇီမို၏မျက်လုံးက ဝင်းလက်သွားပြီး သူ၏သွေးချီက တလိပ်လိပ်တက်လာခဲ့လေသည်။ သူ၏နောက်တွင် ပုံရိပ်ယောင်တစ်ခုကဲ့သို့ နတ်နဂါးတစ်ကောင်က ပေါ်ထွက်လာပြီး အပေါ်သို့ နွယ်တက်သွားလေသည်။

လူနှင့်နဂါးက ပြေးဝင်လာသော လုံယန်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုနှင့် လွှမ်းမိုးချောက်ချားဖွယ်ရာ စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေလေသည်။

ဘာ့ကြောင့်ရယ်မသိ လုံယန်းသည် လူနှင့်နဂါး၏ စိုက်ကြည့်မှုကို ခံရချိန်တွင် ကြောက်ရွံ့မှုကို ခံစားလာရပြီး သူ၏ခြေလှမ်းများကို အလိုလိုရပ်တန့်မိလိုက်လေသည်။

All Chapters