← Chapters

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံ

Vol. 73 Ch. 1090

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံ

Vol. 73 Ch. 1090

နဂါးအရိုးတိုက်ပွဲမြေမှ မလှမ်းမကမ်း ထောင့်တစ်နေရာတွင် မှုန်ရီဝေဝါးသော ပုံရိပ် ၅ ခုက မတ်တတ်ရပ်နေပြီး သူတို့သည် နောက်ထပ်လောကတစ်ခုမှာ ရှိနေသည့်အလား တိုက်ပွဲနယ်မြေကို တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။

အခြားသော နဂါးများက ဤနေရာကနေ ဖြတ်သွားလျှင်တောင် သူတို့ကို တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။

နဂါးမျိုးနွယ်၏ မျိုးရိုး ၅ ခုမှ အကြီးအကဲ ၅ ယောက် ဖြစ်ကြလေသည်။

မီးပဒေသာနဂါးမျိုးရိုးကနေ တိုက်ပွဲနယ်မြေကို လာရောက်စောင့်ကြည့်သူမှာ အကြီးအကဲ ၄ ဖြစ်လေသည်။

“မီးပဒေသာနဂါးမျိုးရိုးက ဒီကောင်လေးကို တကယ်ပဲ သခင်လေးအဖြစ် သတ်မှတ်ချင်တာလား”

ဦးချိုနဂါးအကြီးအကဲက မျက်မှောင် အနည်းငယ်ကြုတ်၍ သံသယရှိနေဟန်ဖြင့် မေးလိုက်လေသည်။

တောင်ပံနဂါးအကြီးအကဲကလည်း ခေါင်းခါလိုက်လေသည်။

“ဒီကောင်လေးရဲ့ တိုက်ခိုက်ရည်က မဆိုးပါဘူး.. ဒါပေမဲ့လို့ သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်တဲ့အတွက် သူ့ရဲ့ ပါရမီအလားအလာက အကန့်အသတ်ရှိတယ်.. သူ့ကို ပြုစုပျိုးထောင်ပေးဖို့က မထိုက်တန်သေးဘူး”

မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲများသည် ဆူဇီမိုနှင့် တစ်ကိုယ်တော်တိမ်စိုင်ကို​ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းသို့ ပို့လွှတ်လိုက်ခြင်းနှင့် ပတ်သက်၍ နဂါးမျိုးနွယ်မှ အခြားသော အကြီးအကဲများက တစ်နည်းတစ်ဖုံအားဖြင့် ကျေနပ်မှု မရှိကြပေ။

မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲ ၄ က ပြုံးရုံသာ ပြုံးပြလိုက်လေသည်။

“ဆက်လည်း စောင့်ကြည့်လိုက်ကြပါဦး”

အချိန်ကြာလာသည်နှင့်အမျှ.. အကြီးအကဲများသည် အံ့အားသင့်မှု အရိပ်အယောင်များကို တဖြည်းဖြည်း ထုတ်ဖော်လာကြလေသည်။

“ဒီကောင်လေးရဲ့ တိုက်ခိုက်ရည်ခွန်အားက ဒီအဆင့်ထိတောင် ရောက်နေပြီဆိုတော့.. အဲဒါက ငါထင်ထားတာထက်ကို ကျော်လွန်လာခဲ့ပြီပဲ”

“သူ့ရဲ့ မျိုးဆက်သွေးက မသန့်စင်တဲ့အတွက် သူက အပြည့်အဝ နဂါးသွင်ပြင်ကို မပြောင်းလဲနိုင်သေးဘူး.. ဒါပေမဲ့ အဲဒါက ကိစ္စမရှိဘူး.. သူက ပကတိမူလနတ္ထိအဆင့်ကို ကျင့်ကြံပြီးတာနဲ့ ဘိုးဘေးနဂါး နတ်ဘုရားကျောက်တိုင်ရဲ့ ဆေးကြောသန့်စင်မှုကို ခံယူရလိမ့်မယ်.. အဲ့အချိန်ကျရင် သူက အပြည့်အဝ အသွင်ပြောင်းလာနိုင်လိမ့်မယ်”

မျိုးရိုး ၅ ခုမှ အကြီးအကဲများက ပြောဆိုလာကြခြင်း ဖြစ်လေသည်။

တိုက်ပွဲအချိန်က ကြာလာသည်နှင့်အမျှ ဆူဇီမိုအပေါ် အကြီးအကဲများ၏ စိတ်နေသဘောထားကလည်း ပြောင်းလဲလာခဲ့လေသည်။

ကျတ်တီးမြေကို ထုတ်ဖော်၍ အသက်နှစ်ရှိုက်စာ ကြာပြီးနောက်.. ဦးချိုမဲ့နဂါးအကြီးအကဲက ပြုံးလိုက်လေသည်။

“စိတ်ဝင်စားစရာပဲ.. ဒီကောင်လေးက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို အားနည်းစေတဲ့ စွမ်းအားကို တကယ်ပဲ ပိုင်ဆိုင်ထားတာပဲ”

“အသက်တစ်ရှိုက်စာမှာ နှစ် ၅၀၀ က အားနည်းတဲ့​ မျိုးနွယ်စုတွေကို ကိုင်တွယ်ဖို့အတွက် လုံလောက်တယ်.. ဒါပေမဲ့လို့ အဲဒါက ငါတို့ နဂါးတွေအပေါ်မှာတော့ အဆင်မပြေနိုင်ဘူး”

အပြာရောင်နဂါးမျိုးရိုးမှ အကြီးအကဲက စိတ်လက်ပေါ့ပါးသော အမူအရာဖြင့်​ ပြောဆိုလိုက်လေသည်။ သူက အဲဒါကို စိတ်ထဲမှာ ထည့်မှတ်မထားပေ။

အသက် ၇ ရှိုက်စာ ကြာပြီးနောက်.. မီးပဒေသာနဂါး အကြီးအကဲ ၄ က သုန်မှုန်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။

“တစ်ခုခုတော့ မှားနေပြီ”

အခြားသော အကြီးအကဲ ၄ယောက်ကလည်း အကြည့်ချင်း ဖလှယ်ပြီးနောက် တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိလာကြလေသည်။

ဦးချိုနဂါးအကြီးအကဲက သူ၏မျက်လုံးကို မှေးကျဉ်းပြီး တည်တံ့စွာဖြင့် ပြောလိုက်လေသည်။

“ဒီဓမ္မပညာရပ်ရဲ့ စွမ်းအားကြောင့် လျော့ကျသွားတဲ့ ဘဝသက်တမ်းက ပြန်ပြီးတော့ အစားမရနိုင်ဘူး”

ဘဝသက်တမ်းကို ပစ်မှတ်ထားသော ဓမ္မပညာရပ်များသည် အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမားသော်လည်း သူတို့က လုံးဝမရှိသည်တော့ မဟုတ်ပေ။

သို့သော်လည်း ထိုဓမ္မပညာရပ်များ၏ စွမ်းအားက ပြန်လည်ကုသနိုင်လေသည်။

ရှင်းရှင်းပြောရလျှင် ထိုဓမ္မပညာရပ်များကို ထုတ်ဖော်နေစဉ်အတွင်း လျော့ကျသွားသော ဘဝသက်တမ်း နှစ် ၅၀၀ သည် ထိုဓမ္မပညာရပ် ပျက်ပြယ်သွားသည်နှင့် ၎င်းကို ပြန်လည်ရရှိလာပေလိမ့်မည်။

သို့သော်လည်း ကျတ်တီးမြေက ကွဲပြားခြားနားလေသည်။

ကျတ်တီးမြေကြောင့် ဆုံးရှုံးသွားသော ဘဝသက်တမ်း နှစ် ၅၀၀ ကို ထိုသူက အပြီးတိုင် ဆုံးရှုံးလိုက်ရခြင်း ဖြစ်လေသည်။ အဲဒါက ပြန်လည် မကုသနိုင်သလို ပြန်လည်အစားမရနိုင်ပေ။

အဲဒါက အရမ်းကို ကြောက်စရာကောင်းလေသည်။

ငယ်ရွယ်နုပျိုသော အရွယ်မှာရှိသည့် လူငယ်တစ်ယောက်သည် တစ်ခဏတွင်း အိုမင်းရင့်ရော်သော အဘိုးအိုတစ်ယောက်သို့ ပြောင်းလဲသွားမည့် မြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ဘဝသက်တမ်း ရှည်လျားသော နဂါးများပင်လျှင် သူတို့၏ ဘဝသက်တမ်းက နှစ်ပေါင်းထောင်နှင့်ချီ၍ လျော့ကျလာပြီးနောက် အဲဒါကို လျစ်လျူရှုထားနိုင်တော့မည် မဟုတ်ပေ။

အကြီးအကဲများအနေဖြင့် သူတို့သည် နဂါးမျိုးနွယ်၏ လူငယ်မျိုးဆက်များအကြား သေခြင်း ရှင်ခြင်း တိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်ခြင်း မရှိတတ်ကြပေ။

သို့သော်လည်း လုံယန်းသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်လေသည်။

ဒါ့အပြင် ဆူဇီမိုသည် နဂါးမျိုးနွယ်သို့ ဝင်ရောက်လာသည်မှာ မကြာသေးဘဲ သူ၏ မျိုးဆက်သွေးကလည်း သန့်စင်မှု မရှိပေ။ သူတို့က လုံယန်းဘက်သို့ မသိမသာ ဘက်လိုက်ကြမည် ဖြစ်လေသည်။

အပြာရောင်နဂါးအကြီးအကဲက မျက်မှောင်ကြုတ်ပြီး သူ၏ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားကာ လေဟာနယ်ထဲကနေ လျှောက်လှမ်းထွက်လိုက်လေသည်။

အခြားသော အကြီးအကဲ ၄ ယောက်ကလည်း အလောတကြီး လိုက်ပါလာကြလေသည်။

“အဘိုးကြီးရှူ.. ဂျူနီယာတွေကြားက တိုက်ပွဲမှာ ခင်ဗျားက ဝင်ပါတာ မကောင်းဘူးထင်တယ်နော်.. ဟုတ်တယ်မလား.. နဂါးမျိုးနွယ်က အဲဒီ စည်းမျဉ်းစည်းကမ်းကို ဘယ်တုန်းကမှ မဖောက်ဖျက်ခဲ့ဖူးဘူး”

မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲ ၄ က မျက်မှောင်ကြုတ်လိုက်လေသည်။

အပြာရောင်နဂါးအကြီးအကဲကလည်း တွေဝေတုံ့ဆိုင်းနေလေသည်။

ထိုစဉ်မှာပင်.. အကြီးအကဲ ၅ ယောက်၏ မျက်နှာအမူအရာက တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြလေသည်။

အစကတော့ သူတို့သည် လေဟာနယ်ထဲမှာ ရှိနေပြီး အဲဒါကို ကောင်းကောင်း အာရုံမခံစားနိုင်ကြပေ။

ယခု.. သူတို့က အပြင်လောကသို့ ရောက်ရှိလာပြီးမှ ကျတ်တီးမြေ၏ ကြောက်စရာကောင်းမှုကို ရှင်းလင်းစွာ ခံစားမိလာလေသည်။

“ဒီဓမ္မပညာရပ်ရဲ့ စွမ်းအားက ကျင့်ကြံမှုအဆင့်တွေကိုပါ လျစ်လျူရှုနိုင်တာလား”

ဦးချိုမဲ့နဂါးအကြီးအကဲက မယုံကြည်နိုင်မှုဖြင့် မျက်လုံးပြူးသွားခဲ့လေသည်။

“ငါလည်း အဲ့လိုထင်တာပဲ”

ဦးချိုနဂါးအကြီးအကဲ၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲလာပြီး ခေါင်းညိတ်ပြလိုက်လေသည်။

ဆိုလိုသည်မှာ ဤဓမ္မပညာရပ်သည် သူတို့အပေါ် သက်ရောက်လာပါက သူတို့၏ ဘဝသက်တမ်းကလည်း အသက်တစ်ရှိုက်စာမှာ နှစ် ၅၀၀ နှုန်းဖြင့် လျော့ကျလာပေလိမ့်မည်။

တကယ်တော့ သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ အသက်တစ်ရှိုက်စာအတွင်းမှာ ဆူဇီမိုကို သတ်ဖြတ်နိုင်လေသည်။

ထိုသို့ဆိုလျှင်တောင်.. ထိုဓမ္မပညာရပ်က လောကကို တုန်လှုပ်စေနိုင်လေသည်။

တောင်ပံနဂါးအကြီးအကဲက အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။

“လုံမိုက ငါတို့ကို အံ့အားသင့်စရာတွေ အများ​ကြီး တကယ်ပေးနေတာပဲ”

ထိုအခိုက်အတန့်တွင်.. ဆူဇီမိုသည် ကျတ်တီးမြေဓမ္မပညာရပ်ကို ထုတ်ဖော်ထားသည်မှာ အသက်ဆယ်ရှိုက်စာ ကျော်လာခဲ့လေပြီ။

အပြာရောင်နဂါးအကြီးအကဲ၏ မျက်လုံးထဲတွင် ပြတ်သားမှု အရိပ်အယောင်က ပေါ်ထွက်လာပြီး သူက လှုပ်ရှားဖို့ ပြင်ဆင်လိုက်လေသည်။

ဒီတိုင်းသာ ဆက်သွားနေလျှင်.. လုံယန်းက မသေလျှင်တောင် အပြာရောင်နဂါးမျိုးရိုးက ပြိုင်စံရှားတစ်ယောက်ကို ဆုံးရှုံးသွားနိုင်လေသည်။

ရုတ်တရက်.. တိုက်ပွဲနယ်မြေတွင် အပြောင်းအလဲတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

အစက အသားစီးရရှိနေသော ဆူဇီမိုသည် လုံယန်း၏ ခန္ဓာကိုယ်ပေါ်ကနေ ခုန်ဆင်းလိုက်လေသည်။ သူက မီးခိုရောင်မြူခိုးများကို လက်နှစ်ဖက်ဖြင့် ပယ်ဖျက်​ပြီး တိုက်ပွဲမြေ၏ အခြားတစ်ဖက်မှာ တည်ငြိမ်သော အမူအရာဖြင့် မတ်တတ်ရပ်လိုက်လေသည်။

သူက ရပ်တန့်လိုက်ခြင်း ဖြစ်လေသည်။

အစက အသားစီးရရှိနေခဲ့သော ဆူဇီမိုသည် သတ်ဖြတ်ဖို့အတွက်စိတ်ကူး သူ့မှာမရှိပေ။ သူက အချိန်မီ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ဘဝသက်တမ်း နှစ် ၅ ထောင်ကို ဆုံးရှုံးခြင်းက လုံယန်းအတွက် သိသာထင်ရှားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သော်လည်း အဲဒါက မသေစေနိုင်ပေ။

အဲဒါက သင်ခန်းစာတစ်ခုနှင့် သတိပေးခြင်းသာလျှင် ဖြစ်လေသည်။

ဆူဇီမို ရပ်တန့်ပြီးနောက်.. စတင်လှုပ်ရှားလာသည့် အပြာရောင်နဂါးအကြီးအကဲသည်လည်း သူ၏ခြေလှမ်းကို ရပ်တန့်​ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။

နဂါးသွေးတိုက်ပွဲမြေတွင်..

ဆူဇီမိုသည် လုံယန်းကို တည်ငြိမ်စွာ ကြည့်နေလေသည်။

တိုက်ပွဲ၏ ရလဒ်က ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။

အဲဒါထက်.. သေခြင်း ရှင်ခြင်း ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။

သူက ကျတ်တီးမြေကို ဆက်လက်ထုတ်ဖော်ထားလျှင် လုံယန်းသည် ရွေးချယ်စရာ မရှိဘဲ သူ၏ဘဝသက်တမ်းကို ကုန်ဆုံးစေရပေလိမ့်မည်။

သူသည် အစကတည်းက သွေးဆာရက်စက်သော လူတစ်ယောက် မဟုတ်ဘဲ လုံယန်းနှင့်လည်း နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိမနေပေ။ သူက ထိုသူကို သတ်ဖြတ်ဖို့အတွက် သူ့မှာ အကြောင်းပြချက် မရှိပေ။

ဘဝသက်တမ်း နှစ် ၅ ထောင်ကို ဆုံးရှုံးရခြင်းက သူ့ကို သင်ခန်းစာတစ်ခု ပေးဖို့အတွက် လုံလောက်လေသည်။

လုံယန်းသည် လေထဲမှာ မလှုပ်မယှက် ရပ်တန့်နေ​ပြီး ဆူဇီမိုကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေလေသည်။ သူ၏ မျက်လုံးများသည် အစတုန်းကလို အမျက်ဒေါသ မပါရှိတော့ပေ။

ဆူဇီမိုက သနားညှာတာမှု ပြပေးခဲ့သည်ကို သူက ခံစားမိနိုင်လေသည်။

သို့သော်လည်း သူက ရှုံးနိမ့်မှုကို ဝန်မခံလိုပေ။

သူ့တွင် အရိုးထဲထိ စွဲထင်နေသော မာန်မာနတစ်ခု ရှိလေသည်။

“လုံမို.. မင်းက ဒီတိုင်း ရပ်တန့်လိုက်တာနဲ့ပဲ ငါက ဦးညွတ်ပြီးတော့ အရှုံးပေးသွားလိမ့်မယ်လို့ မထင်လိုက်နဲ့”

လုံယန်းက ခေါင်းမာသော အမူအရာဖြင့် သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လေသည်။ သူက အံကိုကြိတ်ပြီး ပြောလိုက်လေသည်။

“ငါ့မှာ နောက်ထပ် လှုပ်ရှားကွက်တစ်ကွက် ရှိသေးတယ်.. ငါက အခုထိ မရှုံးသေးဘူး”

နဂါးများသည် တုန်လှုပ်သွား​ပြီး လုံယန်း၏ စိတ်ပိုင်းဖြတ်ထားမှုကို ခံစားမိလာကြလေသည်။

သူက တကယ်ပဲ အသေအကြေ တိုက်ခိုက်ဖို့ စိတ်ဆန္ဒရှိလာခဲ့လေသည်။

“လုံယန်း.. ရပ်လိုက်တော့..”

လုံရှီက အောက်ကနေ အော်ပြောလိုက်လေသည်။

လုံယန်းက သူ၏ခေါင်းကို ခါယမ်းပြီး ဆူဇီမိုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“လုံမို.. ဒါကို လက်ခံကြည့်လိုက်.. အဲဒါက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်.. အပြာရောင်နဂါးရဲ့ အမျက်ဒေါသပဲ”

လုံယန်း၏စကား မဆုံးသေးခင်မှာပင် သူ၏နှာရောင်ကနေ အစိမ်းရောင် အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာခဲ့လေသည်။ ဦးချိုတစ်ချောင်းနှင့်အတူ မြင့်မားထည်ဝါသော အစိမ်းရောင် နတ်နဂါးတစ်ကောင်က သူ၏ခန္ဓာကိုယ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။ ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကို ဖွင့်ဟပြီး ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်လာခဲ့လေသည်။

နဂါးများသည် သူတို့၏နှလုံးက တင်းကျပ်လာသည်ဟု ခံစားလာရလေသည်။

အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှု…

အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုက ဤလှုပ်ရှားကွက်ပေါ်မှာ မူတည်နေလေသည်။

နဂါးများအတွက်တော့ ဆူဇီမိုသည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်လာသည်မှာ မကြာသေးဘဲ.. သူက နဂါးမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ယခုအချိန်ထိ မကျင့်ကြံရသေးပေ။

ထိုလှုပ်ရှားကွက်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက သွားရှာပေတော့မည်။

သို့သော်လည်း တိုက်ပွဲမြေတွင် ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဝင်ရောက်လာသော အစိမ်းရောင်နဂါးကို ကြည့်နေလေသည်။ သူ၏နှာရောင်က တောက်ပသွားပြီး သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်က အဆက်မပြတ် သိပ်သည်းကျစ်လစ်လာခဲ့လေသည်။

လက်တစ်ဝါးအရွယ် သွေးနီရောင်ကြေးခွံတစ်ခုက သူ၏နှာရောင်ကနေ ဖြည်းဖြည်းချင်း လွင့်မျောထွက်ပေါ်လာခဲ့လေသည်။

အဲဒါက အရမ်းကို သာမန်ဆန်လေသည်။

လုံယန်း၏ အပြာရောင်နဂါး အမျက်ဒေါသနှင့် နှိုင်းစာလျှင် အဲဒါက ထူးခြားနေတာ ဘာမှမရှိပေ။

အဲဒါက နဂါးကြေးခွံတစ်ခုသာလျှင် ဖြစ်လေသည်။

အဲဒါက နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံလည်း ဖြစ်လေသည်။

All Chapters