မြောက်ပိုင်းဒေသို့ပြန်လည်ရောက်ရှိလာခြင်း
Vol. 73 Ch. 1093
နဂါးအရိုးတောင်ကြားတွင် ဆူဇီမိုနှင့်လုံယန်းကြား တိုက်ပွဲပြီး တစ်လမကြာခင်မှာပင် မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲများသည် ရှေ့သို့ထွက်လာခဲ့ပြီး ဆူဇီမိုကို မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဘွဲ့ကို အပ်နှင်းပြီး လုံကျူးဟူသော အမည်ကိုလည်းပေးခဲ့လေသည်။
နောက်ထပ်နှစ်ဝက်ကြာပြီးနောက် ဆူဇီမိုသည် နဂါးအရိုးတောင်ကြားနှင့် လုံးဝတစ်သားတည်းကျလာခဲ့လေပြီ။
ပထမတစ်ချက်အနေဖြင့် လွန်ခဲ့သည့်နှစ်ဝက်က တိုက်ပွဲသည် သူ့ကို နဂါးမျိုးနွယ်ကြားမှာ ကျော်ကြားစေခဲ့ပြီး များစွာသော နဂါးများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့လေသည်။
အထူးသဖြင့် မီးပဒေသာနဂါးမျိုးရိုးထံမှ ဖြစ်လေသည်။
ဒုတိယတစ်ချက်အနေဖြင့် မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးသည် အခြားသောနဂါးများထက် များစွာပို၍မြင့်မားသော မြင့်မြတ်ထည်ဝါသည့် ဂုဏ်အဆင့်အတန်းတစ်ခုရှိလေသည်။
တတိယအချက်အနေဖြင့် ဆူဇီမိုသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်လာခဲ့လေပြီ။
ဒါ့အပြင် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာသို့ ရောက်ရှိသွားသော လုံယန်းသည် သူ၏ရှုံးနိမ့်မှုအပြီး၌ ဆူဇီမိုအပေါ် ရန်လိုစိတ်ရှိမလာခဲ့ပေ။ ထိုအစား သူက ဆူဇီမိုနှင့် အလွန်တရာ ရင်းနှီးလာခဲ့လေသည်။ တစ်စုံတစ်ယောက်က ဆူဇီမိုကို စိန်ခေါ်ချင်သည့်အခါ လုံယန်းက အရင်ဦးစွာစ၍ သူတို့ကို တားဆီးပေလိမ့်မည်။
ပြီးခဲ့သည့်နှစ်ဝက်အတွင်း လုံယန်းနှင့် တိုက်ခိုက်ခဲ့သော နဂါးများအားလုံးက ရှုံးနိမ့်ခဲ့ရလေသည်။
သူတို့သည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်မှ နံပါတ်နှစ်ကို အနိုင်မယူနိုင်ဘူးဆိုရင် သူတို့က သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ကို စိန်ခေါ်နိုင်စရာအကြောင်းမရှိပေ။
အဲ့ဒါက လုံယန်းသာလျှင်မဟုတ်ပေ။ ဦးချိုမဲ့နဂါးမျိုးနွယ်မှ လုံရှီကလည်း မီးပဒေသာနဂါးမျိုးရိုးဆီသို့ မကြာခဏ ရောက်လာတတ်လေသည်။
ဒါ့အပြင် သူမ၏ စိတ်ကြမ်းလူကြမ်းအမူအရာကလည်း ပြောင်းလဲသွားပြီး အရင်ကထက်ပို၍ နူးညံ့သိမ်မွေ့လာခဲ့လေသည်။
အဲ့ဒါက များစွာသောနဂါးများကို မနာလိုအားကျလာစေခဲ့လေသည်။
သို့သော်လည်း ဆူဇီမိုက အဲ့ဒါကိုစိတ်ထဲမှာ ထည့်မှတ်မထားပေ။
ဤခန္ဓာကိုယ်သည် နဂါးမျိုးနွယ်၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်လျှင်တောင် သူသည် နဂါးတစ်ကောင်နှင့် တာအိုလက်တွဲဖော်ဖြစ်လာဖို့ စိတ်ကူးမရှိပေ။
သူသည် နဂါးမျိုးနွယ်မှ အကြီးအကဲများ၏ သူ့အပေါ် တိုက်တွန်းလောဆော်သည့် လက်ထပ်မင်္ဂလာပွဲကိုလည်း သဘောတူလိုစိတ်မရှိပေ။
အဲ့ဒါနှင့် ပတ်သတ်၍ သူက အတော်လေးစိတ်ညစ်လာပြီးနောက် တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်လေသည်။
တစ်ခဏအတွင်းမှာပင် ဆယ်နှစ်တာက ကုန်ဆုံးသွားခဲ့လေသည်။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင်....
မနက်စောစောတွင် နေမင်းက မြင့်တက်လာပြီး အနက်ရောင်ဆံပင်နှင့် ကျင့်ကြံသူတစ်ယောက်ပေါ်သို့ နေရောင်က ဖြာကျလာခဲ့လေသည်။
ဆူဇီမိုသည် သူ၏မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီး ထွက်သက်ကို လေးနက်စွာ ရှူထုတ်လိုက်လေသည်။
လွန်ခဲ့သည့်ဆယ်နှစ်က သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ပြီး သူ၏ခန္ဓာကိုယ်ကို တည်ဆောက်ထားခါစဖြစ်လေသည်။
ဆယ်နှစ်ကြာပြီးနောက် သူသည် အလယ်အလတ်-မူလနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေပြီ။
ထိုကျင့်ကြံမှုအမြန်နှုန်းက အတော်လေးကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။
လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်က ပို၍မြင့်မားလာလေလေ အဲ့ဒါကို ထပ်မံ၍ အဆင့်မြှင့်တင်ဖို့က ပို၍ခက်ခဲလာလေလေဖြစ်လေသည်။
နိုးထဝိညာဥ်အဆင့်မှာတုန်းက ဆူဇီမိုသည် အစောပိုင်းအဆင့်ကနေ အလယ်အလတ်နိုးထဝိညာဥ်အဆင့်သို့ ရောက်ရှိအောင် နှစ်တစ်ရာတိတ်အချိန်ယူခဲ့ရလေသည်။ သို့သော်လည်း မူလနတ္ထိအဆင့်တွင် ထိုဖြစ်စဥ်အတွက် သူက ဆယ်နှစ်သာလျှင် အချိန်ယူခဲ့ရလေသည်။
နိုးထဝိညာဥ်အဆင့်မှာတုန်းက သူ၏ကျင့်ကြံမှုအပြင် ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာကိုလည်း အဆက်မပြတ်အားဖြည့်ပေးရလေသည်။
သို့သော်ယခုအခါမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး ကြာခုံပြောင်တစ်ခုနှင့် ကြာစေ့ ၄၅ စေ့သာလျှင် ကျန်ရစ်ခဲ့လေသည်။ အဲ့ဒါကို ပြုစုပျိုးထောင်ဖို့အတွက် အမြုတေစိတ်ဝိညာဥ် တစ်ခုကို ထပ်မံ၍ မလိုအပ်တော့ပေ။
ထိုအတွက်ကြောင့် ဆူဇီမို၏ ကျင့်ကြံမှုအမြန်နှုန်းက အဆမတန်တိုးလာခဲ့လေသည်။
ဒုတိယအချက်အနေဖြင့် နိုးထဝိညာဥ်အဆင့်မှရှိတုန်းက သူသည် အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများ၏ ထိပ်တန်းကျင့်ကြံရေးနည်းစနစ်နှစ်ခုကိုသာ ကျင့်ကြံခဲ့ရလေသည်။
မူလနတ္ထိအဆင့်မှာတော့ သူသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္တာဂိုဏ်းများ၏ ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံလာရလေသည်။
သူကျင့်ကြံသော မိစ္ဆာဂိုဏ်းများမှ ကျင့်ကြံရေးနည်းစနစ်သည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုအနေဖြင့် တာအိုနှလုံးစားမိစ္ဆာသုတ္တန်ကို ကိုယ်တိုင်နားလည်ဆင်ခြင်စရာပင် မလိုအပ်ပေ။
မိစ္ဆာဂိုဏ်းများမှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ မှတ်ဉာဏ်များကို ဝါးမျိုပြီးနောက် သူသည် မိစ္ဆာနည်းစနစ်များ၏ အနှစ်သာရနှင့် နက်နဲသိမ်မွေ့မှုကို ချက်ချင်းလက်ငင်း နားလည်ဆင်ခြင်လာနိုင်ခဲ့လေသည်။
ထိုသို့ဖြင့် သူသည် ဆယ်နှစ်ကြာပြီးနောက် အလယ်အလတ် မူလနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိအောင် ကျင့်ကြံလာနိုင်ခဲ့လေသည်။
သူသည် ဤအဆင့်သို့ရောက်ရှိလာခဲ့သည်မှာ တစ်လကြာသွားခဲ့လေပြီ။ ဆူဇီမိုသည် အဟန့်အတားတစ်ခုကို ဝိုးတဝါးခံစားမိလာခဲ့လေသည်။
သူက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေမည်ဆိုလျှင် သူသည် နေက်ထပ်ဆယ်နှစ် သို့မဟုတ် ထိုထက်ပိုကြာခဲ့လျှင်တောင် ဤအဟန့်အတားကို ဖြတ်ကျော်နိုင်ချင်မှ ဖြတ်ကျော်နိုင်ပေလိမ့်မည်။ ဒါ့အပြင် သူသည် အလေးအနက်စဥ်းစားကြည့်ပြီးနောက်.. သူက ယခုဆို မြောက်ပိုင်းဒေသသို့ ပြန်လည်ရောက်ရှိနေခဲ့လေသည်။ အဲ့ဒါက သူ၏မိတ်ဆွေဟောင်းအချို့ထံ အလည်အပတ်သွားရောက်ဖို့အတွက် အချိန်ကောင်းဖြစ်လေသည်။
ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေကို နှုတ်ဆက်ပြီးနောက် ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားကနေ ထွက်ခွာကာ မဟာကျိုးမြို့တော်ဆီသို့ ဦးတည်လိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ သူသည် မြောက်ပိုင်းဒေသသို့ ပြန်လာပြီးနေုက် ခိုးကြောင်ခိုးဝှက်နေစရာ မလိုတော့ပေ။
တာအိုအမွေအနှစ်ကုန်းမြေမှ တိုက်ပွဲ၏ ရိုက်ချက်က အရမ်းကိုကြီးမားလေသည်။
နောင်ပိုင်းတွင် သီကလန် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ကစဉ့်ကလျားအမြုတေဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သတ်ဖြတ်ခံခဲ့ရလေသည်။ ဒါ့အပြင် ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် နဂါးသင်္ချိုင်းတောင်ကြားကနေ ရှုံးနိမ့်မှုဖြင့် ပြန်လာရသော သတင်းသည် ကျင့်ကြံရေးလောကကို ပို၍ကြီးမားစွာ ဂယက်ရိုက်သွားစေခဲ့လေသည်။
အနည်းဆုံးတော့ ပြင်ပမျိုးနွယ်မှတစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းဟူသော အကြောင်းပြချက်ဖြင့် မည်သည့်ဂိုဏ်းများကမှ သူ့ကိုပစ်မှတ်ထားမလာရဲကြတော့ပေ။
သူ့ထက် ကျင့်ကြံမှုအဆင့်ကြီးများမြင့်မားသော ဓမ္မဝိသေသ တာအိုအရှင် များဖြစ်စေ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်စေ သူ့ကို မဆင်မခြင်တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။
သူနှင့် အဆင့်တူခြင်းမှာရှိသော ကျင့်ကြံသူများသာလျှင် သူ့ကို တိုက်ခိုက်ရဲပေလိမ့်မည်။
တကယ်တော့ များစွာသောကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ဆူဇီမိုသည် သူ၏ ဂုဏ်ကျက်သရေကနေ ကျဆင်းသွားခဲ့ပြီးလေပြီ။
နတ်ဖီးနစ်အရိုး ၊ သူ၏ကိုယ်ကာယနှင့် ဖန်တီးခြင်းကြာပဒုမ္မာတို့မရှိလျှင် ဆူဇီမိုသည် ကျင့်ကြံသူများ၏ မျက်လုံးထဲမှာ ပြိုင်စံရှားတစ်ယောက်ပင် မဟုတ်တော့ပေ။
သူသည် အသက်ရှင်လျက်ပြန်လာနိုင်ခဲ့မည်ဆိုလျှင်တောင် သူသည် အများကြားမှာ ပေါ်လွင်ထင်ရှားမှုမရှိတော့ဘဲ သာမန်အညတရတစ်ယောက် ဖြစ်လာပေတော့မည်။
ထိုအခိုက်အတန့်တွင် တစ်ခါတုန်းက ပြိုင်စံရှားတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သော ပြန်ဝင်စားမွန်းစတားက ပြန်လည်မွေးဖွားပေါ်ထွက်လာပြီဆိုတာကို မည်သူကမှ မသိရှိကြသေးပေ။
မဟာကျိုးနယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် ဆူဇီမိုသည် အလောတကြီးရှိမနေပေ။ သူက ရှေ့သို့ဆက်လက်လျှောက်လှမ်းပြီး တောင်တန်းများနှင့် မြစ်များကို ကြည့်ရှုခံစားနေလေသည်။
ဤနှစ်များအတွင်း ကျိယောင်ရွှယ်၏ အုပ်ချုပ်မှုအောက်မှာ မဟာကျိုးက အရင်ကပင် စည်ပင်ထွန်းကားလာခဲ့လေသည်။ တိုင်းပြည်များက ပို၍သန်မာတောင့်တင်းလာပြီး မြို့သူမြို့သားများက တည်ငြိမ်အေးချမ်းစွာ နေထိုင်လာနိုင်ကြလေသည်။
လွန်ခဲ့သည့် နှစ်တစ်ရာကျော်က မဟာရှန် ၊ မဟာရှနှင့် မဟာယွီမှ မဟာမိတ်စစ်တပ်သည် မဟာကျိုးကို ကျူးကျော်လာခဲ့ပြီး ကန်းလန်ရိုးမတွင် ဆူဇီမို၏လက်ချက်ဖြင့် မြှုပ်နှံခြင်းခံခဲ့ရလေသည်။
ထိုတိုက်ပွဲပြီးနောက် မဟာကျိုး၏ ကံကြမ္မာက မြင့်မားတိုးတက်လာခဲ့လေသည်။
ဆူဇီမိုသည် ကျိယောင်ရွှယ်အတွက် များစွာပျော်ရွှင်ရလေသည်။
သူတို့သည် ရေစက်ပါလာခဲ့သော်လည်း သူတို့လျှောက်လှမ်းသည့် လမ်းကြောင်းများက မတူကြပေ။
မဟာကျိုး၏ ဧကရီတစ်ပါးအနေဖြင့် ကျိယောင်ရွှယ်သည် သန်မာသော တောင့်တင်းသော မင်းဆက်နိုင်ငံတစ်ခုကို တည်ထောင်ပြီး တည်ငြိမ်အေးချမ်းသော ခေတ်တစ်ခုကို ဖန်တီးချင်မိလေသည်။
သို့သော်လည်း ဆူဇီမိုက သူ၏ကျင့်ကြံရေးလမ်းခရီးကို ဆက်လက်လျှေက်လှမ်းရမည်ဖြစ်ပြီး တျဲယွဲ့နောက်သို့ အမီလိုက်ချင်လေသည်။
ထိုသို့ဆိုလျှင်တောင် ကျိယောင်ရွှယ်သည် ဆူဇီမို၏နှလုံးသားထဲတွင် အရေးကြီးသောနေရာတစ်ခုမှာ ယူထားဆဲဖြစ်လေသည်။
သူက သူ၏ချီကို မစုဖွဲ့နိုင်တုန်းကပင် ကျိယောင်ရွှယ်က သူ့ကိုအထင်အမြင်သေးမှု လုံးဝမရှိခဲ့သည်ကို သူက မမေ့လျော့နိုင်ပေ။
ကျိယောင်ရွှယ်က သူ့အား ရတနာကောင်းကင်တံဆိပ်ပြားပေးခဲ့ပုံကိုလည်း သူကမမေ့နိုင်ပေ။
အဲ့ဒါထက် လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ဤအမျိုးသမီးသည် သူ၏စိတ်ခံစားချက်များကို ဖွင့်ထုတ်ဖို့အတွက် နဂါးသင်္ချိုင်းတောင်ကြားသို့ သူမ၏ အသက်ကိုစွန့်စားကာ နှစ်စဥ်နှစ်တိုင်း လာရောက်ခဲ့ပုံကို မမေ့လျော့နိုင်ပေ။
ကျိယောင်ရွှယ်ကြောင့်သာမဟုတ်လျှင် သူက ဆူဟုန်ကို နောင်ဆုံးအနေဖြင့်ပင် မြင်တွေ့ခွင့်ရခဲ့မှာ မဟုတ်ပေ။
ဆူဟုန်က သူ၏အစ်ကိုကြီးဖြစ်လေသည်။
ထိုစဥ်တုန်းက ဖန်သားနန်းတော်က သူ့နောက်ကို အသည်းအသန်လိုက်နေလေသည်။
သူ့ကိုဖြစ်စေ ဆူဟုန်ကိုဖြစ်စေ မည်သူကမှ လက်မခံရဲခဲ့ကြပေ။ ကျိယောင်ရွှယ်သာလျှင် သူမ၏အသက်ကို စွန့်စားပြီး ဆူဟုန်ကို သယ်ထုတ်ကာ မဟာကျိုးမြို့တော်မှာ နှစ်နှစ်ဆယ်ကြာအောင် သူ့ကိုဝှက်ထားပေးခဲ့လေသည်။
ဆူဇီမိုသည် ထိုကျေးဇူးတရားများအားလုံးကို မှတ်ထားလေသည်။
သူက ဤဘဝမှာ ကျိယောင်ရွှယ်နှင့်အတူ အဆုံးသတ်ချင်မှသတ်နိုင်ပေလိမ့်မည်။ သို့သော်လည်း သူအသက်ရှင်နေသေးသည်နှင့်အမျှ သူသည် သူမ၏ဘဝတစ်လျှောက် ဘေးကင်းလုံခြုံရအောင် ကာကွယ်စောင့်ရှောက်ပေးရပေလိမ့်မည်။
သိပ်မကြာမီ ဆူဇီမိုသည် သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။
မလှမ်းမကမ်းတွင် ကောင်ကင်ထက်မှာ တိမ်ညိုတိမ်မည်းများက ရှိနေလေသည်။ သူတို့က အလွန်တရာ မကျေမချမ်းသည့်ပုံစံဖြင့် ဖြစ်တည်နေပြီး ပျက်ပြယ်ခြင်းမရှိဘဲ ကောင်းကင်ထက်မှာရစ်ဝဲနေလေသည်။ ဆူဇီမိုက ထိုနေရာသို့ ပြေးသွားလိုက်လေသည်။
သိပ်မကြာမီ သူကရောက်ရှိလာခဲ့လေသည်။
အဲ့ဒါက အိမ်ခြေလေးဆယ်လောက်ရှိသော ရွာငယ်တစ်ရွာ ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် အလောင်းများက ရွာထဲမှ ပြန့်ကျဲနေခဲ့လေသည်။
အလောင်းတိုင်းက ပုပ်သိုးဆွေးမြည့်နေပြီး အဆိပ်များဖြင့် ပြည့်နှက်နေလေသည်။ သူတို့၏ဝမ်းဗိုက်များတွင် ကြီးမားသည့် အပေါက်တစ်ပေါက်စီရှိနေပြီး စီးကျနေသော သွေးများက ခန်းခြောက်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။
အလောင်းများသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် မကျေမချမ်းပုံစံနှင့် သေဆုံးထားကြလေသည်။ သူတို့၏ သေဆုံးမှုများက ဝမ်းနည်းစရာနှင့် တုန်လှုပ်စရာကောင်းနေလေသည်။
သွေးများအားလုံးက အနက်ရောင် ဖြစ်နေလေသည်။
ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ တစ်ရွာလုံးကို လွှမ်းခြုံလိုက်လေသည်။
ရွာထဲတွင် လူပေါင်းတစ်ရာကျော်ရှိနေခဲ့လေသည်။ အဲ့ဒါက အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ၊ အသက်ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ သူတို့အားလုံးက တစ်ယောက်မကျန် သေဆုံးနေကြလေသည်။
သူတို့အားလုံးသည် တူညီသောပုံစံဖြင့် သေဆုံးထားကြလေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အဆိပ်များက ပြည့်နှက်နေပြီး သူတို့၏ သွေးများက အနက်ရောင်ဖြစ်နေလေသည်။ သူတို့၏ဝမ်းဗိုက်များသည် တစ်စုံတစ်ရာ၏ ဆုတ်ဖြဲခြင်းကို ခံထားရသည့်အလား ကြီးမားသည့်အပေါက်တစ်ပေါက်စီ ရှိနေကြလေသည်။
အဲ့ဒါက သားရဲတောကောင်များ၏ လက်ချက်နှင့် မတူပေ။
သို့သော်လည်း ဆူဇီမိုသည် ဤမော်တယ်အလောင်းများထံမှ ကျင့်ကြံသူများ၏ အော်ရာတစ်စွန်းတစ်စကိုလည်း မခံစားမိပေ။
ဤမော်တယ်များသည် ထူးဆန်းသောပုံစံဖြင့် သေဆုံးနေကြလေသည်။
ဆူဇီမို၏အမူအရာက သုန်မှုန်လာခဲ့လေသည်။
အဲ့ဒါသည် မော်တယ်လောကမှာ ဖြစ်ပျက်နေသော တစ်စုံတစ်ရာဖြစ်ပြီး သူနှင့်လုံးဝသက်ဆိုင်မှု မရှိပေ။
သို့သော်လည်း သူသည် လက်နက်မဲ့သာမန်လူများ ဤကဲ့သို့ သေဆုံးနေပုံကို မြင်သောအခါ သူသည် ယန်တိုင်းပြည်မှ မြို့သူမြို့သားများ၏ ကပ်ဘေးအကြောင်းကိူ ပြန်လည်အမှတ်ရလာခဲ့လေသည်။
ထိုမြင်ကွင်းက သူ၏တာအိုနှလုံးသားကို တည်ဆောက်ဖို့အတွက် သူ၏စိတ်ဓာတ်ခိုင်မာပြတ်သားမှုကို ပိုမိုသန်မာလာစေခဲ့လေသည်။