← Chapters

အနက်ရောင် မိုး

Vol. 73 Ch. 1094

အနက်ရောင် မိုး

Vol. 73 Ch. 1094

မဟာကျိုးနယ်မြေ၏ အထက်ကောင်းကင်တွင်.. ဧရာမ ယာဉ်ပျံသုံးစင်းက ပျံသန်းလာခဲ့လေသည်။ ယာဉ်ပျံတစ်ခုချင်းစီပေါ်တွင် စွမ်းအားကြီးသော အော်ရာများနှင့် ကျင့်ကြံသူ ၁၀၀ နီးပါးရှိပြီး အားကောင်းသည့် ဖိအားတစ်ခုကို ထုတ်ပေးနေလေသည်။

သူတို့ထဲတွင် ယာဉ်ပျံတစ်စင်းစီပေါ်မှာ မူလနတ္ထိ ၁၀ယောက်ကျော်ရှိပြီး ကျန်သူများက နိုးထဝိညာဉ်များ ဖြစ်ကြလေသည်။

ဘယ်နေရာကိုရောက်ရောက်.. ဤကဲ့သို့သော အင်အားစုက လျစ်လျူရှု၍ မရနိုင်ပေ။

စိတ်ဝိညာဉ်ယာဉ်ပျံသုံးစင်းက ခံ့ညားထည်ဝါပြီး သူတို့တစ်စင်းချင်းပေါ်တွင် မဟာရှန်၊ မဟာရှနဲ့ မဟာယွီ စာလုံးများ ပါရှိသည့် ဧရာမ အလံတစ်ခုစီကို စိုက်ထူထားလေသည်။

အလယ်တွင်ရှိသော စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် ခံ့ညားထည်ဝါ၍ မြင့်မြတ်သော အမူအရာများနှင့် ကျင့်ကြံသူ သုံးယောက်က ဘေးချင်းယှဉ်ရပ်နေကြလေသည်။ သူတို့သည် မြင့်မားသော နေရာမှာ အချိန်အတန်ကြာသည်အထိ နေထိုင်လာခဲ့သည်မှာ သိသာလေသည်။

မဟာကျိုးမြို့တော်ရှိ မည်သည့်ကျင့်ကြံသူမဆို သူတို့သုံးယောက်ကို မြင်ပြီဆိုလျှင် သူတို့က သေချာပေါက် တုန်လှုပ်သွားရပေလိမ့်မည်။

ဤကျင့်ကြံသူ သုံးယောက်သည် မဟာရှန်၊ မဟာရှနှင့် မဟာယွီ အင်ပါယာများမှ ဧကရာဇ်များ ဖြစ်ကြလေသည်။

အင်ပါယာသုံးခုမှ ဧကရာဇ်များသည် မဟာကျိုးနယ်မြေထဲသို့ ကိုယ်တိုင်ဝင်ရောက်လာကြလေသည်။

“ဒီကုန်းမြေက တကယ်မဆိုးဘူးပဲ.. အဲဒါက တကယ့်ကို ကောင်းချီးပေးခံထားရတဲ့ နေရာပဲ”

ရုတ်တရက် ဧကရာဇ်သုံးပါး၏ နောက်ဘက်ကနေ ပေါ့ပျက်ပျက် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ဧကရာဇ်သုံးပါးက ဆတ်ခနဲ တုန်ယင်သွားပြီး ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြလေသည်။

အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းလာခဲ့လေသည်။ သူက မူလနတ္ထိအဆင့်မှာရှိပြီး ယာဉ်ပျံဦးစွန်းသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ သူ၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ရှိနေလေသည်။

အစကတော့ ဧကရာဇ်သုံးပါးက ခံ့ညာားထည်ဝါနေကြလေသည်။ သို့သော်လည်း သူတို့သည် ဤလူကို မြင်သောအခါ သူတို့၏ ဦးခေါင်းများကို အနည်းငယ် ညွတ်ပြီး တရိုတသေ နှုတ်ဆက်လိုက်ကြလေသည်။

“ဆရာ..”

လေကိုဆန်၍ ရပ်နေရင်း.. အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် စည်ကားသိုက်မြိုက်သော မြို့တစ်မြို့ကို ဖြတ်လာသောအခါ သူက အောက်ဘက်ရှိ ပျားပန်းခတ်မျှ လှုပ်ရှားနေသော လူအုပ်ကြီးကို ငုံ့ကြည့်လိုက်လေသည်။ သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ချက်က လက်သွားပြီးနောက် သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။

အနက်ရောင် အလင်းစက်များက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားခဲ့လေသည်။

“သွား.. သွားကြ”

အစိမ်းရောင်ဝတ်ကျင့်ကြံသူက ညင်သာစွာ ပြုံး၍ တီးတိုးရေရွတ်လိုက်လေသည်။

“မင်းတို့တွေက အရမ်းကို ဆာလောင်နေတာ ငါသိပါတယ်.. အဲဒီ ပုရွက်ဆိတ်တွေကို သွားပြီးတော့ ပျော်ပျော်ကြီး သုံးဆောင်လိုက်ကြ..”

မြို့ထဲတွင် လမ်းမပေါ်မှာ သွားလာနေကြသော လူများသည် သူတို့၏မျက်နှာက စိုစွတ်လာသည်ဟု ခံစားရပြီးနောက် အလိုလို လက်ဖြင့်စမ်းလိုက်ကြလေသည်။

သူတို့၏ လက်ချောင်းများက မင်ကဲ့သို့ နက်မှောင်နေသော အရည်များဖြင့် စွန်းထင်းသွားလေသည်။

“ဒါက ဘာတွေလဲ.. အဲဒါက အနက်ရောင်မိုးတွေလား..”

ခြေကျင်ခရီးသွားသူတစ်ယောက်က အလောတကြီး ရေရွတ်ပြီး သူ၏ပါးပြင်ကို ကပျာကယာ ပွတ်သပ်လိုက်လေသည်။

ထိုအချိန်တွင်.. မြို့တော်၏ အထက်ကောင်းကင် တိမ်လွှာများကြားကနေ စိတ်ဝိညာဉ်ယာဥ်ပျံသုံးစင်း ဖြတ်သန်းသွားသည်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။

စိတ်ဝိညာဉ်ယာဥ်ပျံပေါ်တွင် ဧကရာဇ်သုံးပါးသည် အစိမ်းရောင်ဝတ်လူငယ်၏ အင်္ကျီလက်မှာ ပေကျံနေသော အနက်ရောင် အစက်များကို တုန်လှုပ်ချောက်ချားနေသော မျက်လုံးများဖြင့် ငေးကြည့်နေကြလေသည်။

“ဆရာ.. ဘာမှမပူနဲ့.. မဟာကျိုးနယ်မြေက ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်ကို မကြာခင် ရောက်ရှိလာတော့မှာပါ”

နှိမ့်ချသော အမူအရာတစ်ခုနှင့်အတူ မဟာရှ ဧကရာဇ်က မျက်နှာလို မျက်နှာရလုပ်၍ ရယ်မောလိုက်လေသည်။

မဟာရှန် ဧကရာဇ်ကလည်း အသံကိုနှိမ့်၍ ပြောလိုက်လေသည်။

“ဆရာ.. မဟာကျိုးရဲ့ ဘိုးဘေးခေါင်းဆောင်က ဘဝသက်တမ်း ကုန်ဆုံးပြီးတော့ သေသွားခဲ့ပြီ.. မဟာကျိုးအင်ပါယာမှာ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်တောင် မရှိတဲ့အတွက် ကျုပ်တို့နဲ့တင် မဟာကျိုးမြို့တော်ကို သိမ်းပိုက်ဖို့အတွက် လုံလောက်ပါတယ်”

“ဒါပေမဲ့လို့.. မဟာကျိုးနယ်မြေထဲမှာ နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့ ဆန်းကြယ်တောင်ထွတ်မှာတော့ ဓမ္မဝိသေသ သားရဲတောကောင်တစ်ကောင်ရှိနေတယ်လို့ ကျုပ်ကြားမိတယ်.. ဒါကတော့…”

“ဟားဟား”

အစိမ်းရောင်ဝတ်လူငယ်က ရယ်မောလိုက်လေသည်။

“မင်းတို့က ဘာကို ကြောက်နေတာလဲ.. အဲဒီတောကောင်က သူ့ကိုယ်သူတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး.. ငါရဲ့ ဆရာက သူ့လူတွေနဲ့ အဲဒီကို သွားနေပြီ”

“ဆရာက ဉာဏ်ရှိပါပေတယ်”

ဧကရာဇ်သုံးပါးက အလောတကြီး မြှောက်ပင့်ပြောဆိုလိုက်လေသည်။

“တာအိုရောင်းရင်း.. ဘာမှမပူနဲ့.. ကျားနဂါးဂိုဏ်းရဲ့ အကြီးအကဲစွန်းက မဟာကျိုးမြို့တော်ထဲကို ရောက်ရှိနေခဲ့ပြီ.. အဲဒီမှာ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ရှိနေတယ်ဆိုရင်တောင် သူက အကြီးအကဲစွန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

သန်မာသော မူလနတ္ထိတစ်ယောက်က ရှေ့သို့ထွက်ရပ်လာပြီး အစိမ်းရောင်ဝတ်လူငယ်ကို ရိုသေလေးစားစွာဖြင့် ကြည့်လိုက်လေသည်။

“မြောက်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်း ၁၀ ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ကျားနဂါးဂိုဏ်းက တာအိုအရှင်တစ်ပါး ရှိနေတဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်လာမှာ မဟုတ်တော့ဘူး”

အစိမ်းရောင်ဝတ်လူငယ်၏ အကြည့်က ကျားနဂါးဂိုဏ်းမှ တာအိုသက်ရှိအပေါ်သို့ ဆင်းသက်လာပြီး သူက ပြုံး၍ မေးလိုက်လေသည်။

“တာအိုသက်ရှိ ကျားနီ.. အဲဒီ ရွှေပိုးကောင်ရဲ့ စွမ်းအားက ဘယ်လိုနေလဲ”

ထိုစကားကို ကြားသောအခါ တာအိုသက်ရှိ ကျားနီ၏ အကြည့်က ရုတ်တရက် တောက်လောင်ပြင်းပြလာပြီး ပြုံးဖြီးလိုက်လေသည်။

“အဲဒါက အရမ်းကောင်းတယ်.. ကျုပ်ရဲ့ တိုက်ခိုက်ရည်ခွန်အားက အနည်းဆုံး နှစ်ဆဖြစ်လာခဲ့ပြီ.. ကျုပ်ကို အခုလိုမျိုး ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဟားဟား”

အစိမ်းရောင်ဝတ်လူငယ်က သူ၏ခေါင်းကိုမော့၍ ရယ်လိုက်လေသည်။

. . . . .

ဆူဇီမိုသည် အလောင်းများဖြင့် ပြည့်နှက်နေသော ရွာမှာ အတန်ကြာသည်အထိ စူးစမ်းနေသော်လည်း သူက မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

ထိုမော်တယ်များသည် ဆိုးဆိုးဝါးဝါး ပုံစံဖြင့် သေဆုံးခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သွေးများက အဆိပ်မိထားပုံရလေသည်။

သို့သော်လည်း ထိုမော်တယ်များ၏ ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ပေါက်စီ ရှိနေပြီး သူတို့ကို သားရဲတောကောင်အချို့က တိုက်ခိုက်ခဲ့သည့်အလားပင်။

သို့သော်လည်း သူသည် ရွာအနီးအနားတွင် မည်သည့် သားရဲချီကိုမှ ရှာမတွေ့နိုင်ပေ။

မည်သည့် သဲလွန်စမှ ရှာမရသောအခါ ဆူဇီမိုသည် အလောင်းများပေါ်ရှိ အဆိပ်များ ပျံ့နှံ့မသွားစေဖို့အတွက် လောင်ကျွမ်းပြာချပြီးနောက် မဟာကျိုးမြို့တော်ဆီသို့ ဆက်လက်ဦးတည်လာခဲ့လေသည်။

တစ်ရက်ကြာပြီးနောက်.. ရှေ့တည့်တည့် မလှမ်းမကမ်းတွင် သေခြင်းအော်ရာဖြင့် လွှမ်းခြုံနေသော မြို့တစ်မြို့ကို တွေ့လိုက်ရလေသည်။

မြို့ထဲမှ ကြောက်လန့်တကြား အော်ဟစ်သံများကိုပင် ကြားနေရလေသည်။

ဆူဇီမိုက မျက်မှောင်ကြုတ်၍ ရှေ့သို့တက်လှမ်းသွားပြီး သိပ်မကြာမီ မြို့တော်အထက်သို့ ရောက်ရှိလာခဲ့လေသည်။ သူက ငုံ့ကြည့်လိုက်ပြီးနောက် ပင့်သက်ကို ရှိုက်လိုက်ရလေသည်။

ဤမြို့တော်က အလောင်းများဖြင့် ပြန့်ကျဲနေလေသည်။

အလောင်းတစ်လောင်းချင်းစီသည် အဆိပ်များဖြင့် အမြုပ်ထနေပြီး သူတို့၏ ဝမ်းဗိုက်များတွင် သွေးသံရဲရဲ အပေါက်တစ်ပေါက်ရှိကာ အနက်ရောင်သွေးများက စီးကျနေလေသည်။ အဲဒါက ယခင်ရွာမှာ သေဆုံးခဲ့သော မော်တယ်များနှင့် အတိအကျ တူညီနေလေသည်။

အဲဒီမှာ မော်တယ်ပေါင်း သိန်းနှင့်ချီ၍ သေဆုံးနေကြပြီး မည်သူကမှ ချမ်းသာရာမရခဲ့ပေ။

သူတို့ထဲမှ အချို့သည် မသေဆုံးသေးဘဲ နေရာမှာပင် လူးလဲရုန်းကန်နေကြလေသည်။ သူတို့၏ အသိစိတ်က ဝေဝါးလာပြီဖြစ်ပြီး သူတို့သည် အဆုံးမဲ့သော နာကျင်မှုကို ကြိတ်မှိတ်ခံစားကာ မြေပြင်ပေါ်မှာ လူးလိမ့်၍ ညည်းတွားအော်ဟစ်နေကြလေသည်။

ဖျတ်ခနဲဆို ဆူဇီမိုက သူတို့ထဲမှ တစ်ယောက်၏ဘေးသို့ ရောက်ရှိသွားလေသည်။ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့် စစ်ဆေးပြီးနောက် ထိုလူ၏ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်ချီ တစ်စွန်းတစ်စ ရှိနေသည်ကို တွေ့ရှိလိုက်ရလေသည်။ သူက ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျလေသည်။

ထိုစိတ်ဝိညာဉ်ချီကြောင့်သာ မဟုတ်လျှင် သူက ယခုအချိန်ထိ အသက်ရှင်နိုင်ဦးမည် မဟုတ်ပေ။

ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးပုလင်းအချို့ကို ထုတ်ယူပြီး ဆေးလုံးများကို ထိုသူ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်လေသည်။

ထိုဆေးလုံးများက ပကတိအဆင့် ဆေးလုံးများဖြစ်ပြီး အဆိပ်များ အားလုံးကို ကုသနိုင်လေသည်။

သို့သော်လည်း ဆေးလုံးများကို စားသုံးပြီးနောက် ထိုလူ၏ အခြေအနေက လုံးဝ တိုးတက်မလာခဲ့ပေ။ သူက နာကျင်စွာဖြင့် ဆက်လက်အော်ဟစ်နေဆဲ ဖြစ်လေသည်။

ဆူဇီမိုသည် ထိုကဲ့သို့သော အခြေအနေမှာ ကူကယ်ရာမဲ့နေရလေသည်။

“အဲဒါက ဘယ်လိုဖြစ်ရတာလဲ”

ဆူဇီမိုက ထိုသူ၏ ခန္ဓာကိုယ်ကို လှုပ်နှိုးပြီး လေးနက်သော အသံဖြင့် မေးလိုက်လေသည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ”

ဆေးလုံး၏ အကျိုးသက်ရောက်မှု အချို့ကြောင့် ထိုသူက အသိစိတ်တချို့ကို ရရှိလာပုံရပြီး သူက တီးတိုးပြောဆိုလိုက်လေသည်။

“အနက်ရောင်မိုးတွေ.. အနက်ရောင်မိုးတွေ..”

“အနက်ရောင်မိုးတွေလား”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

ထိုစဉ်မှာပင် သူက ထိုသူ၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်လေသည်။

သူ၏ အဝတ်အစားများက စုတ်ပြဲနေပြီဖြစ်ပြီး လက်သီးဆုပ်အရွယ် သွေးလုံးတစ်လုံးက သူ၏ဝမ်းဗိုက်ကနေ ဖောင်းကြွပြူထွက်လာခဲ့လေသည်။

ထို့နောက် ချက်ချင်းပင် ထိုသွေးလုံးက ပေါက်ကွဲထွက်သွားလေသည်။

မြွေနှင့်ဆင်တူသော အနက်ရောင် သတ္တဝါတစ်ကောင်က တွားသွား၍ ထွက်လာခဲ့လေသည်။ သူက လက်တစ်ဖက်၏ အရှည်လောက်ရှိပြီး အဲဒီမှာ နှာခေါင်း၊ မျက်လုံး သို့မဟုတ် နားရွက်များ မပါရှိပေ။ သို့သော်လည်း ၎င်းတွင် ထက်ရှသော သွားစွယ်များနှင့် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ရာ ပါးစပ်ပေါက်တစ်ခု ပါရှိလေသည်။

“ကျွိ.. ကျွိ..”

ထိုသတ္တဝါက စူးစူးဝါးဝါး အော်ဟစ်ပြီး ထိုသူ၏ ဝမ်းဗိုက်ကို ဆုတ်ဖြဲလိုက်လေသည်။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ခေါင်းကို ဆူဇီမိုဘက်သို့ ရုတ်တရက်လှည့်၍ သူ၏ နီရဲနေသော လျှာကို ထုတ်ကာ ဆူဇီမိုထံသို့ ပြေးဝင်လာခဲ့လေသည်။

“ဆိုးယုတ်သတ္တဝါ..”

ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းက ဖျပ်ခနဲလက်သွားပြီး သူ၏လက်ချောင်းထိပ်တွင် နီရဲနေသော မီးတောက်တစ်ခုက ထွက်ပေါ်လာကာ ထိုအနက်ရောင် သတ္တဝါကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။

အင်မော်တယ်တာအိုမီး၏ လွှမ်းခြုံမှုတွင် ထိုသတ္တဝါသည် အသံတစ်ချက်ပင် မထွက်နိုင်ဘဲ ပြာအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားလေသည်။

သူသည် ဤကဲ့သို့သော သတ္တဝါမျိုးကို​ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

တကယ်ဆို သူသည် ထိုသတ္တဝါထံမှ မည်သည့်သားရဲချီကိုမှ မခံစားရပေ။

ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့လေသည်။

အဲဒါက သဘာဝကပ်ဘေးတစ်ခု မဟုတ်ဘဲ လူလုပ်ကပ်ဘေးတစ်ခု ဖြစ်နိုင်သည်မှာ သိသာနေလေသည်။

ဤမော်တယ်များ၏ အသက်က သူနှင့် ဘာမှပတ်သက်မှု မရှိပေ။

သို့သော်လည်း ဤကဲ့သို့ လူမဆန်ဘဲ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများက သူ၏ သန်မာအားကောင်းသော သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိသွားခဲ့လေသည်။

သီယင်းကလွဲလျှင် သူ့ကို ဤကဲ့သို့ သတ်ဖြတ်လိုစိတ် မဖြစ်ပေါ်စေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

All Chapters