← Chapters

ဧကရာဇ် ၃ ပါးရောက်ရှိလာခြင်း

Vol. 73 Ch. 1095

ဧကရာဇ် ၃ ပါးရောက်ရှိလာခြင်း

Vol. 73 Ch. 1095

ဆူဇီမိုသည် ကြိုးစားရုန်းကန်၍ အော်ဟစ်နေဆဲဖြစ်သော ထိုသူများကိုကြည့်၍ ငြိမ်သက်နေလေသည်။

သူ၏တိုက်ခိုက်ရည်ခွန်အားက သန်မာပြီး သူသည် တစ်ခါတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ကြောက်စရာအကောင်းဆုံး ပြန်ဝင်စားမွန်းစတားဟူသော ဘွဲ့ကို ခံယူခဲ့သော်လည်း သူက ယခုအချိန်မှာ ကူကယ်ရာမဲ့နေလေသည်။

ဤလူများကို သူကဆက်လက်၍ မကယ်တင်နိုင်တော့ပေ။

သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်ပေးဖို့ဖြစ်လေသည်။

ဆူဇီမိုသည် သူ၏လက်ကို ညင်သာစွာ လှုပ်ရှားပြီး ဓမ္မစွမ်းအားများကိုထုတ်ဖော်ကာ နာကျင်လွန်း၍ သေချင်နေပြီဖြစ်သော မော်တယ်များကို အဆုံးသတ်ပေးလိုက်လေသည်။ အဲ့ဒီနောက် သူက အင်မော်တယ်တာအိုမီးကို ထုတ်ဖော်ကာ မြို့တော်တစ်ခုလုံးကို ပြာချပစ်လိုက်လေသည်။

ဆူဇီမိုသည် ရှေ့သို့ဆက်လက်တက်လှမ်းလာခဲ့လေသည်။

သိပ်မကြာမီ သူ၏အကြည့်က ရွေ့လျားသွားပြီး တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရသော ခရီးသွားနေသည့် ကျင့်ကြံသူတစ်အုပ်စုကို မြင်လိုက်ရလေသည်။

“မင်းကြားပြီပြီလား... မဟာကျိုးရဲ့ ဘိုးဘေးခေါင်းဆောင်က အသက်အရွယ်အိုမင်းပြီးတော့ ကွယ်လွန်သွားခဲ့ပြီ...တဲ့”

“အာ... အဲ့ဒါက မဟာကျိုးအင်ပါယာကို တည်ထောင်ခဲ့တဲ့ ဓမ္မဝိသေသ တာအိုအရှင်လား...”

“အဲ့ဒါသူပေါ့...”

“သူက မသေခင် ဒီလောက်အသက်ရှည်ရှည်တော့ နေသွားခဲ့ရသားပဲ...”

“ငါကြားတာတော့... မဟာကျိုးမြို့တော်ကို သူတို့ရဲ့ ဘိုးဘေးခေါင်းဆောင်က စောင့်ကြပ်မနေတော့ဘူးဆိုရင် မဟာကျိုးက တခြားအင်ပါယာသုံးခုရဲ့ သိမ်းပိုက်ခြင်းကို ခံရတော့မယ်​ပြောတယ်...”

ဆူဇီမို၏နားက လှုပ်ခါသွားပြီး ကျင့်ကြံသူများ ဆွေးနွေးပြောဆိုနေသည့် အရာရာတိုင်းကို ကြားလိုက်ရလေသည်။

သူသည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏မျက်လုံးထဲမှာ တွေဝေရှုပ်ထွေးတချို့ ရှိနေလေသည်။

မဟာကျိုးအင်ပါယာမှ ဘိုးဘေးခေါင်းဆောင်၏သတင်းကို သူကြားခဲ့ဖူးလေသည်။

အရင်တုန်းက နန်းကြည်နှင့် ကြိုးကြာလေးတို့သည် ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်းမှာ အင်မော်တယ်ကြိုးကြာအိုကြီးနှင့် မဟာကျိုးဘိုးဘေးခေါင်းဆောင်တို့က အာကာသဆုံမှတ်တစ်ခုကို အတူတကွဖွင့်လှစ်ခဲ့သောကြောင့် ဖြစ်လေသည်။

ဤဘိုးဘေးခေါင်းဆောင်သည် သူ၏ဘဝနေဝင်ခါနီးအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်၍ အဆင့်ချိုးဖြတ်တက်လှမ်းနိုင်ခြင်း မရှိတော့ပေ။ သူ၏ဘဝသက်တမ်းက ကုန်ဆုံးသွားသည်မှာ ယုတ္တိတန်လေသည်။

ဆူဇီမို ဝေခွဲမရဖြစ်ရသည်မှာ ဤကိစ္စက အလွန်တရာလျှို့ဝှက်ရမည့် အရေးကိစ္စဖြစ်လေသည်။ အဲ့ဒါကို လူတိုင်းက ဘယ်လိုလုပ်သိသွားရတာလဲ...။

အင်ပါယာသုံးခုက ဤသတင်းကိုကြားမည်ဆိုလျှင် အဲ့ဒါက မဟာကျိုးအတွက် အားနည်းချက်တစ်ရပ်ဖြစ်လာပေလိမ့်မည်။

ဆူဇီမိုသည် ထိုအကြောင်းကို ထပ်မံ၍ မစဥ်းစားတော့ပေ။ သူ၏ ကျောပေါ်တွင် ဓမ္မစွမ်းအားတောင်ပံတစ်စုံ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က လျှပ်စီးများ တဖျပ်ဖျပ်လက်လာလေသည်။ သူက ခရမ်းရောင်လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲပြီး ကျင့်ကြံသူများအပေါ် ချက်ချင်းကျော်ဖြတ်၍ လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

မဟာကျိုးမြို့တော်တွင်...

နန်းတော်က အေးစက်၍ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အနက်ရောင်​ဆံပင်များကို ရေတံခွန်ကဲ့သို့ ဖားလျားချထားသော အမျိုးသမီးတစ်ယောက်သည် အဝါဖျော့ဖျော့ ဝတ်စုံကို ဝင်ဆင်ထားပြီး သူမ၏မျက်နှာက အရမ်းကိုချောမောလှပနေလေသည်။ သူမသည် မည်သည့်မျက်မှာချေကိုမှ လိမ်းခြယ်မထားသော်လည်း သူမထံမှ ခံ့ညားထည်ဝါသော အော်ရာတစ်ခုက ပေါ်ထွက်နေလေသည်။

အမျိုးသမီးသည် သူမ၏နဖူးကို ညင်သာစွာသပ်၍ ကုလားထိုင်တစ်ခု၏ နောက်ကျောကို မှီထိုင်နေလေသည်။ သူမ၏ မျက်လုံးများသည် မှေးစက်နေသည့်အလား မှိတ်ထားပြီး သူမ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျမှု အရိပ်အယောင်ကို မြင်တွေ့နိုင်လေသည်။

သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ခန်းမ၏အပြင်ဘက်ကနေ အထဲသို့ လျှောက်လှမ်းဝင်ရောက်လာပြီး အိပ်ပျော်နေသော အမျိုးသမီးကိုကြည့်ရင်း ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

ဤအချိန်အတောအတွင်း ဘိုးဘေးခေါင်းဆောင်က ကွယ်လွန်သွားခဲ့ပြီး အင်ပါယာ၏ထောက်တိုင်က ပြိုလဲသွားခဲ့လေပြီ။ ဝန်ထုပ်ဝန်ပိုးများအားလုံးသည် ဤအမျိုးသမီးအပေါ်သို့ စုပြုံကျခဲ့လေသည်။

အဲ့ဒါက လက်ရှိဧကရီ ကျိယောင်ရွှယ်ဖြစ်လေသည်။

အားနည်းသော အမျိုးသမီးတစ်ယောက်ကို မဆိုထားနှင့် သူကဲ့သို့သော ၇ ပေမြင့်မားသည့် ယောင်္ကျားရင့်မာတစ်ယောက်ပင်လျှင် ထိုဖိအားများကို ခံနိုင်ရည်မရှိပေ။

ဘာ့ကြောင့်ရယ်မသိ ဘိုးဘေးခေါင်းဆောင်၏ ကွယ်လွန်မှုသတင်းသည် ပြီးခဲ့သည့်ရက်အနည်းငယ်က ပျံ့နှံ့သွားခဲ့ပြီး မဟာကျိုးအင်ပါယာတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်။

အတန်ကြာအောင် တွေဝေတုံ့ဆိုင်းနေပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသားက ညင်သာစွာ ပြောလိုက်လေသည်။

“ဧကရီ... ဘုရင်တွေက အရိုအသေပေးဖို့အတွက် မြို့တော်ကို ရောက်နေကြပါပြီ..”

“အင်း....”

ကျိယောင်ရွှယ်က မှေးစက်နေရာကနေ နိုးထလာပြီး လေပူများကို မှုတ်ထုတ်ကာ ခေါင်းညိတ်ပြလိုက်လေသည်။

“ဦးလေးမင်းကျီ... ရှင့်အတွက်လည်း ခက်ခဲနေမှာပဲ...”

“အဲ့ဒါက ဘာမှမဖြစ်ပါဘူး...”

သက်လတ်ပိုင်းအရွယ်အမျိုးသားက တစ်ခါတုန်းက ဧကရာဇ်နောက်သို့ လိုက်ခဲ့သော ပကတိအရှင်မင်းကျီဖြစ်လေသည်။

ယခုအခါမှာတော့ သူသည် မူလနတ္ထိအဆင့်သို့ရောက်အောင် ကျင့်ကြံထားနိုင်ခဲ့လေပြီ။ ကျိယောင်ရွှယ်က လျှောက်လှမ်းလာခဲ့လေသည်။

ဘုရင်များကို အရိုအသေပေးဖို့အတွက် ဖိတ်ခေါ်ထားသည်မှာ သူမပင်လျှင် ဖြစ်ပေသည်။

ဘိုးဘေးခေါင်းဆောင်၏ သေဆုံးမှုသတင်းက ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သောကြောင့် အဲ့ဒါကို သူမက အားသာချက်တစ်ခုအနေဖြင့် အသုံးပြုကာ မဟာကျိုးအင်ပါယာထဲရှိ ဘုရင်များအားလုံးကို စုဝေးပြီး သင်ခန်းစာတစ်ခုပေးရပေမည်။

သူတို့နှစ်ယောက်သည် မဟာကျိုးဘိုးဘေးခေါင်းဆောင်ကို မြှုပ်နှံထားသည့် နန်းတော်အနက်ပိုင်းထဲသို့ ဝင်ရောက်လာကြလေသည်။

ဘုရင်များက ရောက်ရှိနေကြလေပြီ။

ထိုစဥ်မှာပင် ချောမောလှပသော ပုံရိပ်တစ်ခုက အလွန်တရာမြန်ဆန်၍ စိတ်သောကများနေသော အမူအရာဖြင့် ပျံသန်းရောက်ရှိလာခဲ့လေသည်။

အဲ့ဒါက တစ်ခါတုန်းက သိမ်းငှက်ဖြူအစောင့်အရှောက်အဖွဲ့၏ ခေါင်းဆောင်တပ်မှူးဖြစ်ခဲ့ဖူးပြီး ယခုအခါ အင်ပါယာစစ်တပ်၏ လက်ရှိတပ်မှူးများထဲမှတစ်ယောက် ပိုင်ယုဟန်ဖြစ်လေသည်။

နှစ်တစ်ရာကျော်ကြာပြီးနောက် ပိုင်ယုဟန်သည် နိုးထဝိညာဥ်အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။

“ယုဟန် ဘာဖြစ်လို့လဲ…”

ပိုင်ယုဟန်က ဤကဲ့သို့အလောတကြီးပုံစံဖြင့် ရောက်ရှိလာသောကြောင့် ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်နေတာ ဖြစ်ရပေမည်။ သို့သော်လည်း ကျိယောင်ရွှယ်သည် သူမ၏ ဣန္ဒြေကိုထိန်းသိမ်းပြီး လေးနက်သောအသံဖြင့် မေးလိုက်လေသည်။

“ဧကရီ... သတင်းထူးပါတယ်”

ပိုင်ယုဟန်က အနည်းငယ် မောဟိုက်နေလေသည်။

“အင်ပါယာသုံးခုရဲ့ စိတ်ဝိညာဥ်ယာဥ်ပျံတွေက မြို့တော်ဆီကို ချဉ်းကပ်လာနေကြတယ်... အင်ပါယာသုံးခုရဲ့ ဧကရာဇ်တွေကလည်း စုဝေးနေကြပြီးတော့ အဲ့ဒီမှာ မူလနတ္ထိအတော်များများနဲ့ နိုးထဝိညာဥ် အယောက်နှစ်ရာကျော် ပါလာကြတယ်... သူတို့က ဒီကိုအရိုအသေပေးဖို့ ရောက်လာကြတာလို့ ပြောနေကြတယ်”

ကျိယောင်ရွှယ်၏အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

“ဘာ....”

တာအိုသက်ရှိမင်းကျီက တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်လေသည်။

အင်ပါယာသုံးခုမှ ဧကရာဇ်သုံးပါသည် ဤကဲ့သို့သောအချိန်မှာ ရောက်ရှိလာပြီး စွမ်းအားကြီးသော ကျင့်ကြံသူများကို ဦးဆောင်လာခဲ့လေသည်။ သူတို့က မကောင်းသောရည်ရွယ်ချက် သေချာပေါက်ရှိနေပြီး ဤနေရာကို အရိုအသေပေးဖို့ ရောက်လာသည်ဆိုသည်မှာ သူတို့၏ အကြောင်းပြချက်သာ ဖြစ်ပေလိမ့်မည်။

အစကတော့ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က စောင့်ကြပ်နေသည့်အတွက် မဟာကျိုးမြို့တော်ထဲကို သူတို့က စွန့်စားဝင်ရောက်ရဲခြင်း မရှိပေ။ သို့သော် ယခုအခါမှာတော့ ဘိုးဘေးခေါင်းဆောင်က ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဧကရာဇ်သုံးပါးက အချိန်ကိုက်ပင် ရောက်ရှိလာခဲ့လေသည်။

“ဧကရီ... အရင်ရှောင်နေလိုက်ပါလား... မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

ပိုင်ယုဟန်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ဖြောင်းဖျလိုက်လေသည်။

တာအိုသက်ရှိမင်းကျီက ခဏမျှစဥ်းစားတွေးတောပြီးနောက် သူကလည်း ခေါင်းညိတ်လိုက်လေသည်။

“ကျုပ်တို့မြို့တော်ထဲမှာ မူလနတ္ထိပညာရှင် ဆယ်ယောင်ထက်ပိုမရှိဘူး... ကျုပ်တို့က သူတို့ကို မတားဆီးနိုင်မှာ စိုးရိမ်မိတယ်... တပ်မှူးပိုင်ပြောတာက မှန်တယ် ကျုပ်တို့က အခုလောလောဆယ် ရှောင်နေသင့်တယ်”

“ဘယ်ကိုရှောင်မှာလဲ...”

ကျိယောင်ရွှယ်က ခြောက်ကပ်စွာရယ်မော၍ မေးလိုက်လေသည်။

“ငါတို့က ဘယ်နေရာကို သွားရှောင်ရဦးမှာလဲ...”

“ဆန်းကြယ်တောင်ထွတ်ကို....”

တာအိုသက်ရှိမင်းကျီက လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။

“ဆန်းကြယ်တောင်ထွတ်မှာက အင်မော်တယ်ကြိုးကြာအိုကြီးရှိတယ်... ကျုပ်တို့က အင်မော်တယ်ကြီးကြာအိုကြီးရဲ့ အထောက်အပံ့ကိုရရှိတာနဲ့ ခင်ဗျားက ကျင့်ကြံသူစစ်တပ်ကိုဦးဆောင်ပြီးတော့ မြို့တော်ကို ပြန်သိမ်းပိုက်လို့ရတယ်...”

ကျိယောင်ရွှယ်က ခေါင်းခါပြလိုက်လေသည်။

“မဟာကျိုးရဲ့ အခြေခံအုတ်မြစ်က ဒီနေရာမှာပဲ... မဟာကျိုးရဲ့ မြို့တော်ကလည်း ဒီနေရာမှာပဲ... မဟာကျိုးရဲ့ မြို့သူမြို့သားတွေကလည်း ဒီနေရာမှာ ရှိနေတယ်... ငါကလွဲပြီး ဘယ်သူမဆို ရှောင်ထွက်လို့ရတယ်...”

“ငါက မဟာကျိုးရဲ့ ဧကရီပဲ...”

ဘုရင်များအားလုံးက နန်းတော်ထဲမှ စုဝေးနေကြပြီး ကျိယောင်ရွှယ်က နောက်ဆုတ်ရှောင်ထွက်သွားမည်ဆိုလျှင် မဟာကျိုးအင်ပါယာက ဖျက်ဆီးခံရပေလိမ့်မည်။

“စီနီယာကြိုးကြာဆီက စစ်ကူတောင်းဖို့အတွက် ဆန်းကြယ်တောင်ထွတ်ကို သတင်းပို့လိုက်...”

ကျိ​ယောင်ရွှယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူမ၏မျက်နှာပေါ်မှာ ပြတ်သားသည့် အမူအရာက ပေါ်ထွက်လာခဲ့လေသည်။

“ငါတို့ဆီမှာရှိတဲ့ နိုးထဝိညာဥ်တွေနဲ့ မူလနတ္ထိတွေအကုန်လုံးကိုလည်း စုဝေးလာခိုင်းလိုက်... သူတို့ကို တတ်နိုင်သမျှမြန်မြန်လာခဲ့ဖို့ ပြောလိုက်”

“ငါတို့ရဲ့ပြိုင်ဘက်တွေကလည်း မူလနတ္ထိအဆင့်နဲ့ နိုးထဝိညာဥ်အဆင့်တွေပဲ... ငါတို့က တောင့်ခံထားနိုင်ဖို့ပဲလိုတယ်... ဆန်းကြယ်တောင်ထွတ်က စီနီယာကြိုးကြာရောက်လာတာနဲ့ အင်ပါယာသုံးခုက ကျင့်ကြံသူတွေအကုန်လုံးကို ငါတို့က ဒီနေရာမှာ မြှုပ်နှံပေးလို့ရတယ်”

“နားလည်ပါပြီ...”

ပိုင်ယုဟန်က လေးနက်စွာပြန်ဖြေ၍ သူမ၏ သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဥ်ကြိုးကြာတစ်ကောင်ကို ထုတ်ယူလိုက်လေသည်။ သူမက စာသားအချို့ကို ရေးသားပြီး အဲ့ဒါကို လွှတ်ပေးလိုက်လေသည်။

တစ်ချိန်တည်းမှာပင်... တာအိုသက်ရှိမင်းကျီသည် မူလနတ္ထိများကို မြို့တော်ထဲမှာ စုဝေးဖို့အတွက် စိတ်ဝိညာဥ်ကြိုးကြာများကို ထုတ်လွှတ်လိုက်လေသည်။

နန်းတော်၏အနက်ပိုင်းထဲတွင်....

အုတ်ဂူတစ်လုံး၏ရှေ့မှာ ဘုရင်များက တည်တံ့သောအမူအရာဖြင့် ဘေးချင်းယှဥ် ရပ်နေကြလေသည်။

သိပ်မကြာမီ ကျိယောင်ရွှယ်က များစွာသော ကျင့်ကြံသူများနှင့်အတူ ရောက်ရှိလာခဲ့လေသည်။

မူလနတ္ထိ ၉ ယောက်နှင့် နိုးထဝိညာဥ် ၃၇ ယောက်က သူမ၏နောက်ကနေ ကြောက်မက်ဖွယ်ရာပုံစံဖြင့် လိုက်ပါလာကြလေသည်။

“ဘာတွေဖြစ်နေတာပါလိမ့်...”

ဘုရင်များက တုန်လှုပ်သွားရလေသည်။

ဧကရီက သူတို့ကိုသတိပေးဖို့အတွက် ဤနေရာသို့ခေါ်လိုက်ခြင်းဖြစ်ကြောင်း သူတို့က သိထားလေသည်။

သို့သော်လည်း ဧကရီက ဤမျှအထိများပြားသည့် အင်အားကိုစုဝေးလာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားပေ။

“ဘုရင်တွေ... ရှင်တို့က အရိုအသေပေးပြီးရင် ဒီကနေ ထွက်သွားလို့ရပြီ”

ဤနေရာသို့ ရောက်ရှိလာပြီးနောက် ကျိယောင်ရွှယ်သည် ဘုရင်များနှင့် အလ္လာပသလ္လာပပြောဆိုနေခြင်းမရှိဘဲ လိုရင်းကို တန်းပြောလိုက်လေသည်။

ဘုရင်များက ကြောင်အ,မှင်တက်သွားကြလေသည်။

သို့သော်လည်း ဘုရင်တစ်ပါးက ချက်ချင်းပင် တုံ့ပြန်ပြီး လက်သီးနှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

အဲ့ဒီနောက် ကျန်ရှိနေသော ဘုရင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားလေသည်။

ထိုစဥ်မှာပင် မလှမ်းမကမ်းကောင်းကင်ထက်ကနေ အနက်ရောင်တိမ်စိုင်တစ်စုက လွှမ်းခြုံလာခဲ့လေသည်။ တိမ်စိုင်များက တဝုန်းဝုန်းထနေပြီး မဟာကျိုးမြို့တော်တစ်ခုလုံးကို အုပ်မိုးလာခဲ့လေသည်။

“မဟာကျိုးရဲ့ ဘိုးဘေးခေါင်းဆောင်က ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရလို့... ကျုပ် မဟာရှဧကရာဇ်က ဒီနေရာကို အရိုအသေပေးဖို့အတွက် ရောက်လာခဲ့တာပဲ...”

“ကျုပ်... မဟာရှန်ဧကရာဇ်က ကျုပ်ရဲ့လေးစားမှုကို ပြသဖို့အတွက် ဒီနေရာကို ရောက်လာတာပဲ...”

“ကျုပ်... မဟာယွီဧကရာဇ် အရိုအသေပေးဖို့အတွက် ဒီနေရာကို ရောက်လာတယ်...”

ထိုအသံကို ကြားသောအခါ ဘုရင်များအားလုံးသည် တုန်လှုပ်သွားပြီး မော့ကြည့်လိုက်ကြလေသည်။

လေထဲတွင် ဧရာမစိတ်ဝိညာဥ်ယာဥ်ပျံသုံးစင်းသည် နက်မှောင်နေသော တိမ်စိုင်များကို ထိုးခွဲ၍ ပျံသန်းလာပြီး သူတို့ပေါ်တွင် ပုံရိပ်များစွာ ရှိနေကြလေသည်။

သူတို့ထံမှ အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုက ဖြာထွက်နေပြီး သူတို့က ဆင်းသက်လာကြလေသည်။

All Chapters