အခန်း (၁၄)
Vol. 1 Ch. 14
အနက်ရောင်သရဲသူခိုး၏ ခိုးယူမှုအဖြစ်အပျက်က တစ်လရှိသွားခဲ့ပြီ ဖြစ်သည်။
Billy သည် ထိုသူခိုးကို ရှာဖွေနိုင်စွမ်း မရှိဘဲ နောက်ဆုံးမှာ ရူးသွားခဲ့သည်။ အပြစ်မရှိသော လူပေါင်းတစ်ရာနီးနီးကို သူသတ်ဖြတ်ခဲ့၏။
နောက်ဆုံးတွင် မြို့သူမြို့သားများသည် ထိုအရာကို လက်ခံနိုင်ခြင်းမရှိတော့ဘဲ အပြင်းပိုင်းဒေသ မြို့စောင့်တပ်၏ အပြင်ဘက်တွင် စုစည်းလိုက်ကြကာ Billy ကို ဆန္ဒပြကြသည်။
မြို့တော်၏ မြို့စောင့်တပ်ဖွဲ့သည် အပြင်ပိုင်းဒေသတစ်ခုလုံး၏ တရားဥပဒေကို ထိန်းသိမ်းထားသောကြောင့် ထိုအပြုအမူမျိုးကို လျစ်လျူရှု၍ မရနိုင်တာကြောင့် ဟန်ဆောင်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ လူသတ်မှုကို Billy သည် လျှိူ့ဝှက်စွာ လုပ်ဆောင်ခဲ့လျှင် ပြဿနာမရှိသော်လည်း နေ့ခင်းကြောင်တောင်တွင်ပင် လူများကို သတ်ပစ်နေခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများ၏ မိသားစုဝင်များသည် ဒေါသတကြီးဖြစ်သွားကြကာ သူတို့၏ မျက်လုံးများမှပင် သွေးများ ထွက်လာခဲ့ရသည်။ ထို့နောက် မြို့စောင့်တပ် အပြင်ဘက်တွင် ဆန္ဒပြနေကြခဲ့ကြသည်။ နောက်ဆုံးတွင်တော့ မြို့စောင့်တပ်မှူးက Billyကို ဖမ်းကာ ထောင်ချလိုက်၏။
ဤသို့ဖြင့် အပြင်ပိုင်းဒေသရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည့် Billy Bill သည် သူ၏ ကံကြမ္မာဆိုးဖြင့် တွေ့ကြုံခဲ့ရသည်။ သူသည် စည်းစိမ်များကို ဆုံးရှုံးပြီးနောက် အရူးတစ်ယောက်ဖြစ်လာခဲ့သော်လည်း တစ်ချိန်က သူ့ကို ဉာဏ်ရည်ထက်မြက်သော စီးပွားရေးသမားတစ်ဦးအဖြစ် လူများသိခဲ့ကြသည်။
မြစ်ပန်းမြို့၏ ဆင်းရဲသားရပ်ကွက်ထဲတွင် Ace သည် တစ်လအတွင်း အလွန်ပြောင်းလဲသွားခဲ့သည်။ အရပ်ရှည်လာခဲ့ကာ သူ၏ ပိန်ပါးသောသွင်ပြင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီးနောက် ကြွက်သားများ ထွက်လာ၏။ အနည်းငယ်ရင့်ကျက်လာကာ ပို၍ ချောမောလာပုံ ပေါက်လေသည်။
ထိုတစ်လတွင် သူသည် ကောင်းကင်ဘုံနည်းစနစ်ကို မနက်ပိုင်းတွင် လေ့ကျင့်ခဲ့ကာ ညအချိန်တွင် အခြားစွမ်းရည်များနှင့် အရိပ်ကိုယ်ပွားဓားသိုင်းကို ယိုယွင်းနေသော ပန်းခြံထဲတွင် လေ့ကျင့်ခဲ့သည်။
ယခုအချိန်ထိ အရိပ်ကိုယ်ပွားဓားသိုင်း၏ ပထမနယ်ပယ်ကို သူမကျွမ်းကျင်သေးပေ။
အဘယ်ကြောင့်ဆိုသော် ‘ဓားအဖြစ်လက်မောင်း’ဆိုသည်ကို သူနားမလည်တာကြောင့်ဖြစ်ပြီး ကျွမ်းကျင်မှုအနည်းငယ်သာ ရရှိသေးသည်။ ထိုအခါမှ ဤနည်းစနစ်သည် မည်မျှခက်ခဲသည်ကို သူနားလည်သွားခြင်းပင်။ သို့သော်လည်း သူစိတ်ပြတ်အားလျော့မသွားဘဲ ဆက်လက်ပြီး လေ့ကျင့်နေခဲ့သည်။
အခြားတစ်ဖက်တွင်မူ သူ၏ အခြေခံစွမ်းရည်၅မျိုးသည် ကြီးမားသောနှုန်းဖြင့် တိုးတက်လာခဲ့သည်။
ယနေ့တွင်လည်း အရင်နေ့များလိုပင် သူ၏ မျက်လုံးများကို မှိတ်ထားကာ ကောင်းကင်ဘုံသူခိုးနည်းစနစ်၏ ‘အနက်ရောင်လေဝိညာဉ်’ကျမ်းကို ရွတ်ဆိုနေသည်။
‘သက်ရှိတိုင်းအတွက် ဝိညာဥ်သည် အဓိကပင်ဖြစ်သည်။ ထိုထဲတွင် သူတို့၏ အသိစိတ်နှင့် ထာဝရဆန္ဒများ ပါရှိသည်။ ဝိညာဥ်သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များဆီသို့ ရောက်ရှိနိုင်သော သော့တစ်ချောင်းဖြစ်တာကြောင့် ကောင်းကင်ဘုံသည် သက်ရှိတိုင်းအတွက် ဝိညာဥ်ကို အားအနည်းဆုံးအပိုင်းအဖြစ် ဖန်တီးခဲ့သည်။ ကောင်းကင်ဘုံသည် မည်သူ့ကိုမှ ထိုလျှို့ဝှက်ချက်ကို မမြင်တွေ့စေချင်ပေ။ သို့သော်လည်း ငါ၏ဝိညာဉ်ကို လေကဲ့သို့ ပေါ့ပါးနေအောင် ပြုလုပ်ကာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို ရှာတွေ့သည်အထိ ထာဝရမျောလွင့်နေစေမည်။’
တစ်လအတွင်း Ace သည် ‘ကောင်းကင်ဘုံသလင်းကျောက်ခန္ဓာကိုယ်’ကို အရင်လေ့ကျင့်ခဲ့သည့်အတွက် ‘ကောင်းကင်ဘုံအနက်ရောင်လေဝိညာဉ်နည်းစနစ်’၏ ပုံစံမဲ့လေဝိညာဉ်ပုံစံကို ဖွဲ့စည်းနိုင်ခြင်းမရှိခဲ့သေးပေ။
ထိုတစ်ချက်တည်းဖြင့် စိတ်ဝိညာဉ်ကို ကျင့်ကြံရန် မည်မျှခက်ခဲသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ယနေ့တွင် ကွဲပြားနေသည်ဟု Ace ခံစားရသော်လည်း တစ်စုံတစ်ခုကို စုပ်ကိုင်မိကာ တုန်ရီမှုလေး သူ၏ခေါင်းထဲမှ ဖြတ်ပြေးသွားသောအချိန်တွင် သူသည် တရားထိုင်ခြင်းတွင် နှစ်မြှုပ်နေသောအခြေနေ၌ ဖြစ်သည်။
မျက်ခုံးနှစ်ဖက်ကြားမှ နေရာလွတ်သည် တဆတ်ဆတ်တုန်ရီပြီး ပူလာသည်ကို သူခံစားရသည်။ နောက်တခဏတွင် သူ့မျက်ခုံးနှစ်ဖက်ကြားတွင် တစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်ကို ခံစားရ၏။
စူးရှသော နာကျင်မှုလေးကို ခံစားလိုက်ရသော်လည်း အံကြိတ်ကာ သည်းခံလိုက်သည်။ သူ့ခေါင်းထဲမှ မျက်ခုံးနှစ်ဖက်ကြားနေရာသည် အနက်ရောင်ပုံစံမဲ့မြူများအဖြစ်သို့ ပုံပြောင်းဖြစ်ပေါ်လာသည်။ ၎င်းသည် ‘ကောင်းကင်ဘုံစိတ်ဝိညာဉ်ချီ’ပင် ဖြစ်သည်။
ပုံပြောင်းခြင်းသည် တစ်မိနစ်သာကြာကာ ထိုအရာသည် ၁၀ကုဗမီတာကြီးမားပြီး တစ်ခုလုံး အနက်ရောင်ဖြစ်သည်။ ထိုအရာ တည်ငြိမ်သွားပြီးနောက် မယုံနိုင်စရာကောင်းသောအရာ ဖြစ်ပျက်သွားသည်။ ထိုအရာ၏အလယ်မှ လွတ်နေသော နေရာထဲတွင် လုံးဝန်းသော အဖြူရောင်မြူပုံစံသည် ပေါ်ထွက်လာ၏။ ထိုမြူလုံးသည် အရောင်အဆင်းကင်းမဲ့ကာ လက်သီးဆုပ်အရွယ်မျှသာ ရှိသည်။ ထိုမြူလုံးသည်လည်း တည်ငြိမ်လာကာ အသစ်ဖြစ်ပေါ်လာသော အနက်ရောင်မြူခိုး၏ အလယ်ထဲတွင် စတင်၍ လက်ယာရစ်လှည်ပတ်တော့သည်။ ထိုပုံစံသည် မှောင်မဲနေသော ညကောင်းကင်ယံရှိ လမင်းနှင့်ပင် တူနေ၏။
ထိုမြူလုံး စတင်၍ လှည်ပတ်လိုက်သည့်အခါ Ace ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သူ့မျက်လုံးများသည် ပိတ်ထားဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းရှိလာကာ သူ့အနီးဝန်းကျင် ၁၀မီတာခန့်သို့အထိ ရှင်းလင်းစွာ အာရုံခံနိုင်လာ၏။ နောက်ဆုံးတွင် ပုံစံမဲ့လေဝိညာဉ်ဗဟိုချက် သို့မဟုတ် ‘ဝိညာဉ်ဗဟိုချက်’ကို သူအောင်မြင်စွာ ပုံပြောင်းနိုင်သွားပြီဖြစ်သည်။
ဝိညာဉ်ဗဟိုချက်သည် သူ့ကို ‘ကောင်းကင်ဘုံအာရုံခံစားမှု’ နှင့် ‘ဝိညာဉ်အာရုံခံစားမှု’ကို ပေးစွမ်းလေသည်။
ကောင်းကင်ဘုံအာရုံခံစားမှုဖြင့် Ace သည် နံရံများကို ဖြတ်သန်းသွားလာနိုင်ကာ သူနှင့် ၁၀မီတာအကွာမှ ပုံးကွယ်နေသော ရန်သူများကိုလည်း ရှာဖွေတွေ့ရှိနိုင်၏။ သူ၏ ကောင်းကင်ဘုံအာရုံခံစားမှုနယ်ပယ်ထဲတွင် မည်သည့်အရာမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။ သူ၏ စိတ်ဝိညာဉ်ကျင့်ကြံမှုက ပို၍ အစွမ်းထက်လာလေ၊ သူ၏ ‘ကောင်းကင်ဘုံအာရုံခံစာမှု’မှာလည်း ပို၍ ကြီးထွားလာလေ ဖြစ်သည်။
စိတ်ဝိညာဉ်ကျင့်ကြံမှုသည် ခန္ဓာကိုယ်ကျင့်ကြံမှုထက် ပို၍ သဘာဝလွန်စွမ်းအားများကို ပေးနိုင်တာကြောင့် သမားတော်များသည် စိတ်ဝိညာဉ်ကျင့်ကြံရန်ကိုသာ ရွေးချယ်ကြပေသည်။ သို့သော်လည်း ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့လျှင် စိတ်ဝိညာဉ်ကို ကျင့်ကြံရန် မဖြစ်နိုင်ပါ။ ၎င်းသည် ကောင်းကင်ဘုံမှ ချမှတ်ထားခဲ့သော ဥပဒေပင် ဖြစ်သည်။
ကောင်းကင်ဘုံ၏ ဥပဒေဖြစ်တာကြောင့် သင်သည် တစ်စုံတစ်ခုကို ရယူလိုလျှင် အခြားတစ်ခုအပေါ်၌ လက်လျော့ရမည် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကျင့်ကြံဖို့ရွေးချယ်ခဲ့လျှင် ခန္ဓာကိုယ်ကျင့်ကြံဖို့ မဖြစ်နိုင်သလို ခန္ဓာကိုယ်ကျင့်ကြံဖို့ ရွေးချယ်ခဲ့လျှင်လည်း စိတ်ဝိညာဉ်ကျင့်ကြံဖို့ မဖြစ်နိုင်ပေ။
သို့သော်လည်း ဤဥပဒေသည် ကောင်းကင်ဘုံသူခိုးကျင့်ကြံခြင်း နည်းစနစ်အပေါ်တွင်တော့ သက်ရောက်မှု မရှိပေ။ ဤနည်းစနစ်သည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်မျိုးလုံးကို တစ်ချိန်တည်းတွင် ကျင့်ကြံနိုင်ရန် ကူညီပေး၏။ ထိုအကြောင်းကို Ace သိသွားခဲ့လျှင် သေချာပေါက် သူပျော်ရွှင်လွန်းတာကြောင့် ရူးသွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် Ace သည် သူ၏ ကောင်းကင်ဘုံအာရုံခံစားမှုကို သုံးနေစဉ် သူ့မျက်ခုံးနှစ်ဖက်ကြားမှ အသစ်စက်စက် ပုံပေါ် လာသော နေရာလွတ်တွင် ရုတ်တရက် တုန်ခါမှုဖြစ်စေသည်ကို မသိခဲ့ပေ။ သူ့မျက်လုံးများဖွင့်လိုက်သည့်အချိန် ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထွက်လာတော့သည်။ သူ့မျက်နှာသည် သရဲတစ်ကောင်လို ဖြူဆုတ်သွား၏။
“စနစ်၊ ဘာဖြစ်သွားတာလဲ” အားနည်းစွာဖြင့် သူမေးလိုက်သည်။
[အနက်ရောင်လေဝိညာဥ်နည်းစနစ် ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ သင်’ပုံစံမဲ့လေဝိညာဉ်ဗဟိုချက်’ကို အောင်မြင်စွာ ပုံပြောင်းခဲ့ပြီးပါပြီ။ သင့်ရဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့်ကလည်း မြင့်တက်သွားပါပြီ] စနစ် သူ့ကို သတင်းပို့လိုက်သည်။
“ငါမေးတာ အဲ့တာကို မဟုတ်ဘူး။ ငါဘာလိုတုန်ရီပြီး သွေးအန်သွားရတာလဲကို မေးတာ။” စနစ်၏ အဖြေကြောင့် Ace ဆွံ့အသွားသည်။ ဝိညာဉ်ဗဟိုချက်ပုံစံ ပြောင်းသွားခဲ့သည်ကို သူသိ၏။
“သင့်ခန္ဓာကိုယ်ထဲက ခန္ဓာကိုယ်ချီတွေလိုပါပဲ။ ဝိညာဉ်မှာလည်း စိတ်ဝိညာဉ်ချီဆိုတာ ရှိပါတယ်။ အခုလေးတင်ပဲ ကောင်းကင်ဘုံအာရုံခံစားမှုကို သင်သုံးလိုက်တာကြောင့် သင့်ရဲ့ စိတ်ဝိညာဉ်ချီတွေ ကုန်ဆုံးသွားပါပြီ။]
“အဲ့တာက ငါအမှန်နဲ့အမှားမျက်လုံးကို သုံးလိုက်တဲ့အချိန်တုန်းက ခန္ဓာကိုယ်ချီတွေ ကုန်သွားခဲ့သလိုမျိုးပဲပေါ့။ ဟမ်! ဝိညာဉ်မှာလည်း စိတ်ဝိညာဉ်ချီရှိပြီးတော့ ငါ့ရဲ့စိတ်ဝိညာဉ်ချီက သေချာပေါက် ကောင်းကင်ဘုံစိတ်ဝိညာဉ်ချီပဲ! အခု ငါ့အနားက ၁၀မီတာပတ်လည်ထဲက အရာမှန်သမျှကို ငါမြင်နိုင်တယ်။ အဲ့တာက ငါ့ရဲ့ ကိုယ်ပိုင်နေရာလွတ်လိုပဲ” ထိုအရာကို တွေးမိသွားကာ သူစိတ်လှုပ်ရှားသွားသည်။
“အချက်အလက်ကို ပြပေး”
[ထာဝရသူခိုးစနစ်]
[အဓိကဘောင်ကွက်]
[ပိုင်ရှင် : Ace White]
[မျိုးနွယ် : လူသား]
[ကောင်းကင်ဘုံ : ပထမအဆင့်ကောင်းကင်ဘုံလူသား]
[သိုင်းကျင့်ကြံခြင်း : ကောင်းကင်ဘုံတံခါးများအဆင့် {ပထမအဆင့်ကောင်းကင်ဘုံအရေပြားတံခါး} ]
{အတွေ့အကြုံရမှတ် : 50/1000}
[စိတ်ဝိညာဉ်ကျင့်ကြံခြင်း : ပုံစံမဲ့လေဝိညာဉ်ဗဟိုချက်]
{စိတ်ဝိညာဉ်ရမှတ် : 30/100}
[သူခိုးမှတ် : 40]
[စွမ်းရည် : 5မျိုး]
- အခြေခံ ကိုယ်ပျောက်စွမ်းရည် {အလယ်အလတ်အဆင့်}
- အခြေခံတိတ်ဆိတ်ခြေလှမ်း {အလယ်အလတ်အဆင့်}
- အခြေခံအမှန်နှင့်အမှားမျက်လုံးများ {အဆင့်နိမ့်}
- ရတနာဖွင့်သောလက်များ [အခြေခံအဆင့်] {၃ခုမြောက်ပုံစံ}
- ခါးပိုက်နှိုက်စွမ်းရည် {အဆင့်နိမ့်}
[ကျင့်ကြံခြင်းနည်းလမ်း : 2]
- ကောင်းကင်ဘုံသူခိုးနည်းစနစ် အပိုင်း ၁
- အရိပ်ကိုယ်ပွားသိုင်း
[လက်ရှိတာဝန် : 0]
ဤလမှ သူ၏တိုးတက်မှုကို မြင်ပြီးနောက် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူ၏ အလုပ်ကြိုးစားမှုသည် အလဟဿ မဖြစ်ခဲ့ပေ။
‘အတွေ့ကြုံရမှတ်နဲ့ စိတ်ဝိညာဉ်ရမှတ်တွေ မရှိရင် ငါ့ရဲ့ တိုးတက်မှုက ရန်တန့်သွားမှာ မဟုတ်ပေမယ့်လည်း တော်တော်လေး နှေးသွားလိမ့်မယ်။ အဲ့တော့ အတွေ့ကြုံရမှတ်နဲ့ စိတ်ဝိညာဉ်ရမှတ်တွေရဖို့ တာဝန် ဒါမှမဟုတ် အမှတ်တွေရဖို့ တစ်ခြားနည်းလမ်းတစ်ခုခုကို လိုအပ်တယ်။’ ကောင်းကင်ဘုံသူခိုးနည်းစနစ်ကို ကျင့်ကြံပြီးနောက် အတွေ့ကြုံရမှတ်နဲ့ စိတ်ဝိညာဉ်ရမှတ်များ မရှိဘဲနှင့် တိုးတက်နိုင်သော်လည်း နောက်တစ်ဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ရောက်ရှိနိုင်ရန် အချိန်တော်တော်လေး ပေးရမည် ဖြစ်သည်။
အတွေ့ကြုံရမှတ်နဲ့ စိတ်ဝိညာဉ်ရမှတ်များသည် ရောဂါအားလုံးပျောက်ကင်းနိုင်သည့်ဆေး သို့မဟုတ် သူ့တိုးတက်မှုကို မြန်ဆန်စေနိုင်သည့်ဆေးပြားလိုပင် ဖြစ်သည်။
‘ငါဒီနေရာမှာ ထပ်ပီး တာဝန်မလုပ်နိုင်ဘူး။ အပြစ်မဲ့တဲ့သူတွေ အသတ်ခံရတာ တော်လောက်ပြီ။ ငါအတွင်းပိုင်းဒေသကို သွားပြီး အဲ့ဒီက လူချမ်းသာ မျိုးမစစ်တွေဆီကနေ လုယက်ဖို့ လုပ်သင့်တယ်’ အတွင်းပိုင်းဒေသသို့ သွားရန် ဆုံးဖြတ်လိုက်ပြီးနောက် သူစတင်၍ ပြင်ဆင်တော့သည်။
ယခုသူ့တွင် အပြင်ပိုင်းဒေသမှ မည်သူ့ဆီကမဆို ခိုးယူလျှင် အောင်မြင်နိုင်မည်ဟူသော ယုံကြည်ချက်ရှိပေသည်။ သို့သော် သူထပ်လုပ်မည် မဟုတ်တော့ပေ။ တစ်လလုံးလုံး သူ Billy ကို စောင့်ကြည့်ခဲ့ကာ အပြစ်မဲ့သည့်သူများ နေ့တိုင်း အသတ်ခံခဲ့ရသည်ကို မြင်ခဲ့ရသည်။
သူဝိညာဉ်ဗဟိုချက်ပုံစံသို့ ပြောင်းပြီးသွားလျှင် Billy ကို သတ်မည်ဟု စီစဉ်ထားခဲ့သော်လည်း ယခုတွင် အလွန်နောက်ကျသွားပြီဖြစ်သည်။ Billyသည် ထောင်ချခံလိုက်ရပြီ ဖြစ်၏။
ယခု သူသည် အတွင်းပိုင်းဒေသမှ လူချမ်းသာများဆီကနေ ခိုးယူနိုင်နေပြီ ဖြစ်ပြီး ထိုသို့လုပ်ခဲ့လျှင်ပင် ဤအပြင်ပိုင်းဒေသမှ သာမန်လူများကို မည်သို့မှ အပြစ်တင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အတွင်းပိုင်းဒေသသို့ ယနေ့ညတွင် သူသွားတော့မည် ဖြစ်သည်။
သူသာ ဆန္ဒရှိလျှင် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူ၏အချက်အလက်များကို ပြသကာ အတွင်းပိုင်းဒေသသို့ မည်သည့်ပြဿနာမှ မရှိဘဲ ဝင်နိုင်သော်လည်း ထိုသို့လုပ်မည်မဟုတ်ပေ။ သူထိုသို့လုပ်ခဲ့လျှင် မြို့တော်သခင်ဆီတွင် သူ၏အချက်အလက်များကို စာရင်းသွင်းရမည်ဖြစ်ပြီး ထိုအချက်အလက်များကို မည်သူမဆို ကြည့်ရှုနိုင်သွားပေလိမ့်မည်။ သူသည် မြို့တော်တွင် နေထိုင်သူတစ်ယောက်ဖြစ်ပြီး အနည်းငယ်ရှာဖွေရုံဖြင့် သူ့အကြောင်းကို သိသွားကြနိုင်၏။
အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို ထိုသို့ စစ်ဆေးခဲ့လျှင် သူသည် မည်သည့်အုပ်ထိန်းသူမှ မရှိသော သာမန်ဆင်းရဲသား ကလေးတစ်ယောက်ဖြစ်ကာ စားသောက်ဆိုင်တစ်ခုတွင် ငါးနှစ်ကြာ သန့်ရှင်းရေးအဖြစ် အလုပ်လုပ်ခဲ့သည့်သူဟု ရှာတွေ့သွားကြပေလိမ့်မည်။
ထို့နောက် ရုတ်တရက် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခြင်းကို မည်သို့ ရှင်းပြရမည်နည်း။ ပို၍ အရေးကြီးသည်မှာ သူမည်သည့်နေရာကနေ ကျင့်ကြံခြင်းနည်းစနစ်များ ရရှိခဲ့သနည်း။ သူ့မိဘများသည် ကျင့်ကြံသူများဖြစ်ကြတာကြောင့် သူ့အတွက် ချန်ထားပေးခဲ့သည်ဟု ပြော၍ ရသော်လည်း သူအတွင်းပိုင်းဒေသသို့ သွားမည်ကို မည်သူ့ကိုမှ မသိစေချင်ပေ။
ထိုနည်းလမ်းဖြင့် သူမည်သူ့ဆီကမဆို လုယက်ခိုးယူနိုင်ကာ သူခိုးသည် မည်သည့်နေရာက လာမှန်း မည်သူမှ ပြောနိုင်လိမ့်မည် မဟုတ်တော့ပေ။ ထိုနေရာသို့ ခိုးယူရန် သွားမည်ဖြစ်တာကြောင့် သူခိုးတစ်ယောက်လိုသာ သွားမည်ဖြစ်သည်။
သူ၏ ဆေးပုလင်းများနှင့် ပတ္တမြားဒင်္ဂါးပြားများ ထည့်ထားသော အိတ်ကို ပန်းခြံ၏ ဖုံးကွယ်ထားသောနေရာမှ ယူလိုက်ကာ သူ၏ ‘အနက်ရောင်သရဲ’ ဝတ်စုံကိုပါ ယူလိုက်သည်။ ထို့နောက် ထို’အနက်ရောင်သရဲဝတ်စုံ’ကို လဲဝတ်လိုက်ကာ နောက်ကျောတွင် အိတ်ကို သယ်လိုက်သည်။
သူ၏ သားရဲစုံတွဲဓားများကိုလည်း ခါးတွင် ခါးပတ်တစ်ခုဖြင့် ချိတ်လိုက်သည်။ ယခုသူသည် တစ်ကိုယ်လုံး အနက်ရောင်ဖြစ်နေကာ သူ၏ မျက်နှာဖုံးအောက်မှ မျက်လုံးများကိုသာ မြင်နိုင်တော့သည်။
‘အပြင်ပိုင်းဒေသက ငါ့အိမ်လေးရေ နောက်ခေါက်မှ တွေ့မယ်နော်။ အဖေ၊ အမေ၊ အဖိုး၊ အဖွား၊ အနာဂတ်မှာ ကျွန်တော် သန်မာလာပြီးရင် အရိုအသေပြုဖို့ ပြန်လာခဲ့ပါ့မယ်။ ပြီးရင် နောက်ဘဝမှာ ဂုဏ်ယူနိုင်အောင် လုပ်ပေးပါ့မယ်။’ သူ့မိဘနှင့် အဖိုးအဖွားများကို လေးနက်စွာ နှုတ်ဆတ်စကား ပြောဆိုလိုက်သည်။ ထို့နောက် မြစ်ပန်းမြို့ အတွင်းပိုင်းဒေသဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဤသည်မှာ ဒဏ္ဍာရီဝင် သူခိုးတစ်ယောက်၏ ခရီးအစပင် ဖြစ်သည်။