← Chapters

လူကို‌လုယူ

Vol. 38 Ch. 522

လူကို‌လုယူ

Vol. 38 Ch. 522

Translator - Hsue Htet

စစ်ဘုရင်၊ ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့သည်လည်း အံ့အားသင့်နေကြသည်။ ထို့နောက် ဉာဏ်အလင်းပွင့်သွားကာ တောင့်တောင့်လေးရပ်နေသော ရှောင်ဝမ်ရွှယ်ကို ကြည့်လိုက်ကြသည်။ သို့သော် မည်မျှကြ့ည့်ရှုသည်ဖြစ်စေ ရှောင်ဝမ်ရွှယ်ထံမှ ထူးခြားချက်ကို ရှာမတွေ့ချေ။

ကျစ်ရှောင်းက အငယ်ဆုံးလေးကနေ စသိမ်းသွင်းပြီး အကြီးတွေကိုပါသိမ်းသွင်းဖို့ ကြံစည်နေတာများလား?

တကယ်‌တမ်းတွင် ကျစ်ရှောင်းမွန်မြတ်ဂိုဏ်း၌ လူများ၏ကံကောင်းမှုချီကို ‌ေထာက်လှမ်းသိရှိနိုင်သည့် လျှို့ဝှက်ကျင့်စဉ်အား ပိုင်ဆိုင်ထားသည်ကို မည်သူမျှ မသိရှိကြခြင်းဖြစ်သည်။

ကျစ်ရှောင်းရောက်လာသည်နှင့်တစ်ပြိုင်နက် နေရာရှိလူအားလုံးကို အကဲခတ်ကြည့်ရှုခဲ့သည်။ ထိုကြည့်ရှုမှုတွင် ကံကောင်းမှုချီထောက်လှမ်းခြင်းကိုပါ ထည့်သွင်းအသုံးပြုခဲ့သည်။

အကြည့်တစ်နေရာအရောက်၌ သူ့မျက်လုံးများ ပြာဝေသွားရ၏။ ကုချိုးတို့၏ကံကောင်းမှုချီများသည်လည်း သက်တံကဲ့သို့ စည်းဘောင်ကင်းမဲ့၏။ သို့သော် ရှောင်ဝမ်ရွှယ်ကဲ့သို့ မတောက်ပကြပေ။ ထိုမိန်းကလေးငယ်လေးသည် မွန်မြတ်ခြင်းခုနစ်ပါးစေတီသို့ သွားရောက်မစစ်ဆေးခဲ့သော်ငြား သူမ၏ ရာသီဥတုကိုပင် ဆန့်ကျင်နိုင်စွမ်းသော စူးရှတောက်ပသည့် ကံကောင်းမှုချီသည် တာ့အိုကျင့်ကြံသူကြီးကျစ်ရှောင်းကို တပ်မက်စေသည်။

ကျင့်ကြံသူတစ်ယောက်အတွက် အရေးအကြီးဆုံးက ဘာလဲ? အရည်အချင်းလား? အထုံပါရမီလား? ဆန္ဒပြင်းပြမှုလား? တစ်ခုမှ မဟုတ်ဘူး! ကံကောင်းမှုကသာ ကျင့်ကြံသူတစ်ယောက်အတွက် အရေးအကြီးဆုံးပဲ!

ဘယ်လောက်ပဲ အထုံပါရမီက သာမညောင်ညဖြစ်နေပါစေ ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်လောက်တဲ့ ကံကောင်းမှုရှိတဲ့ အင်အားအကြီးဆုံးသူဖြစ်လာနိုင်တယ်!

ကံကောင်းလွန်းသည့် ကျင့်ကြံသူများအတွက် အဆင့်တက်လှမ်းခြင်းမှာ ပုံမှန်စားသောက်ခြင်းကဲ့သို့ လွယ်ကူသည်။ ဟိုဟိုသည်သည်လျှောက်သွားခြင်းဖြင့် ထိပ်တန်းရတနာတစ်မျိုးမျိုးကို ကောက်ရနိုင်ချေရှိသည်။ တစ်ယောက်ယောက်ကို ကယ်တင်လိုက်ရင် ဖုံးကွယ်ထားသည့် လျှို့ဝှက်စွမ်းအင်တစ်ခုခု ရရှိနိုင်၏။ ချောက်ကမ်းပါးမှ ပြုတ်ကျလျှင်လည်း ကောင်းကင်ကိုအာခံနိုင်စွမ်းသည့် အမွေဆက်ခံမှုကို ရရှိနိုင်သေးသည်။

ဒီလိုကံကောင်းတဲ့တည်ရှိမှုမျိုးက အထုံပါရမီကောင်းတဲ့ မကောင်းဆိုးဝါးလိုမျိုးဆက်သစ်တွေနဲ့ နှိုင်းယှဉ်လို့ရပါ့မလား?

အထုံပါရမီက ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်စွမ်းပြီး ကံကောင်းမှု မလုံလောက်ရင် ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ ကျင့်ကြံရတော့မယ် မဟုတ်ပေဘူးလား? အဲ့လိုကြိုးစားကျင့်ကြံရင်းနဲ့ တစ်ခါတည်း အသက်ပါ သေသွားနိုင်သေးတယ်!

ကျစ်ရှောင်း၏အတွေးအမြင်အရ ရှောင်ဝမ်ရွှယ်ကို ရရှိခဲ့ပါလျှင် ကုချိုးတို့ကို ခေါ်ယူနိုင်ခြင်းထက် အကျိုးအမြတ်များသည်။

ကျစ်ရှောင်း၏ စကားသံအဆုံး၌ မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ လူသူအပေါင်း၏ အကြည့်များမှာ ရှောင်ဝမ်ရွှယ်သို့ ကျရောက်နေကြပြီး ရှောင်ဝမ်ရွှယ်၏အဖြေကို စောင့်ဆိုင်းနေကြသည်။ ကုချိုးတို့သည်ပင် ရှောင်ဝမ်ရွှယ်ကို သက်ရောက်မှုမရှိစေရန် တိတ်ဆိတ်နေကြ၏။

ရှောင်ဝမ်ရွှယ်နှင့် သူတို့အားလုံး အတူရှိသည့်အချိန်မှာ မကြာမြင့်သေးသော်ငြား ရှောင်ဝမ်ရွှယ်သည် သူတို့ကို စိတ်ပျက်စေလိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြသည်။

ရှောင်ဝမ်ရွှယ်သည် မျက်လုံးရွဲကြီးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သည်တွင် ကျစ်ရှောင်း၏နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။

“မင်းသဘောတူလိုက်ပြီဆိုမှတော့ ကျစ်ရှောင်းမွန်မြတ်ဂိုဏ်းဆီ ပြန်ကြတာပေါ့”

စကားဆုံးသည်နှင့် ကျစ်ရှောင်း၏ပုံရိပ်သည် အလင်းတစ်စနှင့်အတူ ရှောင်ဝမ်ရွှယ်ကိုခေါင်ဆောင်၍ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေသည်။

ဒါ… ဒါက လုသွားတာမဟုတ်လား?

-ျီး!

မြင်ကွင်းကြောင့် နေရာရှိလူအားလုံးမှာ မင်သက်နေကြသည်။ ကြီးကျယ်ခမ်းနားလှသော ကျစ်ရှောင်းမွန်မြတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤသို့ကိစ္စရပ်မျိုးကို လူကြားသူကြားတွင် လုပ်ရဲလိမ့်မည်ဟု တစ်ခါလေးသော်မျှ မတွေးခဲ့ဖူးကြပေ။

ကျစ်ရှောင်း၏ ၎င်းအပြုအမူကြောင့် ကျစ်ရှောင်းမွန်မြတ်ဂိုဏ်း၏ထိုဂုဏ်သတင်းမှာ စန်းရိမင်းဆက်ကြီးသာမက မွန်မြတ်ဘုံလောကတစ်ခွင်လုံးကို မကြာသည့်အချိန်အတွင်း လှုပ်ခါသွားပေလိမ့်မည်။ ကျင့်ကြံသူများသည် ဤသို့ပြောဆို‌ကြလောက်၏: အံ့ဩစရာပဲဗျာ! အမည်ကျော်ကြားတဲ့ တာ့အိုကျင့်ကြံသူကျစ်ရှောင်းက ၁၁နှစ်အရွယ်ကလေးမလေးကို ဒီလိုကြောက်မက်ဖွယ်အရာကို လုပ်ခဲ့တယ်တဲ့လေ! ဟူ၍။

ကုချိုးတို့မှာ ရုတ်ချည်းဒေါသထွက်သွားကြ၏။

ငါတို့ရှေ့မှာတင် ငါတို့ညီမလေးကို လုသွားတယ်ပေါ့လေ?!

“ဒီခွေးကောင်ကတော့!”

“အရှုံးမခံနိုင်ဘူး!”

သို့သော် ကုချိုးတို့မှ မလှုပ်ရှားနိုင်မီတွင် ဒေါသသံနှစ်ခုကိုကြားလိုက်ရပြီးနောက် ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့ ကုချိုးတို့၏‌နောက်သို့ ချက်ချင်းရောက်လာကြပြီး ကုချိုးတို့ကို ရိုက်ချလိုက်လေသည်။

ကုချိုး၏မျက်လုံးများ ရုတ်ချည်းမည်းမှောင်သွားရကာ သတိလစ်သွား၏။ ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့ တိုက်ခိုက်ကြသည်။ ကုချိုးတို့လေးဦးသည် မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ မွန်မြတ်ခြင်းခုနစ်ပါးနန်းတော် ထျန်းဝူစန်းရန်၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။

.. ကျစ်ရှောင်းထွက်သွားပြီးနောက် လုယက်မှုကြီးနှစ်ခု ထပ်မံဖြစ်ပွားခဲ့၏။

အဲဒီ့ဂိုဏ်းကြီးတွေက ဘာဖြစ်ကုန်ကြတာလဲ? ဒါကြီးက အဆင့်အတန်းကို အရမ်းကြီး လျစ်လျူရှု‌ထားကြတာ မဟုတ်ဘူးလား?

လေးစားအားကျနေကြသော မျိုးဆက်သစ်များ၏ မျက်လုံးတို့မှာ ခရမ်းရောင်ပြောင်းလဲသွားကြ၏။ လုယက်ခံရတဲ့သူက ဘာလို့ ငါတို့မဟုတ်ရတာလဲ? ငါတို့လည်း လုယက်ခေါ်တာ ခံချင်တယ်လေ!

“ဦးလေး သူတို့ကိုသွားတားလေ”

ထိုအခါမှ မင်းသမီးလန်လင်းမှာ အသိစိတ်ပြန်ဝင်လာကာ မျက်နှာလှလှလေးမှာ အနည်းငယ်ပြောင်းလဲသွားသည်။ လန်လင်းသည် အံ့ဩမင်သက်နေသည့် စစ်ဘုရင်ကိုကြည့်၍ စိုးရိမ်ပူပန်စွာပြောလိုက်၏။

ဆရာသခင်သည် သူမကိုယုံကြည်စွာဖြင့် ဂိုဏ်းတူအစ်ကို၊အစ်မများကို သူမထံ အပ်နှံခဲ့သည်။ သို့သော် သူမသည် ဂိုဏ်းတူအစ်ကို၊အစ်မများကို အခြားသူများမှ လုယူစေရန် ခွင့်ပြုထားခဲ့မိ၏။ ဒီကိစ္စကို ဆရာသခင်ကို ဘယ်လိုရှင်းပြရပါ့မလဲ?

ဆရာသခင်ပြန်လာသည့်အခါ မည်မျှ‌စိတ်ဆိုးနေမည်ကိုပင် စိတ်ကူးနိုင်ပေသည်။

ဆရာသခင်၏ဒေါသအရ ထိုဂိုဏ်းကြီးသုံးဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပစ်လောက်၏။ ဆရာသခင်၏အင်အားသည် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ပြိုင်ဘက်ဖြစ်နိုင်သည် ၊ မဖြစ်နိုင်သည်ကို လန်လင်း မသိပေ။ သို့သော် ဆရာသခင်ကို ထိုဂိုဏ်းကြီးသုံးဂိုဏ်းနှင့် သူ,မတိုက်ခိုက်စေလိုပေ။

ထိုဂိုဏ်းကြီးသုံးဂိုဏ်းသည် စန်းရိမင်းဆက်အတွက် အလွန်အရေးပါသည်။ ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်သည်လည်း စန်းရိမင်းဆက်၏ပစ်မှတ်ဖြစ်သည်။ နှစ်ဦးရင်ဆိုင်တိုက်ခိုက်လျှင် မည်သည့်ဘက်မှ အနိုင်ရသည်ဖြစ်စေ စန်းရိမင်းဆက်အတွက် ဆုံးရှုံးမှုရှိလိမ့်မည်ဖြစ်၏။

ထို့ပြင် လန်လင်းသည် ဝမ်ဖုန်းနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးသော်ငြား ဆရာသခင်ကို အလွန်ရိုသေလေးစားပြီး သူမ၏ဝိဉာဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထွင်းထုခတ်နှိပ်ထားပြီးလေပြီ။ ဆရာသခင်မှ အားနည်းသည်ဆိုလျှင်သော်မှ လန်လင်းသည် ဆရာသခင်ကို ချစ်ခင်လေးစားမြဲဖြစ်သည်။

လန်လင်းမှာ ဤအဖြစ်အပျက်ကြောင့်နှင့် စန်းရိမင်းဆက်နှင့် ဆန့်ကျင်မတိုက်ခိုက်စေလိုခြင်းသာဖြစ်သည်။

“အရမ်းနောက်ကျသွားပြီ။ ‌အဲဒီ့ဂိုဏ်းချုပ်သုံးယောက်က ဒီဘုရင်ထက် အားမနည်းဘူး။ သူတို့က အားကုန်သုံးပြေးသွားမှတော့ ငါလိုက်မမီနိုင်ဘူးလေ”

စစ်ပွဲဘုရင်မှ ခါးသီးစွာပြုံး၍ ခေါင်းခါရမ်းလျက် သက်ပြင်းချသည်။

သူမလိမ်ပါ။ ကျစ်ရှောင်းမှ ဦးစွာလှုပ်ရှားတိုက်ခိုက်လျှင်ပင် အခွင့်အရေးရှိနိုင်သေးသည်။ သို့သော် အခုထွက်ပြေးသွားပြီဖြစ်ရာ ဘယ်လိုလိုက်နိုင်ပါမည်နည်း။

“သေစမ်း!”

မင်းသမီးလန်လင်း၏ မျက်နှာလှလှလေးမှာ အေးစက်သွား၍ ဒေါသတကြီးကြိမ်းမောင်းလိုက်သည်။

သူမ၏ဖခင်ကို လှုပ်ရှားစေနိုင်မည့် နည်းလမ်းလည်း မရှိ‌ေချ။ မည်သို့ပင်ဖြစ်စေ သူမ၏မျက်လုံးရှေ့၌ပင် ဂိုဏ်းတူအစ်ကို၊အစ်မများကို လုယူခေါ်ဆောင်သွားသည်ကို ခွင့်မပြုနိုင်ပေ။

ထိုအခိုက်၌ လီပိုင်၏တည်ရှိမှုကို လန်လင်း သတိရသွားသည်။ သူမ၏ဒေါသကိုဖိနှိပ်လိုက်ကာ လီပိုင်သို့လျှောက်သွား၍ အရိုအသေပြုတောင်းပန်လိုက်သည်။

“အကြီးအကဲလီ လန်လင်း တောင်းပန်ပါတယ်။ လန်လင်း စွမ်းဆောင်မှုညံ့ဖျင်းတာပါ။ ဂိုဏ်းတူညီမလေးနဲ့အစ်ကိုတွေ ခေါ်သွားခံလိုက်ရပါတယ်”

“အကြီးအကဲလီ မစိုးရိမ်ပါနဲ့။ လန်လင်း ခမည်းတော်ကိုတောင်းဆိုပြီး ဂိုဏ်းတူအစ်ကို၊အစ်မတွေကို ပြန်ခေါ်လာခဲ့ပါ့မယ်”

လန်လင်း၏အပြုအမူကြောင့် နေရာရှိလူအားလုံး အံ့ဩသွားကြသည်။ မင်းသမီးလန်လင်းမှ လီပိုင်ကို အလွန်အမင်း ရိုသေလေးစားစွာ၊ ရိုးဖြောင့်စွာဖြင့် တောင်းပန်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ မင်းသမီးရဲ့စကားအရ‌‌ဆို အဲဒီ့လူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲများလား?

စစ်ဘုရင်သည်လည်း မျက်လုံးအစုံကို အနည်း‌ငယ်မှေးကျဉ်း၍ လီပိုင်ကို သေချာအကဲခတ်ကြည့်သည်။ လန်လင်းမှ စကားမဆိုခဲ့ပါလျှင် မိမိမှာ လီပိုင်၏တည်ရှိမှုကို သတိထားမိမည်မဟုတ်ပေ။

“ရတယ် သူတို့ထွက်မသွားနိုင်ဘူး”

လီပိုင်မှ လက်ဝှေ့ယမ်းကာ တခစ်ခစ်ရယ်မောလျက် အရေးမထားဟန်ပြောသည်။

“အမ်?”

ထိုစကားကြောင့် လန်လင်း အံ့အားသင့်သွား၏။

အခြားသူများမှာ ထိုစကားကို လှောင်ရယ်ချင်ကြသော်ငြား မဝံ့ရဲသောကြောင့် ထိန်းချုပ်ထားကြသည်။ သို့သော် မျက်လုံးများမှာ အထင်မြင်သေးမှုများ ပေါ်လွင်နေကြသည်။ စစ်ဘုရင်သည်ပင် ခေါင်းတရမ်းရမ်းဖြင့် လီပိုင်ကို လျစ်လျူရှုလိုက်လေသည်။

‌ထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်ကြီးထင်နေတာ တကယ်တမ်းကျ လေလုံးကြီးတဲ့လူကြီးဖြစ်နေတာပဲ!

ကျစ်ရှောင်းတို့ဂိုဏ်းချုပ်သုံးယောက်က ဘယ်လိုတည်ရှိမှုကြီးတွေမလို့လဲ? မွန်မြတ်ဘုံလောကရဲ့ ထိပ်တန်းကျင့်ကြံသူတွေထဲမှာ ပါဝင်တဲ့သူတွေပဲ။ သူ၏အစ်ကိုကြီးဧကရာဇ်မှ ကိုယ်တိုင်လှုပ်ရှားလျှင်သော်မှ ကျစ်ရှောင်းတို့သုံးဦး ထွက်ခွာခြင်းကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။

စန်းရိမင်းဆက်ကြီးတစ်ခုလုံး၌ ကျစ်ရှောင်းတို့သုံးဦးကို ဟန့်တားနိုင်သူမှာ စန်းရိဧကရာဇ်ကြီးအပြင် မွန်မြတ်ဘုံလောက၏ အမည်မဖော်ပြသောကျင့်ကြံသူပုဂ္ဂိုလ်ကြီးများသာ ရှိသည်။

သို့သော် ယခု၌ သူ၏အရှိန်အဝါကိုပင် မပြသဝံ့သော လီပိုင်သည် ပေါက်ကရစကားများ ပြောဆိုနေ၏။ ဘယ်သူကများ ယုံကြည်ပါ့မလဲ?

..

စစ်ဘုရင်နှင့်အခြားသူများမှ လီပိုင်ကို လှောင်ရယ်နေကြစဉ်၌ ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးအတွင်းရှိ စန်းရိဧကရာဇ်နှင့်လူအိုကြီးများမှာ ထိတ်လန့်သွားကြသည်။ “ဒီအရှိန်အဝါက ဘာ…!”

All Chapters