← Chapters

ဧကရာဇ်ကြီး ကိုယ်တိုင်ကြွရောက်

Vol. 38 Ch. 524

ဧကရာဇ်ကြီး ကိုယ်တိုင်ကြွရောက်

Vol. 38 Ch. 524

Translator - Hsue Htet

မင်းသမီးလန်လင်း၏ မျက်နှာလှလှလေးမှာ ကြောင်အနေ၏။ ပါးစပ်သေးသေးလေးမှာ အနည်းငယ် ပွင့်အာနေကာ လီပိုင်နှင့် ကျစ်ရှောင်းတို့သုံးဦးကို တစ်လှည့်စီကြည့်ရင်းဖြင့် ဦးနှောက်မှာ ဗလာကျင်းနေလေသည်။

“မင်းတို့ကို ဘယ်သူကများ သတ္တိတွေပေးလိုက်လဲ? ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို ခေါ်သွားရဲလောက်အောင်လေ!”

လီပိုင်၏မျက်နှာမှာ အထင်မြင်သေးဟန်တို့ ထင်ရှားနေကာ မျက်လုံးတို့ကို အနည်းငယ်မှေးကျဉ်းထားသည်။ ထို့နောက် ကျစ်ရှောင်းတို့သုံးဦးကို ခပ်ဖျော့ဖျော့ရေရွတ်ပြောဆို၏။

၎င်းအထင်မြင်သေးဟန်သော စကားလုံးများကြောင့် ကျစ်ရှောင်းတို့သုံးဦးမှာ တုန်လှုပ်သွားရကာ မျက်လုံးတို့မှာ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာလေသည်။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို ထိုမျှအင်အားကြီးမားသော တည်ရှိမှုကြီးမှ ကာကွယ်စောင့်ရှောက်နေမည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ကနဦး၌ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို အာရုံမထားပေ။ ကုချိုးတို့ကို မိမိတို့ဂိုဏ်းသို့ ခေါ်ဆောင်သွားနိုင်သ၍ မိမိတို့လက်အောက်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်ဟု တွေးထားခဲ့ကြသည်။ သို့သော် မိမိတို့မှာ သံမဏိနံရံကြီးကို ကန်မိခဲ့‌ကြလေသည်။

သူတို့၏ခြေထောက်များကို ကျိုးပဲ့သွားစေနိုင်သည့် အလွန်တရာ ကြောက်မက်ဖွယ်သော သံမဏိနံရံကြီးဖြစ်သည်။

“လူကြီးမင်း… ကျုပ်ရဲ့အရှင်သခင်ကြီးရယ် ကျုပ်တို့ ခဏတာ အမြင်ကန်းသွားမိတာအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ကျစ်ရှောင်းတို့သုံးဦးသည် ကုချိုးတို့အားလုံးကို သယ်ပိုးထားရာမှ အလျင်အမြန် ပြန်ချပေးလိုက်ကြသည်။ တစ်ပြိုင်နက်တည်းပင် သတိမေ့မျောနေသည့် ကုချိုးတို့သည်လည်း နိုးလာကြကာ နာခံရိုကျိုးစွာဖြင့် လီပိုင်ကို တောင်းပန်ကြလေသည်။

“ဘယ်သူကြီးလဲဟ…!”

နိုးလာကာစ ကုချိုးမှာ လီပိုင်ကို အော်ဟစ်မေးမြန်းလိုက်စဉ် လီပိုင်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွား၍ တစ်ဝက်တစ်ပျက်နှင့် အသံပျောက်သွားရသည်။ တုန်လှုပ်မှုနှင့်အတူ မျက်နှာလည်းနီမြန်းသွား၏။

လီချင်းမှ ကုချိုးနှင့်ကုကန်းချိုးတို့ကို ဆွဲခေါ်၍ လီပိုင်၏ဘေးတွင် နာခံရိုကျိုးစွာ ရပ်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ နေရာရှိလူအားလုံး၏ အာရုံအလုံးစုံမှာ ကျစ်ရှောင်း၏ သနားချင့်ဖွယ်အမူအရာသို့ ကျရောက်နေကြလေသည်။

ထို့နောက် လက်နှစ်ဖက်ကိုနောက်ပစ်‌၍ အေးဆေးတည်ငြိမ်စွာရပ်နေသည့် လီပိုင်ကို ကြည့်လာကြပြန်သည်။ လီပိုင်၏ ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်မှာ အနှိုင်းမဲ့သော ယုံကြည်အားကိုးရသည့်ပုံရိပ်ကြီး ဖြစ်လာခဲ့ပြီး အလွန်တရာ ယုံကြည်အားကိုးရသောကြောင့် မိမိတို့မှာ လက်လှမ်းမမီနိုင်သည်ကဲ့သို့ ခံစားကြရလေသည်။

ကျစ်ရှောင်း၊ ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့မှာ အင်အားအကြီးမားဆုံးသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ အရှင်သခင်များဖြစ်ကြသည်။

စန်းရိမင်းဆက်ကြီးတစ်ခုလုံးကို ခြေတစ်ချက်အဆောင့်ဖြင့် တုန်လှုပ်စေနိုင်စွမ်းရှိပြီး စစ်ဘုရင်၏အင်အားထက် မနည်းပါးသည့်အပြင် ပို၍ပင် အင်အားကြီးမားနိုင်သေးသည်။

သို့သော် ထိုသုံးဦးသည် လီပိုင်ကိုကြောက်ရွံ့လွန်းသောကြောင့် အမှားလုပ်ထားသည့် ကလေးငယ်မှ အမူအကျင့်ကောင်းတို့ဖြင့် တောင်းပန်းတိုးလျှိုးနေသည်ကဲ့သို့ ပြုမူနေကြလေသည်။

သို့ဖြင့် စစ်ဘုရင်၏ စိတ်နှလုံးတွင်းမှအတွေးတို့ကို အတည်ပြုနိုင်လိုက်လေသည်။

အကြီးအကဲလီသည် စနောက်နေခြင်းမဟုတ်ခဲ့။ တကယ့်ကိုပင် ကျစ်ရှောင်းတို့သုံးဦးကို မြို့ပြင်ထွက်မသွားနိုင်အောင် ပိတ်လှောင်ထားခဲ့လေသည်။

“တောင်းပန်တာသာ အသုံးဝင်တယ်ဆိုရင် ဘာအတွက်များ ကျင့်ကြံနေကြသေးလဲ?”

“ငါကိုယ်‌တော် ခင်ဗျားတို့ရဲ့ဂိုဏ်းကို အကြိမ်နည်းနည်းလောက် ကျူးကျော်ပြီး ပြန်တောင်းပန်မယ်ဆိုရင်ရော အသုံးဝင်မလား?”

လီပိုင်သည် ကျစ်ရှောင်းတို့သုံးဦးကို အထင်မြင်သေးစွာကြည့်လျက် လေးစားမှုလေး စိုးစဉ်းသော်မျှ မပြသချေ။ အရေးမထားသောကိုယ်ဟန်၊ အရှိန်အဝါနှင့် ထိုစကားလုံးများ‌ ပေါင်းစပ်လိုက်သောအခါ နေရာရှိလူအားလုံးမှာ ဝိဉာဉ်ထိတိုင် တုန်လှုပ်သွားကြရသည်။

ငါကိုယ်တော်?

ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်ကျင့်ကြံသူ ဘယ်သူမှ ဒီလိုသုံးနှုန်းပြောဆိုရဲမှာ မဟုတ်ဘူးမလား? ၎င်းမှာ အမှန်တကယ် စစ်မှန်သော ထိပ်တန်းစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေသာ သုံးနှုန်းလေ့ရှိကြသည်ဖြစ်ပြီး ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူများသာလျှင် မိမိကိုယ်ကို ထိုသို့သုံးနှုန်းတတ်ကြပေသည်။

သေချာပေါက်ပင် သိသာထင်ရှားလွန်းလှသည့် မောက်မာထောက်လွှားမှုဖြင့် ပြုမူလျှင်သော်မှ ကျန်သူများမှာ အထွန့်တက်စရာ မရှိပေ။ သို့သော် လက်ရှိအခြေအနေ၏ လီပိုင်မှာ ထိုမျှမောက်မာထောင်လွှားလှသည် မဟုတ်ပေ။

ကျစ်ရှောင်းတို့သုံးဦးကဲ့သို့သော တည်ရှိမှုများကို လေးစားကျိုးနွံစေခြင်းငှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှတစ်ပါး မည်သူမျှ မရှိနိုင်ပေ။

သူတို့မှာ သာမန်အကြီးအကဲတစ်ဦးဖြစ်သော လီပိုင်သည် ရုတ်တရက်ကြီး ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်တစ်ခုလုံး၏ ထိပ်တန်းတည်ရှိမှုကြီးဖြစ်လာမည်ဟု ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။

ဒီအပြောင်းအလဲက အရမ်းလျင်မြန်လွန်းနေတာ မဟုတ်ဘူးလား?

မင်းသမီးလန်လင်းသည်လည်း စိတ်နှလုံးအစိတ်စိတ်အမွှာမွှာကွဲကြေနေခဲ့သည်။ လီပိုင်သည် ဝမ်ဖုန်းကို အလွန်တရာ လေးစားမှုရှိကြောင်း သူမ မြင်တွေ့ခဲ့ဖူးလေရာ ဝမ်ဖုန်းမှာ မည်သို့သော တည်ရှိမှုကြီးဖြစ်လိမ့်မည်နည်း။

‌အခြားသူများမှာ အံ့ဩထိတ်လန့်နေကြသည်ဟုဆိုပါလျှင် ကျစ်ရှောင်းတို့သုံးဦးမှာ ကြောက်ရွံ့တုန်လှုပ်နေကြခြင်းဖြစ်သည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူက သူတို့၏ဂိုဏ်းကို လာရောက်ကျူး‌ေကျာ်မည်တဲ့။ အဲ့လိုဆို သူတို့ဂိုဏ်းတွေ အစအနမကျန်အောင် ဖျက်သိမ်းခံလိုက်ရမှာ ကြောက်ရတယ်မဟုတ်လား?

ဂိုဏ်းကြီးသုံးဂိုဏ်းသည် သာလွန်ထူးကဲသောနောက်ခံများရှိကြပြီး ဂိုဏ်းထဲ၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ဂိုဏ်းဘိုးဘေးများလည်း ရှိပါ၏။ သို့သော် သူတို့၏ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ဂိုဏ်းဘိုဘေးမှာ တစ်ဂိုဏ်းလျှင် တစ်ဦးသာရှိကြ၍ အသက်ရှင်နေထိုင်ခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီလည်း မသိနိုင်လောက်အောင် အရွယ်ကြီးရင့်နေကြပြီဖြစ်သည်။

ချီစွမ်းအင်နှင့်သွေးကြောတို့တွင်တော့ လီပိုင်တို့ကဲ့သို့သော ငယ်ရွယ်သည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူများထက် များစွာသာလွန်နိုင်ပေသည်။ သို့ဖြစ်၍ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းဘိုးဘေးများမှ လီပိုင်ကို အနိုင်ရနိုင်မည်ဟု မသေချာပေ။

ထို့ပြင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူတို့၏ဂိုဏ်းများဖြင့် အမှန်တကယ် စာရင်းရှင်းလိုပါလျှင် နောက်ကွယ်၌ ဂိုဏ်းဘိုးဘေးများ ရှိနေလျှင်သော်မှ တကယ်တမ်း ဂိုဏ်းသို့ သုံးရက်တစ်ကြိမ် ကျူးကျော်လာခဲ့ပါလျှင် မိမိတို့၏ဂိုဏ်းမှာ ပျက်စီးသွားရမည်သာ ဖြစ်၏။

“ဘယ်လို အစားပေးလျော်မှုများ အလိုရှိပါသလဲဗျ? ကျုပ်တို့ စွမ်းဆောင်နိုင်တဲ့အရာသာဆိုရင် သေချာပေါက် အကောင်းဆုံးလုပ်ဆောင်မှာပါ”

ကျစ်ရှောင်းတို့သုံးဦးမှာ ကြောက်ရွံ့နေကြလျက် တောင်းပန်တိုးလျှိုးကြ၏။

ထိုအခိုက်အတန့်တွင် သူတို့သုံးဦးမှာ ဂုဏ်သိက္ခာကိုဘေးချ၍ လီပိုင်၏‌ခွင့်လွှတ်မှုကို တောင်းခံနေကြသည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များအနေဖြင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်နှင့် ရင်ဆိုင်ရခြင်းတွင် ဆက်ဆံရေးတင်းမာခြင်းသည် ဆုံးရှုံးမှုများပြားစေ၍ အကျိုးအမြတ်မှာ ဆုံးရှုံးမှုနှင့်မထိုက်တန်ဘဲ ဂိုဏ်းတစ်ခုလုံးပင် ဖျက်ဆီးခံရနိုင်ကြောင်းကို သူတို့သေချာရှင်းရှင်းလင်းလင်းသိထားသည်။ သူတို့သည်လည်း မောက်မာထောင်လွှားတတ်သူများ ဖြစ်ကြပါ၏။ သို့သော် စွမ်းအားကြီးမားသူရှေ့မှောက်၌ ‌မိမိတို့၏‌ မာန်မာနထောင်လွှားမှုတို့ကို လွှတ်ချထားမှသာလျှင် အခွင့်အရေးရှိနိုင်မည်ကို နားလည်သည်။

ထို့ပြင် ဤတစ်ကြိမ်မှာ သူတို့ဘက်မှ ဦးစွာရိုင်းပျမိခဲ့ခြင်းဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းသည်ကို သိထားခဲ့ပါလျှင် မည်သို့ပင်ဖြစ်စေ အပြစ်ပြုဝံ့ခဲ့မည်မဟုတ်ပေ။

“ပေးလျော်မယ်? ရှန်ရှန့်ကျုံဂိုဏ်းက အရှက်သိက္ခာထိပါးခံရတာကို လုံးဝသည်းမခံတတ်ဘူး။ မင်းတို့လောက်နဲ့များ.. မင်းတို့လောက်နဲ့ ပြန်ပေးလျော်ဖို့မတတ်နိုင်ဘူး”

လီပိုင်၏မျက်နှာမှာ အထင်မြင်သေးဟန်တို့ ထင်ဟပ်နေဆဲပင်။

လီပိုင်သာ ဤကျင့်ကြံမှုအဆင့်သို့ မရောက်ရှိနေခဲ့ပါလျှင် လီချင်းနှင့်အခြားတပည့်များမှာ ထိုလူများနောက် ခေါ်ဆောင်သွားခံရပြီး ဖြစ်ချေရော့မည်။ ထိုလူများသည် နိုင်ထက်စီးနင်းပြုမူခြင်းဖြင့် အသားကျနေခဲ့ပြီးဖြစ်၏။ လီပိုင်မှ သင်ခန်းစာအချို့မပေးပါလျှင် ထိုလူများသည် သူတို့၏ကောင်းကင်အပြင်ဘက်၌ လူများစွာရှိနေသည်ကို သိကြမည်မဟုတ်ပေ။

လီပိုင်၏ ခံစားချက်ကင်းမဲ့သ‌ည့် စကားကြောင့် ကျစ်ရှောင်းတို့မှာ ဖြူဖျော့သွားရလေသည်။ မျက်လုံးအစုံတို့မှာ မျှော်လင့်ချက်မဲ့ခြင်းများ ထင်ဟပ်နေကြ၏။

“ဒီကတာ့အိုမိတ်‌‌ဆွေ.. ဒီဧကရာဇ်ကို နည်းနည်းလောက် မျက်နှာသာပေးလို့ရမလား?”

ကျစ်ရှောင်းတို့သုံးဦးမှ စိတ်ပျက်လက်ပျက်ဖြစ်နေစဉ်၌ နတ်ဘုရားတစ်ပါး၏အသံကဲ့သို့ ခမ်းနားကြီးကျယ်လှစွာသော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်ထက်၌ ရွှေနဂါးများသည် မွန်မြတ်သန့်စင်သော တည်ရှိမှုကြီးတစ်ခုကို ကိုးကွယ်နေသည့်အလားဖြင့် ဆက်တိုက်ထွက်ပေါ်လာကြသည်။

လေဟာပြင်ထက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၍ နဂါးပုံရိပ်များသည် ထိုပုံရိပ်၏ခြေဖဝါးအောက်၌ ဝိုးတဝါးရှိနေကြကာ ထိုထွားကြိုင်းသောပုံရိပ်ကို ထောက်ပံ့ထားကြသည်။ ကြီးမြတ်လှသည့်ဧကရာဇ်၏ ခြိမ်းခြောက်မှုအရှိန်အဝါသည် မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နေရာရှိလူအားလုံးကို မထိန်းချုပ်နိုင်စွာ ဦးညွတ်စေခဲ့သည်။

“စန်းရိဧကရာဇ်ကို ဂါရဝပြုပါတယ်!”

ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသည့်ပုံရိပ်ကို မြင်တွေ့သောအခါ နေရာရှိလူအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြကာ လေးစားကျိုးနွံစွာဖြင့် ဦးညွှတ်အရိုအသေပြုကြသည်။

စစ်ဘုရင်၊ လန်လင်းနှင့် အခြားသူများသည်လည်း အတူတူပင်။ ကျစ်ရှောင်းတို့သုံးဦးမှာ ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသည့်ကဲ့သို့ အခြားသူများထက်ပို၍ ရိုသေကျိုးနွံနေတော့သည်။

လီပိုင်သည် မျက်လုံးအနည်းငယ်မှေးကျဉ်း၍ ဧကရာဇ်စန်းရိကို အလေးအနက်ကြည့်ရှုလိုက်ပြီးနောက် အံ့အားသင့်သွားခဲ့၏။ ဧကရာဇ်စန်းရိ၏ကျင့်ကြံဆင့်ကို သူမမြင်နိုင်ပေ။

ဧကရာဇ်စန်းရိ၏ ကျင့်ကြံ‌ဆင့်ကြောင့် အံ့ဩထိတ်လန့်သွားခဲ့သော်ငြား လီပိုင်သည် သဘောတူညီသည်၊ မတူညီသည်ဟု ပြန်လည်မတုံ့ပြန်ချေ။

“ကျစ်ရှောင်း မင်းတို့သုံးယောက် မင်းတို့ဂိုဏ်းရဲ့ရတနာသိုလှောင်ခန်းကိုဖွင့်ပြီး ဒီမိတ်ဆွေ‌ေတွကို အလိုရှိရာ ရတနာဆယ်မျိုး ရွေးချယ်ခိုင်းလိုက်ပါ။ ဘာကိုပဲရွေးချယ်ပါစေ ကျိန်းသေပေါက် ပေးလိုက်ရမယ်။ ပြီးတော့ မင်းတို့ဂိုဏ်းသုံးဂိုဏ်းရဲ့ မှော်စွမ်းအင်ကို ဒီမိတ်ဆွေတွေနဲ့အတူ ကျင့်ကြံရမယ်။ ပြီးတော့ မင်းတို့ရဲ့ဂိုဏ်းတပည့်တွေက ဒီမိတ်ဆွေတွေနဲ့ အတူအဖော်ပြုကျင့်ကြံပေးရမယ်”

“ဘယ်လိုလဲ?”

ဧကရာဇ်စန်းရိ၏မျက်လုံးတို့ ခပ်ဖျော့ဖျော့တောက်ပသွား၍ ခပ်တိုးတိုးပြောဆို၏။

ဧကရာဇ်၏အသံသည် မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်တစ်ခွင်သို့ ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းစကားမှာ ကျစ်‌ရှောင်းတို့သုံးဦးကို မေးမြန်းနေသည်ဟု ထင်ရသော်ငြား လီပိုင်ကိုလည်း ‌စိတ်ကျေနပ်၏‌ေလာဟု မေးမြန်းနေခြင်းဖြစ်ပေသည်။ ဧကရာဇ်စန်းရိသည် ကျစ်ရှောင်းတို့သုံးဦး၏ဂိုဏ်းများကို သေချာကောင်းစွာသိသည်။ ထိုဂိုဏ်းများ၌ လီပိုင်ကဲ့သို့သောပုဂ္ဂိုလ်ကြီးကို စိတ်ကျေနပ်စေနိုင်မည့် ရတနာဟူသည် မရှိနိုင်ပေ။

All Chapters