← Chapters

အခန်း (၅၃၂)

Vol. 38 Ch. 532

အခန်း (၅၃၂)

Vol. 38 Ch. 532

ဘာသာပြန်_ The Fate

" ဟုတ်တာပေါ့..အကျိုးအမြတ်က ငါးဆယ် ငါးဆယ်ပါဗျာ "

စစ်ထူကျယ်၏မျက်ဝန်းများအတွင်းမှ အလင်းတန်းတစ်ခုတောက်ပသွားခဲ့ပြီး အပြုံးဖွဖွဖြင့် ပြောဆိုလိုက်သည်။

ကုချိုးတို့ညီအကိုနှစ်ယောက်ကို ငါးစာအဖြစ်မျှားခဲ့သော အပျက်အစီးလွင်ပြင်မှာ အတုမဟုတ်ဘဲ အစစ်အမှန်ဖြစ်လေသည်။၎င်းကို သူအပြင်သို့ သွားရောက်လေ့ကျင့်ခဲ့စဥ်က မတော်တဆတွေ့ရှိခဲ့ခြင်းဖြစ်သည်။ထိုအချိန်က သူ၏ကျင့်ကြံမှုက ချန်ခွမ်းယွမ်အဆင့်၌သာ ရှိနေခဲ့တာကြောင့် အပျက်အစီးအတွင်းရှိ အတားအဆီးများကို မဖြတ်ကျော်နိုင်ခဲ့ပါ။ထို့အတွက်ကြောင့် နောင်တတရားများဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

လက်ရှိအချိန်တွင် သူ၏ကျင့်ကြံမှုဟာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ကို ရောက်ရှိလာခဲကြောင့် သူဟာ နောက်တစ်ကြိမ် ကြိုးစားချင်မိသည်။

အခွင့်အရေးကိုရယူပြီး အဘယ့်ကြောင့်များ ပထမမင်းသားပေးအပ်ထားသောတာဝန်ကို အရမယူရမည်နည်း။ထိုသို့သောအကြောင်းအရင်းများကြောင့် သူဟာ ပထမမင်းသားပတ်လည်ရှိ ငယ်ရွယ်သောသူရဲကောင်းများကို ဖိတ်ခေါ်ခြင်းမပြုဘဲ သူ၏ကိုယ်ပိုင်ယုံကြည်ရသူများကိုသာ ဖိတ်ခေါ်ခဲ့သည်။

သူ၏နားလည်သဘောပေါက်မှုဖြင့်ဆိုပါက ၎င်းအပျက်အစီးလွင်ပြင်မှာ အတော်ကလေးကို ထူးခြားလှလေသည်။သူဟာ ၎င်းအတွင်းရှိ ရတနာများကို အခြားသူများ၏လက်အတွင်းသို့ သက်ဆင်းမသွားစေချင်ပါ။

" ငါးဆယ်..ငါးဆယ် လား "

" အရှင်...အရှင်က ကျုပ်တို့ညီအကိုနှစ်ယောက်ရဲ့ စွမ်းရည်ကို အထင်သေးလိုက်တာ မဟုတ်ဘူးလား "

" အရှင်က ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ကို ဖိတ်ခေါ်ခဲ့ပြီးပြီဆိုတော့ ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ရဲ့ အရည်အချင်းကိုလည်း သိသင့်ပါတယ်လေ။ကျုပ်တို့က မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို အောင်မြင်နိုင်ခဲ့တဲ့ ပါရမီရှင်တွေပါဗျ။ ကျုပ်တို့က အစားအစာအတွက် တောင်းပန်နေရဦးမှာလား။ "

စစ်ထူကျယ်၏စကားများကို ကြားလိုက်ရသည့်အခါ ကုချိုးက ပြုံးရယ်လိုက်ပြီး မောက်မာစွာ ပြောဆိုလိုက်သည်။

ကုချိုး၏စကားကို ကြားလိုက်ရသည့်အခါ စစ်ထူကျယ်၏အမူအရာမှာ အနည်းငယ်ပျက်ယွင်းသွားခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌ အလိုမကျမှုများ ရှိလာခဲ့သည်။ သူဟာ စစ်ထူမိသားစု၏ ဒုတိယသခင်လေးဖြစ်ပြီး သူ၏အဆင့်အတန်းမှာ အင်ပါယာကြီးတစ်ခုလုံး၌ ထူးကဲလှပါသည်။သူက အပျက်အစီးလွင်ပြင်ကို စူးစမ်းလေ့လာဖို့အတွက် ဒီလူနှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့သည်။ အင်ပါယာတစ်ခွင်လုံးမှာရှိတဲ့ လူငယ်ပါရမီရှင်တွေထဲမှာ ဘယ်သူကများ သူ့ကို မျက်နှာသာမပေးရလို့လဲ။

ပုံမှန်အားဖြင့်ဆိုပါက စစ်ထူမင်သည် ၇၀ _ ၃၀ နှုန်းဖြင့်သာ ခွဲဝေမှာဖြစ်ပြီး ၅၀ _ ၅၀ ဆိုသောနှုန်းထားက ကုချိုးတို့ကို မျှားခေါ်လိုသောကြောင့်သာ ဖြစ်သည်။ကုချိုးတို့က မကျေမနပ်ဖြစ်နေလိမ့်မည်ဟု ဘယ်သူက တွေးထင်ထားမှာလဲ။

" ဒါဆို မင်းတို့က ဘယ်လိုများ ခွဲဝေချင်လို့တုန်း "

စစ်ထူကျယ်က ဒေါ်သများကို မြိုသိပ်လိုက်ပြီး မဲမှောင်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။

" 90% ခွဲဝေမယ် "

" ကျုပ်တို့က 90 ယူမယ်...ခင်များတို့က ကျန်တဲ့ 10 ရာခိုင်နှုန်းပေါ့။ "

ကုချိုးက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး ရယ်ကာမောကာဖြင့် ပြောဆိုလိုက်သည်။

ကုချိုးဟာ အပျက်အစီးလွင်ပြင်အကြောင်းကို အပြည့်အဝမယုံကြည်သေးပါ။ ဒီလူ့မှာ တခြားရည်ရွယ်ချက်တွေ ကျိန်းသေပေါက် ရှိရမယ်။

တစ်ဖက်တွင်ရှိနေသော ကုကန်းချိုးဟာလည်း ပြုံးရယ်လိုက်ပြီး ဘာစကားမှ ဝင်မပြောခဲ့ပါ။သူဟာ ကုချိုးကို အာဏာကုန်လွဲထားခဲ့လေသည်။

ကုချိုး၏စကားကို ကြားလိုက်ရသည့်အခါ စစ်ထူကျယ်တို့လူငယ်ပါရမီရှင်များ၏မျက်ဝန်းများမှာ အေးစက်သွားခဲ့ကြသည်။စစ်ထူကျယ်သည် ကုချိုးတို့က ဤမျှလောက်အထိ လောဘကြီးလိမ့်မည်ဟု တွေးထင်မထားခဲ့ပါ။သူတို့က သေခြင်းကို ဖွေရှာနေတာပဲ!။

နှလုံးသားအတွင်းမှ ဒေါသတရားများ လှိုက်တက်လာသော်လည်း စစ်ထူကျယ်က ပြန်လည်၍ထိန်းချုပ်နိုင်ခဲ့ပြီး အပြုံးတစ်ပွင့်ကို အားတင်းပြုံးလျက် ပြောဆိုလိုက်သည်။

" ကောင်းပါပြီ...ကျွန်တော် အကိုကြီး ကုချိုးပြောတဲ့အတိုင်း လိုက်နာပါ့မယ်။ "

ထိုညီအကိုနှစ်ယောက်သာ ငါးစာကိုဟပ်မိပြီး ထိုနေရာသို့ရောက်သွားသည်နဲ့တစ်ပြိုင်နက် သူတို့ရဲ့ လုပ်ပိုင်ခွင့်ပဲမဟုတ်ပါလော့။

စစ်ထူကျယ်၏စကားကို ကြားလိုက်ရသည့်အခါ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်မှာ အံ့သြသင့်သွားခဲ့ရသည်။ သူတို့ဟာ တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်ဝန်းအိမ်အတွင်း၌ ရွှတ်နောက်နောက်အမူအရာများ ရှိနေခဲ့ကြသည်။ထိုလူတွေက ဤမျှလောက်ရူးနှမ်းသည့် တောင်းဆိုချက်ကို လက်ခံလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဒီကောင်လေးက တကယ့်ကို ကြင်နာတတ်တာပါလား။

သာမန်လူများသာ ထိုကဲ့သို့တောင်းဆိုချက်ကို ကြားလိုက်လျှင် သူတို့နှစ်ယောက်ကို မောင်းမထုတ်တာကတောင် တော်လှနေပြီ ဖြစ်သည်။ သို့ပါသော်လည်း ထိုကောင်လေးကတော့ သဘောတူလက်ခံခဲ့သည်။

ငါတို့နဲ့ ကစားချင်နေတာလား.....မင်းစောင့်ကြည့်နေလိုက်စမ်းပါ။

" အရမ်းလည်း နောက်မကျသေးဘူးဆိုတော့ အခုပဲ သွားလိုက်ကြရအောင် "

ညတာရှည်သည်က အိမ်မက်များနဲ့ ပြည့်နှက်နေမိမှာ အမှန်ပဲ။ ထို့အတွက်ကြောင့် စစ်ထူကျယ်က ကုချိုးတို့ညီအစ်ကိုနှစ်ယောက်ကို တိုက်ရိုက်ပင် ပြောဆိုလိုက်တော့သည်။ ကုချိုးက ခေါင်းညိတ်လိုက်ပြီး ဝမ်ဖုန်းကို လျို့ဝှက်စွာ သတင်းစကား ပေးပို့ထားလိုက်သည်။

သူဟာ အရူးမဟုတ်ပါဘူး။ စစ်ထူကျယ်က မလွယ်ကူသောပြိုင်ဖက်တစ်ယောက်ဆိုတာကို သိရှိလိုက်ပြီးနောက် သူဟာလည်း စစ်ထူကျယ်နောက်ကို အရူးတစ်ယောက်လို လိုက်ပါသွားမှာမဟုတ်ပါ။စစ်ထူကျယ်က ငှက်နှစ်ကောင်ကို ခဲတစ်လုံးနဲ့ပစ်ချင်နေရင် သူကုချိုးကရော ဘာလို့အလားတူမပြုလုပ်ရမှာလဲ။

ကုချိုးရဲ့ခေါင်းညိတ်သဘောတူမှုနဲ့အတူ စစ်ထူကျယ်တို့သည် ကုညီနောင်နှစ်ယောက်ကို ခေါ်ဆောင်၍ မြင့်မြတ်သောစန်းရိမြို့တော်အပြင်ဖက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

.................

ဖုန်းဟွာနန်းတော်ကြီးအတွင်း၌ မြင့်မြတ်သောစန်းရိမြို့တော်၏အခြေအနေကို သိနားလည်လာခဲ့သော ဝမ်ဖုန်းသည် ကုချိုးထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ရှိနေခဲ့သည်။ သူဟာ တစ်ခဏကြာအောင် တွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။

" စစ်ထူကျုံး မင်းသွားပြီးတော့ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်ကို လိုက်ပါသွားပြီး သေသေချာချာ စောင့်ကြပ်ပေးလိုက်ပါ။ စစ်ထူမိသားစုရဲ့ကောင်လေး ဘာတွေကို လုပ်မလဲဆိုတာကိုလည်း စောင့်ကြည့်ထားလိုက်။ "

" ဟုတ်ကဲ့ပါ "

တစ်ဖက်တွင်ရှိနေသော စစ်ထူကျုံးသည် ခေါင်းညိတ်လိုက်ပြီး ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ခန်းမကြီးအတွင်း၌ ဝမ်ဖုန်း၏မျက်ဝန်းများ လင်းလက်တောက်ပနေခဲ့ပြီး လျို့ဝှက်စွာ ပြောဆိုလိုက်သည်။

" စနစ်....ထီကံစမ်းဖို့အတွက် ဂိုဏ်းအမှတ် နှစ်ထရီလီယမ်ကို အသုံးပြုလိုက်ပါ။ ရလာတဲ့ကျင့်ကြံမှုတွေကိုတော့ ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေအပေါ် ကောင်းချီးပေးလိုက်ပါ။ တစ်ချိန်တည်းမှာ အရှိန်အဝါတွေကို ဖုံးကွယ်ထားလိုက်။ "

ဤကနေ့တွင် ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲအများစုသည် ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။ နောက်တစ်ဆင့်သာ တက်လှမ်းသွားပါက သူတို့သည် ချန်ခွမ်းသူတော်စင်အဆင့်ကို ရောက်ရှိသွားလိမ့်မည်။ ထိုအချိန်သို့ရောက်လာပါက သူ၏ရှန်ရှန်ကျုံဂိုဏ်းခွန်အားမှာ ပိုမို၍ မြင့်တက်လာတော့မည်။

" ဒင်.....စစ်ထူကျုံး၏ကျင့်ကြံမှု...ဆယ်ပုံတစ်ပုံကို ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ "

" ဒင်......."

" ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်....အကြီးအကဲတွေကို ကောင်းချီးပေးပြီးပါပြီ။ ရှန်ရှန်ကျုံဂိုဏ်းရဲ့အကြီးအကဲတွေက ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကို ရောက်ရှိသွကြပါပြီ "

စနစ်၏အေးစက်သော အသံနဲ့အတူ ဝမ်ဖုန်းက လျို့ဝှက်စွာ ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံရေး၌ တဖန်ပြန်လည်၍ နစ်မြှပ်သွားခဲ့သည်။

သူ့တွင် ကံတရားစိတ်ဝိညာဥ်နှင့် တစ်ဖက်လောက လျိုယင်းရုပ်ခန္ဓာတို့အပြင် တစ်ဖက်လောက လျိုယင်းနှလုံးသားကိုလည်း ပိုင်ဆိုင်ထားလေသည်။သူနားလည်သဘောပေါက်ရန် အရာများစွာ ရှိနေသေးသည်။သူ၏ကျင့်ကြံမှုမှာ စနစ်၏ကောင်းချီးပေးမှုကို ရရှိခဲ့သော်လည်း အဆိုပါလျို့ဝှက်ဆန်းကြယ်မှုများကိုတော့ စနစ်က ကိုယ်စားနားလည်အောင် မပြုလုပ်ပေးနိုင်ပါ။

လျို့ဝှက်ချက်များကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်သိရှိဖို့အတွက် ဝမ်ဖုန်းဟာ အချိန်ဆွဲ၍ မနေနိုင်တော့ပါ။

..........

နာရီပေါင်းများစွာ ပျံသန်းသွားပြီးနောက် စစ်ထူကျယ်တို့သည် မိုးထိအောင်မြင့်မားနေသော တောင်တန်းကြီးပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။သူတို့နှင့်မနီးမဝေးတွင် လူတစ်ယောက်အရပ်ခန့်ရှိသော လိုဏ်ဂူကြီးတစ်ခု ရှိနေခဲ့သည်။

" ရောက်လာပြီလား "

ကုချိုးက ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်ပြီး ဖုံးကွယ်နေသော လိုဏ်ဂူကြီးကို စူးစိုက်ကြည့်ကာ ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

" အင်း...အဲ့တာက ဒီနေရာမှာ "

" ပြီးတော့ မင်းတို့လည်း သေလို့ရပြီ! "

ကုချိုး၏စကားများကို ကြားလိုက်ရသည့်အခါ စစ်ထူကျယ်၏မျက်ဝန်းများမှာ အေးစက်သွားခဲ့ပြီး စစ်မှန်သောအပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်လေသည်။

ထိုသို့ပြောလိုက်ပြီးသည်နဲ့တစ်ပြိုင်နက် ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အရှိန်အဝါများသည် ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ သူတို့၏ပုံရိပ်များက ကုချိုးအရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြသည်။နေတစ်စင်းကဲ့သို့ ပူပြင်းတောက်လောင်နေသော လက်သီးလုံးကြီးများသည် ကုချိုးထံသို့ တိုက်ရိုက်သက်ဆင်းလာခဲ့သည်။

" ဘုန်း....! "

ကုချိုးသည် ဤဖြစ်စဥ်ကို ကြာမြင့်သောကာလကတည်းက မျှော်လင့်ခဲ့ပြီးပုံပေါ်သည်။သူကလည်း လက်တစ်ဖက်ကိုနောက်ပစ်လျက် ကျန်လက်ဖြင့် လက်သီးထိုးလိုက်သည်။

သူတို့ကိုဗဟိုပြုလျက် ပြင်းထန်သောအရှိန်အဟုန်များ ပေါက်ကွဲထွက်ပေါ်လာလျက်ရှိသည်။ပြင်းထန်လှသည့်ဖိအားကြီးကြောင့် ပတ်ဝန်းကျင်ရှိ မြေဆီလွှာများသည် မြှောက်တက်သွားခဲ့ရပြီး လေထုအတွင်း၌ ဖုန်မှုန့်များ တသောင်းသောင်းထသွားခဲ့သည်။

" ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်... ဒါအကုန်ပဲလား? "

ကုချိုးသည် သူ့ကိုယ်တွင်းရှိ ကသောင်းကနင်းဖြစ်နေသော ချီနှင့်သွေးများကို ဖိနှိပ်လိုက်ပြီး လှောင်ရယ်လျက် ပြောဆိုလိုက်သည်။အဆိုပါ လက်လွတ်စပါယ်အမူအရာက စစ်ထူကျယ်၏မျက်နှာကို ပိုမို၍ မဲမှောင်သွားစေခဲ့သည်။

သူသာ အလစ်အငိုက်တိုက်ခိုက်လိုက်ပါက ကုချိုးကို ကျိန်းသေပေါက် သတ်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။သို့ပါသော်လည်း ကုချိုး၏ခွန်အားမှာ သူတွေးထင်ထားသည်ထက် သာလွန်နေခဲ့သည်။ဒါက မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ဂန္တဝင်ပါရမီရှင်လား။

တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။

" ဒီလိုဆိုမှတော့ မင်းတို့ကို အနိုင်ကျင့်တဲ့အတွက် အပြစ်မတင်နေနဲ့တော့ "

စစ်ထူကျယ်က လက်ကို ပြန်လည်၍ရုတ်သိမ်းလိုက်ပြီး သွားဖြဲရယ်ပြလျက် အသာအယာပုတ်ခါလိုက်သည်။

" ဘုန်း..... "

ရုတ်တရက်ဆိုသလို ပုံရိပ်ငါးခုသည် လေထုအတွင်းမှ ထွက်ပေါ်လာခဲ့ပြီး တောင်တန်းတစ်ခွင်သို့ ခမ်းနားသောအရှိန်အဝါများ ပျံ့လွင့်သွားခဲ့သည်။အဆိုပါစွမ်းအားကြီးအရှိန်အဝါက ကုချိုးတို့ညီအကိုနှစ်ယောက်၏ခန္ဓာကိုယ်ကို အဆက်မပြတ်ခါယမ်းလာစေခဲ့သည်။သူတို့၏နဖူး၌ ချွေးအေးများ ထွက်လာခဲ့သည်။

" ချန်ခွမ်းဧကရာဇ်ငါးယောက် !"

ကုချိုး၏မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ကြည့်ရတာ စစ်ထူကျယ်က သူတို့ကို တကယ်ကြီးသတ်ချင်နေတာဟ။

သို့ပါသော်လည်း ကုချိုးတို့က အနည်းငယ်ပဟေဠိဖြစ်နေခဲ့သည်။သူတို့ မြင့်မြတ်တဲ့စန်းရိမြို့တော်ကို ရောက်ရှိလာပြီးကတည်းက ဘယ်သူ့ကိုမှ မဆန့်ကျင်ထားပါဘူး။ဘာလို့ ဒီကောင်က သူတို့ကို သတ်ချင်နေရတာလဲ။ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေတဲ့ အကြီးအကဲလီပိုင်ရဲ့ အမျက်ဒေါသကို သူတို့တွေ မကြောက်လန့်ကြဘူးလား။

" မင်းတို့တွေက အရမ်းကို ရူးသွပ်ကြတာပါလား....မင်းတို့က နဝမအလွှာကို ဖြတ်ကျော်ပြီးပြီဆိုတာကို သိထားတာကြောင့် ငါက အကြီးအကဲတစ်ချို့ကို နောက်ကွယ်မှာ လိုက်ပါစေခဲ့တယ်။ "

" ဒီအကြံအစည်က အလုပ်ဖြစ်သွားလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး "

All Chapters