အလင်းတန်းပေါ် ကခုန်နေသည့် လူပြက်များ
Vol. 38 Ch. 533
ဘာသာပြန်_ The Fate
စစ်ထူကျယ်၏ ဟက်ဟက်ပက်ပက်ရယ်မောသံကြီးသည် တောအုပ်အတွင်းပျံ့လွင့်သွားခဲ့သည်!။
မွန်မြတ်သော စန်းရိမြို့တော်အတွင်းရှိနေပါက သူဟာ စစ်ထူမိသားစု၏ အကြီးအကဲများကို ကျိန်းသေပေါက်လှုပ်ရှားခိုင်းမှာ မဟုတ်ပါ။ သို့သော်လည်း ယခုကဲ့သို့ ဝေးလံခေါင်ဖျားသည့် တောင်တန်းဒေသမှာတော့ စစ်ထူမိသားစု အကြီးအကဲများ ဝင်ရောက်လှုပ်ရှားခဲ့ရင်တောင် ဘယ်သူကများ သိပါဦးမလဲ...။
သူတို့က ကုချိုးတို့ညီကိုနှစ်ယောက်ကို နေရာမှာတင်သတ်ဖြတ်ပြီး အလောင်းများကိုတော့ အပျက်အစီးလွင်ပြင်အတွင်း ပစ်လွှတ်လိုက်မည်။ အပြင်လောကကိုတော့ ကုချိုးတို့က လုံလောက်အောင်မသန်မာခဲ့တာကြောင့် အပျက်အစီးလွင်ပြင်အတွင်း၌ အန္တရာယ်နှင့်တွေ့ဆုံခဲ့ရကြောင်း လိုက်လံပြောပြလိုက်မည်။ ဒီလိုဆိုရင် သူတို့ လုပ်ဆောင်ခဲ့တာလို့ ဘယ်သူကများ သိလိမ့်ဦးမလဲ...။
ရှန်ရှန့်ကျုံဂိုဏ်း၏ ပျက်သုန်းခြင်းဧကရာဇ်စွမ်းအားရှင်က သံသယဝင်ခဲ့လျှင်တောင်မှ ပထမမင်းသား၏ ကာဆီးပိတ်ပင်မှုဖြင့်ဆိုလျှင် ထိုစွမ်းအားရှင်က စစ်ထူမိသားစုကို ထိခိုက်ရဲမှာမဟုတ်ပါ။
"စိတ်မကောင်းစရာပဲ... ဒီလိုကောင်းမွန်တဲ့ပါရမီရှင်တွေက ဒီကနေ့မှာ သေဆုံးရတော့မယ်..."
စစ်ထူကျယ်သည် ကုချိုးတို့ညီကိုနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်ပြီး လှောင်ရယ်ပြောဆိုလိုက်သည်။
"အို...? တကယ်လား?"
သို့သော်လည်း စစ်ထူမိသားစု၏ ချန်ခွမ်းဧကရာဇ် အကြီးအကဲ ၅ယောက် ဆင်းသက်လာခဲ့တာတောင် ကုချိုးတို့ညီကိုနှစ်ယောက်က ကြောက်လန့်မသွားခဲ့တာကြောင့် စစ်ထူကျယ်တစ်ယောက် ထိတ်လန့်အံ့ဩသွားခဲ့ရသည်။ ထိုလူနှစ်ယောက်က သူတို့ကို လှောင်ပြောင်ရယ်မောဟန်ဖြင့်တောင် စိုက်ကြည့်နေခဲ့သေးသည်။ သူ၏ နှလုံးသားအတွင်း၌ အမျိုးအမည်ဖော်မရသော အကျပ်အတည်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။
အေးစက်သော အလင်းတန်းတစ်ခုသည် သူ့မျက်ဝန်းများအတွင်း.ဖြတ်သန်းသွားခဲ့ပြီး နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်လေသည်။
"အကြီးအကဲများ! ချက်ချင်းပဲ... လှုပ်ရှားလိုက်ကြပါ... သူတို့ကို ဘာလှည့်ကွက်မှ မပြုလုပ်စေနဲ့!"
ဘုန်း!...
စစ်ထူကျယ်၏ စကားဆုံးသွားသည့်အခါ ချန်ခွမ်းဧကရာဇ်အဆင့်ရှိသော အကြီးအကဲ ၅ယောက်သည် ပြင်းစွာသော အရှိန်အဟုန်ကို ထုတ်လွှတ်လိုက်ကာ တောင်တန်းတောအုပ်ကြီးတစ်ခုလုံးကို လှုပ်ခါစေလိုက်သည်။ ကုချိုးတို့ညီကိုနှစ်ယောက် ဦးခေါင်းထက်ရှိလေဟာပြင်သည် ပကတိမျက်စိနှင့် တွေ့မြင်နိုင်သော နှုန်းဖြင့် တွန့်လိမ်သွားခဲ့ရသည်။ ၎င်းကောင်းကင်ယံပေါ်၌ အနက်ရောင်အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ကုချိုးတို့ညီကိုနှစ်ယောက်ကတော့ ထိုအရှိန်အဝါကြီးကို သတိမမူမိသည့်အလား စိတ်အေးသက်သာစွာဖြင့် လက်ပိုက်လျက် စစ်ထူကျယ်ကို အပြုံးမမည်သည့်အပြုံးဖြင့် လှမ်းကြည့်နေခဲ့သည်။
"ဘုန်း...!"
စစ်ထူမိသားစု၏ ချန်ခွမ်းဧကရာဇ် အကြီးအကဲ ၅ယောက်စတင်လှုပ်ရှားလိုက်သည့်အခါ ပုံရိပ်လေးတစ်ခုကလည်း ကုချိုးတို့ညီကိုနှစ်ယောက်၏ ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုပုဂ္ဂိုလ်က လက်ကိုခါယမ်းလိုက်သည့်အခါ စစ်ထူမိသားစု၏ ချန်ခွမ်းဧကရာဇ် အကြီးအကဲ ၅ယောက်သည် ကျိုးပြတ်သွားသော စွန်များအလား အထက်အောက်ပြောင်းပြန်လန်၍ လွင့်စင်ထွက်သွားကာ လေဟာပြင်၌ နီစွေးသောသွေးများ ပျံ့လွင့်ထွက်ပေါ်လာခဲ့ရသည်။
ဤမြင်ကွင်းက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားတာကြောင့် စစ်ထူကျယ်နှင့် အခြားသောလူငယ်ပါရမီရှင်များသည် လုံဝကို မတုံ့ပြန်လိုက်မိခဲ့ပါ။ စစ်ထူမိသားစု၏ ချန်ခွမ်းဧကရာဇ် အကြီးအကဲ ၅ယောက် လွင့်စင်ထွက်သွားသည့်အခါမှာတောင် စစ်ထူကျယ်၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေခဲ့သေးသည်။
"မင်းတို့က ရူးတာလား...? အတာလား...? မင်းတို့ စစ်ထူမိသားစုမှာပဲ အကြီးအကဲတွေရှိပြီးတော့ ငါတို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းမှာ မရှိဘူးထင်နေတာလား?"
"ငါ... နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် လုယက်ခဲ့ပြီးပြီ... မင်းတို့လောက် ရူးတဲ့သူကို ပထမဆုံးတွေ့ဖူးတာပဲ"
ကုချိုးက စစ်ထူကျယ်ကို လှောင်ပြောင်ရယ်မောဟန် စိုက်ကြည့်လိုက်သည်။ သူ၏အထင်အမြင်သေးသော စကားလုံးများက စစ်ထူကျယ်၏ နားစည်အတွင်း၌ မိုးချိန်းသံကြီးကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ကာ သူ့ကို အကြောက်တရားဖြင့် တုန်လှုပ်လာစေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့စစ်ထူမိသားစုရဲ့ ချန်ခွမ်းအဆင့် စွမ်းအားရှင် ၅ယောက် လွင့်စင်ထွက်သွားခဲ့တာလား...။ ဒါက ဘယ်လိုမျိုး ထိတ်လန့်ဖွယ်ကောင်းတဲ့ တည်ရှိမှုကြီးလဲ။
ဒီလိုလုပ်ရပ်မျိုးကို ချန်ခွမ်းသူတော်စင် စွမ်းအားရှင်ကလွဲပြီး ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူးမလား...။
"မင်း.....!!"
စစ်ထူကျယ်က ပါးစပ်ဟောင်းလောင်းပွင့်လျက် ကုချိုးကို စူစူးရဲရဲစိုက်ကြည့်နေခဲ့သည်။ သူဟာ တစ်စုံတစ်ရာကို ပြောလိုခဲ့သော်လည်း စကားလုံးများက လည်ချောင်းတွင်း၌သာ တစ်နေခဲ့ပြီး ထုတ်ဖော်၍ မပြောနိုင်ခဲ့ပါ။
စစ်ထူကျုံး၏ ထိတ်လန့်ဖွယ်ကောင်းသော ချန်ခွမ်းသူတော်စင် အထွတ်အထိပ် စွမ်းအင်ဖိအားသည် မုန်တိုင်းကြီးတစ်ခုလိုမျိုး.တောင်တန်းတောအုပ်ကြီးကို ဖုံးလွှမ်းသွာခဲ့ကာ စစ်ထူမိသားစု၏ ချန်ခွမ်းဧကရာဇ် အကြီးအကဲ ၅ယောက်ကိုသာမက စစ်ထူကျယ်တို့ လူငယ်တစ်စုကိုလည်း တိုက်ရိုက်ဖိနှိပ်ထားခဲ့သည်။
"ဘုန်း...!!"
ချန်ခွမ်းသူတော်စင် တစ်ပါး၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်ဖိအားသည် မိုင်ထောင်ချီလေးလံသော တောင်တန်းကြီးကဲ့သို့ စစ်ထူကျယ်နှင့် အခြားသူများအပေါ် ဖိနှိပ်လျက်ရှိ၏ ။ ကြီးမားသော ဖိအားကြီးကြောင့် သူတို့ဟာ တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ် ပြားပြားဝပ်သွားခဲ့ရသည်။ သူတို့၏ အရိုးများကတောင် အက်ကွဲသွားခဲ့ပြီး အရိုးကွဲသံများက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာလျက်ရှိသည်။
"ငါ့ကိုပြောစမ်းပါ...ဘယ်သူကများငါတို့ညီကိုနှစ်ယောက်ကို ရန်စဖို့ မင်းကို သတ္တိတွေပေးအပ်လိုက်တာလဲ?"
ကုချိုး၏ မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူဟာ စစ်ထူကျယ်၏ ရှေ့မှောက်ကို လမ်းလျှောက်သွားကာ လေးနက်စွာပြောဆိုလိုက်သည်။
စစ်ထူမိသားစုသည် မြင့်မြတ်သော စန်းရိအင်ပါယာတွင် မြင့်မားသော အဆင့်အတန့်ကို ဆုပ်ကိုင်ထားသော်ငြားလည်း စစ်ထူကျယ်လို သခင်ငယ်လေးတစ်ယောက်က ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်ဖြစ်သော အကြီးအကဲလီပိုင်ကို မျက်ကွယ်ပြု၍ သူတို့ကို ရန်စရဲလိမ့်မယ်ဆိုတာ ကုချိုးကတော့ မယုံကြည်ပါဘူး။
သူတို့ကို နောက်ကွယ်က တစ်ယောက်ယောက်က လှုပ်ရှားခိုင်းခဲ့လို့ ၊ သူတို့နောက်ကွယ်ရှိ အင်အားစုက ရိုးရှင်းမှု မရှိတာကြောင့်ဖြစ်ရမည်။ ဒီလိုမှမဟုတ်ပါက သူတို့ဟာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်ဖြစ်သော အကြီးအကဲလီပိုင်ကို ကြောက်လန့်နေရမှာကြောင့် ဤကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်ရဲမှာမဟုတ်ပါ။
ဟုတ်ပါပေသည်... စစ်ထူကျယ်က အကြောင်းအရင်းမရှိ ရူးသွပ်ပြီး စစ်ထူမိသားစုအတွက် ကပ်ဘေးကြီးတစ်ခုကို သယ်ဆောင်လာလိမ့်မည်ဟုတော့ ကုချိုးတို့က ထင်မထားပါချေ။
ကုချိုး၏စကားကို ကြားလိုက်ရသည့်အခါ စစ်ထူကျယ်သည် အံကိုတင်းတင်းကြိတ်လျက် နီရဲနေသော မျက်ဝန်းများဖြင့် ကုချိုးကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူဟာ ဘာကိုမှ ထုတ်ဖော်မပြောဆိုခဲ့ပါ။
ဤအချိန်၌ စစ်ထူကျယ်သည် ချွေးစေများထွက်လျက်ရှိပြီး သူ၏ဝတ်ရုံကတောင် စိုရွှဲနေခဲ့သည်။ လေဟာပြင်အတွင်း၌ လက်နှစ်ဖက်ကို နောက်ပစ်လျက်မတ်တတ်ရပ်နေသော စစ်ထူကျုံးသည် တောင်တန်းကြီးတစ်ခုကဲ့သို့ သူ့အပေါ် ဖိအားများပေးလျက်ရှိချေသည်။
"ရို့.... မင်းရဲ့ပါးစပ်က အခုထိ မာကြောနေတုန်းပဲလား..."
"ငါ ကုချိုးက မင်းတို့လိုကောင်မျိုးတွေကို သိပ်ကိုလေးစားတယ်ကွ!!..."
"ငါဆိုတဲ့ကုချိုးမှာ နည်းလမ်းပေါင်းဘယ်လောက်ရှိမလဲဆိုတာ မင်းသိရဲ့လား..."
"အရေခွံနွာရမလား....? အရိုးတွေကို တစ်ချောင်းချင်းစီ ချိုးရင်ကောင်းမလား? မဟုတ်သေးဘူး... ဒါက ငါကုချိုးရဲ့ နည်းလမ်းတွေအတွက်တော့ ရက်ရောလွန်းနေသေးတယ်"
"အိုး.... ဟုတ်သားပဲ။ ငါ့မှာ မင်းတို့ တစ်ယောက်ကိုတစ်ယောက် အဝတ်ဗလာနဲ့ အချောအလှလေးကို စိုက်ကြည့်နေသလို စိုက်ကြည့်မိစေမယ့် ဆေးလုံးတစ်ချို့ရှိနေတယ်... မင်းပြောကြည့်စမ်း ငါမင်းကို ဒီဆေးလုံးတိုက်ပြီးရင် မြင့်မြတ်သောစန်းရိမြို့တော်ထဲကို ပစ်ထည့်လိုက်မယ်... လမ်းမတွေပေါ်မှာ မင်းဘယ်လိုမျိုး ပြုမူဆောင်ရွက်မလဲဆိုတာ သိချင်မိပါရဲ့..."
ကုချိုးသည် စစ်ထူကျယ်၏ အရှေ့၌ စောင့်ကြောင့်ထိုင်ချလိုက်ကာ တိုးညင်းစွာရယ်မောလျက်ပြောဆိုလိုက်သည်။
အဆိုပါ ပေါ့ပါးသောစကားလုံးများက စစ်ထူကျယ်နှင့် အခြားသူများကို အကြောင်းအရင်းမရှိ တုန်ယင်သွားစေခဲ့သည်။ သူတို့က ကုချိုးကို ထိတ်လန့်ချောက်ချားသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
သူတို့ဟာ ရန်မစသင့်သည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရန်စမိလိုက်ပါပြီ...။
ထိုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာပါက သူတို့ဘယ်လောက်ထိ အရှက်ရမလဲဆိုတာကို မြတ်စွာဘုရားသာသိပေလိမ့်မည်။ သူတို့ အရှက်ရရုံသာမက သူတို့၏ မိသားစုကလည်း ထပ်တူထပ်မျှ မျက်နှာပျက်ယွင်းရလိမ့်မည်။
"နောက်တစ်နည်းလည်း.. ရှိသေးတာပဲ... မင်းတို့ရဲ့ ကျင့်ကြံမှုကို ပိတ်ဆို့ပြီး အခန်းကျဥ်းလေးထဲမှာ အတူတူ ပိတ်ထားလိုက်မယ်.. ပြီးရင်တော့ ဒီစိတ်ကြွဆေးလုံးတွေတိုက်ကြွေးပြီး မင်းတို့ မကောင်းဆိုးဝါးတွေလိုမျိုး ပြုမူဆောင်ရွက်မှာကို ပုံရိပ်ယောင်ကျောက်တုံးနဲ့ ဖမ်းယူထားလိုက်မယ်။ ပြီးရင်တော့ အဲ့ဒီကျောက်တုံးကို မွန်မြတ်သော စန်းရိမြို့တော်ရဲ့ စင်မြင့်ပေါ်မှာ ပြသလိုက်မယ်ကွာ... တခြားသူတွေက စိတ်ဝင်စားလိမ့်မယ်လို့ မင်းရောထင်လား?"
"ငါကတော့... အဲ့ဒီလိုမြင်ကွင်းမျိုးကို ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ခါမှမတွေ့မြင်ဖူးဘူး.. ငါကုချိုးကတော့ အရမ်းကိုစိတ်လှုပ်ရှား စောင့်မျှော်နေမိပြီဟေ့... မင်းတို့တွေ ကြာကြာကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
ကုချိုးက ပြုံးရယ်လျက် ဆက်လက်ပြောဆိုလိုက်သည်။ သူ၏ထိတ်လန့်ဖွယ်ကောင်းသော အပြုံးက စစ်ထူကျယ်တို့ကို တသိမ့်သိမ့်တုန်လှုပ်သွားစေခဲ့သည်။
ဤအချိန်တွင် စစ်ထူကျယ်က လုံးဝကို နောင်တရနေပါပြီ... သူဘယ်လိုကြောင့်များ ဒီနတ်ဆိုးကို ရန်စလိုက်မိတာလဲ...။
"ပထမမင်းသား.. လုပ်ခိုင်းတာပါ"
ကုချိုးက အတင်းအကျပ်ဆေးတိုက်တော့မယ်ဆိုတာကို တွေ့လိုက်ရသည့်အခါ စစ်ထူကျယ်က ချက်ချင်းကို အော်ဟစ်ပြောဆိုလိုက်သည်။
သူဟာ ဘယ်လိုညှင်းပန်းနှိပ်စက်မှုမျိုးကို မဆို သည်းခံနိုင်သော်လည်း အရှက်ကွဲခြင်းကိုတော့ သည်းမခံနိုင်ခဲ့ပါဘူး..။
"ပထမမင်းသား... လုပ်ဆောင်ခိုင်းတာလား?"
ကုချိုး၏.လက်များက လေထုအတွင်း၌ ရပ်တန့်သွားခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ရှိနေခဲ့ပြီး နက်ရှိုင်းသော လေသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
"ပထမမင်သား လန်လဲ့နဲ့ ငါတို့ မတွေ့ဖူးသေးပါဘူး.. သူနဲ့လည်း ဘယ်ပြဿနာမှမဖြစ်ဖူးဘူး... သူကဘာလို့များ ငါတို့ကို စတင်ပြီးရန်စရတာလဲ..."
"သူက မင်းသမီးလန်လင်းရဲ့စွမ်းအားတွေကို ဖြတ်တောက်ပစ်ချင်နေတာ ။မင်းသမီးလန်လင်းကို ဧကရာဇ်စန်းရိက အင်ပါယာရဲ့ ပထမဆုံး ဧကရီအဖြစ် ပျိုးထောင်ပေးမှာကို မတွေ့မြင်ချင်လို့ပဲ"
ပြောဆိုပြီးဖြစ်တာကြောင့် စစ်ထူကျယ်ကလည်း ဆက်လက်ဖုံးကွယ်မနေတော့ဘဲ ပြောပြလိုက်သည်။
"ဟားဟား... စိတ်ဝင်စားစရာပဲ! မြင့်မြတ်တဲ့ စန်းရိအင်ပါယာရဲ့ အကြီးဆုံးမင်းသားက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး"
ကုချိုးက လှောင်ရယ်ပြောဆိုလိုက်သည်။ သူ၏မျက်ဝန်းများအတွင်းရှိ အေးစက်မှုမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် သူဟာ စစ်ထူကျယ်တို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်လိုက်၏။ အစွမ်းထက်သော ချန်ခွမ်းဧကရာဇ် စွမ်းအားရှင်များကိုတောင် ချန်မထားခဲ့ပါ။ စစ်ထူကျုံး၏ စွမ်းအားဖိနှိပ်မှုကြောင့် ချန်ခွမ်းဧကရာဇ်စွမ်းအားရှင်များကို ကုချိုးတို့ သတ်ဖြတ်ရသည်မှာ ပုရွက်ဆိတ်များကို သတ်ဖြတ်ရသည့်အလား လွယ်ကူနေခဲ့သည်။