← Chapters

စုန်းမျိုးနွယ်၏ သဲလွန်စ

Vol. 74 Ch. 1103

စုန်းမျိုးနွယ်၏ သဲလွန်စ

Vol. 74 Ch. 1103

ရှောင်းနင်သည် ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ရှေးဟောင်းဆေးရေကန်ဂိုဏ်း၏ အမွေအနှစ်ကို လက်ခံရရှိထားခဲ့သည်ကို အစိမ်းရောင်ဝတ်လူငယ်က မသိရှိနိုင်ပေ။

အခြားသောဂိုဏ်းများသည် ရတနာ ၇ ပါးသွေးအသွင်ပြောင်းဆေးလုံးကို မသန့်စင်နိုင်သော်လည်း ရှောင်းနင်က ပြုလုပ်နိုင်လေသည်။

ရှောင်းနင်၏ နှာရောင်ကနေ ရှေးဟောင်းဆေးမီးဖိုတစ်လုံးက ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့လေသည်။

အဲ့ဒါက ဆေးရေကန်ဂိုဏ်း၏ အမွေအနှစ်ရှေးဟောင်းရတနာဖြစ်လေသည်။

ရှောင်းနင်က ဘာရည်ရွယ်ချက်ရှိသည်ကို မည်သူကမှ မသိရှိကြပေ။

ရှောင်းနင်သည် သူမ၏ သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဥ်ဆေးပင်အချို့ကို ထုတ်ယူပြီး ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။ အဲ့ဒီနောက် သူမက မီးတောက်တချို့ကို ဆင့်ခေါ်ပြီး မီးဖိုထဲရှိ စိတ်ဝိညာဥ်ဆေးပင်များကို စတင်သန့်စင်လေသည်။

သိပ်မကြာမီ ဆေးမီးဖိုထဲမှ မွှေးပျံသောရနံ့တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

ရှောင်းနင်သည် သူမ၏လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ပြီး ဆေးမီးဖိုထဲမှ မြူခိုးများကို မဟာရှန်ဧကရာဇ်နှင့် အခြားသူများဘက်သို့ လွင့်ပျံသွားစေလေသည်။

တစ်ခဏအတွင်းမှာပင် မြူခိုးများက မူလနတ္ထိနှစ်ဆယ်ကျော်ကို လွှမ်းခြုံသွားခဲ့လေသည်။

မဟာရှန်ဧကရာဇ်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြလေသည်။

ဘာ့ကြောင့်ရယ်မသိ ထိုဆေးရနံ့ကို ရှုရှိုက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ဂူပိုးကောင်များက ယားယံလာသည်ဟု သိသာစွာခံစားရလေသည်။

သို့သော်လည်း အစိမ်းရောင်ဝတ်လူငယ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲလာခဲ့လေသည်။

အမျိုးသမီးကျင့်ကြံသူသည် ဂူပိုးကောင်များကို ပစ်မှတ်ထားသည့် အကာအရံချိုးဖျက်မွှေးရနံ့ကို သန့်စင်လိုက်သည်ကို သူက ရုတ်တရက်နားလည်လိုက်လေသည်။

ဂူကောင်းများက ပို၍အားနည်းလေလေ အကာအရံချိုးဖျက်မွှေးရနံ့မှာ သူတို့၏တုံ့ပြန်မှုက ပို၍အားနည်းလေလေ ဖြစ်လေသည်။

ဂူကောင်များက ပို၍သန်မာလေလေ သူတို့၏တုံ့ပြန်မှုက ပို၍ပြင်းထန်လေလေ ဖြစ်လေသည်။

အစိမ်းရောင်ဝတ်လူငယ်၏ မျက်နှာပေါ်တွင် နက်မှောင်နေသောသွေးကြောများက ဖောင်းပွလာခဲ့၏။ သူ၏မျက်နှာက ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့လေသည်။

“အဲ့ဒါသူပဲ....”

ရှောင်းနင်က လူအုပ်ထဲရှိ အစိမ်းရောင်ဝတ်လူငယ်ကို လက်ညိုးထိုးပြီး လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။

“သူက ဂူသခင်ပဲ...”

ဤလောက၌ အရာရာတိုင်းမှာ တန်ပြန်န်ဝိပါက်ရှိကြလေသည်။

အစိမ်းရောင်ဝတ်လူငယ်သည် အလွန်တရာသိုဝှက်နေခဲ့ပြီး ဆူဇီမိုပင် သူ့ကိုမရှာဖွေနိုင်ခဲ့ပေ။ သို့သော်လည်း သူက ရှောင်းနင်၏ နည်းလမ်းကနေ လွတ်မြောက်နိုင်ခြင်းမရှိပေ။

“သေဖို့သာ ပြင်ထားပေတော့...”

ဖျတ်ခနဲဆို ဆူဇီမိုက ကြမ်းကြုတ်ခက်ထန်သောအော်ရာနှင့်အတူ အစိမ်းရောင်လူငယ်ထံသို့ ပြေးဝင်သွားလေသည်။

မဟာရှန်ဧကရာဇ်နှင့် အခြားသူများက နောက်သို့ ဆုတ်လိုက်ကြလေသည်။

အစိမ်းရောင်ဝတ်လူငယ်သည် လုံးဝကြောက်လန့်နေခြင်းမရှိပေ။ သူ၏မျက်လုံးများက မကောင်းဆိုးဝါးဆန်ဆန် အစိမ်းရောင်အလင်းများဖြင့် တောက်ပလာပြီး အရိုးဖြူတောင်ဝှေးတစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။

သူ၏ဂူကောင်များ၏ အကူအညီဖြင့် သူ၏ခွန်အားက တစ်ရှိန်ထိုးတက်လာခဲ့လေသည်။

အစိမ်းရောင်ဝတ်လူငယ်သည် အရိုးဖြူတောင်ဝှေးကို ဆန့်ထုတ်ပြီး သူ့ရှေ့တွင် စိမ်းညိုရောင်စက်ဝန်းတစ်ခုကို ရေးဆွဲလိုက်လေသည်။ ရုတ်တရက် ကြမ်းကြုတ်ခက်ထန်သောဦးခေါင်းတစ်လုံးက ပျံသန်းထွက်ပေါ်လာပြီး ဆူဇီမိုကို ကိုက်ချလာလေသည်။

“ဟမ့်...”

ဆူဇီမိုက မျက်ခုံးပင့်လိုက်လေသည်။

ဤဓမ္မပညာရပ်က သူ့ကို မြင်ဖူးသလိုလို ခံစားချက်တစ်ခု ပေးနေလေသည်။

များစွာတွေးတောခြင်းမရှိဘဲ သူသည် သွေးနီရောင်မီးတောက်တစ်ခုကို လက်ပြန်ဆင့်ခေါ်၍ သူ့ရှေ့ရှိဦးခေါင်းကို လွှမ်းခြုံစေလိုက်၏။

အင်မော်တယ်တာအိုမီး...

ဆူဇီမို၏ ကျင့်ကြံမှုအဆင့်အရ သူသည် ဓမ္မစွမ်းအားများကို စုဖွဲ့ပြီး ဓမ္မပညာရပ်များကို လောင်ကျွမ်းပြာကျစေနိုင်သည့် အင်မော်တယ်တာအိုမီးကို ထုတ်ဖော်နိုင်လေသည်။

သို့သော်လည်း သူ့ရှေ့ရှိဦးခေါင်းသည် အင်မော်တယ်တာအိုမီးဖြင့် လောင်ကျွမ်းပြာမကျသွားခဲ့ပေ။ ထိုအစား ၎င်းထံမှ ဒေါသတကြီးဟိန်းဟောက်သံများက ထွက်ပေါ်လာခဲ့လေသည်။

ဦးခေါင်းက အသွေးအသားများနှင့် အသက်ဝင်နေလေသည်။

အင်မော်တယ်တာအိုမီး၏ လွှမ်းခြုံမှုအောက်တွင် သူ၏အသားများက လောင်ကျွမ်းသွားပြီး ညှီစို့စို့အနံ့နှင့်အတူ သွေးများက စီးကျလာခဲ့လေသည်။

တစ်ဖက်မှာတော့ အင်မော်တယ်တာအိုမီး၏ မီးတောက်များကလည်း သိသိသာသာ လျော့ကျလာခဲ့လေသည်။

ထိုသည်ကိုမြင်သောအခါ အစိမ်းရောင်ဝတ်လူငယ်က စိတ်လှုပ်ရှားတက်ကြွလာခဲ့လေသည်။ သူက သူ၏လျှာကို ညင်သာစွာကိုက်ပြီး အဆီအနှစ်သွေးတစ်လုတ်ကို စိမ်းညိုရောင်စက်ဝန်းထဲသို့ ထွေးထုတ်လိုက်လေသည်။

ဝု...ဝူး...ဝူး...

ဦးခေါင်း၏ အော်ရာက ပြန့်ကားလာပြီး ဆိုးယုတ်သွေးများက နေရာတိုင်းမှာ ပျံ့ကျဲသွားလေသည်။

အင်မော်တယ်တာအိုမီးပင်လျှင် ငြိမ်းသေတော့မည့်လက္ခဏာများ ပြလာခဲ့လေသည်။

“မင်းက... ဓမ္မနည်းစနစ်မှာ ငါနဲ့ယှဥ်ချင်သေးတယ်ပေါ့”

ဆူဇီမိုက အေးစက်စွာလှောင်ရယ်၍ လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး သူ၏အသိစိတ်ထဲတွင် ဂါထာမန္တန်ရွတ်ဖတ်သံက ထွက်ပေါ်လာခဲ့လေသည်။

ရွှေရောင်တလက်လက်ဖြင့် နောက်ထပ်မီးတောက်လုံးတစ်ခုက ထွက်ပေါ်လာပြီး အင်မော်တယ်တာအိုမီးနှင့် ချက်ချင်းပေါင်းစည်းသွားလေသည်။

ဗုဒ္ဓတာအိုမီး...

တာအိုမီးနှစ်ခု ပြီးပြည့်စုံစွာပေါင်းစပ်ခြင်းသည် နောက်ထပ်ဓမ္မပညာရပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားလေသည်။ ဒေဝဓိတာအိုမီး၏ စွမ်းအားက ယခင်ကထက် နှစ်ဆဖြစ်လာခဲ့လေသည်။

အစကတော့ အစိမ်းရောင်ဝတ်လူငယ်သည် ဆူဇီမိုကို သူ၏ဓမ္မပညာရပ်ဖြင့် သတ်ဖြတ်နိုင်မည်ဟု တွေးထင်ထားလေသည်။

သို့သော်လည်း အသက်တစ်ရှိုက်စာအတွင်း ဒေဝဓိတာအိုမီးသည် လေထဲရှိ ဦးခေါင်းကို ပြာကျအောင် လောင်ကျွမ်းပစ်လိုက်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ချက်ချင်းပင် ဆူဇီမိုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

“မင်း...”

အစိမ်းရောင်ဝတ်လူငယ်က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး နှစ်ခါမစဥ်းစားပဲ သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်လေသည်။

သူ၏နှာရောင်ထဲတွင် သူ၏စိတ်ဝိညာဥ်အသိစိတ်သည် အသက်ဝင်နေသော ဂူပိုးကောင်တစ်ခုအဖြစ် စုဖွဲ့သွားပြီး ဆူဇီမို၏ နှာရောင်ဆီသို့ တိုးဝင်လာလေသည်။

ထိုဂူပိုးကောင်က တစ်ဖက်လူ၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားနိုင်မည်ဆိုလျှင် အဲ့ဒါက ထိုသူ၏ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုနိုင်လေသည်။

“သေစမ်း....”

​ဆူဇီမိုက အေးစက်စက်အမူအရာနှင့်အတူ ငေါက်ငမ်းလိုက်လေသည်။

သူသည် သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကိုပင် ထုတ်မသုံးဘဲ ရိုးရိုးစိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုကိုသာ စုဖွဲ့လိုက်လေသည်။

သူ၏အမြုတေစိတ်ဝိညာဥ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များဖြင့် မီးဆေးထားပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်က မနှိုင်းယှဥ်သာအောင် သန်မာလေသည်။

သူ၏ အရိုးရှင်းဆုံး စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုကတင် အစိမ်းရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။

ဂူပိုးကောင်က ပေါ်ထွက်လာသည့် ခဏမှာပင် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ကြေမွသွားခဲ့လေသည်။

အစိမ်းရောင်ဝတ်လူငယ်သည် ခပ်သဲ့သဲ့ညည်းညူပြီး သူ၏စိတ်ဝိညာဥ်အမြုတေက လှုပ်ခါသွားခဲ့လေသည်။ သူ၏မျက်နှာက သွေးဆုတ်သွားပြီး သူ၏ခန္ဓာကိုယ်က ယိမ်းထိုး၍ လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။

ဆူဇီမိုသည် သူ့ကိုတိုက်ရိုက်မသတ်ဖြတ်ရသည့် အကြောင်းရင်းမှာ သူသည် ဤဓမ္မပညာရပ်ကို ရင်းနှီးနေသည်ဟု ရုတ်တရက် ပြန်လည်အမှတ်ရလာသောကြောင့် ဖြစ်လေသည်။

အဲ့ဒါကို သွေးကျီးကန်းနန်းတော်သခင်က ထုတ်ဖော်ခဲ့ဖူးလေသည်။

စုန်းမျိုးနွယ်မှ ရှေးဦးဆက်နွယ်တောကောင်သည် အဆူရာယန်ပေးချန်၏ လက်ချက်ဖြင့် သူ၏ခန္ဓာကိုယ်က သတ်ဖြတ်ခံခဲ့ရပြီး သူ၏အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

အစိမ်းရောင်ဝတ်လူငယ်၏ မျက်လုံးထဲရှိ အစိမ်းရောင်အလင်းတောက်တောက်သည် စုန်းမျိုးနွယ်မှ ကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံပြီးနောက် ဖြစ်ပေါ်လာသော အမှတ်အသားတစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် အစိမ်းရောင်ဝတ်လူကို အသက်ရှင်လျက်ထားပြီး သူ၏ဝိညာဥ်ကို ရှာဖွေချင်လေသည်။

ဆူဇီမို၏ စိတ်ထဲတွင် တထင့်ထင့်ဖြစ်နေသော အတွေးများက ပေါ်ထွက်လာခဲ့လေသည်။

ဤအရေးအခင်းသည် မဟာကျိုးကိုသာ ပစ်မှတ်ထားခြင်း မဟုတ်လောက်ပေ။

သူက တစ်စုံတစ်ရာကို အတည်ပြုချင်လေသည်။

အစိမ်းရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဥ်သည် လှုပ်ခါသွားပြီး လောလောဆယ်မှာ သူက လှုပ်ရှားနိုင်ခြင်း မရှိပေ။ ဆူဇီမိုက လျှောက်လှမ်းလာသည်ကို သူက ကူကယ်ရာမဲ့စွာ ကြည့်နေရလေသည်။

ထိုစဥ်မှာပင် အသံတစ်သံက ပေါ်ထွက်လာခဲ့လေသည်။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်... ခင်ဗျားက အရမ်းကာရောသတ်ဖြတ်လို့မရဘူး... ခင်ဗျားက ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာ သိသင့်တယ်...”

တစ်ခေါင်းလုံးဖြူဖွေးနေသော အဖိုးအိုတစ်ယောက်က တိုက်ပွဲနယ်မြေမှာ ပေါ်ထွက်လာပြီး အစိမ်းရောင်ဝတ်လူငယ်၏ ရှေ့ကနေ ပိတ်ကာရပ်လိုက်လေသည်။ သူ့ထံမှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ အော်ရာက ဖြာထွက်နေလေသည်။

အကြီးအကဲစွန်းက ရွေးချယ်စရာမရှိဘဲ ရှေ့သို့ ထွက်လာခဲ့ရလေသည်။

သူသည် ကျားနဂါးဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် သေဆုံးသည့်အချိန်မှာတောင် သည်းခံနိုင်ခဲ့လေသည်။

သို့သော်လည်း ဤအစိမ်းရောင်ဝတ်လူငယ်က သူတို့ထက်ပို၍သန်မာသော အဖွဲ့အစည်းတစ်ခု၏ နောက်ခံရှိပြီး သူ့ကို အသေမခံနိုင်ပေ။

အစိမ်းရောင်ဝတ်လူငယ် တစ်ခုခုဖြစ်သွားခဲ့လျှင် သူသာမက ကျားနဂါးဂိုဏ်းကပါ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။

အကြီးအကဲစွန်းပေါ်ထွက်လာသောအခါ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြလေသည်။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်....

ထိုကျင့်ကြံမှုအဆင့်တွင် သူက အင်ပါယာလေးခုစလုံးမှာ လွှမ်းမိုးခြယ်လှယ်နိုင်လေသည်။

ဒါ့အပြင် မဟာကျိုးမြို့တော်ထဲမှာ နောက်ထပ် ဓမ္မဝိသေသတာအိုအရှင်များ မရှိတော့ပေ။

ဤနေရာမှာ ဓမ္မဝိသေသ တာအိုအရှင်များက ပြိုင်ဘက်ကင်းတည်ရှိမှုများ ဖြစ်ကြလေသည်။

ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။

“ဒီလောက်အကြာကြီးစောင့်ဆိုင်းပြီးတဲ့နောက် ခင်ဗျားက နောက်ဆုံးထွက်လာခဲ့ပြီပေါ့လေ...”

အကြီးအကဲစွန်းက မျက်မှောင်ကြုတ်လိုက်လေသည်။

အခြားသောကျင့်ကြံသူများထံမှ တုံ့ပြန်မှုများသည် တုံ့လှုပ်မှု ၊ ကြောက်ရွံ့မှု ၊ လေးစားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။ သူက အရမ်းကိုကျေနပ်ရလေသည်။

သို့သော်လည်း ဆူဇီမို၏ အမူအရာက သာမန်သာဖြစ်ပြီး အဲ့ဒါက သူ့ကို မသက်မသာခံစားရစေလေသည်။

အကြီးအကဲစွန်းသည် အသက်ပြင်းပြင်းရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်... ကျုပ်က ကျန်တဲ့ကိစ္စတွေကို ခင်ဗျားသဘောအတိုင်း ထားခဲ့ပေးလို့ရတယ်... ဒါပေမယ့်လို့ သူ့ကိုတော့ ကျုပ်က ခေါ်သွားရလိမ့်မယ်”

“အို...”

ဆူဇီမိုက ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။

“စိတ်မကောင်းစရာပဲ... သူကလွဲပြီး ကျန်တဲ့သူတွေက ထွက်ခွာချင်ထွက်ခွာလို့ ရနိုင်သေးတယ်..”

အကြီးအကဲစွန်းက သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စနှင့်အတူ သူ၏မျက်လုံးကို မှေးကျဥ်းလိုက်လေသည်။

သူသည် ဤလေသံနှင့် ဤစိတ်နေသဘောထားတို့ကိုသုံးပြီး ဆူဇီမိုကို လုံလောက်အောင် မျက်နှာသာပေးထားခဲ့ပြီးသား ဖြစ်လေသညိ။

မမျှော်လင့်ထားစွာပင် ​ဆူဇီမိုက သူ၏ကြင်နာမှုကို အသိအမှတ်မပြုဘဲ ပို၍ အတင့်ရဲလာခဲ့လေသည်။

“အထီးကျန်သိုင်းသခင်... တချို့ကိစ္စတွေကို သေသေချာချာ စဥ်းစားဆုံးဖြတ်တာ ကောင်းလိမ့်မယ်..”

အကြီးအကဲစွန်း၏ လေသံက အေးစက်လာခဲ့လေသည်။

“ငါမင်းကို မတိုက်ခိုက်သေးဘူးဆိုတာ... နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေက အဲ့ဒီစီနီယာကို လေးစားမှုရှိလို့ပဲ... အခုငါက ဒီလူကို ခေါ်သွားမယ် မင်းက ငါ့ကိုတားဆီးရဲမယ်ဆိုရင် မညှာတာဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့..”

အကြီးအကဲစွန်း၏ သဘောထားက ရှင်းလေသည်။ သူက ဆူဇီမိုကို စတင်၍ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူက ထွက်ခွာသွားပြီး ဆူဇီမိုက သူ့ကိုတားဆီး၍ တိုက်ခိုက်လာမည်ဆိုလျှင် သူက ထိုသူကို ပြန်လည်သတ်ဖြတ်ခြင်းအတွက် သူ့ကိုအပြစ်တင်လို့ မရတော့ပေ။

“မင်းက ငါပြောတဲ့စကားကို နားမလည်သေးဘူးလို့ထင်တယ်...”

ဆူဇီမိုက ပုခုံးတွန့်ပြီး တည်တံ့စွာဖြင့်ပြောလိုက်လေသည်။

“သူ့အကြောင်းကို ခဏထားလိုက်ဦး... မင်းတောင်မှ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားချင်တယ်ဆိုရင် ငါ့ခွင့်ပြုချက်ကို တောင်းရလိမ့်မယ်”

All Chapters