← Chapters

ပြန်လည်ရောက်ရှိလာခြင်း

Vol. 74 Ch. 1106

ပြန်လည်ရောက်ရှိလာခြင်း

Vol. 74 Ch. 1106

ရာသီဥတုကို ထ်န်းချုပ်ကိုင်တွယ်ခြင်း....

မော်တယ်များ၏ မျက်လုံးထဲတွင် အဲ့ဒါက အင်မော်တယ်နည်းစနစ်တစ်ခု ဖြစ်လေသည်။

ဒါ့အပြင် မိုးရေများက သေမည့်သူများကိုပင် ပြန်လည်ရှင်သန်စေနိုင်လေသည်။

မော်တယ်များ၏ စိတ်နှလုံးထဲတွင် အဲ့ဒါက တကယ့်ကို အံ့မခန်းဖြစ်ရပ်တစ်ခုဖြစ်လေသည်။

မော်တယ်များသည် သူ၏အောက်မှာ ရိုသေကိုင်းရှိုင်းသော အမူအရာဖြင့် ဒူးထောက်နေကြသည်ကိုကြည့်ပြီး ဆူဇီမိုက စိတ်ခံစားချက် မြင့်တက်လာခဲ့လေသည်။

မသိလိုက်မသိဘာသာနှင့်ပင် နှစ်တစ်ရာကျော်က ကုန်ဆုံးခဲ့ပြီး ပင်ယန်းမြို့မှ မော်တယ်များနှင့် ခြားနားခြင်းမရှိသော လူငယ်လေးသည် ဤအဆင့်ထိ ရောက်ရှိလာခဲ့လေပြီ။

တကယ်တော့ ဆူဇီမို၏ ကျင့်ကြံမှုအဆင့်အရ သူသည် မဟာကျိုးမြို့တော်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် မိုးရေများကို ဆင့်ခေါ်ခြင်းမှာ သူ၏အကန့်အသတ်ဖြစ်လေသည်။

သည်းသန်သောမိုးများက ၁၅ မိနစ်ကြာ ရွာသွန်းပြီးနောက် ရပ်တန့်သွားခဲ့လေသည်။

သူသည် ရှောင်းနင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“ငါက အခုချိန်မှာ ဆန်းကြယ်တောင်ထွတ်ကို သွားရမယ်... မြောက်ပိုင်းဒေသရဲ့ တခြားဒေသက ဂူကောင်တွေကို ကိုင်တွယ်ဖို့အတွက်တော့ မင်းတို့ကိုပဲ တာဝန်ပေးခဲ့ရမှာပဲ...”

“အင်း...”

ရှောင်းနင်က အလေးအနက် ခေါင်းညိတ်ပြလိုက်လေသည်။

“အစ်ကို.... ဘာမှမပူနဲ့...ကျွန်မက အခု မြို့ထဲမှာရှိနေပြီပဲ.. ကျွန်မက မအိပ်စက်ရဘူး မနားရဘူးဆိုရင်တောင်မှ လုံလောက်တဲ့ ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံးကို ရရှိဖို့အတွက် ဖော်စပ်ပေးမယ်”

ရတနာ ၇ ပါးသွေးအသွင်ပြောင်းဆေးလုံးက အဆင့် ၅ ဆေးလုံးဖြစ်လေသည်။

အင်ပါယာလေးခုတွင် နတ်ဆေးဆရာများစွာရှိသော်လည်း မည်သူကမှ အဆင့် ၅ ဆေးလုံးကို မဖော်စပ်နိုင်ကြပေ။

ရတနာ ၇ ပါးသွေးအသွင်ပြောင်းဆေးလုံးကို ရှောင်းနင်ကသာ ဖော်စပ်နိုင်ပြီး မည်သူကမှ သူမကို မကူညီပေးနိုင်ပေ။

အဲ့ဒါက ခက်ခဲ၍ ကြီးမားသော စီမံကိန်းတစ်ခုဖြစ်လေသည်။

ကျိယောင်ရွှယ်သည် လျင်မြန်စွာ အစီအစဥ်ချ၍ လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ရှောင်းနင်က ဆေးလုံးတွေကို ဖော်စပ်ပြီးတာနဲ့ ကျွန်မလက်အောက်က ကျင့်ကြံသူတွေကို မိုးတစ်ပြိုက် နှစ်ပြိုက် ရွာသွန်းစေဖို့အတွက် နေရာဒေသအသီးသီးကို စေလွှတ်လိုက်မယ်... တတ်နိုင်သလောက် လူများများကယ်နိုင်ဖို့အတွက် ကျွန်မအကောင်းဆုံး လုပ်ပေးပါမယ်...”

“ကောင်းပြီလေ... အဲ့ဒါဆိုရင်တော့ ဒီကိစ္စကို မင်းတို့နဲ့ပဲ လွှဲထားခဲ့ရမှာပဲ...”

ဆူဇီမိုက ဆက်လက်၍ ကြန့်ကြာမနေတော့ဘဲ လှည့်ထွက်လိုက်လေသည်။

ဆန်းကြယ်တောင်ထွတ်မှာ အ​ခြေအနေကောင်းလှသည့်ပုံမပေါ်ဘဲ သူက အလောတကြီးသွားရောက်ဖို့အတွက် လိုအပ်နေလေသည်။

“အစ်ကိုကြီး... ကျုပ်ခင်ဗျားနဲ့ လိုက်ခဲ့မယ်...”

ညဝိညာဥ်က သူ့နောက်ကနေ လိုက်ပါလာခဲ့လေသည်။ ထိုသူက စကားများစွာမပြောသော်လည်း ဆူဇီမိုက မာန်မာနတစ်ခုကို ခံစားမိလေသည်။

အဲ့ဒါက ကျားနဂါးဂိုဏ်းမျှသာဆိုလျှင် သူက ကြောက်ရွံ့နေစရာမလိုပေ။

သို့သော်လည်း ဒီတစ်ခေါက် ဂူပိုးကောင်ကပ်ဘေး၏ နောင်ကွယ်မှာ ကမ္ဘာဦးမျိုးနွယ်ကိုးစုမှ စုန်းမျိုးနွယ် ပါဝင်ပတ်သက်နေလေသည်။ ဆူဇီမိုက ဆန်းကြယ်တောင်ထွတ်ကို ကယ်တင်ပေးနိုင်ပါ့မလား လုံးလုံးလျားလျား မသေချာပေ။

သို့သော်လည်း ညဝိညာဥ်က အကူအညီပေးလာမည်ဆိုပါက စုန်းမျိုးနွယ်ကိုမပြောနှင့် ကမ္ဘာဦးမျိုးနွယ်ကိုးစုစလုံး ရောက်လာခဲ့မယ်ဆိုရင်တောင် သူက ကြောက်ရွံ့နေမှာ မဟုတ်ပေ။

“အစ်ကိုကြီး... ကျုပ်တို့မတွေ့ခဲ့ကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ...ခင်ဗျားရဲ့အမြန်နှုန်းက အခုဘယ်လောက်ထိရှိနေပြီလဲ...”

ညဝိညာဥ်က ရှားရှားပါးပါးပြုံး၍ စမ်းသပ်ကြည့်ဖို့အတွက် စိတ်အားထက်သန်နေလေသည်။

ဆူဇီမိုက ဆန်းကြယ်တောင်ထွတ်သို့ အလောတကြီးပြန်ချင်နေသည်ကို သူသိသည့်အတွက် အကြောင်းပြချက်တစ်ခုကို ထုတ်ဖော်လိုက်ခြင်းဖြစ်လေသည်။

“မင်းက ပြိုင်ချင်လို့လား...”

ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ရင်က နွေးထွေးသွားခဲ့လေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလျှပ်ပန်းများက တဖျပ်ဖျပ်လက်လာပြီး သူ၏နောက်ကျောတွင် ဧရာမတောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့လေသည်။

“အဲ့ဒါဆိုလည်း လာလိုက်လေ...”

ထိုသို့သူပြောပြီးသည်နှင့် ပုံရိပ်နှစ်ခုသည် ဝုန်းခနဲမြည်သံနှင့်အတူ နေရာကနေ ပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ယောက်က အလင်းတန်းနှစ်ခုအသွင်ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြလေသည်။

အဲ့ဒါက အရမ်းကို မြန်ဆန်လေသည်။

လူအုပ်ကြီးက ပြောစရာစကားမဲ့သွားရလေသည်။

သူတို့၏ လှုပ်ရှားမှုနည်းစနစ်သည် ဓမ္မဝိသေသ တာအိုအရှင်များထက်ပင် ပို၍မြန်ဆန်နေနိုင်လေသည်။

. . . . .

ဆန်းကြယ်တောင်ထွတ်တွင်...

မူလက စိန်းစိုလန်းဆန်းသောတောအုပ်သည် ယခုအခါ သွေးများဖြင့် နီစွေးနေခဲ့လေသည်။

အလောင်းများက နေရာတိုင်းမှာ ပျံ့ကျဲနေလေသည်။

ယခုအချိန်မှာတော့ ဆန်းကြယ်တောင်ထွတ်သည် ဤတိုက်ပွဲအတွက် သူတို့၏ ရှိသမျှခွန်အားအားလုံးကို ထုတ်သုံးလာရလေသည်။

ဆန်းကြယ်တောင်ထွတ်မှ ကျန်ရှိနေသော ကျင့်ကြံသူများသည် ပင်မတောင်ထွတ်ဆီသို့ နောက်ဆုတ်လာခဲ့ကြရပြီး ဂိုဏ်း၏ နောင်ဆုံးခုခံရေး ဝင်္ကပါကို ထုတ်သုံးလာရ​လေသည်။

ခုခံရေးဝင်္ကပါကို ဂိုဏ်းချုပ်လင်းယွမ်နှင့် တခြားသူများက ဦးဆောင်ထားကြပြီး တောင်ထွတ်၏ ဘေးပတ်လည်ကို တဖျပ်ဖျပ်တလက်လက် အကာအရံအလင်းလွှာဖြင့် လွှမ်းခြုံထားလေသည်။

ထိုအခိုက်အတန့်တွင် အကာအရံအလွှာပေါ်ရှိ အလင်းက သိသိသာသာ မှိန်ကျလာခဲ့လေသည်။

သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် အကာအရံအလွှာပေါ်မှာ ခပ်စိပ်စိပ်အက်ကွဲကြောင်းများကို တွေ့မြင်လာရပေမည်။

အကာအရံအလင်းလွှာပတ်လည်တွင် ကျားနဂါးဂိုဏ်းမှ မူလနတ္ထိတစ်ရာကျော်က တိုက်ခိုက်မှုများကို တရစပ်ထုတ်ဖော်နေကြလေသည်။

ဘန်း.. ဘန်း....ဘန်း...

များစွာသော ဓမ္မပညာရပ်များနှင့် စိတ်ဝိညာဥ်လက်နက်များသည် အကာအရံအလင်းလွှာကို ထိခတ်ပြီး ဝဲဂယက်များကို ဖြာထွက်လာစေလေသည်။ ချီလှိုင်းများက တလိပ်လိပ်ထွက်လာပြီး ဓမ္မစွမ်းအားများက.အဘက်ဘက်သို့ ပျံ့ကျဲသွားလေသည်။ အော်ဟစ်သံများနှင့် ကျိန်ဆဲသံများကို နေရာတိုင်းမှာ ကြားနေရလေသည်။

တောင်ထွတ်တွင် များစွာသော ချီစုဖွဲ့စစ်သည်တော်များ ၊ အခြေတည်အဆင့်ကျင့်ကြံသူများ ၊ ရွှေအမြုတေများနှင့် နိုးထဝိညာဥ်များသည် တိုက်ပွဲကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရလေသည်။

သူတို့က စိုးရိမ်ပူပန်ခြင်း ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေကြလေသည်။

ကျင့်ကြံမှုအဆင့်နိမ့်သော အချို့ကျင့်ကြံသူများဆိုလျှင် ထိုဖိအားဒဏ်ကို မခံနိုင်ကြတော့ဘဲ တိတ်တဆိတ်ငိုကြွေးလာကြလေသည်။

တစ်ချက်ထိတွေ့ရိုက်ခတ်လိုက်တိုင်း သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်သွားကြလေသည်။

ချီစုဖွဲ့စစ်သည်တော်များနှင့် အခြေတည်အဆင့် ကျင့်ကြံသူများကို မဆိုထားနှင့် ရွှေအမြုတေနှင့် နိုးထဝိညာဥ်အများစုပင်လျှင် ဤကဲ့သို့သော မဟာဝင်္ကပါတစ်ခုကို သူတို့၏ဘဝမှာ တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

ထိုဝင်္ကပါက ဖျက်ဆီးခံရသည်နှင့်အမျှ သူတို့အားလုံးသည် စင်းတီတုံးပေါ်ရောက်ရှိလာသော အသားတုံးများကဲ့သို့ နုတ်နုတ်စင်းခံရမည်ဖြစ်ကြောင်း လူတိုင်းက သိထားကြလေသည်။

ဝင်္ကပါကို ထိန်းချုပ်နေသော ဂိုဏ်းချုပ်လင်းယွမ်နှင့် အခြားသောမူလနတ္ထိများသည် အမူအရာများ ပျက်ယွင်းလာကြလေသည်။

ဂိုဏ်းချုပ်လင်းယွမ်၏ နှုတ်ခမ်းထောင့်မှာ သွေးစအချို့က ပေါ်ထွက်လာခဲ့လေသည်။

သူတို့က သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေကြလေပြီ။

သူ၏ အကြည့်သည် ဝင်္ကပါ၏အပြင်ဘက်ရှိ တိုက်ပွဲနယ်မြေသို့ ရောက်ရှိသွားလေသည်။

တိုက်ပွဲနယ်မြေ၏ တစ်ဘက်တွင် ကျားနဂါးဂိုဏ်းမှ ဓမ္မဝိ​သေသ တာအိုအရှင် ငါးယောက်သည် ကြိုးကြာတစ်ကောင်နှင့် ရွှေရောင်ဆံပင်ရှိသည့် မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်နေကြလေသည်။

ဓမ္မဝိသေသ တာအိုအရှင်ငါးယောက်သည် နောက်ပိုင်းအဆင့်နှင့် ပကတိအဆင့်များမှာ ရှိကြလေသည်။

သို့သော်လည်း ကြိုးကြာက အစောပိုင်းဓမ္မဝိသေသအဆင့်မှာသာ ရှိသေးလေသည်။

သူမဘေးရှိရွှေရောင်ဆံပင်နှင့် မိန်းကလေးက ကျင့်ကြံမှုအဆင့် ပို၍ပင် နိမ့်ကျလေသည်။

သူမက အစောပိုင်းမူလနတ္ထိအဆင့်မှာသာ ရှိသေးလေသည်။

ဒါအပြင် ထိုမိန်းကလေးသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာခါစဖြစ်ပြီး သူမ၏အော်ရာက တည်ငြိမ်မှုမရှိသေးပေ။

ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင် ငါးယောက်၏ ပူးပေါင်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကြိုးကြာနှင့် ရွှေရောင်ဆံပင်မိန်းကလေးသည် အသည်းအသန်ခုခံနေရပြီး မျှခြေတစ်ခုဖြင့် လွန်ဆွဲနေရလေသည်။

ကြိုးကြာသည် ကြီးမားသောခန္ဓာကိုယ်ရှိပြီး သားရဲမျိုးနွယ်မှ ပင်ကိုနတ်ဘုရားစွမ်းအားများကို မှီခိုကာ ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသတာအိုအရှင်နှစ်ယောက်နှင့် ရင်ဆိုင်နေလေသည်။

ရွှေရောင်ဆံပင်မိန်းကလေးက ပို၍ပင် စွမ်းအားကြီးမားလေသည်။

သူမသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော်လည်း သူမ၏သွေးချီက တလိပ်လိပ်တက်လာပြီး လေထဲမှာ ရွှေရောင်အလင်းများဖြင့် ပြည့်နှက်လာကာ သူမသည် ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်နှင့် ရင်ဆိုင်နေလေသည်။

မိန်းကလေးက အလွန်တရာချောမောလှပပြီး ကြော့ရှင်းပြေပြစ်သော အသွင်အပြင်ရှိလေသည်။ သူမသည် ချောမောလှပ၍ အားနည်းသည့်ပုံပေါ်သော်လည်း သူမ၏လှုပ်ရှားမှုတစ်ခုချင်းစီက သိပ်သည်းပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။

ကြိုးကြာနှင့် ရွှေရောင်ဆံပင်မိန်းကလေးက ဓမ္မဝိသေသ တာအိုအရှင်ငါးယောက်ကို ခုခံတိုက်ခိုက်ပေးနေခြင်းကြောင့်သာ မဟုတ်လျှင် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဝင်ရောက်တိုက်ခိုက်လိုက်သည်နှင့် ဆန်းကြယ်တောင်ထွတ်၏ ခုခံရေးဝင်္ကပါက ပျက်စီးကြေမွသွားပေလိမ့်မည်။

ဧရာမကြိုးကြာသည် ဆန်းကြယ်တောင်ထွတ်၏ ကာကွယ်စောင့်ရှောက်သူတောကောင် ဖြစ်လေသည်။

ရွှေရောင်ဆံပင်မိန်းကလေးကတော့ တစ်ခါတုန်းက ဆူဇီမို၏ အိမ်ဖော်မလေးဖြစ်သည့် နန်းကြည်ပင်ဖြစ်လေသည်။

တိုက်ပွဲနယ်မြေတွင် မည်သည့်ဘက်က ပိုမိုသန်မာသည်ကို ပြောဆိုရန် ခက်ခဲနေသေးလျှင်တောင် လင်းယွမ်၏မျက်လုံးများက အကန့်အသတ်မဲ့သော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

သူသည် တိုက်ပွဲနယ်မြေ၏ အပြင်ဘက်ရှိ စိမ်းညိုရောင် တိမ်စိုင်တစ်ခုပေါ်သို့ အလိုလိုကြည့်လိုက်မိလေသည်။

ထိုတိမ်စိုင်ပေါ်တွင် လူသုံးယောက်က မတ်တတ်ရပ်နေကြလေသည်။

သူတို့ထဲမှတစ်ယောက်သည် ယခင်သွေးကျီးကန်းနန်းတော်သခင်ဖြစ်ပြီး ယခု ဂူသခင်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားပေါ်ထွက်လာသော တာအိုသက်ရှိတစ်ကိုယ်တော်ဝိညာဥ် ဖြစ်လေသည်။

သူ၏ ပြန်လည်ရောက်ရှိလာမှုကြောင့်ပင် ဆန်းကြယ်တောင်ထွတ်က ဒီတစ်ခေါက်ကပ်ဘေးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်တစ်ယောက်တည်းသာဆိုလျှင် သူတို့က အဲ့လောက်ထိ ကြောက်လန့်နေစရာမလိုပေ။

လင်းယွမ်ကို တကယ်တမ်းရင်ထိတ်စေသည်မှာ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်ဘေးရှိ တခြားလူနှစ်ယောက်ဖြစ်လေသည်။ သူတို့က လူငယ်တစ်ယောက်နှင့် အဖိုးအိုတစ်ယောက်ဖြစ်လေသည်။

လူငယ်သည် စိမ်းညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်များကို သူ၏ ပုခုံးပေါ်မှာ ဖြန့်ချထားလေသည်။ သူ၏မျက်လုံးများက စိမ်းညိုရောင်ဖြစ်ပြီး အဲ့ဒါက တာအိုသက်ရှိ အထီးကျန်းဝိညာဥ်၏ မျက်လုံးများထက် အရောင်အဝါပိုမိုတောက်ပလေသည်။

လူငယ်သည် မူလနတ္ထိအဆင့်မှာသာ ရှိလေသည်။

သို့သော်လည်း တာအိုသက်ရှိအထီးကျန်ဝိညာဥ်က ထိုလူငယ်ပေါ် ရိုသေလေးစားမှုရှိလေသည်။

သူသည် လူငယ်၏ဘေးမှာ မတ်တတ်ရပ်ပြီး ရိုသေနှိမ့်ချသော အမူအရာဖြင့် ဆန်းကြယ်တောင်ထွတ်ဘက်သို့ ရံဖန်ရံခါ လက်ညိုးထိုးကာ တစ်စုံတစ်ရာကို ပြောဆိုနေလေသည်။

လူငယ်က ပြပွဲကိုစောင့်ကြည့်နေသည့်အလား စိတ်လှုပ်ရှားနေသည့်ပုံပေါ်လေသည်။

အဘိုးအိုတစ်ယောက်က လူငယ်၏နောက်တွင် မတ်တတ်ရပ်နေလေသည်။ သူ၏မျက်နှာက ပါးရည်နားရည်တွန့်နေပြီး သူ၏မျက်စိနှစ်ဖက်က ကန်းနေလေသည်။

သူ၏ ကျင့်ကြံမှုအဆင့်ကို မည်သူကမှ မပြောနိုင်ကြပေ။

ထိုလူနှစ်ယောက်က တကယ်တမ်းဒုက္ခပေး ဂြိုလ်မွှေမည့်သူများဖြစ်ကြောင်း လင်းယွမ်က ခံစားမိနေလေသည်။

All Chapters