← Chapters

စိတ်ဝိညာဥ် နှိမ်နင်းကြာပွတ်

Vol. 74 Ch. 1108

စိတ်ဝိညာဥ် နှိမ်နင်းကြာပွတ်

Vol. 74 Ch. 1108

“သွားစမ်း....”

သူမသည် ဝင်ရောက်လာသော စုန်းမျိုးနွယ်သခင်လေးကို မြင်သောအခါ နန်းကြည်၏ အမူအရာက အေးစက်လာပြီး သူမ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ တွန်းတင်လိုက်လေသည်။

ဘုန်း....

ကျယ်လောင်သောမြည်သံနှင့်အတူ နန်းကြည်၏ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

မူလ နန်းကြည်ရှိခဲ့သောနေရာတွင် မြင့်မား၍ ခံ့ညားထည်ဝါသော ပိရမစ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ အဲ့ဒါက ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်ပြီး ထိန်းမနိုင်သိမ်းမရသောစွမ်းအားတစ်ခုနှင့်အတူ ရွှေရောင်အလင်းရောင်ခြည်များကို ထုတ်ပေးလာလေသည်။

ပိရမစ်၏ အောက်ခြေတွင် မရေမတွက်နိုင်သော သက်ရှိများက ဝတ်ပြုနေကြလေသည်။ အဲ့ဒီမှာ သက်ရှိပေါင်းသန်းနှင့်ချီရှိပြီး တွေ့မြင်ရသည်မှာ အဆုံးမရှိပေ။ သက်ရှိတိုင်းသည် သူတို့၏လက်ဝါးနှစ်ဖက်ကို ပူးကပ်၍ မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး သူတို့၏ ဦးခေါင်းပေါ်ရှိ ပိရမစ်ကို မော့ကြည့်နေကြလေသည်။

ရိုသေကိုင်းရှိုင်းသော အမူအရာများဖြင့် ဆုတောင်းစာများကို ရွတ်ဆိုနေကြလေသည်။

သူတို့၏ ဦးခေါင်းထက်တွင် ရွှေရောင်ချည်မျှင်များက အကန့်အသတ်မဲ့စွာစုဖွဲ့နေပြီး ပိရမစ်၏ ထိပ်ဖျားဆီသို့ စုဆုံသွားလေသည်။

အဲ့ဒီပေါ်မှရပ်နေရင်း နန်းကြည်၏ ရွှေရောင်ဆံပင်များက ကခုန်ကာ သူမ၏ မျက်လုံးများက နက်ရှိုင်း၍ သူမ၏အော်ရာက အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။

စိမ်းညိုရောင်အလင်းလုံးတစ်လုံးသည် ဝူလီ၏လက်ဖဝါးပတ်လည်မှာ လှည့်ပတ်လာပြီး သူက ပိရမစ်ကို ထိတွေ့လိုက်သည့်ခဏမှာပင် သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ဝူး....

ဝူလီသည် နာကျင်စွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏လက်ကို လွှဲခါလိုက်လေသည်။

နတ်ဘုရားတရားစီရင်ခြင်း....

စုန်းမျိုးနွယ်မှ သခင်လေးတစ်ယောက်အနေဖြင့် သူသည် အဲ့ဒါက နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေတစ်ခုဖြစ်သည်ဆိုတာကို သိထားလေသည်။ နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးသည် အရမ်းကိုကြောက်စရာကောင်းပြီး နတ်ဘုရားမျိုးနွယ် သက်ရှိတိုင်းနီးပါးသည် အသက်အရွယ်တစ်ခုအရောက်၌ မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံနိုင်ကြလေသည်။

သို့သော်လည်း သူရှေ့ရှိ မိန်းကလေးသည် မသန့်စင်သောမျိုးဆက်သွေးနှင့် နတ်ဘုရားမျိုးနွယ် ကပြားတစ်ယောက်မျှသာ ဖြစ်လေသည်။ သူမက နတ်ဘုရားတစ်ရားစီရင်ခြင်းကို ဘယ်လိုလုပ် ​ကျင့်ကြံထားနိုင်တာလဲ... ။ ဒါ့အပြင် ဤနတ်ဘုရားတစ်ရားစီရင်ခြင်း၏ အော်ရာက အစစ်အမှန်နတ်ဘုရားသက်ရှိထက် မနိမ့်ကျပေ။

စုန်းမျိုးသည် ကမ္ဘာဦးမျိုးနွယ်ကိုးစုမှ ဖြစ်သော်လည်း သူတို့၏ မျိုးဆက်သွေးသည် နတ်ဘုရားမျိုးနွယ်ထက် များစွာနိမ့်ကျလေသည်။

စုန်းမျိုးနွယ်သည် အနီးကပ်တိုက်ခိုက်ရည်မှာ မထက်မြက်ကြပေ။ ဝူလီက လှောင်ရယ်၍ နောက်ဆုတ်လိုက်လေသည်။

စုန်းမျိုးနွယ်၏ များစွာသော စုန်းအတတ်များနှင့် ​ကျိန်စာနည်းစနစ်များသည် သာလွန်ကောင်းမွန်ပြီး လှည့်ဖျားတတ်ကာ ခုခံဖို့အတွက် မဖြစ်နိုင်ပေ။

“မင်းက... အချိန်ကုန်တော့မယ့် မြားတစ်စင်းပါပဲ... မင်းဘယ်လာက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့..”

ဝူလီသည် သူ၏လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ထူးဆန်းသော စကားလုံးများကို တတွတ်တွတ်ရွတ်ကာ အော်ဟစ်လိုက်လေသည်။

“အရိုးစုမန္တန်...”

ဟူး....ဟူး.. ဟူး.....

ကျိန်စာက ဆင်းသက်သာသည့်ခဏမှာပင် နန်းကြည်၏ဘေးပတ်လည်မှာ စိမ်းညိုရောင် ဦးခေါင်းခွံရှစ်ခုက ပေါ်ထွက်လာခဲ့လေသည်။ သူတို့က နတ်ဘုရားတရားစီရင်ခြင်းဆီသို့ ပြေးဝင်သွားကြလေသည်။

အရင်တုန်းက ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရသော အစိမ်းရောင်လူငယ်သည် ဦးခေါင်းခွံတစ်ခုကိုသာလျှင် ဖွဲ့တည်နိုင်ခဲ့လေသည်။

သခင်လေးဝူလီကတော့ ဦးခေါင်းခွံရှစ်ခုကို ချက်ချင်းထုတ်ဖော်နိုင်လေသည်။

အဲ့ဒါက သူတို့နှစ်ယောက်ကြား ကွာဟချက်ဖြစ်လေသည်။

၎င်း၏ အကန့်အသတ်သိ ကျင့်ကြံပြီးသည့်အခါ ဤကျိန်စာနည်းစနစ်က ဦးခေါင်းခွံရှစ်ခုကို ထုတ်ဖော်နိုင်လေသည်။

နတ်ဘုရားတရားစီရင်ခြင်း၏ ကာကွယ်မှုကြောင့်သာမဟုတ်လျှင် ထိုဦးခေါင်းခွံရှစ်ခုသည် ကျင့်ကြံသူတစ်ယောက်၏ အသွေးအသားများကို အသက်ရှုချိန်အနည်းငယ်အတွင်း ဝါမျိုနိုင်လေသည်။

နတ်ဘုရားတရားစီရင်ခြင်းက အဆက်မပြတ် လှုပ်ခါလာခဲ့လေသည်။

ဦးခေါင်းခွံများ၏ ကိုက်ခဲမှုအောက်တွင် ပိရမစ်ပေါ်မှာ အက်ကွဲကြောင်းများက ဖြစ်ပေါ်လာပြီး အဲ့ဒါက ပြိုလဲကျတော့မည်ဖြစ်လေသည်။

နန်းကြည်၏မျက်နှာကလည်း ပို၍ ဖြူလျော့လာခဲ့လေသည်။

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ အမူအရာက သုန်မှုန်လာကြလေသည်။

တောင်ထွတ်၏ ခုခံရေးအစီအရင်ပျက်စီးသွားခြင်းသည် မီးထဲသို့ လောင်စာထပ်ထည့်လိုက်ခြင်းနှင့် တူလေသည်။ ဆန်းကြယ်တောင်ထွတ်မှ လူအားလုံးသည် ကျားနဂါးဂိုဏ်းမှ မူလနတ္ထိတစ်ရာကျော်၏ သတ်ဖြတ်ခြင်းစွမ်းအားကို ရင်ဆိုင်ရပေတော့မည်။

ထိုစဥ်မှာပင် ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံက အလွန်တရာကျယ်လောင်ပြီး အကန့်အသတ်မဲ့သော စွမ်းပကားတစ်ခုပါဝင်ကာ မိုးချုန်းသံကဲ့သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့လေသည်။

အင်မော်တယ်ကြိုးကြာအိုကြီးက ဆတ်ခနဲ တုန်ယင်သွားလေသည်။

ထိုဟိန်းဟောက်သံက ရင်းနှီးနေပုံရလေသည်။

နန်းကြည်၏ မျက်လုံးနှစ်ဖက်ကလည်း ဝင်းလက်တောက်ပလာခဲ့လေသည်။

ဟိန်းဟောက်သံမဆုံးသေးခင်မှာပင် နောက်ထပ် ဟိန်းဟောက်သံက လိုက်ပါထွက်ပေါ်လာခဲ့လေသည်။ အဲ့ဒါက သတ္တုချင်းထိခတ်သံကဲ့သို့ အလွန်တရာစူးရှနေလေသည်။

ထိုဟိန်းဟောက်သံထွက်ပေါ်လာသောအခါ အဲ့ဒါက အတော်ဝေးဝေးမှာ ရှိနေသေးလေသည်။

ကျင့်ကြံသူများသည် အလိုလိုလှမ်းကြည့်လိုက်သောအခါ သူတို့သည် ပြေးလာနေသော လူနှစ်ယောက်ကို မြင်လိုက်ရပြီဖြစ်လေသည်။ သူတို့က လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး ဘေးချင်းယှဥ်၍ ပြေးလာကြလေသည်။ ဘယ်ဘက်မှလူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်က လေထဲမှာကခုန်နေလေသည်။ သူက အေးစက်စက် အမူအရာရှိပြီး သူ၏မျက်လုံးများက မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ထင်ရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပနေလေသည်။

“ဇီမို...”

အင်မော်တယ်ကြိုး​ကြာအိုကြီးက ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏မျက်လုံးက ဝမ်းသာပျော်ရွှင်မှုဖြင့် တောက်ပလာကာ တီးတိုးရေရွတ်လိုက်လေသည်။

“ဇီမိုက ပြန်လာပြီ...”

“ဇီမိုက ဘယ်သူလဲ...”

ဆန်းကြယ်တောင်ထွတ်မှ အကြီးအကဲအချို့မှလွဲလျှင် ကျင့်ကြံသူအများစုသည် ဆူဇီမိုကို အရင်က မတွေ့မြင်ဖူးကြပေ။

ဂိုဏ်းချုပ်လင်းယွမ်ကလည်း ကျေနပ်နှစ်ခြိုက်သွားလေသည်။

“ဇီမိုက... အခုချိန်မှာ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်လို့ ကျော်ကြားနေတဲ့.. ဆူဇီမိုပဲ...”

“အား.... အထီးကျန်သိုင်းသခင်က သူ့ရဲ့တာအိုကို တည်ဆောက်ခဲ့တယ်... အဲ့ဒါက သူလား...”

လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာခဲ့လေသည်။

ကျင့်ကြံသူအုပ်စုအတွက်တော့ သူတို့သည် အထီးကျန်သိုင်းသခင် ဆိုသော တာအိုဘွဲ့နှင့် ပို၍ရင်းနှီးမှုရှိကြလေသည်။

“သူ့ဘေးက အနက်ရောင်ဝတ်လူကရော ဘယ်သူလဲ...”

ကျင့်ကြံသူတစ်ယောက်က မေးလိုက်လေသည်။

ဆူဇီမို၏ ဘေးတွင် သူနှင့်အတူ ပုခုံးချင်းယှဥ်၍ပြေးလာသော အနက်ရောင်ဝတ်လူတစ်ယောက် ရှိလေသည်။ သူတို့၏အမြန်နှုန်းက မတိမ်းမယိမ်းမှာ ရှိကြလေသည်။

ပထမဟိန်းဟောက်သံသည် ဆူဇီမိုထံမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။

ဒုတိယဟိန်းဟောက်သံက အနက်ရောင်ဝတ်လူထံမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။

အနက်ရောင်ဝတ်လူသည် ထက်ရှသော မျက်နှာပေါက်နှင့် အေးစက်စက်အမူအရာတစ်ခုရှိလေသည်။ သူ၏မျက်လုံးနှစ်ဖက်က ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် ထူးခြားတာ ဘာကိုမှ မြင်ရလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း မျက်စိစူးသော ဘယ်သူမဆို အနက်ရောင်ဝတ်လူ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းသည် အလွန်တရာ တိကျမှုရှိနေ​ကြောင်းကို တွေ့မြင်ရပေလိမ့်မည်။

“သူက....”

အင်မော်တယ်ကြိုးကြာအိုကြီးကလည်း အနည်းငယ်ငိုင်ကျသွားလေသည်။

ဘာ့ကြောင့်ရယ်မသိ အနက်ရောင်ဝတ်လူက သူမကို ရင်းနှီးနေသော ခံစားချက်တစ်ခုပေးနေလေသည်။

သို့သော်လည်း သူမက သူ့ကိုအရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

လက်ရှိကျင့်ကြံသူများအားလုံးကြားတွင် နန်းကြည်တစ်ယောက်ထဲသာလျှင် အသင်္ချေနယ်မြေမြို့တော်မှာ ညဝိညာဥ်၏ လူသားသွင်ပြင်ကို တွေ့မြင်ခဲ့ဖူးလေသည်။ အခြားမည်သူကမှ သူ့ကိုမမှတ်မိကြပေ။

ဆန်းကြယ်တောင်ထွတ်မှ မူလနတ္ထိတစ်ယောက်က ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

“အခုလို သေရေးရှင်ရေးအခြေအနေမှာ ထွက်ပေါ်လာတယ်ဆိုတော့ အထီးကျန်သိုင်းသခင်က တကယ့်ကိုဖြောင့်မတ်မှန်ကန်တဲ့သူပဲ... ကံမကောင်းစွာနဲ့ပဲ သူက မူလနတ္ထိအဆင့်မှာပဲ...”

ထိုမူလနတ္ထိက ဆက်လက်၍မပြောဆိုသော်လည်း လူတိုင်းက သူဆိုလိုသည့်အဓိပ္ပါယ်ကို သိလိုက်ကြလေသည်။

လက်ရှိအ​ခြေအနေရ မူလနတ္ထိတစ်ယောက်ကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ပင်လျှင် အခြေအနေကို ပြောင်းလဲပေးနိုင်တော့မည် မဟုတ်ပေ။

ဂိုဏ်းချုပ်လင်းယွမ်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“မင်းတို့တွေက အဲ့ဒါကို နားလည်ချင်မှ နားလည်လိမ့်မယ်... ဇီမိုက သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားပဲ... အဆင့်တူတွေကြားမှာ သူက ပြိုင်ဘက်ကင်းတယ်”

“ဒါပေမယ့်လို့... လွန်ခဲ့တဲ့ဆယ်နှစ်က တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ရဲ့ ခန္ဓာကိုယ်က တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ပျက်စီးသွားပြီး သူ့ရဲ့ဝှက်ဖဲတွေကလည်း မရှိတော့ဘူးလို့ ကျုပ်ကြားမိတယ်”

“သူက အခုချိန်မှာ သာမန်မူလနတ္ထိတစ်ယောက်နဲ့တောင် ယှဥ်နိုင်ချင်မှ ယှဥ်နိုင်တော့မယ်...”

“အား....”

လူအုပ်ကြီးထဲမှ သက်ပြင်းချသံများက ထွက်ပေါ်လာခဲ့လေသည်။

ဂိုဏ်းချုပ်လင်းယွမ်၏ အမူအရာကလည်း ညိုမည်းသွားပြီး ကြိုးစား၍ ပြုံးလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ်... လူတစ်ယောက်ဆိုတစ်ယောက် ငါတို့ရဲ့ခွန်အားကလည်း တိုးလာမှာပဲ...”

အင်မော်တယ်ကြိုးကြာအိုကြီးကလည်း ခေါင်းညိတ်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်။

“ဇီမို ရောက်လာရင် ငါတို့က အစွမ်းကုန်ထုတ်ဖော်ပြီး ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ရမယ်.. ငါတို့က ထွက်ပြေးလွတ်မြောက်ဖို့အတွက် အကောင်းဆုံးကြိုးစားရမယ်”

“အဲ့ဒါမင်းကိုး...”

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က ဆူဇီမိုကို မှတ်မိသွားပြီး သူ၏အမူအရာက ချက်ချင်းပင် စိတ်လှုပ်ရှားတက်ကြွလာခဲ့လေသည်။ သူက ကျားနဂါးဂိုဏ်းမှ မူလနတ္ထိများကို ကြည့်ပြီး အော်ပြောလိုက်လေသည်။

“မင်းတို့ ဆယ်ယောက်.... သူတို့နှစ်ယောက်ကို သွားတားကြ”

“အနက်ရောင်ဝတ်လူကိုတော့... နေရာမှာတင် တစ်ခါထဲ သတ်ပစ်လိုက်..”

ခဏမျှရပ်တန့်ပြီးနောက် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်လေသည်။

“အစိမ်းရောင်ဝတ်လူကိုတော့ ငါက အသက်ရှင်လျက် လိုချင်တယ်”

အဝေးကနေ.. ဆူဇီမိုသည် သွေးစွန်းနေသော ဆန်းကြယ်တောင်ထွတ်ကို မြင်သည့်အခါ သူ၏သတ်ဖြတ်လိုစိတ်သည် သူ၏ဒေါသမီးနှင့်အတူ လောင်ကျွမ်းလာခဲ့လေသည်။

အနားသို့ချည်းကပ်လာသောအခါ သူသည် မည်သည့်အကဲစမ်းလိုစိတ် သို့မဟုတ် ထိန်ချန်လိုစိတ်မှ မရှိတော့ပေ။ သူက မနောနည်းစနစ်တစ်ခုကို လှည့်ပတ်ပြီး သူ၏နှာရောင်ကို သူ၏လက်ညိုးဖြင့်ထိကာ သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ဖွင့်လှစ်လိုက်လေသည်။

အဲ့ဒီနောက် အားလုံး၏ ရှေ့မှောက်မှာပင် ဆူဇီမိုသည် သူ၏အသိစိတ်ထဲကနေ ပေပေါင်းအတော်အတန်ရှည်လျားသော ကြာပွတ်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။

အဲ့ဒါက မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများဖြင့် ပြုလုပ်ထားသော ကြာပွတ်တစ်ခုဖြစ်လေသည်။

၎င်း၏ ပတ်လည်တွင် စူးရှတောက်ပြောင်သော လျှပ်စီးလျှပ်ပန်းများက ရစ်ခွေနေပြီး တစ်စီစီအသံများ ထွက်ပေါ်နေလေသည်။ ကြာပွတ်၏ ပတ်လည်တွင် လျှပ်စီးမြွေများက ကခုန်နေပြီး လေဟာနယ်တစ်ခုလုံးက တုန်ခါနေလေသည်။

စိတ်ဝိညာဥ်နှိမ်နင်းကြာပွတ်....

မဟာဗလာနယ်စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်း၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြစ်လေသည်။

မိုးကြိုးလေပြေနန်းတော်သည် မခြွင်းမချန်အားထုတ်၍ ဆူဇီမိုကို သတ်ဖြတ်ပြီး ခရမ်းရောင်မိုးကြိုးကျမ်းကို ရယူဖို့အတွက် သူတို့၏ မည်ကာမတ္တတပည့်ကိုပင် စေလွှတ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူတို့သည် ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ပေါင်းစည်း၍ ဤအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ရယူချင်သောကြောင့်ဖြစ်လေသည်။

အဲ့ဒါသည် တစ်ခေတ်တစ်ခါတုန်းက ဤလောကမှာ စိုးမိုးခြယ်လှယ်ခဲ့သော မိုးကြိုးဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြစ်လေသည်။ အဲ့ဒါက ဘယ်လောက်တောင်စွမ်းအားကြီးမလဲ စဥ်းစားကြည့်နိုင်လေသည်။

All Chapters