← Chapters

ဝိညာဥ်များပြိုကွဲခြင်း

Vol. 74 Ch. 1109

ဝိညာဥ်များပြိုကွဲခြင်း

Vol. 74 Ch. 1109

လေထဲတွင်ရပ်နေရင်း ဆူဇီမိုကို မိုးကြိုးစွမ်းအားများက ဝန်းရံထားလေသည်။ သူသည် တိမ်လွှာများထက်ကနေ အများသူငှာကို ငုံ့ကြည့်နေသော မိုးကြိုးနတ်ဘုရားကဲ့သို့ ဖြစ်နေလေသည်။ သူ၏ကျာပွတ်ကို လွှဲယမ်းပြီး မူလနတ္ထိတစ်ယောက်ကို ပစ်ရိုက်လိုက်လေသည်။

ဖောင်း....

မူလနတ္ထိသည် ရပ်တန့်သွားပြီး သူ၏မျက်လုံးက အရောင်မှိန်ကျသွားလေသည်။

ရုတ်တရက် သူက လေထဲကနေပြုတ်ကျလာပြီး သူ၏အသက်ဓာတ်က ပျက်ပြယ်ကာ သေဆုံးသွားလေသည်။

စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်သည် လေထဲမှာကခုန်နေပြီး နောက်ထပ်မူလနတ္ထိတစ်ယောက်ဆီသို့ လွှဲဝင်သွားလေသည်။

ထိုမူလနတ္ထိသည် ဓမ္မစွမ်းအားတစ်ခုကို ချက်ချင်းထုတ်ဖော်ပြီး ရှေ့သို့ပြေးဝင်လာခဲ့လေသည်။

ဖောင်း....

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည် ဓမ္မအတတ်နှင့် ထိတွေ့မိသောအခါ ဂျွတ်ဆတ်ဆတ် အသံတစ်သံထွက်ပေါ်လာခဲ့လေသည်။ ထိုမူလနတ္ထိက ဆတ်ခနဲ တုန်ယင်သွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။

သူက မြေပြင်ပေါ်သို့ မရောက်ခင်မှာပင် သေဆုံးသွားခဲ့လေပြီ။

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည် ကခုန်နေပြီး နောက်ထပ်မူလနတ္ထိတစ်ယောက်ဆီသို့ ပစ်ဝင်သွားလေသည်။

ထိုမူလနတ္ထိသည် မဆင်မခြင်မပြုမူရဲတော့ဘဲ သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူ၏ ဓမ္မလက်နက်များ ၊ ကာကွယ်ရေးအဆောင်များနှင့် အခြားသောရတနာများကို အလောတကြီးထုတ်ဖော်လိုက်လေသည်။

ဖောင်း...

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည် ထိုသူ၏ ခုခံရေးဓမ္မလက်နက်ဆီသို့ ပစ်ဝင်လာခဲ့လေသည်။

ထိုသူ၏ ဦးခေါင်းက စောင်းငဲ့သွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှမရှိသော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားပြီး သူ၏ဝိညာဥ်က ပြိုကွဲသွားခဲ့လေပြီ။

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည် အမြုတေစိတ်ဝိညာဥ်များကို တိုက်ခိုက်ဖို့အတွက် အထူးပြုလုပ်ထားခြင်းဖြစ်လေသည်။

လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုက လုံလောက်အောင်မမြင့်မားဘူးဆိုရင် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ထိခိုက်ခြင်းခံရပြီးနောက် ထွက်လာမည့်ရလဒ် တစ်ခုတည်းသာရှိလေသည်။ သူတို့က ပြာအဖြစ်လောင်ကျွမ်းသွားလိမ့်မည် ဖြစ်လေသည်။

ဓမ္မအတတ်များဖြစ်စေ ၊ သာမန်ခုခံရေးဓမ္မပစ္စည်းများဖြစ်စေ မည်သည့်အရာကမှ စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို ခုခံနိုင်ခြင်းမရှိပေ။

အဲ့ဒါက စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ကြောက်စရာကောင်းမှုဖြစ်လေသည်။

ဒါ့အပြင် အခြားသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များနှင့် နှိုင်းယှဥ်ပါက စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည် ဆူဇီမို၏ လက်ထဲမှာ များစွာပို၍ ပေါ့ပါးပြီး စိတ်ရှိသလိုအသုံးပြုနိုင်လေသည်။

ထိုမြင်ကွင်းက လူအများကို ရုတ်ရုတ်သဲသဲ ဖြစ်လာစေလေသည်။

မူလနတ္ထိသုံးယောက်သည် တစ်ခဏအတွင်း သေဆုံးသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

သူတို့သည် ဆူဇီမိုကို အရှင်ဖမ်းဖို့နေနေသာ သူ့အနားသို့ပင် ချဉ်းကပ်နိုင်ခြင်းမရှိကြပေ။

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်သည် တံတွေးကိုမျိုချပြီး ဆူဇီမို၏လက်ထဲရှိ မိုးကြိုးကျာပွတ်ကိုကြည့်ကာ ကြောက်ရွံ့တုန်လှုပ်လာခဲ့လေသည်။

ဆူဇီမိုကို စစမြင်တုန်းက သူသည် စိတ်လှုပ်ရှားတက်ကြွနေပြီး ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မိမတတ် ဖြစ်လေသည်။

သူက ယခုအဲ့ဒါကို ပြန်တွေးမိသောအခါ သူရှေ့သို့ ဝင်မသွားခဲ့သည်မှာ ကံကောင်းလှလေသည်။

သူသည် ထိုကျာပွတ်၏ ရိုက်နှက်ခြင်းခံရပါက သူ၏အမြုတေစိတ်ဝိညာဥ်ပင်လျှင် သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ခွာခွင့်မရဘဲ သူ၏ဝိညာဥ်က နေရာမှာပင် ပျက်စီးသွားပေလိမ့်မည်။

“ဒါက....”

ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများက ကြောင်အ,မှင်တက်သွားကြလေသည်။

အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်သည် ဖျက်ဆီးခံရပြီးနောက် သူ၏တိုက်ခိုက်ရည်ခွန်အားက များစွာလျော့ကျသွားခဲ့သည်ဟု ပြောခဲ့ကြသည် မဟုတ်ပေဘူးလား...။ သူက သာမန်ကျင့်ကြံသူတစ်ယောက်အဖြစ် လျော့ကျသွားပြီဟု သူတို့မပြောခဲ့ကြဘူးလား....။

အဲ့ဒါက ဘာဖြစ်နေတာလဲ...။

လူအုပ်ကြီးက ကြက်သေသေနေကြလေသည်။

လူတိုင်းသည် တွေဝေရှုပ်ထွေးနေကြသော်လည်း မည်သို့ပင်ဆိုစေ အဲ့ဒါက ကောင်းသောအချက်ဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်က... အရမ်းကိုသန်မာတာပဲ... သူ့ဘေးက အနက်ရောင်ဝတ်လူက သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့လို့ ငါမျှော်လင့်ရတာပဲ...”

ကျင့်ကြံသူအချို့က စိုးရိမ်ပူပန်စွာဖြင့် တီးတိုးပြောဆိုလိုက်လေသည်။

“အာ....”

ထိုစဥ်မှာပင် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ငေးငိုင်နေသောအမူအရာဖြင့် အံအားတသင့်ရေရွတ်ကာ အလိုလိုမေးလိုက်လေသည်။

“ထူးဆန်းတယ်... အဲ့ဒီအနက်ရောင်ဝတ်လူက ဘယ်ရောက်သွားတာလဲ...”

“အာ....”

ထိုအခါမှသာလျှင် ကျင့်ကြံသူများသည် အစက ဆူဇီမိုနှင့် ပုခုံးချင်းယှဥ်ရပ်နေသော အနက်ရောင်ဝတ်လူက ပျောက်ကွယ်သွားပြီဆိုတာကို သတိထားမိလိုက်လေသည်။

သူဘယ်ကိုရောက်သွားသလဲ မည်သူကမှ မမြင်လိုက်ကြပေ။

အင်မော်တယ်ကြိုးကြာအိုကြီးပင်လျှင် အနက်ရောင်ဝတ်လူ မည်သို့မည်ပုံပျောက်ကွယ်သွားသည်ကို သတိမထားမိလိုက်ပေ။

သူမသည် စိတ်အာရုံပျက်ယွင်းသွားသည့် ခဏမှာပင် တိုက်ပွဲနယ်မြေမှာ ဆူဇီမိုတစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့သည့်အလား ထင်ရလေသည်။

သို့သော်လည်း အင်မော်တယ်ကြိုးကြာအိုကြီးသည် ဘာပဲပြောပြော ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ဖြစ်လေသည်။ ဒါ့အပြင် သူမက သားရဲတစ်ကောင်ဖြစိပြီး ထက်ရှသောအာရုံခံစိတ်ရှိလေသည်။ သူမ၏ စိတ်ဝိညာဥ်အသိစိတ်က အနက်ရောင်ဝတ်လူ၏ တည်ရှိမှုကို အာရုံမခံနိုင်သော်လည်း သူက တိုက်ပွဲနယ်မြေထဲမှာပဲ ရှိနေဆဲဖြစ်ကြောင်း သူမက ဝိုးတဝါးခန့်မှန်းမိလေသည်။

ထိုအခိုက်အတန့်တွင် ရှေ့သို့ပြေးဝင်သွားသော မူလနတ္ထိ ဆယ်ယောက်ထဲမှ သုံးယောက်သည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်နှက်သတ်ဖြတ်ခြငိးကို ခံရပြီး ခုနှစ်ယောက်သာလျှင် ကျန်ရှိတော့လေသည်။

ရုတ်တရက်ဆိုသလို....

မူလနတ္ထိနှစ်ယောက်ကြားတွင် မှုန်ရီဝေဝါးသော အနက်ရောင်အရိပ်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

ကျင့်ကြံသူများအားလုံးသည် တိုက်ပွဲနယ်မြေကို မမှိတ်မသုန်စောင့်ကြည့်နေကြပြီး ထိုသည်ကိုမြင်သောအခါ အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။

သူတို့အံ့အားသင့်လို့ မဆုံးသေးခင်မှာပင် မှုန်ရီဝေဝါးသော အနက်ရောင်ပုံရိပ်က တစ်ဖန်ပျောက်ကွယ်သွားလေသည်။

ထိုနေရာတွင်ရှိသော မူလနတ္ထိနှစ်ယောက်၏ ဦးခေါင်းသည် ကြေမွသွားပြီး သူတို့၏အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံလိုက်ရလေသည်။ သူတို့၏ ဦးခေါင်းမဲ့အလောင်းများသည် လေထဲကနေ ပြုတ်ကျလာပြီး နေရာမှာပင် သေဆုံးသွားကြလေသည်။

အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်းလေသည်။

မရေမတွက်နိုင်သော မျက်လုံးများသည် တိုက်ပွဲနယ်မြေကို စောင့်ကြည့်နေကြလျှင်တောင် ညဝိညာဥ် မည်သို့မည်ပုံတိုက်ခိုက်လိုက်သည်ကို မည်သူကမှ မမြင်လိုကိကြပေ။

“မင်းတို့အားလုံး..... သေစမ်း...”

ဆူဇီမိုသည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို လေထဲမှာ ထပ်တလဲလဲ လွှဲယမ်းလိုက်လေသည်။

ဖောက်....ဖောက်.. ဖောက်...

စိတ်ဝိညာဥ်ကျာပွတ်ထံမှ အသံတစ်ချက်မြည်လာတိုင်း မူလနတ္ထိတစ်ယောက်င လေထဲကနေပြုတ်ကျပြီး သူတို့၏ဝိညာဥ်များက ပြိုကွဲပျက်ပြယ်သွားမည်ဖြစ်လေသည်။

အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းလေသည်။

မူလနတ္ထိ တာအိုသက်ရှိများသည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်နှင့် ရင်ဆိုင်ရချိန်တွင် လုံးဝခုခံနိုင်ခြင်းမရှိကြပေ။

တစ်ခဏအတွင်းမှာပင် ရှေ့သို့ပြေးတက်သွားသော မူလနတ္ထိနှစ်ယောက်သည် ညဝိညာဥ်၏ သတ်ဖြတ်ခြင်းကို ခံရပြီး ကျန်ရှိနေသောရှစ်ယောက်သည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ဖြင့် သူတို့၏အမြုတေစိတ်ဝိညာဥ်များ ဖျက်ဆီးခြင်းခံလိုက်ရလေသည်။

ကျားနဂါးဂိုဏ်းသည် မူလနတ္ထိ အယောက်ကိုးဆယ်ကျော်ကို စေလွှတ်ခဲ့ပြီး သူတို့မှာ အရေအတွက်အားသာချက်ရှိသော်လည်း ယခုအချိန်မှာ သူတို့၏မျက်နှာများက ကြောက်ရွံမှုဖြင့် တုန်လှုပ်နေခဲ့လေပြီ။

မည်သူကမှ ရှေ့သို့မဆင်မခြင်မတက်ရဲတော့ပေ။

သူတို့၏ ကျင့်ကြံမှုဤအဆင့်ထိ သူတို့သည် ဤကဲ့သို့ လွှမ်းမိုးခြယ်လှယ်နိုင်သော နည်းလမ်းများကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

ရှေ့သို့ပြေးဝင်သွားသောသူများသည် သူတို့၏ ဓမ္မအတတ်များ သို့မဟုတ် လက်နက်များကို ဘယ်လိုပင်ထုတ်ဖော်ပါစေ သူတို့သည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်နှက်ခြင်းခံရသည်နှင့် နေရာမှာပင် သေဆုံးရလေသည်။

“အဲ့ဒါက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုပဲ...”

ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က သူ၏ စူးရှသော အမြင်အာရုံနှင့်အတူ စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ သဘောသဘာဝကို ပြောလိုက်နိုင်လေသည်။

ဝူလီက ဝင်ရောက်တိုက်ခိုက်လာပြီးနောက် ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်ငါးယောက်သည် ခဏတဖြုတ်အသက်ရှု၍ ဆေးလုံးများကို စားသုံးချင်ကြလေသည်။

ယခုအခါမှတော့ မျက်တစ်မှိတ်အတွင်းမှာပင် ဂိုဏ်းက မူလနတ္ထိ ဆယ်ယောက်ကျော်က သေဆုံးသွားခဲ့ရသည်ဆိုတော့ ...

သူတို့သာ ရှေ့သို့သာ တက်လှမ်းဝင်ရောက်ရပေတော့မည်။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ဖျပ်ခနဲလှုပ်ရှား၍ ဆူဇီမိုထံသို့ ခုန်ဝင်လာကြလေသည်။

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် ရင်တစ်ချက်ထိတ်သွားကြလေသည်။

မူလနတ္ထိများနှင့် ဓမ္မဝိသေသ တာအိုအရှင်များက မတူညီသောအဆင့်မှာ ရှိကြလေသည်။

ထိုအခိုက်အတန့်တွင် ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် အင်မော်တယ်ကြိုးကြာအိုကြီး၏ ယခင်ဆုံးဖြတ်ချက်ကိုပင် မေ့လျော့သွားပြီး ထွက်ပြေးဖို့အခွင့်အရေးကို မရယူမိကြပေ။ ထိုအစားသူတို့သည် တိုက်ပွဲနယ်မြေကို အလိုလိုငေးကြည့်နေကြလေသည်။

ဆူဇီမို၏ အကြည့်က အေးစက်နေပြီး စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို လွှဲယမ်းကာ ရက်ရက်စက်စက် ပစ်ရိုက်လိုက်လေသည်။

“အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်...”

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်သည် ဟိန်းဟောက်၍ သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ချက်ချင်းထုတ်ဖော်လိုက်လေသည်။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က သိပ်သည်းစုဖွဲ့လာပြီး ရှေ့သို့ ရက်ရက်စက်စက်တိုးဝင်လာခဲ့လေသည်။

ဘန်း....

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှစ်ခုက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွားကြလေသည်။

“အား....”

ဓမ္မဝိသေသတာအိုအရှင်သည် ဆတ်ခနဲတုန်ယင်သွားပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်ရလေသည်။

ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်သည် ဓမ္မဝိသေသ တာအိုအရှင်များနှင့် နှိုင်းယှဥ်နိုင်လေသည်။ မိုးကြိုးဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှင့် ပေါင်းစပ်လိုက်သောအခါ သေစေနိုင်စွမ်းအားက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ဓမ္မဝိသေသ တာအိုအရှင်သည် သေဆုံးမသွားသော်လ​ည်း သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်တွင် လောင်ကျွမ်းဒဏ်ရာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိသွားခဲ့လေပြီ။

တကယ်တော့ ဓမ္မဝိသေသ တာအိုအရှင်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ ရိုက်ခတ်မှုအောက်တွင် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ပေါ်ရှိ အရောင်ကလည်း မှိန်ကျသွားပြီး များစွာသော လျှပ်စီးလျှပ်ပန်းများကလည်း ပျောက်ကွယ်သွားလေသည်။

နောက်ထပ်ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က အခြေအနေမကောင်းသည်ကို သတိထားမိသွားပြီး သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်က တုန်ခါလာခဲ့လေသည်။

ဘုန်း....

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှစ်ခုက ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။

ဒုတိယဓမ္မဝိသေသတာအိုအရှင်သည်လည်း ညည်းတွားအော်ဟစ်လိုက်ရလေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်ပေါ်တွင် ကျာပွတ်ဖြင့် အရိုက်ခံထားရသည့်အလား ဒဏ်ချက်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

ဓမ္မဝိသေသ တယအိုအရှင်နှစ်ယောက်ထံမှ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်နှစ်ခုနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည်လည်း အမှန်တကယ်ပင် ပျက်ပြယ်သွားခဲ့လေသည်။

ဓမ္မဝိသေသတာအိုအရှင်နှစ်ယောက်သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ ထိခိုက်​ဒဏ်ရာများရရှိခဲ့ပြီး သူတို့က အဲ့ဒါကို ပြန်လည်ကုသနိုင်တော့မည်မဟုတ်ပေ။

သူတို့နှစ်ယောက်သည် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး သူတို့၏အမျက်ဒေါသကို သူ့အပေါ်သို့ ပုံချလိုက်လေသည်။ သူတို့က သူ့ကို အခုချိန်မှာ အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေလေသည်။

“အထီးကျန်သိုင်းသခင်... မင်းရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲ ငါဂရုမစိုက်တော့ဘူး...”

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က တင်းမာခက်ထန်စွာဖြင့်ပြောလိုက်လေသည်။

“ငါက အခုပဲမင်းကို အမှုန့်ချေပစ်မယ်...”

ကျားနဂါးဂိုဏ်း ကျင့်ကြံသူများသည် ကျားနဂါးသုတ္တန်ကို လေ့ကျင့်ထားပြီး သန်မာသောကိုယ်ကာယနှင့် တုန်လှုပ်စရာကောင်းသော မျိုးဆက်သွေးတို့ရှိကြလေသည်။ သူတို့က အနီးကပ်တိုက်ခိုက်ရည်မှာ တော်ကြလေသည်။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်သည် ဖျပ်ခနဲ လှုပ်ရှားလိုက်ပြီးသိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်လာလေသည်။

“မင်းတို့က... ငါ့ကိုသတ်ဖို့ စဥ်းစားနေသေးတာလား”

စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်က ပျက်ပြယ်သွားသောအခါ ဆူဇီမို၏ ဓမ္မစွမ်းအားများက ဆူပွက်လာခဲ့လေသည်။ သူ၏မျက်လုံးထဲမှာ ကြောက်ရွံ့မှု လုံးဝမရှိပေ။ ထိုအစား သူတို့သည် သက်ရှိအားလုံးကို လောင်ကျွမ်းပြာချပစ်ချင်သည့်အလား သူ၏ မျက်လုံးနှစ်လုံးက မီးတောက်လုံးနှစ်လုံးကဲ့သို့ တောက်ပလာခဲ့လေသည်။

All Chapters