← Chapters

အရှင်မင်းကြီးထံမှ တောင်းခံခြင်း

Vol. 72 Ch. 1112

အရှင်မင်းကြီးထံမှ တောင်းခံခြင်း

Vol. 72 Ch. 1112

ကြောက်စရာကောင်းသော ထိုအရှိန်အဝါ ထွက်ပေါ်လာသည်နှင့်ချက်ချင်း တားမြစ်ဇုန်တစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။ တားမြစ်ဇုန်ထဲမှာ မွေးဖွားလာကြသော ထူးထူးဆန်းဆန်း သက်ရှိအားလုံးသည် တုန်ယင်လာကြပြီး အသွေးအသားတောင်ကုန်း၏ ဦးတည်ရာဘက်သို့ ဝပ်တွားလိုက်ကြသည်။

တိမ်တိုက်များသည် လေထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က တလိပ်လိပ် ရွေ့လျားသွားကြပြီး ဝဲကတော့တစ်ခုအသွင် မြန်ဆန်စွာ လှည့်ပတ်သွားသည်။ မိုးခြိမ်းသံများသည် ထိုဝဲကတော့ထဲမှ မြည်ဟိန်းထွက်လာကြသည်။

မုန်တိုင်းတစ်ခုသည် တားမြစ်ဇုန်ထဲမှာ အစပျိုးလာပြီး ကောင်းကင်ပေါ်မှ ဝဲကတော့ဖြင့် ဆက်သွယ်သွားသည်။

ထိုအကြောင်းအရာအားလုံး၏ လက်သည်ဖြစ်သော ရွှီချင်းသည်တော့ ခန္ဓာကိုယ်က ကွေးညွတ်သွားသည်။ သူက မုန်တိုင်းနှင့် ဝဲကတော့အောက်မှာ အပြင်းအထန် တုန်ရီနေသည်။ သူက လူသားအော်သံမဟုတ်သော ဟိန်းသံတစ်သံကို ထုတ်ဖော်လိုက်သည်။

ဖော်မပြနိုင်သော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး အနက်ရောင် အဆိပ်မြူခိုးကို ပျံ့လွင့်ထွက်လာစေသည်။

မြူခိုးသည် ပိုပြီးသိပ်သည်းလာသည်။ အဆုံးမှာတော့ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို အပြည့်အဝ လွှမ်းခြုံသွားပြီး သူ၏ ပုံရိပ်ကို ပိုပြီးရှည်လျားလာစေသည်။

တဖြည်းဖြည်း ထိုပုံရိပ်သည် ခါးပြန်မတ်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အသွေးအသားတောင်ကုန်းပေါ်မှ အဖိုးကိုးကို ကြည့်လိုက်သည့်အခိုက် သူ၏ အရှိန်အဝါသည် အံ့ဖွယ်ကောင်းသော အမြင့်တစ်ခုထိ ရောက်ရှိသွားသည်။

သူ၏ ခန္ဓာကိုယ်သည် ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။ အနက်ရောင်စစ်ချပ်ဝတ်က သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးလွှမ်းထားလေရာ သူ၏ အရေပြားကို အပြင်ဘက်မှ မမြင်နိုင်တော့ပေ။

သူ၏ မျက်လုံးသည် ချောက်ချားဖွယ်ကောင်းသော တစ္ဆေမီးတောက်ဖြင့် လောင်ကျွမ်းနေပြီး အစွန်းရောက်သော အအေးဓာတ်ကို ပေးသည်။

အလုံးစုံခြုံကြည့်လျှင် ထိုပုံရိပ်ထံမှ ရှေးဟောင်းအငွေ့အသက်နှင့် အမှောင်ထုကို ပထမဆုံး ခံစားရလိမ့်မည်။

အနက်ရောင်မြူခိုးငွေ့သည် စစ်ချပ်ဝတ်ထဲမှ တလိပ်လိပ် မြှောက်တတ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားမည့် အနက်ရောင်ဝတ်ရုံတစ်ထည်ပမာ သူ၏ အနောက်တွင် စုဝေးသွားသည်။

အနက်ရောင်ဝတ်ရုံက တဖျပ်ဖျပ်လှုပ်ခါသွားသည့်အခါ ယိုယွင်းပျက်စီးခြင်းဂုဏ်သတ္တိပါဝင်သော အဆိပ်သည် ဤလောကထဲမှာ ပျံ့နှံ့သွားသည်။

ထိုအဆိပ်၏ အရှေ့မှာ မည်သည့်အသက်စွမ်းအင်မဆို ညှိုးခြောက်ပျက်စီးသွားနိုင်ဟန် ရသည်။

သူက မိစ္ဆာတစ်ကောင်နှင့်ဆင်တူသော ခံစားမှုမျိုး ပေးသည်။

ယခု ခရမ်းလနတ်ဘုရားရတနာသိုက်တစ်ခုသာ ကျန်ရှိတော့သည်။

အဖိုးကိုး၏ အမူအရာသည် ပြောင်းလဲသွားသည်။

ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို သူမြင်ခဲ့စဉ်က ခေါင်းသာညိတ်ခဲ့သည်။ သို့သော်လည်း ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်သည် သူ၏ အသိစိတ်ကို လှိုင်းထသွားစေသည်။

‘ အဲ့ဒါကို အရင်က ငါမြင်ဖူးတယ်လို့ ခံစားမိတယ် ’

အဖိုးကိုးသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ သူက ရွှီချင်း၏ ဝိညာဉ်လှိုင်းအတတ်အကျပေါ်မှာ အာရုံစိုက်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ထူးဆန်းသော လေသံဖြင့် ပြောသည်။

“ မင်းရဲ့ နာမည် ဘယ်သူလဲ ငါ့ကို အမှန်တိုင်းပြော ”

ထိုစကားလုံးများထဲမှာ ဆန်းကြယ်သော စွမ်းအားတချို့ ကိန်းအောင်းနေဟန် ရသည်။ ယင်းက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည့်အခါ လှိုင်းဂယက်များ ပေါ်လျှိုးလာသည်။

အဖိုးကိုးသည် သူ့အရှေ့မှ လူက ရွှီချင်းဖြစ်နေသေးသလားဟု အတည်ပြုနေခြင်း ဖြစ်သည်။

ရွှီချင်းသည် နေရာမှာ မတ်တတ်ရပ်နေပြီး အဖိုးကိုးကို ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူ၏ မျက်လုံးထဲမှ တစ္ဆေမီးတောက်သည် အနည်းငယ် လှုပ်ယမ်းသွားပြီး အက်ရှရှအသံက ပျံ့လွင့်ထွက်လာသည်။

“ ရွှီချင်း ”

ဤသည်ကို အဖိုးကိုးကြားသောအခါ သူက ခေါင်းညိတ်လိုက်သည်။

“ အခု မင်းဘယ်လိုခံစားရလဲ ”

ရွှီချင်းသည် သူ၏ လက်ရှိအခြေအနေကို ဂရုတစိုက် အာရုံခံလိုက်သည်။ သူက အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ဆဲပင်။ မည်သည့်လိုအင်ဆန္ဒမှ သူ့ဆီမှာ မရှိပေ။

ယင်းက အတိတ်တွင် နတ်ဘုရားသဘာဝဖြင့် ပထမဆုံးအကြိမ် သူထိတွေ့ခဲ့စဉ်က အချိန်ကို ပြန်အမှတ်ရသွားစေသည်။

ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောသည်။

“ ကောင်းတယ် ”

အဖိုးကိုးသည် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်လေရာ နီလာနတ်သမီး၏ နောက်ထပ် အသွေးအသားတစ်တုံး ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို မင်း တွေ့ကြုံကြည့်ချင်သေးလား ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက လက်ဝှေ့ယမ်းလိုက်သည်။ အဖိုးကိုး၏ လက်ထဲမှ အသွေးအသားတုံးနှင့် အရွယ်အစားတူညီသော အသားတုံးသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

“ ကျွန်တော် ကြိုးစားကြည့်မယ် ”

သူက စကားပြောပြီးသည်နှင့် ထိုအသားတုံးကို သူ့အနောက်မှ ခရမ်းလနတ်ဘုရားရတနာသိုက်ထဲသို့ ထည့်သွင်းလိုက်သည်။ ယင်းက ရတနာသိုက်ထဲသို့ ကျဆင်းသွားသည့်အခိုက် ဝုန်းဟူသော ပေါက်ကွဲသံသည် ခရမ်းလနတ်ဘုရားရတနာသိုက်ထဲမှ မြည်ဟိန်းထွက်လာသည်။ ဤသည်မှာ မရေမတွက်နိုင်သော မိုးကြိုးသွားများက ပေါက်ကွဲထွက်သွားသည့်အလား လောကတစ်ခွင် ထစ်ချုန်းသွားသည်။

ချက်ချင်းပင် ခရမ်းလနတ်ဘုရားရတနာသိုက်သည် ပေါက်ကွဲသွားပြီး နတ်ဘုရားအရင်းအမြစ်သည် ရွှီချင်းထံသို့ ဒလဟော တိုးဝင်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် ပေါင်းစပ်သွားနေသည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ရွှီချင်း၏ ခန္ဓာကိုယ်သည် ထပ်မံဆုတ်ဖြဲခံလိုက်ရသည်။

သို့သော်လည်း သူက နေရာမှာ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသည်။

သူက နာကျင်မှုကို မခံစားရခြင်းမဟုတ်ပေ။ ယင်းအစား အရာအားလုံးက သူ၏ အကျိုးအကြောင်းဆင်ခြင်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

အပြောင်းအလဲများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။ ပထမဆုံးအနေဖြင့် စစ်ချပ်ဝတ်အောက်မှ သူ၏ ဆံပင်ရှည်သည် မြန်ဆန်စွာ ရှည်ထွက်လာသည်။ နောက်ဆုံးမှာ ဆံပင်က မြေပြင်ပေါ်သို့ ကျရောက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားသည်။

ဆံပင်၏ အရောင်သည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည့်အရာမှာ သူ၏ ခန္ဓာကိုယ်က ဆုတ်ဖြဲခံနေရစဉ် ငှက်မွှေးများက သူ၏ နောက်ကျောပေါ်မှာ ထွက်ပေါ်လာနေဟန် ရသည်။ ခရမ်းလတစ်စင်းသည်လည်း အပေါ်သို့ မြှောက်တတ်သွားနေဟန် ရသည်။

ဤအခိုက်အတန့်မှာ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ထက် ပိုပြီးသာလွန်သော စွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

ခရမ်းရောင်လျှပ်စီးသည် ကောင်းကင်ပေါ်မှာ ဖြတ်သန်းသွားပြီး တားမြစ်ချက်ဟူသော ခံစားမှုကို ပေးသည်။

လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ အဖိုးကိုးသည် အသွေးအသားတောင်ကုန်းပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ ရွှီချင်းကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှ လှိုင်းအတတ်အကျသည် ပြင်းထန်လာသည်။

“ သူက ဘဝအဆင့်အတန်းကို မြှင့်တင်နေတာလား ”

လှိုင်းလုံးများက အဖိုးကိုး၏ စိတ်ထဲမှာ ထွက်ပေါ်လာနေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။ အဖျက်အဆီးစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ အမှန်မှာ သူ၏ အသွေးအသားတချို့သည် ဖုန်မှုန့်သို့ ပြောင်းလဲသွားပြီး အဝေးသို့ လွင့်မျောသွားသည်။

တတိယနတ်ဘုရားအသွင်သဏ္ဍာန်က အပြည့်အဝ မပေါ်လျှိုးလာသေးသော်လည်း သူက ခံနိုင်ရည်အကန့်အသတ်သို့ ရောက်ရှိသွားသည်။

“ ငါ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်က အဲ့ဒါကို မတောင့်ခံနိုင်ဘူး… တကယ်လို့ ဆက်သွားမယ်ဆိုရင် ငါက ပြာဖြစ်သွားလိမ့်မယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက သူ့ကိုယ်သူ စကားပြောနေခြင်း မဟုတ်ဟန် ရသည်။ ထို့နောက် သူက ခရမ်းရောင်အငွေ့ကို အသက်ရှူထုတ်လိုက်သည်။

သူက အသက်ရှူထုတ်လိုက်သည့်အခါ အချိန်က ပြောင်းပြန်လှည့်ပတ်သွားဟန် ရသည်။ သူ၏ ခရမ်းရောင်ဆံပင်ရှည်သည် ပြန်ရုပ်သိမ်းသွားပြီး ခရမ်းလသည် သူ၏ ကျောပေါ်သို့ ပြန်ကျဆင်းလာသည်။ သူ၏ အရှိန်အဝါသည် မြန်ဆန်စွာ လျော့ကျသွားသည်။

နောက်အခိုက်အတန့်မှာ သူက ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်သို့ ပြန်ရောက်သွားသည်။

သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသော နတ်ဘုရားအရင်းအမြစ်သည် ပြန်ဆုတ်ခွာသွားပြီး သူ့အနောက်မှ ခရမ်းလနတ်ဘုရားရတနာသိုက်ထဲသို့ ပြန်ဝင်ရောက်သွားသည်။

တတိယနတ်ဘုရားအသွင်သဏ္ဍာန်သည် ကျရှုံးသွားသည်။

ရွှီချင်း၏ လက်ရှိအခြေခံအုတ်မြစ်အရ သူ့မှာ နီလာနတ်သမီး၏ အသွေးအသားရှိလျှင်ပင် တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ထုတ်ဖော်ရန် မဖြစ်နိုင်သေးပေ။

တစ်ချိန်တည်းမှာ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်သည်လည်း အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည် အရည်ပျော်ကျသွားပြီး တားမြစ်အဆိပ်နတ်ဘုရားအရင်းအမြစ်သို့ ပြန်ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်သည်ပင် သူ့အနောက်မှာ စုဝေးသွားပြီး တားမြစ်အဆိပ်နတ်ဘုရားရတနာသိုက်ကို ဖွဲ့စည်းသွားသည်။

ပထမနတ်ဘုရားအသွင်သဏ္ဍာန်သာလျှင် ကျန်ရှိတော့သည်။

ရွှီချင်းအတွက်တော့ ထိုအပြောင်းအလဲများ ပြီးဆုံးပြီးနောက် လူသားသဘာဝပိုင်ဆိုင်သော စိတ်ခံစားချက်များက တဖန်ပြန်ပေါ်လာသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူ၏ စိတ်ထဲမှ လှိုင်းအတတ်အကျများသည် အလွန်ကြီးမားသည်။ သူက လက်သီးဆုပ်လိုက်ပြီး သူ့အရှေ့မှ အဖိုးကိုးကို အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် အဖိုးကိုး ”

ရွှီချင်းသည် လေးနက်စွာ ပြောသည်။

အဖိုးကိုး၏ အကူအညီမှတဆင့် သူက တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို မထုတ်ဖော်နိုင်ခဲ့သော်လည်း ထိုအတွေ့အကြုံသည် ရွှီချင်းအတွက် အလွန်တန်ဖိုးကြီးမားသည်။

သူက နတ်ဘုရားရတနာသိုက်၏ မှန်ကန်သော အသုံးပြုပုံကို ရှာတွေ့ခဲ့ရုံသာမက နတ်ဘုရားအသွင်သဏ္ဍာန်၏ စိတ်အခြေအနေကိုလည်း စောစီးစွာ အာရုံခံနိုင်ခဲ့သည်။

နတ်ဘုရားအသွင်သဏ္ဍာန်ကို နောက်တစ်ခါ သူအသုံးပြုသည့်အခါကျလျှင် သူ့အတွက် ခက်ခဲတော့မည်မဟုတ်ပေ။

ရွှီချင်းသည် သူ၏ လက်ရှိအခြေခံအုတ်မြစ်ကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ထိန်းသိမ်းထားခြင်းသည် သူ့အတွက် ပြဿနာမဟုတ်ပေ။

အဖိုးကိုးသည် ရွှီချင်းကို လေးနက်စွာ ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။

ရွှီချင်းသည် မနှောင့်ယှက်တော့ပေ။ သူက နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို ထုတ်ယူလိုက်ပြီး ဘေးမှာ ချထားလိုက်သည်။ တစ်ခဏစဉ်းစားပြီးနောက် သူက နောက်ထပ်အသွေးအသားတစ်တုံးကို ထုတ်ယူလိုက်ပြီး မထွက်သွားခင် ဘေးမှာ ရိုရိုသေသေ ချထားလိုက်သည်။

သူ၏ ပုံရိပ်က အဝေးသို့ လျှောက်သွားစဉ် သူ၏ အသွင်သဏ္ဍာန်သည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူက နတ်ဘုရားအသွင်သဏ္ဍာန်ဖြင့် မဟုတ်တော့ပေ။ ပုံမှန်ခန္ဓာကိုယ်ကို ပြန်ပြောင်းလဲသွားသည်။ မကြာမီ သူက တားမြစ်ဇုန်ထဲမှ ပျောက်ကွယ်သွားသည်။

အသွေးအသားတောင်ကုန်းသည်သာ တားမြစ်ဇုန်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ဆက်လက် တည်ရှိနေသည်။ အဖိုးကိုးသည် လှုပ်ရှားမှုကင်းမဲ့စွာ တရားထိုင်နေသည်။

သူ၏ အမူအရာက ပုံမှန်အတိုင်းရှိနေသည်ဟု ထင်ရသော်လည်း သူ၏ နှလုံးသားထဲမှ လှိုင်းလုံးများသည် ယခုထိ မငြိမ်သက်သေးပေ။

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများသည် အဖိုးကိုးကို အတွေးတချို့ ဖြစ်ပေါ်လာစေသည်။

“ ဒီကောင်လေးပေါ်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲက တစ်ခါမှ မဖြစ်ဖူးတဲ့အရာပဲ… အဲ့ဒါက လမ်းစဉ်အသစ်ကို ကိုယ်စားပြုတယ် ”

“ ခမည်းတော်က ဒီလမ်းစဉ်ကို လျှောက်လှမ်းနေတာလား ”

သူက တီးတိုးရေရွတ်လိုက်သည်နှင့် မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းထွက်သွားသော ဦးတည်ရာကို ကြည့်လိုက်သည်။ ထို့နောက် သူက မြေပြင်ပေါ်မှ နီလာနတ်သမီး၏ အသွေးအသားနှစ်တုံးကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ အေးစက်မှုသည် ပျောက်ကွယ်သွားပြီး သိမ်မွေ့ညင်သာသော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

“ လိမ္မာတဲ့ ကောင်လေးပဲ ”

တစ်ခါတစ်ရံ တစ်စုံတစ်ယောက်ကို သဘောကျခြင်းသည် ရုတ်တရက် ဖြစ်ပေါ်လာတတ်သည်။ သို့သော်လည်း အကြိမ်အများစုသည် အသေးအဖွဲအပြုအမူများကြောင့် ဖြစ်သည်။

ပြိုင်ဘက်ကင်းမြို့တော်မှစ၍ လဝတ်ပြုဒေသကြီးဆီသို့ ခရီးတစ်လျှောက်တွင် ရွှီချင်းသည် ယဉ်ကျေးရည်မွန်ပြီး သနားကြင်နာသော အကျင့်စရိုက်ကို ထုတ်ဖော်ပြခဲ့သည်။ ဤသည်မှာ လူအတော်များများက သူ့ကို အကူအညီပေးရန် ဆန္ဒရှိရသည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။

ကံမကောင်းစွာပင် ထိုသို့အကျင့်စရိုက်ရှိသော လူများသည် မည်သည့်ခေတ်မှာမဆို သို့မဟုတ် မည်သည့်လောကမှာမဆို အလွန်အမင်း ရှားပါးသည်။

ထို့ပြင် ရွှီချင်း၏ အပြုအမူကို မြင်တွေ့ပြီးနောက် မနှစ်မြို့မှုကို ခံစားရမည့် လူတချို့ပင် ဤလောကထဲမှာ ရှိပေသည်။

ဤသည်မှာ လူသားသဘာဝ၏ ပြယုဂ်ဖြစ်ပြီး တစ်စုံတစ်ယောက်၏ နှလုံးသားထဲမှ မသိနားမလည်ခြင်းကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤလောကထဲမှ လူတိုင်းနီးပါးက ရွှီချင်း၏ အပြုအမူကို မနှစ်သက်ပေးနိုင်သည်မှာ ထူးဆန်းသော ကိစ္စမဟုတ်ပေ။

ရွှီချင်းသည် ထိုကိစ္စများကို ဂရုမစိုက်ပေ။ သူက တားမြစ်ဇုန်ထဲမှ ထွက်လျှောက်လာပြီးနောက် ဤလောကကို ကြည့်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

“ ငါ အိမ်ပြန်တော့မယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ လျှောက်သွားသည်။ သူက လင်းအာကို ခေါ်ဆောင်ပြီး အိမ်သို့ အတူတူပြန်ရန် စဉ်းစားထားသည်။

သူက ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ရောက်ရှိတော့မည့်အချိန် ရွှီချင်း၏ ခြေလှမ်းသည် ရုတ်ချည်း ရပ်တန့်သွားသည်။ သူက တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားသည်။

“ ရှေးဟောင်းဝိညာဉ်အင်ပါယာက ငါ့ကို အင်ပါယာချီတစ်မျှင်ပေးမယ်လို့ ကတိပေးထားတယ် ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ တုံကင်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး သူ၏ လက်ထဲမှာ လှုပ်ယမ်းလိုက်သည်။ ယခင်က သူသည် ခေါင်းဆောင်၏ တိုက်တွန်းလှုံ့ဆော်မှုကြောင့် တစ်ဖက်လူရရှိခဲ့သော အကျိုးအမြတ်အကြောင်း မေးမြန်းရန် သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်ခဲ့ဖူးသည်။ သို့သော်လည်း ရှေးဟောင်းဝိညာဉ်အင်ပါယာထံမှ မည်သည့်တုံ့ပြန်မှုမှ သူပြန်မရခဲ့ပေ။

တစ်ခဏတွေးပြီးနောက် ရွှီချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို တုံကင်ထံသို့ ပို့လွှတ်လိုက်သည်။

“ အရှင်မင်းကြီး… နောက်တစ်ခါ စားသောက်ပွဲရှိရင် တတ်ရောက်ဦးမှာလား ”

တုံကင်ထံမှ မည်သည့်လှုပ်ရှားမှုမှ ထွက်ပေါ်မလာပေ။ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ပင်လယ်ထဲသို့ ကျဆင်းသွားဟန် ရသည်။

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက အသက်ဆယ်ခါရှူချိန်စောင့်ပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ဆက်လက် ပို့လွှတ်လိုက်သည်။

“ အရှင်မင်းကြီးက ဘာမှပြန်မပြောဘူးဆိုတော့ နောက်တစ်ခါ စားသောက်ပွဲမှာ မပါဝင်တော့ဘူးလို့ ကျွန်တော် မှတ်ယူလိုက်ပါမယ် ”

“ ပါဝင်မယ် ”

ဤတစ်ကြိမ်တွင် ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အိုမင်းသော အသံသည် တုံကင်ထဲမှ ပဲ့တင်ထပ်လာသည်။

“ ဒါဆိုရင် အရှင်မင်းကြီး ဒီတစ်ခေါက် စားသောက်ပွဲအတွက် ပေးချေပါဦး… အင်ပါယာချီတစ်မျှင်ပါ ”

ရွှီချင်းသည် တည်ကြည်ဖြောင့်မတ်သော လေသံဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

တုံကင်ထံမှ မည်သည့်အသံမှ ထွက်ပေါ်မလာပေ။ ရွှီချင်းသည် အလျင်မလိုပေ။ သူက တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။

ငါးမိနစ်ကြာပြီးနောက် တုံကင်သည် တုန်ယင်လာပြီး အင်ပါယာချီမှ ဖြစ်ပေါ်လာသော သေးငယ်သော နဂါးတစ်ကောင်က ဖြည်းညင်းစွာ ပျံသန်းထွက်လာသည်။ သို့သော်လည်း ၎င်းက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော ခံစားမှုကို ပေးသည်။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ သူက တုံကင်ထံမှ အင်ပါယာချီနဂါးကို ဆွဲနုတ်လိုက်သည်။ နဂါးလေးက မည်မျှရုန်းကန်ပါစေ အသုံးမဝင်ပေ။ ရွှီချင်းသည် ၎င်းကို သူ၏ နတ်ဘုရားရတနာသိုက်ထဲသို့ ပစ်ထည့်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် စိတ်ကျေနပ်သွားသည်။ သူက ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ လျှောက်သွားပြီး ဆေးဆိုင်ဆီသို့ မပြန်ခင် လပူဇော်နန်းတော်ဆီသို့ ဝင်ရောက်ခဲ့သေးသည်။

သူက ဆေးဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် အိမ်ရှေ့စံမင်းသားက နေရာမှာ ထိုင်နေပြီး လက်ဖက်ရည်သောက်နေကြောင်း သတိထားမိသွားသည်။ နင်ယန်က ကြမ်းတိုက်နေပြီး ဝိညာဉ်သခင်မယုံကျင်းက ရေနွေးအိုးကျိုနေကြောင်း သူမြင်သွားသည်။ အလုပ်လက်မဲ့ဖြစ်နေသော ဝူကျန်းဝူနှင့် လှုပ်ယမ်းနေသော ပျိုးပင်လေးလည်း ရှိသည်။ ပျိုးပင်လေး၏ ဘေးတွင် ငှက်မွှေးမရှိသော ကြက်တူရွေးတစ်ကောင် ရှိသည်။

လင်းအာက ငွေစာရင်းစာအုပ်ကို ပစ်ချပြီး သူ့ဆီသို့ ပြေးလာနေကြောင်းကိုလည်း သူမြင်လိုက်သည်။

“ အကိုရွှီချင်း… အကို ဘာလို့ အခုမှ ပြန်လာတာလဲ ”

လင်းအာသည် မျက်လုံးနီမြန်းနေပြီး ရွှီချင်းကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ ဤအတောအတွင်း သူက ရွှီချင်းကို အလွန်လွမ်းနေခြင်း ဖြစ်သည်။ သူက ရွှီချင်းပေါ်လာနိုး ပေါ်လာနိုး ဆေးဆိုင်အပြင်ဘက်သို့ မကြာခဏ ထွက်ကြည့်လေ့ ရှိသည်။

အပြုံးသည် ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လင်းအာ၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်ပြီး ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အင်ပါယာချီကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို လင်းအာ၏ လက်ထဲမှာ ထည့်ပေးလိုက်သည်။

“ အဲ့ဒါက မင်းအတွက် ”

လင်းအာသည် မျက်လုံးဝင်းလက်သွားပြီး ဝမ်းသာသွားသည်။ သူ့အတွက် ပျော်ရွှင်မှုသည် အလွန်ရိုးရှင်းသည်။ အကိုရွှီချင်းက သူ့အနားမှာရှိနေသရွေ့ အဆင်ပြေသည်။ သူ့ကို အကိုရွှီချင်းပေးသော မည်သည့်လက်ဆောင်ကိုမဆို သူသဘောကျသည်။

ထိုမြင်ကွင်းကို အိမ်ရှေ့စံမင်းသား မြင်သွားသောအခါ သူက ပြုံးလိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။ သူက စားပွဲခုံပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ လွမ်းဆွတ်သတိရခြင်းဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူက အတိတ်တုန်းက ကိစ္စတချို့ကို ပြန်တွေးနေသည့်အလားပင်။

ဘေးမှ ဝူကန်းဝူသည် ခေါင်းခါလိုက်သည်။ အစတွင် သူက စကားပြောရန် တုံ့ဆိုင်းနေသည်။ သို့သော်လည်း အဆုံးမှာ သူက မပြောဘဲ မနေနိုင်ပေ။

“ ကောင်းကင်ဘုံက ရိုက်ချင်တယ်ဆိုရင် တရားမျှတလား မမျှတဘူးလား ဂရုစိုက်မနေဘူး ”

ဝူကျန်းဝူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

ဝူကျန်းဝူသည် ခေါင်းပုဝင်သွားပြီး အလေးအနက် ပြောသည်။

“ တရားမျှတပါတယ် ”

နင်ယန်သည် နှာခေါင်းရှုံ့လိုက်သည်။ သူက ဝူကျန်းဝူကို ဖိနှိပ်ရန် ရွှီချင်းဘက်မှ ကူပြောပေးတော့မည့်အချိန် ခေါင်းဆောင်၏ စကားသံသည် အပြင်ဘက်မှ မြည်ဟိန်းထွက်လာသည်။

“ ဟား ဟား… ငါပြန်လာပြီ ”

“ လမ်းမှာ ဘယ်သူနဲ့ ငါတွေ့ခဲ့လဲ မှန်းကြည့်စမ်းပါ ”

“ ချင်းလေး… မင်းရဲ့ ယောက္ခမကြီးကို ငါခေါ်လာတယ် ”

ဆေးဆိုင်၏ အပြင်ဘက်တွင် ခေါင်းဆောင်သည် ဘဝင်မြင့်သော အမူအရာဖြင့် အထဲသို့ လျှောက်ဝင်လာသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ မျက်နှာဖူးယောင်ပြီး သတိမေ့နေသော လူတစ်ယောက်ကိုလည်း သယ်ဆာင်ထားသေးသည်။ ထိုလူ၏ မျက်နှာကို ကြည့်လျှင် သတိမေ့နေသော ထိုလူက ဖန်ချွန်လမ်းအဖိုးအိုဖြစ်ကြောင်း သတိပြုမိလိမ့်မည်။

All Chapters