← Chapters

တံခါးအတူတူ ဖွင့်ခြင်း… နှလုံးသားခြင်း ပေါင်းစည်းခြင်း

Vol. 72 Ch. 1125

တံခါးအတူတူ ဖွင့်ခြင်း… နှလုံးသားခြင်း ပေါင်းစည်းခြင်း

Vol. 72 Ch. 1125

အကျဉ်းထောင်ဌာန၏ အနက်ပိုင်းထဲမှာရှိသော အင်မော်တယ်တားမြစ်နယ်မြေသည် မူလက ဝမ်ကူးကုန်းမြေတစ်လျှောက် ပျံ့နှံ့တည်ရှိနေခဲ့သော ရှေးဘုရင်ရွှမ်ယုံ၏ အဓိကနန်းတော်များထဲမှ နန်းတော်တစ်ခု ဖြစ်သည်။ အတိတ်တွင် ထိုနေရာတိုင်းသည် မြင့်မြတ်နန်းတော်ဖြစ်သည်။

တော်ဝင်မိသားစုသာလျှင် ထိုနေရာမှာ နေထိုင်နိုင်ကြသည်။

သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးတွင် ထိုနေရာတစ်ခုတည်းသာ ရှိသည်။

သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး၏ ရောက်ရှိလာမှုနှင့် ရှေးဘုရင်ရွှမ်ယုံ၏ ထွက်ခွာသွားမှုကြောင့် ထိုနေရာသည် နတ်ငါး၏ ကျူးကျော်သိမ်းပိုက်ခြင်းခံလိုက်ရသည်။ ထို့ကြောင့် တော်ဝင်အင်မော်တယ်နန်းတော်သည် အင်မော်တယ်တားမြစ်နယ်မြေ ဖြစ်လာသည်။

ထိုနေရာမှ ရတနာအများစုသည် ဒြပ်နှောများ၏ တိုက်စားခြင်းခံလိုက်ရသည်။

သေမျိုးများကို မဆိုထားနှင့် ကျင့်ကြံသူများသည်ပင် ထိုနေရာထဲသို့ ခြေချရန် အလွန်တရာ ခက်ခဲသည်။ လူသားဧကရာဇ်ဒုန်းရှန့်ခေတ်တွင် ဧကရာဇ်သည် ထိုအင်မော်တယ်နန်းတော်အတွက် နတ်ဘုရားနှင့် စစ်ပွဲဆင်နွှဲရန် ဆန္ဒမရှိခဲ့ပေ။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လူသားဧကရာဇ်ရွှမ်ကျန်း၏ အမိန့်အောက်မှာ ထိုအင်မော်တယ်တားမြစ်နယ်မြေကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်အခါက နီလာနတ်သမီးသည် ကျန်းစီယွမ်၏ ခန္ဓာကိုယ်ပေါ်မှာ နိုးထလာပြီး အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားကို ဝါးမျိုသွားခဲ့သည်။ သို့မှသာ ထိုနေရာက လူသားမျိုးနွယ်၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်ရှိလာခြင်း ဖြစ်သည်။

ဖုန်းဟိုင်ဒေသငယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာပြီးနောက် ဒေသငယ်ဖွင့်ဖြိုးတိုးတတ်ရေးအတွက် ရှေးရှုခဲ့သည်။ အင်မော်တယ်တားမြစ်နယ်မြေထဲမှ ရတနာအများစုသည် သတ္တမမင်းသားကြောင့် ဟာလာဟင်းလင်းဖြစ်သွားပြီဖြစ်သော်လည်း ကျန်ရှိသော ရတနာတချို့သည် ဖုန်းဟိုင်ဒေသငယ်အတွက်တော့ အလွန်တန်ဖိုးကြီးမားပေသည်။

ဤအခိုက်အတန့်မှာ အကျဉ်းထောင်ဌာန၏ အနိမ့်ဆုံးအလွှာရှိ တစ်ချိန်က ချိပ်ပိတ်စည်းချအစီအရင် တည်ရှိခဲ့ဖူးသော လှိုင်ခေါင်းများပေါ်တွင် ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်း၏ ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာကြသည်။

နတ်မိမယ်ကျစ်ရွှမ်း၏ တောင်းဆိုမှုကြောင့် ရွှီချင်းသည် မငြင်းဆန်နိုင်ခဲ့ပေ။ အထူးသဖြင့် အချိန်ပုလင်းကို ရရှိပြီးနောက် သူကြားခဲ့ရသော သက်ပြင်းချသံကိုလည်း စူးစမ်းသိချင်သည်။

ထိုသက်ပြင်းချသံသည် ပုံရိပ်ယောင်ဖြစ်ဟန် ရသည်။ သို့သော်လည်း ယခု ရွှီချင်းက ထိုအကြောင်းကို သေချာပြန်စဉ်းစားကြည့်သည့်အခါ ယင်းက အမှန်တကယ် တည်ရှိကြောင်း သူခံစားမိသည်။

အရေးအကြီးဆုံးမှာ အတိတ်တွင် သူသည် ထိုနေရာမှာ သုံးရက်ကြာအောင် မှတ်ဉာဏ်ပျောက်ဆုံးခဲ့သည်။

အမှန်မှာ ယခု သူက ထိုအကြောင်းကို စဉ်းစားလိုက်သည့်အခါ ဖီးနစ်ခန်းမဆောင်နှင့်ပတ်သက်ပြီး ဘာမှသေချာမသိခဲ့ပေ။ အချိန်ပုလင်းသည် သူ့အတွက် မျက်စိဖမ်းစားနိုင်ဆုံးအရာ ဖြစ်သည်။

ထိုခံစားမှုသည် ရွှီချင်းကို အတွေးများစွာ ဖြစ်ပေါ်စေသည်။

လပူဇော်ဒေသကြီးထဲမှာ ကိစ္စများစွာကို တွေ့ကြုံပြီးနောက် အထူးသဖြင့် မေ့လျော့ခြင်းနယ်ပယ်ကို နားလည်ပြီးနောက် သူက မှတ်ဉာဏ်များအကြောင်း အများကြီး ပိုပြီးနားလည်လာသည်။

‘ အဲ့ဒီမှာ ငါရှိနေတုန်းက ငါမတောင့်ခံနိုင်တဲ့ မြင်ကွင်းတချို့ကို မြင်တွေ့ခဲ့တာ ဖြစ်နိုင်တယ်… ဒါကြောင့် အဲ့ဒါတွေကို ငါမမှတ်မိနိုင်တာ ဖြစ်ရမယ် ’

လမ်းတစ်လျှောက်တွင် သူက ထိုအကြောင်းကို နတ်မိမယ်ကျစ်ရွှမ်းအား ပြောပြခဲ့သည်။ ထို့ကြောင့် ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူတို့နှစ်ယောက်သည် လုံးဝမတုံ့ဆိုင်းကြပေ။ သူတို့သည် ချိပ်ပိတ်စည်းချအစီအရင်ထဲသို့ ချက်ချင်း ခြေချလိုက်ပြီး အထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က အောက်သို့ ဆင်းသက်သွားသည်နှင့်အမျှ ကျယ်ပြောသော မြေအောက်နန်းတော်သည် သူတို့၏ မျက်လုံးထဲမှာ ပုံရိပ်ထင်ပေါ်လာသည်။

ထိုနေရာသည် အတိတ်တွင် ရွှီချင်းဝင်ရောက်ခဲ့စဉ်ကနှင့် အနည်းငယ် ခြားနားနေသည်။

အတိတ်တွင် ထိုနေရာမှ ဒြပ်နှောများသည် မြူခိုးသဖွယ် အလွန်သိပ်သည်းသည်။ အရာအားလုံးသည်‌ ဝေဝါးနေပြီး ပုံပျက်တွန့်လိမ်နေသည်။ ထို့ပြင် မြေပြင်ကို အသွေးအသားများဖြင့် ဖုံးလွှမ်းထားသည်။

သို့သော်လည်း ယခု ဤနေရာမှ ဒြပ်နှော(၉၀)ရာခိုင်နှုန်းသည် လွင့်ပြယ်သွားသည်။ မြေပြင်ပေါ်တွင် အသွေးအသားများ မရှိတော့ပေ။ သို့ဖြစ်၍ အပျက်အစီးများ၏ အစစ်အမှန် အသွင်သဏ္ဍာန်က ပြန်ထွက်ပေါ်လာသည်။

သူတို့၏ အမြင်အာရုံထဲမှာ အပြည့်အစုံရှိနေသော အဆောက်အဦးတချို့က လွန်စွာနည်းပါးသည်။ အဆောက်အဦးအများစုသည် ပြိုကျပျက်စီးနေကြသည်။

ရှေးခေတ်ခံစားမှုနှင့် အချိန်ကာလ၏ တိုက်စားမှုအငွေ့အသက်သည် ဤနေရာမှာ အထူးသိသာသည်။

မြေပြင်ပေါ်တွင် ဖြောင့်တန်းစွာ ထောင်မတ်နေသော ဧရာမထောင့်တိုင်များလည်း ရှိသည်။ ယင်းတို့က တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြပြီး အရာအားလုံးကို လင်းထိန်သွားစေသည်။

ဖြစ်နိုင်သည်မှာ နတ်မိမယ်ကျစ်ရွှမ်းက ဤနေရာသို့ မကြာခဏ ရောက်လာဖူးသောကြောင့် ဤနေရာကို အတော်လေး ရင်းနှီးကျွမ်းဝင်ဟန် ရသည်။ သူက လေထဲမှာ မတ်တတ်ရပ်နေပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ယမ်းသွားပြီး အောက်ဘက်သို့ တန်းမတ်စွာ ဆင်းသက်သွားသည်။

ရွှီချင်းသည် သူ့အနောက်မှ လိုက်သွားသည်။

သူတို့နှစ်ယောက်သည် အလွန်မြန်ဆန်စွာ ရွေ့လျားနေကြသည်။

မကြာမီ အပျက်အစီးနယ်မြေတစ်ခုက ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ဒီနေရာပဲ ”

နတ်မိမယ်ကျစ်ရွှမ်းက တုံ့ခနဲ ရပ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

ရွှီချင်း၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ အချိန်ပုလင်းကို သူရရှိခဲ့သော နေရာသည် ဤနေရာဖြစ်သည်။ ထို့ကြောင့် တစ်ခဏကြာ စိုက်ကြည့်ပြီးနောက် ရွှီချင်းသည် မည်သည့်စကားမှမပြောဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။

တစ်လှမ်းချင်း တစ်လှမ်းချင်း သူက အပျက်အစီးနယ်မြေ၏ အရှေ့သို့ ရောက်ရှိသွားသည်။

အတိတ်တွင် ဤနေရာမှာ ဖြစ်ပျက်ခဲ့သော ထူးဆန်းသော အပြောင်းအလဲသည် ယခု ဖြစ်ပေါ်မလာပေ။

‘ အချိန်ပုလင်းကို ငါယူဆောင်ပြီးနောက် ဒီနေရာရဲ့ အပြောင်းအလဲက ပျောက်ကွယ်သွားတာ ဖြစ်မယ်… အနားကပ်သွားတဲ့အချိန်မှာ အဲ့ဒါက ပိုပြီးရှင်းလင်းလာတာ မဟုတ်ဘူး… အဲ့ဒါက တကယ်ပဲ အပျက်အစီးနယ်မြေ ဖြစ်လာတာ ’

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက အပျက်အစီးနယ်မြေကို ဖြတ်လျှောက်သွားနေစဉ် ဘေးပတ်ဝန်းကျင်မှ ပျက်စီးပြိုလဲနေသော နံရံများကို ကြည့်လိုက်သည်။ တချို့သည် သူရင်းနှီးပြီး တချို့သည် သူမရင်းနှီးပေ။

သို့သော်လည်း ထိုရင်းနှီးမှုထဲမှာ မရင်းနှီးသော ခံစားမှု ရှိသည်။

ထိုအကြောင်းအရင်းအားလုံးက ရွှီချင်း၏ မှတ်ဉာဏ်များထဲမှ ခံစားမှုကို တဖြည်းဖြည်း ပြောင်းလဲသွားစေသည်။

ယင်းက ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့အား အချိန်ပုလင်းကို သူသွားယူခိုင်းခဲ့သော နေရာဆီသို့ မရောက်ခင်အထိ ကြာမြင့်ခဲ့သည်။

ထိုနေရာသို့ရောက်သည့်အခါ ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့အနောက်မှ နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်လိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်းသည် သူနှင့် မနီးမဝေးမှာ ရပ်နေသည်။ သူ၏ အဝတ်အစားများသည် နှင်းကဲ့သို့ ဖွေးဖွေးဖြူပြီး သူ၏ ချောမောလှပသော မျက်နှာသည် အေးစက်နေသည်။ သူ၏ မျက်လုံးသည် ကန်ရေပြင်ကို လွှမ်းခြုံထားသော နှင်းမြူခိုးပမာ အေးစက်နေပြီး စိတ်ရှုပ်ထွေးသော အရိပ်အယောင်ကို ထုတ်ဖော်ပြနေသည်။

အထီးကျန်သော အငွေ့အသက်က သူ၏ ခန္ဓာကိုယ်ထဲမှ ဖြည်းညင်းစွာ ပေါ်လျှိုးလာနေဟန် ရသည်။

ထိုခံစားချက်က ရွှီချင်း၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။

အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် ပြောသည်။

“ ကျစ်ရွှမ်း ”

ဤတစ်ကြိမ်တွင် သူက နတ်မိမယ်ဟု မခေါ်ခဲ့ပေ။

နတ်မိမယ်ကျစ်ရွှမ်းသည် ညင်သာစွာ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ အချိန်ပုလင်းကို ဒီနေရာကနေ ငါရခဲ့တာ… အဲ့ဒီနေရာမှာ အချိန်ပုလင်းကို ပြန်ထားလိုက်ရင် ဘာဖြစ်လာမလဲ ငါမသိဘူး… ငါ့အရင်က မှတ်ဉာဏ်တွေက သက်ရောက်ခံခဲ့ရတယ်… မင်း… တကယ်ပဲ ရင်းနှီးတဲ့ ခံစားမှုရဲ့ ဇစ်မြစ်ကို ရှာဖွေချင်တာ သေချာလား ”

“ မင်းက အဲ့ဒါကို အိမ်မက်ထဲမှာပဲ ရင်းနှီးနေရတာက အတိတ်မှာ ဖြစ်ခဲ့တာတွေအားလုံးကို မေ့ပစ်ဖို့ ရွေးချယ်ခဲ့တာကြောင့် ဖြစ်နိုင်တယ် ”

ရွှီချင်း၏ စကားက နတ်မိမယ်ကျစ်ရွှမ်းကို နှုတ်ဆိတ်သွားစေသည်။

အချိန်အတော်ကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး သူ၏ နားနားတစ်ဝိုက်မှ ဆံနွယ်တချို့ကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်လုံးသည် ငြိမ်သက်နေသော ကန်ရေပြင်ပမာ အောက်မေ့ရသည်။ သူက ရွှီချင်း၏ မျက်နှာပေါ်ကို စိုက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အဲ့ဒီအိမ်မက်က ငါ့ကို ဒုက္ခပေးနေတာ နှစ်တွေအတော်ကြာလှပြီ… အဲ့ဒီမီးအိမ်နဲ့ ငါ့ကြားမှာ ဘယ်လိုဆက်နွယ်မှုရှိလဲဆိုတာ ငါသိချင်တယ် ”

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူ့အနောက်မှ နတ်ဘုရားရတနာသိုက်သည် တုန်ယင်သွားပြီး အချိန်ပုလင်းက ထပ်မံပျံသန်းထွက်လာသည်။ ယင်းက သူ့အရှေ့မှာ မျောလွင့်ပြီးနောက် အောက်သို့ ဖြည်းညင်းစွာ ကျဆင်းသွားသည်။

ယင်းက မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခိုက် အချိန်ပုလင်းသည် ရုတ်တရက် တုန်ယင်လာပြီး အဆုံးမဲ့သော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဤအပျက်အစီးနယ်မြေတစ်ခုလုံးကို ထွန်းလင်းတောက်ပသွားစေသည်။ နောက်အခိုက်အတန့်မှာ ဤနေရာသည် စတင်ဝေဝါးလာပြီး အရာအားလုံး ပြောင်းလဲသွားသည်။

ဖီးနစ်ခန်းမဆောင်များသည် မြေကြီးထဲမှ မြှောက်တတ်လာကြသည်။ ထို့နောက် အနီရောင်ရဲရဲတောက်သော တံတိုင်းကြီးများက စက်ဝိုင်းပုံသဏ္ဍာန် ထွက်ပေါ်လာကြသည်။ ဤအပျက်အစီးနယ်မြေသည် ခြံဝန်းတစ်ခုသို့ ပြောင်းလဲသွားသည်။ တခြားခန်းမဆောင်များထက် ပိုပြီးကြီးမားသော ဖီးနစ်ခန်းမဆောင်တစ်ခု ရှိသည်။ ယင်းက အလယ်ခေါင်မှာ တည်ရှိနေခြင်းဖြစ်ပြီး ခြံဝန်းထဲမှာ ထီးထီးမားမား ရပ်နေသည်။

ဖီးနစ်ခန်းမဆောင်ကိုးခုစလုံး ထွက်ပေါ်လာကြသည်။

ရွှီချင်းသည် ထိုအရာကို ကြည့်နေရင်း သူ၏ စိတ်ထဲမှာ ဆုတ်ဖြဲခံနေရသော နာကျင်မှုကို ခံစားမိသွားသည်။ ဤသည်မှာ ပျောက်ဆုံးနေသော မှတ်ဉာဏ်တစ်ခုက သူ့အရှေ့မှ မြင်ကွင်းနှင့်အတူ သူ၏ အသိစိတ်ပင်လယ်ထဲမှာ ပြန်ထွက်ပေါ်လာနေဟန် ရသည်။

နတ်မိမယ်ကျစ်ရွှမ်းသည်တော့ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ဖီးနစ်ခန်းမဆောင်များနှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ကြည့်နေရင်း သူ၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်သွားသည်။

“ ငါ ဒီနေရာကို အရင်က ရောက်ဖူးတယ်… ”

“ အိမ်မက်ထဲမှာ ဒီနေရာမှာ ငါထွက်ပေါ်လာဖူးတယ်… ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက တီးတိုးရေရွတ်လိုက်ပြီး မသိစိတ်မှ အရှေ့သို့ ဆက်လျှောက်သွားသည်။ ခန်းမဆောင်များစွာကို ဖြတ်ကျော်သွားပြီးနောက် သူက အလယ်ခေါင်မှ ဖီးနစ်ခန်းမဆောင်၏ အရှေ့မှာ ရပ်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ငါ… ငါ ဒီနေရာမှာ နေခဲ့ဖူးတယ် ထင်တယ် ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသံသည် တုန်ယင်နေသည်။ သူ့ဘဝ၏ အကြီးမားဆုံး လျှို့ဝှက်ချက်သည် မကြာခဏ ထွက်ပေါ်လာလေ့ရှိသော မည်းနက်နက် အိမ်မက်များဖြစ်သည်။

ယင်းက သူ့အား အလင်းရောင်နှင့် နွေးထွေးမှုကို အလိုအလျောက် လိုက်ရှာစေမိသည်။ သို့မှသာ ထိုအမှောင်ထုက လွင့်ပြယ်သွားလိမ့်မည်။

ယနေ့ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းအားလုံးက သူ့အရှေ့မှာ ရှိနေဟန်ရသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူ၏ နှလုံးသားထဲမှာ ဝမ်းနည်းသော စိတ်ခံစားမှု ထွက်ပေါ်လာသည်။

ထိုဝမ်းနည်းမှုသည် တဖြည်းဖြည်း သိပ်သည်းလာပြီး နောက်ဆုံးမှာတော့ အထီးကျန်မှုသို့ ပြောင်းလဲသွားသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ ဝိညာဉ်သည် အဆုံးမဲ့စွာ လှုပ်ခတ်သွားသည်။ သူ၏ အကြည့်က နတ်မိမယ်ကျစ်ရွှမ်းနောက်သို့လိုက်၍ အဓိကခန်းမဆောင်ဆီသို့ ကျရောက်သွားသည်။ နောက်အခိုက်အတန့်မှာ လျှပ်စီးက သူ၏ စိတ်ထဲမှာ ဝင်းလက်သွားသည့်အလား ဖျက်ဆီးခံလိုက်ရသော မှတ်ဉာဏ်က ပြန်ပေါ်လျှိုးလာသည်။

ထိုမှတ်ဉာဏ်သည် ဤနေရာမှာ သုံးရက်ကြာအောင် သူပျောက်ဆုံးသွားခဲ့သော မှတ်ဉာဏ်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထိုမြင်ကွင်းထဲတွင် သူက အဓိကခန်းမဆောင်ကို တွန်းဖွင့်လိုက်ကြောင်း ရွှီချင်း မြင်သွားသည်။

သို့သော်လည်း သူပြန်မှတ်မိလာသော မှတ်ဉာဏ်ထဲတွင် ခန်းမ၏ အတွင်းဘက်သည် ဟာလာဟင်းလင်းဖြစ်နေသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက နတ်မိမယ်ကျစ်ရွှမ်း၏ တုန်ယင်နေသော အသွင်ပုံစံကို မြင်လိုက်ရသောအခါ မည်သို့မှမခံစားနိုင်ပေ။ ပုံမှန်အားဖြင့် သူ၏ မျက်လုံးထဲမှ နတ်မိမယ်ကျစ်ရွှမ်းသည် ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုပြည့်ဝကာ ပြစ်ချက်ကင်းမဲ့သည်။

သူက အမြဲတမ်း လက်ဦးမှုရယူသူ ဖြစ်သည်။ ပျက်စီးလွယ်သည်ဟူသော စကားလုံးက သူ့အပေါ်မှာ မည်သည့်အခါမှ ထွက်ပေါ်မလာဟန် ရသည်။

သို့သော်လည်း ယနေ့မှာတော့ သူက နတ်မိမယ်ကျစ်ရွှမ်း၏ အခြားတစ်ဖက်ခြမ်းကို မြင်လိုက်ရသည်။

သူက သာမန်မိန်းကလေးတစ်ယောက်နှင့် ဆင်တူသည်။ သူက တုန်ယင်နေပြီး စိုးရိမ်ကြောင့်ကြနေသည်။ ဝမ်းနည်းမှုနှင့် နက်ရှိုင်းသော အထီးကျန်မှုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။

ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်း၏ ဘေးသို့ တိတ်တဆိတ် လျှောက်သွားကာ အေးစက်ပြီး နူးညံ့သော သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ရွှီချင်းသည် သူ၏ လက်မှ နွေးထွေးမှုကို အသုံးပြု၍ နတ်မိမယ်ကျစ်ရွှမ်း၏ လက်မှ အေးစက်မှုကို လွင့်ပြယ်သွားစေသည်။

နတ်မိမယ်ကျစ်ရွှမ်းသည် ခေါင်းလှည့်လိုက်သည်။ ရွှီချင်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားစဉ် သူ၏ မျက်လုံးထဲမှာ မျက်ရည်စများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် တွေ့ကြုံနေရသော လူတစ်ယောက်၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှု ဖြစ်ဟန်တူသည်။ သူ၏ လက်က အဖြူရောင်သို့ ပြောင်းလဲသွားသည့်တိုင် သူက လုံးဝလက်လွှတ်လိမ့်မည်မဟုတ်ချေ။

တစ်ခဏကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို အားတင်းပြုံးပြလိုက်သည်။

“ ငါ အထိန်းအကွပ်မဲ့သွားတယ် ”

ရွှီချင်းသည် ခေါင်းခါလိုက်သည်။ သို့သော်လည်း သူက လက်ကို မလွှတ်ပေ။

နတ်မိမယ်ကျစ်ရွှမ်းသည် မျက်လုံးမှိတ်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက အားနည်းချက်အားလုံးကို ဖယ်ရှားပစ်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သူ့အရှေ့မှ အဓိကခန်းမဆောင်၏ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သည်။

ရွှီချင်းသည် သူ၏ အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး တံခါးပေါ်သို့ နတ်မိမယ်ကျစ်ရွှမ်းနှင့်အတူ လက်တင်လိုက်သည်။

“ ငါမင်းကို အဖော်ပြုပေးမယ် ”

ရွှီချင်းကို ကြည့်နေစဉ် နတ်မိမယ်ကျစ်ရွှမ်း၏ ဝိညာဉ်သည် တုန်ယင်သွားသည်။

ရွှီချင်းသည် သူ့ကို ပြန်ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာ အားစိုက်ထည့်လိုက်ကြသည်။ ကျွီဟူသော မြည်သံက ပဲ့တင်ထပ်သွားသည့်အခါ သူတို့အရှေ့မှ ဖီးနစ်ခန်းမဆောင်၏ တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။

အနက်ရောင် အမှောင်ထုသည် တံခါးနောက်မှ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။

…..

တစ်ချိန်တည်းမှာ သန့်စင်ရေလှိုင်းဒေသကြီးထဲဝယ် ယခင်က ကောင်းကင်လေပြည်ထောင်၏ နန်းမြို့တော်သည် ယခု သတ္တမမင်းသားအပိုင် ဖြစ်သွားသည်။

သူက ထိုနေရာမှာ နန်းဆောင်တစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုနေရာမှာ သူ၏ လက်အောက်ငယ်သားများစွာ ရှိသည်။

သူ့ကိုယ်ပိုင် နောက်လိုက်များအပြင် သူ့မယ်တော်၏ ကလန်သည် သူ့အား အကူအညီပေးရန် လူအများအပြား စီစဉ်ပေးထားသည်။ ထို့ပြင် ဘုရင်ထျန်းလန်၏ နတ်ဘုရားစွမ်းအားကြောင့် သူက ဤနေရာမှာ ပြိုင်ဘက်ကင်းသော အချုပ်အခြာအာဏာကို ပိုင်ဆိုင်ထားသည်။

သို့ဖြစ်၍ ဤနေရာသည် သူ့ကိုယ်ပိုင် နောက်ခံအင်အားစုတစ်စုနှင့် အများကြီး မခြားနားပေ။

သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးပင် ဘုရင်ထျန်းလန်ကို ရှောင်ဖယ်နေရသည်။ သူက အညံ့မခံသော်လည်း တစ်ယောက်နှင့်တစ်ယောက် သဟဇာတဖြစ်ကြသည်။

သို့ဖြစ်၍ သတ္တမမင်းသားအတွက် သူ၏ ဝိညာဉ်ထဲမှ တစ်ခုတည်းသော ဆူးသည် ဖုန်းဟိုင်ဒေသငယ် ဖြစ်သည်။

ပုံမှန်ဆိုလျှင် သူက ဒေသငယ်တစ်ခုကို အရေးမစိုက်ပေ။ သို့သော်လည်း ဖုန်းဟိုင်ဒေသငယ်သည် ခြားနားသည်။

ထိုနေရာတွင် သူ့ဘဝ၏ ပထမဆုံးအကြိမ် ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ထိုနေရာတွင် ရွှီချင်းဟူသော လူငယ်တစ်ယောက်ရှိကြောင်း သူမှတ်မိသည်။

ထို့ကြောင့် သူသည် စစ်မှုထမ်းဆင့်ခေါ်မှုထဲတွင် ဖုန်းဟိုင်ဒေသငယ်အပေါ် အထူးအာရုံစိုက်ခဲ့သည်။ အရာအားလုံးသည် အဆင်ပြေချောမွေ့စွာ ဆက်သွားနေသည်။ သူ၏ အတွေးများအရ ဖုန်းဟိုင်ဒေသငယ်သည် တဖြည်းဖြည်း ပိုင်းခြားခံရပြီး ကျူးကျော်ခံရလိမ့်မည်။

ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲအရှိန်အဟုန်အရဆိုလျှင် ဖုန်းဟိုင်ဒေသငယ်၏ နောက်ဆုံးဦးတည်ရာသည် အညံ့ခံခြင်း သို့မဟုတ် ဖိနှိပ်ခံရခြင်းသာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ဖုန်းဟိုင်ဒေသငယ်သို့ နောက်ဆုံး သူစေလွှတ်ခဲ့သော စစ်တပ်နှင့် အဆက်အသွယ်ပြတ်သွားခြင်းသည် သူ့အား အံ့ဩသွားစေသလို မအံ့ဩသွားစေပေ။

ထိုသတင်းကို အပြည့်အဝ ချိပ်ပိတ်ထားသောကြောင့် စစ်တပ်နှင့် အဆက်အသွယ်ပြတ်သွားရသည့် အကြောင်းအရင်းကို အသေးစိတ် သူမသိထားပေ။ သူ့ကို အံ့ဩသွားစေသည်မှာ ဖုန်းဟိုင်ဒေသငယ်မှာ ယခုအချိန်အထိ တောင့်တင်းသော အခြေခံအုတ်မြစ် ကျန်ရှိနေဆဲဖြစ်သည်။

သူမအံ့ဩရသည့်အရာမှာ ဖုန်းဟိုင်ဒေသငယ်၏ ရွေးချယ်မှုဖြစ်သည်။ ယင်းက သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။

သို့ဖြစ်၍ စစ်တပ်နှင့် အဆက်အသွယ်ပြတ်သွားသည့် သတင်းကို ရရှိပြီးနောက် သတ္တမမင်းသား၏ အကြည့်သည် အေးစက်သွားသည်။ သူက ထိုအကြောင်းကို သူ၏ လက်အောက်ငယ်သားများဖြင့် ဘုရင်ထျန်းလန်ဆီသို့ အကြောင်းကြားလိုက်သည်။ ထို့နောက် သူက ခန်းမအပြင်သို့ ကြည့်လိုက်သည်။

အပြင်ဘက်တွင် ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားကြသော လူနှစ်ယောက်က အမိန့်နာခံရန် စောင့်ဆိုင်းနေကြသည်။

သူတို့ထဲမှ တစ်ယောက်သည် ယခင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင် ဖြစ်သည်။

“ ချန်းယန်းဇီ ”

သတ္တမမင်းသားက တည်ငြိမ်စွာ ပြောသည်။

ခန်းမအပြင်ဘက်မှ မဟာမိတ်ခေါင်းဆောင်သည် ယင်းကို ကြားသောအခါ ချက်ချင်း ခါးညွတ်လိုက်ပြီး အထဲသို့ လျှောက်ဝင်သွားသည်။ အဓိကခန်းမဆောင်ထဲမှာ သူက ရိုသေလေးစားစွာ ဦးညွတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

“ ဒီငယ်သား အခစားဝင်လာပါပြီ ”

သတ္တမမင်းသားသည် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ဆော့ကစားလိုက်ပြီး သာမန်ကာလျှံကာပြောသည်။

“ အရင်တစ်ခေါက်က မင်းပြောခဲ့တဲ့ လူသားဆေးမီးဖိုကို ရယူဖို့ ဖုန်းဟိုင်ဒေသငယ်ဆီ မင်းသွားပါ… အဲ့ဒါက မင်းပြောသလို တကယ်ပဲ နက်နဲသလားဆိုတာ ငါမြင်ကြည့်ချင်တယ် ”

ဤသည်ကို မဟာမိတ်ခေါင်းဆောင်ကြားသောအခါ သူက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက အမြန်နားလည်သွားပြီး တည်ငြိမ်စွာ အရိုအသေပေးလိုက်သည်။

“ ဒီငယ်သား အမိန့်နာခံပါတယ် ”

All Chapters