ငါမင်းကို အရင်သတ်မယ်
Vol. 75 Ch. 1112
တစ်ခဏအတွင်းမှာပင် ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်ငါးယောက်က သေဆုံးသွားခဲ့လေပြီ။
ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများ၏ စိတ်နှလုံးထဲတွင် အိပ်မက်ဆန်ဆန်ခံစားချက်တစ်ခုက မြင့်တက်လာခဲ့လေသည်။
ဓမ္မဝိသေသ တာအိုအရှင်များသည် သူတို့မထိတွေ့နိုင်သော တောင်တန်းများဖြစ်ပြီး ကျင့်ကြံသူတိုင်းကို ဖိက်ဆီးချေမွနိုင်လေသည်။
သို့သော် ယခုအခါမှာတော့ သူတို့ငါးယောက်စလုံးက သေဆုံးသွားကြလေပြီ။
ကျန်ရှိနေသော ကျားနဂါးဂိုဏ်းမှ မူလနတ္ထိ ကိုးဆယ်ကျော်ကျော်သည် ညဝိညာဥ်၏ ထင်တိုင်းကျဲ သတ်ဖြတ်မှုအောက်မှာ လျင်မြန်စွာ လျော့ကျလာခဲ့လေသည်။
ငါးဆယ့်သုံးယောက်....
အစကတော့ ကျားနဂါးဂိုဏ်းသည် မူလနတ္ထိ အယောက်တစ်ရာကျော်ကို စေလွှတ်ခဲ့လေသည်။
သို့သော်လည်း ယခုအခါ သူတို့ထဲမှ တစ်ဝက်သာလျှင် ကျန်ရှိတော့လေသည်။
ဒါ့အပြင် ကျန်ရှိနေသော တစ်ဝက်က ဆူညံပွက်လောရိုက်နေပြီး ညဝိညာဥ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းမရှိကြပေ။
အနက်ရောင်အရိပ်တစ်ချက်ဖြတ်သွားတိုင်း မူလနတ္ထိတစ်ယောက်စ နှစ်ယောက်စက သေဆုံးသွားပေလိမ့်မည်။
အဲ့ဒါက ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်းနေခြင်းနှင့် ဆင်တူလေသည်။
ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် ကြောင်အ,မှင်တက်နေကြလေသည်။
အစကတော့ ကျင့်ကြံသူအချို့သည် အနက်ရောင်ဝတ်လူက ဆူဇီမိုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်ပူပန်ခဲ့ကြလေသည်။
ယခုအခါမှာတော့ ဤအနက်ရောင်ဝတ်လူက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သူတို့နောက်ဆုံးနားလည်သွားကြလေသည်။
ကျင့်ကြံသူတစ်ယောက်၏ ဇွဲလုံ့လက ဘယ်လောက်ပင် သန်မာပါစေ သူတို့သည် ညဝိညာဥ်ကဲ့သို့ ကြောက်စရာကောင်းသည့် တည်ရှိမှုကို ခံနိုင်ရည်မရှိကြဘဲ သူတို့ထဲမှအချို့က စိတ်ဓာတ်များပြိုလဲကျသွားလေသည်။
ဓမ္မဝိသေသ တာအိုအရှင်ငါးယောက် သေဆုံးသွားပြီးနောက် ကျန်ရှိနေသော မူလနတ္ထိများသည် ဆန်းကြယ်တောင်ထွတ်မှာ ဆက်လက်၍မနေရဲကြတော့ဘဲ ထွက်ပြေးကုန်ကြလေသည်။
ညဝိညာဥ်သည် ပြန်လှည့်လာပြီး ဆူဇီမိုကို အလိုလိုကြည့်လိုက်လေသည်။
“သူတို့နောက်ကိုလိုက်....”
ဆူဇီမိုက တာအိုသက်ရှိတစ်ကိုယ်တော်ဝိညာဥ်၊ ဝူလီနှင့် မျက်ကန်းအဖိုးအိုကို အေးစက်စွာကြည့်ပြီး ပြောလိုက်လေသည်။
“သူတို့သုံးယောက်ကို ငါ့အတွက်ထားလိုက်...”
“ဂရုစိုက်ဦး...”
ထိုသို့ပြောပြီးသည်နှင့် ညဝိညာဥ်၏ပုံရိပ်က ဖျပ်ခနဲ လက်သွားပြီး တစ်ဖန်ပျောက်ကွယ်သွားခဲ့လေသည်။
အရှိန်ကုန်တင်၍ ပြေးလွှားနေသော မူလနတ္ထိတစ်ယောက်သည် သူ၏ နောက်ဘက်မှ လေပြေတစ်ချက်တိုက်ခတ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရလေသည်။ သူက မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ဦးခေါင်းမှ နာကျင်မှုကို ခံစားရပြီး သူ၏အသိစိတ်က ပျောက်ဆုံးသွားလေသည်။
ညဝိညာဥ်သည် လုံးဝရပ်နားခြင်းမရှိပဲ ထိုသူကို ဖြတ်ကျော်သွားလေသည်။
ခဏမျှ အနားယူပြီးနောက် နန်းကြည်သည် ဝမ်းသာပျော်ရွှင်စွာဖြင့် ဆူဇီမို၏ဘေးသို့ ရောက်ရှိလာလေသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ သူတို့နှစ်ယောက် စကားအေးအေးဆေးဆေးပြောရမည့်အချိန်မဟုတ်ကြောင်း သူမသိထားလေသည်။ ထိုသို့ဖြင့် သူမသည် လေးနက်သောအသံဖြင့်သာ ပြောလိုက်လေသည်။
“သခင်လေး... ဂရုစိုက်ဦး... အဲ့ဒီနှစ်ယောက်က စုန်းမျိုးနွယ်ကပဲ သူတို့ရဲ့ နည်းလမ်းတွေကလည်း ထူးဆန်းတယ်..”
ယခုအချိန်တွင် နန်းကြည်သည် ဆန်းကြယ်တောင်ထွတ်မှာ တိုက်ခိုက်နိုင်နေသေးသော တစ်ဦးတည်းသောသူဖြစ်လေသည်။
အခြားသော ကျင့်ကြံသူများသည် ဒဏ်ရာမရှိထားဘူးဆိုလျှင်တောင် သူတို့သည် ဤတိုက်ပွဲမှာ ဝင်ပါဖို့အတွက် အဆင့်မမီပေ။
“တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်ကို ချန်ထားဦး... သူ့ကိုချက်ချင်းမသတ်လိုက်နဲ့ဦး...”
ဆူဇီမိုသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
နန်းကြည်သည် တွေဝေသွားသော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့နှစ်ယောက်စလုံးသည် သွေးနှောကပြားများဖြစ်သော်လည်း နန်းကြည်၏ တိုက်ခိုက်ရည်ခွန်အားက တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်ထက် များစွာပို၍ သန်မာလေသည်။
မျက်ကန်းအဖိုးအိုသည် ဟောင်းလောင်းပေါက်ဖြစ်နေသော သူ၏မျက်လုံများဖြင့် ဆူဇီမိုကို အလွန်တရာထူးဆန်းစွာ လှည့်ကြည့်လိုက်လေသည်။
တကယ်တော့ သူက စတင်၍နောင်တရနေပြီ ဖြစ်လေသည်။
သူသာ စောစောက ကြိုသိခဲ့လျှင် ဝူလီနှင့်အတူ ဤနေရာကနေ ချက်ချင်းထွက်ခွာသွားမည် ဖြစ်လေသည်။
သို့သော်လည်း ကျန်ရှိနေသော ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်သည် သူတွေဝေတုံ့ဆိုင်းနေသည့်ခဏမှာပင် သေဆုံးသွားလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
တကယ်တော့ သူသည် တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ကို ကြောက်ရွံ့နေသည်ဟု မဆိုလိုပေ။
ဤကောင်လေး၏ တိုကိခိုက်ရည်ခွန်အားက သန်မာသော်လည်း သူ့ကိုခြိမ်းခြောက်ဖို့ မလုံလောက်ပေ။
အထီးကျန်သိုင်းသခင်သည် သူ့ထက်အဆင့်ကြီးတစ်ဆင့်မြင့်မားသော ဓမ္မဝိသေသ တာအိုအရှင်များကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ထိုသူများသည် သာမန်ကျင့်ကြံသူများဖြစ်နေသောကြောင့်ပင်။
သို့သော်လည်းသူသည် ကမ္ဘာဦးမျိုးနွယ်ကိုးစုမှ ဖြစ်လေသည်။
ကမ္ဘာဦးကိုးစုမှ ဓမ္မဝိသေသ တာအိုအရှင်များသည် လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တိုက်ခိုက်နိင်စွမ်းရှိလေသည်။
မျက်ကန်းအဖိုးအို တကယ်တမ်းစိုးရိမ်ပူပန်သည်မှာ ကျားနဂါးဂိုဏ်းမှ မူလနတ္ထိများနောက်သို့ အမဲလိုက်ထွက်ခွာသွားသော အနက်ရောင်ဝတ်လူကို ဖြစ်လေသည်။
ဘာ့ကြောင့်ရယ်မသိ အနက်ရောင်ဝတ်လူ၏ အော်ရာက သူ့ကိုရင်တလှပ်လှပ်ခံစားချက်မျိုး ပေးနေလေသည်။
သူသည် ထိုကဲ့သို့ မခံစားခဲ့ရသည်မှာ အတော်ကြာမြင့်ခဲ့လေပြီ။
ကမ္ဘာဦးမျိုးနွယ် ကိုးစုမှ အခြားသောမျိုးနွယ်စုများနှင့် ရင်ဆိုင်ရလျှင်တောင် သူက ထိုကဲ့သို့ ခံစားရလိမ့်မည်မဟုတ်ပေ။
ဒါ့အပြင် အနက်ရောင်ဝတ်လူက မူလနတ္ထိအဆင့်မှာသာ ရှိနေသေးလေသည်။
“သူက ဘာပါလိမ့်...”
မျက်ကန်းအဖိုးအိုသည် ဆူဇီမိုကို ရင်ဆိုင်ကြည့်နေရင်း ညဝိညာဥ်၏ သရုပ်သကန်အကြောင်း စဥ်းစားတွေးတောနေလေသည်။
ကံကောင်းထောင်မစွာဖြင့် အနက်ရောင်ဝတ်လူသည် ထွက်ခွာသွားပြီဖြစ်ပြီး ဤနေရာမှရှိမနေတော့ပေ။ မဟုတ်ပါက ထိုသူသည် အထီးကျန်သိုင်းသခင်နှင့် ပူးပေါင်းလိုက်ပါက သူ့အတွက် ကိုင်တွယ်ရ ခက်ခဲလာပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်... ငါက စုန်းမျိုးနွယ်က သခင်လေးပဲ... မြန်မြန်ဒူးထောက်လိုက်စမ်း...”
ဝူလီသည် သူ၏ဣန္ဒြေကို ပြန်ဆယ်ပြီး အရိုးဖြူတောင်ဝှေးကို ဆုပ်ကိုင်ကာ မောက်မာခက်ထန်သောအမူအရာဖြင့် ငေါက်ငမ်းလိုက်လေသည်။
သူသည် တစ္ဆေကျိန်စာသင်္ချိုင်းကနေ ထွက်ခွာ၍ မြောက်ပိုင်းဒေသသို့ ဝင်ရောက်လာပြီးကတည်းက လမ်းတစ်လျှောက်တွင် မည်သူကမှ သူ့ကိုမနာခံဘဲ မနေဝံ့ပေ။
ကျားနဂါးဂိုဏ်းသို့ သူအလည်သွားစဥ်ကတောင် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် သူ့ကို တရိုတသေဆက်ဆံကြလေသည်။
စုန်းမျိုးနွယ်မှ သခင်လေးသည် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းရှိလေသည်။ ကျားနဂါးဂိုဏ်းကိုမပြောနှင့် သူသည် အင်မော်တယ် ၊ မိစ္ဆာနှင့် ဗုဒ္ဓဂိုဏ်းများသို့ ဝင်ရောက်လျှင်တောင် သူတို့က သူ့ကို လေးလေးစားစား နှုတ်ဆက်ကြမည်ဖြစ်လေသည်။
ဝူလီ၏မျက်လုံးထဲတွင် ဆူဇီမိုသည် သန်မာသော်လည်း သူက အနည်းငယ်ပိုမို သန်မာသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်လေသည်။
ပုရွက်ဆိတ်တစ်ကောင်က သူ့ကိုဘယ်လိုစိန်ခေါ်ရဲမှာလဲ...
စုန်းမျိုးနွယ်ဆိုသော စကားကိုကြားရချိန်တွင် ဆန်းကြယ်တောင်ထွတ်အတွင်းမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။
ကမ္ဘာဦးမျိုးနွယ် ကိုးစု....
သူတို့က ကမ္ဘာဦးခေတ်ကို အုပ်စိုးခဲ့သော ဒဏ္ဍာရီလာတည်ရှိမှုများ ဖြစ်လေသည်။
လွန်ခဲ့သည့်နှစ်တစ်ရာက စုန်းမျိုးနွယ်မှ သွေးနှောကပြားတစ်ယောက်သည် မဟာကျိုးအင်ပါယာမှာ အတော်လေးမွှေနှောက်သွားခဲ့လေသည်။ ထိုအချိန်တုန်းက ကျင့်ကြံသူများအားလုံးသည် စိုးရိမ်ပူပန်နေပြီး မည်သူကမှ သူ့ကိုမတိုက်ခိုက်ရဲကြပေ။
ယခု စုန်းမျိုးနွယ်မှ သခင်လေးက ရောက်ရှိလာပြီဖြစ်သောကြောင့် ဘယ်သူကများ သူ့ကိုထိခိုက်အောင်လုပ်ရဲပါ့မလဲ...။
လွန်ခဲ့သည့်နှစ်တစ်သောင်းက ကပ်ဘေးအကြောင်းကို သူတို့က တွေးမိလာကြလေသည်။
နဂါးငယ်တစ်ကောင်၏ သေဆုံးမှုကြောင့် မြောက်ပိုင်းဒေသတစ်ခုလုံးကို စိုးမိုးခြယ်လှယ်ခဲ့သော မဟာချွမ်အင်ပါယာသည် ညတွင်းချင်း အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားခဲ့လေသည်။
ကြီးမားသော အငိပါယာတစ်ခုလုံးက ချက်ချင်းပင် လဲပြိုသွားခဲ့လေသည်။
ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းပင်လျှင် အတိတ်ကာလမှာ ပျောက်ကွယ်သွားခဲ့ရလေသည်။
သူတို့ရှေ့မှလူသည် ထိုစဥ်တုန်းက နဂါးငယ်ထက်ပင် ပိုမိုမြင့်မြတ်သော ဂုဏ်အဆင််အတန်းရှိနေလေသည်။
သူက ဤနေရာမှာ မလှုပ်မယှက်ရပ်နေလျှင်တောင် မည်သူကများ သူ့ကိုထိခိုက်အောင်လုပ်ရဲပါ့မလဲ...။
“ဟုတ်လှချေလား...”
ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။
“ငါက... အရင်တုန်းက နတ်ဘုရားမျိုးနွယ်နဲ့ ယက္ခမျိုးနွယ်ကိုပဲ သတ်ဖြတ်ဖူးသေးတယ်... စုန်းမျိုးနွယ်ကိုပါ သတ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ...”
မျက်ကန်းအဖိုးအိုက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်...ငါက အပိုချဲ့ကားပြောဆိုနေတာတော့ မဟုတ်ဘူး... မင်းတို့ထဲက ဘယ်သူမဆို သူ့ကိုထိခိုက်အောင်လုပ်ရဲမယ်ဆိုရင် မြောက်ပိုင်းဒေသရဲ့ သက်ရှိအားလုံးက သူနဲ့အတူသေရလိမ့်မယ်”
ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် ရင်ထဲမှာ ဒိတ်ခနဲ ခုန်သွားကြလေသည်။
သူတို့ကိုမပြောနှင့် အင်မော်တယ်ကြိုးကြာအိုကြီးပင်လျှင် သိပ်သည်းပြင်းထန်သည့် ဖိအားကို ခံစားလာရလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဝူလီ၏သရုပ်သကန်ကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့်အမျှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မဟာယာန မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူ့ကိုတိုက်ခိုက်ရဲချင်မှာ တိုက်ခိုက်ရဲပေတော့မည်။
ကံမကောင်းစွာနှင့်ပင် သူတို့သည် တခြားဘယ်သူနှင့်မှ မဟုတ်ဘဲ ဆူဇီမိုနှင့် ရင်ဆိုင်နေရလေသည်။
သူသည် ကောင်းနှင််မြေကြီး သို့မဟုတ် တစ္ဆေနှင့် နတ်ဘုရားများကိုပင် မကြောက်ရွံ့သော တစ်စုံတစ်ယောက်ဖြစ်လေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိသူသည် မရေမတွက်နိုင်သော အန္တရာယ်များနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို တွေ့ကြုံခဲ့ရလေသည်။ သို့သော်လည်း သူသည် ဘယ်တုန်းကမှ အလျှော့မပေးဘဲ နောက်ဆုတ်ခဲ့ခြင်းလည်း မရှိပေ။
“အဖိုးကြီး... မင်းငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ...”
ဆူဇီမို၏ စိတ်နှလုံးထဲကနေ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာပြီး သူ၏အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တဖျပ်ဖျပ်ဖြစ်လာပြီး အော်ပြောလိုက်လေသည်။
“ငါဒီနေ့... သူ့ကိုသတ်ရမယ်... မင်းတို့တွေက မဟာကျိုးအင်ပါယာရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် လက်စားချေရဲမယ်ဆိုရင် ငါက တစ်နေ့မှာ မင်းတို့အသိုက်ထဲထိ ဝင်ပြီး မင်းတို့စုန်းတစ်မျိုးလုံးကို သတ်ဖြတ်ချေမှုန်းပစ်မယ်...”
ဟင်း.....
လူတိုင်းက ပင့်သက်ကို ရှိုက်လိုက်ကြလေသည်။
သူတို့သည် ထိုကဲ့သို့သော တစ်စုံတစ်ရာကိုပြောဖို့ စိတ်ကူးပင် မယဥ်ရဲကြပေ။
“မင်း.. မင်း.. မင်း.... ဘယ်လိုတောင် ပြောရဲတာလဲ...”
မျက်ကန်းအဖိုးအို၏ အသံက တုန်ယင်နေလေသည်။
ရှေးဟောင်းခေတ်တုန်းက လူသားဧကရာဇ်သည် စိုးမိုးခြယ်လှယ်ပြီး ပြိုင်ဘက်ကင်းခဲ့စဥ်ကပင် သူသည် ကမ္ဘာဦးမျိုးနွယ်ကိုးစုကို အပြတ်အသတ်မချေမှုန်းနိုင်ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ချောင်ကြိုချောင်ကြားသို့သာ မောင်းထုတ်နိုင်ခဲ့လေသည်။
သို့သော် ယနေ့မှာတော့ လူသားမျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက်သည် ပေါ်ထွက်လာခဲ့ပြီး စုန်းမျိုးနွယ်ကို ဖျက်ဆီးချေမှုန်းပစ်ချင်သည်ဟု ကြေညာမောင်းခတ်လာခဲ့လေသည်။
သူ၏ အနာဂတ်အောင်မြင်မှုများက ဘယ်လောက်ထိကြီးမားလာမည်ကို ပြောစရာမလိုဘဲ သူ၏ရဲဝံ့မှုကပင် ပြိုင်ဘက်ကင်းနေလေပြီ။
မျက်ကန်းအဖိုးအို၏ စိတ်နှလုံးထဲတွင် သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာခဲ့လေသည်။
“ငါ ဒီကောင်လေးကို အသက်ရှင်လျက်ထားလို့မဖြစ်ဘူး..’
ထိုအတွေးက မျက်ကန်းအဖိုးအို၏.စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ‘သူက ကြီးထွားလာမယ်ဆိုရင် နောက်ထပ်လူသားဧကရာဇ်တစ်ယောက်ဖြစ်လာနိုင်တယ်... သူက အရင်လူသားဧကရာဇ်ထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းနိုင်လောက်တယ်...။’
မျက်ကန်းအဖိုးအိုက သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာသည့်အချိန်မှာပင် ဆူဇီမို၏ အာရုံခံသတိစိတ်က အဲ့ဒါကို ခံစားမိလိုက်လေသည်။
“ဟမ့်.... မင်းက ငါ့ကိုသတ်ဖြတ်ဖို့အတွက် ဘယ်လိုတောင် စိတ်ကူးရဲတာလဲ...”
ဆူဇီမိုက အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“အဖိုးကြီး... ငါမင်းကိုအရင်သတ်မယ်...”