လှည့်စားတတ်သောကျိန်စာ
Vol. 75 Ch. 1113
ဆူဇီမို၏ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးများက တဖြောက်ဖြောက်မြည်နေပြီး ဓမ္မစွမ်းအားတောင်ပံတစ်စုံက ထွက်ပေါ်လာခဲ့လေသည်။ သူက ဖျပ်ခနဲဆို အလွန်တရာလျင်မြန်စွာဖြင့် မျက်ကန်းအဖိုးအိုဆီသို့ ပြေးဝင်သွားလေသည်။
စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုမှ တစ်စုဖြစ်ပြီး မြင့်မြတ်သောမျိုးဆက်သွေးကို ပိုင်ဆိုင်ထားလေသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်သည် နတ်ဘုရားမျိုးနွယ်နှင့် နဂါးမျိုးနွယ်၏ ခန္ဓာကိုယ်များနှင့် နှိုင်းယှဥ်လျှင် အတော်လေးကို အားနည်းနိမ့်ကျလေသည်။
စုန်းမျိုးနွယ်အထူးပြုသည်မှာ သူတို့၏ လျှို့ဝှက်နက်နဲ၍ ကြိုတင်မခန့်မှန်းနိုင်ဘဲ ကြောက်စရာကောင်းသော စုန်းကဝေအတတ်ဖြစ်လေသည်။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်းခန္ဓာကိုယ်သည် သန်မာသောမျိုးဆက်သွေး မရှိသော်လည်း သူ၏ကိုယ်ကာယသည် မာကြောခက်ထန်ပြီး တာအိုအရှင်ဓမ္မလက်နက်များပင် အဲ့ဒါကို မကိုင်လှုပ်နိုင်ပေ။
အဲ့ဒါကြောင့် သူသည် မျက်ကန်းအဖိုးအိုနှင့် အနီးကပ်တိုက်ခိုက်ဖို့ ရည်ရွယ်လိုက်လေသည်။
တကယ်တော့ သူ၏ အစစ်အမှန်နဂါးဖြစ်သည်ဆိုလျှင် ဤတိုက်ပွဲက များစွာပို၍ ရိုးရှင်းပေလိမ့်မည်။
သူသည် အကွာအဝေးတစ်ခုထိ ချည်းကပ်ပြီး သူ၏ခန္ဓာကိုယ် ၊ မျိုးဆက်သွေးစွမ်းအား သို့မဟုတ် ကျတ်တီးမြေကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့်အမျှ သူသည် မျက်ကန်းအဖိုးအိုကို ကြီးမားပြင်းထန်စွာ ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
“မင်းကတော့... သေချင်နေပြီပဲ...”
ဆူဇီမိုက မြန်ဆန်သော်လည်း မျက်ကန်းအဖိုးအိုး၏ တုံ့ပြန်မှုက ပို၍ပင် မြန်ဆန်လေသည်။
သူက မျက်စိကွယ်နေသော်လည်း သူ၏ အကြားအာရုံက ပို၍ထက်ရှလေသည်။
သူ၏ ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ဆူဇီမို၏ လှုပ်ရှားမှုမှန်သမျှကို ခံစားမိနေလေသည်။
မျက်ကန်းအဖိုးအိုသည် သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး အရိုးဖြူတောင်ဝှေးတစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။
တောင်ဝှေး၏အထက်တွင် ကြောက်စရာကောင်းသော ဦးခေါင်းခွံတစ်လုံးရှိနေလေသည်။
မျက်ကန်းအဖိုးအိုသည် သူ၏တောင်ဝှေးကို မြေပြင်ပေါ်မှာစိုက်ချပြီး ထူးဆန်းသော ဂါထာမန္တန်များကို ဆက်တိုက်ရွတ်ဖတ်လိုက်လေသည်။
ဝူးဝူးဝူး....
ရုတ်တရက် လေထဲတွင် ဦးခေါင်းခွံကိုးခုက ထွက်ပေါ်လာပြီး ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
အရိုးစုကျိန်စာ...
မျက်ကန်းအဖိုးအို ထုတ်ဖော်လိုက်သော အရိုးစုကျိန်စာသည် စုန်းမျိုးနွယ်မှ သခင်လေးထက် ပို၍ပင်သန်မာလေသည်။
ဆူဇီမိုသည် မဆင်မခြင်မပြုမူရဲဘဲ သူ၏အသိစိတ်ထဲတွင် ဂါထာမန္တန်ရွတ်ဖတ်သံများက ထွက်ပေါ်လာခဲ့လေသည်။
“ဥုံ....”
“မာ.....”
“ဏီ....”
“ပါ.....”
ရုတ်တရက် ဆူဇီမိုသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး အလွန်ကျယ်လောင်သော ဂါထာမန္တန်စာလုံးလေးလုံးကို ဆက်တိုက်ရွတ်ဆိုလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူက လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်လေသည်။
ဘန်း.. ဘုန်း.. ဘုန်း...
ကောင်းကင်ထက်မှ ဓမ္မချိပ်စည်းများက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး ရွှေရောင်အလင်းများဖြင့် တောက်ပကာ ဝင်ရောက်လာသော အရိုးခေါင်းများကို ဖိနှိမ်လိုက်လေသည်။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် မြေပြင်ပေါ်မှာ အမြစ်တွယ်သွားသည့်အလား ဓမ္မချိပ်စည်းတစ်ခုကို ထုတ်ဖော်၍ ခိုင်မာစွာရပ်လိုက်လေသည်။
တာမင်းမန္တန်ကို တာမင်းဓမ္မချိပ်စည်း လေးခုနှင့်ပေါင်းစပ်လိုက်ပြီး ၎င်း၏ စွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းဖြင့် အဆုံးသတ်လိုက်လေသည်။
တာမင်းမန္တန်သည် အသံနယ်ပယ် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး အမြဲတမ်း ထိရောက်မှုရှိခဲ့လေသည်။ သို့သော်လည်း ဂါထာမန္တန်အသံများ ဆင်းသက်လာပြီးတာတောင် အဲ့ဒါက မျက်ကန်းအဖိုးအိုအပေါ် သက်ရောက်မှုမရှိသည်ဟု ထင်ရလေသည်။
လေထဲကနေ ပျံသန်းလာသောအရိုးခေါင်းများသည် ခဏမျှသာ ရပ်တန့်သွားပြီးနောက် ရှေ့သို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။ ဗုဒ္ဓဓမ္မချိပ်စည်းသုံးခုဖြစ်သည့် မိစ္ဆာနှိမ်နင်းချိပ်စည်း ၊ အင်မော်တယ်ထောင်ချောက်ချိပ်စည်းနှင့် သားရဲနှိမ်နင်းချိပ်စည်းတို့သည် ဆင်းသက်လာခဲ့ပြီး အရိုးခေါင်းသုံးခုနှင့် ခဏမျှကြာအောင် လွန်ဆွဲနေခဲ့လေသည်။
ကျန်ရှိနေသော ဦးခေါင်းခွံ ၆ ခုမှာတော့ သူတို့သည် ဆူဇီမိုထံသို့ ခုန်ဝင်လာပြီး သူ့ကိုကိုက်ခဲလိုက်ကြလေသည်။
မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းကနေ ဖြစ်ပေါ်လာသော ဓမ္မစွမ်းအား အကာအရံအလွှာသည် မြင်နိုင်သောနှုန်းထားဖြင့် ပျက်ပြယ်လာခဲ့လေသည်။
“အား....”
ဆူဇီမိုသည် ခပ်သဲ့သဲ့ညည်းတွားလိုက်ပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့လေသည်။
သူ၏ခွန်အားသည် စုန်းမျိုးနွယ်မှ ဓမ္မဝိသေသ တာအိုအရှင်တစ်ပါးနှင့် ရင်ဆိုင်ရချိန်တွင် အားနည်းသွားသည်ဟု ထင်ရလေသည်။ ထိုအခိုက်အတန့်တွင် သူက ဖန်တီးခြင်းကြာပဒုမ္မာကို လွမ်းဆွတ်တမ်းတမိလေသည်။
သူ့လက်ထဲမှာ ဖန်တီးခြင်းကြာပဒုမ္မာရှိမည်ဆိုလျှင် သူတို့သည် မည်သည့်စုန်းကဝေအတတ်ပင်ဖြစ်ပါစေ ထိုဦးခေါင်းခွံများက သူ့ထံသို့ ချည်းကပ်လာနိုင်လိမ့်မည်မဟုတ်ပေ။
“သတ်...”
ဆူဇီမိုသည် သူ၏ခေါင်းကို မော့၍ အသံနယ်ပယ်လျှို့ဝှက်အတတ် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်လေသည်။
ယခုအခါ သူသည် မဟာဗလာနယ်စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်းကို ရရှိထားပြီး ထိုအသံလျှို့ဝှက်အတတ်၏ စွမ်းအားက သိသိသာသာတိုးတက်လာခဲ့လေသည်။
အစက ဆူဇီမိုကို ကိုက်ခဲနေသော ဦးခေါင်းခွံများက ဆတ်ခနဲ တုန်ယင်သွားလေသည်။
ရုတ်တရက်ဆိုသလို... ဆူဇီမို၏အောက်ဘက်တွင် ဧရာမသားရဲတောကောင်တစ်ကောင်က ထွက်ပေါ်လာခဲ့လေသည်။
၎င်း၏ ခြေလေးချောင်းသည် မလှုပ်ရှားနိုင်သော ကျောက်တိုင်ကြီးများကဲ့သို့ မားမားမတ်မတ် ရပ်တည်နေလေသည်။
သူ၏ကျောပေါ်တွင် ဧရာမအုပ်ခွံတစ်ခုရှိပြီး ၎င်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို ခတ်နှိပ်ထားလေသည်။
သားရဲတောကောင်သည် လိပ်ဦးခေါင်းနှင့် မြွေဦးခေါင်းတို့ပါရှိပြီး ၎င်း၏မျက်လုံးများက နတ်ဘုရားဆန်ဆန်အလင်းဖြင့် တလက်လက်တောက်ပနေကာ ၎င်း၏ဦးခေါင်းကိုမော့၍ သံရှည်ဆွဲကာ အော်မြည်လိုက်လေသည်။
အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်က ဆင်းသက်လာခဲ့လေပြီ။
မဟူရာကုန်းလိပ်ပေါ်မှာ မတ်တတ်ရပ်နေရင်း ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ အလွန်တရာ သန်မာသောဓမ္မစွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ခန္ဓာပေါ်ရှိ ဦးခေါင်းခွံခြောက်ခုကို လွင့်ကန်ထွက်သွားစေလေသည်။
သူ၏ခွန်အားကို တစ်ဖန်စိုက်ထုတ်ပြီး မျက်ကန်းအဖိုးအိုဆီသို့ ပြေးဝင်လာခဲ့လေသည်။
သူက အနိုင်မရရှိနိုင်ပေ...
သူက ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မယှဥ်နိုင်ဖြစ်နေလေသည်။ ဆူဇီမိုသည် အရိုးစုကျိန်စာကနေ လွတ်မြောက်နိုင်ဖို့အတွက် သူ၏ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ရပြီးလေပြီ။
သို့သော်လည်း သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ ရှိမနေပေ။
သူလုပ်စရာရှိသည်မှာ မျက်ကန်းအဖိုးအို၏ စိတ်အာရုံကိုဆွဲဆောင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေဖို့သာဖြစ်လေသည်။
တကယ့်သတ်ဖြတ်ကွက်က သူ့ထံမှထွက်ပေါ်လာမည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်ကြားတိုက်ပွဲက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်ထားလေသည်။
တိုက်ပွဲနယ်မြေရှိ မျက်ကန်းအဖိုးအိုကို အသာထား... ဘေးကနေကြည့်နေသူများပင်လျှင် သူတို့နှစ်ယောက်အပေါ်မှာ အာရုံစူးစိုက်ကျရောက်နေကြလေသည်။
ခပ်လှမ်းလှမ်းရှိ ကျားနဂါးဂိုဏ်းမှ မူလနတ္ထိများ၏ စူးစူးဝါးဝါးအော်သံများသည် ရုတ်တရက်ရပ်တန့်သွားသည်ကို မည်သူကမှ သတိမထားမိကြပေ။
တစ်စုံတစ်ယောက်က အဲ့ဒါကိုသတိထားမိလျှင်တောင် များစွာတွေးတောစဥ်းစားလိမ့်မည် မဟုတ်ပေ။
အဲ့ဒါက ဘယ်လိုအဓိပ္ပါယ်ရသလဲ...
ပြေးဝင်လာသော ဆူဇီမိုကို ကြည့်ပြီး မျက်ကန်းအဖိုးအိုက အေးစက်စွာဖြင့် သရော်ပြုံးလိုက်လေသည်။
သူ့အတွက်တော့ ဆူဇီမိုသည် အရှိန်ကုန်နေသော မြားတစ်စင်းသာဖြစ်လေသည်။
ဤကောင်လေးက သူ့အနားသို့ချည်းကပ်ချင်သည်ဆိုလျှင် အဲ့ဒါက အရူးအိပ်မက်တစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။ သူ့မှာ ဤကောင်လေးကို တားဆီးဖို့အတွက် မရေမတွက်နိုင်သော နည်းလမ်းများရှိပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးကို နီးကပ်မလာစေရန် တားဆီးထားနိုင်လေသည်။
ရုတ်တရက် ဘာ့ကြောင့်ရယ်မသိ မျက်ကန်းအဖိုးအိုသည် ရင်တစ်ချက်ထိတ်သွားလေသည်။
ထိုစိုးတထိတ်ထိတ်ခံစားချက်က အလွန်တရာ ဖျော့တော့လေသည်။
အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူတို့ကအဲ့ဒါကို လုံးဝဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း မျက်ကန်းအဖိုးအိုသည် အမြင်အာရုံကိုဆုံးရှုံးပြီးနောက် သူ၏အာရုံခံစိတ်က အလွန်တရာထက်ရှလာခဲ့လေသည်။
သူသည် ရုတ်တရက်ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားလေသည်။
မကောင်းတော့ဘူး!....
မျက်ကန်းအဖိုးအို၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို စိမ်းညိုရောင်အလင်းလွှာတစ်ခုက လွှမ်းခြုံ၍ မှုန်ရီဝေဝါးသွားလေသည်။
မသိလိုက်မသိဘာသာနှင့်ပင် အနက်ရောင်ပုံရိပ်တစ်ခုက သူ့နောက်ကနေ ထွက်ပေါ်လာခဲ့လေသည်။
အဲ့ဒါက တစ္ဆေတစ်ကောင် သို့မဟုတ် ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်လေသည်။ အဲ့ဒါက ညဘက်မှာ လမ်းလျှောက်လာသော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လေသည်။
ညဝိညာဥ်က ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
အဲ့ဒါက ဆူဇီမိုနှင့် ညဝိညာဥ်ကြားက အလိုလိုနားလည်သဘောနိုင်စွမ်းဖြစ်လေသည်။
သူတို့နှစ်ယောက်သည် အသံထုတ်လွှင့်ပို့လွှတ်ခြင်း သို့မဟုတ် အကြည့်ချင်းဖလှယ်စရာပင် မလိုအပ်ပေ။
အကြောင်းမှာ ဆူဇီမိုသည် စုန်းမျိုးနွယ်မှ ဓမ္မဝိသေသ ပညာရှင်ကို သူတစ်ယောက်တည်းနှင့် အနိုင်မယူနိုင်ဘူးဆိုတာကို ညဝိညာဥ်က သိထားသောကြောင့်ဖြစ်လေသည်။
ဆူဇီမိုက မျက်ကန်းအဖိုးအို၏ စိတ်အာရုံကို မဆွဲဆောင်ထားဘူးဆိုလျှင် ညဝိညာဥ်သည် သူ့နားသို့ ဤမျှအထိ လွယ်လွယ်ကူကူချည်းကပ်လာနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက် ပူးပေါင်းလိုက်မည်ဆိုမှသာ စုန်းမျိုးနွယ်မှ ဤဓမ္မဝိသေသ တာအိုအရှင်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင် ညဝိညာဥ်သည် ကျားနဂါးဂိုဏ်းမှ မူလနတ္ထိများနောက်သို့ ပြေးလိုက်ပြီး မျက်ကန်းအဖိုးအိုကို စိတ်အာရုံပျက်ယွင်းစေခဲ့ခြင်း ဖြစ်လေသည်။
သူတို့၏ အစီအစဥ်က အောင်မြင်ခဲ့လေသည်။
သို့သော်လည်း မျက်ကန်းအဖိုးအို၏ တုံ့ပြန်မှုက လုံလောက်အောင် မြန်ဆန်နေလေသည်။
သူသည် စုန်းမျိုးနွယ်၏ အသက်ကယ်စုန်းအတတ် လှည့်စားခြင်းကျိန်စာကို ထုတ်ဖော်လိုက်လေသည်။
သူ၏ ပုံရိပ်က ပျောက်ကွယ်မတတ် ဝေဝါးသွားပြီး ခန့်မှန်းကြည့်၍ မရနိုင်တော့ပေ။
ညဝိညာဥ်က သူ၏လက်ကို ဆန့်ထုတ်ပြီး ရှေ့သို့ဖမ်းဆွဲလိုက်လေသည်။
သူသည် မျက်ကန်းအဖိုးအိုကို ကုတ်ခြစ်မိသွားသော်လည်း အဲ့ဒီမှာ မည်သည့်သွေးမှ ထွက်မလာခဲ့ပေ။
မျက်ကန်းအဖိုးအိုသည် သူ၏ရှေ့တည့်တည့်မှာရှိသော်လည်း သူ၏တိုက်ခိုက်မှုက လွဲချော်သွားခဲ့လေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ညဝိညာဥ်၏ တိုက်ခိုက်မှုတိုင်းသည် တစ်ဖက်ကျင့်ကြံသူကို သေချာပေါက် သေစေနိုင်ခဲ့စေချည်းသာ ဖြစ်လေသည်။ သို့သော်လည်း ဤတစ်ခေါက်မှာတော့ သူက လွဲချော်သွားခဲ့လေသည်။
အဲ့ဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်လေသည်။
သူတို့က အဲ့ဒါကို လွဲချော်သွားသည်နှင့် ဆူဇီမိုနှင့် ညဝိညာဥ်သည် မျက်ကန်းအဖိုးအိုကို သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
အဲ့ဒီမှာ စုန်းမျိုးနွယ်မှ ထူးဆန်းသော လျှို့ဝှက်အတတ်များစွာ ရှိလေသည်။
မျက်ကန်းအဖိုးအိုက ထွက်ပြေးချင်သည်ဆိုလျှင် ဆူဇီမိုနှင့် ညဝိညာဥ်သည် သူတို့၏အစွမ်းအစအရ ထိုသူကို ဖမ်းမိနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ညဝိညာဥ်၏မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ခနဲလက်သွားလေသည်။
ရုတ်တရက် ရှည်လျား၍ ခရမ်းရောင်သန်းနေသော ကြေးခွံများနှင့် အမြီးတစ်ချောင်းက သူ၏ နောက်ကနေ ပေါ်ထွက်လာခဲ့လေသည်။
အမြီးဖျားသည် အလွန်တရာထက်ရှပြီး အေးစက်စက်အလင်းဖြင့်တောက်ပနေကာ မျက်ကန်းအဖိုးအို ရှိရာဘက်သို့ ရက်ရက်စက်စက်တိုးဝင်သွားလေသည်။
ဖွီ....
လက်ဆတ်သောသွေးရောင်က ဖြာထွက်လာခဲ့လေသည်။
ညဝိညာဥ်၏ အမြီးသည် လှည့်စားခြင်းကျိန်စာကို မချိုးဖျက်နိုင်သော်လည်း ၎င်းက မျက်ကန်းအဖိုးအို၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထိုးဖောက်သွားနိုင်ခဲ့လေသည်။