ကိစ္စများကြေလည်သွားခြင်း
Vol. 75 Ch. 1115
သီကလန်၏ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးသည် ကြောက်စရာကောင်းသောခွန်အားနှင့်အတူ တိုက်ခိုက်ခဲ့ပြီး အဆင့်-၆ ဖန်တီးခြင်းကြာပဒုမ္မာက ပျက်စီးသွားခဲ့ရလေသည်။
သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာသည် ကမ္ဘာပေါ်ရှိ အဆုံးစွန်ရတနာတစ်ခု ဖြစ်လေသည်။ သူ၏ ကြာခုံ ၊ ကြာရိုးနှင့် ကြာရွက်များက ကြေမွသွားပြီး မည်သည့်စိတ်ဝိညာဉ်ချီမှ မကျန်ရှိတော့ဘူးဆိုလျှင်တောင် ကြာစေ့ ၅၄ စေ့ကတော့ အကောင်းတိုင်း ကျန်ရှိနေသေးလေသည်။
ဆူဇီမို၏ အသိစိတ်ထဲတွင် အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်သည် ကြာခုံပြောင်အောက်မှာ ထိုင်နေလေသည်။
စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ၏ မုန်တိုင်းက ဖြစ်ပေါ်လာသည့်ခဏမှာပင် အနက်ရောင်ဆံပင်နှင့်အမြုတေစိတ်ဝိညာဥ်သည် မတ်တတ်ထရပ်ပြီး ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်လေသည်။ သူ၏ဘေးတွင် အစိမ်းရောင်အလင်းတန်းများက ကြွတက်လာခဲ့လေသည်။
ကြာစေ့ ၅၄ စေ့သည် သူ၏အသိစိတ်ထဲမှာ ဆက်တိုက်စုဝေးသွားပြီး တစ်ခဏအတွင်းမှာပင် ထက်ရှသော အစိမ်းရောင်ကြာပန်းဓားကို ဖြစ်ပေါ်လာစေလေသည်။
အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ တစ်မူထူးခြားသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြစ်လေသည်။ ဤအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ထွက်ပေါ်လာသောအခါ ၎င်းသည် သာမန်ဓမ္မဝိသေသ တာအိုအရှင်များ၏ အမြုတေစိတ်ဝိညာဥ်ကိုပင် ပိုင်းဖြတ်နိုင်လေသည်။
အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်က တောက်လောင်နေသော အကြည့်နှင့်အတူ ရှေ့သို့လက်ညိုးထိုးလိုက်လေသည်။
အစိမ်းရောင်ကြာပန်းဓားသည် ဝင်ရောက်လာသော စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းမုန်တိုင်းကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေသည်။
ဘုန်း....
အဲ့ဒီမှာကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
စိမ်းညိုရောင် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းမုန်တိုင်းနှင့် အစိမ်းရောင်ကြာပန်းဓားက ချက်ချင်းပင်အေးခဲသွားလေသည်။
အဲ့ဒီနောက် တစ်ခဏအတွင်းမှာပင် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းမုန်တိုင်းက ပျက်ပြယ်သွားလေသည်။ အစိမ်းရောင်ကြာပန်းဓားကလည်း ကြာစေ့ ၅၄ စေ့အဖြစ်ပြန်လည်ကွဲထွက်သွားခဲ့လေသည်။
သူတို့က အရောင်မှိန်ကျသွားပြီး မည်သည့်စိတ်ဝိညာဥ် သို့မဟုတ် မည်သည့်အရောင်အဝါမှ မရှိတော့ဘဲ သူ၏အသိစိတ်ထဲမှာ ပြန့်ကျဲသွားလေသည်။
သူက အဲ့ဒါကို တောင့်ခံနိုင်ခဲ့လေသည်။ ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချပြီး ရင်ထဲမှာ တလှပ်လှပ်ခံစားလိုက်ရလေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် စောစောက တိုက်ပွဲမှာ အစိမ်းရောင်ကြာပန်းဓားကို ထုတ်မသုံးခဲ့ရသေးပေ။
မဟုတ်ပါက မျက်ကန်းအဖိုးအို၏ စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်ဖို့အတွက် လုံလောက်လေသည်။
စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ၏ မုန်တိုင်းက ပျက်ပြယ်သွားခံလေပြီ။
သို့သော်လည်း စုန်းမျိုးနွယ်၏ တစ်မူထူးခြားသောဆိုးယုတ်စွမ်းအားက သူ၏စိတ်ထဲမှာရှိနေဆဲဖြစ်ပြီး စိမ်းညိုရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားလေသည်။
အခြားတစ်စုံတစ်ယောက်အတွက်တော့ ထိုစွမ်းအားက အလွန်တရာ ခြိမ်းခြောက်နိုင်စွမ်းကြီးမားလေသည်။
သို့သော်လည်း အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံထားသော ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်တွင် အဲ့ဒါက ဘာမှပြောပလောက်စရာ မဟုတ်တော့ပေ။
သိပ်မကြာမီ သူ၏အသိစိတ်ထဲမှာ အကန့်အသတ်မဲ့သော ဂါထာမန္တန်ရွတ်ဖတ်သံများက ထွက်ပေါ်လာခဲ့လေသည်။
လေထဲတွင် ရွှေရောင်အလင်းတန်းများက ပြည့်နှက်လာပြီး အဲ့ဒါက ဆိုးယုတ်စွမ်းအားများကို ကုန်စင်အောင် ဖျက်ဆီးပစ်လိုက်လေသည်။
မျက်ကန်းအဖိုးအိုက အနည်းငယ်ကြောင်အ,မှင်တက်သွားလေသည်။
သူက ခဏမျှစောင့်ဆိုင်းနေခဲ့သော်လည်း သေဆုံးသွားသင့်သည့် တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် သေဆုံးမည့် မည်သည့်လက္ခဏာမှ ပြသမလာခဲ့ပေ။ ထိုအစား သူက စွမ်းအားကြီးသောအော်ရာနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေလေသည်။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...
ဒီကောင်လေးက စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာကို ဘယ်လိုတောင် ခုခံနိုင်ခဲ့တာလဲ...။
ဒါ့အပြင် အဲ့ဒါက သူကိုယ်တိုင်ထုတ်ဖော်လိုက်သော စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာတစ်ခု ဖြစ်လေသည်။
ထိုသို့ သူစိတ်အာရုံပျက်ယွင်းသွားသည့်ခဏမှာပင် ညဝိညာဥ်က တစ်ဖန်ပြန်ပေါ်လာပြီး သူ၏လက်သည်းများကို ဆန့်ထုတ်၍ မျက်ကန်းအဖိုးအို၏ ဦးခေါင်းကို ကုတ်ဆွဲလိုက်လေသည်။
မျက်ကန်းအဖိုးအိုက သူ၏ခြေထောက်ကို ရွေ့လျား၍ ဘေးဘက်သို့ ရှောင်တိမ်းလိုက်လေသည်။ သို့သော်လည်း သူသည် ညဝိညာဥ်နှင့် လွန်စွာနီးကပ်နေပြီဖြစ်ပြီး စဦးအရေးနိမ့်မှုကို ကြုံတွေ့လိုက်ရလေသည်။ သူက အလွယ်တကူ ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့မလဲ ။
မျောက်တစ်ကောင်ကဲ့သို့ ညဝိညာဥ်သည် ထပ်ကြပ်မကွာလိုက်ပါလာပြီး အဆက်မပြတ် တိုက်ခိုက်လိုက်လေသည်။ ညဝိညာဥ်၏ တိုက်ခိုက်မှုတိုင်းသည် ချိန်သားကိုက်မှုအရဖြစ်စေ.. ရှုထောင့်အရဖြစ်စေ မည်သည့်အပိုလှုပ်ရှားမှုမှမရှိဘဲ တိကျပြည့်စုံနေလေသည်။
ဖောက်...
နောက်ဆုံးမှာတော့ မျက်ကန်းအဖိုးအို၏အဆုတ်သည် ဒဏ်ရာရရှိထားပြီး အဆက်မပြတ်လှုပ်ရှားနေရလေသည်။ သူက အနည်းငယ်မောဟိုက်လာပြီးနေုက် သူ၏လှုပ်ရှားမှုက အနည်းငယ်နှေးကွေးသွားကာ ညဝိညာဥ်က ထိုဟာကွက်ကို ဖမ်းဆုပ်ပြီး သူ၏ လက်သည်းတစ်ဖက်ဖြင့် ကုတ်ဆွဲ၍ မျက်ကန်းအဖိုးအို၏ ရင်ဘတ်ကို ထိုးဖောက်လိုက်လေသည်။
ညဝိညာဥ်သည် မျက်ကန်းအဖိုးအို၏နှလုံးကို သူ၏ရင်ဘတ်ထဲကနေ တိုက်ရိုက်ဆွဲထုတ်လိုက်လေသည်။
အဲ့ဒါက စိမ်းညိုရောင် နှလုံးတစ်တစ်ခု ဖြစ်လေသည်။
၎င်းသည် မျက်ကန်းအဖိုးအို၏ ခန္ဓာကိုယ်ထဲကနေ ထွက်လာခဲ့ပြီးတာတောင် ထိုနှလုံးက ခုန်နေဆဲဖြစ်လေသည်။ အဲ့ဒါက အလွန်တရာမကောင်းဆိုးဝါးဆန်ပြီး သူ့လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ချင်သည့်အလား အလွန်ကြီးမားသည့် စွမ်းအားတစ်ခုကို ထုတ်ဖော်လာခဲ့လေသည်။
“ဖောင်း....”
တွေဝေတုံ့တိုင်းခြင်းမရှိဘဲ ညဝိညာဥ်က သူ့လက်ဆီသို့ ခွန်အားကို ပို့လွှတ်လိုက်လေသည်။
မျက်ကန်းအဖိုးအို၏ နှလုံးသည် ချက်ချင်းပင်စုတ်ပြဲသွားပြီး စိမ်းညိုရောင်သွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။
သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဆိုလျှင်တောင် မျက်ကန်းအဖိုးအိုသည် အနည်းငယ်ယိမ်းထိုးနေသောခန္ဓာကိုယ်နှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေနိုင်ဆဲ ဖြစ်လေသည်။ သူ၏ရင်ဘတ်ပေါ်တွင် ကြီးမားသည့် ဒဏ်ရာနှစ်ခုရှိနေပြီး သွေးများက တစ်စက်စက်ကျနေလေသည်။ အဲ့ဒါက အလွန်ကိုကြည့်ရဆိုးသော မြင်ကွင်းတစ်ခုဖြစ်လေသည်။
သူ၏သွေးချီက လျင်မြန်စွာ ခမ်းခြောက်လာခဲ့လေသည်။
သူ၏မျက်နှာကလည်း အိုမင်းရင့်ရော်လာပြီး အတွန့်အတွများက မြင်နိုင်သည့်နှုန်းထားဖြင့် ထွက်ပေါ်လာခဲ့လေသည်။
နဂိုသွေးကျီးကန်းနန်းတော်သခင်တစ်ဖြစ်လဲ လက်ရှိ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်သည် နန်းကြည်၏အသက်ရှင်လျက် ဖမ်းဆီးခြင်းကို ခံထားရပြီး ထိတ်လန့်တကြား အမူအရာနှင့်အတူ ဘေးဘက်မှာ ဖိနှိမ်ခံထားရလေသည်။
အစကတော့ သူသည် မျက်ကန်းအဖိုးအိုက ဆူဇီမိုနှင့်အခြားသူများကို သတ်ဖြတ်ပြီး သူ့ကိုကယ်တင်ဖို့ မျှော်လင့်နေခဲ့လေသည်။
သို့သော်လည်း တစ်ခဏအတွင်းမှာပင် အခြေအနေက ဤကဲ့သို့ ပြောင်းလဲသွားမည်ဟု သူက ဘယ်လိုလုပ် ထင်မှတ်မိမှာလဲ....။
မျက်ကန်းအဖိုးအိုပင်လျှင် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး အချိန်မရွေး သေဆုံးသွားနိုင်လေသည်။
“မဖြစ်နိုင်တာ...”
မျက်ကန်းအဖိုးအိုက နက်ရှိုင်းစွာ ညည်းတွားအော်ဟစ်လိုက်လေသည်။
သူမျက်နှာပေါ်ရှိ နက်မှောင်နေသော မျက်တွင်းအိမ်နှင့်အတူ ဆူဇီမိုကို စိုက်ကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“မင်းက... စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာကို ဘယ်လိုတောင် ခုခံနိုင်ရတာလဲ...”
အချိန်တိုအတွင်း ဆူဇီမိုသည် သူ၏အသိစိတ်ထဲရှိ စုန်းကဝေအတတ်များကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်လေသည်။
သွေးချီများ ကျဆင်းလာနေသော မျက်ကန်းအဖိုးအိုကို စိုက်ကြည့်ရင်း ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“အဖိုးကြီး... မင်းကတော့ ပြီးသွားပြီ”
“ရှေးဟောင်းခေတ်မှာလည်း စုန်းမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို မစိုးမိုးနိုင်ခဲ့ဘူး.... မင်းလည်း ဒီနေ့အဲ့ဒါကို မလုပ်နိုင်ဘူး”
ထိုစကားကိုကြားသောအခါ ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် သူတို့၏သွေးများ ဆူပွက်လာသည်ဟု ခံစားရလေသည်။
“ဟားဟား....”
မျက်ကန်းအဖိုးအိုက ခါးသက်စွာဖြင့် ရယ်မောပြီး သူက ခေါင်းခါပြလိုက်လေသည်။
“အထီးကျန်သိုင်းသခင်.... မင်းက စုန်းမျိုးနွယ်ကို လုံးဝနားမလည်သေးဘူး... မင်းက စုန်းမျိုးနွယ်ရဲ့ စွမ်းအားကိုလည်း မတွေ့မြင်ဖူးသေးဘူး... စောင့်ကြည့်နေလိုက် သခင်လေးပြန်ရောက်သွားရင် မြောက်ပိုင်းဒေသက သက်ရှိတွေအကုန်လုံးက သေဆုံးရလိမ့်မယ်”
“မပူပါနဲ့..... သူလည်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး...”
ဆူဇီမိုက အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“ငါကိုယ်တိုင် သူ့ကိုသတ်ပြီး မင်းနဲ့အတူ အဖော်ရအောင် တမလွန်ကို ပို့ပေးမယ်...”
ထိုသို့ပြောပြီးနောက် ဆူဇီမို၏ ပုံရိပ်က ဖျပ်ခနဲလှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်ပတ်လည်မှာ လျှပ်စီးလျှပ်ပန်းများက ရစ်ခွေလာလေသည်။ သူ၏နောက်ကျောတွင် ဓမ္မစွမ်းအားတောင်ပံတစ်စုံက ပေါ်ထွက်လာပြီး ဝူလီထွက်ပြေးရာနောက်သို့ ပြေးလိုက်သွားလေသည်။
ဆူဇီမိုသည် မျက်ကန်းအဖိုးအိုကို လျစ်လျူရှုထားခဲ့လေသည်။
ယခုအချိန်တွင် မျက်ကန်းအဖိုးအိုက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ၏သွေးချီကလည်း ခန်းခြောက်လာခဲ့လေပြီ။ သူက ညဝိညာဥ်ကို လုံးဝမယှဥ်နိုင်တော့ပေ။
ထိုစဥ်မှာပင် မျက်ကန်းအဖိုးအိုသည် မလှမ်းမကမ်းတွင်ရှိသော ညဝိညာဥ်ဘက်ကို လှည့်ကြည့်လိုက်လေသည်။ သူက မကောင်းဆိုးဝါးဆန်ဆန် လှောင်ပြုံးပြုံးလိုက်လေသည်။
“လက်စသတ်တော့... မင်းကိုး”
မျက်ကန်းအဖိုးအို၏ မျက်နှာက စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ရောထွေးနေပြီး သွားဖြီးလိုက်လေသည်။
“မင်းဘယ်သူလဲ... ငါနောက်ဆုံးသိသွားပြီ...”
ညဝိညာဥ်က ဟိန်းဟောက်သံကို ထုတ်ဖော်ပြီး မျက်ကန်းအဖိုးအို၏ စကားသံကို ဟန့်တားနှောက်ယှက်လိုက်လေသည်။
သူသည် မျက်ကန်းအဖိုးအိုဆီသို့ ပုံရိပ်ယောင်ကဲ့သို့ ခုန်ဝင်သွားလေသည်။
မျက်ကန်းအဖိုးအို၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်လေသည်။
သူ၏ ပျက်စီးယိုယွင်းနေသော ခန္ဓာကိုယ်နှင့်ဆိုပါက သူသည် ညဝိညာဥ်၏ လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။
ဝှစ်...
အမြုတေစိတ်ဝိညာဥ်တစ်ခုက သူ၏ဦးခေါင်းကနေ ပျံသန်းထွက်ပေါ်လာပြီး အဝေးတစ်နေရာသို့ ပြေးသွားလေသည်။
ညဝိညာဥ်က နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားလေသည်။
တစ်ခဏအတွင်းမှာပင် ဆူဇီမို ၊ ညဝိညာဥ်နှင့် မျက်ကန်းအဖိုးအိုတို့သည် မိုးကုပ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားကြလေပြီ။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် ကိစ္စများက ကြေလည်သွားခဲ့လေပြီ။ ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်အ,မှင်တက်နေကြလေသည်။
သူတို့နှစ်ယောက်ရောက်ရှိလာပြီးနောက် ဂိုဏ်း၏အကျပ်အတည်းသည် ဤကဲ့သို့ပင် ဖြေရှင်းပြီးသား ဖြစ်သွားရလေသည်။
သူတို့သုံးယောက်သည် အတော်ဝေးဝေးသို့ ရောက်ရှိပြီးတာတောင် ကျင့်ကြံသူအတော်များများသည် ငေးငိုင်နေရာကနေ အတန်ကြာသည့်အထိ ရုန်းထွက်မလာနိုင်သေးပေ။ သူတို့၏ ရင်ထဲမှာ အိပ်မက်မက်နေသလို ခံစားရလေသည်။
“အဲ့ဒီအနက်ရောင်ဝတ်လူက ဘယ်သူလဲ... သူ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို သူက သာမန်အညတရတစ်ယောက်တော့ မဟုတ်လောက်ဘူး... ဟုတ်တယ်မလား...”
“ငါလည်းသေချာမသိဘူး... မျက်ကန်းအဖိုးအိုကတော့ သူက လူသားတစ်ယောက်မဟုတ်ဘူးလို့ သွယ်ဝိုက်ပြောဆိုသွားတာပဲ...”
အင်မော်တယ်ကြိုးကြာအိုကြီးက သူမ၏ဘေးပတ်လည်မှ ဆွေးနွေးသံများကို နားထောင်ရင်း အထူးတလည်ရှင်းပြမနေတော့ပေ။ သူမသည် အနက်ရောင်ဝတ်လူက ညဝိညာဥ် ဖြစ်နိုင်သည်ကို ခန့်မှန်းမိနေခဲ့လေပြီ။
ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်သူမှာ ညဝိညာဥ်တစ်ယောက်သာလျှင် ဖြစ်နိုင်လေသည်။
အရင်တုန်းက ညဝိညာဥ်က မွေးဖွားလာခါစမှာပင် သူမကို ထိတ်လန့်စေခဲ့ပြီးဖြစ်လေသည်။
ထိုစဥ်တုန်းက သူသည် လက်တစ်ဝါးအရွယ် တောကောင်ငယ်လေးတစ်ကောင်မျှသာ ဖြစ်လေသည်။
သို့သော်လည်း သူသည် သူ၏လက်သည်းဖြင့် သူမ၏အသားကို ကုတ်ခြစ်နိုင်ခဲ့လေသည်။
ထိုမြင်ကွင်းများကို ပြန်လည်စဥ်းစားရင်း အင်မော်တယ်ကြိုးကြာအိုကြီး၏ မျက်နှာပေါ်တွင် နွေးထွေးသည့်အမူအရာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။