← Chapters

လုံစန်း

Vol. 75 Ch. 1119

လုံစန်း

Vol. 75 Ch. 1119

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ခဏနေပြီးနောက်.. နဂါးများကြားမှာ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။

နဂါးများက ဤနေရာမှာ ပို၍ပို၍ စုဝေးလာကြ၏။

နောက်ပိုင်းမှ ရောက်ရှိလာသော နဂါးများသည် ဖြစ်ပျက်ခဲ့သည့် အရာများကို လုံးဝ မသိရှိကြပေ။

အစက ဤနေရာမှာ ရှိနေခဲ့သော နဂါးများကလည်း ငေးငိုင်နေကြလေသည်။ စောစောကတင် ဆက်ဆံရေးကောင်းရှိနေသော ဤလူနှစ်ယောက်သာ ဘာကြောင့် ရုတ်တရက် ထ၍ တိုက်ခိုက်ကြသလဲ သူတို့ နားမလည်နိုင်ကြပေ။

ဒါ့အပြင် သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ချက်ချင်းပင် ထုတ်ဖော်အသုံးပြုခဲ့ကြလေသည်။

စုန်းမျိုးနွယ်မှ သခင်လေး၏ ရလဒ်က ပို၍ပင် ဆိုးဝါးလေသည်။ သူသည် သူတို့ သခင်လေး၏ လှုပ်ရှားကွက်တစ်ကွက်ဖြင့် သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့လေပြီ။

အရာရာတိုင်းက အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့လေသည်။

အစက ဝူလီကို လာရောက်ကြိုဆိုသော နဂါးများသည် ခပ်ဝေးဝေးသို့ မရောက်ရှိကြသေးပေ။

သူတို့သည် ရုတ်ရုတ်သဲသဲ အခြေအနေကို အာရုံခံမိသောအခါ အလောတကြီး ပြန်လှည့်ကြည့်ပြီးနောက်.. စောစောကတင် အသက်ရှင်ခဲ့သောလူက ယခုအခါ အလောင်းတစ်လောင်း ဖြစ်နေပြီကို တွေ့မြင်လိုက်ရလေသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ..”

ဓမ္မဝိသေသ အပြာရောင်နဂါးတစ်ကောင်က ဒေါသထွက်သွားပြီး ဆူဇီမိုကို တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်လေသည်။

ဆူဇီမိုက ပခုံးတွန့်ပြပြီး မှင်သေသေဖြင့် ပြန်ဖြေလိုက်လေသည်။

“ကျုပ်က သူ့ကို စေတနာကောင်းနဲ့ ဖိတ်ခေါ်ခဲ့တာပဲ.. ဘာလို့လဲ မသိဘူး.. သူက ရူးသွပ်သွားပြီးတော့ ကျုပ်ကို တိုက်ခိုက်ဖို့အတွက် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ရုတ်တရက် ထုတ်ဖော်ခဲ့တယ်”

“သူက ကျုပ်ကိုသတ်ဖို့ ကြိုးစားခဲ့တယ်.. အဲဒါနဲ့ ကျုပ်ကလည်း သူ့ကို ပြန်သတ်မိသွားတယ်.. ဒါပါပဲ”

ဆူဇီမိုက ရိုးစင်းအပြစ်ကင်းဟန်ဖြင့် သူ့လက်နှစ်ဖက်ကို ဖြန့်ပြီးဆန့်ပြလိုက်လေသည်။

အဲဒါက အရမ်းကို ရယ်စရာကောင်းလေသည်။

ဓမ္မဝိသေသ အပြာရောင်နဂါးသည် အဲဒါကို လုံးဝ အယုံအကြည် မရှိပေ။

စုန်းမျိုးနွယ်မှ သခင်လေးသည် စောစောကတင် အဆင်ပြေကောင်းမွန်နေခဲ့လေသည်။ သူက ဘာကြောင့် ရုတ်တရက် ရူးသွပ်သွားပြီး ဆူဇီမိုအပေါ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ပါ့မလဲ..။

“လုံကျူး.. မင်းက မီးပဒေသာနဂါးမျိုးရိုးက သခင်လေးဆိုပေမဲ့လို့.. တခြားလူတွေကို ခြေခြေမြစ်မြစ် အကြောင်းရင်းမရှိဘဲ သတ်ဖြတ်လို့ မရဘူး”

ဓမ္မဝိသေသ အပြာရောင်နဂါးက အေးစက်စွာဖြင့်​ ပြောလိုက်လေသည်။

“မင်းရဲ့ အကြောင်းပြချက်ကို ဘယ်သူကများ ယုံကြည်မှာလဲ”

“စောစောက ဒီနေရာမှာ နဂါးတွေ အများကြီး ရှိနေတာပဲ.. ခင်ဗျား ကျုပ်ကို မယုံဘူးဆိုလည်း တခြားနဂါးတွေကို ခင်ဗျားကိုယ်တိုင် မေးကြည့်လိုက်ပေါ့”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေလေသည်။

“အမှန်ပဲ.. စုန်းမျိုးနွယ်က သခင်လေးက အရင်စပြီး တိုက်ခိုက်ခဲ့တာပဲ”

“အဲဒါ ဟုတ်တယ်.. သူက ဘာလို့လဲ မသိ.. ရူးသွပ်သွားပြီးတော့ ကျုပ်တို့ရဲ့ သခင်လေးကို ရုတ်တရက် တိုက်ခိုက်လိုက်တာပဲ.. သူက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကိုတောင် တန်းပြီး အသုံးပြုခဲ့တယ်”

“ကျုပ်အမြင်အရတော့ သူက သေသင့်တယ်.. ကျုပ်တို့ နဂါးတွေကြားက တိုက်ပွဲတစ်ခုမှာတောင် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို သုံးခွင့်ပေးမထားဘူး.. အဲဒါက ခွင့်လွှတ်လို့ မရဘူး”

နဂါးအချို့က ဝင်ရောက်ပြောဆိုလိုက်ကြလေသည်။

ဓမ္မဝိသေသ အပြာရောင်နဂါးသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီးနောက်.. မည်သည့်နဂါးကမှ အိုးတိုးအမ်းတမ်း အမူအရာ ရှိမနေသည်ကို နားလည်လိုက်လေသည်။

အဲဒါကို နဂါးတစ်ကောင်ကသာ ပြောသည်ဆိုလျှင် သူက အတုအယောင်ဟု သတ်မှတ်နိုင်ကောင်းလေသည်။ သို့သော်လည်း လက်ရှိနဂါးများ အားလုံးသည် ဆူဇီမိုဘက်ကနေ လိုက်ပြောဖို့တော့ မဖြစ်နိုင်ပေ။

စုန်းမျိုးနွယ်မှ သခင်လေးသည် အမှန်တကယ်ပင် စိတ်လွတ်သွားပြီး တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် နဂါးမျိုးနွယ်ကို ရောက်ရှိလာခဲ့တာများလား..။

ဓမ္မဝိသေသ အပြာရောင်နဂါး၏ စိတ်က ရှုပ်ထွေးနောက်ကျိနေလေသည်။

ကိစ္စက ဤမျှအထိ မရိုးရှင်းနိုင်ကြောင်း သူသိထားလေသည်။

သို့သော်လည်း သူက တခြားအရာများကိုလည်း စဉ်းစား၍ မရဘဲ မနှစ်မြို့စွာဖြင့်သာ ပြောလိုက်နိုင်လေသည်။

“လုံကျူး.. ဒီမှာ စောင့်နေလိုက်.. စုန်းမျိုးနွယ်က သခင်လေးကို သတ်ဖြတ်တာက ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေတာနဲ့ အတူတူပဲ.. ဒီကိစ္စက အလွယ်တကူ ပြီးဆုံးမသွားနိုင်ဘူး”

ဓမ္မဝိသေသ အပြာရောင်နဂါးသည် ထွက်ခွာတော့မည်ရှိစဉ်မှာပင် မလှမ်းမကမ်း ကောင်းကင်ထက်ကနေ နဂါးတစ်အုပ်စုက ချဉ်းကပ်လာသည်ကို မြင်လိုက်ရလေသည်။

ဦးဆောင်လာသော နဂါးသည် အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ချောမောလှပသော သွင်ပြင်ရှိလေသည်။ သူသည် အရပ်မြင့်မား၍ တစ်မူထူးခြားသော သွင်ပြင်ရှိပြီး ရှေ့ဆုံးကနေ လျှောက်လှမ်းလာလေသည်။

သူနှင့် ပခုံးချင်းယှဉ်ရပ်နိုင်သော မည်သည့်နဂါးမှ မရှိပေ။

ဤလူ့ကို ဝန်းရံထားသော နဂါးများသည် လကို ဝန်းရံထားသော ကြယ်များနှင့် တူလေသည်။

ဤနဂါး၏ ပေါ်ထွက်လာမှုက နဂါးများ အားလုံး၏ အာရုံကို ဆွဲဆောင်မိသွားလေသည်။

ဆူဇီမိုသည် သူ့ခေါင်းကိုမော့ပြီး လှမ်းကြည့်လိုက်လေသည်။

လုံစန်း..

အထူးတလည် မိတ်ဆက်ပေးစရာ မလိုဘဲ ဤလူသည် အပြာရောင်နဂါးမျိုးရိုး၏ သခင်လေး… ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်.. တစ်ဦးတည်းသော လက်သည်းငါးဖက် နတ်နဂါး.. လုံစန်းဖြစ်သည်ဆိုတာကို သူက ခန့်မှန်းမိလိုက်လေသည်။

လုံစန်းက တစ်မူထူးခြားသော အော်ရာရှိလေသည်။

ထိုအော်ရာက သူ့ကို လှည့်ပတ်နေပြီး တစ်မူထူးခြားသည့် လေထုအငွေ့အသက်တစ်ခုကို ထုတ်ပေးနေလေသည်။

ထိုလေထုအငွေ့အသက်အောက်တွင် နဂါးများ အားလုံးသည် သူတို့၏ခေါင်းကို အလိုလိုငုံ့ထားကြလေသည်။

လက်သည်းငါးဖက် နတ်နဂါး..

နဂါးမျိုးနွယ်၏ အထွတ်အမြတ်.. ဦးသျှောင်။

အဲဒါက မျိုးဆက်သွေး ဖိနှိမ်မှုတစ်ခု ဖြစ်လေသည်။

သို့သော်လည်း ဤဖိနှိမ်မှုသည် အခြားသော နဂါးများကိုသာ ပစ်မှတ်ထားနိုင်ပြီး ဆူဇီမိုအပေါ် သက်ရောက်မှု မရှိပေ။

“သခင်လေး.. ခင်ဗျားရောက်လာပြီပဲ”

ဓမ္မဝိသေသ အပြာရောင်နဂါးက ရှေ့သို့ အလောတကြီး တက်သွားပြီး လက်သီးနှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။

လုံစန်းက ခေါင်းညိတ်ပြပြီး ဝူလီ၏ အလောင်းကို အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်လိုက်လေသည်။

အပြာရောင်နဂါးတစ်ကောင်သည် ရင်တစ်ချက်ထိတ်သွားပြီး စောစောက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြကာ တစ်ချိန်တည်းမှာပင် ဆူဇီမိုကို ကြိမ်းမောင်းလိုက်လေသည်။

လုံစန်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မပြောင်းလဲသော အမူအရာတစ်ခုဖြင့် နေရာမှာပင် မတ်တတ်ရပ်နေလေသည်။ သူက ဘာကိုစဉ်းစားနေသလဲ မည်သူကမှ မသိကြပေ။

အစက ဆူညံပွက်လောရိုက်ပြီး ဆွေးနွေးနေသော အသံများက လျင်မြန်စွာ ငြိမ်သက်သွားခဲ့လေသည်။

ပတ်ဝန်းကျင်တစ်ခွင်က တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

နဂါးများသည် သူတို့၏အသက်ကို မျှင်း၍ ရှူနေကြလေသည်။

လုံစန်း စကားပြောဆိုလာခြင်း မရှိဘဲ သူတို့သည် အသက်ကိုပင် ရဲရဲမရှူဝံ့သည့်အလားပင်။

နဂါးများသည် အပြာရောင်နဂါး သခင်လေးကို အနှောင့်အယှက်ပေးပြီး လက်သည်းငါးဖက် နတ်နဂါး၏ အမျက်ဒေါသကို နှိုးဆွမိသွားမည်ကို စိုးရိမ်နေကြလေသည်။

အဲဒါက ဩဇာတိက္ကမစွမ်းအား ဖြစ်လေသည်။

သူက ဘာစကားမှ မပြောလျှင်တောင် အဲဒါက လက်ရှိလူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်လေသည်။

ဆူဇီမို တစ်ယောက်တည်းသာလျှင် တည်ငြိမ်သော အမူအရာဖြင့် ရှိနေလေသည်။

သူသည် လုံစန်းထံမှ မည်သည့်ဖိအား သို့မဟုတ် မည်သည့်အော်ရာကိုမှ မခံစားရပေ။

သူ၏မျိုးဆက်သွေးက မသန့်စင်သော်လည်း အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီးနောက်.. အဲဒါက လုံစန်း၏ မျိုးဆက်သွေးထက် အားမနည်းပေ။

“သေပြီပေါ့လေ”

လုံစန်းက မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ ရုတ်တရက် ပြုံးလိုက်လေသည်။

အဲဒီမှာ အပြုံးအမျိုးအစား အမျိုးမျိုးရှိကြလေသည်။

လူအချို့သည် ရွှင်မြူးအားရသောကြောင့် ပြုံးကြလေသည်။

လူအချို့က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်သောကြောင့် ပြုံးကြလေသည်။

ဤကဲ့သို့သော အခြေအနေတွင် လုံစန်း၏ အပြုံးနောက်ကွယ်က အဓိပ္ပာယ်ကို မည်သူကမှ မသိကြပေ။

သူတို့အားလုံးသည် တံတွေးကို မျိုချပြီး ဘာစကားမှ မပြောဆိုကြပေ။

ထိုစဉ်မှာပင် စွမ်းအားကြီးသော အော်ရာများက တစ်ခုပြီးတစ်ခု ဆင်းသက်လာကြလေသည်။

အချိန်တိုအတွင်းမှာပင်.. စုန်းမျိုးနွယ် သခင်လေး၏ သေဆုံးမှုက မျိုးရိုး ၅ ခုမှ အကြီးအကဲများကို သတိဝင်လာစေခဲ့လေသည်။

အကြီးအကဲ ၅ ယောက်သည် ကောင်းကင်ထက်ကနေ ဆင်းသက်ပြီး ဝူလီ၏ အလောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြလေသည်။

မီးပဒေသာနဂါးမျိုးရိုးဘက်တွင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်​ ပေါ်ထွက်လာသူမှာ အကြီးအကဲ ၄ ပင် ဖြစ်လေသည်။

ဦးချိုနဂါးမျိုးရိုးမှ အကြီးအကဲသည် လုံကျုံးဟု အမည်ရသော အသိအကျွမ်းဟောင်းတစ်ယောက် ဖြစ်လေသည်။

အရင်တုန်းက ဆူဇီမိုသည် နဂါးသွေးတိုက်ပွဲမြေမှာ လုံယန်းကို အနိုင်ယူပြီးနောက်.. ဦးချိုနဂါးမျိုးရိုးမှ ဤအကြီးအကဲသည် ရှေ့သို့ထွက်လာပြီး ကျတ်တီးမြေနှင့် ဘက်ပြန်ကြေးခွံ လျှို့ဝှက်အတတ်တို့ကို ရရှိဖို့အတွက် ကြိုးစားခဲ့ဖူးလေသည်။

သို့သော်လည်း သူ့ကို မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲ ၄ က ဝင်ရောက်တားဆီးခဲ့လေသည်။

အချိန်တိုအတွင်းမှာပင်.. တစ်စုံတစ်ယောက်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်လေသည်။

အကြီးအကဲ ၅ ယောက်က မတူညီသော အမူအရာများ ရှိနေကြလေသည်။

လုံကျုံး၏ အိုမင်းသော မျက်နှာက အရုပ်ဆိုးအကျည်းတန်လာပြီး ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်လေသည်။

“လုံကျူး.. မင်းက ဘယ်လိုတောင် ရဲတင်းနေတာလဲ.. ဒူးထောက်စမ်း..”

သူတို့နှစ်ယောက်ကြားမှာ မလိုမုန်းထားမှုတစ်ခုက ရှိနေခဲ့ပြီးလေပြီ။

သူသည် ဦးချိုနဂါးမျိုးရိုးမှ အကြီးအကဲတစ်ယောက် ဖြစ်သော်လည်း ဆူဇီမိုက ထိုသူ့အပေါ် ထင်မြင်ချက်ကောင်း မရှိပေ။

“ကျုပ်က ဘာလို့ ဒူးထောက်ရမှာလဲ”

ဆူဇီမိုက လုံကျုံးကို ပြန်ကြည့်ပြီး မေးခွန်းထုတ်လိုက်လေသည်။

လုံကျုံး၏ အမူအရာက ထက်ရှလာပြီး ဝူလီ၏အလောင်းကို လက်ညိုးထိုးကာ အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“သူ့ရဲ့ သရုပ်သကန်ကို မင်းလည်း သိထားတာပဲ.. ဒါတောင် မင်းက သူ့ကို သတ်ဖြတ်ရဲသေးတယ်.. မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ.. မင်းက စုန်းမျိုးနွယ်နဲ့ နဂါးမျိုးနွယ်ကြားမှာ ရန်ငြိုးရန်စ မီးတစ်ခုကို မွှေးပေးဖို့ ကြိုးစားနေတာလား..”

အဲဒါက တကယ့်ကို ပြောင်မြောက်သော စွပ်စွဲချက်တစ်ခု ဖြစ်လေသည်။

နဂါးများ၏ အမူအရာက ပြောင်းလဲသွားကြလေသည်။

ဆူဇီမိုနှင့် ရင်းနှီးမှုရှိသော နဂါးများသည် ဆူဇီမိုအပေါ် တိတ်တဆိတ် စိုးရိမ်လာကြလေသည်။

“အဲဒါက ရန်ငြိုးရန်စ မီးတစ်ခုကို မွှေးခဲ့တာဆိုရင်တောင်.. အဲဒါကို ပြုလုပ်ခဲ့တဲ့သူက သူပဲလေ.. အဲဒါက ကျုပ်နဲ့ ဘယ်လိုပတ်သက်သွားရတာလဲ”

တစ်ဖက်မှာတော့ ဆူဇီမိုသည် ခါတိုင်းလိုပင် တည်ငြိမ်နေပြီး လှောင်ရယ်လိုက်လေသည်။

“အကြီးအကဲ.. သူကတော့ ကျုပ်ကို သတ်ခွင့်ရှိတယ်.. ဒါပေမဲ့ ကျုပ်ကတော့ သူ့ကို ပြန်တိုက်ခိုက်ခွင့် မရှိဘူးလို့ ခင်ဗျားက ပြောချင်တာလား”

“ငါပြောတာ အဲ့လိုမဟုတ်..”

“ဒါက နဂါးအရိုးတောင်ကြားပဲ”

ဦးချိုနဂါးမျိုးရိုးမှ အကြီးအကဲက စကားကိုဆုံးအောင် မပြောရသေးခင်မှာပင် ဆူဇီမိုက ဖြတ်အော်လိုက်လေသည်။

“အပြင်လူတစ်ယောက်က ကျုပ်တို့ နဂါးအရိုးတောင်ကြားကို ရောက်လာပြီးတော့.. နဂါးမျိုးနွယ်က သခင်လေးတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့တယ်.. ဒါတောင် ပြန်ပြီးတိုက်ခိုက်တဲ့အတွက် ခင်ဗျားက ကျုပ်ကို အပြစ်တင်နေတာလား အကြီးအကဲ လုံကျုံး.. “

“အကြီးအကဲ.. နဂါးတွေက စုန်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရသင့်တယ်လို့ ခင်ဗျားက ဆိုလိုချင်တာလား.. နဂါးမျိုးနွယ်က သခင်လေးအနေနဲ့ ကျုပ်ရဲ့အသက်က စုန်းမျိုးနွယ်က သခင်လေးရဲ့ အသက်လောက် တန်ဖိုးမရှိဘူးလို့ ပြောချင်တာလား”

“အကြီးအကဲ လုံကျုံး.. ခင်ဗျားက စုန်းမျိုးနွယ်ကလား.. နဂါးမျိုးနွယ်ကလားဆိုတာ ကျုပ်တကယ်ပဲ သိချင်မိတယ်”

ဆက်တိုက်ထွက်ပေါ်လာသော ထိုမေးခွန်းများက လူတစ်ယောက်ကို သတ်ဖြတ်နိုင်လေသည်။

ထိုမေးခွန်းများက စောစောက လုံကျုံး၏ စွပ်စွဲချက်ထက်ပင် များစွာပို၍ ပြင်းထန်ပြောင်မြောက်နေလေသည်။

လုံကျုံး၏ မျက်နှာက နီမြန်းသွားပြီး ခဏကြာသည်အထိ ပြောစရာစကားမဲ့သွားရလေသည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီး သူက ဒေါသထွက်လွန်းသောကြောင့် သူ၏ခန္ဓာကိုယ်က တုန်ယင်လာခဲ့လေသည်။

All Chapters