← Chapters

အညံ့ခံလာတဲ့အထိ ရိုက်နှက်ပြမယ်

Vol. 75 Ch. 1121

အညံ့ခံလာတဲ့အထိ ရိုက်နှက်ပြမယ်

Vol. 75 Ch. 1121

အဲ့ဒါက အရမ်းကို အထင်ကြီးစရာကောင်းသော ထိုးထွင်းသိမြင်ဉာဏ်ဖြစ်​လေသည်။

လုံစန်း၏ မျိုးဆက်သွေးအော်ရာနှင့် လက်သည်းငါးဖက် နတ်နဂါးဟူသော ဖိအားကို ပေါင်းစပ်လိုက်သောအခါ အခြားမည်သူကမှ အဲ့ဒါကို ရင်ဆိုင်တောင့်ခံနိုင်မည်မဟုတ်ဘဲ ပြိုလဲကျသွားပေမည်။

ကံမကောင်းစွာနှင့်ပင် ဆူဇီမိုက တူညီသောအမူအရာဖြင့်သာ ရှိနေဆဲ ဖြစ်​လေသည်။ သူက တည်ငြိမ်၍ ဣန္ဒြေရနေပြီး မောက်မာခြင်း သို့မဟုတ် ခယခြင်း လုံးဝမရှိပေ။

သူ၏အတွေးများသည် ထွင်းဖောက်မြင်ခံနေရသည်ဟု ထင်ရသော်လည်း သူ၏မျက်လုံးထဲမှာ မည်သည့် စိုးရိမ်ထိတ်လန့်မှုမှ ရှိမနေပေ။

အဲ့ဒါက လုံစန်းမျှော်လင့်ထားသည်နှင့် ဝေးကွာလွန်းလေသည်။

သူ၏ လက်သည်းငါးဖက်နတ်နဂါး မျိုးဆက်သွေး နိုးထလာပြီးနောက် နဂါးမျိုးနွယ်ရှိ လူငယ်မျိုးဆက်များကြားတွင် သူ၏စွမ်းအားကို မည်သူမှ တောင်မခံနိုင်ကြတော့ပေ။

ဤကဲ့သို့ မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ဆိုသည်မှာ ပို၍ဝေး​လေသည်။

သူတို့က ခဏကြာသည့်အထိ သူ၏စိုက်ကြည့်ခြင်းကို ခံရလျှင်တောင် အခြားသောနဂါးများသည် ထိုဖိအားကို တောင်ခံနိုင်မည်မဟုတ်ဘဲ စိတ်ဓာတ်များ ပြိုလဲသွားပေလိမ့်မည်။

လုံစန်းသည် တိုက်ခိုက်ရခြင်းမရှိဘဲ အခြားသူများအပေါ် ဤကဲ့သို့ ဖိနှိမ်နိုင်သည့်ခံစားချက်ကို နှစ်သက်သဘောကျလေသည်။

သို့သော်လည်း အရာရာတိုင်းက ဆူဇီမိုအပေါ်မှာ လုံးဝအလုပ်မဖြစ်တော့ပေ။ အဲ့ဒါသည် မည်သည့်ခုခံမှုမှမရှိသော ဝါဂွမ်းတောထဲသို့ ထိုးချက်တစ်ချက် ထုတ်ဖော်လိုက်ခြင်းနှင့်တူလေသည်။

ဆူဇီမိုသည် တည်ငြိမ်သောအမူအရာဖြင့် မတ်တတ်ရပ်နေလေသည်။ တစ်ဖက်မှာတော့ လုံစန်းသည် စိတ်ထဲမှာလှုတ်ခတ်၍ မကျေမချမ်းခံစားလာရလေသည်။

အဲ့ဒါက မနှစ်မြို့စရာကောင်းသော ခံစားချက်တစ်ခုဖြစ်လေသည်။

ဤနှစ်များအတွင်း သူသည် အရာရာတိုင်းအပေါ်မှာ အမြဲတမ်းထိန်းချုပ်နိုင်ခဲ့လေသည်။ သို့သော် ယခုအခါမှာတော့ သူသည် လုံကျူးကို လုံးဝထွင်းဖောက်မမြင်နိုင်တော့ပေ...။

ဆူဇီမိုသည် အပေါ်ယံမှာတည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲမှာ အပြည့်အဝချီးကျူးနေမိသည်ကို လုံစန်းက မသိရှိပေ။

လုံစန်းသည် ဟာကွက်နှစ်ကွက်နှင့်အတူ အမှန်တရားတစ်ခုလုံးကို ကောက်ချတ်ချနိုင်လုနီးပါးဖြစ်ခဲ့လေသည်။ သူ၏အစွမ်းအစက တကယ့်ကို ကြောက်စရာနှင့် အထင်ကြီးစရာကောင်းလေသည်။

တကယ်တော့... လုံစန်းသည် ဦးနှောက်ခြောက်မတက်စဥ်းစားကြည့်လျှင်တောင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် နှစ်ခုကွဲထွက်သွားပြီး သူ့တွင် အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုရှိသည်ဆိုတာကို သူက ခန့်မှန်းမိနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် သူမှားယွင်းတွက်ချက်မိသော အချက်တစ်ချက်လည်းရှိလေသည်။

သူ၏ထင်မြင်ချက်အရ ဝူလီက လှုပ်ရှားမှုမပြုလုပ်လျှင် ဆူဇီမိုကလည်း လှုပ်ရှားမှုပြုလုပ်ရဲလိမ့်မည် မဟုတ်ပေ။

သူမသိသည်မှာ ဆူဇီမိုသည် သတ်ဖြတ်ရာမှ လွန်စွာပြတ်သားလေသည်။ ဝူလီက တိုက်ခိုက်ခြင်းရှိမလာခဲ့လျှင်တောင် သူက ထိုသူကို သေချာပေါက် တိုက်ခိုက်သတ်ဖြတ်ရမည် ဖြစ်လေသည်။

ဆူဇီမိုက ဝူလီကို အသက်ရှင်လျက် ထွက်ခွာခွင့်ပေးရန် အကြောင်းမရှိပေ။

သူ့ရှေ့ရှိ လုံစန်းကို ကြည့်ရင်း ဆူဇီမိုက ငြင်းဆန်ခြင်း သို့မဟုတ် ဝန်ခံခြင်းမပြုပေ။ သူက ထူးမခြားနားပုံစံဖြင့်သာ ပြောလိုက်လေသည်။

“အဲ့ဒါတွေအကုန်လုံးက မင်းဘက်က ထင်မြင်ယူဆချက်တွေပဲလေ...”

လုံစန်းက အမှန်တရားကို ကောက်ချတ်ချနိုင်ခဲ့သည်ဆိုလျှင်တောင် သူက အဲ့ဒါကို သက်သေထူပေးစရာ အ​ကြောင်းမရှိပေ။

လုံစန်းသည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ့မျက်လုံးထဲရှိ အပြုံးက တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့လေသည်။

“မင်းက အညံ့ခံချင်စိတ် မရှိသေးဘူးနဲ့ တူတယ်...”

လုံစန်းက မှင်သေသေဖြင့် ပြောလိုက်လေသည်။

ဆူဇီမိုက ပြုံး၍ ပြန်လည်မေးလိုက်လေသည်။

“ငါက. ဘာလို့ အညံ့ခံရမှာလဲ...”

သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ဖိနှိမ်နိုင်ခြင်း မရှိကြပေ။

နဂါးများက ကြောင်အ,မှင်တက်နေကြလေသည်။

နဂါးအရိုးတောင်ကြားမှာ မည်သည့်လူငယ်မျိုးဆက်နဂါးကမှ လုံစန်းကို ဤကဲ့သို့သောလေသံဖြင့် ပြောဆိုရဲခြင်းမရှိကြပေ။

အဲ့ဒါက လက်သည်းငါးဖက်နတ်နဂါး ဖြစ်လေသည်။

အနာဂတ်တွင် သူက နဂါးမျိုးနွယ်တစ်ခုလုံး၏ သခင်လေးဖြစ်လာဖို့ ကံပါလာပြီးသားဖြစ်လေသည်။

​မျိုးနွယ်စုငါးစုစလုံး ရိုသေလေးစားရမည့် တည်ရှိမှု ဖြစ်လေသည်။

နဂါးများ၏ မျက်လုံးထဲတွင် ဆူဇီမိုသည် မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဖြစ်ပြီး သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်သော်လည်း သူက လုံစန်းကို စိန်ခေါ်ဖို့အတွက် အဆင့်မမီပေ။

“စိတ်ဝင်စားစရာပဲ.... တော်တော်စိတ်ဝင်စားဖို့ ကောင်းသားပဲ...”

လုံစန်းက သူ၏လက်ကိုဆန့်ထုတ်ပြီး ဆူဇီမို၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်လေသည်။ သူက ကလေးတစ်ယောက်ကို ဆုံးမနေသည့်အလား ပြောဆိုလိုက်လေသည်။

“မင်းက... အညံ့မခံချင်ဘူးဆိုလည်း ရပါတယ်... မင်းက ဓမ္မဝိသေသ အဆင့်ကို ဝင်ရောက်တာနဲ့ ငါက မင်းအညံ့ခံလာတဲ့အထိ ရိုက်နှက်ပြမယ်...”

သူ၏စကားများက သာမန်ကာလျှံကာနိုင်သော်လည်း နဂါးများအားလုံးက ဆူဇီမိုကို သနားမိသွားကြလေသည်။

သူတို့သည် ဆူဇီမို၏ ဆိုးဝါးသောအနာဂတ်ကို မြင်ယောင်မိလာကြလေသည်။

ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏လက်ကို မပြီး သူ့ပုခုံးပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်လေသည်။

ထိုသည်ကို မြင်သောအခါ လုံစန်း၏ အကြည့်က အေးခဲသွားလေသည်။

သူသည် ယခုတင် ဆူဇီမို၏ပုခုံးကိုပုတ်ခဲ့ပြီး ထိုသူက ထိုကဲ့သို့သော အပြုအမူကို ပြုလုပ်ပြလိုက်လေသည်။

အဲ့ဒါက ရန်စစော်ကားခြင်းဖြစ်လေသည်။

ဤမီးပဒေသာနဂါးက သူ၏ဂုဏ်သိက္ခာကို စိန်ခေါ်လာခဲ့လေသည်။

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ငါ ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်တဲ့အချိန်မှာ မင်းက သားရဲတွင်းထဲမှာ ပုန်းနေတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင်တော့ မင်းက ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကနေ ဆွဲချခံရပြီးတော့ နဂါးမျိုးနွယ်ရဲ့ သခင်လေးပါ ဖြစ်မလာနိုင်ဘဲ နေလိမ့်မယ်...”

အဲ့ဒါက ပါးကိုက်နားကိုက်ပင် ဖြစ်လေသည်။

လုံစန်းသည် သူစတင်ကျင့်ကြံခဲ့ကတည်းက တွေ့ကြုံခဲ့ရသော အသန်မာဆုံး ပြိုင်ဘက်များထဲမှ တစ်ယောက်ဖြစ်လေသည်။

ထိုကဲ့သို့သော စွမ်းအားကြီးသည့်ပြိုင်ဘက်ကြောင့် ဆူဇီမို၏ တိုက်ပွဲဝင်လိုသော စိတ်ဝိညာဥ်က ထကြွလာခဲ့လေသည်။

“ဟုတ်ပြီလေ....”

လုံစန်း၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ဘာစကားမှထပ်မပြောတော့ဘဲ လှည့်ထွက်လိုက်လေသည်။ အဲ့ဒီနောက်သူက ဆူဇီမိုကို ကျောပေး၍ စကားတစ်ခွန်းကို ပြောလိုက်လေသည်။

“ငါမင်းကို စောင့်နေမယ်...”

သိပ်မကြာမီ လုံစန်းတို့အုပ်စုက နဂါးများရှေ့ကနေ ပျောက်ကွယ်သွားကြလေသည်။

. . . . .

“အဲ့ဒီလုံကျူးက တော်တော်မဆင်မခြင်လုပ်တဲ့ကောင်ပဲ....”

အပြာရောင်နဂါးတစ်ကောင်က မနှစ်မြို့ဟန်ဖြင့် ပြောလိုက်လေသည်။

“သခင်လေး... ခင်ဗျားက စုန်းမျိုးနွယ်က သခင်လေးကို လက်ခံတွေ့ဆုံရမှာ... ဒါပေမယ့်လို့ သူက ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာပြီး စုန်းမျိုးနွယ်က သခင်လေးကို သတ်ပစ်လိုက်တယ်... အဲ့ဒါက ခွင့်လွှတ်လို့မရဘူး”

လုံစန်းက ညင်သာစွာလက်ကာပြပြီး သာမန်ကာလျှံကာပုံစံဖြင့် ပြောလိုက်လေသည်။

“အဲ့ဒါက စုန်းမျိုးနွယ်က သခင်လေးတစ်ယောက်ပါပဲ... သူ သေသွားတယ်ဆိုလည်း ကိစ္စမရှိဘူး”

“အာ...”

နဂါးများက ကြောင်အ,မှင်တက်သွားကြလေသည်။

သူတို့အတွက်တော့ ဤကိစ္စသည် သေးငယ်သောကိစ္စမဟုတ်ဘဲ အလွယ်တကူဖြေရှင်း၍လည်း မရနိုင်ပေ။ ယခု သခင်လေးလုံစန်းက ထိုကဲ့သို့သဘောထားသည်ဆိုတော့....။

လုံစန်းက သူ၏ခြေလှမ်းကိုရပ်တန့်ပြီး သူ၏ဘေးတွင်ရှိသော နဂါးများကို ကြည့်လိုက်လေသည်။

“ငါတို့နဂါးမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ စုန်းမျိုးနွယ်က သခင်လေးကို လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိင်တဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက် ပေါ်ထွက်လာတာက ကောင်းချီးပေးခံရတာပဲ... အဲ့ဒါက မဆိုးဘူးမလား...”

ခဏမျှရပ်တန့်ပြီးနောက် သူက စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

“မဆိုးဘူး... အဲ့ဒီကောင်လေးက ဘာကိုမှဂရုမစိုက်ဘဲနဲ့ ငါ့ကိုတောင်စိန်ခေါ်ရဲတယ်... ငါသူ့ကို သင်ခန်းစာတစ်ခုတော့ ပေးရလိမ့်မယ်...”

“သခင်လေး... အခွံမာသီးတစ်လုံးကို ခွဲဖို့အတွက် ပေါင်တူတစ်ချောင်း သုံးစရာမလိုပါဘူး”

အပြာရောင်နဂါးက ချက်ချင်းပင်ဝင်ရောက်ပြောဆိုလိုက်လေသည်။

“သူက ဓမ္မဝိသေသ အဆင့်ကို ဝင်ရောက်တာနဲ့ ခင်ဗျားကိုယ်စား... ကျုပ်က အဲ့ဒီကောင်လေးကို ဆုံးမပေးမယ်...”

“မင်းကလား...”

လုံစန်းက ထိုသူကို တစ်ချက်ကြည်ပြီး ရယ်မောလိုက်လေသည်။

“မင်းသူ့ကိုမနိုင်ဘူး...”

အပြာရောင်နဂါးက မချင့်မရဲဖြစ်သွားပြီး ငြင်းဆန်လိုက်လေသည်။

“သခင်လေး... ဘာပဲဖြစ်ဖြစ် ကျုပ်က ပကတိဓမ္မဝိသေသအဆင့်မှာရှိနေပြီ... ကျုပ်က ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်မှာ အဆင့် ၈ ပဲ...”

“အဲ့ဒီကောင်လေးက ဓမ္မဝိသေသ အဆင့်ကို ဝင်ရောက်ရောက်ချင်း ဘယ်လောက်ထိသန်မာနိုင်မာမို့လဲ...”

လုံစန်းက ခေါင်းခါပြလိုက်လေသည်။

“ငါမင်းကို မေးစရာမေးခွန်း တစ်ခုပဲရှိတယ်... မင်းက မူလနတ္ထိအဆင့်မှာ ရှိစဥ်တုန်းက စုန်းမျိုးနွယ်က သခင်လေးကို လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိုင်မှာလား....”

“ကျုပ်....”

အပြာရောင်နဂါးက ပြောစရာစကားမဲ့သွားလေသည်။ အတန်ကြာအောင်တွေဝေတုံ့ဆိုင်းပြီးနောက် သူက တီးတိုးပြောဆိုလိုက်သည်။

“စုန်းမျိုးနွယ်က သခင်လေးက လုံလောက်အောင်မသန်မာလို့ သူက လှုပ်ရှားကွက်တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခံလိုက်ရတာများလား...”

သို့သော်လည်း သူ့စကားကိုပင် သူမယုံကြည်နိုင်ပေ။

မျိုးနွယ်စု ၉ စုမှ သခင်လေးများသည် ပါရမီအရှိဆုံးဖြစ်ပြီး လူငယ်မျိုးဆက်များကြားမှာ အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားနှင့် အကြီးမားဆုံး အလားအလာကို ပိုင်ဆိုင်ထားကြလေသည်။

“လုံကျူး... မင်းငါ့ကို စိတ်မပျက်စေနဲ့”

လုံစန်းက မီးပဒေသာနဂါးမျိုးရိုးရှိရာဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်လေသည်။

ဤနှစ်များအတွင်း သူသည် လူငယ်မျိုးဆက်များကြားမှာ ပြိုင်ဘက်ကင်းခဲ့ပြီး မည်သူကမှ သူ့ကိုစိန်မခေါ်ရဲကြတော့ပေ။

ဆူဇီမို၏ ထက်ရှမှုက သူ့ကို ဒေါသမထွက်စေသည့်အပြင် သူ့ကို ပို၍ပင် စိတ်လှုပ်ရှားလာစေခဲ့လေသည်။

မီးပဒေသာနဂါးမျိုးရိုးနယ်မြေဘက်တွင်...

လုံစန်းနှင့် အခြားသူများထွက်သွားပြီးမှသာလျှင် နဂါးများက စုဝေးလာကြလေသည်။

“လုံကျူး... နင့်ရဲ့လုပ်ရပ်က နည်းနည်းတော့ မဆင်မခြင်လုပ်ရာကျတယ်...”

လုံရှီက မျက်မှောင်ကြုတ်၍ စိုးရိမ်ပူပန်သော အမူအရာဖြင့် သက်ပြင်းချလိုက်လေသည်။

ဦးချိုမဲ့နဂါးမျိုးရိုးမှ ဤအာဏာရှင်နဂါးသည် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း အလွန်တရာပြောင်းလဲလာခဲ့လေသည်။ သူမသည် ဆူဇီမို၏ ဘေးမှာ ရှိနေသရွေ့ သူမက နူးညံ့သိမ်မွေ့လာပြီး သူမ၏ အပြောအဆိုကလည်း ချိုသာလာခဲ့လေသည်။

“အဆင်ပြေပါတယ်...”

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြုံးလိုက်လေသည်။

“အဲ့ဒါက အများကြီးလိုသေးတာပဲ... ငါက မူလနတ္ထိအဆင့်မှာရှိနေသရွေ့ သူက ငါ့ကို မတိုက်ခိုက်နိုင်ဘူး”

လုံရှီ၏ မျက်လုံးက ဝင်းလက်သွားပြီး သူမက လက်ခုပ်တီးလိုက်လေသည်။

“ဟုတ်တာပေါ့... အဲ့ဒါက ကောင်းတဲ့စိတ်ကူးပဲ ဖြည်းဖြည်းချင်းသာ ကျင့်ကြံ... နင်က ဓမ္မဝိသေသအဆင့်ကို မရောက်သေးသရွေ့ လုံစန်းက နင့်ကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”

ဆူဇီမိုက ခေါင်းခါ၍ ကန့်ကွက်ခြင်းမရှိဘဲ ရယ်မောလိုကိလေသည်။

သူ၏စိတ်နေစရိုက်အရ လုံစန်း၏ ခြိမ်းခြေက်မှုအတွက်နဲ့ သူက ဘာ့ကြောင့်ဖြည်းဖြည်းချင်း ကျင့်ကြံရမှာလဲ...။

သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ နောက်ထပ်အခန်းများကို တွေ့မြင်ရဖို့အတွက် ဓမ္မဝိသေသ အဆင့်သို့ တတ်နိုင်သမျှ မြန်မြန်ရောက်အောင် ကျင့်ကြံချင်လေသည်။

. . . . .

သူသည် သူ၏သားရဲတွင်းသို့ ပြန်ရောက်လာပြီးနောက် ဆူဇီမိုသည် သူ၏စိတ်ဝိညာဥ်စံအိမ်ကို ဖွင့်လှစ်ကာ သူ၏အမြုတေစိတ်ဝိညာဥ်ဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို စတင်ဆက်သွယ်လိုက်လေသည်။

ဤနေရာမှာ ဖြစ်ပျက်ခဲ့သည့်အချက်အလက်များအားလုံးကို သတင်းပေးပို့ပြီးနောက် သူသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုကြား ဆက်သွယ်မှုကို ဖြတ်တောက်ကာ တံခါးပိတ်ကျင့်ကြံဖို့အတွက် ပြင်ဆင်လိုက်၏။

All Chapters