← Chapters

စူပါ ဉာဏ်ကြီးရှင်

Vol. 44 Ch. 646

စူပါ ဉာဏ်ကြီးရှင်

Vol. 44 Ch. 646

“စုမိန်းကလေး၊ ကျုပ်တို့ချန်မိသားစုရဲ့ စိတ်ရင်းစေတနာ အထိမ်းအမှတ်အနေနဲ့ ဒီသွေးဂျင်ဆင်းကို လက်ခံပေးပါ”

“စုမိန်းကလေး၊ ဒါက ကျုပ်တို့ ရှန်မိသားစုရဲ့ တစ်ပတ်လည်ကန်ချက် ဆယ့်နှစ်ကွက်ပါ …”

“စုမိန်းကလေး၊ ဒါက ကျုပ်တို့ ကျောက်မိသားစုရဲ့ သန္တာ ကျောက်စိမ်းပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ လက်ဆောင်လေးကို လက်ခံပေးပါ …”

“စုမိန်းကလေးရဲ့ အလှက ပြိုင်စံရှားပါပဲ၊ မစ္စတာဝိုင်ရဲ့ ချစ်သူ ဖြစ်နေတာ မထူးဆန်းတော့ပါဘူး၊ ကျွန်တော့်မှာ လိုက်ဖက်တဲ့ နဂါးနဲ့ ဖီးနစ် ကျောက်စိမ်းပန်းပုလေး တစ်စုံ ရှိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ အထိမ်းအမှတ်လေးကို လက်ခံပေးပါ …”

စုချင်းရွှယ်သည် စားပွဲတွင် ထိုင်၍ လက်ဆောင်များကို မှတ်သားနေသည်။ သူမစားပွဲရှေ့တွင် လူများ ဝိုင်းအုံနေ၏။ ဤမြင်ကွင်းကို အပြင်လူများ မြင်ခဲ့ပါက သေချာပေါက် ထိတ်လန့်သွားလောက်သည်။ အကြောင်းမှာ ဤနေရာ၌ စုဝေးနေသည့် လူများသည် စီချွမ်-တိဘက်ဒေသတွင်းမှ ကျော်ကြားသောသူများ ဖြစ်နေ၍ပင်။ မိသားစုကြီး များစွာ၏ သခင်ကြီးများတောင်မှ ဤနေရာသို့ ရောက်နေကြသည်။

သူတို့အားလုံးတွင် မျက်နှာချိုသွေးသော အပြုံးများ ရှိနေကြပြီး လက်ဆောင်များကို စေတနာ ရေစီးကမ်းပြိုလိုက်၍ ပေးနေကြသည်။ သူတို့၏ လက်ဆောင်များ ငြင်းပယ်ခံရမည်ကို စိုးရိမ်သဖြင့် စုချင်းရွှယ်ကို သူတို့ တလေးတစား ဆက်ဆံနေကြလေသည်။

ယခင်ရက်များက စုချင်းရွှယ်သည် စုမိသားစုတွင်းမှ သာမန် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်သာ ဖြစ်ပြီး အရေးမပါသော လူတစ်ယောက်သာ ဖြစ်ခဲ့သည်။ လူအများစုက သူမအား စိတ်ထဲပင် မထားကြချေ။ သို့သော် ထိုလူကြောင့် သူမ၏ အဆင့်အတန်းက ညတွင်းချင်း ပြောင်းလဲသွားခဲ့သည်။

နတ်ဆေးဆရာဝိုင်သည် လူတိုင်း ရင်းနှီးသော နာမည်တစ်ခု ဖြစ်သည်။ သို့သော် ထိုနာမည်သည် စီချွမ်-တိဘက် ဒေသတွင်းမှ မိသားစုများ၏ ရင်ထဲ၌ မြင့်မားသော နေရာတစ်ခုသို့ ရောက်သွားခဲ့လေသည်။

အစပိုင်း၌ သူတုိ့သည် သူ၏ အံ့ဩစရာကောင်းသော ဆေးပညာ ဗဟုသုတကို သိခဲ့ကြသည်။ ခွေးရူးပြန် ရောဂါ ကုသဆေးအတွက် ဆေးညွှန်းကြောင့် သူ နာမည်ကြီးလာသည်။ တစ်ချိန်တည်းမှာပင် သူသည် အခြားသူများ ပစ်မှတ်ထားသည့် သားကောင် အဖြစ်သို့လည်း ပြောင်းလဲသွားလေသည်။ သို့သော် ဆေးညွှန်းကို ရရှိရန်အတွက် မိသားစုကြီးများ သူ့ကို ဝိုင်းဖွဲ့၍ တိုက်ခိုက်မည့်ည၌ မိုသခင်ကြီးက ရုတ်တရက် ပေါ်လာပြီး ပြိုင်ဘက်ကင်းသောပုံနှင့် ရောက်လာသည်။ နောက်ဆုံးတွင် သူသည် ရဲ့လင်းချန်၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး မိသားစုကြီးများမှ ဝိုင်းဖွဲ့တိုက်ခိုက်ခြင်းကလည်း အလိုလို ပြိုလဲသွားခဲ့သည်။ အချို့ဆိုလျင် ထိုအဖြစ်ကြောင့် အထိတ်တလန့် ဖြစ်သွားကြလေသည်။

နတ်ဘုရားဆန်ဆန် ဆေးပညာများနှင့် သိုင်းပညာရှင်များ။

ချက်ချင်းဆိုသလိုပင် စီချွမ်-တိဘက် ဒေသတစ်ခုလုံး သူ၏ စည်းမျဉ်းအောက်၌ ကျိုးနွံလာသည်။ သူတို့ အားလုံးသည် နတ်ဆေးဆရာဝိုင်ကို ကြောက်ရွံ့ပြီး လေးစားနေကြသည်။

ထို့အပြင်် နတ်ဆေးဆရာဝိုင်က မိသားစုကြီးများအား သူ့အတွက် ဆေးပင်များနှင့် သိုင်းကျမ်းများ ထောက်ပံ့ပေးရန်လည်း တောင်းဆိုခဲ့သည်။ ထိုအခါမှသာ သူ၏ ဒေါသကို လျှော့ပေးမည် ဖြစ်သည်။ ဤဒေသမှ ရဲ့လင်းချန်၏ တစ်ဦးတည်းသော မိတ်ဆွေဖြစ်သော စုချင်းရွှယ်သည် လက်ဆောင်များ လက်ခံရာ၌ တာဝန်ယူရန် ရွေးချယ်ခံရလေသည်။

မိသားစုကြီးများသည် အချိန်မဆွဲရဲဘဲ သူတို့၏ လေးစားသမှုကို အလျင်အမြန် ပြသကြသည်။ လက်ရှိတွင် စုချင်းရွှယ်သည် နတ်ဆေးဆရာဝိုင်၏ အမျိုးသမီးအဖြစ် သတ်မှတ်ခံရသဖြင့် သူမ၏ အဆင့်အတန်းက မြင့်တက်သွားသည်။ မိသားစုကြီးများ၏ သခင်ကြီးများတောင်မှ သူမအနီးအနား၌ သတိဖြင့် နေကြရသည်။

စုချင်းရွှယ်သည် ရုတ်တရက် ပြောင်းလဲမှုကြောင့် စိတ်ရှုပ်ထွေးကြသည်။ မကြာသေးခင်ကမှပင် သူမ၏ အနာဂတ်က မျှော်လင့်အားရဖွယ် မရှိ ဖြစ်နေခဲ့သည်။ သို့သော်ငြားလည်း တစ်ခဏအတွင်း သူမသည် ဘဝ၏ အမြင့်ဆုံးသို့ ရောက်ရှိသွားလေသည်။

စုမိသားစုသည် နတ်ဆေးဆရာဝိုင်ကို ရန်စခဲ့မိသော်လည်း စုချင်းရွှယ်၏ ပတ်သက်မှုအပေါ် တွယ်ကပ်ပြီး မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်အား သူတို့၏ သားမက်အဖြစ် ရရှိလာနိုင်လောက်သည်။ ထို့ကြောင့် အခြား မိသားစုကြီးများက စုမိသားစုကို လေးစားမှုအပြည့် ဖြစ်နေကြသည်။ မိုမိသားစုမှာမူ ပြုတ်ကျလုတဲတဲ အခြေအနေ၌ ရှိနေသည်။ သန်မာသော စောင့်ရှောက်သူ မရှိသောကြောင့် သူတို့သည် အခြားသူများအတွက် သားကောင် ဖြစ်နေသည်။

…

ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးအနေဖြင့် ရဲ့လင်းချန်သည် စုမိသားစုတွင်းမှ အခန်းတစ်ခန်း၌ အနားယူနေ၏။

သူ့ရှေ့တွင် မရေတွက်နိုင်သော ပစ္စည်းများစွာကို ထားရှိထားသည်။ အပြင်လောကအတွက် ထိုပစ္စည်းများ အားလုံးသည် ရှားပါးပစ္စည်းများ ဖြစ်ပြီး အများစုမှာ တန်ဖိုးဖြတ်မရသော အရာများ ဖြစ်သည်။ ရဲ့လင်းချန်၏ လက်ထဲတွင် မိသားစုကြီးများမှ သူ့ထံ အသုတ်လိုက် ပို့လာသော လက်ဆောင်များကို မှတ်သားထားသည့် လက်ဆောင်စာရင်း ရှိနေသည်။ ၎င်းတို့ထဲမှ အများစုမှာ ရဲ့လင်းချန် တောင်းဆိုထားသကဲ့သို့ ဆေးပင်များနှင့် သိုင်းကျမ်းများ ဖြစ်လေသည်။ ကျန်သော အရာများမှာ ရဲ့လင်းချန်ကို မျက်နှာလုပ်ရန် ရည်ရွယ်ပေးပို့ထားသည့် ရတနာပစ္စည်းများ ဖြစ်သည်။

ရုပ်ဝတ္ထု ကြွယ်ဝမှုက ရဲ့လင်းချန်အတွက် ဘာမှမဟုတ်ချေ။ သူသည် ၎င်းတို့အား တစ်ချက်လေးပင် ဝေ့မကြည့်ချေ။ သူ အရေးစိုက်သော အရာမှာ ဆေးပင်များနှင့် သိုင်းကျမ်းများ ဖြစ်သည်။

ရှားပါးဆေးပင်များထဲမှ အချို့မှာ ဆန်းကြယ်ကျွန်းသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီး ရှားပါးဆေးပင်အား ဆန်းကြယ်ကျွန်း၏ အထူးထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်ပေသည်။ သိုင်းကျမ်းများမှာမူ သူ၏ အရည်အချင်းကို တိုးမြှင့်စေနိုင်ရန် ဖြစ်သည်။

လက်ရှိအချိန်၌ သူ့တွင် သိုင်းကျမ်းစာမူအနည်းငယ် ရှိနေသည်။ သို့ရာတွင် အများစုမှာ အဆင့်နိမ့်များ ဖြစ်သည်။ ၎င်းတို့က အရဟာ လက်သီးနှင့် ရှစ်ဆပြင်းထန် လက်သီးတို့နှင့် အဆင့်တူရုံမျှသာ ရှိသည်ဟု ရဲ့လင်းချန် ခံစားမိသည်။ ထိုမိသားစုများသည် ပိုကောင်းသော သိုင်းကျမ်းများကို သူတို့အတွက် သိမ်းထားကြသည်။ သူတို့၏ ဘိုးဘေးများထံမှ ထိပ်တန်းအဆင့် သိုင်းကျမ်းများ လက်ဆင့်ကမ်းမခံရခြင်းက မဖြစ်နိုင်ပေ။

သို့သော် ရဲ့လင်းချန် ဂရုမစိုက်ပါ။ သာမန် သိုင်းပညာများကို သူ လေ့လာရမည်ဆိုပါက ၎င်းတို့အား အဆင့်မြှင့်ရန် နောက်ပိုင်း၌ ရေပန်းစားမှု အမှတ်များကို ဖြုန်းတီးရန် လိုအပ်ပေလိမ့်မည်။ ထိုသို့ဆိုလျင် ၎င်းတို့ကို သူ မလေ့လာသည်က ပိုကောင်းပေသည်။ သူသည် မိုမိသားစု၏ နှလုံးဖျက် လက်ဝါးနှင့် ဟော်ရှန်၏ လေခွင်းကန်ချက်တို့ကို ရရှိခဲ့သည်။ ၎င်းတို့သည် စီချွမ်-တိဘက်ဒေသ၌ သူ ရှာတွေ့နိုင်သော အကောင်းဆုံး သိုင်းပညာများ ဖြစ်လောက်သည်။ အခြားသော သိုင်းပညာများမှာ အပေါ်ယံမျှသာ ဖြစ်သည်။

နှလုံးဖျက် လက်ဝါးသည် မူလ စိတ်ဝိညာဉ်အဆင့်သို့ တက်ရောက်အောင် ပြုလုပ်ပေးသော လက်ဝါးသိုင်း ဖြစ်ပြီး လေခွင်းကန်ချက်သည် အလျင်အမြန် ပြေးခြင်းစွမ်းရည်နှင့် မတူဘဲ အမှန်တကယ် ပေါ့ပါးလျင်မြန်သော သိုင်းပညာ ဖြစ်သည်။

သူသည် နှလုံးဖျက် လက်ဝါးအား အေးအေးလူလူ ဖတ်နေပြီး စနစ်ထံမှ အသိပေးချက်များ တဒင်ဒင် ထွက်ပေါ်လာသည်။

“နှလုံးဖျက်လက်ဝါးအား ကိုယ်တိုင် လေ့လာခြင်း၊ စွမ်းရည် တစ်မှတ်”

“နှလုံးဖျက်လက်ဝါးအား ကိုယ်တိုင် လေ့လာခြင်း၊ စွမ်းရည် တစ်မှတ်”

“နှလုံးဖျက်လက်ဝါးအား ကိုယ်တိုင် လေ့လာခြင်း၊ စွမ်းရည် တစ်မှတ်”

…

“ဒေါက် ဒေါက် ဒေါက်”

ဆက်တိုက် တံခါးခေါက်သံက ရဲ့လင်းချန်အား သတိပြန်ဝင်လာစေသည်။

ရဲ့လင်းချန် စာအုပ်ကို ချထားလိုက်သည်။

“ဝင်လာခဲ့ပါ”

တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး စုချင်းယောင်က တံခါးဝ၌ ရပ်နေသည်။

သူမ ဝတ်စားဆင်ယင်မှုကို အတော်လေး အားထုတ်ထားမှန်း သိသာလှသည်။ သူမသည် အနီရောင် ပိုးသားဂါဝန်တိုကို ဝတ်ဆင်ထားသဖြင့် သူမ၏ ဖြူဝင်းသော အသားအရည်က ပေါ်လွင်နေ၏။ မိတ်ကပ် ပါးပါးလေးနှင့် သူမပုံစံက တင့်တယ်၍ ရင်သက်ရှုမောဖွယ်ကောင်းလှသည်။ သူမ၏ မျက်ဝန်းများက အရာအားလုံးထက် သူ့အပေါ် စိတ်ဝင်စားနေပုံ ရသည်။ သူမ၏ နက်မှောင်သော ဆံနွယ်များက သူမပခုံးပေါ် ကျဆင်းကာ ညင်သာစွာ ယိမ်းနေကာ သူမ၏ အနီရင့်ရင့် နှုတ်ခမ်းလေးက စူနေသည်။

သူမလက်ထဲ၌ လင်ဗန်းတစ်ချပ် ရှိနေသည်။ သူမက ညှို့ငင်သော အပြုံးနှင့် ရဲ့လင်းချန်ကို ပြုံးပြကာ သူ့အနားသို့ လျှောက်လာသည်။

“မစ္စတာဝိုင်၊ ကျွန်မ ရှင့်အတွက် ညနေခင်း အဆာပြေမုန့်လေး ပြင်လာတာပါ”

“ဒါတွေကို မင်း လုပ်တာလား”

ရဲ့လင်းချန် မျက်ခုံးပင့်မိသွားသည်။

“အင်း … မစ္စတာဝိုင် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

စုချင်းယောင်က ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။

“မစ္စတာဝိုင် အခန်းထဲမှာ နေနေတာ တော်တော် ကြာနေပြီ၊ ကျွန်မ ရှင့်ကို နှိပ်ပေးပါရစေ”

ရဲ့လင်းချန်က ဘာမှမပြောဘဲ သူမကို ကြည့်နေသည်။

စုချင်းယောင်က အရင် လှုပ်ရှားလာပြီး ရဲ့လင်းချန်အနောက်၌ လာရပ်သည်။ သူမအင်အားက သူ့အတွက် မပြောပလောက်ပေ။ ယင်းက နှိပ်နေသည်ထက် ကြင်နာစွာ ပွတ်သပ်သည်ဟု ပိုတူလေသည်။ သို့သော် သူမက သူမ၏ နူးညံ့သော လက်များဖြင့် အလွန် နှံ့နှံ့စပ်စပ် ပွတ်သပ်နေလေသည်။

ရဲ့လင်းချန်နှင့် စုချင်းယောင်တို့က စကားမပြောဘဲ ငြိမ်သက်နေကြသည်။

နှစ်နာရီ အကြာ၌ ကောင်းကင်ယံက မှောင်မိုက်လာသည်။ ရဲ့လင်းချန်က စုချင်းယောင်ကို ကြည့်လိုက်သည်။

“ရပြီ၊ အခု မင်း သွားလို့ရပြီ”

စုချင်းယောင်၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားပြီးနောက် အံကိုကြိတ်၍ ပြောလာသည်။

“မစ္စတာဝိုင်၊ ကျွန်မ ရှင့်ကို အရာအားလုံး ပြုစုပေးဖို့ ဆန္ဒ ရှိပါတယ်”

“မင်းက ငါ့နောက် လိုက်ချင်တာလား”

စုချင်းယောင်က ခေါင်းညိတ်လိုက်ပြီး စိုးရိမ်၍ စိတ်အားထက်သန်သော အမူအရာနှင့် ရဲ့လင်းချန်အား ကြည့်နေသည်။

“ကျွန်မ ရှင့်ရဲ့ အမျိုးသမီး ဖြစ်ဖို့ အိပ်မက် မမက်ပါဘူး၊ ကျွန်မ ရှင့်ရဲ့ နောက်လိုက် ဖြစ်ဖို့ပဲ တောင်းဆိုတာပါ၊ ရှင် ကျွန်မကို ဘာမဆို လုပ်ခိုင်းလို့ ရပါတယ်၊ ကျွန်မ ရှင့်ကို ကောင်းကောင်း ပြုစုပါ့မယ်”

ရဲ့လင်းချန် သူမကို ကြည့်နေမိသည်။ သူမက သူ့ဘက်မှ ကတိများနှင့် ခံစားချက်များ ပေးစရာ မလိုဘဲ သူ့ချစ်သူအဖြစ် ရှိနေရန် လိုလားလိမ့်မည်ဟု သူ ထင်မထားမိပါ။

အမှန်အတိုင်း ပြောရမည်ဆိုလျင် စုချင်းယောင်သည် စုချင်းရွှယ်ထက် ပိုမို၍ သာလွန်သော မိန်းမလှလေးတစ်ဦး ဖြစ်သည။ ယနေ့ သူမ၏ ပြင်ဆင်ထားပုံကြောင့် ရဲ့လင်းချန်တောင်မှ စိတ်လှုပ်ရှားသွားရသည်။

“မင်းရဲ့ မိသားစုနောက်ခံနဲ့ ရုပ်ရည်အရဆိုရင် ဒီလို လုပ်ဖို့ မလိုပါဘူး၊ မင်း ငါ့မျက်နှာကိုတောင် မမြင်ရသေးဘူးလေ”

ရဲ့လင်းချန် သိချင်နေမိသည်။

စုချင်းယောင်က နှုတ်ခမ်းကိုက်၍ အမှန်အတိုင်း ဝန်ခံသည်။

“ရှင့်အသံအရဆိုရင် ရှင်က တော်တော်လေး ငယ်သေးပြီးတော့ အစွမ်းအစရှိတယ်လို့ ကျွန်မ ပြောနိုင်တယ်၊ ကျွန်မ ရှင့်နောက်လိုက်တာက နစ်နာတယ်လို့ မထင်ဘူး၊ ပြီးတော့ မိန်းကလေးတွေက အားကိုးဖို့ သန်မာတဲ့ ယောက်ျားတစ်ယောက်ကို ရှာရမှာပဲလေ၊ အဲ့လိုမှပဲ ကျွန်မတို့ ဖိအားပေး တွန်းပို့တာတွေကနေ ရှောင်နိုင်မှာ”

သူမတို့ စကားပြောနေချိန်တွင် သူမမျက်ဝန်းများက အားကျသော အရိပ်အယောင်ကို ပြသနေ၏။ အစက သူ၏ အဆင့်အတန်းက စုချင်းရွှယ်နှင့် ယှဉ်လိုက်လျင် မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ သူမနှင့် ရဲ့လင်းချန်က ရင်းနှီးနေသဖြင့် လူပေါင်းများစွာက သူမနှင့် အဆက်အသွယ်ရှိရန် ကြိုးစားလာကြသည်။ ယင်းက သူမတို့ကြားမှ ကွာခြားချက် ဖြစ်လေသည်။

“ငါ့ကို အားကိုးမယ် ဟုတ်လား”

ထိုသို့သော သဘောထားကို ရဲ့လင်းချန် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ လက်ရှိ လူ့အဖွဲ့အစည်းသည် တန်းတူဆက်ဆံရေးအပေါ် အလေးထားကြသည်။

“မစ္စတာဝိုင်၊ ကျွန်မသာ သာမန်မိသားစုမှ မွေးလာခဲ့ရင် ကျွန်မရဲ့ ရုပ်ရည်က ဒုက္ခဖြစ်လာစေနိုင်ပါတယ်၊ အမှန်အတိုင်း ပြောရရင် စုမိသားစုထဲမှာတောင်မှ ကျွန်မဘဝက အဲ့လောက် ကောင်းမနေပါဘူး၊ ကျွန်မမှာ သိုင်းပညာ လေ့ကျင့်ဖို့ ပါရမီ မပါလာသလို စီးပွားရေးမှာ ထူးချွန်နေဖို့ ကျွန်မကိုယ်ကျွန်မ ဖိအားပေးခဲ့ရတယ်၊ စုမိသားစုကို အကျိုးအမြတ်တွေ ယူလာပေးနိုင်မှပဲ ကျွန်မနေရာက ခိုင်မြဲမှာပါ၊ ကျွန်မအဖေက မိသားစုရဲ့ သခင်ကြီးဆိုပင်မယ့် ကျွန်မက မိသားစုအတွက် ဘာမှသုံးမရရင် ကျွန်မအဆင့်အတန်းက ကျဆင်းနေမှာ၊ နိုင်ငံရေးအရ လက်ထပ်ပွဲအတွက် အသုံးချခံအဖြစ်တောင် ပြောင်းလဲသွားနိုင်လောက်တယ်”

စုချင်းယောင်၏ မျက်ဝန်းတွင် ဝမ်းနည်းမှု အရိပ်အယောင်တို့ ပေါ်လွင်နေ၏။

စုထျန်းဟုန်က စုချင်းယောင်နှင့် စုချင်းရွှယ်တို့ကို အသုံးချခံအဖြစ် ချနင်းသွားသည်ကို ရဲ့လင်းချန် မြင်ခဲ့ပြီးလေပြီ။

“ကျွန်မ အခုအချိန်မှာ အသုံးဝင်နေသေးတယ်ဆိုပင်မယ့် နောက်ပိုင်း မိသားစုရဲ့ နိုင်ငံရေးအရ လက်ထပ်ပွဲအတွက် ပစ္စည်းတစ်ခုအဖြစ် အသုံးချခံရဦးမှာပဲ”

စုချင်းယောင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။

“အဲ့ဒါကြောင့် ကျွန်မ ခစားရမယ်ဆိုရင် ဒီကမ္ဘာရဲ့ အသန်မာဆုံးသူကိုပဲ ခစားမယ်လို့ ကျွန်မဘာသာကျွန်မ စဉ်းစားမိတယ်၊ မစ္စတာဝိုင်နဲ့ တွေ့ရတာ ကျွန်မ ကံကောင်းတာပဲ”

“မင်းပြောချင်တာက …”

ရဲ့လင်းချန် ချက်ချင်း မတုံ့ပြန်နိုင် ဖြစ်နေလေသည်။ သူသည် တစ်နည်းနည်းဖြင့် အခြားသူများ အားကိုးနိုင်သည့် ပုဂ္ဂိုလ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

“မစ္စတာဝိုင်၊ ကျွန်မအိပ်မက်က သာမန် အမျိုးသမီးတစ်ယောက်အနေနဲ့ နေသွားဖို့ပါ”

စုချင်းယောင်က သူ့အား မျှော်လင့်တကြီး ကြည့်နေသည်။

“ကျွန်မ သန်မာတဲ့ လက်မောင်းတစ်စုံကိုပဲ မှီခိုပြီး ဒုက္ခရောက်လာရင် ကျွန်မကို ဖေးမဖို့ပဲ မျှော်လင့်တာပါ”

မိသားစု၏ ရက်စက်သော သဘာဝကြောင့် စုချင်းယောင်က အလွန်အမင်း မလုံခြုံစိတ် ဖြစ်လာကြောင်း ရဲ့လင်းချန် ခန့်မှန်းမိသည်။ သန်မာသော အသွင်အပြင်အောက်၌ နူးညံ့၍ အထိမခံနိုင်သော နှလုံးသား ရှိနေသည်။ သူမသည် အားကိုးနိုင်မည့် တစ်စုံတစ်ယောက်ကို မသိစိတ်အရ ရှာနေမိခြင်းသာ ဖြစ်သည်။

သို့သော် ဤအမျိုးသမီးသည် မလုံခြုံစိတ် ရှိသော်လည်း ရည်မှန်းချက် ရှိသည်။ သူမက အခြားသူများကို သူမအပေါ် လေးစားစေချင်သည်။ ယင်းက သူမကို သန်မာသော လူတစ်ယောက်ကို ရှာဖွေချင်စိတ် ဖြစ်စေပြီး အကြီးမားဆုံး ငွေကြေး ထောက်ပံ့သူကို ရှာချင်စေခဲ့သည်။

သူမအတွေးအမြင်က လွဲနေသော်လည်း မမှားပေ။

“မင်း အခု ချစ်သူဖြစ်ဖို့ပဲ စိတ်ကူးထားပင်မယ့် မင်းရဲ့ အနာဂတ်မှာရော”

ရဲ့လင်းချန်က မေးလိုက်သည်။

“ဘာအနာဂတ်လဲ”

စုချင်းယောင် သတိလက်လွတ် ဖြစ်သွားသည်။

“မင်း တစ်သက်လုံး ချစ်သူအဖြစ်ပဲ နေလို့ မရဘူးလေ ဟုတ်တယ်မလား၊ ငါက အိမ်ထောင်ရေးကို ပြောနေတာ”

“ကျွန်မ တစ်သက်လုံး ချစ်သူ ဖြစ်နေတော့လဲ ဘာဖြစ်လဲ၊ ကျွန်မက အားကိုးရမယ့်သူကို ရှာပြီး ဘဝကို အေးအေးဆေးဆေး နေချင်ရုံပဲ”

စုချင်းယောင်က ရိုးရိုးသားသား ပြောလာသည်။

“ရှင်နဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ကျွန်မက မိသားစုကြီးတစ်ခုရဲ့ သခင်လေးနဲ့ လက်ထပ်ရလောက်တယ်၊ အဲ့ဒါက အပေါ်ယံမှာ ကောင်းတယ်လို့ ထင်ရပင်မယ့် ကျွန်မက သူတို့အတွက် ကလေးမွေးပေးရပြီးတော့ အမျိုးတွေကိုလဲ လေးစားရမယ်၊ ကျွန်မ ခဏခဏ ရန်ဖြစ်ရလောက်ပြီးတော့ ကျွန်မနေရာကို မယားငယ်တွေ မခိုးအောင်လဲ ကြည့်နေဦးမှာလေ”

သူမက တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။

“ရှင်နဲ့ တွေ့ပြီးသွားတဲ့အခါမှာတော့ မတူတော့ဘူး၊ ကျွန်မ ရှင့်ရဲ့ ချစ်သူအဖြစ်နဲ့ပဲ ပျော်နေနိုင်တယ်၊ ကျွန်မ ရှင့်ဘဝကို ဝင်မပတ်သက်သလို ကျွန်မလဲ အေးချမ်းပြီး ဒုက္ခကင်းတဲ့ ဘဝကို ရမှာလေ၊ ကျွန်မ အနိုင်ကျင့်ခံရမှာကို စိုးရိမ်စရာ မလိုသလို ရှင်ကနေတဆင့် အခြားသူတွေရဲ့ လေးစားမှုကိုလဲ ရနိုင်သေးတယ်၊ ကျွန်မ ဒုက္ခကင်းပြီလေ”

*မြတ်စွာဘုရား*

*သောက်ကျိုးနည်း ဉာဏ်ကြီးရှင်ဟ၊ စူပါ ဉာဏ်ကြီးရှင်ပဲ*

သူမ ပြောပုံအရ ရဲ့လင်းချန်တောင်မှ ထိုသို့သောဘဝကို လိုချင်စိတ် အနည်းငယ် ဖြစ်သွားရသည်။

*ရှင်းရှင်းပြောရရင် ငါက သူ့ကို အရာအားလုံးဆီကနေ ကာကွယ်ပြီး သူ့ကို ပျော်ရွှင်တဲ့ဘဝမျိုး ပေးနိုင်တဲ့ သစ်ပင်ကြီးပါလား*

စုချင်းရွှယ် ပြောပြခဲ့သော စီးပွားရေး ပါရမီရှင်အစ်မက ဤမျှ လိမ္မာပါးနပ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

“ငါ ရုပ်ဆိုးနေလောက်မှာကို မင်း မစိုးရိမ်ဘူးလား”

ရဲ့လင်းချန် မေးလိုက်သည်။

“ရှင့်စကားနဲ့ အပြုအမူတွေမှာ ယုံကြည်မှု အပြည့် ပါနေတယ်၊ ရုပ်ဆိုးတဲ့သူတွေက အများအားဖြင့် ဒီလို မပြုမူဘူး၊ ရှင် ရုပ်ဆိုးနေရင်တောင်မှ ကျွန်မ အဆင်ပြေပါတယ်၊ ရှင်နဲ့ တွေ့ခွင့်ရတာကတင် ကျွန်မအတွက် တော်တော်လေး ကံကောင်းနေပြီ”

စုချင်းယောင်က ဖြည်းဖြည်းချင်း ပြန်ပြောလာသည်။

“သူတို့ လိုချင်တဲ့ ဘဝကို ရဖို့ အဝလွန်နေတဲ့ ဦးလေးကြီးတွေနဲ့ အဘိုးကြီးတွေကိုတောင်မှ ပြုစုတဲ့ မိန်းမတွေ အများကြီးကို ကျွန်မ မြင်ဖူးတယ်”

ရဲ့လင်းချန် မှင်တက်သွားသည်။

သူမ၏ အတွေးအမြင်က လမ်းလွဲနေသော်လည်း သူမ စကားများကို ရဲ့လင်းချန် ပြန်မတုံ့ပြန်တတ်တော့ချေ။

All Chapters