← Chapters

အခန်း (၄၄၉)

Vol. 37 Ch. 449

အခန်း (၄၄၉)

Vol. 37 Ch. 449

မြို့အရှင် စံအိမ်တော်တွင် ရှိသမျှအရာအားလုံးတိတ်ဆိတ်သွားသည်။

တိုက်ခတ်နေသောလေထုပင် နှေးကွေးသွားသလို ခံစားရ၏။ လူတိုင်းက တစုံတခုကို အာရုံခံမိလိုက်သည်။

မြို့အရှင်စံအိမ်၏ ဒုတိယအထပ်ကိုမော့ကြည့်လိုက်ရာ ဒုတိယအထပ်၏ ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိသော ထိုင်ခုံတစ်လုံး၌ လူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် သတ်လတ်ပိုင်းအရွယ်ရှိသော လူတယောက်ဖြစ်သည်။

ဒီလူက ရှုကျီအန်းများလား

"မြို့အရှင် ကို အရိုအသေပေးပါ"

ထိုအခိုက်တွင် လူတိုင်းက ဒူးထောက်ပြီးနောက်တွင် မြို့အရှင်ကို အရိုအသေပေးလိုက်ကြပါသည်။

လီဟမ်ရှန်း သည်လည်း အခြားသူများကဲ့သို့ပင် ဒူးတဖက်ထောက်ပြီး အရိုအသေပေးလိုက်၏။ သို့သော် အခြားသူများက ဦးခေါင်းငုံ့ထားသည့်တိုင် လီဟမ်ရှန်း ၏ အကြည့်က မြို့အရှင် ၏ မျက်နှာမှ လုံးဝမခွာပါချေ။

ကြည့်ရှုလိုက်သည်နှင့် ရှုကျီအန်း၏ ခွန်အားကို လီဟမ်ရှန်းက တွက်ချက်မိသွားသည်။ ရှုကျီအန်းသည် စစ်သူကြီးသုံးဦးထက် စွမ်းအားကြီးသည်။ သူ၏ ခန့်မှန်းချက်သာမမှာပါက ရှုကျီအန်းသည် မဟာသိုင်းဂိုဏ်း အဆင့်တွင် ရှိပါသည်။

ယခုလိုမျိုး စွမ်းအားကြီးမားသောသူက မြို့အရှင်ဖြစ်နေသောကြောင့် လူသားမျိုးနွယ်ရော တစ္ဆေမျိုးနွယ်ပါ တစ္ဆေမြို့တော်၌ ပြသာနာမရှာရဲသည်မှာ အံ့သြစရာမရှိပါ။

"လူတိုင်း ထလို့ရပြီ"

ရှုကျီအန်း၏ အသံက ထွက်ပေါ်လာသည်။ လူတိုင်းက မတ်တပ်ထရပ်လိုက်ပြီး မိမိတို့ကုလားထိုင်များတွင် ပြန်ထိုင်လိုက်ကြသည်။

"ညစာစားပွဲစမယ်"

အပိုစာသားများမပြောပဲ စားသောက်ပွဲသာ ချက်ချင်းစတင်ခဲ့သည် ယခုလိုမျိုး ရိုးရှင်းစွာ တည့်တိုးပြောတတ်သည့် မြို့အရှင်ကို လီဟမ်ရှန်းက ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်ဖြစ်သည်။ လူတိုင်းစားသုံးနိုင်ရန်အတွင် အစားအသောက်နှင့်ဝိုင်များက ပေါ်လာခဲ့ကြသည်။ လူတိုင်းသည် တုံ့ဆိုင်းမနေဘဲ စားသောက်လိုက်ကြသည်။

လီဟမ်ရှန်းသည်လည်း အခြားသူများကဲ့သို့အသားကိုစားသည်။ အရက်ကိုသောက်သည်။ တခါတလေတော့ ရှုကျီအန်းကိုတချက်တချက် လှည့်ကြည့်သည်။ ရှုကျီအန်းကတော့ တိတ်ဆိတ်စွာစားသောက်နေသည်ကို မြင်လိုက်ရသည်။ ရှုကျီအန်း၏ ပုံစံကိုမြင်သော် လီဟမ်ရှန်း သည်ပို၍ပင် ထူးဆန်းသလိုခံစားရသည်။

ဒီနေ့ ညစာစားပွဲကိုရောက်လာတဲ့သူတွေက ဘာမှမပြောပဲ စားပဲစားသောက်နေကြမှာလား

လူတိုင်းစားသောက်ပြီးခါနီးမှသာ ရှုကျီအန်းက စတင်၍ စကားပြောသည်။ သူပြောဆိုသည့်အကြောက်းအရာမှာ လတ်တလော၌ တစ္ဆေမျိုးနွယ်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများဖြစ်ပါသည်။ သူသည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သော သူများ၏ အမည်ကိုလည်း ရွတ်ဆိုပြခဲ့သည် ။

ထို့နောက် တစ္ဆေမြို့တော်၌ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သော ခေါင်းဆောင်များနှင့်တပ်မှူးများကို စတင်၍ ဆုချီးမြင့်ပါတော့သည်။ သူသည် ခေါင်းဆောင်တစ်ဦးကိုချီးမွမ်းသည်။ ခေါင်းဆောင်တစ်ဦးထဲ၌ ဟုန်ရှန်းလည်းပါပါသည်။ အခြားသော ခေါင်းဆောင်များသည် အလွန်အမင်း မနာလိုဖြစ်သွားခဲ့ရ၏။

ထို့နောက်တွင် မြို့အရှင်က ဟုန်ရှန်းအား ရှားပါးသော ရတနာပစ္စည်းများနှင့် ငွေလွှဲလက်မှတ်များကို ဆုချီးမြှင့်လိုက်သည်။ တပ်မှူးများအလှည့်သို့ရောက်သော် လီဟမ်ရှန်းက ဆုချီးမြှင့်ခံရသည့်ထဲ ပါဝင်သည်။

ငွေပြားတစ်သိန်းနဲ့ မြေကမ္ဘာကြာပန်းသုံးစေ့ကို ဆုချီးမြှင့်လိုက်တယ်။ ရှုကျီအန်းက လီဟမ်ရှန်း ကိုပြောလိုက်သည်။

"အနာဂတ်မှာ ဒီထက်ပိုပြီးတော့ကောင်းမွန်စွာဆောင်ရွက်ဖို့ ငါမျှော်လင့်ပါတယ်"

"မြို့အရှင်ရဲ့ ကြင်နာမှုကိုကျေးဇူးတင်ပါတယ်"

လီဟမ်ရှန်း က အနည်းငယ် အံ့အားသင့်သွားသည်။ ငွေလွှဲလက်မှတ်များကို ဘေးဖယ်လိုက်သော် မြေကမ္ဘာကြာပန်းစေ့သည် အလွန်အမင်းကောင်းမွန်သော အရာဖြစ်သည်။ ထိုရတနာသည် သူ၏ အတွင်းစွမ်းအားများကို ခပ်မြန်မြန်အသွင်ပြောင်းနိုင်စွမ်းရှိပါသည်။ ထိုရတနာကို အသုံးပြုလိုက်ပါက သူ၏ မူလအဆင့်သို့ ချိုးဖျက်မှုမှာ အချိန်အလွန်အင်မတန်မြန်ဆန်သွားမည်။

သို့သော် ကံဆိုးသွားတာက ကြာပန်းစေ့သုံးစေ့ပဲရသောကြောင့်ဖြစ်သည်။ သုံးစေ့မှာ အလွန်အမင်းနည်းပါးလွန်းလှပါ၏။ ဒါပေမယ့် လီဟမ်ရှန်း က မျိုးနွယ်စုများကို သိမ်းပိုက်ပြီး အောင်မြင်မှုအကြီးကြီးရထားသောကြောင့် သုံးစေ့ရသည်မှာ အလွန်အမင်းဟုတ်လှသည်ဟုပြော၍ ရပါသည်။

လီဟမ်ရှန်း ကို ပို၍ အံ့အားသင့်သွားစေသည်မှာ ရှုကျီအန်းက သူဘယ်သူလဲဆိုတာကို မမှတ်မိခြင်းပင်ဖြစ်သည်။ ဖြစ်နိုင်တာက ရှုကျီအန်းသည် အပြင်လောကသို့ခရီးထွက်စဥ်အခါက နာမည်ကျော် လီဟမ်ရှန်း ၏ ပန်းချီကားကို မမြင်ဖူးခဲ့ဟန်ရှိပါသည်။

"မြို့အရှင်ခင်ဗျား"

ထိုအချိန်တွင် ခေါင်းဆောင်တစ်ဦးက မတ်တပ်ရပ်ပြီး ရှုကျီအန်းကို အရိုအသေပြုလိုက်သည်။

"ဒီနေ့ညစာစားပွဲက အရမ်းကိုပျင်းဖို့ကောင်းတယ် အရင်တုန်းက ညစာစားပွဲတွေဆိုရင် ဖျော်ဖြေမှုတွေပါတယ်လေ ဒါကြောင့် ဒီနေ့ ပျင်းခြောက်ခြောက်ဖြစ်နေတယ် အနေအထားကိုပြောင်းလဲဖို့ ဖျော်ဖြေမှုတစ်ခုလောက်လုပ်သင့်မလားလို့ ဒီကျွန်တော်မျိုးက အကြံပေးပါရစေ"

လူတိုင်းက ထိုစကားပြောလိုက်သော ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။ ထိုခေါင်းဆောင်သည် စစ်သူကြီး ဖန်လင်း၏ စံအိမ်တော်မှ ခေါင်းဆောင်ဖြစ်သည်။ ခေါင်းဆောင်၏ အမည်သည် ကျိုးပိုင်ချွမ်ဟုခေါ်သည်။

"ခေါင်းဆောင်ကျိုး ဘယ်လိုမျိုးအစီအစဥ်ကို မင်းက လုပ်ချင်လို့လဲ"

ရှုကျီအန်းက မေးလိုက်သည်

"ခေါင်းဆောင်ဟုန်"

ကျိုးပိုင်ချွမ်က ဟုန်ရှန်းကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။

"အခုတလော ခင်ဗျားလက်အောက်မှာရှိတဲ့ တပ်မှူးတွေက အရမ်းကိုအောင်မြင်မှုကြီးကြီးမားမားတွေရထားတယ်။ ဒီဖြစ်ရပ်ကြောင့် ကျုပ်တို့တွေ ပြိုင်ပွဲအသေးစားလေးလုပ်ကြတာပေါ့ ကျုပ်လက်အောက်မှာရှိတဲ့ တပ်မှူးတွေက အခုတလော လေ့ကျင့်မှုတွေလျော့ရဲပြီးတော့ အသုံးမကျဖြစ်နေတယ်

ခေါင်းဆောင်ဟုန်ရဲ့ လက်အောက်မှာရှိတဲ့ တပ်မှူးတွေနဲ့ တိုက်ခိုက်ခိုင်းပြီးတော့ လက်ရည်စမ်းချင်တယ် အဲ့အချိန်ကျမှပဲ သူတို့တွေက အခြားတပ်မှူးတွေထက် ဘယ်လောက်တောင် စွမ်းအားနည်းပြီး နောက်ကျနေလဲဆိုတာကို ဆင်ခြင်လို့ရအောင်ပေါ့ ဘယ်လိုထင်လဲ ခေါင်းဆောင်ဟုန်"

ဟုန်ရှန်းကြားသောအခါ မျက်မှောင်ကြုံ့လိုက်သည်။ ကျိုးပိုင်ချွမ်နှင့် သူသည် အမြဲတမ်း တိုက်လိုက်နေကြသူများဖြစ်သည်။ တယောက်နဲ့တယောက် ကြည့်မရဖြစ်နေသည်မှာလည်း အလွန်ကြာနေပြီဖြစ်သည်။ သိပ်မကြာခင်အချိန်တုန်းက ကျိုးပိုင်ချွမ်သည် ရှားပါးလှသော တစ္ဆေမျိုးနွယ်ဝင်တစ်ဦး ကို မွေးစားသားအဖြစ်မွေးစားခဲ့သည်။

ထိုတစ္ဆေမျိုးနွယ်ဝင်သည် ညတစ္ဆေမျိုးနွယ်ဖြစ်သည်။ တစ္ဆေမျိုးနွယ်တွင် ညတစ္ဆေမျိုးနွယ်များသည် အလွန်အမင်းရှားပါးလွန်းလှပါ၏။ ယခုအချိန်တွင်တော့ ထိုမျိုးနွယ်ဝင်များအားလုံးက မရှိတော့လောက်ဟုပင်ပြော၍ရသည်။ ထိုတယောက်တည်းသာ ကျန်ရစ်တော့ခြင်းပင်ဖြစ်၏။

ညတစ္ဆေမျိုးနွယ်ဝင်များသည် နေ့ခင်းဘက်တွင် စွမ်းအားကြီးမားသည့်တိုင် ညဘက်တွင်တော့ပို၍ပင် စွမ်းအားကြီးမားလှပါသည်။ အခုတလောတွင်ထိုမျိုးနွယ်ဝင်ကို မွေးစားသားအဖြစ်မွေးစားပြီးသည့်နောက်တွင် ကျိုးပိုင်ချွမ်၏ တိုက်ပွဲရလဒ်များမှာ ယခင်ကနှင့်မတူပဲ အလွန်အမင်းကောင်းလာခဲ့ပါသည်။

ထို့ကြောင့် ကျိုးပိုင်ချွမ်သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဟုန့်ရှန်းကို နှိမ့်ချလိုခြင်းပင်ဖြစ်ပါသည်။

"ဒါဆိုလို့ရှိရင် ခေါင်းဆောင်ဟုန်ကရော ဘယ်လိုထင်လဲ"

ရှုကျီအန်းက မငြင်းဆန်ဘဲ မေးလိုက်သည်။ တစ္ဆေမျိုးနွယ်ဝင်များကြားတွင် တိုက်ခိုက်မှုများသည် ပြပွဲတစ်ခုလိုပင်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ယှဥ်ပြိုင်တိုက်ခိုက်ခြင်းသည် ကောင်းကျိုးများရသည်ဟု သူတို့က သတ်မှတ်ထားသည်။

"မြို့အရှင် ကိုယ်တိုင်ပြောလာပြီဆိုမှတော့ ဒီနိမ့်ကျတဲ့ဟုန်က သဘောတူပါတယ်"

ဟုန်ရှန်းကလည်း စိန်ခေါ်မှုကို လက်ခံလိုက်သည်။အတိတ်တုန်းကလိုဆိုရင် ဟုန်ရှန်းသည် သူ၏ လူများနှင့်တိုက်ခိုက်ရန် အတွက် ပြင်းပြင်းထန်ထန် စဥ်းစားရမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ့လက်အောက်တွင် မကောင်းဆိုးဝါး လီဟမ်ရှန်း ရှိပေသည်။

ဟုန်ရှန်း၏ အမြင်တွင် လီဟမ်ရှန်း သည် ညတစ္ဆေမျိုးနွယ်ဝင် ကောင်လေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်မည်ဟုပင်တွေးထားပါသည်။ တကယ်လို့ မရိုက်နှက်နိုင်ဘူးဆိုရင်တောင် သရေကျဖို့အတွက်ကတော့ အေးဆေးပင်ဖြစ်သည်။ ဒီလိုဆိုမှတော့ သူ့မှာ အနိုင်ယူရန်အတွက် အခွင့်အရေးရှိပါသေးသည်။

All Chapters