အခန်း (၄၅၀)
Vol. 37 Ch. 450
"ဒါဆိုလည်းစရအောင်"
ကျိုးပိုင်ချွမ်က လက်ဝါးနှစ်ဖက်ကိုပွတ်ရင်း အပြုံးနှင့်ပြောလိုက်သည်။ ထိုစကားသံထွက်ပေါ်လာသည်နှင့် ချက်ချင်းပင်လျှင် ပုံရိပ်တစ်ခုက မြင်ကွင်းတွင်ပေါ်လာသည်။ ထိုသူသည် ခန္ဓာကိုယ်တစ်ခုလုံးကြွက်သားများနှင့်ပြည့်နှက်နေ၏။ သို့သော် အရပ်တော့မရှည် ။ သူ့ကိုကြည့်လိုက်သည်နှင့်အရပ်ပုသော်လည်း ခွန်အားကြီးမည်ဆိုသော ခံစားချက်ကို ရရှိမည်ပင်ဖြစ်သည်။
တချိန်တည်းမှာပဲ သူ့ထံမှ တစ္ဆေစွမ်းအားများသည် မှော်ဆန်လှပေသည်။ သူ၏ အသားအရည်မှာဖြူဖွေးနေ၏။ သူက ရှိနေသော တပ်မှူးများအားလုံးကို လွှမ်းခြုံကြည့်လိုက်သည်။ အကြည့်ခံလိုက်ရသော မည်သူမဆို ဖိနှိပ်ခံလိုက်ရသော ခံစားချက်ကို ရရှိစေမည်ဖြစ်သည်။ ဟုန်ရှန်း၏ လက်အောက်တွင်ရှိသော တပ်မှူးများ၏ မျက်နှာအနေအထားများက ပြောင်းလဲသွားသည်။
ဒီလူက အရမ်းကို သန်မာလွန်းတယ်မဟုတ်ဘူးလား သူက ပြန်လည်မွေးဖွားခြင်း၏ အထွတ်အထိပ်တွင်ရှိသော်လည်း သူ့ထံမှပေးသော ဖိအားသည် ခေါင်းဆောင်များထံမှရသော ဖိအားနှင့်မခြားပေ။ ပို၍ပင် စွမ်းအားကြီးကောင်းကြီးပေလိမ့်မည်။
"လုံကျိုး မင်းအရင်ဆုံးသွားတိုက်လိုက်"
ထိုလုံကျိုးဆိုသည်မှာ သူ့လက်အောက်တွင်ရှိသော ပထမတန်းစား တပ်မှူးပင်ဖြစ်သည်။ ညတစ္ဆေမျိုးနွယ်ဝင်လည်းဖြစ်ပါသည်။ လုံကျိုးသည် စကားနည်းပြီး ရက်စက်သည်။ သူက လီဟမ်ရှန်း ကို စိုက်ကြည့်ပြီး လက်ညှိုးနှင့်ထိုးပြီးပြောလိုက်၏။
"ထွက်လာခဲ့စမ်း ငချွတ်လေး မင်းတယောက်ပဲ ငါနဲ့တိုက်ဖို့အတွက် အဆင့်မီတယ်"
ထိုစကားကိုကြားသော် လီဟမ်ရှန်း၏ လက်အောက်တွင်ရှိသော စစ်သားများက ဒေါသထွက်သွားကြသည်။
"လုံကျိုးဆိုတဲ့ကောင်က မောက်မာလွန်းတယ် သူ့မိသားစုပါ မမှတ်မိအောင်ရိုက်ပစ်လိုက်"
စစ်သားတယောက်က ထအော်လိုက်၏။
"အစွမ်းတွေကို ထိန်းချုပ်ထားစရာမလိုဘူး ဟုတ်တယ်မလား"
လီဟမ်ရှန်းက ဟုန်ရှန်းအားသေချာအောင် ထပ်မေးလိုက်သည်။
"မင်းက ဘာဖြစ်လို့ ကိုယ့်အစွမ်းကိုကိုယ်နှိမ့်ချချင်နေတာလဲ အခုလိုမျိုးအချိန်မှာ မင်းစွမ်းအားအကုန်လုံးကို ထုတ်ပြသင့်တယ်ဟ"
ဟုန်ရှန်းက အံတင်းတင်းကြိတ်ပြီးပြောလိုက်သည်။
"ဒီသတောင်းစားကို ဖူးယောင်နေအောင်ရိုက်ပစ်လိုက် ကောင်းတယ်"
ထိုစကားကိုကြားသော် လီဟမ်ရှန်းကလည်း တိုက်ပွဲကွင်းပြင်ထက်သို့ရောက်လာခဲ့သည်။ သို့သော် လီဟမ်ရှန်းက လုံကျိုးကို ပုရွက်ဆိတ်လေးတကောင်လိုကြည့်ပြီး ခေါင်းခါလိုက်သည်။
"ဘာလဲ မင်းက ငါ့ကိုမချရဲဘူးလား ကောင်လေး"
လုံကျိုးက ခေါင်းမော့ရင်ကော့ပြီး မောက်မာစွာပြောလိုက်သည်။
"မင်းက လူသားတယောက်ပဲဆိုမှတော့ ငါက မင်းကို အနိုင်မကျင့်တော့ပါဘူး ငါ့ရဲ့ခွန်အား ရှစ်ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုမယ် လေးဆယ့်ငါးမိနစ်တိတိ မင်းတောင့်ခံနိုင်တယ်ဆိုရင် ငါရက်ရက်ရောရောနဲ့ အရှုံးပေးလိုက်မယ်"
ထိုစကားမှာ အလွန်အင်မတန်မောက်မာပြီး အလွန်အင်မတန်မှပင် ယုံကြည်မှုရှိနေခဲ့သည်။ ဒါပေမယ့်လီဟမ်ရှန်းက ခေါင်းခါရင်းပြောလိုက်သည်။
"ငါခေါင်းခါတာက မင်းလိုမျိုးပုရွက်ဆိတ်လေးက ငါနဲ့တိုက်ခိုက်ဖို့အဆင့်မမီလို့ ခေါင်းခါတာပဲ
ခင်ဗျားနာမည်ဘယ်လိုခေါ်တာ ခေါင်းဆောင်ကျိုးဟုတ်လား ခင်ဗျားအရမ်းကြီးပင်ပန်းခံနေစရာမလိုဘူး ခင်ဗျားလက်အောက်မှာရှိတဲ့ တပ်မှူးတွေအကုန်လုံးကိုစင်ပေါ်တက်လာခိုင်းလိုက် အကုန်လုံးနဲ့ကျုပ်တယောက်တည်းချမယ်"
ထိုစကားထွက်ပေါ်လာပြီးသည့်နောက်တွင် မြို့အရှင် စံအိပ်တော်တစ်ခုလုံးက အပ်ကျသံကိုပင် ကြားရမတတ် တိတ်ဆိတ်သွားသည်။ လူတိုင်းက လီဟမ်ရှန်းကို ထိတ်လန့်စွာကြည့်လိုက်၏။
ဒီကောင်ဘာတွေပြောနေတာလဲဟ
ဟုန်ရှန်း၏ မျက်နှာသည်လည်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားသည်
ဒီသောက်ခလေးကတော့ ငါကသူ့ကို မနှိမ့်ချဖို့ပဲ ပြောတာ အခုလိုမျိုး မကောင်းဆိုးဝါးတကောင်လိုလုပ်ရမယ်လို့မပြောထားဘူးလေ
သူရင်ဆိုင်ရမယ့်သူက ညတစ္ဆေမျိုးနွယ်ဝင်ဖြစ်ပြီး စွမ်းအားကြီးမားသည်။ ထိုလူတယောက်တည်းကိုပင် လီဟမ်ရှန်းက မနည်းတိုက်ခိုက်ရမည်ဖြစ်သည်။ ကျန်တဲ့တပ်မှူးလေးယောက်ကိုပါ တစ်ခါတည်း စိန်ခေါ်လိုက်တာတဲ့လား
ဒီကောင်ခေါင်းမကောင်းတော့ဘူးလား လုံကျိုးက ထိုစကားကိုကြားသော် သူ၏ တည်ငြိမ်နေသောမျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် ဒေါသထွက်ဟန်ထွက်ပေါ်လာသည်။ လီဟမ်ရှန်းက သူ့ကို အဖတ်မလုပ်ဟု ခံစားလိုက်ရသည်။
"ခင်ဗျားသေချင်နေတာပဲ"
လုံကျိုးက ဒေါသထွက်နေပြီဖြစ်သည်။
ကျိုးပိုင်ချွမ်ကတော့ပြုံးလိုက်၏။
"ဒီက တပ်မှူးလေးက ဒီလိုတောင်းဆိုမှတော့ ကျုပ်က ငြင်းလို့ဘယ်ကောင်းမလဲ
ဟုန်ရှန်းရေ မင်းလက်အောက်မှာရှိတဲ့တပ်မှူးက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ငါ့ကိုပြစမ်းပါဦး"
ကျိုးပိုင်ချွမ်က ဟုန်ရှန်းကိုကြည့်လိုက်သည်။ ဟုန်ရှန်းမှာတော့ ချွေးပြန်နေပြီဖြစ်သည်။ တခြားသော တပ်မှူးများကလည်း ပွဲကြီးပွဲကောင်းကြည့်ရတော့မည်ဆိုပြီး ကျေနပ်နေလေသည်။ စစ်သူကြီးသုံးဦးပင်လျှင်စတင်၍ စိတ်လှုပ်ရှားနေပြီဖြစ်သည်။
"စိတ်ဝင်စားစရာပဲ စစ်သူကြီးဖန်း ခင်ဗျားလက်အောက်မှာရှိတဲ့တပ်မှူးတွေက တော်တော်ကို ရဲရင့်တာပဲ ဒါပေမယ့် ဦးနှောက်တော့သိပ်ရှိပုံမရဘူး"
စစ်သူကြီးဖန်းလင်းကပြုံးလိုက်သည်။
"လူငယ်တွေက ဒီလိုပါပဲ စိတ်မြန်လက်မြန်ရှိတယ် နောက်ဆက်တွဲ အကျိုးဆက်တွေကို မစဥ်းစားတတ်ဘူး"
စစ်သူကြီးတဲကောင်းကလည်း ညင်သာစွာပြုံးပြီးဝင်ပြောလိုက်သည်။ ထိုအခိုက်တွင်တော့ တိုက်ပွဲစင်မြင့်ထက်တွင် လူခြောက်ယောက်ရှိနေပါသည်။ လီဟမ်ရှန်း တယောက်တည်းကတစ်ဖက် လုံကျိုး၏ ဘက်တွင်တော့ လူငါးယောက်ရှိသည်။ သူတို့က လီဟမ်ရှန်းအား ဒေါသတကြီးနှင့်ကြည့်နေခဲ့၏။
လီဟမ်ရှန်း၏ မောက်မာမှုသည် သူတို့အားလုံးကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ သူတို့အားလုံးက လီဟမ်ရှန်းကို သင်ခန်းစာကောင်းကောင်းပေးချင်နေပါသည်။ မြို့အရှင်စံအိမ်၌ လီဟမ်ရှန်းကို သတ်ဖြတ်၍မရသော်လည်း အိပ်ရာထဲ၌ နှစ်လလောက်မထနိုင်အောင် ရိုက်နှက်လို့ရပါသည်။
"မင်းတို့တွေ အရင်တိုက်လိုက်ကြ "
လီဟမ်ရှန်းက မကြောက်ပါ
"အဲ့တာဆိုရင်တော့မင်းသတိထားမှရမယ်"
သူတို့ပြောဆိုပြီးသည့်အခါတွင် တပ်မှူးလေးဦးက အတူတကွ တိုက်ခိုက်လိုက်သည်။ လုံကျိုးတယောက်တည်းသာ လက်နှစ်ဖက်နောက်ပစ်ပြီး မထီလေးစားသော အမူအရာဖြင့် လီဟမ်ရှန်းကိုကြည့်နေခဲ့သည်။ သူကတော့ တခြားသူလေးယောက်နှင့်မတိုက်ခိုက်ပါသူသာ ဝင်တိုက်လိုက်ရင် လီဟမ်ရှန်းကို အနိုင်ကျင့်သလိုဖြစ်သွားမှာ သူသိပါသည် ။
ထို့အပြင် လီဟမ်ရှန်းကို ကိုင်တွယ်ရန်အတွက် သူ၏ ခွန်အားကို ထုတ်သုံးရန်မလိုပါဟု လုံကျိုးက တွေးနေခဲ့သည်။ တပ်မှူးလေးယောက်နှင့်ပင်လျှင် လီဟမ်ရှင်းက အဖိနှိပ်ခံရမည်ဖြစ်သည်။ လီဟမ်ရှန်းက အရိုက်ခံရတော့မည်ဟု လူတိုင်းက ထင်နေကြသည့်အခိုက်မှာပင် လီဟမ်ရှန်းက စတင်၍ လှုပ်ရှားလိုက်သည်။
တပ်မှူးလေးယောက်တို့သည် သူတို့၏ သိုင်းပညာရပ်များကို ထုတ်ပြီး ပြင်းထန်လှသော ခွန်အားနှင့် လီဟမ်ရှန်းထံသို့ ရောက်ရှိလာကြသည်။ လီဟမ်ရှန်းကလည်း ချက်ချင်းပင်လျှင် မိုးရေစက်တထောင်လှံသိုင်းကို အသုံးပြုလိုက်သည်။
လှံအရိပ်များသည် မိုးရေစက်များကျသလို ထွက်ပေါ်လာခဲ့သည်။ လှံအရိပ်များသည် ကောင်းကင်ကို ထွင်းဖောက်လုမတတ် စတင်၍ ဖြစ်ပေါ်လာပြီး တပ်မှူးလေးယောက်တို့၏ တိုက်ခိုက်မှုများ လီဟမ်ရှန်းထံသို့ မကျရောက်ခင်မှာပင် ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် တပ်မှူးလေးယောက်၏ လက်နက်များသည် အပြင်းအထန်တိုက်ခိုက်ခံရပြီး အဝေးသို့ လွင့်ထွက်သွားခဲ့ပါတော့သည် ။
ခပ်ဝါးဝါးအသံတသံထွက်ပေါ်လာခဲ့ပြီးနောက်တွင် သူတို့ဘာမှမလုပ်နိုင်သေးခင်မှာပင် လီဟမ်ရှန်း၏ လှံတံသည် သူတို့၏ ရင်ဘတ်ကို ထိခိုက်သွားပြီး အားလုံးက အဝေးသို့လွင့်ထွက်သွားပါသည်။ လေးယောက်စလုံးသည် လေထဲတွင်ပင်လျှင်သွေးအန်သွားခဲ့ကြပါ၏။
"ဟာ !!"
ထိုမြင်ကွင်းကိုမြင်သော သူများအားလုံး ထိတ်လန့်သွားခဲ့သည် တပ်မှူးလေးယောက်အတူတကွ တိုက်ခိုက်တာတောင်မှ လီဟမ်ရှန်း၏ လက်ချက်တွင် ချက်ချင်းပင်လျှင် ဖိနှိပ်ခံလိုက်ရသည်။
သူတို့အားလုံးက အဆင့်တစ်ခုရောက်ရှိနေတာတောင်မှ လီဟမ်ရှန်းက လူကြီးတယောက်က ကလေးကို အနိုင်ကျင့်သလိုမျိုးလုပ်ပစ်လိုက်တာလား
ဒီဖြစ်ရပ်ကြီးက မယုံနိင်ဖို့အရမ်းကောင်းလွန်းတယ်လေ
ကျိုးပိုင်ချွမ်၏ မျက်နှာက ချက်ချင်းပင်လျှင် အရုပ်ဆိုးသွားသည်
ဟုန်ရှန်းရဲ့လက်အောက်မှာရှိနေတဲ့လူတွေက ဘာလို့ဒီလောက်စွမ်းအားကြီးရတာလဲ
ဟုန်ရှန်းက တိတ်တဆိတ်နှင့်သက်ပြင်းတစ်ခုကို ခိုးချလိုက်သည်။ သူ၏ မျက်လုံးများကတော့ တလက်လက်တောက်ပနေသည်။
"လီဟမ်ရှန်းက တကယ်ပဲ လုပ်နိုင်တာပဲ ကောင်လေး မင်းက ငါနဲ့တိုက်ဖို့အတွက်အဆင့်မီသွားပြီ"
ထိုအခိုက်တွင် လုံကျိုးက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လီဟမ်ရှန်းကို တိုက်လိုက်လိုက်ပါတော့သည် ။သူ၏ ခါးတွင် ချိတ်ဆွဲထားသောဓားကချက်ချင်းပင်လျှင် ပျံထွက်လာသည်။
ဓားစွမ်းအားများက ပြင်းထန်လှသောကြောင့်လီဟမ်ရှန်း၏ ဝတ်စုံများကိုပင် တလူလူနှင့်လွင့်ပျံနေခဲ့သည်။ ယခုအချိန်သည် ညဘက်သို့ရောက်နေပြီဖြစ်သောကြောင့် ညတစ္ဆေမျိုးနွယ်ဝင်သည် စွမ်းအားကြီးမားလှသော အခြေအနေတွင်ရှိသည်။
လီဟမ်ရှန်းကလည်း လုံကျိုး၏ စွမ်းအားကို ခံစားမိသည်။ သူ၏ လက်ထဲတွင်ရှိသော အနက်ရောင်လှံတံကလည်းလှုပ်ရှားသွားပါတော့သည်။လှံအရိပ်များနှင့် ဓားစွမ်းအားများက ရိုက်ခတ်သွားသည်။ ထိုရိုက်ခတ်မှုက ပတ်ပတ်လည်တွင်ရှိသော အရာများကို လွင့်ပြယ်သွားစေခဲ့သည်။ ကျယ်လောင်လှသော အသံကြီးတစ်သံက ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် လုံကျိုး၏ ပုံရိပ်သည် တစ္ဆေတကောင်လိုပင် နေရာအနှံ့တွင် ထွက်ပေါ်လာ၏။
ဓားစွမ်းအားများကလည်း နေရာတိုင်းကို ဖုံးလွှမ်းထားပြီး လီဟမ်ရှန်းကိုသတ်ဖြတ်ရန်အတွက်ရောက်ရှိလာခဲ့သည် လုံကျိုးမှာ အလွန်အမင်းကို လျင်မြန်လှသော်လည်း လီဟမ်ရှန်းက တည်ငြိမ်စွာပင်ရပ်နေသည်။ မရေမတွက်နိုင်သော ဓားချက်များက ဘက်ပေါင်းစုံမှ လီဟမ်ရှန်းဆီ အဆက်မပြတ်တိုးဝင်လာသော်လည်း ဓားချက်များတစ်ခုချင်းစီတိုင်းကို လီဟမ်ရှန်း၏ လှံအရိပ်ကပင် ပိတ်ဆို့နိုင်စမြဲပင်ဖြစ်ပါသည်။
လီဟမ်ရှန်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို သံကွန်ခြာခုနစ်ထပ်က ကာကွယ်ထားသလိုဖြစ်ပြီး လုံကျိုး၏ တိုက်ခိုက်မှုများက မထွင်းဖောက်နိုင်ပါ။ သို့သော် လီဟမ်ရှန်းသည် သစ္စာကိုးပါးလှံသိုင်းကိုအသုံးမပြုခဲ့ပါ။ သစ္စာကိုးပါးလှံသိုင်းကို အသုံးပြုလိုက်ပါက သူဘယ်သူလဲဆိုတာကို ဖော်ထုတ်သလိုဖြစ်သွားပေလိမ့်မည်။
" ဘုန်း "
ကျယ်လောင်လှသော အသံတစ်သံထွက်ပေါ်လာ၏။ လီဟမ်ရှန်း၏ ခွန်အားကို လုံကျိုးက ခံစားလိုက်ရ၏။ သူ့လက်ထဲတွင်ရှိသော သံဓားသည် အဝေးသို့လွင့်ပျံသွားသည်။ တချိန်တည်းမှာပင်လျှင် လှိုင်းလုံးတစ်သိန်းရိုက်ခတ်နေသော မြစ်ပြင်ကျယ်၏ ခွန်အားကဲ့သို့ပင် လက်ဖဝါးသိုင်းကွက် တစ်ကွက်က ထွက်ပေါ်လာပြီး လီဟမ်ရှန်းထံသို့တိုးဝင်လာခဲ့သည်။
မဟာမြစ်ပြင်ကျယ်လက်ဝါးသိုင်း
ထိုလက်ဝါးသိုင်းသည် လုံကျိူး၏ သိုင်းကွက်တစ်ကွက်ပင် ဖြစ်သည်။ ထိုလက်ဝါးသိုင်းကွက်ထွက်ပေါ်လာသည်နှင့် ကျောက်တုံးများ သံတုံးများကိုပင်လျှင် တစ်စဆီ ကြေမွသွားစေမည့် ခွန်အားကိုဖြစ်ပေါ်စေပါသည်။
လီဟမ်ရှန်း၏ လက်ထဲတွင်ရှိသော လှံသည် လုံကျိုး၏ သံဓားကို အဝေးသို့ ပုတ်ထွက်လိုက်ပြီး ကျဆင်းလာသော လက်ဝါးကိုတော့ လီဟမ်ရှန်းက အဖတ်ပင်မလုပ်ပါ
ချက်ချင်းပင်လျှင် သူ၏ အားနေသော လက်မှ ရေလှိုင်းလက်ညှိုးသိုင်း စတင်၍ ထွက်ပေါ်လာသည်။ ပြင်းထန်လာသော ဖိအားတစ်ရပ်သည် မီးတောင်ပေါက်ကွဲသလိုမျိုးထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင်လျှင် လက်ညှိုးသိုင်းနှင့် လက်ဝါးသိုင်းတို့က ရိုက်ခတ်သွားပါတော့သည်။ လူတိုင်းက သူတို့နှစ်ဦးမှ ထွက်နေသော စွမ်းအားကို ခံစားလိုက်ရ၏။ဘယ်သူနိုင်သွားလဲ လူတိုင်းက သိချင်နေသည့် အချိန်မှာပင် လုံကျိုး၏ မျက်နှာသည် ချက်ချင်းပင်ပြောင်းလဲသွား၏။
သူ၏ လက်ဝါးချက်ကို ပြင်းထန်လှသော လီဟမ်ရှန်း ၏ လက်ညှိုးသိုင်းက ထိုးဖောက်လာခဲ့တော့သည်။ လီဟမ်ရှန်း၏ ရေလှိုင်းလက်ညှိုးသိုင်းက လုံးဝကို မဖိနှိပ်ထားပါ။ သူ၏ ချည်များကလည်း အပြင်းအထန်ထွက်ပေါ်လာသည်။ မဟာမြစ်ပြင်ကျယ်လက်ဝါးသိုင်းကို ထိုးဖောက်သွားပြီး သူ၏ လက်ဝါးသိုင်းကို ချိုးဖျက်သွားပါတော့သည်။
လုံကျိုး၏ ချီများက ပျက်ယွင်းသွားပြီး လီဟမ်ရှန်းသည် လုံကျိုး၏ ဗိုက်ကို ပြင်းထန်စွာဆောင့်ကန်ချလိုက်ပါတော့သည်။
လုံကျိုးက သွေးများပွက်ပွက် အန်သွားပြီး အဝေးသို့လွင့်ပျံသွားသည်။ သူ၏ မျက်နှာမှာလည်း မယုံကြည်နိုင်သော အမူအရာဖြစ်နေသည်။ သူ၏ လူသားမျိုးနွယ်တယောက်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့မည်ဟု အိပ်မက်ပင် မမက်မိပါ။
"ကောင်းတယ် လီယွင်"
ထိုအခိုက်တွင် မြို့အရှင်၏ အသံထွက်ပေါ်လာသည်။ သူ၏ အသံတွင် ချီးမွမ်းလိုသော အရိပ်အယောင်များလည်း ပါဝင်နေသည်။ လူတိုင်းက လီဟမ်ရှန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကြ၏။
ဒီလူက ပြန်လည်မွေးဖွားခြင်းအဆင့်မှာရှိသေးတာရော ဟုတ်ရဲ့လား သူ့ခွန်အားက မူလအဆင့်နဲ့တောင် နှိုင်းယှဥ်လို့ရနေပြီလေ
ဟိုင်ဒေါင်ရှန်ပင်လျှင် အနည်းငယ်ထိတ်လန့်သွားသည် လီဟမ်ရှန်း၏ ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပါသည်။
"ဟားဟားဟားဟား"
ဟုန်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ယခုအချိန်တွင် သူသည် ဘီလူးမ သံပုရာသီးကိုက်သလို ရှုံ့တွနေသော ကျိုးပိုင်ချွမ်၏ မျက်နှာကို အရသာ ခံကြည့်ပြီးပြောလိုက်သည်။
"အဖိုးကြီး ကျိုး ခင်ဗျား ကျုပ်ကိုကျေးဇူးတင်သင့်တယ်နော် ကျုပ်လက်အောက်က တပ်မှူးက ခင်များလက်အောက်က တပ်မှူးတွေကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ခန်းစာပေးလိုက်ပြီနော် ဟုတ်တယ်မလား လီယွင်က ခင်ဗျားမျှော်လင့်ချက်တွေကို စိတ်မပျက်စေခဲ့ဘူးလေ ဟုတ်တယ်ဟုတ်"
"မင်း!!!"
ကျိုးပိုင်ချွမ်သည် ဒေါသလွန်စွာ ထွက်နေ၏။ ဒေါသထွက်လွန်းသောကြောင့် သူသည် စကားပင်ဆက်မပြောနိုင်ပါ။ ကျန်သောသူများကလည်း လီဟမ်ရှန်းကို လေးစားမှုနှင့် ကြောက်ရွံ့မှုများရောသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။ ထိုအခိုက်မှာပင် ဒုတိယထပ်မှ အသံတစ်သံထွက်ပေါ်လာ၏။
"သိပ်ကောင်းလိုက်တဲ့ တိုက်ပွဲပဲ လီယွင် မင်းက ဆုချီးမြှင့်ဖို့ထိုက်တန်တယ် "