← Chapters

Vol. 37 Ch. 454

Vol. 37 Ch. 454

Vol. 37 Ch. 454

Vol. 37 Ch. 454

အခန်း (၄၅၄)

ထိုမျက်နှာကိုမြင်ပြီးသည့်အခါတွင် သူကြားလိုက်ရသည့်အသံက ဘာကြောင့်များ သူနဲ့ရင်းနှီးနေတာလဲဆိုတာကို လီဟမ်ရှန်း သိလိုက်ရသည်။ ထိုအသံသည် ကျိုးကျွင်း၏ အသံနှင့်ကွဲ ပြားခြားနားနေသည့်တိုင် သေသေချာချာနားထောင်ကြည့်ပါက ကျိုးကျွင်းအသံဖြစ်သည်ကို အတည်ပြုနိုင်မည်ဖြစ်သည်။ သူ့ကိုပြုံးပြနေသော ကျိုးကျွင်းကိုလီဟမ်ရှန်းက မျက်မှောင်ကြုံ့ပြီးပြောလိုက်သည်။

"အစ်ကိုသုံး ဒီကို ဘာလို့ ရောက်နေတာလဲ"

"ကျွတ် ကျွတ်ကျွတ်ကျွတ်"

ကျိုးကျွင်းက စုတ်သတ်ပြီးနောက်မှ

"ငါသာ ဒီမှာရှိမနေဘူးဆိုရင် မင်းက အကြိမ်ကြိမ်အခါခါ သေတောင်သေပြီးနေပြီပေါ့ကွာ"

လီဟမ်ရှန်းက ဘာမှမပြောပါ ကျိုးကျွင်းဆိုလိုသည့်အဓိပ္ပါယ်ကို သူနားလည်သည်။ သူ၏ ပုံတူပန်းချီကားသည် တစ္ဆေမြို့တော်သို့ရောက်သည့်အခါတွင် ကျိုးကျွင်းက မြင်ပြီးနောက် အခြားပုံတူတစ်ခုနှင့် လဲလှယ်ခဲ့ဟန် ရှိပါသည်။

"မင်းက တော်တော် ကံကောင်းတာပဲ"

ကျိုးကျွင်းက ပြုံးရင်းပြောလိုက်၏။

"လေဟာနယ်လှိုင်ခေါင်းထဲက ထွက်လာပြီးတော့ မေ့မြောနေတဲ့မင်းကို ငါ့လက်အောက်က လူတွေက ရှာတွေ့ခဲ့တယ်လေ အဲ့တာကြောင့်မို့ မင်းကိုတွေ့တာနဲ့ မင်း ပိုင်ဆိုင်သမျှပစ္စည်းတွေ အကုန်လုံးကို ငါခဏသိမ်းထားတာ ငါရဲ့အရင်ဦးဆုံးအစီစဥ်ကတော့ အလောင်းတွေကိုမြေမြှုပ်တဲ့သုဘရာဇာ လှည်းပေါ်ကိုမင်းကို တင်ပေးမလို့ပဲ

အဲ့တာမှလုံလုံခြုံခြုံနဲ့မင်းက အပြင်ကိုရောက်နိုင်မှာလေ ဒါပေမယ့် မမျှော်လင့်ထားတာက လှည်းလမ်းကြောင်းတစ်ဝက်မှာ မင်းနိုးလာမယ်ဆိုတာကိုပဲ ပြီးတော့ စစ်သူကြီးတဲကောင်းရဲ့ အဖမ်းအဆီးထဲကိုလည်း ပါသွားသေးတယ်လေ ဒီမှာ မင်းပစ္စည်းတွေအကုန်လုံး "

ကျိုးကျွင်းက သူ၏ ဝတ်ရုံထဲမှ ငွေလွှဲလက်မှတ်များနှင့် ကျောက်စိမ်းတစ်လုံးကို ထုတ်ပေးလိုက်သည်။

နဂါးသွေးအဆီအနှစ်များပါပါ၏။ ထိုအရာများကိုမြင်

သော် လီဟမ်ရှန်းက လှမ်းယူလိုက်၏။ ဒါပေမယ့် သူသည် မျက်မှောင်ကြုံ့ပြီးနောက် ဆက်ပြောလိုက်၏။

"ကျုပ်ကို ဘာလို့ကယ်တာလဲ"

အပြင်းအထန်တိုက်ပွဲများ ဖြစ်ခဲ့တုန်းက ကျိုးကျွင်းက သူ့ကိုချောက်ထဲသို့ဆောင့်ကန်ခဲ့သည်ကို ကောင်းကောင်းမှတ်မိခဲ့ပါသည်။သူသည် ထိုအချိန်တုန်းက သေလုနီးပါးပင် ဖြစ်ခဲ့ရ၏။ ထိုအချိန်တုန်းက ကျိူးကျွင်းက သူ့ကိုကန်ချခဲ့သည်မှာလည်း သူ့အသက်ကို ကယ်တင်ခြင်းသာ ဖြစ်ပါသည်။

"မင်းက ငါ့ရဲ့ဂျူနီယာ ညီ၄လေ ငါသာမင်းကိုမကယ်ဘူးဆိုရင် ဘယ်သူ့ကိုကယ်ရမှာလဲ"

ကျိုးကျွင်းက ပြုံးရင်းနှင့် ပြောလိုက်သည်။

"အပိုတွေပြောမနေနဲ့ အစ်ကိုသုံး ခင်ဗျား ဘာတွေကြံနေတာလဲ"

လီဟမ်ရှန်းက အေးစက်စွာဖြင့်ပြောလိုက်သည်။

"ဟာ ညီ၄ ညီ၄ ညီ၄ အခုမှတော့ မင်းက သင်ခန်းစာကောင်းကောင်းရနေပြီပဲ အခုတော့ လူတွေကို လွယ်လွယ်နဲ့ မယုံသင့်ဘူးဆိုတာကို နားလည်ပီ ဟုတ်တယ်မလား"

ကျိုးကျွင်းက မိန့်မိန့်ကြီးပြုံးပြီးပြောလိုက်သည်။ လီဟမ်ရှန်းက လည်း ကျိုးကျွင်း၏ ဟာသကို ဘာမှပြန်မပြောပါ ကျိုးကျွင်းကိုသာ သူက စိုက်ကြည့်နေခဲ့သည်။

"မင်းကို ကယ်ဖို့ကတော့ အကြောင်းပြချက် ထူးထူးခြားခြားတော့မရှိပါဘူး ကျိုးကျွင်းက ပုခုံးတွန့်ကာ ဆက်ပြောဘာလို့အကြောင်းပြချက်မရှိလဲဆိုတော့ ပထမအချက်က မင်းက သော့တစ်ချောင်းအနေနဲ့ အသုံးမဝင်တော့ဘူး မင်းက သေပြီးသွားပြီ မင်းရဲ့ စိတ်ဝိညာဥ်ကိုလည်း အသုံးပြုပြီးသွားပြီ ဒါကြောင့်မို့လို့ မင်းနဲ့ ငါ့ကြားမှာ ရန်ငြိုးရန်စဆိုပြီး မရှိသင့်တော့ဘူး ပြီးတော့ ပြောရမယ်ဆိုရင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ မင်းက အရမ်းချစ်ဖို့ကောင်းတဲ့ ငါ့ညီ၄လေ မဟုတ်ဘူးလား အဲ့တော့

အစ်ကိုတယောက်ဖြစ်တဲ့ ငါက မင်း ဒီတိုင်းသေသွားမှာကို ရပ်ပြီး မကြည့်နေနိုင်ဘူးလေ နောက်တစ်ချက်က မင်းရောငါရော နှစ်ယောက်လုံးက ဒီတစ္ဆေမျိုးနွယ်တွေကြားထဲမှာ လူသားနှစ်ယောက်ပဲ တစ္ဆေမြို့တော်လိုမျိုး ခက်ခဲကြမ်းတမ်းတဲ့နေရာမျိုးမှာ လူသားအချင်းချင်းဖြစ်တဲ့ ငါတို့က တယောက်နဲ့တယောက်ကြည့်ရှုစောင့်ရှောက်ရမှာပဲလေ မဟုတ်ဘူးလား"

"ကြည့်ရှုစောင့်ရှောက်ရမယ်ဟုတ်လား"

လီဟမ်ရှန်း ကခေါင်းခါလိုက်၏။

"မဟုတ်သေးပါဘူး အစ်ကိုသုံးကို ကူညီနိုင်စရာ ကျုပ်က ဘာအကြောင်းမှမရှိဘူး အစ်ကိုသုံးက ယာယီမြို့အရှင်ပဲလေ အရမ်းကိုနာမည်ကြီးတယ် ပြီးတော့ မြို့အရှင် ရှုကျီအန်းကတောင်မှ အစ်ကိုသုံးကို အရမ်းလေးစားရတယ်မဟုတ်ဘူးလား ကျုပ်မှန်းတာသာမမှားဘူးဆိုရင် မြို့အရှင်ကလည်း ထာဝရ ရှင်သန်ခြင်းဂိုဏ်းဝင်ပဲမလား"

"အင်း ငါဘယ်လိုပြောရမလဲ"

ကျိုးကျွင်းက ခဏကြာအောင်တွေးပြီးနောက်မှ ဖြေလိုက်သည်။

"မင်းက ဒီလိုမျိုး သုံးသပ်ပြလိုက်တော့လည်း မင်းပြောတာဟုတ်သလိုပဲ မြို့အရှင်က အရင်တုန်းက ဂိုဏ်းဝင်မဟုတ်ဘူး အခုတော့ ငါတို့ ဂိုဏ်းဝင်ဖြစ်သွားပြီလို့တော့ပြောလို့ရတယ်"

"လတ်စသတ်တော့ ဒီတခေါက် မြို့အရှင်အပြင်ထွက်သွားတာက ထာဝရ ရှင်သန်ခြင်းဂိုဏ်းနဲ့ ဆက်စပ်နေတာကိုး ခင်ဗျားက တစ္ဆေမြို့တော်ကို ရောက်လာတာက တစ္ဆေမြို့တော်မြို့အရှင်ကို ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကို ဝင်ဖို့အတွက် ဆွဲဆောင်ဖို့ပဲ မဟုတ်ဘူးလား"

လီဟမ်ရှန်းက တိကျသေချာသော လေသံနဲ့ပြောလိုက်သည်။

"ဟားဟားဟားဟား ငါ့ရဲ့ စတုတ္ထညီ၄ မင်းက တော်တော်ကြီးကို အရင်တုန်းကထက်ပိုပြီး ဉာဏ်ကောင်းလာပြီပဲ နောက်ထပ်ငါ့မှာ ရည်မှန်းချက်တစ်ခုလည်းရှိပါသေးတယ် အဲ့တာက မင်းကိုပါ ထာဝရ ရှင်သန်ခြင်းဂိုဏ်းထဲကို ဝင်ဖို့အတွက် စွဲဆောင်ဖို့ပဲ"

ကျိုးကျွင်းက လီဟမ်ရှန်းအားလေးလေးနက်နက်ကြည့်ပြီးပြောလိုက်ခြင်းပင် ဖြစ်သည်။

"ခင်ဗျားရူးနေတာလား"

လီဟမ်ရှန်းက လှောင်ပြောင်လိုက်၏။

"ခင်ဗျားတို့ရဲ့ အရူးစိတ္တဇတစ်ပိုင်း အင်မော်တယ်ဖြစ်ချင်တဲ့ ဂိုဏ်းကို ကျုပ်က ဝင်မယ်များ ထင်နေလား"

"အခြေအနေတွေက အတိတ်တုန်းက အတိုင်းဆိုရင်တော့ မင်းဝင်ဖို့အတွက်က မဖြစ်နိုင်ဘူးလို့ ငါတွေးကောင်းတွေးလိမ့်မယ် ဒါပေမယ့် အခုကတော့ ငါသေသေချာချာ မပြောနိုင်တော့ဘူး"

ကျိုးကျွင်းကပြုံးရင်းပြောလိုက်သည်။

"မင်းရဲ့အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ကိုကြီးက ပြောတာမဟုတ်ပါဘူး

ဒါပေမယ့်မင်းသေချာ တွေးကြည့်လိုက် စန်းယွမ်မြေကြီးတစ်ခုလုံးမှာ မင်းအသက်က ဘယ်လောက်ထိ တန်ဖိုးရှိနေလဲဆိုတာကို သိရဲ့လား မင်းကိုရဖို့ အတွက် အင်မော်တယ်အဆင့်ရှိတဲ့ပန်းချီကားကို ဆုလာဘ်အဖြစ် ထုတ်ထားတာနော် အဲ့တာ ဘာအဓိပ္ပါယ်လဲဆိုတာကို မင်းနားလည်လား

ဒီလောကကြီးတစ်ခုလုံးမှာ အင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီ ရတနာက အခုနှစ်ဆယ်ထက်မကျော်ဘူးကွ သူတို့တစ်ခုချင်းစီတိုင်းကလည်း ထိပ်တန်းဝင်တဲ့ရတနာတွေပဲ ငါတောင်မှမင်းကို ကြိုးတုတ်ပြီးတော့ ထျန်းဟိုင်မြို့ကို ပို့ချင်တဲ့စိတ်ကို မနည်း ထိန်းထားရတာ မင်းက အရမ်းတန်ဖိုးကြီးတယ်လေ အခုလိုမျိုးအခြေအနေမျိုးမှာ မင်းနားခိုစရာနေရာဆိုပြီး ရှိမယ်လို့ထင်လို့လား မင်းရဲ့ဂိုဏ်းဖြစ်တဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတောင်မှ မင်းကို မကာကွယ်နိုင်ဘူး

တစ္ဆေမြို့တော်ဆိုတာကလည်း မင်းခဏတဖြုတ်ပဲ ခိုနားလို့ရမယ် မင်း ဘယ်သူလဲဆိုတာပေါ်သွားတာနဲ့ တလောကလုံးက မင်းနောက်ကို လိုက်နေမှာပဲ အခုလောလောဆယ်တော့ ဒီလောကကြီးတစ်ခုလုံးမှာ မင်းကို ကာကွယ်ပေးနိုင်တာဆိုလို့ ထာဝရရှင်သန်ခြင်းဂိုဏ်းပဲရှိတယ်

ပြီးတော့ မင်းအဖေ ငါ့ရဲ့ဦးလေး သူကလည်း ယွဲ့ဟန်ကျွင်း ရဲ့လက်ချက်ကြောင့်သေဆုံးသွားတယ်လို့ ငါသတင်းကြားမိတယ် ထာဝရ ရှင်သန်ခြင်းဂိုဏ်းထဲကို ရောက်လို့ရှိရင် ငါတို့တွေက မင်းအဖေကို အသက်ပြန်ရှင်နိုင်အောင် အသက်ပြန်သွင်းပေးမယ်"

ကျိုးကျွင်း၏ စိတ်အားတက်ကျစွာဖြင့် စွဲဆောင်မှုကိုကြားသော် လီဟမ်ရှန်းက တုန်လှုပ်မှု မရှိပါ သူကတည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"အဲ့ဟာတွေရဲ့ တန်ဖိုးက ငါက မင်းတို့ဂိုဏ်းအတွက် လူသတ်လက်နက်ဖြစ်ပေးရမယ်ပေါ့ ဟုတ်လား စိတ်မကောင်းပါဘူး ကျုပ်မလုပ်နိုင်ဘူး ထာဝရ ရှင်သန်ခြင်းဂိုဏ်းထဲ ဝင်လိုက်တာထက် အသေပဲ ခံလိုက်မယ်"

လီဟမ်ရှန်းပြောသော စကားကို ကြားသော ကျိုးကျွင်းက ဒေါသမထွက်ပါ

"ညီ၄"

ကျိုးကျွင်းသည် အသက်ပြင်းပြင်း ရှိုက်လိုက်၏။

"ထာဝရ ရှင်သန်ခြင်းဂိုဏ်းက သွေးဆာနေတဲ့သူတွေ မဟုတ်ပါဘူးကွာ ငါတို့တွေက တစ်ဦးတစ်ယောက် ချင်းဆီမှာ ကြီးမားတဲ့ရည်မှန်းချက်တွေရှိတဲ့ လူတိုင်းကို စုစည်းထားတာပါ ထာဝရ ရှင်သန်ခြင်းဂိုဏ်းက လောကကြီးကို ပြောင်းလဲတော့မှာ အဲ့တာ ငါတို့က ဘာများမှားနေလို့လဲ ရက်စက်တယ်

ငါတို့ရဲ့ လက်ရှိသုံးနေတဲ့ နည်းလမ်းတွေက မင်းထင်ရင်ထင်လိမ့်မယ် ပြန်စဥ်းစားကြည့်လိုက် သမိုင်းတလျောက်လုံးမှာ ဘယ်ကြီးမားတဲ့ အဖြစ်အပျက်မဆို လူ့အသက်တွေ သန်းပေါင်းများစွာသေဆုံးတယ် သွေးမြေခရတယ် အဲ့လိုမျိုး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပြီးမှ ပြောင်းလဲမှုတွေ ဖြစ်ရတာ မဟုတ်ဘူးလား

အရာရာတိုင်းကို ကြီးကြီးမားမား ပြောင်းလဲချင်တယ်ဆိုရင် အလောင်းတောင်၊ သွေးမြစ် ဒါတွေက ဖြစ်ကိုဖြစ်ဖို့ လိုအပ်တယ်ကွ နယ်မြေတွေ တိုင်းပြည်တွေ တစ်ခုပြီးတစ်ခု ပြိုလဲပီးသွားပြီ အင်အားစုတွေ အကုန်လုံးလည်း ညတွင်းချင်းကို ပျက်စီးပြီးသွားပြီ

လက်ရှိစန်းယွမ်နယ်မြေကြီးက ငြိမ်းချမ်းတဲ့ လမ်းစဥ်ကိုလျှောက်ပြီး ညဘက်ကျရင် မင်းကိုကောင်းကောင်းအိပ်ပျော်နိုင်အောင် လုပ်ပေးမယ်ထင်လို့လား

အခုလိုမျိုး စွမ်းအားကြီးလာတဲ့ အခြေအနေ အခုလိုမျိုးအနေအထားထိမင်းရောက်အောင် မင်းလက်ထဲမှာ လူဘယ်နှယောက်သေဆုံးခဲ့ရပြီလဲ မင်းရဲ့လှံတံမှာရော သွေးဘယ်လောက်စွန်းထင်းခဲ့ရပြီးပြီလဲ

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာရော မင်းအေးအေးဆေးဆေးနဲ့ ကျင့်ကြံနိုင်မယ်ထင်လား မင်းရတဲ့အရင်းအမြစ်တွေကရော သန့်ရှင်းနေတယ်ထင်လား

ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက မင်းကျင့်ကြံဖို့ အရင်းအမြစ်တွေရဖို့ လူဘယ်နှယောက်သတ်ခဲ့လဲ ဘယ်လောက်ထိ သွေးမြေခခဲ့ရလဲ ဒါတွေကို မင်းမသိဘူး ဒါတွေ အကုန်လုံးက အရိပ်ထဲမှာ အမှောင်ထဲမှာ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေပဲ ငါတို့ ထာဝရ ရှင်သန်ခြင်းဂိုဏ်းကလည်း ထိုနည်းလည်းကောင်းပဲ ဒီလမ်းစဥ်ကို လိုက်ပြီးတော့ပဲ ပြောင်းလဲမှုကြီး ဖြစ်ဖို့ လုပ်နေတာ သွေးမြေခရတယ်ဆိုတာ သဘာဝပဲ ညီ၄ရဲ့"

ကျိုးကျွင်းစကားကိုကြားသော် လီဟမ်ရှန်းကလည်း တိတ်ဆိတ်နေခဲ့သည်။

"ပြန်မယ်"

လီဟမ်ရှန်း ဘာမှမပြောသည်ကိုကြားတော့ ကျိုးကျွင်း ကလည်း ဆက်လက်၍ မပြောတော့ပါ သူက အပြင်တွင်ရှိသော အစောင့်များနှင့် ရဲမက်များကိုသာ အမိန့်ပေးလိုက်၏။

အဝါရောင် ဝတ်စုံနှင့်လူကြီးသည် မြို့တော်သို့ပြန်ရန်အတွက် အစီအစဥ်ချလိုက်တော့သည်။ ရဲမက်များကလည်း ဟိုင်ဒေါင်ရှန်၏ အလောင်းကို ပြန်ယူလာ၏ လမ်းတလျှောက်လုံးတွင် ကျိုးကျွင်း ကော လီဟမ်ရှန်း ပါ စကားတစ်လုံးမှမပြောပါ။ မြို့တံခါးသို့ရောက်သော် ကျိုးကျွင်း က စကားစပြောလိုက်၏။

"မင်းရင်ဆိုင်ရမယ့်ရန်သူက ယွဲ့ဟန်ကျွင်းနော် ပြီးတော့ ထန်းဟျန် မြို့တော်တစ်ခုလုံးပဲ သူတို့ရဲ့ အင်အားက အရမ်းကြီးလွန်းတယ် ဒီပြသာနာက မင်းတယောက်တည်းဖြေရှင်းလို့မရလောက်ဘူး

မင်းကိုငါ အရာရာတိုင်းတော့ မကူညီနိုင်ဘူးကွာ ဒါပေမယ့် ယုံကြည်ရတဲ့လူတယောက်ကိုတော့ ငါစာတစောင်ပို့ပြီးသွားပြီ သိပ်မကြာခင်မှာ သူဒီကိုရောက်လာလိမ့်မယ် သူရောက်လာတဲ့အခါကျရင် မင်းကိုသူ တစ်ခုခုတော့ ကူညီပေးနိုင်မှာပါ "

" ဘယ်လို "

လီဟမ်ရှန်း ကအနည်းငယ် အံ့အားသင့်သွား၏။

"ဘယ်သူများလဲ"

ဒါပေမယ့် ကျိုးကျွင်း က ပြုံးသာပြုံးနေသည် ဆက်မပြောခဲ့ပါ။ မြို့တံခါးသို့ရောက်သောအခါ ကျိုးကျွင်းက လီဟမ်ရှန်း ကို ဝေါယာဉ်မှဆင်းရန်ပြောလိုက်သည်။ သူတို့နှစ်ဦး၏ အဆက်အဆံကို တခြားသူများကို မသိလိုပါ။

All Chapters