အခန်း (၄၅၅)
Vol. 37 Ch. 455
သိပ်မကြာခင်တွင်ကြီးမားသော သတင်းကြီးတစ်ခုက မြို့တော်၌ ပျံ့နှံ့လာပါသည် ဟိုင်ဒေါင်ရှန်က သေသွားပြီ ဟိုင်ဒေါင်ရှန်သည် သွေးတစ္ဆေမျိုးနွယ်ဝင်များနှင့် လျှို့ဝှက်စွာ ပူးပေါင်းနေသည်ကို ယာယီမြို့အရှင်က သိခဲ့သောကြောင့်ဟိုင်ဒေါင်ရှန်သည် ယာယီမြို့အရှင်ကို လုပ်ကြံရန်ကြိုးပမ်းခဲ့သည်
သို့သော် နေရာတွင်ပင် ခေါင်းဖြတ်ခံခဲ့ရသည်။ သက်သေများလည်းတကွ ပါဝင်ပါသည်။ သွေးတစ္ဆေမျိုးနွယ်ဝင်၏ အလောင်းကိုလည်း ယာယီမြို့အရှင်က ပြန်ယူလာခဲ့သည်တဲ့။ ထိုသတင်းက တစ္ဆေမြို့တော်ကို တုန်လှုပ်သွားစေခဲ့သည်။
မြို့အရှင်မှာဒေါသလွန်စွာ ထွက်ပြီး စစ်သူကြီးတဲကောင်းကို ချက်ချင်းဆင့်ခေါ်ခဲ့ပါတော့သည်။ ထိုကိစ္စနဲ့ပက်သက်ပြီး လီဟမ်ရှန်း ကတော့ ဘာမှမတုံ့ပြန်ခဲ့ပါ။
သူ၏ နေထိုင်ရာနေရာကိုပြန်လာပြီး အိပ်ရာထက်တွင်သာ ထိုင်နေခဲ့သည်။သူက ကြာပန်းမီးအိမ်ရတနာကို ထုတ်လိုက်ပြီးနောက်တွင် မီးအိမ်ကို သူစိုက်ကြည့်နေသည်
ထို့နောက် တီးတိုးရေရွတ်လိုက်၏။
"အဖေ ကျွန်တော် ဘာလုပ်ရမလဲဗျာ"
သို့သော် ကြာပန်းမီးအိမ်က ဘာမှမတုံ့ပြန်ပါ။ သူသည် မူလအဆင့်သို့မရောက်သေးပါ မူလ အဆင့်စွမ်းအားများမရှိသေးသရွေ့တော့ ကြာပန်းမီးအိမ်ကို သူဆက်သွယ်၍ ရမည် မဟုတ်ပါ။ ကျိုးကျွင်း ပြောသည့်စကားကို လီဟမ်ရှန်း က ပြန်ကြားယောင်နေ၏။
သူ့အားကူညီရန်တစ်စုံတစ်ယောက်ကိုခေါ်ထားသည်တဲ့ ဘယ်သူများပါလိမ့်
ထိုနေ့ညနေခင်းတွင် စစ်သူကြီးတဲကောင်း၏ လက်အောက်တွင်ရှိသော ခေါင်းဆောင်သုံးဦးက အခေါ်ခံလိုက်ရပါသည်။ စစ်သူကြီးတဲကောင်းစံအိမ်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေခဲ့၏။ နောက်တနေ့မနက်တွင်တော့ စစ်သူကြီး တဲကောင်းသည် ရင်ပြင်ထက်တွင်ပေါ်လာပြီးသူ၏ ခေါင်းဆောင်များနှင့် တပ်မှူးများကို ဆင့်ခေါ်လိုက်သည်။ လူတိုင်းက ဘာကြောင့်ခေါ်လဲဆိုတာကို ရင်တထိတ်ထိတ်နှင့် ရှိနေကြပါတော့သည်။
လီဟမ်ရှန်း ရောက်လာသောအခါတွင် ဟုန်ရှန်းက သူ့ကိုပြုံးပြပြီး မျက်လုံးတစ်ဖက်မှိတ်ပြသည်ကိုမြင်လိုက်ရ၏။ လီဟမ်ရှန်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထသွား၏။ အခြေအနေတွေကတော့ တစ်ခုခုတော့ ထူခြားပြီထင်တယ် ဒါပေမယ့် အခြားသော ခေါင်းဆောင်နှစ်ဦး၏ အကြည့်များကတော့ အဆင်ပြေမနေပါ
"လီယွင် အရှေ့ကို လာစမ်း"
စစ်သူကြီးတဲကောင်းက လီဟမ်ရှန်း ကို ကြည့်လိုက်၏။ လီဟမ်ရှန်း ကလည်း အရှေ့သို့တိုးလာပါတော့သည်။
"ဟိုင်ဒေါင်ရှန်က ရန်သူနဲ့ ပူးပေါင်းနေတဲ့ သတင်းကို မင်းတို့အားလုံးကြားပီးပီ လို့ ငါမျှော်လင့်တယ်"
စစ်သူကြီးတဲကောင်းက ဖြည်းညင်းစွာပြောလိုက်၏။
"ဟိုင်ဒေါင်ရှန်သေသွားတာကိုတော့ သနားစရာအကြောင်းဘာမှမရှိဘူး ဒါမယ့် သူသေသွားပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့ခေါင်းဆောင်ဆိုတဲ့နေရာမှာ ရာထူးက လစ်လပ်နေတယ် ဒါကြောင့် လီယွင် ငါမင်းကို ခေါင်းဆောင်တယောက်ရာထူးကိုပေးတယ် ငါတို့ရဲ့စစ်သူကြီး စံအိမ်တော်ကို ကိုယ်စားပြုပြီးတော့ အောင်ပန်းတွေရနိုင်ဖို့အတွက် အလုပ်ကြိုးစားပါ"
ထို့နောက် လူတိုင်းက ထိတ်လန့်သွား၏။
လီယွင်က ခေါင်းဆောင်ဖြစ်သွားပြီလား သူက တပ်မှူးဖြစ်တာမှ မကြာသေးဘူးလေ
ထိုအခိုက်မှာပင် အခြားသော တပ်မှူးများက မကျေမနပ်ဖြင့် လက်ယှက်ကာ ပြောလိုက်သည်။
" လီယွင်က တပ်မှူးဖြစ်တာတောင် မကြာသေးပါဘူး ပြီးတော့ ခေါင်းဆောင်ဖြစ်ရမယ့် သူက အနည်းဆုံး မူလအဆင့်ကျင့်ကြံခြင်းရှိသင့်တယ် ကျုပ်တို့စစ်သူကြီးစံအိမ်မှာ မူလအဆင့်ကျင့်ကြံသူတွေမှ အများကြီးပါ အဲ့ဒီ့ မူလအဆင့်ကျင့်ကြံသူတွေထဲကပဲ ခေါင်းဆောင် အသစ်တယောက်ရွေးသင့်တယ်မဟုတ်ဘူးလား ဘာကြောင့်များ လီယွင်ကိုရွေး
ရတာလဲ ဒီကိစ္စနဲ့ပက်သက်ပြီး ရှင်းပြပေးပါ"
"ဒီမှာကောင်လေး မင်းမကျေနပ်ဘူးဆိုရင် လီယွင်ကို နိုင်အောင် သွားချလေ မင်းသူ့ကိုနိုင်တယ်ဆိုရင် ခေါင်းဆောင်ရာထူးကို ငါမင်းကိုပေးမယ်"
စစ်သူကြီးတဲကောင်းက ပျင်းရိစွာဖြင့်ပြောလိုက်သည်။
"ကျုပ်...."
ထိုပြောလိုက်သည့်ခေါင်းဆောင်သည် ဘာမှ ထပ်မပြောနိုင်တော့ပါ
လီဟမ်ရှန်း နဲ့ တိုက်ခိုက်ရမှာလား ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ မတူဘူးလား
ညစာစားပွဲနေ့တုန်းက ငါးယောက်တယောက်တိုက်ခိုက်ခဲ့သော လီဟမ်ရှန်း ၏ စွမ်းအားကို သူတို့အားလုံးမြင်ထားခဲ့ပါသည်။ သူတို့အားလုံးပေါင်းတိုက်ရင်တောင်မှ လီဟမ်ရှန်း ၏ လက်အောက်တွင် ကောင်းကောင်းကို အဆော်ခံရမည်ဖြစ်၏။
"ကျေးဇူးတင်ပါတယ် စစ်သူကြီး"
လီဟမ်ရှန်းက လည်း လက်ယှက်ကာ အရိုအသေ ပေးလိုက်သည်။
"မင်းကို ဒီရာထူးရဖို့အတွက် ညွှန်းပေးတဲ့သူကတော့ ခေါင်းဆောင်ဟုန်ပဲကွ မင်းတယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် သူ့ကိုကျေးဇူးတင်လိုက်"
စစ်သူကြီးတဲကောင်းက ပြောလိုက်သည်။ထိုအခိုက်မှသာ ဟုန်ရှန်း က သူ့ကို ဘာကြောင့် မျက်လုံးမှိတ်ပြလဲ ဆိုတာ နားလည်သွားတော့၏။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဟုန်"
လီဟမ်ရှန်းက ဟုန်ရှန်းကိုပြောလိုက်သည်
"ငါတို့တွေက ညီအစ်ကိုတွေပဲလေကွာ ဘာလို့များ အဲ့လောက်ယဥ်ကျေးနေရတာလဲ"
ဟုန်ရှန်းသည် အလွန်အမင်းပျော်ရွှင်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်လေးဦးအနက် သူ၏ ဂုဏ်သိက္ခာနှင့် အရည်အချင်းမှာအောက်ဆုံးတွင်ရှိသည် လီဟမ်ရှန်းက ခေါင်းဆောင်တစ်ဦးဖြစ်လာပြီဖြစ်သောကြောက့် သူ၏ အဆင့်အတန်းက များစွာမြင့်တက်သွားပြီဖြစ်သည်။
ထို့အပြင် လီဟမ်ရှန်း သည် သူ၏ လူများထဲမှ တယောက်ဖြစ်သည် သူတို့နှစ်ဦးက ခေါင်းဆောင်ဖြစ်လာပြီ ဆိုမှတော့ စစ်သူကြီးတဲကောင်း၏ အင်အားစုတစ်ဝက်ကို သူတို့က ထိန်းချုပ်ထားသည်ဟုပြောလို့ရသည် ။မည်သူကမှ သူ့ကိုမလေးမစား ဆက်ဆံ၍ မရပါ စစ်သူကြီးတဲကောင်းပင်လျှင် သူတို့ကို တစ်ခုခုလုပ်ချင်ရင် နှစ်ခါပြန်စဥ်းစားရမည်ဖြစ်သည်။
ထိုအချိန်မှသာ အခြားသော ခေါင်းဆောင်များနှင့်တပ်မှူးများက သူ့ကို ဘာကြောင့် သဘောမကျ ဖြစ်နေသည်ကို လီဟမ်ရှန်း နားလည်သွားခဲ့ပါသည်။ သူသည် ခေါင်းဆောင်တစ်ဦးအဖြစ်ကို ယခုလောက် လျင်လျင်မြန်မြန်ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့မိပါ ။
ထိုသတင်းထွက်ပေါ်လာသော အခါ တစ္ဆေမြို့တော်၌ ရှိသော လူများက ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ တပ်မှူးဘဝမှ ခေါင်းဆောင် အဖြစ်သို့ တိုတောင်းသော အချိန်ကာလတွင်ရောက်သွားခြင်းမှာ အလွန်ပင် အံ့သြစရာဖြစ်ပါသည်။ သူ၏ အနာဂတ်မှာ ထွန်းလင်းတောက်ပနေပြီ ဖြစ်၏။
သတင်းထွက်ပေါ်လာပြီးသည်နှင့် တစ္ဆေမြို့တော်မှ ဂုဏ်သရေရှိမိသားစုများသည် လီဟမ်ရှန်းထံသို့ အလည်အပတ်လာပြီး လက်ဆောင်များစွာပေးအပ်ခဲ့ပါသည်။ လီဟမ်ရှန်း ကလည်း ယဥ်ကျေးမနေပဲ အကုန်လုံးကို လက်ခံခဲ့၏။ ခေါင်းဆောင်ဖြစ်လာပြီးနောက်တွင် စစ်သူကြီး စံအိမ်မှ မြောက်မြားလှသောအရင်းအမြစ်များ ကိုရရှိခဲ့သည် ထို အရင်းအမြစ်များကို အသုံးပြုပြီး သူသည် မူလအဆင့်သို့ ရောက်ရန် ကြိုးပမ်းခဲ့သည်။
ထို့အပြင် သူခေါင်းဆောင်နေရာကို လွယ်လွယ်ကူကူရလာခြင်းမှာ ဟုန်ရှန်း၏ ပြောဆိုမှုကြောင့်မကပေ။ နောက်ကွယ်မှ ကျိုးကျွင်းတစ်ခုခုလုပ်ထားမည် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သူက ခေါင်းဆောင်အဆင့်ကို လွယ်လွယ်ကူကူနှင့်ရောက်လာရခြင်းပင် ဖြစ်လိမ့်မည်။
မြို့အပြင်မှ ပြန်လာပြီးသည့်နောက်တွင်တော့ လီဟမ်ရှန်းနှင့် ကျိုးကျွင်းက အဆက်အသွယ် လုံးဝပြတ်နေခဲ့ပါ၏။
ညရောက်ပြီ
လီဟမ်ရှန်းက မျက်လုံးမှိတ်ကာ ကျင့်ကြံနေခဲ့သည်။ ထိုအခိုက်တွင် အပြင်ဘက်မှ ခြေသံများကြားလိုက်ရ၏။
တယောက်ယောက် လာနေတာပဲ
လီဟမ်ရှန်း က တိတ်ဆိတ်နေသော်လည်း အင်မော်တယ် ပုံဖော်ခြင်းလှံကို စွဲကိုင်လိုက်၏။
"ဒေါက်ဒေါက်ဒေါက်"
မမျှော်လင့်ထားတာက ထိုအခိုက်မှာပင် တံခါးခေါက်သံကြားလိုက်၏။
"ဘယ်သူလဲ "
လီဟမ်ရှန်းက မေးလိုက်၏။
"ညီ၄ အပြင်ထွက်ပြီး လာဆော့ကွာ"
ကျိုးကျွင်း ၏အသံက ထွက်ပေါ်လာ၏။ တံခါးဖွင့်လိုက်သောအခါတွင် လီဟမ်ရှန်း ဘာမှမပြောနိုင်ခင်မှာပင် ကျိုးကျွင်းက သူ့ကို လည်ဂုတ်မှ ဆွဲချီသွားတော့သည်။ ထို့နောက် သူတို့နှစ်ဦးသည် ချက်ချင်းပင်လျှင် မြို့အရှင် စံအိမ်မှ အပြင်သို့ရောက်သွားပါတော့၏။
နာရီဝက်ကြာပြီးသောအခါ မြို့အပြင်ရှိ တောင်ကုန်းတစ်ကုန်းပေါ်တွင် မီးပုံတစ်ပုံရှိ၏။ ကြက်နှစ်ကောက်ကိုလည်း ကင်ထားပါသည်။ ကျိုးကျွင်း က မီးပုံထဲသို့ ထင်းတုံးများပစ်ထည့်ပြီး
"ကံဆိုးတာပဲ ဒီကြက်တွေက သာမန်ကြက်တွေကွာ အစ်မ၂စီက စိတ်ဝိဉာဉ်ကြက်တွေသာ ရလိုက်မယ်ဆိုရင်တော့ တော်တော်ကြီးကို အရသာရှိမှာပဲ"
"ကျုပ်ကို ဒီနေ့ ဒီကိုခေါ်လာတာ ဝိုင်သောက်ပြီးတော့ ကြက်ကင်စားခိုင်းဖို့လား ''
လီဟမ်ရှန်း က တည်ငြိမ်စွာမေးလိုက်၏။
"ကြက်ကင်စားပြီး ဝိုင်သောက်တာက ကောင်းတယ် မဟုတ်ဘူးလား"
ကျိုးကျွင်း ကပြုံးရင်းနဲ့ ကြက်ပေါင်တစ်ချောင်းကို ဆွဲဖဲ့လိုက်သည်။ ထို့နောက် လီဟမ်ရှန်း ကို ပြုံးရင်းနှင့်ပြောလိုက်သည်
"စားကြည့်စမ်း မင်းနဲ့ငါနဲ့မတွေ့တဲ့နောက်ပိုင်းမှာငါရဲ့ကြက်ကင်တဲ့ စကေးတွေက တိုးတက်လာတယ်ကွ"
"အားလုံးအဆင်ပြေတယ်ဆိုရင် ကျုပ်ပြန်တော့မယ်"
"ဘာလို့လဲ ညီ၄ မင်းက ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ထိပျင်းဖို့ကောင်းသွားတာလဲ"
ကျိုးကျွင်း သည် ကူကယ်ရာမဲ့နေသော ဟန်ပန်ဖြင့်ပြောလိုက်သည်။
"ခင်ဗျား ကျုပ်ကိုတောင်ပေါ်ကနေ ကန်ချပြီးတည်းကပဲလေ''
လီဟမ်ရှန်းက တခဏမျှတုန့်ဆိုင်းသွားပြီးနောက်ပြောလိုက်၏။ ထိုစကားကိုကြားသော် ကျိုးကျွင်း က ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်
လီဟမ်ရှန်း၏ ခြေသံများက အဝေးသို့ရောက်သော် ကျိုးကျွင်း က စိတ်ပျက်လက်ပျက်နှင့်ပြောလိုက်၏။
"ညီ၄ ပြန်လာခဲ့ ပြောစရာရှိတယ်"
"ပြော"
"ဒါမင်းအတွက်ပဲ"
ထိုသို့ပြောပြီးနောက် ကျိုးကျွင်း သည် သူ့လက်ထဲတွင် ရှိသော တစုံတခုကို လီဟမ်ရှန်းထံပစ်ပေးလိုက်၏။ ထိုအရာသည် စာရွက်များကို ဘောလုံးတစ်လုံးကဲ့သို့ လုံးထားခဲ့သော စာရွက်လုံးတစ်လုံးပင်ဖြစ်သည်။ လီဟမ်ရှန်း ဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်ရာ စာအတွင်း၌ တစ္ဆေမြို့တော်နှင့် မိုင်သုံးဆယ်အကွာတွင် တစ္ဆေအလောင်းလိုဏ်ဂူရှိသည်ဟု ပါသည်။
တစ္ဆေအလောင်းလိုဏ်ဂူဟုတ်လား
တစ္ဆေအလောင်းလိုဏ်ဂူကို အရင်က မြေပုံပေါ်၌ သူမြင်ဖူးသည်။
တစ္ဆေအလောင်းလိုဏ်ဂူသည် ကြီးမားလှသော သုသာန်ကြီးတစ်ခုဖြစ်ပါသည်။ ဘယ်သူက ထိုသုသာန်ကြီးကိုဆောက်လုပ်ခဲ့တာလဲ ဆိုတာကို မသိပါ။ သို့သော် အတွင်း၌တော့ တစ္ဆေမျိုးနွယ်ဝင်များ၏ အလောင်းများစွာရှိသည်။
သုသာန်ထဲ၌ ရှာဖွေကြည့်ပြီးသောအခါ အလောင်းများမှအပ အခြားမရှိသောကြောင့် ဘယ်သူမှ ထိုအတွင်းသို့မသွားတော့ပါ။
"မင်းကိုတွေ့ချင်တဲ့သူက မနက်ဖြန်နေ့ခင်းကျရင် အဲ့နေရာမှာ စောင့်နေမယ်လို့ပြောတယ်"
ကျိုးကျွင်း ကပြောလိုက်၏။
"ကျုပ်သိပြီ "
လီဟမ်ရှန်း ကပြောလိုက်ပီးသည်နှင့် သူ့လက်ဖဝါးထဲတွင်ရှိသော စာရွက်လုံးသည် ချက်ချင်းပင် မီးတောက်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက အနောက်သို့လှည့်မကြည့်ပဲ ချက်ချင်းပြန်လာခဲ့သည်။
ကျိုးကျွင်း သည် မီးဖိုနံဘေး၌ ထိုင်ပြီး သူဖဲ့ထားသော ကြက်ပေါင်ကိုပြည့်လိုက်၏။ အကြာကြီး စိုက်ကြည့်နေပြီးနောက် ပြုံးလိုက်သည်။
"တော်တော်ခေါင်းမာတဲ့ကောင်လေးပဲ မင်းမစားဘူးဆိုမှတော့ ငါတယောက်တည်းပဲ စားမှာပေါ့ကွာ"
ထိုသို့ပြောပြီးနောက်တွင် သူက ကြက်ကင်ကို အားပါးတရစားသောက်လိုက်၏။ ထို့နောက် နံဘေးတွင်ရှိသော ဝိုင်ကရားကိုမော့ကာအားပါးတရ သောက်လိုက်ပါသည်။
"ကောင်းလိုက်တဲ့ဝိုင်"
ကျိုးကျွင်း က သူ့အရှေ့တွင်ရှိသော မီးပုံကို စိုက်ကြည့်နေသည်။ လက်တချက်အဝှေ့တွင် မီးများငြိမ်းသွား၏။ ထို့နောက်တွင်တော့ လက်ထဲတွင်ရှိသော ကြက်ပေါင်ကို နံဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက်တွင် သူသည်လည်း တောင်ပေါ်မှပျောက်ကွယ်သွားပါတော့၏။