← Chapters

အခန်း (၄၅၆)

Vol. 37 Ch. 456

အခန်း (၄၅၆)

Vol. 37 Ch. 456

စစ်သူကြီးစံအိမ်သို့ ပြန်ရောက်လာသော လီဟမ်ရှန်း ကလည်း ကျိုးကျွင်း ပြောသည့်သူမှာ ဘယ်သူများဖြစ်မလဲ တွေးနေခဲ့မိသည်။

အခုချိန်မှာ ဘယ်သူက ယုံကြည်ရမှာလဲ အခုလိုအချိန်မျိုးမှာ သူ့ကို ကူညီမယ့်သူက ဘယ်သူများဖြစ်နိုင်မလဲ ကူညီမယ့်သူကိုရော ယုံရမှာလား အင်မော်တယ်အဆင့် ပန်းချီရတနာက အရမ်းကိုစွဲဆောင်မှုအားကောင်းလွန်းတယ်လေ ဘယ်သူကများမလိုချင်ပဲ ရှိရမှာလဲ

တစ္ဆေအလောင်းလိုဏ်ဂူကို သွားမယ်ဆိုရင်ရော ငါလုံလုံခြုံခြုံနဲ့ ပြန်လာနိုင်ပါ့မလား အဲ့လူက ငါ့ကိုဖမ်းပြီးတော့ ဆုလာဘ်နဲ့များ လဲနိုင်မလား ဒါမယ့် ငါ့ရဲ့လက်ရှိအခြေအနေမှာတော့ ငါ့ကို ကူညီမယ့်သူရှိတာ အကောင်းဆုံးပါပဲ ဒီအခွင့်အရေးကို လွဲချော်သွားမယ်ဆိုရင် အနာဂတ်မှာ ပိုပြီး ခက်ခဲသွားလိမ့်မယ်။

လီဟမ်ရှန်းက အလောင်းအစားကို ပြုလုပ်ရန် အတွက်တွေးခဲ့ပါသည်။ ဒီအလောင်းအစားကို မယူ၍လည်း မရတော့ပါ အဘယ်ကြောင့်ဆိုသော် ကျိုးကျွင်း က သူ့အား ဆုံးဖြတ်ချပြီးသားမို့ဖြစ်သည်။ သူက တစ္ဆေမြို့တော်၌ ရှိနေပြီးသားမို့ ထိုသူသည် သူ့ကို မတွေ့လျှင် တစ္ဆေမြို့တော်အထိ ရောက်ရင် ရောက်ချလာပေလိမ့်မည်။

နောက်တနေ့မနက်တွင် လီဟမ်ရှန်း သည် တစ္ဆေမြို့တော်မှ စောစောထကာ သွားခဲ့သည်။ သူသည် နေ့လည်မတိုင်ခင် တစ္ဆေအလောင်းလိုဏ်ဂူကို ရောက်ခဲ့သည် ။ ဤနေရာသည် သဲကန္တာရကြီးဖြစ်သည်။ လီဟမ်ရှန်း သည် သဲများကြားတွင် မိမိကိုယ်ကို မြှုပ်နှံလိုက်၏။ သူ၏ အသက်ရှူသံကိုပါ ထိန်းချုပ်ထားသည်။ နေ့လည်တွင် ဘယ်သူရောက်လာမလဲဆိုတာကို သူစောင့်ဆိုင်းနေသည်။

အချိန်သည် ဖြည်းညင်းစွာဖြင့် ကုန်ဆုံး သွားသည်။ တစ္ဆေအလောင်းလိုဏ်ဂူရှိရာအရပ်ကို လီဟမ်ရှန်း က တိတ်တဆိတ် စောင့်ကြည့်နေ၏။ သိူ့သော် မည်သည့်အရာမှမတွေ့ပါ။

ဖြစ်နိုင်တာက ကျိုးကျွင်း ပေးခဲ့တဲ့ သတင်းအချက်အလက်က မှားယွင်းနေတာများလား ညနေရောက်တဲ့အထိ စောင့်ကြည့်ဦးမှပဲ

ထိုအခိုက်မှာပင်အသံတစ်သံက လီဟမ်ရှန်း ရှိနေသောနေရာ၏ အပေါ်တည့်တည့်မှ ထွက်ပေါ်လာ၏။

"အပြင်ကို ထွက်လာခဲ့ ဒီလိုလှည့်ကွက်လေးတွေက တခြားသူတွေအပေါ် အလုပ်ဖြစ်ပေမယ့် ငါ့အပေါ် အလုပ်မဖြစ်ဘူး"

ရှာတွေ့သွားတာလား

လီဟမ်ရှန်းက ထိတ်လန့်သွားသည်

ငါက သေသေချာချာကို ပုန်းနေတာလေ ဘယ်လိုဖြစ်ပြီး ရှာတွေ့သွားတာလဲ

လီဟမ်ရှန်းသည် သဲများကြားမှ ဝုန်းကနဲ ထွက်လာ၏။ ထို့နောက်တွင်ရောက်လာသော သူကို သတိကြီးကြီးထားပြီးကြည့်လိုက်၏။ ထိုသူကိုမြင်သောအခါ လီဟမ်ရှန်းသည် သူ့မျက်လုံးသူပင် မယုံနိုင်ပါ။

"ဒုဂိုဏ်းချုပ်လား"

လီဟမ်ရှန်းက အံ့အားသင့်စွာပြောလိုက်၏။ သူ့ရှေ့တွင်ရပ်နေသောသူသည် ဖုန့်မှုန့်များလုံးဝမကပ်ညိပဲ စွတ်စွတ်ဖြူနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။

မည်းနက်နေသောဆံနွယ် များကို အနောက်တွင်သပ်ရပ်စွာ ချည်နှောင်ထားသည်။ အေးစက်နေသော မျက်လုံးအကြည့်နှင့်အတူ ခါးထက်တွင် ချင်းရွှယ်ဓားကို ကိုင်ဆောင်ထားပြီး အင်မော်တယ်လောကမှ စွန့်ပစ်ခံလိုက်ရသည့် နတ်သားတစ်ပါးလိုဖြစ်နေ၏။

ရောက်လာသောသူက ချင်းရွှယ်အာဏာဓားအရှင် ရွှယ်ချမ်းပိုင် ဖြစ်နေမယ်လို့ သူတကယ်မထင်ထားခဲ့ပါ။

"လတ်စသတ်တော့ ငါ့ကို သတင်းပေးခဲ့တဲ့သူက ယုံရသားပဲ မင်းတကယ်ပဲ ဒီမှာရှိနေတာကိုး"

ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာပြောလိုက်၏။

"ကျန်းထျန်းယွမ်ရဲ့ အင်အားက အတော်အံ့သြဖို့ကောင်းတာပဲ သူမသေခင်မှာ မင်းကို ဒီလောက်ဝေးတဲ့နေရာထိရောက်အောင် ပို့နိုင်ခဲ့တယ်ပေါ့လေ တိမ်ကန္တာရနယ်မြေတစ်ခုလုံးမှာတောင်မှ ဒီနေရာမှာပဲ မင်းက အသက်ရှင်သန်နိုင်ခြေရှိတာ"

"ဒုဂိုဏ်းချုပ်ရောက်လာမယ်လို့ ကျွန်တော် မထင်ထားမိဘူး"

လီဟမ်ရှန်းကလည်း အံ့အားသင့်စွာ ပြောလိုက်သည်။

"မင်းအဖေနဲ့ ငါနဲ့က အရမ်းရင်းနှီးတယ်လေ မင်းသတင်းကိုကြားတာနဲ့ ငါချက်ချင်းရောက်လာတာပဲ ပြီးတော့ အဖြူအနက် လျှို့ဝှက်နယ်မြေက သိပ်မကြာခင်မှာ ပွင့်တော့မှာ အဲ့ကိုလည်း ငါသွားဖို့ရှိသေးတယ်"

ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာဖြင့်ပြောလိုက်၏။

"ကျွန်တော် သဘောပေါက်ပြီ ဒါပေမယ့် ချင်းရွှယ်အာဏာဓားအရှင်နဲ့ ကျွန်တော့အဖေက မိတ်ဆွေတွေ ဖြစ်နေမယ်လို့ ကျွန်တော်မထင်ထားဘူး "

လီဟမ်ရှန်း သည် ငိုရမလား ရယ်ရမလား မသိတော့ပါ သူက သူ့ဖခင်သည်အရက်မူးသမား မအောင်မြင်သော ပန်းချီဆရာတစ်ဦးဟု ထင်ထားခဲ့သည်။ သို့သော် ရွှယ်ချမ်းပိုင်ကော လောချောင်ရွှမ်လိုမျိုး လူစားမျိုးကပါ ဖခင်နဲ့ မိတ်ဆွေ များဖြစ်နေခဲ့ခြင်းက လီဟမ်ရှန်း ၏ လုံးဝမထင်မှတ်ထားသော အဖြစ်အပျက်များဖြစ်ပါသည်။

နောက်ဆုံးတွင် သူ့ဖခင်သည် ချင်းလဲ့ဓားသခင် ဖြစ်နေသည်ကို သိလိုက်ရမှသာ လီဟမ်ရှန်းက အားလုံးကို နားလည်ခဲ့ရတော့သည်။

"ငါက မင်းအဖေရဲ့ မိတ်ဆွေပဲတင်မဟုတ်ဘူး ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲလည်းဖြစ်သေးတယ်"

ရွှယ်ချမ်းပိုင်က လီဟမ်ရှန်း နားသို့တိုးလာပြီး တည်ငြိမ်စွာပြောလိုက်သည်။

"သူမသေခင်မှာ မင်းအဖေက ငါ့ကို စာတစောင်ရေးခဲ့တယ် စာထဲမှာ သူဆသလိမ့်မယ်လို့ သေချာကိုရေးခဲ့တာ ပြီးတော့ သူပြန်ရှင်လာမယ်လို့ပါ တစ်ထစ်ချ ပြောခဲ့သေးတာလေ သူသေသွားပြီးနောက်ပိုင်းမှာ မင်းနဲ့ပက်သက်ပြီး သတင်းတစ်ခုခုကြားတာနဲ့ မင်းကို လိုက်ရှာဖို့ ငါ့ကို ခိုင်းထားတယ် ပြီးတော့ မင်းဆီမှာ မီးအိမ်တစ်ခုရှိတယ်လို့သူပြောတယ်၊ မီးအိမ်ကို ငါ့ဆီကိုပေးလိုက်တာနဲ့ သူပြန်ပေါ်လာမယ်လို့လည်းရေးထားသေးတယ်"

ရွှယ်ချမ်းပိုင် ပြောသောအခါတွင် လီဟမ်ရှန်းက ယုံကြည်သွား၏။ အဘယ်ကြောင့်ဆိုသော် ကြာပန်းမီးအိမ်နှင့်ပက်သက်သည့်သတင်းကို သူနှင့်သူ့ဖခင်

နှစ်ဦးထဲသာ သိသောကြောင့်ဖြစ်သည်။ လီချန်ချင်း ကိုယ်တိုင်မပြောလျှင် တခြားသူများမှ ကြာပန်းမီးအိမ်အကြောင်း သိစရာအကြောင်းမရှိပေ။

"ကျွန်တော် အကုန်လုံးကို ဖွက်ခဲ့တယ်''

သူဒီနေရာသို့ မလာခင်မှာ လီဟမ်ရှန်းသည် သူ့ဖခင်၏ အသက်ကို ထိန်းသိမ်းထားသည့် ကြာပန်းမီးအိမ်ကို လျှို့ဝှက်ထားခဲ့ပါသည်။ သူသာ တစ်စုံတစ်ခုကြုံတွေ့သွားပါက သူ့ဖခင်အန္တရာယ်ရှိသွားမည်ဖြစ်သည်။

လီဟမ်ရှန်း သည် သစ်ပင်အိုကြီး၏ အမြစ်အောက်တွင် ဝှက်ထားသော သိုလှောင်လက်စွပ်ကို တူးဖော်ခဲ့သည်။ လမ်းတလျှောက်တွင် ရွှယ်ချမ်းပိုင်ကစန်းယွမ် နယ်မြေတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို လီဟမ်ရှန်း ကို ဖြည်းဖြည်းချင်းပြောပြခဲ့ပါသည်။ အင်မော်တယ် အဆင့်ရှိသော ပန်းချီရတနာအတွက် အင်အားစုတိုင်းလိုလိုက လီဟမ်ရှန်း ကို အသည်းအသန်လိုက်ရှာနေခဲ့၏။ ထို့ကြောင့် အချိန်ခဏကြာအောင် လီဟမ်ရှန်း သည် ဤနေရာတွင်သာ ပုန်းကွယ်နေရန်ဆုံးဖြတ်လိုက်ပါတော့သည်။

လီဟမ်ရှန်း က ကြာပန်းမီးအိမ်ကို ထုတ်ယူပြီးနောက် ရွှယ်ချမ်းပိုင်ကိုပေးလိုက်၏။ ရွှယ်ချမ်းပိုင် က ကြာပန်းမီးအိမ် လက်ထဲရောက်သည်နှင့် သူ၏ ကိုယ်တွင်းစွမ်းအားများကို ထည့်လိုက်သည်။ အတွင်းအားများ ဝင်ရောက်သွားပြီးသည့်နောက်တွင်ကြာပန်းမီးအိမ်က ချက်ချင်းပင် အလင်းဖျော့ဖျော့ ထွန်းလင်းလာခဲ့သည်။

အလင်းရောင်သည် အသက်စွမ်းအားကို ကိုယ်စားပြုသောအစိမ်းရောင်ဖြစ်သည်။ ကြာပန်းများ၏ ပွင့်ချပ်များက အရောင်တလက်လက်တောက်ပလာပါခဲ့သည်။ လီဟမ်ရှန်း က ကြာပန်းမီးအိမ်ကို စိုက်ကြည့်နေပြီး ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်နေခဲ့သည် ထို့နောက် ကြာပန်းမီးအိမ်အတွင်းမှ အသံဖျော့ဖျော့ တစ်သံထွက်လာ၏။

"မင်းလားကွ ရွှယ်ချမ်းပိုင်"

"လီချန်ချင်း မင်းတကယ်ပဲ မသေဘူးပေါ့လေ"

အသံကိုကြားသော် ရွှယ်ချမ်းပိုင် က အံ့အားသင့်သွားသည် နောက်ပိုင်းတွင်တော့ လီချန်ချင်းက ယွဲ့ဟန်ကျင်း၏ ဝိဉာဥ်တစိခုဖြစ်သည်ကို ရွှယ်ချမ်းပိုင် သတင်းကြားခဲ့သည်။ ယွဲ့ဟန်ကျွင်းက လီချန်ချင်း ၏ ဝိဉာဥ်များကို စုပ်ယူလိုက်သောကြောင့် လီချန်ချင်းသည် ဤလောကထဲတွင်မရှိတော့ပါ သူ၏ ရုပ်ခန္ဓာကိုယ်ပင် ကျိုးပျက်ကြပြီး နေရာတွင်ပင်သေဆုံးသွားခဲ့၏။

တခြားသူများသာဆိုလျှင် ထိုကဲ့သို့အဖြစ်မျိုးကြုံ

ရပါက ချက်ချင်းသေဆုံးသွားမည်ပင်ဖြစ်သည်။ သို့သော် လီချန်ချင်း မှာ သာမန်လူမဟုတ်ပေ။ အခုထက်ထိ အသက်ရှင်သန်နေပါသေးသည် ထိုဖြစ်ရပ်က လီချန်ချင်း ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို ရွှယ်ချမ်းပိုင် က မချီးကျူးပဲ မနေနိုင်ပါ စန်းယွမ်နယ်မြေကြီး၌ ယခုလိုမျိုး လုပ်ဆောင်နိုင်သောသူသည် များများစားစားမရှိပါ

"အဖေ"

အသံကိုကြားသော် လီဟမ်ရှန်း ကလည်း ပျော်ရွှင်စွာဖြင့် ဟစ်ကြွေးလိုက်၏။ သူ့အဖေက တကယ်ပဲ အသက်ရှိသေးတယ် လီဟမ်ရှန်း၏ မျက်ဝန်းများမှ မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့သည်။ လီချန်ချင်း၏ အသံကိုကြားသောအခါ လီဟမ်ရှန်း မှာ အလွန်အမင်းပျော်ရွှင်ခဲ့၏ ။

"သားလေး ရှိနေတာလား မင်းပင်ပန်းခဲ့ရပြီ"

လီချန်ချင်း၏ ပြုံးရွှင်နေသောအသံက ထွက်ပေါ်လာ၏။

“ငါသေပြီးတဲ့နောက်မှာ မင်းရဲ့အခြေအနေက တော်တော်လေးခက်ခဲမယ်ဆိုတာ ငါသိပြီးသားပါ ယွဲ့ဟန်ကျင်း က မင်းကို အရူးတစ်ယောက်လို လိုက်ရှာမှာပဲ"

"ကျွန်တော် ဘာမှမဖြစ်ဘူး"

လီဟမ်ရှန်း က ခပ်မြန်မြန်ပြောလိုက်၏။ လီချန်ချင်းသည် ရွှယ်ချမ်းပိုင် ကို လှမ်းခေါ်လိုက်၏။

"ငါမင်း အကူအညီကိုလိုတယ် အခုလောလောဆယ်မှာ ငါယုံနိုင်မယ့်သူက မင်းတယောက်ပဲရှိတယ် "

"အဖေ ကျွန်တော်လည်း ကူညီပေးနိုင်ပါတယ် ''

လီဟမ်ရှန်းက ထိုစကားကိုကြားသော် အနည်းငယ် နာကျင်သွား၏။

"ငါခိုင်းတဲ့ အလုပ်ကို မင်းလုပ်ရင် မင်းချက်ချင်းသေသွားလိမ့်မယ်"

လီဟမ်ရှန်း သည် သူအလွန်အမင်း အားနည်းနေသည်ကို သိခဲ့သည်။ ထို့ကြောင့် နာခံလိုက်ပါ၏။

"ပြောပါ ''

ရွှယ်ချမ်းပိုင် က ပြောလိုက်၏။

"ငါတို့နှစ်ယောက်ကြားမှာ အရမ်းကြီး ယဉ်ကျေးနေစရာမလိုဘူး လီချန်ချင်း"

All Chapters