← Chapters

မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲ

Vol. 76 Ch. 1135

မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲ

Vol. 76 Ch. 1135

ဆူဇီမိုနှင့် ညဝိညာဉ်သည် ဂူဂိုဏ်းကနေ မဟာကျိုးသို့ ပြန်လာပြီး လမ်းတွင် မူလက မဟာယွီ ပိုင်ဆိုင်ခဲ့သော ရှေးဟောင်းမြို့အချို့ကို ဖြတ်သန်းခဲ့ကြလေသည်။ သို့သော်လည်း ဤရှေးဟောင်းမြို့တော်များရှိ တော်ဝင်အလံများက မဟာကျိုးအလံအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

မဟာယွီမှ ပြည်နယ်ခွဲ အချို့ကလည်း အညံ့ခံသွားကြလေပြီ။

ဆူဇီမိုသည် ကွေ့ပတ်လျှောက်သွားလိုက်ပြီး မဟာရှန်နှင့် မဟာရှ နယ်မြေများဆီသို့လည်း ဝင်ရောက်လိုက်၏။

ဤအခြေအနေက မဟာယွီအင်ပါယာ၏ နယ်မြေအတွင်းမှာသာမကဘဲ မဟာရှန်နှင့် မဟာရှရှိ ပြည်နယ်ခွဲ များစွာကလည်း အညံ့ခံသွားပြီဖြစ်ကြောင်း သူသိရှိလိုက်ရလေသည်။

ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် အကြောင်းရင်းကို ခန့်မှန်းမိလိုက်၏။

ဒီတစ်ခေါက် စုန်းဂူကပ်ဘေးသည် မြောက်ပိုင်းဒေသရှိ လူများအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားရစေခဲ့လေသည်။

အဲဒါသည် အထူးသဖြင့် အင်ပါယာလေးခုမှာ ဖြစ်လေသည်။ များစွာသော ပြည်နယ်ခွဲများကလည်း ဤကပ်ဘေးကြောင့်​ ပျက်စီးသွားခဲ့ရလေသည်။

အင်ပါယာ လေးခုအနေဖြင့် ဤကပ်ဘေးကြောင့် သေရေးရှင်ရေး အခြေအနေတစ်ခုနှင့် ရင်ဆိုင်လာရလေသည်။

ဆူဇီမိုနှင့် မဟာကျိုးအင်ပါယာရှိ သူ၏ညီမနှင့်အတူ မြို့တော်ထဲရှိ တိုက်ပွဲက အင်ပါယာသုံးခု၏ ကျင့်ကြံရေးအင်အား အများစုကို ဖိနှိမ်နိုင်ခဲ့လေသည်။

အင်ပါယာသုံးခုမှ ဧကရာဇ်များသည် ယခုအခါ မဟာကျိုးမြို့တော်မှာ ရှိနေပြီး သူတို့သည် မဟာကျိုးဧကရီ ကျိယောင်ရွှယ်ထံမှာ သစ္စာခံထားကြလေပြီ။

ထိုသတင်းက ပျံ့နှံ့သွားသည်နှင့် အင်ပါယာသုံးခုမှာ ရုတ်ရုတ်သဲသဲ အခြေအနေများက သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။

စုန်းဂူကပ်ဘေးနှင့် ထပ်ပေါင်းလိုက်သောအခါ အင်ပါယာသုံးခုက လျင်မြန်စွာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရှောင်းနင်က သူမ၏ လှုပ်ရှားမှုကို ပြုလုပ်ပြီး စုန်းဂူကပ်ဘေးကို ဖြေရှင်းဖို့အတွက် နတ်မိုးများ ရွာသွန်းစေရန် မဟာကျိုးမြို့တော်၏ နေရာအသီးသီးသို့ မဟာကျိုးမှ ကျင့်ကြံသူ မြောက်များစွာကို စေလွှတ်ခဲ့လေသည်။

အင်မော်တယ် သမားတော်၏ ဂုဏ်သတင်းက မြောက်ပိုင်းဒေသတစ်ခွင် ပျံ့နှံ့သွားခဲ့လေပြီ။

အင်ပါယာသုံးခုမှ ပြည်နယ်ခွဲများက အညံ့ခံလာကြသည်မှာ ယုတ္တိတန်လေသည်။

ဤကဲ့သို့သော အခြေအနေများ ကြုံတွေ့လာရသောအခါ အင်ပါယာသုံးခုတွင် ဓမ္မဝိသေသ တာအိုအရှင်များ နောက်ခံရှိနေသည်ဆိုလျှင်တောင် ကိစ္စမရှိတော့ပေ။

“အဲ့လိုဆိုတော့လည်း ကောင်းသားပဲ”

သူ့အောက်ဘက်ရှိ မြေပြင်ဒေသကိုကြည့်ရင်း ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

မဟာကျိုးအင်ပါယာသည် ဤအခွင့်အလမ်းကို အသုံးချပြီး အင်ပါယာသုံးခုကို တိုက်ခိုက်သိမ်းပိုက်ကာ အင်ပါယာအသစ်တစ်ခုကို တည်ထောင်နိုင်လေသည်။ အဲဒါက မြောက်ပိုင်းဒေသမှာ စစ်ပွဲများကို လျော့နည်းလာစေပေလိမ့်မည်။

အဲဒါက လောကရှိ လူတိုင်းအတွက် ကောင်းမွန်သော ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်လေသည်။

စုန်းဂူကပ်ဘေး ပြီးဆုံးသွားပြီးနောက်.. မြောက်ပိုင်းဒေသရှိ လူများသည် ပြန်လည်ပြုပြင်ခြင်းနှင့် ကုသဖို့အတွက် အချိန်တစ်ခု လိုအပ်ပြီး သူတို့သည် စစ်ပွဲမီးတောက်များကို ဆက်လက်ခံစားနိုင်ခြင်း မရှိတော့ပေ။

မဟာကျိုးမြို့တော်မှာ ရှိစဉ်တုန်းက ဆူဇီမိုက ကျိယောင်ရွှယ်နှင့် တွေ့ဆုံခဲ့ရ၏။

ထိုနေ့က သူသည် မဟာကျိုး၏ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အချိန်မီ ရောက်ရှိလာပြီးနောက် ဆန်းကြယ်တောင်ထွတ်သို့ အပြေးနှင်သွားရလေသည်။ သူတို့နှစ်ယောက်က စကားပြောဆိုဖို့ အချိန်ကောင်းကောင်း မရခဲ့ပေ။

ဆူဇီမို ထင်မှတ်ထားသည့်အတိုင်း ကျိယောင်ရွှယ်သည် အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူမ၏ အရည်အချင်းနှင့် ရည်မှန်းချက်များက အမျိုးသားများထက် မနိမ့်ကျပေ။

သူမသည် ယခုဖြစ်ပေါ်လာသော အခွင့်အရေးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ သူမက အဝေးကနေ တိုက်ခိုက်ပြီး အင်ပါယာသုံးခု၏ နယ်မြေဒေသများကို သိမ်းယူနိုင်ပေလိမ့်မည်။

မဟာကျိုးအင်ပါယာက သူမ၏ အုပ်ချုပ်မှုအောက်တွင် စည်ပင်ထွန်းကားလာပေလိမ့်မည်။

ရှောင်းနင်က မြို့တော်မှာ ဆေးလုံးများကို ဆက်လက်သန့်စင်နေ၏။

ဂူတစ်သောင်းရွှံ့ညွန်တော ပျက်စီးသွားခြင်းနှင့်အတူ ဂူကောင်များက အမြစ်ကနေ လှန်၍ ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။

ပြီးခဲ့သည့် တစ်လအတွင်း စုန်းဂူကပ်ဘေးက တည်ငြိမ်လာခဲ့ပြီး သူမသည် မအိပ်မနေ ဆေးလုံးများကို အဆက်မပြတ် သန့်စင်နေစရာ မလိုတော့ပေ။

ရှောင်းနင်၏ အခြေအနေက တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့လေသည်။

ဆူဇီမိုသည် အင်မော်တယ်ကြိုးကြာအိုကြီးနှင့် နန်းကြည်ကဲ့သို့သော သူ၏မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံဖို့အတွက် ဆန်းကြယ်တောင်ထွတ်သို့ ပြန်လာခဲ့လေသည်။

သူသည် အတိတ်ကာလတုန်းက မိတ်ဆွေဟောင်းများစွာ မရှိခဲ့ပေ။

ဆူဇီမို၏ ပထမဆရာ၊ နတ်ပန်းပဲတောင်ထွတ်မှ ဖိုသီဖတ်သီ အဘိုးအိုပင်လျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဘဝသက်တမ်းစေ့၍ ကွယ်လွန်သွားခဲ့လေပြီ။

သို့သော်လည်း နောက်ဆုံးအချိန်ထိ ဖိုသီဖတ်သီ အဘိုးအိုက ပြုံးနေနိုင်ခဲ့လေသည်။

ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်လာခဲ့သော တပည့်တိုင်းသည် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတား.. ဆူဇီမိုသည် သူ၏တပည့်ဖြစ်ကြောင်းကို သိရှိခဲ့ကြလေသည်။

ဆန်းကြယ်တောင်ထွတ်က ထိုတိုက်ပွဲပြီးနောက် အနည်းငယ် အားနည်းသွားလျှင်တောင် သူတို့က ပိုမိုသန်မာလာတော့မည်မှာ သိသာလေသည်။

သူတို့သည် ကပ်ဘေးနှစ်ခုကို ဖြတ်ကျော်ပြီးနောက် သူတို့၏ စိတ်ဓာတ်များက ပိုမိုကြံ့ခိုင်လာပေလိမ့်မည်။

ယခုအချိန်တွင် နန်းကြည်က ဆန်းကြယ်တောင်ထွတ်မှာ ပါရမီအလားအလာ အကောင်းဆုံးဖြစ်လေသည်။

သူမသည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ရှည်လျားသော ဘဝသက်တမ်းတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

နှစ်တစ်ရာကျော် ကုန်ဆုံးသွားသော်လည်း နန်းကြည်သည် တူညီသော ပုံစံမှာပင် ရှိနေဆဲပင်။ သူမသည် ဆူဇီမို၏နောက်မှာ မိန်းမပျိုလေးတစ်ယောက်အဖြစ် တိတ်တဆိတ် ရပ်နေလေသည်။

နန်းကြည်သည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ပြီးနောက် ဆန်းကြယ်တောင်ထွတ်တွင် သူမ၏ ဂုဏ်အဆင့်အတန်းက အင်မော်တယ်ကြိုးကြာအိုကြီးပြီးလျှင် ဒုတိယဖြစ်လာခဲ့၏။

သူမသည် အလွန်တရာ ချောမောလှပလေသည်။ သူမ၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ သူမက အင်မော်တယ်ကြိုးကြာအိုကြီးကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး ဆန်းကြယ်တောင်ထွတ်ရှိ များစွာသော တပည့်ဂိုဏ်းသားများက သူမကို ဆန်းကြယ်တောင်ထွတ်၏ နတ်ဘုရားမဆိုသော ဘွဲ့ကို ပေးအပ်ထားခဲ့ကြလေသည်။

ဆူဇီမို ရောက်ရှိလာသောအခါ ဆန်းကြယ်တောင်ထွတ်မှ တပည့်ဂိုဏ်းသားများစွာသည် စိတ်နှလုံး ကွဲကြေကုန်ကြလေသည်။

အကြောင်းမှာ သူတို့ အထွတ်အမြတ်ထား၍ အစဉ်လေးစားခဲ့ရသော သူတို့၏ နှလုံးသားထဲရှိ နတ်ဘုရားမသည် ဆူဇီမို၏ဘေးတွင် နေ့စဉ်နေ့တိုင်း အစေခံမလေးတစ်ယောက်ကဲ့သို့ ဝေယျာဝိစ္စများကို ပြုလုပ်ပေးနေသောကြောင့် ဖြစ်လေသည်။

များစွာသော တပည့်များ၏ မျက်လုံးထဲတွင် အဲဒါက သူတို့၏ နတ်ဘုရားမနှင့် လုံးဝ မအပ်စပ်သော အလုပ်များဖြစ်လေသည်။

သို့သော်လည်း နန်းကြည်က အဲဒါကို စိတ်ထဲမှာ မထားပေ။

သူမ၏ နှလုံးသားထဲတွင် ဆူဇီမိုက အလွန်တရာ အရေးပါသော နေရာတစ်ခုမှာ ရှိနေခဲ့ပြီး မည်သူကမှ အစားမထိုးနိုင်ပေ။

ဒီတစ်ခေါက်တွင်တော့ ဆူဇီမိုသည် ထွက်ခွာဖို့အတွက် အလောတကြီး ရှိမနေပေ။ ထိုအစား သူက ဆန်းကြယ်တောင်ထွတ်မှာ တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်၏။

ပထမတစ်ချက်အနေဖြင့် ဂိုဏ်းနှင့် အဖွဲ့အစည်းအချို့က မဟာကျိုးအင်ပါယာ သို့မဟုတ် ဆန်းကြယ်တောင်ထွတ်သို့ ပြဿနာလာရှာမည်ကို သူသည် စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်လေသည်။

ဘာပဲပြောပြော.. သူနှင့် ညဝိညာဉ်သည် စုန်းမျိုးနွယ်မှ သခင်လေးနှင့် မျက်ကန်းအဘိုးအိုကိုသာမက ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်များနှင့် မူလနတ္ထိ တစ်ရာကျော်ကိုပင် သတ်ဖြတ်ခဲ့ကြလေသည်။

ဒုတိယတစ်ချက်အနေဖြင့် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကနေ ရရှိလာခဲ့သော စွမ်းအင်များကို အခုချိန်ထိ ကျေလည်အောင် မသန့်စင်ရသေးပေ။

သူက ထိုစွမ်းအင်များ အားလုံးကို သန့်စင်နိုင်မည်ဆိုလျှင် သူသည် နောက်ပိုင်းမူလနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားနိုင်လေသည်။

တစ်နှစ်ကြာပြီးနောက်.. ဆန်းကြယ်တောင်ထွတ်တွင်..

ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့လေသည်။ သူ၏ လှိုဏ်ဂူခန်းဝါ ဝင်ပေါက်ဝ၌ ချောမောလှပ၍ အပြစ်ဆိုစရာ မရှိသော မိန်းကလေးတစ်ယောက်က မတ်တတ်ရပ်နေလေသည်။ သူမ၏ မျက်လုံးများက အပြာရောင်ဖြစ်ပြီး သူမ၏နှာတံက ဖြောင့်စင်း၍ သူမ၏ အသားအရေက ကြွေရုပ်တစ်ရုပ်ကဲ့သို့ ချောမွတ်နေလေသည်။

“သခင်လေး..”

သူမက နူးညံ့စွာ ခေါ်လိုက်လေသည်။ အဲဒါက နန်းကြည်ပင် ဖြစ်လေသည်။

“သခင်လေး.. ရှင့်ရဲ့ ကျင့်ကြံမှုက ထပ်ပြီးတိုးလာပြန်ပြီ”

နန်းကြည်က ဆူဇီမိုကို တစ်ချက်ကြည့်ပြီး သူ၏အော်ရာက တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာခဲ့သည်ကို သူမက ပြောနိုင်လေသည်။

“အင်း..”

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

သူမျှော်လင့်ထားသည့်အတိုင်း သူသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှ စွမ်းအားများကို စုပ်ယူပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းနိုင်ခဲ့လေသည်။ တစ်နှစ်အတွင်း သူ၏ ကျင့်ကြံမှုအဆင့်က နောက်ပိုင်းမူလနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေပြီ။

သူက ပကတိမူလနတ္ထိအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့အတွက် ခြေတစ်လှမ်းသာ လိုတော့လေသည်။

“ပြီးခဲ့တဲ့ တစ်နှစ်အတွင်း.. မဟာကျိုးမြို့တော်မှာ တစ်ခုခုဖြစ်ခဲ့သေးလား”

လှိုဏ်ဂူခန်းဝါရှေ့မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုက သူ့အောက်ဘက်ရှိ တောင်တန်းများနှင့် တောအုပ်ကို ငုံ့ကြည့်ကာ မေးလိုက်လေသည်။

“ထူးထူးခြားခြား ဘာမှတော့ မရှိပါဘူး”

နန်းကြည်က ပြောလိုက်၏။

“မဟာရှ၊ မဟာယွီနဲ့ မဟာရှန် အင်ပါယာသုံးခုက ပျက်စီးပြိုကွဲသွားခဲ့ပြီ.. မဟာကျိုးအင်ပါယာက သူတို့ရဲ့ နယ်မြေဒေသတွေကို တိုက်ခိုက်သိမ်းယူပြီးတော့ မဟာကျိုးရဲ့ စွမ်းအားက တဖြည်းဖြည်း မြင့်တက်လာနေတုန်းပဲ”

“ကောင်းတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် သူက ထပ်မေးလိုက်၏။

“အင်ပါယာသုံးခုက ဓမ္မဝိသေသ တာအိုအရှင်တွေ ပေါ်လာသေးလား.. သူတို့ရဲ့ တော်ဝင်မိသားစုက အရိုက်အရာ ဆက်ခံသူတွေကရော လက်စားချေဖို့ မကြိုးစားကြဘူးလား”

ပြီးခဲ့သည့် တစ်နှစ်အတွင်း သူက ဆန်းကြယ်တောင်ထွတ်ကို စောင့်ကြပ်ပေးနေခဲ့၏။

ညဝိညာဉ်က တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ကို စိုးရိမ်သောကြောင့် မဟာကျိုးမြို့တော်မှာ စောင့်ကြပ်ပေးနေလေသည်။

“ဟင့်အင်း”

နန်းကြည်က ခေါင်းခါပြလိုက်၏။

“အဲဒါက လောကရဲ့ သဘောသဘာဝပါပဲ.. သူတို့က မကျေနပ်ကြဘူးဆိုရင်တောင် ဘာမှလုပ်လို့ မရတော့ဘူး.. အင်ပါယာသုံးခုကို တိုက်ခိုက်သိမ်းပိုက်တဲ့အခါ အဟန့်အတား မရှိသလောက်နီးပါးပဲ.. အဲဒါက ပြည်သူလူထုရဲ့ စိတ်ဆန္ဒလို့တောင် ပြောလို့ရတယ်”

“ကျားနဂါးဂိုဏ်းကရော ဘာသတင်းရသေးလဲ”

ဆူဇီမိုက ထပ်မေးလိုက်၏။

“ဟင့်အင်း”

နန်းကြည်က ခေါင်းခါပြလိုက်လေသည်။

ခဏမျှ ရပ်တန့်ပြီးနောက် သူမက တစ်စုံတစ်ရာကို အမှတ်ရသွားပုံရပြီး ရုတ်တရက် ပြောလိုက်၏။

“ဒါနဲ့.. နောက်ရက်အနည်းငယ်ကြာရင် မြောက်ပိုင်းဒေသရဲ့ ကျင့်ကြံရေးလောကမှာ မဟာစုဝေးပွဲတစ်ခု ရှိတယ်.. အဲဒါကို မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲလို့ ခေါ်တယ်”

“အဲဒါကို တာအိုတွေ့ဆုံပွဲလို့ ခေါ်ရတာကတော့ အဲဒီပွဲကို မြောက်ပိုင်းဒေသရဲ့ မူလနတ္ထိ တာအိုသက်ရှိတွေနဲ့ ဓမ္မဝိသေသ တာအိုအရှင်တွေပဲ တက်ရောက်နိုင်မှာမို့ပဲ.. အဲဒီကို မြောက်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်းနဲ့ အမျိုးမျိုးသော ကျင့်ကြံရေးကလန်ကြီးတွေကလည်း တက်ရောက်ကြမယ်လို့ ကြားမိတယ်”

All Chapters