ဒီလူက မရိုးရှင်းဘူး
Vol. 76 Ch. 1139
ဆူဇီမိုတို့ ၄ ယောက် အုပ်စုသည် ဧရာမ စိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ ဆင်းသက်လိုက်ကြ၏။
စိတ်ဝိညာဉ်ယာဉ်ပျံသည် အလွန်တရာ ခိုင်ခံ့ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် များစွာသော ဝင်္ကပါအင်းကွက်များ ရှိနေလေသည်။ အဲဒါက ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖန်တီးပြုလုပ်ထားသည်မှာ သိသာလေသည်။
စိတ်ဝိညာဉ်ယာဉ်ပျံပေါ်ရှိ ပစ္စည်းများကို ရွှေသားသက်သက်ဖြင့် ပြုလုပ်ထားပြီး အဲဒါက ပို၍ပင် အထက်တန်းစားဆန်နေလေသည်။
ယာဉ်ဦးစွန်းတွင် စန္ဒကူး စားပွဲတစ်လုံးရှိပြီး ၎င်းပေါ်တွင် များစွာသော စိတ်ဝိညာဉ်သစ်သီးများနှင့် အင်မော်တယ် မက်မွန်သီးများကို တည်ခင်းထားလေသည်။ အဲဒီမှာ အငွေ့တထောင်းထောင်း ထနေသော မွှေးပျံ့သည့် လက်ဖက်ရည်အိုးတစ်အိုးပင် ရှိသေးလေသည်။
“တာအိုရောင်းရင်း.. ကျေးဇူးပြုပြီး ထိုင်ပါဦး”
ချောမောလှပသော အမျိုးသမီးက အခြားသူများကို မကြည့်ဘဲ ဆူဇီမိုကိုသာ ကြည့်၍ ခရီးဦးကြိုပြုကာ ဖိတ်ခေါ်လိုက်လေသည်။
သူမသည် အခြေအနေပေါ် အကဲဖြတ်နိုင်စွမ်း ရှိလေသည်။
သူတို့သည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း သူမသည် သူတို့ ၄ ယောက်ကြား ရာထူးဂုဏ်သိမ် အနိမ့်အမြင့်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်လေသည်။
သူတို့ ၄ ယောက်ထဲတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ခေါင်းဆောင်ဖြစ်ရပေမည်။
အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ နောက်ဘက်ရှိ ရွှေရောင်ဆံပင် မိန်းကလေးက အတော်လေး ကြည့်ကောင်းလှသော်လည်း သူမက တစ်ချိန်လုံး အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ နောက်မှာရှိနေပြီး သူမက အဆင့်အတန်း တစ်ဆင့်နိမ့်သည်မှာ သိသာလေသည်။ သူမက အိမ်ဖော်အမျိုးသမီးတစ်ယောက် ဖြစ်နိုင်လေသည်။
ထိုရွှေခြင်္သေ့က အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ စိတ်ဝိညာဉ်တောကောင် သို့မဟုတ် အစီးအနင်းတောကောင်တစ်ကောင် ဖြစ်ပေလိမ့်မည်။
ရွှေခြင်္သေ့က မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်လေသည်။
မူလနတ္ထိအဆင့် ရွှေခြင်္သေ့ကို လူတိုင်းက နှိမ်နှင်းနိုင်လိမ့်မည် မဟုတ်ပေ။
အနက်ရောင်ဝတ်လူကတော့ ယခင် စိတ်ဝိညာဉ်ယာဉ်ပျံကို ထိန်းချုပ်မှောင်းနင်နေခဲ့သည့်အတွက် သူကလည်း အစေခံတစ်ယောက်ဖြစ်ဖို့ များလေသည်။
ကျင့်ကြံရေးလောကတွင် မူလနတ္ထိအဆင့် အစေခံအချို့ ရှိတတ်ကြသည်မှာ သာမန်သာ ဖြစ်လေသည်။
တကယ်တော့ သူမ၏ ခန့်မှန်းချက်သည် အနည်းငယ် ကွာဟမှု ရှိသော်လည်း သူမ၏ အကဲဖြတ်မှုက မဆိုးလှဟု ဆိုရပေမည်။
တကယ်ပင် ဆူဇီမိုက သူတို့ ၄ ယောက်ထဲမှာ ခေါင်းဆောင်ဖြစ်လေသည်။
ဆူဇီမိုသည် ငြင်းပယ်ခြင်း မရှိဘဲ ထိုင်ချလိုက်သည်။ သူက ဘေးပတ်လည်ကို လှည့်ကြည့်ပြီး ချီးမွမ်းလိုက်၏။
“တာအိုရောင်းရင်း.. ဒီစိတ်ဝိညာဉ်ယာဉ်ပျံက တကယ်မဆိုးလှဘူးပဲ”
သူသည် အဲဒီမှာ ထိုင်ပြီး နွေးထွေးသော လေပြေလေညင်းကို ခံစားကာ အင်မော်တယ်သစ်သီးများကို စားသုံး၍ လက်ဖက်ရည်ပူပူကို သောက်သုံးလိုက်လေသည်။ သူက တောင်တန်းများ၊ မြစ်များနှင့်အတူ ရှုခင်းကိုပါ ခံစားလိုက်လေသည်။
အမျိုးသားနှစ်ယောက်သည် ဆူဇီမို၏ အမူအရာကို မြင်သောအခါ.. သူတို့၏ မျက်လုံးထဲတွင် အထင်သေးမှု တစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့၏။
“ဒီတောသားက ဘယ်ကနေ ရောက်လာလဲ ငါသိချင်မိတယ်.. သူက ဒီလိုမျိုး စိတ်ဝိညာဉ်ယာဉ်ပျံကိုတောင် အရင်က မမြင်ဖူးဘဲနဲ့ မူလနတ္ထိအဆင့်ကို ရောက်အောင် ဘယ်လိုများ ကျင့်ကြံခဲ့လဲ မသိဘူး”
သူတို့နှစ်ယောက်က စိတ်ထဲကနေ လှောင်ရယ်လိုက်ကြ၏။
သူတို့က အထင်အမြင်သေးကြသော်လည်း များစွာဂရုစိုက်ခြင်း မရှိဘဲ သူတို့ဘာသာသူတို့ ထိုင်နေကြလေသည်။
ပြောရမည်ဆိုလျှင်.. သူတို့နှစ်ယောက်သည် နိုးထဝိညာဉ်အဆင့်မှာရှိပြီး မူလနတ္ထိတစ်ယောက်နှင့် အတူတူထိုင်နေရခြင်းကပင် တစ်နည်းတဖုံအားဖြင့် မပြေမပြစ်ဖြစ်နေလေသည်။
ချောမောလှပသော အမျိုးသမီးက မျက်မှောင် အနည်းငယ်ကြုတ်ပြီး ဘာမှပြောဆိုခြင်း မရှိပေ။
ဆူဇီမိုကလည်း သူတို့ကို အရေးလုပ်မနေပေ။
ချောမောလှပသော အမျိုးသမီးက သူတို့ ၄ ယောက်ကို ချိန်ဆကြည့်နေစဉ်မှာပင် ဆူဇီမိုကလည်း သူတို့အုပ်စုကို အကဲဖြတ်ပြီးနေခဲ့လေပြီ။
ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်သည် ကျင့်ကြံမှုအဆင့် မြင့်မားသော်လည်း သူတို့၏ အဆင့်အတန်းက လူငယ်သုံးယောက်ထက် နိမ့်ကျလေသည်။
လူငယ်သုံးယောက်ကြားတွင် ယောကျ်ားလေးနှစ်ယောက်သည် ပို၍နုံအသည်မှာ သိသာပြီး သူတို့က တော်ဝင်မိသားစုများမှ လူပေါ်ကြော့များ ဖြစ်ပုံရလေသည်။
သူ့ရှေ့ရှိ အမျိုးသမီးက ထူးချွန်ထက်မြက်သော အော်ရာတစ်ခုနှင့်အတူ ကြော့ရှင်းခံ့ညားလေသည်။
“ကျွန်မက ရှင့်ကို ဘယ်လိုခေါ်ရမလဲ တာအိုရောင်းရင်း”
ချောမောလှပသော အမျိုးသမီးက အပြုံးတစ်ခုနှင့်အတူ မေးမြန်းလိုက်၏။
ဆူဇီမိုက ပြန်ဖြေလိုက်လေသည်။
“ကျုပ်ရဲ့ မျိုးရိုးနာမည်က ဆူ..”
ချောမောလှပသော အမျိုးသမီးက ခဏမျှ ကြောင်အ,မှင်တက်သွားပြီးနောက် စိတ်သက်သာရာ ရသွားခဲ့လေသည်။
ကျင့်ကြံရေးလောကတွင် သူစိမ်းများသည် တစ်ယောက်ကိုတစ်ယောက် သူတို့၏ နာမည်အပြည့်အစုံ သို့မဟုတ် နာမည်အစစ်အမှန်များ မပြောဆိုတတ်ကြသည်မှာ ပုံမှန်သာဖြစ်လေသည်။ ဘာပဲပြောပြော.. သူတို့က တစ်ဖက်လူအပေါ် သတိထားကြရလေသည်။
လှပသော အမျိုးသမီးက နားလည်မှုရှိပြီး ဆက်လက်၍ မေးမြန်းခြင်း မရှိပေ။ သူမက မွှေးပျံ့သော လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။
“ကျွန်မက ယွီလန်ပါ အစ်ကိုဆူ.. မြောက်ပိုင်းဒေသမှာ ရှင်နဲ့ အခုလို တွေ့ဆုံရတာ ကံကြမ္မာပဲ.. ဒီမှာတော့ ကျွန်မက ဝိုင်အစား လက်ဖက်ရည်ခွက်နဲ့ပဲ ဆုမွန်ကောင်း တောင်းလိုက်ရအောင်..”
မသိလိုက် မသိဘာသာနှင့်ပင် ယွီလန်ဟုခေါ်သော အမျိုးသမီးသည် ဆူဇီမိုအပေါ် အခေါ်အဝေါ် ပြောင်းလဲလိုက်ပြီး တာအိုရောင်းရင်းမှ အစ်ကိုဆူ ဖြစ်လာခဲ့လေသည်။
သူတို့နှစ်ယောက်ကြားမှာ ပို၍ ရင်းနှီးမှု ရှိလာသည်ဟု ထင်ရလေသည်။
“ခင်ဗျားက တော်တော် သဘောကောင်းတာပဲ တာအိုရောင်းရင်း”
ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။ သူက လက်ဖက်ရည်ခွက်ကို မြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
ယွီလန်က ပြုံး၍ မေးမြန်းလိုက်၏။
“အစ်ကိုဆူ.. ရှင့်မှာ တစ်မူထူးခြားတဲ့ သွင်ပြင်တစ်ခု ရှိတယ်.. ရှင်က ဂိုဏ်းကြီး တစ်ဂိုဏ်းဂိုဏ်းကပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”
သူမသည် သူ့ကို ချီးကျူးပြောဆိုနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူမသည် ဆူဇီမို၏ နောက်ခံကို စစ်ဆေးအကဲဖြတ်ဖို့ ကြိုးစားနေခြင်းပင်။
“ကျုပ်က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ပါပဲ”
ဆူဇီမိုက ခေါင်းခါ၍ ပြုံးပြလိုက်၏။
အဲဒါက တကယ်ပင် အမှန်ဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်တစ်ရာက သူသည် ဖန်သားနန်းတော်ကို ဆန့်ကျင်ခဲ့စဉ်ကတည်းက ဆန်းကြယ်တောင်ထွတ်ကနေ ထွက်ခွာလာခဲ့ပြီးလေပြီ။
ယွီလန်သည် သူမ၏ လှပသော မျက်လုံးများဖြင့် ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ ထိုသူက တည်ငြိမ်နေပြီး နောက်ပြောင်နေခြင်း မရှိသည်ကို သူမ မြင်ရသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
ဆူဇီမိုက ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု အမျိုးသားနှစ်ယောက် ကြားသောအခါ သူတို့၏ အထင်အမြင်သေးမှုက ပို၍ သိသာလာပြီး သူတို့၏ နှုတ်ခမ်းကို အလိုလို စုဝိုင်းလိုက်ကြ၏။
မင်းသားနှစ်ယောက်က ဆူဇီမိုကို ဆက်ပြီး အာရုံစိုက်မနေကြတော့ပေ။
ထိုအစား.. သူတို့၏အကြည့်သည် ဆူဇီမို၏ နောက်ဘက်သို့ မကြာမကြာ ရောက်ရှိသွားပြီး ရွှေရောင်ဆံပင်နှင့် မိန်းကလေးကို ခိုးခိုးကြည့်နေကြလေသည်။
သူတို့၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အမူအရာတစ်ခု ရှိနေ၏။
ယွီလန်ကို တစ်ချက်ကြည့်ပြီး ဆူဇီမိုက ရုတ်တရက် မေးလိုက်လေသည်။
“တာအိုရောင်းရင်း.. ခင်ဗျားက ဘယ်ကနေ လာခဲ့တာလဲ”
ယွီလန်၏ အမူအရာက အနည်းငယ် စိတ်ပျက်အားငယ်သွားပြီး သူမ၏ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်၏။
“ကျွန်မရဲ့ မိသားစုက ကျွန်မရဲ့ ရန်သူ့လက်ထဲမှာ ကျရှုံးပြီးတော့ ဖျက်ဆီးခံလိုက်ရပြီ.. အာ.. အဲဒါကို ပြန်မပြောတော့တာပဲ ကောင်းမယ် ထင်ပါတယ်”
“အို.. ဟုတ်လား”
ဆူဇီမိုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဘယ်ရန်သူတွေလဲ”
ယွီလန်က ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက်.. ဆူဇီမို၏ ကြည်လင်နေသော မျက်လုံးကို စိုက်ကြည့်လိုက်၏။ အတန်ကြာပြီးနောက်.. သူမက ဆုံးဖြတ်ချက်တစ်ခုချကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့.. ကျွန်မက..”
“အဟမ်း”
ထိုစဉ်မှာပင် ယာဉ်ဦးစွန်းမှ ပြင်းထန်သော ချောင်းဟန့်သံက ထွက်ပေါ်လာပြီး ယွီလန်၏ စကားကို ဟန့်တားနှောင့်ယှက်လိုက်၏။
အစက စိတ်ဝိညာဉ်ယာဉ်ပျံကို ထိန်းချုပ်မောင်းနှင်နေသော အဘိုးအိုသည် ဒယီးဒယိုင်ဖြင့် မတ်တတ်ထရပ်ပြီး ညည်းတွားပြောဆိုလိုက်၏။
“ကျုပ်က အသက်ကြီးနေပါပြီလေ.. အား.. ဒီယာဉ်ကို ခဏပဲ ထိန်းချုပ်ရသေးတယ်.. ကျုပ်ခန္ဓာကိုယ်က အဲဒါကို ဆက်ပြီး မလုပ်နိုင်တော့ဘူး”
သူက ဒယီးဒယိုင်ဖြင့် သူတို့ထံသို့ လျှောက်လှမ်းလာခဲ့၏။
ယွီလန်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အလောတကြီး မတ်တတ်ထရပ်လိုက်၏။
“တောင်းပန်ပါတယ်ရှင်”
သူမက ဆူဇီမိုကို တောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်ပြီး အဘိုးအိုကို ဖေးမကာ သင်္ဘောခန်းတစ်ခန်းဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။
ဆူဇီမိုက မသိမသာ ပြုံးလိုက်၏။
အဘိုးအိုသည် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဖြစ်လေသည်။ သူက အသက်အရွယ် အိုမင်းလာပြီ ဖြစ်သော်လည်း အားနည်းမှု လုံးဝမရှိသေးပေ။
အဘိုးအိုက ထိုကဲ့သို့ ပြုမူလိုက်သည်မှာ ယွီလန်ကို စကားဆက်မပြောစေချင်သောကြောင့်ပင် ဖြစ်လေသည်။
ယွီလန်က အဘိုးအို၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး သူ့ကို ထူမကာ ယာယီအားဖြင့် ထွက်ခွာသွားခဲ့လေသည်။
ဤကဲ့သို့သော လှည့်စားမှုမျိုးက အတွေ့အကြုံ နုနယ်သော သူများထံမှ ဖုံးကွယ်နိုင်ပေလိမ့်မည်။
ဥပမာအားဖြင့်.. ဘရိုကိတ်ဝတ်ရုံနှင့် စားပွဲမှာ ထိုင်နေသော အမျိုးသားနှစ်ယောက်သည် တဝတပြဲ စားသောက်နေကြပြီး မည်သည့်အရာကိုမှ သတိထားမိပုံ မရပေ။
သို့သော်လည်း ဆူဇီမိုကတော့ အဲဒါကို ကောင်းကောင်း သတိထားမိလေသည်။
သူက တိတ်ဆိတ်ငြိမ်သက်နေပြီး အခြေအနေကို အကဲခတ်ကြည့်နေ၏။
သူတို့သည် သင်္ဘောခန်းထဲသို့ ဝင်ရောက်ပြီးနောက် တံခါးကို ပိတ်လိုက်၏။ ယွီလန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။
“ဦးလေးကျန်း.. တစ်ခုခု ပြောစရာရှိတယ်ဆိုလည်း ရှင့်ရဲ့ စိတ်ဝိညာဉ်အသိစိတ်နဲ့ အသံတစ်ခု ပို့လွှတ်လိုက်ပေါ့.. ဘာလို့ အခုလို လုပ်ရတာလဲ”
အဘိုးအိုက သူ၏ခါးကို မတ်လိုက်ပြီး စောစောက အမူအရာမျိုး မရှိတော့ပေ။ သူက ကျန်းမာသန်စွမ်းပြီး အားနည့်သည့်ပုံ လုံးဝ မပေါက်တော့ပေ။
ဦးလေးကျန်းက ခေါင်းကို ခါပြလိုက်၏။
“မင်းသမီး.. ကျေးဇူးပြုပြီး ကျုပ်ကို ဗွေမယူပါနဲ့.. ကျုပ်က စိတ်ဝိညာဉ်အသိစိတ်ကို သုံးပြီး အသံပို့လွှတ်လိုက်မယ်ဆိုရင် အဲဒီမှာ စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်.. အဲဒါအခါကျရင် ဟိုကောင်လေးက အဲဒါကို သတိထားမိသွားနိုင်တယ်”
“ဒီသင်္ဘောခန်းထဲမှာ စိတ်ဝိညာဉ်အသိစိတ်နဲ့ အသံကို ပိုင်းခြားပေးနိုင်တဲ့ အစီအရင် ဝင်္ကပါတစ်ခုရှိတယ်.. ဒီမှာ စကားပြောမှပဲ လုံခြုံလိမ့်မယ်”
ယွီလန်က ခေါင်းညိတ်၍ ထိုကိစ္စနှင့် ပတ်သက်ပြီး စောဒက မတက်တော့ပေ။ သူမက မေးလိုက်လေသည်။
“ဦးလေးကျန်း.. ရှင်က ဘာလို့ ကျွန်မကို တားဆီးခဲ့တာလဲ”
“ကျုပ်တို့က အဲဒီလူနဲ့ အခုမှပဲ တွေ့မြင်ဖူးတာ.. ခင်ဗျားက ခင်ဗျားရဲ့ နောက်ခံကို တကယ်ပဲ ထုတ်ဖော်ပြောဆိုတော့မလို့လား”
ဦးလေးကျန်းက သုန်မှုန်နေသော အမူအရာဖြင့် လေးနက်စွာ မေးလိုက်၏။
ယွီလန်က ခေါင်းညိတ်ပြလိုက်၏။
“တာအိုရောင်းရင်း ဆူက မူလနတ္ထိအဆင့်မှာပဲ ရှိနေပေမဲ့ သူ့ရဲ့ သွင်ပြင်က တစ်မူထူးခြားတယ်.. ကျွန်မတို့က သူနဲ့ မိတ်ဆွေဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှုကို ရမယ်ဆိုရင် ကျွန်မတို့ရဲ့ ထူထောင်ရေးအတွက် ကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်လာနိုင်တယ်”
“မူလနတ္ထိအဆင့်မှာရှိတဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်က ကျုပ်တို့ကို ဘယ်လို ကူညီပေးနိုင်မှာလဲ”
အဘိုးအိုက အဲဒါနှင့် ပတ်သက်၍ များစွာ စဉ်းစားတွေးတောခြင်း မရှိပေ။
“မင်းသမီး.. သူ့မှာ ရွှေခြင်္သေ့ အစီးနင်းတောကောင် ရှိတာနဲ့ပဲ အရမ်းကို ကြီးကြယ်မြင့်မြတ်တယ်လို့ မထင်လိုက်နဲ့.. အဲဒီ ရွှေခြင်္သေ့က ပျက်စီးထိခိုက်ထားတာကို ကျုပ်သတိထားမိတယ်.. အဲဒါက ဘာမှ ထူးခြားမနေဘူး”
“ဦးလေးကျန်း.. ကျွန်မကို ယုံစမ်းပါ”
ယွီလန်က ပြတ်သားသော အမူအရာဖြင့် ပြောလိုက်၏။
“လူတွေအပေါ် ကျွန်မရဲ့ အကဲဖြတ်မှုက ဘယ်တုန်းကမှ မမှားခဲ့ဘူး.. အဲဒီလူက မရိုးရှင်းဘူး.. တစ်မူထူးခြားတယ်”