မြေအောက် အကျဉ်းတိုက်သခင်
Vol. 44 Ch. 647
“စိတ်မပူပါနဲ့၊ ကျွန်မ အကောင်းဆုံး အပေးအယူရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို နားလည်ပါတယ်၊ ရှင် အပျိုစင် ခန္ဓာကိုယ်ကို ရမှာပါ၊ ကျွန်မ အရင်က အခြားယောက်ျားတစ်ယောက်ရဲ့ လက်ကိုတောင်မှ မကိုင်ခဲ့ပါဘူး”
စုချင်းယောင်က ဆက်၍ ရှင်းပြသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်က ရဲ့လင်းချန်ကို ဖိလုနီးပါး ဖြစ်နေပြီး မတူညီသော ရေမွှေးနံ့က သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။
*ဒီအမျိုးသမီးက ပရိုပဲ*
ရဲ့လင်းချန် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
ကျွမ်းကျင်ပညာရှင်တစ်ယောက်နှင့် ဆုံရသည်က ကြောက်စရာ ကောင်းပေသည်။ မသိနားမလည်သည်က အဆင်ပြေသော်လည်း ကျွမ်းကျင်မှုကို ယှဉ်လိုက်မည်ဆိုလျင် အားနည်းချက် ရှိသွားပေမည်။ စုချင်းယောင်သည် သူ၏ အမြတ်ထွက်သော အခြေအနေကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲ သိနေသည့် စံနမူနာထားရမည့် ချစ်သူတစ်ဦးပင်။
*ဒါက သောက်ရမ်း ထူးဆန်းတယ်*
ရဲ့လင်းချန်သည် သူ၏ မူလတန်းကျောင်းတက်စဉ်က ဆရာဖြစ်သူက ကျွန်ုပ်၏ အိပ်မက်ဟူသော ခေါင်းစဉ်နှင့် စာစီစာကုံး ရေးခိုင်းခဲ့သည့်နေ့များကို ပြန်အမှတ်ရသွားသည်။ သိပ္ပံပညာရှင်၊ ဂီတပညာရှင်၊ အဆိုတော် စသည့် ခေါင်းစဉ်များကို ရွေးချယ်၍ ရေးသားခဲ့ကြသည်။ ယခုအခါတွင်မူ လူတစ်ယောက်၏ အိပ်မက်က သန်မာသူကို အားကိုး၍ အခြားသူ၏ ချစ်သူ ဖြစ်ခြင်းဟူ၏။
ရဲ့လင်းချန် အာခေါင် ခြောက်သွေ့လာသလို ခံစားနေရသည်။ စုချင်းယောင်၏ ညှို့ယူနိုင်သော မျက်နှာမှ အကြည့်လွှဲရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ရသည်။
သူသည် ဟော်မုန်းများ တက်ကြွနေသည့် အသက် နှစ်ဆယ်စွန်းစွန်းအရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ ဤသို့သော အခြေအနေမျိုး၌ သူ တည်တည်ငြိမ်ငြိမ် မနေနိုင်ပါ။ ထို့အပြင် စုချင်းယောင်သည် တမူထူးခြားစွာ ဆွဲဆောင်မှုရှိလေသည်။
ပြီးပြည့်စုံသော ချစ်သူတစ်ဦး။ ယင်းက သာမန် အမျိုးသားတိုင်း စိတ်ကူးအယဉ်ဆုံးအရာ ဖြစ်နိုင်ပေသည်။
သူသည် သာမန် အမျိုးသားတစ်ဦး ဖြစ်ရုံသာမက သူ၏ မျိုသိပ်ထားရသော အင်အားကလည်း သာမန် အမျိုးသားများထက် ပို၍ အားကောင်းလေသည်။
သူသည် အမျိုးသမီးများ ဝန်းရံခြင်း ခံရသော်လည်း ကျန်းယွင်ရှီကသာ သူ၏ တစ်ဦးတည်းသော တရားဝင် တွဲဖက် ဖြစ်သဖြင့် ထွက်ပေါက်က ရှားပါးနေသည်။
ဤသည်မှာ လူမှုအဖွဲ့အစည်း သတ်မှတ်ချက်များ၏ ကန့်သတ်ချက်ကို စဉ်းစားနေ၍ ဖြစ်သည်။ သူသည် ရှောင်ဖေးဖေး၊ ကျောက်လျန့်ရင်နှင့် အခြားသူများ၏ ခံစားချက်များကို စဉ်းစားပေးရမည် ဖြစ်ကာ သူတို့အတွက် တာဝန်ရှိနေသည်။
သူသည် အမျိုးသမီးများကို ဆွဲဆာင်နိုင်သော်လည်း သူ့ကိုယ်သူ အပျော်အပါး၌ မွေ့လျော်သွားခွင့်ပြုမည် မဟုတ်သလို အင်အားကြောင့် ဆိုးသွမ်းသောလူတစ်ယောက် ဖြစ်သွားအောင် နေမည် မဟုတ်ပါ။ ၎င်းက သူ၏ စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်နေသည်။
သို့သော် သူ့တံခါးဝသို့ အခမဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းက မတူညီသော အခြေအနေပင်။
သူ့ဘဝတွင် ဝင်ပါခြင်း မရှိဘဲ သူ့ဘက်မှ ဘာကတိမှ ပေးရန် မလိုသလို ဆွဲဆောင်မှုရှိ၍ ကျော့ရှင်းသောသူကို ရပေဦးမည်။ သူမဘက်မှ လိုချင်တာဟူ၍ သူ၏ ကျော်ကြားမှုကို မှီခိုလိုခြင်းသာ ရှိသည်။ ဘယ်ဘက်မှကြည့်ကြည့် ရဲ့လင်းချန်ကသာ အကျိုးအမြတ် အရဆုံး ဖြစ်လေသည်။
ရဲ့လင်းချန်၏ လက်ရှိခန္ဓာကိုယ်အရ ကျန်းယွင်ရှီတစ်ယောက်တည်းနှင့် မလုံလောက်နိုင်ပေ။ သူသည် သူ၏ ဆန္ဒများကို ဖိနှိပ်နေခဲ့ရသည်။ ယခု သူ့တွင် လွတ်လပ်ခွင့်ရမည့် အခွင့်အရေး ရှိလာပြီဖြစ်သဖြင့် ယင်းက အရေးကြီးပေသည်။
“မ…မ…မင်း ဒီည ဒီမှာ နေလို့ရတယ်”
*ငါ့လက်ရှိ အဆင့်နဲ့ဆိုရင် ချစ်သူတစ်ယောက် ထားတာက မလွန်လွန်ဘူးမလား၊ အဲ့ဒါ လွန်များသွားပြီလား၊ အဲ့ဒါက အရမ်း အကျင့်စာရိတ္တ ပျက်စီးသွားပြီလား*
လုပ်မှာလား၊ မလုပ်ဘူးလား။ ယင်းက ပြဿနာပင်။
သူ ချီတုံချတုံ ဖြစ်နေချိန်တွင် မနက်ခင်း နေထွက်လာလေသည်။ နေဝင်ဆည်းဆာအချိန်မှ အရုဏ်တက်ချိန်သို့ ရောက်သွားခဲ့သည်။
စုချင်းယောင်သည် အိပ်ယာပေါ် လှဲလျက် ရဲ့လင်းချန်အား မကျေမနပ် ကြည့်နေသည်။ သူမသည် အဝတ်အစားအားလုံးကို ချွတ်၍ သူ့အတွက် အိပ်ယာပေါ် လှဲနေသော်လည်း သူမ ဘယ်လောက်ကြာအောင် စောင့်နေပါစေ ရဲ့လင်းချန်က အနားမလာပေ။ နောက်ဆုံးတွင် သူမ အိပ်ပျော်သွားခဲ့လေတော့သည်။
သူမ နိုးလာသောအခါ ရဲ့လင်းချန်သည် ထိုနေရာ၌ ငြိမ်သက်စွာ ထိုင်နေပြီး လက်ထဲ၌ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သူက စာအုပ်ကို ဖတ်ပင်မဖတ်ချေ။ သူ ဘာလုပ်နေသလဲ ဆိုသည်ကို သူမ မသိပေ။
သို့သော် သူမ ဘာမှမပြောဘဲ ရဲ့လင်းချန် မျက်နှာသစ်နိုင်ရန် ခပ်နွေးနွေး ရေအချို့ကို လျင်မြန်စွာ ယူလာ ပေးလိုက်သည်။ ထို့နောက် သူမသည် ရဲ့လင်းချန်အနောက်၌ ရပ်၍ သူ့အား ဆက်နှိပ်ပေးလေသည်။
ရဲ့လင်းချန် စာအုပ်ချလိုက်သည်ကို မြင်သော် သူမက မျက်နှာသုတ်ပုဝါကို အလျင်အမြန် ရေညှစ်၍ သူ့ထံ ကမ်းပေး လိုက်သည်။
“စုမိသားစုရဲ့ သခင်မလေးက အခြားသူတွေကို ပြုစုတဲ့နေရာမှာ ဒီလောက် တော်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ရဲ့လင်းချန် မျက်နှာသုတ်ပုဝါကို ယူလိုက်သောအခါ အပူချိန်က အနေတော်ဖြစ်၍ သက်တောင့်သက်သာ ရှိသည်ကို သတိပြုမိသည်။
“ကျွန်မက ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ၊ ကျွန်မကျေးဇူးရှင်ကို ကျွန်မ ဂရုစိုက်ရမှာပေါ့”
စုချင်းယောင်က ညှို့ယူသော အပြုံးမျိုး ပြုံးပြသည်။
“ပြီးတော့ ကျွန်မ ဒီထက်ပိုပြီး ကျွမ်းကျင်ပါသေးတယ်”
ထိုသို့ပြောပြီး သူမက နီဆွေးဆွေး နှုတ်ခမ်းကို သပ်၍ သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားကို အပြည့်အဝ ပြသလေသည်။
“ညှို့ငင်ဆွဲဆောင်နိုင်တယ်ဆိုပင်မယ့် ကျွန်မက မကောင်းတဲ့မိန်းမမျိုး မဟုတ်ပါဘူး”
ရဲ့လင်းချန်က နှာခေါင်းပွတ်၍ အကြည့်လွှဲသွားသည်။ အကယ်၍ သူသာ ဆက်ကြည့်နေမိပါက အမှားများ လုပ်မိပေလိမ့်မည်။
ထိုအခါတွင်မှ သူ၏ အိမ်အကူဖြစ်သော ဂျပန်နိုင်ငံမှ လောင်းကစားဘုရင်၏ တပည့်ဖြစ်သူ မီယာကိုကို သတိရသွားသည်။
*သေစမ်း၊ ငါ သူ့ကို အားလပ်ရက် ပေးလိုက်တာ ပြန်ကိုမလာတော့ဘူး*
စုချင်းယောင်နှင့် ယှဉ်လိုက်သောအခါ သူမက အလွန့်ကို ပညာရှင် မဆန်ပေ။
“ရှင် မနက်စာ ဘာစားချင်လဲ၊ ကျွန်မ ရှင့်အတွက် ပြင်ပေးမယ်”
စုချင်းယောင်က မေးလိုက်သည်။
“ခေါက်ဆွဲဆို ရပါပြီ”
ရဲ့လင်းချန်က ဖြူစင်စွာ ပြန်ပြောလိုက်သည်။ စုချင်းယောင်က သူ တစ်ခုခုကို အရိပ်အယောင် ပြနေသည်ဟု ထင်သွားလေသည်။
“ရှင် ကြက်ဥ ထည့်ချင်သေးလား”
“အင်း”
…
ရဲ့လင်းချန် အခန်းထဲမှ ထွက်လာသည်နှင့် မျက်လုံးများစွာက သူတို့အပေါ် ချက်ချင်း ကျရောက်လာသည်။ အတိအကျ ပြောရမည်ဆိုလျင် အားလုံး၏ အကြည့်က စုချင်းယောင်အပေါ် စုဝေးနေခြင်း ဖြစ်သည်။ မည်သူမှ ရဲ့လင်းချန်ကို သုံးစက္ကန့်ထပ် ပိုမကြည့်ရဲကြချေ။
စုချင်းယောင်၏ နှုတ်ခမ်းထောင့်လေး တွန့်ကွေးသွားသည်။ သူမသည် ရဲ့လင်းချန်၏ လက်မောင်းကို ဖက်တွယ်၍ လမ်းလျှောက်ရင်း အာရုံစိုက်ခံရခြင်းကို ပျော်မွေ့နေသည်။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က တစ်ညလုံး အခန်းတစ်ခန်းတည်း၌ အချိန်ကုန်ခဲ့သည်။ သူတို့ ဘာမှမဖြစ်ခဲ့ပါဘူးဟု ပြောလျင်တောင်မှ ဘယ်သူမှ သူတို့ကို ယုံမည် မဟုတ်ပါ။
လက်ရှိတွင် ရဲ့လင်းချန်သည် ရှင်းပြဖို့ စိတ်ကူးမရှိချေ။ ထို့နောက် သူက စုချင်းယောင်ကို တီးတိုး ပြောလိုက်သည်။
“ဘယ်လို ခံစားရလဲ”
“သိပ်ကောင်းတယ်၊ ကျွန်မ ဒီခံစားချက်ကို သိပ်သဘောကျတယ်”
စုချင်းယောင်က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။
“မင်းက စုမိသားစုဝင်တစ်ယောက်ပဲလေ၊ မင်း ဘယ်နေရာသွားသွား ကောင်းကောင်း ဆက်ဆံခံရမှာပါ”
“ဒါက မတူဘူးလေ”
စုချင်းယောင်က ရဲ့လင်းချန်၏ လက်မောင်းကို ဖက်တွယ်ထားသည်။
“သာမန် လူတစ်ယောက်ကို လုပ်ပိုင်ခွင့်ရှိတဲ့သူတစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ ဒီလူတွေက ကျွန်မ ကျဆုံးအောင် အကွက်ချရင်း ရွံရှာတဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့ကြတာ၊ ဒါပေမဲ့ အခု သူတို့က ကျွန်ကို လေးစားမှုနဲ့ ကြည့်နေပြီလေ၊ အဲ့ဒီ အကြီးအကဲတွေတောင်မှ ကျွန်မကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲကြဘူး”
သူမ၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
“မိသားစုကြီးလေးခုနဲ့ နည်းနည်း ပိုကောင်းတဲ့ မိသားစုက သခင်ကြီးတွေကို ခေါ်လာခဲ့ပါ”
ရဲ့လင်းချန်က သူမ အနည်းငယ် ကြွားလုံးထုတ်သည်ကို စိတ်ထဲမထားပေ။
“အင်း”
စုချင်းယောင် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်း သူမတာဝန်ကို အလျင်အမြန် သွားလုပ်လေသည်။
စုချင်းယောင်၏ ဖိတ်ကြားချက်ကို ရရှိပြီးနောက် ထိုမိသားစုကြီးများ၏ သခင်ကြီးများသည် မာန်မထောင်ရဲပေ။ ထိုအစား သူတို့သည် အလွန် သတိထား၍ မြန်နိုင်သမျှ မြန်မြန် ပြေးလာကြသည်။ စုထျန်းဟုန်တောင်မှ ရိုကျိုးစွာ ပြုမူလေသည်။
စုမိသားစု အစည်းအဝေးခန်း၌ …
ရဲ့လင်းချန်သည် အဓိကခုံ၌ ထိုင်နေပြီး စုချင်းယောင်နှင့် စုချင်းရွှယ်တို့က သူ့ဘေး၌ ထိုင်နေကြသည်။ ထိုမိသားစုများ၏ သခင်ကြီးများအားလုံးသည် ဒေသကို စိုးမိုးသည် ဩဇာရှိသော ပုဂ္ဂိုလ်များ ဖြစ်လေသည်။ သို့သော် လက်ရှိအချိန်၌ သူတို့သည် အလွန်အမင်း သတိနှင့်နေကြသည်။
“အားလုံး အေးအေးနေကြပါ၊ ငါက အားလုံးနဲ့ စီးပွားရေး အပေးအယူ လုပ်ချင်ရုံလေးပါပဲ”
ရဲ့လင်းချန်က ကြေညာလိုက်သည်။ တစ်ခဏမျှ ငြိမ်နေကြပြီးနောက် စုထျန်းဟုန်က မေးလာသည်။
“မစ္စတာဝိုင် ပြောတဲ့ စီးပွားရေး အပေးအယူက ဘာလဲဆိုတာ သိလို့ရမလား”
“ခွေးရူးပြန်ရောဂါပိုးရဲ့ ကုသဆေးက ကုန်ကြမ်းပမာဏတွေ အများကြီး လိုအပ်တယ်၊ စီချွမ်-တိဘက် ဒေသက အဲ့ဒါတွေ အများစုကို ထုတ်တယ်၊ ခင်ဗျားတို့တွေက ကျုပ်ရဲ့ ပေးပို့သူ ဖြစ်နိုင်တယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“ပြီးတော့ ဆေးပင်အချို့ စိုက်ဖို့ ခင်ဗျားတို့ အကူအညီကို ကျုပ် လိုအပ်တယ်”
ဆန်းကြယ်ကျွန်းသည် ကျွန်းတစ်ခုသာ ဖြစ်ပြီး ရဲ့လင်းချန်၏ ဆေးပင်စိုက်ခင်းအတွက် နေရာက အကန့်အသတ်နှင့် ဖြစ်သည်။ ၎င်းကို ရှားပါးဆေးပင်များ စိုက်ပျိုးရန်အတွက်သာ အဓိက အသုံးပြုမည် ဖြစ်ပြီး အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးရပေမည်။ သူသည် ဆေးအား တစ်ကမ္ဘာလုံးသို့ ပံ့ပိုးရမည် ဖြစ်သည်။ ဆန်းကြယ်ကျွန်း တစ်ခုတည်းနှင့် သူ၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ပေ။
လူတိုင်း အချင်းချင်း ပြန်ကြည့်နေကြပြီး တစ်ဦးချင်းစီ၏ မျက်လုံးထဲတွင် သံသယရှိသော အရိပ်အယောင်များကို မြင်နေရသည်။
ခွေးရူးပြန်ရောဂါ ကုသဆေးအတွက် ကုန်ကြမ်းပစ္စည်းများ သူ့အား ထောက်ပံ့ရန် လိုအပ်သည်ကို သူတို့ နားလည်ပါသည်။ ထို့အပြင် ယင်းက သူတို့အတွက် ကောင်းသောအရာပင်။ သို့သော် သူ့အတွက် ဆေးပင်များ စိုက်ရမည်ဆိုသည်ကို ဘာကို ဆိုလိုနေသနည်း။ သူက စီချွမ်-တိဘက်ဒေသကို သူ၏ ကိုယ်ပိုင် ဆေးစိုက်ခင်းအဖြစ် ပြောင်းချင်နေသလား။
“မစ္စတာဝိုင်၊ ကျွန်တော်တို့ စီချွမ်-တိဘက်ဒေသက တစ်ကမ္ဘာလုံးကို ဆေးပင်တွေ တင်ပို့ပေးနေတာပါ”
ချန်သခင်ကြီးက ရဲရဲတင်းတင်း ထုတ်ပြောလာသည်။ သူတို့၏ ဆေးပင် ထုတ်လုပ်ရေး ပမာဏက အတော်အတန် ကြီးမားကြောင်း အရိပ်အယောင် ပြနေခြင်းပင်။
“ဟားဟား၊ ငါက ဆေးတစ်မျိုးတည်းပဲ ထုတ်မယ်လို့ ထင်နေတာလား”
ရဲ့လင်းချန် ရယ်လိုက်သည်။
“ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး နယ်ပယ်က ကြီးထွားဖို့ လိုတယ်၊ ကျုပ်က ဦးဆောင်သွားမှာ၊ ခင်ဗျားတို့ ကျုပ် နောက်ကို လိုက်မယ်ဆိုရင် ကျုပ်က ခင်ဗျားတို့ရဲ့ အကြီးဆုံး ဝယ်သူ ဖြစ်လာမှာ၊ ခင်ဗျားတို့ ကျုပ်နဲ့ အလုပ်မလုပ်ချင်ဘူးဆိုရင် အခု ခင်ဗျားတို့ ထွက်သွားလို့ ရတယ်၊ ကျုပ် ခင်ဗျားတို့ကို ဖိအားမပေးဘူး”
ဆန်းကြယ်ကျွန်း၏ အရင်းအမြစ်များက အကန့်အသတ်နှင့် ဖြစ်သည်။ စီချွမ်-တိဘက်ဒေသ၏ မိသားစုများမှာမူ သူတို့၏ ဘိုးဘေးများ၏ အရင်းအမြစ်များကို အမွေဆက်ခံ ရရှိခဲ့သည်။ ထို့အပြင် သူတို့သည် အတော်လေး သန်မာပြီး ခက်ခဲသော အချိန်များတွင် ရှင်ကျန်နိုင်စွမ်း ရှိသည်။ အကယ်၍ သူတို့ကို သူ့အတွက် အလုပ်လုပ်အောင် လုပ်နိုင်ခဲ့ပါက ရဲ့လင်းချန်သည် ဆေးပင် တင်သွင်းမှုနှင့် ပတ်သက်၍ စိုးရိမ်စရာ မလိုအပ်တော့ပေ။ ထိုနည်းအားဖြင့် သူ့ဆေးများ၏ ထုတ်လုပ်မှုက ပို၍ ချောမွေ့ကာ ဗျာမများရတော့ပေ။
ထိုမိသားစုများ၏ သခင်ကြီးများသည် အချင်းချင်း ပြန်ကြည့်နေကြပြီး ဤမျှ အချိန်တိုအတွင်း မဆုံးဖြတ်နိုင် ဖြစ်နေကြလေသည်။
သူ၏ တောင်းဆိုမှုကို သူတို့ သဘောတူခဲ့လျင် သူတို့၏ ကံကြမ္မာက ရဲ့လင်းချန်နှင့် ချည်နှောင်သွားပေမည်။ တစ်နည်းအားဖြင့် ပြောရလျင် သူတို့သည် သူတို့၏ ဆေးပင်များကို ရဲ့လင်းချန်၏ လိုအပ်ချက်များအတိုင်း စိုက်ပျိုးရပေလိမ့်မည်။
“ငါ ထပ်ပြောမယ်၊ ခွေးရူးပြန် ရောဂါကုသဆေးက အစပဲ ရှိသေးတယ်၊ နောင်အနာဂတ်မှာ ကင်ဆာ၊ ကမ္ဘာအနှံ့ ဖြစ်ပွားတဲ့ ရောဂါပိုး၊ ပလိပ်ရောဂါ၊ အဲ့လိုရောဂါမျိုးတွေအတွက် ကုသဆေး ရှိလာလိမ့်မယ်၊ အဲ့ဒါအပြင် ကျန်းမာရေး အလှကုန် ပစ္စည်းတွေနဲ့ အလှအပဆိုင်ရာ ဆေးဝါးတွေပါ ရှိလာမှာ၊ ကမ္ဘာပေါ်က ဆေးဝါး ထုတ်လုပ်တင်သွင်းမှုကို ကျုပ် လက်ဝါးကြီးအုပ်မှာ၊ ဒီနေ့က ခင်ဗျားတို့ရဲ့ အခွင့်အရေးပဲ၊ ဒီအခွင့်အရေးကို ခင်ဗျားတို့ လက်လွှတ်ခဲ့ရင် နောက်ပိုင်း ကျုပ်နဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်တော့ဘူး”
ရဲ့လင်းချန်က တည်ငြိမ်မှုအပြည့်နှင့် ပြောလိုက်သည်။ သို့သော် သူ၏ စကားက လူတိုင်းကို အလန့်တကြား ဖြစ်သွားစေသည်။
ယင်းက စိတ်ကူးယဉ် အိပ်မက်တစ်ခုဟု ထင်ရသော်လည်း သူ၏ လေသံတွင် ယုံကြည်ချက် အပြည့်ပါသည်ကို လူတိုင်း ခံစားနေရသည်။ မသိလျင် သူ ပြောလိုက်သည့် အရာအားလုံးက အမှန်တကယ် ဖြစ်လာမည်ဟု ထင်မှတ် ရလေသည်။
“ဂလု”
မိသားစုကြီးများ၏ သခင်ကြီးများ ဖြစ်သော်ငြားလည်း သူတို့ထဲမှ အချို့သည် တံတွေးကို မနည်းမျိုချနေရပြီး သူတို့၏ သံသယများနှင့် လွန်ဆွဲနေကြသည်။
ရဲ့လင်းချန်၏ စကားများက မယုံနိုင်စရာ ကောင်းလွန်းလှသည်။ အမှန်တကယ် ဖြစ်ခဲ့ပါက ရှိနေပြီးသော ဆေးဝါး အများစုက အချည်းနှီး ဖြစ်လာပေလိမ့်မည်။
ယင်းက ခြောက်လှန့်ရုံသက်သက် မဟုတ်ပေ။ ခွေးရူးပြန်ရောဂါ ကုသဆေးကို ဥပမာ ထားကြည့်သင့်ပေသည်။ ကုသဆေး ထုတ်လုပ်ပြီးသည်နှင့် ရှိနေပြီးသော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးက တန်ဖိုးမဲ့သွားပေမည်။
ဆေးကို ထုတ်လုပ်လိုက်သည်နှင့် ရဲ့လင်းချန်က ၎င်း၏ ထုတ်လုပ်မှုကို လက်ဝါးကြီး အုပ်ပေမည်။ ထိုသို့ဆိုလျင် ထိုဆေး၏ ကုန်ကြမ်းများကို တင်ပို့သူများက ဝယ်လိုအား မြင့်တက်လာသည့်အတိုင်း သူတို့၏ဈေးကို တိုးမြှင့်နိုင်မည် ဖြစ်ပြီး အရေးပါသောသူများအဖြစ် တိုးတက်လာပေလိမ့်မည်။
“မစ္စတာဝိုင်၊ မင်း ယုံကြည်ချက်ရှိလား”
မိသားစုခေါင်းဆောင်များထဲမှ တစ်ယောက်က လည်ချောင်းသံပါသော အသံဖြင့် မေးလိုက်သည်။
“ကျုပ်နဲ့ ပူးပေါင်းမယ်၊ မပူးပေါင်းဘူးဆိုတာက ခင်ဗျား သဘောပါ”
ရဲ့လင်းချန်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် သူက စုချင်းရွှယ်ကို လှည့်ကြည့်၍ ညွှန်ကြားချက် ပေးလိုက်သည်။
“ချင်းရွှယ်၊ ငါတို့နဲ့ ပူးပေါင်းချင်တဲ့ မိသားစုတွေကို မှတ်ထားပါ၊ ဒုတိယအကြိမ် အခွင့်အရေးဆိုတာ မရှိဘူး”
ရဲ့လင်းချန်၏ စကားများက မိသားစုများ၏ သခင်ကြီးများကို ပို၍ ဖိအားပေးလာသည်။ တစ်ဖက်တွင် သူတို့သည် ရဲ့လင်းချန်ပြောသော စကားများ၏ ဖြစ်နိုင်ချေကို စဉ်းစားနေသည်။ တခြားတစ်ဖက်တွင်မူ သူတို့သည် ရဲ့လင်းချန်၏ အရည်အချင်းကို ကြောက်နေကြသည်။ သူတို့ ငြင်းပယ်လျင် မည်သည့်အရာက သူတို့ကို စောင့်ကြို နေမလဲ ဆိုသည်ကို ဘယ်သူက သိနိုင်မည်နည်း။
“ကျုပ်တို့ စုမိသားစုက လက်ခံပါတယ်”
မကြာခင်မှာပင် စုထျန်းဟုန်က အရင်ဆုံး ပြောလာသည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆုပ်၍ ရဲ့လင်းချန်အား မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။
“မစ္စတာဝိုင်၊ ကျုပ်တို့ စုမိသားစုက မင်းရဲ့ဘေးမှာ သေတဲ့အထိ နေသွားမှာပါ”
အခြားမိသားစုခေါင်းဆောင်များ၏ မျက်နှာအမူအရာက မည်းမှောင်သွားလေသည်။
*သောက်ကျိုးနည်း ဖားယားတတ်တဲ့ကောင်ပဲ*
*မင်းရဲ့သမီးကလည်း မျက်နှာလုပ်တတ်တဲ့သူ ဖြစ်နေတာ မဆန်းတော့ဘူး*
ထိုအခိုက်တွင် ချန်သခင်ကြီးကလည်း ထရပ်လာသည်။
“မစ္စတာဝိုင်၊ နောက်ဆို ကျုပ်တို့ကို ဂရုစိုက်ပေးပါဦး”
မိသားစုကြီးနှစ်ခုက လှုပ်ရှားလာသဖြင့် အခြားမိသားစုများကလည်း မနေနိုင်တော့ချေ။ တစ်ယောက်ပြီး တစ်ယောက်က ရဲ့လင်းချန်၏ တောင်းဆိုမှုကို သဘောတူ လက်ခံကြောင်း ထုတ်ပြောလာသည်။
“ခင်ဗျားတို့ ဒီအတွက် နောင်တ ရမှာ မဟုတ်ပါဘူး”
ရဲ့လင်းချန် ရယ်နေသည်။
“ပြဿနာ တစ်ခုခု ရှိရင် ခင်ဗျားတို့ ချင်းရွှယ်နဲ့ ချင်းယောင်ကနေ ကျုပ်ကို အသိပေးလို့ ရတယ်၊ ခင်ဗျားတို့ မကိုင်တွယ်နိုင်တဲ့ တစ်ခုခု ရှိလာခဲ့ရင် ကျုပ် ခင်ဗျားတို့အတွက် ဖြေရှင်းပေးမယ်”
ထိုစကားက ဖော်ရွေသည်ဟု ထင်ရသော်လည်း သူတို့အား ရင်တုန်သွားစေသည်။
ပြဿနာ တက်ခြင်းတွင် အဓိပ္ပာယ်နှစ်မျိုးသာ ရှိသည်။ တစ်ခုမှာ အပြင်လူများ၏ ပစ်မှတ်ထားခြင်းကို ခံရခြင်း ဖြစ်ကာ နောက်တစ်မျိုးမှာ အတွင်းပိုင်းမှ ပြဿနာများ ဖြစ်လေသည်။
ယင်းက စုချင်းရွှယ်နှင့် စုချင်းယောင်တို့က သူ၏ ကြီးကြပ်သူများ ဖြစ်သည်ဟုလည်း ဆိုလိုနေ၏။ ယင်းက သူတို့အား နတ်ဘုရားလက်နက်တစ်ခု ပေးလိုက်သလိုပင်။
သူတို့ သဘောတူ လက်ခံသဖြင့် ရဲ့လင်းချန်က ကျေနပ်စွာ ရယ်လိုက်မိသည်။
*ဒီတစ်ခေါက် ဒီကို လာလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊ ငါ အချီကြီး ရလိုက်တာပဲ*
သူသည် သိုင်းပညာလောကအပေါ် နားလည်မှု တိုးလာရုံသာကမ သူ၏ ဆေးပင် တင်သွင်းမှု ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။ ထို့အပြင် သူသည် ရှားပါး ဆေးပင်များစွာနှင့် သိုင်းပညာများကိုလည်း စုဆောင်းနိုင်ခဲ့သည်။ ဤသည်က မြေအောက် အကျဉ်းတိုက်သခင်ကို ရှင်းလင်းနိုင်ခြင်းနှင့် တူနေလေသည်။