အိပ်မက်ဆိုး
Vol. 77 Ch. 1145
တံခါးဝရှေ့၌ မတ်တတ်ရပ်ရင်း ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်က အာရုံစိုက်၍ နားစွင့်လိုက်ကြ၏။
ဤအကွာအဝေး၌ သူတို့နှစ်ယောက်သည် အခန်းထဲရှိ အသက်ရှူသံများကို ရှင်းလင်းစွာ ကြားနိုင်လေသည်။
အခန်းထဲမှာ စုစုပေါင်း လေးယောက်ရှိလေသည်။
အသက်ရှူသံ တစ်ခုချင်းစီကပင် တည်ငြိမ်နေလေသည်။ အခန်းထဲရှိ မူလနတ္ထိ လေးယောက်သည် သူတို့၏ ပြုမူလှုပ်ရှားမှုကို လုံးဝ သတိမထားမိသည်မှာ သိသာနေ၏။
သူတို့နှစ်ယောက်စလုံးက သရော်ပြုံး ပြုံးလိုက်ကြလေသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်အရ.. မူလနတ္ထိများ၏ အာရုံခံစိတ်ကနေ ပုန်းကွယ်ဖို့က သူတို့အတွက် လွယ်ကူလွန်းလေသည်။
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ထိုအခန်းကို ဖြည်းဖြည်းချင်း လွှမ်းခြုံကာ အသံဗလံများကို ပိတ်ဆို့တားဆီးပေးနိုင်သော စိတ်ဝိညာဉ်အသိစိတ် အကာအရံအလွှာတစ်ခုကို ဖန်တီးလိုက်လေသည်။
သူတို့၏ နည်းလမ်းများအရ.. မူလနတ္ထိများကို သတ်ဖြတ်ဖို့က အရမ်းကို လွယ်ကူလေသည်။
သို့သော်လည်း ဤနေရာက ချွမ်ကောင်းကင်မြို့တော် ဖြစ်လေသည်။ သူတို့က မည်သူ့ကိုမှ သတိမထားမိစေလျှင် အကောင်းဆုံးဖြစ်၏။ ထိုသို့ဖြင့် သူတို့သည် မလိုလားအပ်သည့် ပြဿနာများကို ရရှိလာလိမ့်မည် မဟုတ်တော့ပေ။
စိတ်ဝိညာဉ်အသိစိတ် အကာအရံအလွှာကို ပြုလုပ်ပြီးနောက်.. သူတို့နှစ်ယောက်သည် သူတို့၏ ခြေလှမ်းများကို ဆက်လက်၍ ဖုံးကွယ်မနေတော့ဘဲ တံခါးကို တွန်းဖွင့်ပြီး သူတို့နောက်မှာ ပြန်ပိတ်လိုက်လေသည်။
အခန်းက သေးငယ်ပြီး တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို ရှင်းလင်းစွာ မြင်နိုင်၏။
အတွင်းဆုံးနေရာတွင် ခုတင်တစ်လုံးရှိပြီး အစိမ်းရောင်ဝတ် ကျင့်ကြံသူက အင်ပါယာအကြံပေးနှစ်ယောက်ကို ကျောပေး၍ လှဲလျောင်းနေလေသည်။ သူက အိပ်စက်နေဆဲဖြစ်၏။
ခုတင်ဘေးတွင် ရွှေရောင်ဆံပင်နှင့် မိန်းကလေးက ကျင့်ကြံနေသည့်အလား.. သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်၍ ကြမ်းပြင်ပေါ်မှာ ထိုင်နေ၏။
အခြားတစ်ဖက် ထောင့်တစ်နေရာတွင် ရွှေခြင်္သေ့က မြေပြင်ပေါ်မှာ ဝပ်တွားနေ၏။ သူက အသံတချို့ကို ကြားရသည့်အလား သူ၏နားရွက်များက လှုပ်ရှားသွားသော်လည်း လှည့်ကြည့်မလာခဲ့ပေ။
အင်ပါယာအကြံပေးနှစ်ယောက်က ခဏမျှ ကြောင်အ,မှင်တက်ပြီးနောက် လှောင်ရယ်လိုက်ကြ၏။
သူတို့သည် အခန်းထဲသို့ ဝင်ရောက်လာပြီးနောက်.. သူတို့၏ အသံများကို ဖုံးကွယ်မထားကြပေ။ ထိုကဲ့သို့သော အခြေအနေမှာတောင် အခန်းထဲရှိ လူများက လုံးဝ ထိတ်လန့်မလာခဲ့ပေ။ သူတို့က တကယ့်ကို သေသင့်လေသည်။
သူတို့လေးယောက်က သူတို့၏ ပေါ့ပြက်ပြက်နိုင်သော သတိဝီရိယများဖြင့် မူလနတ္ထိအဆင့်သို့ ရောက်အောင် မည်ကဲ့သို့ ကျင့်ကြံပြီး မည်ကဲ့သို့ ရှင်သန်နေထိုင်လာခဲ့သလဲ သူတို့ တကယ်ပင် မသိတော့ပေ။
“ဟမ့်”
သို့သော် သိပ်မကြာမီ အင်ပါယာအကြံပေးနှစ်ယောက်က မျက်မှောင်ကြုတ်လိုက်ကြ၏။
အခန်းထဲတွင် တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ထင်ရလေသည်။
သူတို့သည် အလွန်အရေးကြီးသည့် တစ်စုံတစ်ရာကို လျစ်လျူရှုခဲ့မိသည့်အလားပင်။
ရုတ်တရက်ဆိုသလို..
တစ်ချိန်တည်းနီးပါးမှာပင်.. သူတို့၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာကြ၏။
အခန်းထဲမှာ လူတစ်ယောက် လျော့နေလေသည်။
သူတို့ အခန်းထဲသို့ မဝင်ရောက်ခင်က အထဲမှာ အသက်ရှူသံ လေးသံကို ကြားခဲ့ရလေသည်။
သို့သော်လည်း.. သူတို့ အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပျောက်ဆုံးနေလေသည်။
သူတို့၏ အကြည့်များက ဆူဇီမို၊ နန်းကြည်နှင့် ရွှေခြင်္သေ့တို့အပေါ် အရင်ဆုံး ရောက်ရှိသွားသောကြောင့် သူတို့သည် အဲဒါကို ချက်ချင်း နားမလည်ခဲ့ပေ။
ပျောက်ကွယ်သွားသော လူက ဤအခန်းထဲမှာပင် ရှိနေဖို့ များလေသည်။
တကယ်ဆို.. ထိုသူက သူတို့၏ အာရုံခံစိတ်ကနေပင် ပုန်းကွယ်ထားနိုင်လေသည်။
အင်ပါယာအကြံပေးနှစ်ယောက်သည် ဓမ္မဝိသေသ အဆင့်မှာ ရှိကြသော်လည်း သူတို့သည် အလွန်တရာ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခြင်း ခံရသည့်အလား.. ချက်ချင်းပင် ခေါင်းနပန်းကြီးလာကြလေသည်။
သူတို့အထက် အမှောင်ထုထဲတွင် မှုန်ရီဝေဝါးသော ပုံရိပ်တစ်ခုက ပုန်းကွယ်နေ၏။
ထိုပုံရိပ်က သူတို့နှစ်ယောက်နှင့် အလွန်တရာ နီးကပ်နေပြီး သူတို့နှင့် ထိလုထိခင် ဖြစ်နေခဲ့လေပြီ။ သို့သော်လည်း အင်ပါယာအကြံပေးနှစ်ယောက်သည် သည့်ယခင်က အဲဒါကို လုံးဝ သတိမထားမိခဲ့ပေ။
“မကောင်းတော့ဘူး”
အင်ပါယာအကြံပေးနှစ်ယောက်၏ နှလုံးများက ပေါက်ကွဲလုနီးပါး ခုန်လာပြီး သူတို့၏ ဓမ္မစွမ်းအားများကို ထုတ်ဖော်ကာ ဤနေရာကနေ ချက်ချင်း ထွက်ခွာချင်မိလေသည်။
ကံမကောင်းစွာနှင့် သူတို့က နောက်ကျသွားခဲ့လေပြီ။
အခန်းထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် သူတို့က သေလူများဖြစ်နေခဲ့လေပြီ။
အမှောင်ထဲတွင် ညဝိညာဉ်က သေခြင်း၏ အမဲလိုက်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။ သူ၏အကြည့်က အေးစက်နေပြီး စိတ်ခံစားချက် ကင်းမဲ့ကာ သူ့နောက်ဘက်တွင် ရှိသော ခရမ်းရွှေရောင် အမြီးတစ်ခုက ဆန့်တန်းထွက်လာခဲ့၏။
ထက်ရှသော စူးချွန်တစ်ခုကဲ့သို့ အေးစက်စက် အလင်းဖြင့် တောက်ပနေသော သူ၏ အမြီးရိုးက အင်ပါယာအကြံပေးတစ်ယောက်၏ ဦးခေါင်းနောက်စေ့ကို ချက်ချင်းထိုးဖောက်ပြီး သူ၏ နဖူးကနေ ပြန်လည်ထွက်ပေါ်လာခဲ့၏။
ညဝိညာဉ်၏ အမြီးက အင်ပါယာအကြံပေးတစ်ယောက်၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့လေပြီ။
ထိုလူ၏ အမြုတေစိတ်ဝိညာဉ်က အသံပင် တစ်ချက်မထွက်နိုင်ဘဲ နေရာမှာပင် သေဆုံးသွားရလေသည်။
ညဝိညာဉ်က သူ၏အမြီးကို လှုပ်ရှားလိုက်သည့် ခဏမှာပင်.. သူ၏ လက်ဝါးကိုလည်း ဆန့်ထုတ်ပြီး နောက်ထပ် အင်ပါယာအကြံပေး၏ ဦးခေါင်းကို ထိုးစိုက်ချလိုက်လေသည်။
ဗြီး..
အဲဒီမှာ ခုခံမှု မရှိသလောက်နီးပါးပင်။
ညဝိညာဉ်၏ လက်သည်းများနှင့် ရင်ဆိုင်ရချိန်တွင် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ မာကြောသော ဦးခေါင်းခွံက တို့ဟူးတုံး တစ်တုံးကဲ့သို့ ဖြစ်နေ၏။
အင်ပါယာအကြံပေး၏ ဦးခေါင်းပေါ်တွင် သွေးသံရဲရဲ အပေါက် ငါးပေါက်က ဖြစ်ပေါ်လာခဲ့၏။
သူက မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်က ကြေမွသွားပြီး သေဆုံးသွားရလေသည်။
အဲဒါက ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုလျှင် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို ဤကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ညဝိညာဉ်က ကြိုတင်စီစဉ်ထားပြီး အမှောင်ထုထဲမှာ ပုန်းကွယ်၍ အားသာချက်နှင့်အတူ အရင်ဆုံး တိုက်ခိုက်ခဲ့လေသည်။ အင်ပါယာအကြံပေးနှစ်ယောက်က ညဝိညာဉ်၏ တိုက်ခိုက်မှုကို မမြင်လိုက်ရခင်မှာပင် သူတို့က နေရာမှာပင် သေဆုံးသွားခဲ့လေပြီ။
ညဝိညာဉ်သည် အရေးမပါသော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့သည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။
သူက တံခါးနားမှာ မတ်တတ်ရပ်၍ ခဏကြာ နားစွင့်နေလိုက်၏။ ခဏမျှ အာရုံခံပြီးနောက်.. သူက အလောင်းနှစ်လောင်းကို သယ်ကာ အခန်းထဲကနေ ဖျတ်ခနဲ ထွက်ခွာသွားခဲ့လေသည်။
အမှောင်ထဲတွင် သူ၏ ပုံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်လုနီးပါး ဖြစ်နေ၏။
တစ်ခဏအတွင်း သူက မင်းသားနှစ်ပါး၏ အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လိုက်၏။
အခန်းက အနည်းငယ် ပိုကြီးပြီး ကြီးမားသည့် ခုတင်နှစ်လုံး ရှိနေလေသည်။
မင်းသားနှစ်ပါးသည် ခုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။ သူတို့က အိပ်နေစဉ်မှာပင်.. သူတို့၏ အမူအရာများက မနှစ်မျို့စရာကောင်းပြီး သူတို့၏ နှုတ်ခမ်းထောင့်မှ သွားရည်များက စီးကျနေ၏။
သူတို့က ကြိုတင်စီစဉ်ထားခဲ့ပြီးလေပြီ။
အမှားအယွင်း တစ်စုံတစ်ရာ မရှိလျှင် စိတ်ရှုပ်စရာကောင်းသော အစိမ်းရောင်ဝတ် ကျင့်ကြံသူ၊ အေးတိအေးစက် အနက်ရောင်ဝတ်လူနှင့် ရွှေခြင်္သေ့တို့က အင်ပါယာအကြံပေးနှစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ရွှေရောင်ဆံပင်နှင့် မိန်းကလေးတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့ပေလိမ့်မည်။
သူမသည် နောက်မနက်၌ သူမ၏ ဘေးပတ်လည်ရှိ ဆိုးဆိုးဝါးဝါး သေဆုံးမှုများကို တွေ့မြင်သည်နှင့် သူမသည် ကြီးမားစွာ စိတ်ထိခိုက်ခံစားရပြီး စိတ်အားညိုးငယ်နေပေလိမ့်မည်။
ထိုအချိန်ကျလျှင်.. သူတို့နှစ်ယောက်က အခွင့်အရေးကို ဖမ်းဆုပ်ပြီး သူမကို နှစ်သိမ့်ပေးရပေမည်။
ထိုသို့အတွေးဖြင့် သူတို့နှစ်ယောက်က အိပ်မက်များပင် မက်နေကြလေသည်။
သူတို့နှစ်ယောက် မသိလိုက်ခင်မှာပင်.. အနက်ရောင်ဝတ် လူတစ်ယောက်က အလောင်းနှစ်လောင်းကို ပွေ့ချီ၍ သူတို့ ခုတင်ဘေးသို့ ရောက်ရှိလာပြီး သူတို့ကို အေးစက်စွာဖြင့် စိုက်ကြည့်နေ၏။
ညဝိညာဉ်၏ လက်ချောင်းထိပ်မှ ဓမ္မအတတ်နှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး မင်းသားနှစ်ပါးအပေါ်သို့ ဆင်းသက်ကာ သူတို့ကို ပိုမို၍ နှစ်ခြိုက်စွာ အိပ်မောကျသွားစေ၏။
အဲဒီနောက်.. ညဝိညာဉ်သည် မဟာရှအင်ပါယာအကြံပေး၏ အလောင်းကို မင်းသားတစ်ပါး၏ ခုတင်ပေါ်မှာ ညင်သာစွာ နေရာချပေးလိုက်၏။
အလောင်းက မဟာရှမင်းသားဘက်သို့ မျက်နှာမူပြီး ကိုယ်တစောင်းဖြင့် လှဲလျောင်းကာ သူ၏ ပြူးကျယ်နေသော မျက်လုံးများဖြင့် တဏှာရာဂ ထက်သန်သော မင်းသား၏မျက်နှာကို စိုက်ကြည့်နေ၏။
ထိုမြင်ကွင်းက အရမ်းကို ထူးဆန်းလေသည်။
မဟာရှမင်းသားသည် အိပ်မောကျနေပြီး မကြာမကြာ သူ၏နှုတ်ခမ်းကိုပင် လျှာဖြင့်သပ်နေ၏။
သို့သော်လည်း.. သူ့ရှေ့တည့်တည့်တွင် အနည်းငယ် ပူနွေးနေသော အလောင်းတစ်လောင်း ရှိနေ၏။ သွေးများက ၎င်း၏ဦးခေါင်းမှ စီးကျနေဆဲဖြစ်ပြီး အိပ်ရာခင်းများက နီစွေးသွားခဲ့လေပြီ။
မဟာရှမင်းသား နိုးလာပြီး ဤမြင်ကွင်းကို တွေ့မြင်သည့်အခါ.. သူ့ထံမှ ဘယ်လိုတုံ့ပြန်မှု ဖြစ်ပေါ်လာမလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။
ညဝိညာဉ်က နောက်ထပ် ခုတင်တစ်လုံးဘက်သို့ လှည့်ပြီး မဟာရှန်အင်ပါယာအကြံပေး၏ အလောင်းကို တူညီသော ပုံစံဖြင့် နေရာချပေးလိုက်လေသည်။
အင်ပါယာအကြံပေးက မဟာရှန်မင်းသားကို အသက်မဲ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
သူတို့၏ အိပ်မက်ဆိုးက စတင်လာခဲ့ပြီဆိုတာကို မင်းသားနှစ်ပါးက မသိရှိကြသေးပေ။
ထိုသို့ပြုလုပ်ပြီးနောက်.. ညဝိညာဉ်က လှောင်ပြုံး တစ်ချက်ပြုံး၍ အခန်းထဲကနေ ဖျတ်ခနဲ ထွက်ခွာလိုက်၏။
ဖြစ်စဉ်တစ်ခုလုံးက တိတ်တဆိတ် ဖြစ်ပွားခဲ့ပြီး မည်သည့်အာရုံကိုမှ မဆွဲဆောင်မိခဲ့ပေ။
အခြားတစ်ဖက်တွင်.. ယွီလန်၏ အခန်းထဲမှာ..
သူမသည် ဘယ်ညာလူးလိမ့်၍ အိပ်မပျော်နိုင်ဘဲ ဖြစ်နေ၏။
ခဏနေပြီးနောက်.. ဦးလေးကျန့်၏ အသံက ထွက်ပေါ်လာခဲ့၏။
“မင်းသမီး.. စိတ်ချလက်ချ အိပ်ပါတော့.. အဲဒီလူက သေသွားလောက်ပြီ”
ထိုသို့ သူပြောလိုက်သည့်အခါ ယွီလန်က ဆတ်ခနဲ တုန်ယင်သွားပြီး ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်၏။
တကယ်တော့ ဦးလေးကျန့်သည်လည်း အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ အသံများကို အာရုံစိုက်နေခြင်း ဖြစ်လေသည်။
မဟာရှန်နှင့် မဟာရှမှ အင်ပါယာအကြံပေးနှစ်ယောက်သည် သူတို့၏ အခန်းထဲကနေ ထွက်ပြီး ဆူဇီမို၏ အခန်းရှေ့သို့ ရောက်ရှိကာ စိတ်ဝိညာဉ်အသိစိတ် အကာအရံအလွှာတစ်ခုကို ခင်းကျင်းခဲ့လေသည်။
ဤအပြုအမူများက ဦးလေးကျန့်၏ အာရုံခံစိတ်ကနေ မဖုံးကွယ်နိုင်ပေ။
အင်ပါယာအကြံပေးနှစ်ယောက်က ထိုအခန်းထဲသို့ ဝင်ရောက်သွားပြီး မကြာမီ.. စိတ်ဝိညာဉ်အသိစိတ် အကာအရံအလွှာက ပျောက်ကွယ်သွားခဲ့လေသည်။
ဒါ့အပြင်.. သူတို့နှစ်ယောက်က ပြန်ထွက်မလာခဲ့ကြပေ။
ဆိုလိုသည်မှာ.. သူတို့နှစ်ယောက်သည် အခန်းထဲရှိ လူတိုင်းကို တိကျရှင်းလင်းစွာ သတ်ဖြတ်ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ် အကာအရံအလွှာကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်ပေမည်။
ဦးလေးကျန့်သည် ထိုအခန်းကို ဆက်လက်၍ အာရုံစိုက်မနေတော့ပေ။
ထိုအခိုက်အတန့်တွင်.. သူ၏ အနီးအနားမှာပင် ညဝိညာဉ်က မင်းသားများ၏ အခန်းထဲသို့ အလောင်းနှစ်လောင်း ပြန်လာထည့်သွားသည်ကို သူက မသိရှိခဲ့ပေ။