တာအိုတွေ့ဆုံပွဲစတင်ပြီ
Vol. 77 Ch. 1148
အစစ်အမှန်လက်သည်တရားခံက မည်သူပင်ဖြစ်ပါစေ... သူတို့၏ ဘေးတွင်ရှိသော ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက် သေဆုံးသွားသည့်အတွက် ဦးလေးကျန့်နှင့် ယွီလန်သည် ဖိအားတစ်ခုကို ခံစားလာရသည်။
မြောက်ပိုင်းဒေသမှ တာအိုတွေ့ဆုံပွဲက အခုချိန်ထိ မစတင်ရသေးပေ။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဦးလေးကျန့်နှင့် ယွီလန်သည် စိတ်အေးသက်သာစွာနေရဲခြင်းမရှိပေ။ အမှောင်ထဲတွင် ပုန်းကွယ်နေသော မိစ္ဆာသားရဲက သူတို့ကို တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်လာမှာကို စိုးရိမ်နေကြ၏။ သူတို့နှစ်ယောက်တောင် ထိုသို့ဆိုလျှင် မင်းသားနှစ်ပါးက ပို၍ပင် ဆိုးရွားလေသည်။
နောက်ရက်အနည်းငယ်အတွင်း မင်းသားနှစ်ပါးသည် သူတို့၏စိတ်နှလုံးထဲတွင် အကြောက်တရားဖြင့် ဖိစီးနှိပ်စက်နေပြီ သူတို့၏ စိတ်ဓာတ်များက လဲပြိုကျလုနီးပါးဖြစ်လာကြ၏။ သူတို့သည် လျင်မြန်စွာ ကိုယ်အလေးချိန်များလျော့ကျ၍ စိတ်အားညိုးငယ်သည့်ပုံ ပေါက်လာကြလေသည်။
တစ်ခါတစ်ရံတွင် မင်းသားနှစ်ပါးက တစ်နေရာကို ငေးငိုင်ကြည့်ပြီး ‘အဲ့ဒါက သူဖြစ်ရမယ်’ ဟူသောစကားကို ထပ်တလဲလဲ ရေရွတ်နေလေသည်။
ဆူဇီမိုတို့လေးယောက်အုပ်စုကတော့ ခါတိုင်းလိုပင် တူညီသောပုံစံဖြင့် ရှိနေကြ၏။
တစ်ခါတစ်ရံ ယွီလန်က သူတို့လေးယောက်ကို ချီးကျူးမိလေသည်။
အင်ပါယာအကြံပေးနှစ်ယောက် သေဆုံးသွားသည့်နေ့တွင် သူမက ဦးလေးကျန့်၏ ထင်မြင်ယူဆချက်ကို ဆူဇီမိုကို ပြောပြခဲ့လေသည်။
ဒါ့အပြင် ချန်ကောင်းကင်မြို့တော်မှာ စွမ်းအားကြီးသော မိစ္ဆာသားရဲတစ်ကောင်ပုန်းကွယ်နေသည့်အတွက် သူတို့ကိုသတိထားဖို့ပင် သူမက ဆူဇီမိုနှင့် အခြားသူများကို ပြောပြခဲ့လေသည်။
နောက်ဆုံးမှာတော့ ဆူဇီမိုနှင့် အခြားသူများသည် အကြောက်တရားကို လုံးဝမသိရှိသည့်အလား လုံးဝဂရုမစိုက်ကြပေ။
ဤလူက တကယ်ပဲ အကြောက်အလန့်ကင်းမဲ့တာလား... ဒါမှမဟုတ် သူက ရိုးအလွန်းတာလား... ဒါမှမဟုတ် သေရေးရှင်ရေးအကြောက်တရားကို တွေ့ကြုံခံစားဖူးခြင်းမရှိတာလား သူမ,မသိတော့ပေ။
ပြီးခဲ့သည့် ရက်အနည်းငယ်တွင် ယွီလန်က ဒီတိုင်းမနေခဲ့ပေ။
သူမသည် ချန်ကောင်းကင်မြို့တော်မှာ မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာကို စုဆောင်းခဲ့လေသည်။
ဒီဘက်ခေတ်တွင် ကျင့်ကြံရေးယဥ်ကျေးမှုက ထွန်ကားလာပြီး အဲ့ဒါက ရှေးဟောင်းခေတ်နှင့် နှိုင်းယှဥ်လုနီးပါးဖြစ်လာခဲ့၏။
အဲ့ဒီမှာ များစွာသော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများ ပေါ်ထွက်လာခဲ့လေသည်။
များစွာသော ပြိုင်စံရှားများက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ စုစည်းလာကြပေလိမ့်မည်။
အဲ့ဒီမှာ တာအိုသက်ရှိဝူရွှမ်းလိုမျိုး နာမည်ကြီးကျော်ကြားသည့် လူများစွာလည်း ရှိလာကြလေသည်။
အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ယင်တစ္ဆေဂိုဏ်းမှ တာအိုသက်ရှိ ရာပြည့်တစ္ဆေသည် ပြီးခဲ့သည့် နှစ်ပေါင်းထောင်ချီအတွင်း ယင်တစ္ဆေဂိုဏ်းမှ မည်သည့်ကျင့်ကြံသူမှ မကျင့်ကြံနိုင်ခဲ့သော လျှို့ဝှက်အတတ်တစ်ခုကို သူက ကျင့်ကြံနိုင်ခဲ့လေသည်။
သူ၏တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ကိုပင် ဖီဆန်ပြီး အဆင့်တူချင်းတွင် မရေမတွက်နိုင်သောလူများကို ဖိနှိမ်နိုင်လေသည်။ အခုချိန်ထိတော့ သူသည် တိုက်ပွဲပေါင်းမြောက်မြားစွာကို တိုက်ခိုက်ခဲ့ပြီး ဆယ်ကြိမ်ထက်ပို၍ မရှုံးနိမ့်ဖူးသေးပေ။
နောက်ထပ်အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ကိုလံဘတ်မီးလျှံတောင်ကြားမှ တာအိုသက်ရှိမီးလျှံနေမင်းသည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ သူက မြောက်ပိုင်းဒေသ၏ နံပါတ်တစ် မီးထိန်းချုပ်ယဥ်ပါးသူဘွဲ့ကို ခံယူပြီး မီးတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုက အံ့မခန်းဖြစ်ပြီး ရှေးဟောင်းခေတ်က ပညာရှင်များနှင့်ပင် ယှဥ်နိုင်လေသည်။
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်းမှ တာအိုသက်ရှိကျိမူကလည်း ဓားတာအိုမှာ ပါရမီရှင်တစ်ဦးဖြစ်လေသည်။
သူသည် မြောက်ပိုင်းဒေသမှာ အလွန်တရာနာမည်ကြီးကျော်ကြားလေသည်။ ပြောကြသည်မှာ အလယ်ပိုင်းတိုက်၏ ဓားဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် သူ၏ပါရမီအလားအလာကို အသိအမှတ်ပြုပြီး သူ့ကို တပည့်အဖြစ်လက်ခံချင်သော်လည်း သူက ငြင်းပယ်ခဲ့သည်ဟု သိရလေသည်။
တာအိုသက်ရှိကျိမူသည် မြောက်ပိုင်းဒေသ၏ အမွှာဓားထဲမှ တစ်ယောက်အဖြစ် ကျော်ကြားလေသည်။
အဆင့်မြင့်ဂိုဏ်းများထဲမှ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနှင့် ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းကလည်း သူတို့၏ ပြိုင်စံရှားများကို စေလွှတ်ခဲ့ကြလေသည်။
တကယ်တော့ မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းအချို့က အခြားဂိုဏ်းများထက် ပို၍အားနည်းကြလေသည်။
ဥပမာအားဖြင့် ယမန်နှစ်က အင်ပါယာလေးခုကြားတိုက်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သော ကျားနဂါးဂိုဏ်းသည် အတော်လေး ထိခိုက်ဆုံးရှုံးခဲ့ရလေသည်။
အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းအပြင် အထက်တန်းလွှာ ကလန်လေးခုကလည်း အထင်သေးလို့မရပေ။
ဥပမာအားဖြင့် တူကူမိသားစုမှ တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းသည် ဓားတာအိုမှာ ပြိုင်စံရှားတစ်ဦးဖြစ်လေသည်။ သူ၏ပုံရိပ်ယောင်ဓားတာအိုက အတုအစစ်ကိုခွဲခြားဖို့ အလွန်ခက်ခဲလေသည်။
အဆင့်တူချင်းတွင် သူ၏ဓားတာအိုကို ထွင်းဖောက်မြင်နိုင်သောလူ အနည်းအကျဥ်းမျှသာရှိလေသည်။
တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းသည်လည်း မြောက်ပိုင်းဒေသ၏ အမွှာဓားထဲမှ နောက်တစ်ယောက်ဖြစ်လေသည်။
တာအိုသက်ရှိ ကျိမူနှင့် တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းသည် ဓားတာအို၏ ပါရမီရှင်ပြိုင်စံရှားနှစ်ဦးဖြစ်ပြီး သူတို့က မြောက်ပိုင်းဒေသမှာ အလွန်တရာနာမည်ကြီးကျော်ကြားလေသည်။ သူတို့က အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းလုနီးပါးပင်။
ဤမြောက်ပိုင်းဒေသ တာအိုတွေ့ဆုံတွင် သူတို့၏ ဓားနှစ်လက်ကြား ပြပွဲတစ်ခုကို တွေ့မြင်ရဖွယ်ရှိလေသည်။
တကယ်တော့ ပြိုင်စံရှားများရှားတွင် ယုဝမ်ကလန်၏ တာအိုသက်ရှိဝူရွှမ်းက အကျော်ကြားဆုံးဖြစ်လေသည်။
အဲ့ဒီမှာ တာအိုသက်ရှိဝူရွှမ်း၏ အဆင့်အတန်းကို စိန်ခေါ်ချင်သော ပြိုင်စံရှား အချို့လည်း ရှိကြလေသည်။
မူလနတ္ထိများအကြား လက်ရည်စမ်းခြင်းအပြင် ဓမ္မဝိသေသ တာအိုအရှင်များကြား တိုက်ပွဲများစွာလည်း ပေါ်ထွက်လာနိုင်လေသည်။
မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲမှာ ပြင်းထန်ကြီးမားသည့် တိုက်ပွဲတစ်ပွဲက သေချာပေါက်ဖြစ်ပေါ်လာပေလိမ့်မည်။
သို့သော်လည်း ချန်ကောင်းကင်မြို့တော်ထဲတွင် မည်သူမှ အရေးစိုက်ခြင်းမရှိသော လူလေးယောက်သည် မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ ဗြောင်းဆန်အောင်မွှေနှောက်ဖို့ ပြင်ဆင်နေသည်ကို မည်သူကမှ မသိရှိကြသေးပေ။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် ပထမတစ်နေ့လမ်းလျှောက်ထွက်ပြီးကတည်းက သူသည် အခန်းထဲမှာပဲ နေ၍ အားဖြည့်နေခဲ့လေသည်။
ယွီလန်သည် ဤအခွင့်အရေးကို အသုံးချ၍ ပြိုင်စံရှားများနှင့် တတ်နိုင်သမျှများများမိတ်ဆွေဖွဲ့ကာ သူမ၏ အင်ပါယာကို ပြန်လည်ထူထောင်ဖို့အတွက် ဂိုဏ်းအချို့၊ အဖွဲ့အစည်းအချို့နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ ပြုလုပ်ချင်မိလေသည်။ သို့သော်လည်း ဆူဇီမိုတွင် အစီအစဥ်များများစားစားမရှိပေ။
ချန်ကောင်းကင်မြို့တော်သို့ ရောက်ရှိလာပြီးနောက် သူ့မှာ အတည်ပြုဖို့လိုအပ်သော အချက်နှစ်ချက်သာလျှင် ရှိလေသည်။ ပထမအချက်... ယုဝမ်ဝူရွှမ်းက ဘယ်နေရာမှာလဲ သူသိချင်လေသည်။ ဒုတိယတစ်ချက်... တာအိုသက်ရှိ ရွှမ်ယွီက ရောက်လာမလား သူသိချင်လေသည်။
ဤသတင်းနှစ်ခုက တစ်ရက်အတွင်း စုံစမ်းရရှိနိင်လေသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ယုဝမ်ဝူရွှမ်းက ပေါ်ထွက်မလာဘဲ ဆူဇီမိုနှင့် အခြားသူများကလည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ကြပေ။
သို့သော်လည်း ယုဝမ်ဝူရွှမ်းသည် မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲတွင် သေချာပေါက်ပေါ်ထွက်လာမည်ဟူသော ခိုင်မာသည့် သတင်းတစ်ချို့ကို ရရှိခဲ့ပြီးလေပြီ။
တာအိုသက်ရှိရွှမ်ယွီကတော့.... ဤတစ်ခေါက်တွင် ရောက်မလာလောက်ပေ။
ပြောကြသည်မှာ ဖန်သားနန်းတော်သည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ်တာအိုသက်ရှိနေရာအတွက် ယုဝမ်ဝူရွှမ်းနှင့် ယှဥ်ပြိုင်ရန် မူလနတ္ထိတစ်ယောက်ကိုသာ စေလွှတ်ခဲ့သည်ဟု ဆိုလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှေခြင်္သေ့က ပို၍စိုးရိမ်ထိတ်လန့်လာခဲ့၏။ သူသည် ခယ်ခယ်နှင့် ခွဲခွာခဲ့သည်မှာ ကိုးနှစ်ရှိသွားခဲ့လေပြီ။
ခယ်ခယ်က အသက်ရှင်နေသေးသလားပင် သူမသေချာပေ။ သူက ပြန်လည်ဆုံစည်းနိုင်ဖို့အတွက် မျှော်လင့်စောင့်စားနေလေသည်။
သို့သော်လည်း သူ့ဘက်က ရပ်တည်ပေးသည့်အတွက်ကြောင့် ဆူဇီမို ၊ ညဝိညာဥ်နှင့် နန်းကြည်တို့ ဒုက္ခရောက်မည်ကိုလည်း သူက စိုးရိမ်နေရလေသည်။
ဤသည်က မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲ ဖြစ်လေသည်။
မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတွင် အကြီးမားဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်လေသည်။
သူတို့လေးယောက်ကို မဆိုထားနှင့် ခြင်္သေ့ရိုင်းတောင်ကြောရိုးမှ အရှင်သခင်ပင်လျှင် သူ၏ မိစ္ဆာသားရဲများနဲ့အတူ ရောက်လာရဲခြင်း မရှိပေ။
တာအိုတွေ့ဆုံပွဲတွင် မူလနတ္ထိများသာမကဘဲ ဓမ္မဝိသေသ တာအိုအရှင်များစွာပါ ရှိနေကြလေသည်။
သူတို့က အဲ့ဒါကို ဘယ်လိုကိုင်တွယ်နိုင်ပါ့မလဲ...
ရွှေခြင်္သေ့သည် ညဝိညာဥ်၏ တိုက်ခိုက်ရေးခွန်အားကို လုံးဝသံသယမရှိပေ။
သို့သော်လည်း လက်သီးနှစ်ဖက်က လက်လေးဖက်ကို မယှဥ်နိုင်ပေ။ သူတို့က ဝန်းရံပိတ်ဆို့ခံရမည်ဆိုလျှင် သူတို့က သေရဖို့များလေသည်။
ချန်ကောင်းကင်မြို့တော်တွင် ပို၍ပို၍များသော ကျင့်ကြံသူများက စုဝေးလာကြပြီး ပို၍ သက်ဝင်လှုပ်ရှားလာခဲ့လေသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သတင်းများက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။
ပြိုင်စံရှားတစ်ယောက် ရောက်ရှိလာတိုင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြလေသည်။
ဤနေ့တွင် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲကို တရားဝင်စတင်ပေမည်။
ဆူဇီမိုသည် သူ၏ အစိမ်းရောင်ဝတ်ရုံကို သေသပ်အောင် ပြင်ဆင်ပြီး ညဝိညာဥ် ၊ နန်းကြည်နှင့် ရွှေခြင်္သေ့တို့နှင့်အတူ အခန်းထဲကနေ လျှောက်လှမ်းထွက်လာခဲ့၏။ သူသည် ချည်းကပ်လာနေသော ယွီလန်နှင့် အခြားသူများနှင့် ပက်ပင်းတိုးမိလေသည်။
“အစ်ကိုဆူ... ရှင်ကနောက်ဆုံးတော့ ထွက်လာပြီပေါ့လေ...”
ယွီလန်က ပြုံးပြလိုက်၏။
ဦးလေးကျန့်ကလည်း နှုတ်ဆက်သည့်အနေဖြင့် ဆူဇီမိုကို ခေါင်းညိတ်ပြ၏။ မင်းသားနှစ်ပါးက ယွီလန်နှင့်ဦးလေးကျန့်နောက်မှာ ပုန်းကွယ်နေပြီး ဆူဇီမိုကိုကြည့်ဖို့အတွက် ခေါင်းပြူထွက်ရဲခြင်း မရှိပေ။
ဆူဇီမိုကလည်း သူတို့နှစ်ယောက်ကို အရေးလုပ်မနေပေ။
မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲက မြို့လယ်ခေါင်မှာ ကျင်းပပေလိမ့်မည်။
ချန်ကောင်းကင်မြို့အလယ်တွင် ဧရာမကျောက်သားစင်မြင့်တစ်ခုရှိလေသည်။
မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲ၌ ကျင့်ကြံသူများကြားတိုက်ပွဲကို ထိုကျောက်သားစင်မြင့်ပေါ်မှာ ကျင်းပပြုလုပ်ပေးပေမည်။
ကျောက်သားစင်မြင့်၏ ပတ်လည်တွင် ဧရာမကျောက်တိုင်နှစ်ဆယ်နီးပါးကို စိုက်ထူထားလေသည်။
ကျောက်တိုင်ကြီးများသည် အလွန်တရာကြီးမားကျယ်ပြန့်ပြီး အနည်းဆုံး လူတစ်ရာလောက်ဝင်ဆံ့နိုင်လေသည်။ အဲ့ဒီမှာ ကုလားထိုင်များနှင့် လက်ဖက်ရည်စားပွဲများကို နေရာချထားပြီး များစွာသော စိတ်ဝိညာဥ်သစ်သီးများနှင့် မွှေးပျံ့သော လက်ဖက်ရည်များကိုပင် တည်ခင်းထားလေသည်။
မြောက်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသာလျှင် ထိုကျောက်တိုင်များပေါ်ကို တက်ရောက်ဖို့အဆင့်မှီပေလိမ့်မည်။
သူတို့သည် မြင်ကွင်းတစ်ခုလုံးနှင့် လူတိုင်းကို အထက်စီးကနေ ကြည့်ရှုနိုင်ပေလိမ့်မည်။
ဂိုဏိးငယ်များ အဖွဲ့အစည်းငယ်များမှ ကျင့်ကြံသူများ သို့မဟုတ် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအတွက်တော့... သူတို့သည် မြေပြင်ပေါ်မှာ တိုးဝှေ့ကြရပေလိမ့်မည်။
ဆူဇီမိုနှင့်အခြားသူများ ရောက်ရှိလာသောအခါ လမ်း၏ တစ်ဖက်တစ်ချက်စီ၊ စားသောက်ဆိုင်များနှင့် ကျောက်သားစင်မြင့်နားရှိ အိမ်ခေါင်မိုးများပေါ်တွင် လူများက ပြည့်နှက်သွားကြလေပြီ။
ယွီလန်သည် ကျောက်တိုင်ကြီးများပေါ်တွင် စိတ်ဝိညာဥ်သစ်သီးများကိုစားသုံး၍ လက်ဖက်ရည်သောက်သုံးနေကြသော ကျင့်ကြံသူများကိုကြည့်ရင်း သူမ၏မျက်လုံးထဲတွင် အားကျငေးမောသည့်ပုံရိပ်က ပေါ်ထွက်ခါခဲ့၏။
“သူတို့က... ထိပ်သီးဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေက ပြိုင်စံရှားတွေပဲ... ကျွန်မက သူတို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရမယ်ဆိုရင် မဟာယွီကို ပြန်လည်ထူထောင်ဖို့မပြောနဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးကိုတောင် သိမ်းပိုက်နိုင်လောက်တယ်”
ယွီလန်က တီးတိုးရေရွတ်လိုက်၏။
ဆူဇီမိုက ပြုံး၍ ပြန်မေးလိုက်လေသည်။
“ပြီးခဲ့တဲ့ရက်တွေထဲ... ခင်ဗျားဘာတွေရခဲ့လဲ”
ယွီလန်၏ အမူအရာက ညိုမည်းသွားပြီး သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
“အဲ့ဒီပြိုင်စံရှားတွေက အရမ်းကိုမောက်မာပြီးတော့ မာနကြီးကြတယ်... သူတို့က အကျိုးအမြတ်မရှိဘဲ ဘယ်သူက ကူညီပေးချင်ပါ့မလဲ”
ခဏမျှရပ်တန့်ပြီးနောက် ယွီလန်က ဆက်ပြောလိုက်လေသည်။
“ဒါပေမယ့်လည်း... ကိစ္စမရှိပါဘူး... ကျွန်မက တာအိုသက်ရှိဝူရွှမ်းနဲ့ တွေ့မယ်ဆိုရင် ကျွန်မက သူ့ကိုလှုပ်ခတ်အောင် သေချာပေါက်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်... သူကသာ ကူညီပေးလာမယ်ဆိုရင် အကုန်လုံးက အဆင်ပြေသွားလိမ့်မယ်...”