စာရင်းရှင်းခြင်း
Vol. 77 Ch. 1149
“ကြည့်စမ်း.. တာအိုသက်ရှိ လေမီးတောက်က ဒီကို ရောက်လာပြီ”
“တာအိုသက်ရှိ လေမီးတောက်.. ဒီဘက်မျိုးဆက်က ဖန်သားနန်းတော်ရဲ့ ပြိုင်စံရှား.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အရင်တုန်းက တာအိုသက်ရှိဖန်သားပြီးရင် ဒုတိယပဲ”
တာအိုသက်ရှိဖန်သားအကြောင်း ပြောချိန်တွင် များစွာသော ကျင့်ကြံသူများ၏ အမူအရာက ပြောင်းလဲသွားကြလေသည်။
“ဘာလိုလိုနဲ့ မည်ကာမတ္တ တပည့်တွေရဲ့ အဲဒီကပ်ဘေး ပြီးဆုံးခဲ့တာ ဆယ်နှစ်တောင် ရှိသွားခဲ့ပြီပဲ”
တစ်စုံတစ်ယောက်က ညင်သာစွာ သက်ပြင်းချလိုက်၏။
လွန်ခဲ့သည့် ဆယ်နှစ်က.. ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေမှာ မည်ကာမတ္တ တပည့်များစွာနှင့် တိုက်ခိုက်ခဲ့ပြီး သူ၏ တာအိုနှလုံးသားကို တည်ဆောက်ခဲ့လေသည်။
ထိုတိုက်ပွဲတွင် မည်ကာမတ္တ တပည့်ရှစ်ယောက်က သေဆုံးသွားခဲ့ပြီး အဲဒါက မည်ကာမတ္တ တပည့်များ၏ ကပ်ဘေးဟူ၍ ကျော်ကြားခဲ့လေသည်။
တာအိုသက်ရှိဖန်သားကလည်း ထိုကပ်ဘေးမှာ ကျဆုံးခဲ့ရလေသည်။
ရုတ်တရက် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်သာ ပေါ်ထွက်လာမယ်ဆိုရင်.. တာအိုသက်ရှိဝူရွှမ်းက မြောက်ပိုင်းဒေသရဲ့ တာအိုသက်ရှိဘွဲ့ကို ခံယူဖို့ အဆင့်မီမှာ မဟုတ်လောက်ဘူးနော်”
စုန်းဂူကပ်ဘေးသည် အင်ပါယာလေးခု၏ နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့လေသည်။
မဟာကျိုးမြို့တော်နှင့် ဆန်းကြယ်တောင်ထွတ်မှ ဆူဇီမို၏ တိုက်ခိုက်မှုနှစ်ရပ်ကို တွေ့မြင်ခဲ့သည့်သူက များများစားစား မရှိပေ။ ထိုကိစ္စ ပေါ်ပေါက်ခဲ့သည်မှာ တစ်နှစ်ကြာသွားခဲ့ပြီးနောက်.. မြောက်ပိုင်းဒေသတွင် သူပြန်လည်ရောက်ရှိလာသည်ကို သိရှိသည့်သူက များများစားစား မရှိကြပေ။
ဘေးကနေ ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်၏။
“အားလုံးပဲ.. အထီးကျန်သိုင်းသခင်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ရဲ့ လက်ချက်နဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က ပျက်စီးထိခိုက်သွားပြီပဲ.. သူက သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့မယ်ဆိုရင်တောင်.. သူ့ရဲ့ အရင်တုန်းက တိုက်ခိုက်ရည်ခွန်အားမျိုး ဘယ်လိုလုပ် ရှိနိုင်ပါတော့မလဲ”
နောက်ထပ် ကျင့်ကြံသူတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က အဖွဲ့အစည်းပေါင်းစုံကို ဆန့်ကျင်ထားခဲ့တယ်.. သူက မသိလိုက် မသိဘာသာနဲ့ ဇာတ်မြုပ်နေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့.. သူက ပေါ်ထွက်လာရဲမယ်ဆိုရင် သူ့ကို သတ်ဖြတ်ဖို့အတွက် ရန်သူတွေ အများကြီး ရောက်လာလိမ့်မယ်”
ယွီလန်က သူမ၏ ဘေးပတ်လည်ရှိ ဆွေးနွေးသံများကို ကြားသောအခါ ကျေနပ်နှစ်ခြိုက်သွားခဲ့၏။
ဤပြိုင်စံရှားများသည် သူမ၏ အင်ပါယာကို ပြန်လည်ထူထောင်ဖို့အတွက် ကူညီမပေးနိုင်သော်လည်း သူတို့က တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ကို ရှင်းထုတ်ပစ်မည်ဆိုလျှင်.. သူမ ရည်မှန်းချက်၏ အကြီးမားဆုံး အဟန့်အတားက ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။
“အစ်ကိုဆူ.. အဲဒါကို ရှင်ကြားတယ်မလား”
ယွီလန်က ဆူဇီမိုကို မျက်လုံးစွေကြည့်ပြီး ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ပြိုင်ဘက်ကင်းမနေပါဘူး.. သူက သူ့ရဲ့ လမ်းဆုံးကိုတောင် ရောက်နေပြီ.. ကျွန်မက သူပြန်ရောက်လာတဲ့ သတင်းကို လွှင့်ပေးလိုက်တာနဲ့ ပြိုင်စံရှားတွေ များစွာက သူ့ကို တိုက်ခိုက်ဖိနှိမ်လာလိမ့်မယ်”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြုံး၍ ခေါင်းခါပြလိုက်၏။
“အဲဒါ အလကားပဲ.. အဲဒီ သုံးစားမရတဲ့ လူတစ်အုပ်စုက ဘာများလုပ်နိုင်မှာလဲ”
သူ၏လေသံက သဘာဝဆန်သော်လည်း အဲဒါက ယွီလန်အတွက် အလွန်တရာ မောက်မာလွန်းလေသည်။
မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများကို သုံးစားမရသည့် လူတစ်အုပ်စုဟု ဘယ်သူကများ ပြောဆိုရဲပါမည်လဲ..။
ဘယ်သူကများ ထိုသို့ပြောဖို့ အဆင့်မီပါမည်လဲ…။
သူမသည် မျက်မှောင် အနည်းငယ်ကြုတ်၍ ဆူဇီမိုအပေါ် သူမ၏ ထင်မြင်ချက်ကောင်းက သိသိသာသာ တစ်ဖန်ထပ်၍ လျော့ကျသွားခဲ့လေသည်။
ဦးလေးကျန့်က ဘေးကနေ မနေနိုင်ဘဲ ရယ်မောလိုက်၏။
“ဘယ်လောက်တောင် အပြောကြီးလိုက်သလဲ.. နောက်ပိုင်း မူလနတ္ထိတွေကြားက တိုက်ပွဲစတင်တဲ့အခါ မင်းက ဝင်စမ်းကြည့်လိုက်လေ.. မင်း ဘာလုပ်နိုင်လဲဆိုတာ လူတိုင်းကို ပြပေးလိုက်ပေါ့”
“စိတ်မဝင်စားဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
သူက ဤနေရာကို တာအိုသက်ရှိ ဝူရွှမ်းအတွက် ရောက်ရှိလာခြင်းဖြစ်၏။
သူသည် မူလနတ္ထိများကြားက လက်ရည်စမ်းခြင်းကို ဂရုမစိုက်သလို စိတ်လည်း မဝင်စားပေ။
“မင်း ဘယ်လောက်တောင် ကြောက်နေလဲ ကြည့်စမ်းပါဦး”
ဦးလေးကျန့်၏ မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုမှုက သိပ်သည်းစုဖွဲ့လာပြီး ပြောလိုက်၏။
“မပူပါနဲ့.. ဒီတာအိုတွေ့ဆုံပွဲရဲ့ ရည်ရွယ်ချက်က အသိအမြင်တချို့နဲ့ အတွေ့အကြုံတချို့ ဖလှယ်ဖို့ပဲ.. နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ မရှိဘဲနဲ့ ကျင့်ကြံသူတွေက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြမှာ မဟုတ်ဘူး”
ဆူဇီမိုက ပြုံး၍ ငြင်းဆန်ခြင်း မရှိပေ။
အချိန်တိုအတွင်း.. တာအိုသက်ရှိ လေမီးတောက်က ကျောက်တိုင်တစ်တိုင်ပေါ်သို့ တည်ငြိမ်သော အမူအရာဖြင့် ဆင်းသက်လိုက်ပြီဖြစ်၏။ သူက အောက်ဘက်ရှိ များစွာသော ကျင့်ကြံသူများကို လှည့်ပင်မကြည့်ပေ။
သူသည် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ရည်ရွယ်ချက်တစ်ခုသာလျှင် ရှိလေသည်။ တာအိုသက်ရှိ ဝူရွှမ်းကို အနိုင်ယူဖို့..။
ဖန်သားနန်းတော်က မြောက်ပိုင်းဒေသရှိ တစ်ခုတည်းသော အင်မော်တယ်ဂိုဏ်း ဖြစ်လေသည်။
မြောက်ပိုင်းဒေသ၏ နံပါတ်တစ် တာအိုသက်ရှိ၏ ဘွဲ့ကို ဖန်သားနန်းတော်မှ ကျင့်ကြံသူများကသာ ယူရပေလိမ့်မည်။
တာအိုသက်ရှိ လေမီးတောက်က တစ်ယောက်တည်း ဖြစ်သော်လည်း သူသည် ကျောက်တိုင်တစ်ခုလုံးပေါ်မှာ နေရာယူလိုက်ပြီး မည်သည့် ကျင့်ကြံသူကမှ ကန့်ကွက်ရဲခြင်း မရှိပေ။
ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သူ့ကို မျက်နှာသာပေးရပေမည်။
ထိုအခိုက်အတန့်တွင် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ပြိုင်စံရှားများ အားလုံးနီးပါးက ရောက်ရှိလာခဲ့ကြလေပြီ။
ယုဝမ်ကလန်မှ ကျင့်ကြံသူများစွာကလည်း ရောက်ရှိလာကြ၏။
ယုဝမ်ဝူရွှမ်း တစ်ယောက်သာလျှင် ပေါ်ထွက်မလာသေးပေ။
လက်ရှိကျင့်ကြံသူများသည် မည်သူကမှ စောဒကတက်ခြင်း သို့မဟုတ် စိတ်မကျေနပ်မှုကို ပြသရဲခြင်း မရှိပေ။
အကြောင်းမှာ.. ဤလူသည် မြင့်မြတ်သော အဆင့်အတန်းရှိပြီး သူ့အနေဖြင့် နောက်ကျခွင့် ရှိသောကြောင့်ပင်။
ခဏနေပြီးနောက်.. ခပ်လှမ်းလှမ်းကနေ ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
တစ်ခဏအတွင်းမှာပင်.. သူက ချန်ကောင်းကင်မြို့တော်သို့ ရောက်ရှိလာခဲ့လေပြီ။
ထိုလူက ဗလတောင့်တောင့်နှင့် ကြေးညိုရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားလေသည်။ သူ၏ သွေးနီရောင်ခြုံထည်က သူ၏နောက်မှာ တဖျပ်ဖျပ်လွင့်နေပြီး စွမ်းအားကြီးသော အော်ရာတစ်ခု ဖြာထွက်နေသည့် သန့်စင်သော ရွှေခြင်္သေ့တစ်ကောင်ကို သူက စီးနင်းလာလေသည်။
သူ ရောက်ရှိလာသည့် ခဏမှာပင်.. လူအုပ်ကြီးထဲရှိ ရုတ်ရုတ်သဲသဲ အသံများက လျော့ကျသွားခဲ့၏။
ဤပြိုင်စံရှားကို ဆန့်ကျင်မိမည် စိုးရိမ်သည့်အတွက် မည်သူကမှ စကားကျယ်ကျယ် မပြောရဲသည့်အလားပင်။
တာအိုသက်ရှိ ဝူရွှမ်း..
တာအိုသက်ရှိ ဝူရွှမ်း ပေါ်ထွက်လာပြီးနောက်.. အစက သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်၍ အနားယူနေသော တာအိုသက်ရှိ လေမီးတောက်သည် ရုတ်တရက် သူ၏မျက်လုံးကို ဖွင့်ပြီး သက်တံရောင်အလင်းများက ဖြာထွက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် တာအိုသက်ရှိ ဝူရွှမ်းက တာအိုသက်ရှိ လေမီးတောက်ကို လှမ်းကြည့်လိုက်လေသည်။
ပြိုင်စံရှားနှစ်ယောက်၏ အကြည့်များက လေထဲမှာ ထိတွေ့သွားပြီး မီးပွားများက စင်ထွက်သွား၏။
ချက်ချင်းပင်.. လေထုက အလွန်တရာ တင်းကျပ်ခက်ထန်လာခဲ့လေသည်။
ပြိုင်စံရှားနှစ်ယောက်အကြား လေထုက သန်မာအားကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာခဲ့၏။
လမ်းမထက်ရှိ ပြွတ်သိပ်နေသော လူအုပ်ထဲတွင် သူတို့ကို အေးစက်စွာဖြင့် စိုက်ကြည့်နေသော လူတစ်အုပ်စု ရှိသည်ကို မည်သူကမှ သတိမထားမိကြပေ။
“အဲဒါ သူလား”
ဆူဇီမိုက ရွှေခြင်္သေ့ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ရွှေခြင်္သေ့က သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်နှင့်အတူ အလေးအနက် ခေါင်းညိတ်ပြပြီး အံကိုကြိတ်လိုက်၏။
“အဲဒါ သူပဲ.. သူက ပြာဖြစ်သွားရင်တောင် ကျုပ်က သူ့ကို မှတ်မိတယ်”
“သူကတော့ ခယ်ခယ်ပေါ့လေ”
ဆူဇီမိုက ယုဝမ်ဝူရွှမ်း၏ အစီးအနင်းတောကောင်ကို ကြည့်လိုက်၏။ ထိုခြင်္သေ့က သန့်စင်သော ရွှေရောင်ရှိပြီး သူ၏ သားမွေးတွင် မည်သည့်အရောင်မှ ရောစပ်ထားခြင်း မရှိပေ။ အဲဒါက အလွန်တရာ ခံ့ညားထည်ဝါသည့်ပုံပေါက်နေ၏။
“အင်း”
ရွှေခြင်္သေ့က တံတွေးကို မျိုချပြီး စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုဖြင့် ပြောလိုက်၏။
“အစ်ကိုကြီး.. ခင်ဗျားတို့ တိုက်ခိုက်ကြမယ်ဆိုရင် ကျေးဇူးပြုပြီး ခယ်ခယ့်ကို ထိခိုက်အောင် မလုပ်ပါနဲ့”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်အာရုံသည် ပြိုင်စံရှားနှစ်ယောက်ဖြစ်သော တာအိုသက်ရှိ ဝူရွှမ်းနှင့် တာအိုသက်ရှိ လေမီးတောက်တို့အပေါ် ရောက်ရှိနေကြ၏။ သူတို့၏ စကားပြောဆိုခြင်းကို မည်သူကမှ နားစွင့်မနေကြပေ။
“တာအိုသက်ရှိ ဝူရွှမ်းရဲ့ ကျင့်ကြံမှုက နည်းနည်းထပ်ပြီး တိုးတက်လာတဲ့ပုံပဲ”
“မပူပါနဲ့.. တာအိုသက်ရှိ လေမီးတောက်ရဲ့ ဖန်သားနန်းတော် အမွေအနှစ်ကလည်း သေချာပေါက် အားမနည်းဘူး”
ကျင့်ကြံသူများက စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးလိုက်ကြ၏။
ယုဝမ်ဝူရွှမ်းက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ကျယ်လောင်စွာဖြင့် ကြေညာချက်ထုတ်လိုက်၏။
“လူတိုင်းပဲ.. စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်.. ကျုပ်က ဉာဏ်အလင်းပွင့်မှုတချို့ အခုပဲ ရရှိပြီး ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်က တိုးတက်လာခဲ့တယ်.. အဲဒါကြောင့် ကျုပ်က နောက်ကျသွားရတာပဲ”
ထိုစကားကို ကြားသောအခါ လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့၏။
“တာအိုသက်ရှိ ဝူရွှမ်းက အရင်ကတည်းက ပကတိမူလနတ္ထိအဆင့်မှာ ရောက်ရှိနေခဲ့ပြီးပြီ.. သူ့ရဲ့ ကျင့်ကြံမှုအဆင့်က တိုးတက်လာတယ်ဆိုတော့.. သူက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ် မဟုတ်ဘူးလား”
“အဆင့်တူချင်းမှာ သူ့ကို ဘယ်သူက ယှဉ်နိုင်ဦးမှာလဲ”
“တာအိုသက်ရှိ လေမီးတောက်အပေါ် ဖိအားက အခုဆို ပိုပြီးတိုးလာခဲ့ပြီ”
“တာအိုသက်ရှိ ဝူရွှမ်းက တာအိုသက်ရှိ လေမီးတောက်အပေါ် ဖိအားပေးနေတာပဲ”
ဖြစ်ပျက်နေသည့်အရာကို သိမြင်နိုင်သော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်လေသည်။
“တာအိုသက်ရှိ ဝူရွှမ်းက ဖြေရှင်းချက်တစ်ခု ပေးလိုက်တာဆိုပေမဲ့လို့ အဲဒါက တာအိုသက်ရှိ လေမီးတောက်ကို သတိပေးလိုက်တာနဲ့ တူတူပဲ”
ပြိုင်စံရှားနှစ်ယောက်အကြား တိုက်ပွဲက စတင်လာတော့ပေမည်။
မျက်လုံးများ အားလုံးက အဲဒီပေါ်မှာ ရောက်ရှိနေကြ၏။
ယွီလန်သည် လေထဲရှိ ခြင်္သေ့တစ်ကောင်ကို စီးနင်းထားသော ချပ်ဝတ်တန်ဆာနှင့် အမျိုးသားကို ကြည့်ပြီး သူမက အံ့အားတသင့် ရေရွတ်လိုက်၏။
“အဲဒါကမှ တကယ့်အစစ်အမှန် ပြိုင်စံရှားတစ်ယောက်ပဲ”
“ပြိုင်စံရှားတစ်ယောက်ရဲ့ သွင်ပြင်ဟိတ်ဟန်က ဒီလိုပဲ ဖြစ်သင့်တယ်”
ထိုသို့ပြောရင်း သူမက ဆူဇီမိုကို ကြည့်လိုက်၏။
ပြိုင်စံရှားများက သူတို့၏ စကားလုံးများအပေါ်မှာ မှီခိုအားထားခြင်း မဟုတ်ကြောင်း သူမက ဆူဇီမိုကို ပြောချင်လေသည်။ သူတို့က ပေါ်ထွက်လာသည့် ခဏမှာပင် လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်လေသည်။
ဆူဇီမိုကို သူမ ကြည့်လိုက်သောအခါ.. ထိုသူသည် လူအုပ်ကြီးကို တွန်းထိုး၍ ရှေ့သို့ လျှောက်လှမ်းသွားသည်ကို သူမ တွေ့မြင်လိုက်ရ၏။
“အစ်ကိုဆူ.. ရှင်က ဘယ်သွားမလို့လဲ”
ယွီလန်က ကြောင်အ,မှင်တက်သွားပြီး အလောတကြီး မေးလိုက်၏။
“လူတစ်ယောက်နဲ့ စာရင်းရှင်းရမယ်”
ဆူဇီမိုက လှည့်ကြည့်ခြင်း မရှိဘဲ ပြန်ဖြေလိုက်၏။
ညဝိညာဉ်၊ နန်းကြည်နှင့် ရွှေခြင်္သေ့တို့ကလည်း ကြောက်မက်ဖွယ်ရာ အမူအရာများနှင့်အတူ သူ၏နောက်ကနေ လိုက်ပါသွားကြ၏။
ယွီလန်က အလိုလို ထပ်မေးလိုက်၏။
“ဘယ်သူနဲ့လဲ”
“ယုဝမ်ဝူရွှမ်း”
ဆူဇီမို၏ အသံက ထွက်ပေါ်လာခဲ့၏။
ယွီလန်သည် ထွက်ခွာသွားသော နောက်ကျောကို ငေးကြည့်ရင်း ကြောင်အ,မှင်တက်နေလေသည်။