အရာရာတိုင်းကို တုန်လှုပ်သွားစေခြင်း
Vol. 77 Ch. 1151
သူမနှင့် တစ်လမ်းလုံးလိုက်ပါလာခဲ့သော အစိမ်းရောင်ဝတ်ကျင့်ကြံသူက တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ဖြစ်သည်ဟု ယွီလန်သိရှိသွားပြီးနောက် ကိစ္စများစွာအတွက် ဖြေရှင်းချက်များ ရှိလာခဲ့လေပြီ။
တာအိုသက်ရှိ အထီးကျန်သိုင်းသခင်....
တစ်ခါကမြောက်ပိုင်းဒေသမှာ လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်၏ နံပါတ်တစ်နေရာကို ရရှိဖို့အတွက် မရေမတွက်နိုင်သော ပြိုင်စံရှားများကို ဖိနှိမ်ခဲ့ကာ မည်ကာမတ္တတပည့် ၈ ယောက်ကိုလည်း ကိုယ်တိုင်မြေမြှုပ်ပေးခဲ့သူ...။
များစွာသော ထိပ်သီးဂိုဏ်းကြီးများပင် စိုးရိမ်ပူပန်ရပြိး တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်ကပါ တိုက်ခိုက်ဖို့အတွက် ထွက်ပေါ်လာရသော သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတား.....။
သူက သူ၏တာအိုနှလုံးသာကို တည်ဆောက်ပြီး သက်ရှိအားလုံး၏ ကံကြမ္မာကို ပြောင်းလဲပေးချင်သည့်အခါ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေခဲ့သော ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် ပုဂ္ဂိုလ်....။
ဆူဇီမိုသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးလက်ချက်ဖြင့် သေလုမျောပါးဖြစ်သွားခဲ့သည်ကို လက်ရှိလူတိုင်းက သိထားကြလေသည်။ သူ၏တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားပြီး သူ၏ ဂုဏ်ကျက်သရေကနေ ကျဆင်းကာ ဆက်လက်၍ထွန်းတောက်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူပေါ်ထွက်လာသည့်အခါ များစွာသောကျင့်ကြံသူများသည် အထီးကျန်သိုင်းသခင်၏ အံ့မခန်းဒဏ္ဍာရီများစွာကို အမှတ်ရလာကြလေသည်။
မည်သူကမှ သူ၏အတိတ်ကို လျစ်လျူမရှုနိုင်ကြပေ။
အထီးကျန်သိုင်းသခင်... ထိုတာအိုဘွဲ့ကပင် မွန်းကျပ်ဖွယ်ရာကောင်းပြီး ရပ်တန့်မရသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ယွီလန်က လှည့်ပတ်ကြည့်ရှုလိုက်၏။
အချို့က ကြောင်အ,မှင်တက်နေပြီး အချို့က ကြောက်ရွံ့နေကြ၏။ အချို့က ထိတ်လန့်တုန်လှုပ်နေပြီး အချို့က စိတ်လှုပ်ရှားနေကြ၏။
တာအိုတွေ့ဆုံပွဲရှိ ကျင့်ကြံသူများသည် မတူညီသောအမူအရာများရှိနေကြသော်လည်း လူတိုင်းက တိတ်ဆိတ်နေကြ၏။
တိုက်ခတ်နေသောလေကပင်လျှင် ရပ်တန့်သွားသည်ဟု ထင်ရသည်။
စောစောကတင် လူတိုင်း၏ စိတ်အာရုံသည် တာအိုသက်ရှိလေမီးတောက်နှင့် ယုဝမ်ဝူရွှမ်းအပေါ် ရောက်ရှိနေခဲ့ပြီး သူမလည်း မှင်တက်ခဲ့ရလေသည်။
သို့သော်ယခုအခါမှာတော့ ဆူဇီမို၏ ပေါ်ထွက်လာမှုသည် သူမ၏ စိတ်နှလုံးထဲရှိ တုန်လှုပ်မှုကို ၎င်း၏ အကန့်အသတ်အထိ တွန်းတင်ရောက်ရှိသွားစေခဲ့လေသည်။
အစစ်အမှန်ပြိုင်စံရှားတစ်ယောက်က လူတိုင်း၏ စိတ်ဝင်စားမှုအလယ်မှာ ရှိနေသင့်သည်ဟု သူမက ပြောဆိုခဲ့ဖူးလေသည်။
သို့သော် ယခုအခါမှာတော့ သူမက မှားယွင်းခဲ့ကြောင်း နားလည်သွား၏။
အစစ်အမှန်ပြိုင်စံရှားတစ်ယောက်က အရာရာတိုင်းကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။
တာအိုသက်ရှိ အထီးကျန်သိုင်းသခင်....
ထိုစကားလုံးများက ကျင့်ကြံသူများအပေါ် ဖိအားတစ်ခုကို သက်ဆင်းလာစေခဲ့သည်။
ရုတ်တရက် မရေမတွက်နိုင်သော မေးခွန်းများက ယွီလန်၏ စိတ်ထဲမှာ ပေါ်ထွက်လာခဲ့၏။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့က အတူတူခရီးသွားခဲ့ကြလေသည်။ အထီးကျန်သိုင်းသခင်က သူမကို ဘာ့ကြောင့်မတိုက်ခိုက်ခဲ့တာလဲ...။
သူက ဦးလေးကျန့်ကို ကြောက်ရွံ့နေလို့လား...။
သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားတာကြောင့်လား... ဒါမှမဟုတ် သူက လုံလောက်တဲ့ ယုံကြည်မှု မရှိလို့လား... ဒါမှမဟုတ် သူ့မှာ တခြားအကြောင်းပြချက် ရှိနေသေးတာလား...။
အင်ပါယာအကြံပေးနှစ်ယောက်ရဲ့သေဆုံးမှုက အထီးကျန်သိုင်းသခင်နဲ့ ဘယ်လိုပတ်သက်နေသလဲ...။ မင်းသားနှစ်ပါးပြောတဲ့အတိုင်းဖြစ်နေမလား...။ အင်ပါယာအကြံပေးနှစ်ယောက်ကို အထီးကျန်သိုင်းသခင်က သတ်ဖြတ်ခဲ့တာများလား...။
ကျောက်သားစင်မြင့်ထက်တွင် ယုဝမ်ဝူရွှမ်းက သူ၏ အသိစိတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့၏။
ဘာပဲပြောပြော သူသည် မြောက်ပိုက်းဒေသ၏ နံပါတ်တစ်တာအိုသက်ရှိဖြစ်ပြီး နှစ်ပေါင်းထောင်ချီကြာလျှင်တောင် ပေါ်ထွက်လာခဲသော ပြိုင်စံရှားတစ်ယောက်လည်းဖြစ်ပေသည်။ သူက ပြိုင်ဘက်ကင်းပြီး သန်မာသော စိတ်နေစရိုက်ရှိကာ ရှုံးနိမ့်မှုကို ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပေ။ ထိုကဲ့သို့သော တစ်စုံတစ်ယောက်က တာအိုဘွဲ့တစ်ခုကြောင့် မည်သို့ထိတ်လန့်တုန်လှုပ်ရပါမည်လဲ...။
“အထီးကျန်သိုင်းသခင်.... လက်စသတ်တော့.. မင်းဖြစ်နေတာကိုး”
ယုဝမ်ဝူရွှမ်းက တည်ငြိမ်သောအမူအရာရှိပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဘယ်လောက်သနားဖို့ ကောင်းလိုက်သလဲ... မင်းရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီး ဖန်တီးခြင်းကြာပဒုမ္မာကလည်း ကြေမွသွားခဲ့ပြီ.... မင်းရဲ့ခေတ်က ကုန်လွန်သွားခဲ့ပြီပဲ ”
များစွာသော ကျင့်ကြံသူများသည် ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရသွားခဲ့လေသည်။
အဲ့ဒါမှန်လေသည်။ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် အတိတ်ကာလတုန်းကလို ပြန်ဝင်စားမွန်းစတား ဆက်လက်မဟုတ်နိုင်တော့ပေ။ သူတို့က ဘာကိုများ ကြောက်နေရဦးမှာလဲ...။
အထီးကျန်သိုင်းသခင်၏ အကြီးမားဆုံးမှီခိုအားထားရမှာ သူ၏မျိုးဆက်သွေး ဖြစ်လေသည်။
ယခု သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ထားရပြီး နတ်ဖီးနစ်အရိုးကိုလည်း ဆုံးရှုံးထားရလေသည်။ သူ့မှာ ဘာဝှက်ဖဲကျန်ရှိဦးမှာလဲ...။
“အထီးကျန်သိုင်းသခင်... မင်းက အချိန်မီရောက်လာတာပဲ... လွန်ခဲ့တဲ့နှစ်တစ်ရာကျော်တုန်းက မင်းက မဟာချွမ်အပျက်အစီးနယ်မြေမှာ ဟင်္သပြဒါးသစ်သီးအတွက် တိုက်ခိုက်ခဲ့တယ်... မင်းက ငါတို့ဂိုဏ်းက ပြိုင်စံရှားတစ်ယောက်ကိုသတ်ဖြတ်ခဲ့တယ်... အခုက အဲ့ဒီအကြွေးကို ပြန်တောင်းရမယ့်အချိန်ပဲ...”
ကျောက်သားစင်မြင့်ထက်တွင် ယင်တစ္ဆေဂိုဏ်းမှ ရာပြည့်တစ္ဆေက ဖြည်းဖြည်းချင်း ထွက်ရပ်လာပြီး သုန်မှုန်ခက်ထန်သောအမူအရာတစ်ခုနှင့် ဆူဇီမိုကိုစိုက်ကြည့်လိုက်၏။
နောက်ထပ်အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်း ကိုလံဘတ်မီးလျှံတောင်ကြားမှ တာအိုသက်ရှိ မီးလျှံနေမင်းကလည်း ရုတ်တရက် မီးတောက်များကို ထုတ်ဖော်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“မင်းက... မဟာချွမ်အပျက်အစီးတိုက်ပွဲမှာ ငါတို့ဂိုဏ်းက ဂိုဏ်းသားတွေကိုလည်း သတ်ဖြတ်ခဲ့တယ်... အခုက မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ့်အချိန်ပဲ...”
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်းမှ တာအိုသက်ရှိ ကျိမူ... မြောက်ပိုင်းဒေသ၏ အမွှာဓားထဲမှ တစ်ယောက်က ထက်ရှသော အကြည့်နှင့်အတူ ရုတ်တရက်ပြောဆိုလိုက်၏။
“မဟာချွမ်အပျက်အစီးမှာတုန်းက မင်းက ငါတို့ဂိုဏ်းက ပြိုင်စံရှားတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်... ငါက ငါရဲ့သုံးပေအစိမ်းရောင်ဓားကို မင်းအပေါ်မှာ စမ်းသပ်ကြည့်ချင်နေတာ အတော်ကြာနေခဲ့ပြီ...”
အဲ့ဒါက သာမန်ကာလျှံကာ မှတ်ချက်များသာဖြစ်လေသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကဆိုလျှင် လက်ရှိဘယ်ပြိုင်စံရှားကများ ဆူဇီမိုကို စိန်ခေါ်ရဲခဲ့လို့လဲ...။
သို့သော် ယခုအခါမှာတော့ ပြိုင်စံရှားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ရပ်လာပြီး စိမ်းသက်သောအမူအရာများနှင့် ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ ဆူဇီမိုကို စိုက်ကြည့်ကာ အကြောင်းပြချက်ပေါင်းစုံဖြင့် အော်ဟစ်ပြောဆိုလာခဲ့လေသည်။
တကယ်တော့.. ကောင်းကင်ထိုးဖောက်ဓားဂိုဏ်းမှ ပြိုင်စံရှားသည် ဆူဇီမို၏လက်ထဲမှာ သေဆုံးခဲ့ရသည်မဟုတ်ဘဲ တူကူကျန့်၏ ဓားချက်အောက်မှာ သေဆုံးခဲ့ရခြင်းဖြစ်လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူတို့က ဆူဇီမိုအပေါ် အပြစ်ပုံချလိုက်လေသည်။
ယုဝမ်ဝူရွှမ်းသည် လှောင်ပြောင်သရော်လိုသော မျက်လုံးများနှင့်အတူ သန့်စင်သောရွှေခြင်္သေ့ပေါ်မှာစီးနင်းပြီး အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်လေသည်။
သူက ဘာမှလုပ်စရာပင် မလိုအပ်ပေ...။ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်က နင်းချေဖျက်ဆီးခံရတော့မည်ပင်။
တာအိုသက်ရှိ လေမီးတောက်ကလည်း ဖြည်းဖြည်းချင်းထရပ်ပြီး တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... တကယ်တော့ မင်းက ဒီနေရာကို မလာခဲ့သင့်ဘူး”
“မင်းကလည်း... တိုက်ခိုက်ချင်တာလား...”
ဆူဇီမိုက ပြုံး၍ မေးလိုက်လေသည်။
“တာအိုသက်ရှိဖန်သားက မင်းရဲ့လက်ထဲမှာ သေခဲ့ရတာ... ငါက မင်းကို သတ်လိုက်မယ်ဆိုရင် ငါက ဖန်သားနန်းတော်ရဲ့ ဒီဘက်မျိုးဆက် မည်ကာမတ္တတပည့်ဖြစ်လာလိမ့်မယ်”
တာအိုသက်ရှိ လေမီးတောက်၏အသံက သတ်ဖြတ်လိုစိတ်တစ်စွန်းတစ်စကို သယ်ဆောင်လာခဲ့၏။
လူအုပ်ကြီးက အရူးအမူးဖြစ်လာကြ၏။
အခြေအနေက လျင်မြန်စွာ ပြောင်းလဲလာနေလေသည်။ ဆူဇီမိုက လူတိုင်း၏ ပစ်မှတ် ဖြစ်လာခဲ့၏။
လူအုပ်ကြီးထဲတွင်... ဦးလေးကျန့်က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။
“မင်းသမီး... ခင်ဗျားက စိတ်အေးအေးထားလို့ရပြီ...”
ဦးလေးကျန့်က တီးတိုးပြောဆိုလိုက်၏။
“အထီးကျန်သိုင်းသခင်က မောက်မာလွန်းပြီးတော့ စိတ်ကြီးဝင်လွန်းတယ်... သူက အခြေအနေကိုတောင် အကဲမဖြတ်တတ်ဘူး.. ခင်ဗျားက ဘာမှမလုပ်ရင်တောင် အဲ့ဒီပြိုင်စံရှားတွေက သူ့ကိုသတ်ကြလိမ့်မယ်”
“အင်း...”
ယွီလန်က စိတ်အာရုံပျံ့လွင့်စွာဖြင့် ပြန်ဖြေလိုက်၏။
သူမ၏ အင်ပါယာကို ပြန်လည်ထူထောင်ဖို့အတွက် အကြီးမားဆုံးအဟန့်အတားက အရှင်းခံရတော့မည်ဖြစ်သည့်အတွက် သူမက ကျေနပ်နှစ်ခြိုက်သင့်လေသည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိ ထိုအချင်းအရာကိုမြင်သောအခါ သူမတွေးထင်ထားသကဲ့သို့ ဝမ်သာပျော်ရွှင်မှုကို မခံစားရပေ။
တာအိုတွေ့ဆုံပွဲမှာ ဓမ္မဝိသေသ တာအိုအရှင်များစွာကလည်း ရှိနေကြ၏။
သို့သော်လည်း မည်သူကမှထွက်မလာခဲ့ကြပေ။
သူတို့သည် စိတ်ဝိညာဥ်အသိစိတ်ဖြင့်သာ ဆက်သွယ်ပြောဆိုပြီး ဘေးကနေအေးစက်စွာစောင့်ကြည့်နေကြ၏။
လွန်ခဲ့သည့်ဆယ်နှစ်က နဂါးသင်္ချိုင်းတောင်ကြားတွင် များစွာသောစွမ်းအားကြီးပုဂ္ဂိုလ်များ မည်သို့မည်ပုံတိုက်ခိုက်ခံခဲ့ရသည်ကို သူတို့က ကောင်းကောင်းသိထားကြလေသည်။
တာအိုသက်ရှိ အထီးကျန်သိုင်းသခင်မှာ မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ နောက်ခံရှိလေသည်။
ဒါ့အပြင် မျိုးနွယ်စုခေါင်းဆောင်က အဆင့်တူချင်းကြားတိုက်ပွဲမှာဆိုလျှင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးလေသည်။
သို့သော်လည်း အဆင့်ကြီးတစ်ဆင့်သာလွန်သော မည်သည့်ဂိုဏ်းမှ မည်သည့်ကျင့်ကြံသူမဆို အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ကြိုးစားမည်ဆိုလျှင် ထိုမျိုးနွယ်စုခေါင်းဆောင်က လက်စားချေလာပေလိမ့်မည်။
“ငါတို့က ဘေးကနေဒီတိုင်း စောင့်ကြည့်နေရုံပေါ့...”
တာအိုအရှင် မူယွီသည် သွမ့်မူရှေးတော်ဝင်မိသားစုမှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ဖြစ်လေသည်။
အိုးယန်ရှေးတော်ဝင်မိသားစုမှ ဓမ္မဝိသေသ ပညာရှင်တစ်ယောက်ဖြစ်သော တာအိုအရှင် ပိုင်လင်းကလည်း ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
“အဲ့ဒါအမှန်ပဲ... ဒီနေရာမှာ ဒီလောက်များတဲ့ မူလနတ္ထိ တာအိုသက်ရှိတွေ စုစည်းနေကြမှတော့ အထီးကျန်သိုင်းသခင်က ဒီနေ့သေချာပေါက်သေရလိမ့်မယ်”
သူတို့အတွက်တော့... ယုဝမ်ဝူရွှမ်းနှင့် တာအိုသက်ရှိလေမီးတောက်တို့လို အနှိုင်းမဲ့ပြိုင်စံရှားများကိုအသာထား... လူတိုင်းက ဆူဇီမိုကို တိုက်ခိုက်လာမည်ဆိုလျှင် ထိုသူက ခြေကုန်လက်ပန်းကျ၍ သေဆုံးရပေလိမ့်မည်။
ကျောက်သားစင်မြင့်ထက်တွင်...
များစွာသော မူလနတ္ထိပြိုင်စံရှားများ၏ သတ်ဖြတ်လိုစိတ်နှင့်ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါက... ဒီနေရာကို ယုဝမ်ဝူရွှမ်းအတွက်ရောက်ရှိလာတာပဲ.. မဆိုင်တဲ့လူတွေက ဝင်မပါကြရင် ပိုကောင်းလိမ့်မယ်...”
သူ၏စကားက စိတ်ရင်းစေတနာဖြင့် အမှန်တကယ်သတိပေးလိုက်ခြင်း ဖြစ်လေသည်။
သူသည် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲသို့ ရောက်လာခြင်းမှာ ရည်ရွယ်ချက်နှစ်ခုသာ ရှိလေသည်။ ယုဝမ်ဝူရွှမ်းနှင့် ဖန်သားနန်းတော်မှာ တာအိုသက်ရှိရွှမ်ယွီ.... ။
သို့သော်လည်း လူအချို့သည် ဆူဇီမို၏သတိပေးချက်အပေါ် အလေးထားမှု မရှိကြပေ။
“အထီးကျန်သိုင်းသခင်...ဒါက မြောက်ပိုင်ဒေသတာအိုတွေ့ဆုံပွဲပဲ... မင်းက ဒီနေရာမှာလာပြီး မောက်မာလို့မရဘူး...”
မူလနတ္ထိတစ်ယောက်က ထရပ်လာပြီး ဆူဇီမိုထံသို့ လျှောက်လှမ်းလာလေသည်။ ထိုသူ၏မျက်လုံးများက တုန်လှုပ်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ နေ ၊ လနှင့် ကြယ်များကို ဆင့်ခေါ်နိုင်သည်ဟု ထင်ရလေသည်။
“အဲ့ဒါက ကြယ်တာရာလမင်းဂိုဏ်းက တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာပဲ...”
“တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာက အသက်တစ်ရာပဲ ရှိသေးတယ်လို့ ငါကြားမိတယ်.. သူက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မူလနတ္ထိအဆင့်ကို ရောက်နေပြီ... သူက အနာဂတ်မှာ တောက်ပမယ့် ကြယ်တစ်ပွင့်ပဲ...”
ကျင့်ကြံသူအချို့က တီးတိုးပြောဆိုလိုက်ကြ၏။
ကျောက်သားစင်မြင့်ထက်တွင် ဆူဇီမိုက တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာကို လှည့်ပင်မကြည့်ဘဲ မလှုပ်မယှက်မတ်တတ်ရပ်နေ၏။
တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာသည် သူက အထင်အမြင်သေးခံရသည်ဟု ခံစားရပြီး ဒေါသထွက်လာခဲ့၏။ သူက အကဲစမ်းလိုစိတ်မရှိတော့ဘဲ ကြယ်တာရာလမင်းဂိုဏ်း၏ လျှို့ဝှက်အတတ်ကို ချက်ချင်းထုတ်ဖော်လိုက်၏။
သူသည် သူ၏သတ်ဖြတ်ကွက်ကို ထုတ်ဖော်ပြီး ဆူဇီမိုကို မည်သည့် တုံ့ပြန်ခွင့်မှမပေးဘဲ လက်စဖြတ်ချင်လေသည်။
တစ်ချက်တည်းနဲ့ အပြီး သတ်ဖြတ်ခြင်း...
တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာရှေ့တွင် လျှို့ဝှက်အတတ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ ရှေးကျသောဧရာမကြယ်တစ်စင်းက ဖြည်းဖြည်းချင်း လည်ပတ်လာပြီး စွမ်းအားကြီးသော အော်ရာတစ်ခုနှင့်အတူ ဖိချေသက်ဆင်းလာခဲ့၏။
ထိုစဥ်မှာပင် နန်းကြည်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။