အဆင့်တူရင် ပြိုင်ဘက်ကင်းတယ်
Vol. 77 Ch. 1152
ရက်စက်ကြမ်းကြုတ်သော အော်ရာတစ်ခု ဖြာထွက်နေသည့် ဧရာမ ကြယ်တစ်စင်းသည် ဝုန်းခနဲ မြည်သံနှင့်အတူ ရောက်ရှိလာခဲ့၏။
နန်းကြည်က ရှေ့သို့ လျှောက်လှမ်းပြီး မည်သည့် ဓမ္မပညာရပ်ကိုမှ ထုတ်ဖော်အသုံးပြုခြင်း မရှိပေ။ သူမက သူမ၏ လက်သီးနှစ်ဖက်ကိုသာ ဆုပ်ပြီး ရွှေရောင်အလင်းဖြင့် တောက်ပနေသော သူမ၏ သွေးချီကို ပေါက်ကွဲထွက်ပေါ်လာစေလေသည်။
သူမသည် လက်သီးကို ဆုပ်ပြီး ပစ်ထိုးချလိုက်၏။
ဤကြယ်နှင့် ရင်ဆိုင်ရချိန်တွင် နန်းကြည်၏ လက်သီးသည် မီးပွားတစ်ခုကဲ့သို့ သေးငယ်နေလေသည်။
သို့သော်လည်း.. ထိုမီးပွားသည် ဧရာမ ကြယ်နှင့် ထိတွေ့ရိုက်ခတ်သောအခါ.. ကမ္ဘာတုန်လောက်သော မြည်ဟိန်းသံက ထွက်ပေါ်လာခဲ့၏။
ဝုန်း…
ကြီးမားသည့် တုန်ခါလှိုင်းတစ်ခုက အဘက်ဘက်သို့ ဖြန့်ကြက်သွားခဲ့၏။
နန်းကြည်သည် ခြေတစ်လှမ်းမှ နောက်ဆုတ်ခြင်း မရှိဘဲ သူမ၏ ရွှေရောင်ဆံပင်က တဖျပ်ဖျပ်လွင့်နေ၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ရုတ်တရက်.. ကြောက်စရာကောင်းသော အက်ကွဲသံများက တိုက်ပွဲနယ်မြေမှာ ထွက်ပေါ်လာခဲ့၏။
အားလုံး၏ အကြည့်အောက်တွင် ဧရာမ ကြယ်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး လျင်မြန်စွာ ဖြန့်ကြက်လာလေသည်။
အဲဒါက ကြယ်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့၏။
ဝုန်း…
ထို့နောက် ချက်ချင်းပင်.. ကြယ်က ပေါက်ကွဲသွားပြီး ဓမ္မစွမ်းအားဖြင့် ဖွဲ့စည်းထားသော ကျောက်သားများသည် အပိုင်းပိုင်း ကြေမွ၍ အဘက်ဘက်သို့ လွင့်ပျံကာ ဖုန်များကို တထောင်းထောင်း ထသွားစေလေသည်။
ထိုကဲ့သို့သော ပြင်းထန်သည့် ရိုက်ချက်ကို လက်ခံရရှိပြီးနောက်.. တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာ၏ မျက်နှာက သွေးဆုတ်သွားခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ် တုန်ယင်သွားပြီး နောက်သို့ လွင့်ပျံကျကာ သွေးများကို ထွေးထုတ်လိုက်ရ၏။
“နင့်ကိုနင် ဘာကောင်ထင်နေလို့ ငါ့သခင်လေးကို လာပြီး တိုက်ခိုက်ရဲတာလဲ”
နန်းကြည်က စိတ်ပျက်ညိုးငယ်သော အမူအရာတစ်ခုဖြင့် မြေပြင်ပေါ်မှာ လဲပြိုကျဆင်းနေသော တာအိုသက်ရှိ ကြယ်တာရာတိမ်လွှာကို ကြည့်ပြီး အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်၏။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်အာရုံက ရွှေရောင်ဆံပင်နှင့် မိန်းကလေးအပေါ် ကျရောက်လို့ လာခဲ့လေသည်။
သည့်ယခင်က ဆူဇီမို၏ ပေါ်ထွက်လာမှုနှင့် အထီးကျန်သိုင်းသခင်ဟူသော ဘွဲ့သည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့၏။ လူတိုင်းနီးပါးက သူ့ဘေးရှိ လူနှစ်ယောက်နှင့် တောကောင်တစ်ကောင်ကို အာရုံစိုက်ခဲ့ခြင်း မရှိကြပေ။
ယခု ဤအခိုက်အတန့်မှာသာလျှင်.. ဤမိန်းကလေးက သွားရှုပ်လို့ ရသည့် တစ်စုံတစ်ယောက် မဟုတ်ကြောင်း လူတိုင်းက နားလည်လာခဲ့ကြ၏။
လူတိုင်းကို အံ့အားအသင့်စေဆုံး အရာမှာ ဤကဲ့သို့ ချောမောလှပ၍ စွမ်းအားကြီးမားသော မိန်းမပျိုလေးက အထီးကျန်သိုင်းသခင်၏ အစေခံမလေးတစ်ဦး ဖြစ်နေသည့်ပုံပင်။
ယွီလန်က ကြက်သေသေနေ၏။
အစွယ်မရှိဟု ထင်ရပြီး သူတို့နှင့် တစ်လမ်းလုံး လိုက်ပါလာခဲ့သော ချစ်စရာကောင်းသည့် မိန်းကလေးသည် တကယ်ပင် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့လေသည်။
ကြယ်တာရာလမင်းဂိုဏ်းမှ ပြိုင်စံရှားသည် နန်းကြည်ထံမှ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။
နတ်ဘုရားမျိုးနွယ်မှ မျိုးဆက်သွေးက နန်းကြည်၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေလေသည်။
ထိပ်သီးပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားအချို့ကလွဲလျှင် အဆင့်တူချင်းမှာ နန်းကြည်သည် လူတိုင်းနီးပါးကို ရှင်းပစ်နိုင်လေသည်။
“မဆိုးဘူး.. မဆိုးဘူးဟေ့”
ယုဝမ်ဝူရွှမ်းက တည်ငြိမ်နေသော အမူအရာဖြင့် ပြုံး၍ ပြောလိုက်၏။
“ခြင်္သေ့လေး.. မင်းရဲ့ အကူနှစ်ယောက်က အတော်လေးတော့ သန်မာသားပဲ”
“ယုဝမ်.. ငါ့ရဲ့ စွမ်းရည်က လုံလောက်အောင် မပြည့်ဝခဲ့လို့ ငါ့ရဲ့ခြေထောက်က မင်းရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်ဆိုတာ ငါဝန်ခံတယ်”
ရွှေခြင်္သေ့က အံကို တင်းတင်းကြိတ်လိုက်၏။
“မင်းက ခယ်ခယ့်ကို ငါ့ဆီ ပြန်ပေးမယ်ဆိုရင်.. ငါက အခုချက်ချင်း ထွက်သွားပေးမယ်”
“ရတယ်လေ”
ယုဝမ်ဝူရွှမ်းက လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ငါ့ရှေ့မှာ လာပြီး ဒူးထောက်တောင်းပန်လိုက်”
“ဟားဟားဟားဟား”
“မိစ္ဆာသားရဲတစ်ကောင်က မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ် တာအိုသက်ရှိနဲ့ တကယ်ပဲ လာရောက်ညှိနှိုင်းရဲတယ်ပေါ့.. တကယ့်ဟာသပဲ”
လူအုပ်ကြီးထဲမှ နားကြားပြင်းကတ်စရာကောင်းသော ရယ်မောသံများက ထွက်ပေါ်လာခဲ့၏။
ညဝိညာဉ်၏ အကြည့်က အေးစက်လာခဲ့လေသည်။
နန်းကြည်ကလည်း ဒေါသတကြီး စိုက်ကြည့်လာခဲ့၏။
ရွှေခြင်္သေ့၏ အမူအရာသည် ကြမ်းကြုတ်ခက်ထန်လာပြီးနောက်.. သူ၏မျက်လုံးများက လွန်ဆွဲနေသည့်ပုံ ပေါ်နေ၏။
ခဏမျှ ငြိမ်သက်နေပြီးနောက်.. သူက နောက်ဆုံး ခေါင်းကိုငုံ့၍ ယိုင်လဲကျတော့မည့်ပုံပင်။
“ခြင်္သေ့ မလုပ်..”
သန့်စင်သော ရွှေခြင်္သေ့မက ဤမြင်ကွင်းကို မကြည့်ရက်တော့ပေ။
သို့သော်လည်း သူမက ပါးစပ်ဟလိုက်သည့် ခဏမှာပင် ယုဝမ်ဝူရွှမ်းက အတွေးတစ်ချက်နှင့်အတူ သူမ၏ ပါးစပ်ကို ချိတ်ပိတ်လိုက်လေသည်။
သူမသည် ယုဝမ်ဝူရွှမ်းနှင့်အတူ သွေးသစ္စာတစ်ခု ကျိန်ဆိုထားခဲ့ပြီးလေပြီ။
သူသည် သန့်စင်သော ရွှေခြင်္သေ့ကို အတွေးတစ်ချက်နှင့်အတူ သတ်ဖြတ်နိုင်လေသည်။
ယုဝမ်ဝူရွှမ်းသည် ရွှေခြင်္သေ့၏ ပြုမူပုံကို ကြည့်ပြီး သူ၏ မျက်လုံးထဲရှိ အပြုံးက ပိုမိုနက်ရှိုင်းလာခဲ့၏။
“မင်းက နားလည်မှု လွဲကောင်းလွဲနေလိမ့်မယ်.. ငါက မင်းကိုပဲ ပြောတာ မဟုတ်ဘူး.. မင်းတို့ လေးယောက်စလုံးက ငါ့ရှေ့မှာ လာပြီး ဒူးထောက်တောင်းပန်ရမယ်”
လူအုပ်ကြီးထဲရှိ ရယ်မောသံများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။
လူတိုင်းက ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာခဲ့လေသည်။
မုန်တိုင်းတစ်ခုက ဆင်းသက်လာတော့မည့်အလားပင်။
သားရဲတောကောင်ကို ဒူးထောက်ခိုင်းတာက ကိစ္စမရှိပေ။
သို့သော်လည်း ယုဝမ်ဝူရွှမ်းသည် တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ကိုပါ သူ့ရှေ့မှာ ဒူးထောက်ခိုင်းနေလေသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကဆိုလျှင် မူလနတ္ထိများကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် တာအိုသက်ရှိ အထီးကျန်သိုင်းသခင် ရှေ့မှာ ဤကဲ့သို့ ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
“သိပ်ကောင်းတယ်.. ငါ နာမည်တစ်ခု ရလာပြီးကတည်းက ငါ့ရှေ့မှာ ဘယ်သူကမှ အဲဒီစကားကို မပြောရဲတော့ဘူး”
ဆူဇီမိုက ယုဝမ်ဝူရွှမ်းကို အေးစက်စွာ ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“မင်းကတော့ ပထမဆုံးလူပဲ”
“ဏီ..”
ဆူဇီမိုက ရုတ်တရက် သူ၏ပါးစပ်ကို ဖွင့်ဟ၍ ဂါထာမန္တန်တစ်သံကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင်.. ဧရာမ ရွှေရောင်လက်ဝါးတစ်ဖက်က ယုဝမ်ဝူရွှမ်း၏ ဘေးမှာ ပေါ်ထွက်လာပြီး သူ့အပေါ်သို့ ရက်ရက်စက်စက် ဖိချေကျဆင်းလာခဲ့၏။
“ရှေ့ကို တက်စမ်း..”
ယုဝမ်ဝူရွှမ်းက ဆူဇီမိုထံသို့ ပြေးဝင်ဖို့အတွက် သန့်စင်သော ရွှေခြင်္သေ့ကို စေခိုင်းလိုက်လေသည်။
သန့်စင်သော ရွှေခြင်္သေ့က သူနှင့်အတူ သွေးသစ္စာ ကျိန်ဆိုထားသည့်အတွက် သူမက သူ့ကို သစ္စာဖောက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုအခိုက်အတန့်တွင် သန့်စင်သော ရွှေခြင်္သေ့သည် သွေးသစ္စာကျိန်ဆိုခြင်းကို ဖောက်ဖျက်ရမည် ဆိုလျှင်တောင် သူမက နေရာမှာပင် မလှုပ်မယှက် ရပ်နေ၏။ အဲဒါက သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများကို ပြောင်းပြန်စီးဆင်းစေပြီး သူမကို သေဆုံးစေပေလိမ့်မည်။
“တောကောင်.. နင် ဘယ်လိုတောင်…”
ယုဝမ်ဝူရွှမ်းက ဒေါသူပုန်ထသွားခဲ့၏။
“မာ.. “
ထိုစဉ်မှာပင် နောက်ထပ် ဂါထာမန္တန် အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
သားရဲနှိမ်နင်းချိပ်စည်း..
“ဥုံ.. “
တတိယမြောက် ဂါထာမန္တာန်အသံက ထွက်ပေါ်လာခဲ့၏။
မိစ္ဆာနှိမ်နင်းချိပ်စည်း…
ဓမ္မချိပ်စည်း သုံးခုနှင့် မန္တန် သုံးသံသည် နေရာတစ်ခွင် မြည်ဟိန်းသွားပြီး ယုဝမ်ဝူရွှမ်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ မွန်းကျပ်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်၏။
အစကတော့.. ယုဝမ်ဝူရွှမ်းသည် သူ၏ အသိစိတ်ကို သုံးပြီး သန့်စင်သော ရွှေခြင်္သေ့ကို သတ်ဖြတ်ချင်မိလေသည်။
သို့သော်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူက စိတ်အာရုံ ပျက်ယွင်းဖို့ကို မတတ်နိုင်တော့ပေ။
တာမင်းသုတ္တန်များနှင့်အတူ ပေါင်းစပ်၍ တာမင်းဓမ္မချိပ်စည်း သုံးခု၏ တိုက်ခိုက်ရေးစွမ်းအားသည် သူတို့၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့လေသည်။
ယုဝမ်ဝူရွှမ်းသည် မဆင်မခြင် မပြုမူရဲပေ။ လေထဲသို့ ခုန်တက်ပြီး လက်ဟန်ချိပ်စည်းများကို လက်နှစ်ဖက်ဖြင့် ဆင့်ခေါ်ကာ ဟိန်းဟောက်လိုက်၏။
“ယင်လေ နတ်ဘုရားခုတ်ချက်”
ဓမ္မစွမ်းအားများဖြင့် စုဖွဲ့ထားသော ထက်ရှသော ဆေဘာအလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ သူတို့က ဝင်းလက်တောက်ပနေပြီး သူ့ထံသို့ ချဉ်းကပ်လာသော ရွှေရောင်လက်ဝါး သုံးဖက်ကို လှီးဖြတ်ခုတ်ပိုင်းလိုက်လေသည်။
“ပြိုကွဲစမ်း”
ယုဝမ်ဝူရွှမ်းသည် သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမ ပုဆိန်တစ်လက်ကို ထုတ်ယူပြီး ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။
ဘုန်း..
ရွှေရောင် ဗုဒ္ဓလက်ဝါးများက ရွှေရောင်အလင်းစက်များအဖြစ် ကြေမွသွားလေသည်။
ယုဝမ်ဝူရွှမ်းက လှုပ်ရှားမှု ပြုလုပ်တော့မည့်ဆဲဆဲမှာပင်.. ဆူဇီမို၏ တိုက်ခိုက်မှုက မိုးသက်မုန်တိုင်းတစ်ခုကဲ့သို့ တစ်ဖန်ဆင်းသက်လာခဲ့၏။ သူက ယုဝမ်ဝူရွှမ်းကို အသက်ရှူခွင့်ပင် ပေးမထားပေ။
ဇီး…
မနှိုင်းယှဉ်သာအောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော ဓားချီတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းက နေရာတစ်ခွင် ဖြန့်ကြက်သွားခဲ့လေသည်။
ကောင်းကင်ထက်တွင် ကြယ်များက ပြည့်နှက်လာပြီး ဝရုန်းသုန်းကား ပုံစံဖြင့် လှုပ်ရှားလာလေသည်။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ..
အဲဒါက ဆူဇီမိုတွင် ရှိသော ဓမ္မပညာရပ်များစွာထဲမှ ကြောက်စရာအကောင်းဆုံး လှုပ်ရှားကွက်တစ်ကွက် ဖြစ်လေသည်။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ.. သူသည် ဓားချီသုံးခုကို ဆက်တိုက်ထုတ်ဖော်နိုင်လေသည်။
သို့သော်လည်း ဆူဇီမိုက အားလုံးကို တစ်ခါတည်း မထုတ်ဖော်ခဲ့ပေ။
ဓားချီသုံးခု၏ သတ်ဖြတ်ခြင်းစွမ်းအားက အရမ်းကို ကြောက်စရာကောင်းလေသည်။
ယုဝမ်ဝူရွှမ်းက ချက်ချင်းလက်ငင်း သေဆုံးသွားမည်ကို သူက စိုးရိမ်လေသည်။
ယုဝမ်ဝူရွှမ်းသည် သန့်စင်သော ရွှေခြင်္သေ့နှင့် သွေးသစ္စာတစ်ခု ကျိန်ဆိုထားခဲ့လေသည်။ ဆူဇီမိုက သူ့ကို တိုက်ရိုက်သတ်ဖြတ်လိုက်မည်ဆိုလျှင် သန့်စင်သော ရွှေခြင်္သေ့၏ အမြုတေစိတ်ဝိညာဉ်သည် ဒဏ်ရာ အပြင်းအထန် ရရှိသွားပေလိမ့်မည်။
ဒါ့အပြင် သူက ယုဝမ်ဝူရွှမ်းကို တိုက်ရိုက်သတ်ဖြတ်လိုက်မည် ဆိုလျှင်တောင် သူသည် ရွှေခြင်္သေ့၏ စိတ်နှလုံးထဲရှိ အထုံးကို ဖြေထုတ်ပေးနိုင်ချင်မှ ပေးနိုင်ပေလိမ့်မည်။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ထွက်ပေါ်လာသည့်အခါ လူတိုင်းက တုန်လှုပ်သွားရလေသည်။
. . .
လက်ရှိ မူလနတ္ထိများကို မဆိုထားနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် တုန်လှုပ်သွားပြီး စိုးရိမ်ပူပန်သည့် အမူအရာများ ထွက်ပေါ်လာကြ၏။
ဓားချီ၏ ထက်ရှမှုက သူတို့ကိုပင် ခြိမ်းခြောက်လာသည်ဟု ခံစားလာရလေသည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓားချီလဲ”
“တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ရဲ့ ဓမ္မပညာရပ်တွေက အဲ့လောက်တောင် ကြောက်စရာကောင်းတာလား”
. . .
“ဟမ့်”
ရုတ်တရက်.. ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်က သူ့ရဲ့ ခန္ဓာကိုယ်ကို ပျက်စီးဆုံးရှုံးပြီးတဲ့နောက်.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ လျော့ကျသွားမယ်လို့ မင်းတို့က ထင်နေကြတယ်မလား.. ဒါပေမဲ့လို့ အဲဒီမှာ မင်းတို့ သိမှာ မဟုတ်တဲ့ အချက်တစ်ချက် ရှိသေးတယ်”
“ဘာလဲ”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးမြန်းလိုက်၏။
အဆိုပါ ကျင့်ကြံသူက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“တာအိုအမွေအနှစ်ကုန်းမြေ တိုက်ပွဲမှာတုန်းက.. အထီးကျန်သိုင်းသခင်က သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သားရဲမျိုးဆက်သွေးနဲ့ နတ်ဖီးနစ်အရိုးကြောင့် သူ့ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေး နှစ်ခုစလုံးက ဖိနှိမ်ခံခဲ့ရတယ်”
လွန်ခဲ့သည့် ဆယ်နှစ်က ဤကျင့်ကြံသူသည် တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်ပြီး ကြီးမားသည့် တိုက်ပွဲများကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။
“ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ”
ဘေးဘက်ရှိ ကျင့်ကြံသူများက နားမလည်နိုင်သေးပေ။
အဆိုပါ ကျင့်ကြံသူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ပြောချင်တာကတော့.. အထီးကျန်သိုင်းသခင်က မည်ကာမတ္တတပည့် ရှစ်ယောက်ကို သတ်ဖြတ်ခဲ့တုန်းက သူ့ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးကို လုံးဝ အသုံးမပြုခဲ့ဘူး”
“သူ့ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးက သန်မာလို့ သူက အနီးကပ်တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းနေတယ်လို့ မင်းတို့က တွေးမိကောင်း တွေးမိလိမ့်မယ်.. ဒါပေမဲ့လို့ အထီးကျန်သိုင်းသခင်ရဲ့ ဓမ္မပညာရပ်တွေကလည်း အရမ်းကို စွမ်းအားကြီးမားပြီးတော့ အဆင့်တူချင်းမှာ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ မင်းတို့တွေ မသိကြလောက်သေးဘူး”