မိုးကြိုးအမျက်
Vol. 77 Ch. 1153
ယုဝမ်ဝူရွှမ်းသည် သူ၏လက်ထဲရှိ ဧရာမပုဆိန်ကို လွှဲယမ်းလိုက်လေသည်။ သူက ရှေ့သို့ပြေးတက်လိုက်သည့်ခဏမှာပင် သူ၏အမြင်အာရုံကို ပြိုးပြိုးပြက်ပြက်အလင်းတန်းတစ်ခုက လွှမ်းခြုံသွားလေသည်။
အလွန်တရာထက်ရှသော အော်ရာတစ်ခုက ရှေ့သို့တိုးဝင်လာခဲ့၏။
ထက်ရှမှုက ဆင်းသက်မလာခင်မှာပင် သူ၏ခန္ဓာကိုယ်က နှစ်ပိုင်းဆုတ်ဖြဲခံရတော့မည့်အလား ခံစားလိုက်ရ၏။
“အား....”
ယုဝမ်ဝူရွှမ်းသည် သူ၏ ခေါင်းကိုမော့ပြီး ဟိန်းဟောက်ကာ သူ၏ခန္ဓာကိုယ်ထဲရှိသွေးချီက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
သူ၏မျိုးဆက်သွေးက တဟုန်းဟုန်းထကြွလာခဲ့လေသည်။
သူ၏သွေးချီသည် အဆက်မပြတ်တုန်ခါနေ၏။
အဲ့ဒါက ဆူနာမီသွေးအဆင့်ထက် တစ်ဆင့်သာနိမ့်ပြီး ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်လေသည်။
ယုဝမ်ဝူရွှမ်းသည် ဧရာမပုဆိန်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး သူ၏သွေးချီကို ထုတ်ဖော်လိုက်၏။ သူ၏ကိုယ်တွင်းရှိ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာပြီး သူ၏အနက်ရောင်ဆံပင်က ကခုန်နေလေသည်။ သူ၏မျက်လုံးကို မှေးကျဥ်းပြီး ဝင်ရောက်လာသောဓားချီကို ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက သူ့၏ခွန်အားကုန်ကို ထုတ်ဖော်လိုက်ရစေလေသည်။
ထိုစဥ်မှာပင်ဆူဇီမိုက သူ၏သိုလှောင်အိတ်ကိုပုတ်ပြီး မီးခိုးရောင်တောင်ထွတ်တစ်ခုကို ထုတ်ယူကာ ယုဝမ်ဝူရွှမ်းဆီသို့ ပစ်ပေါက်လိုက်၏။
အဲ့ဒါက ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင် ဖြစ်လေသည်။
သူက ဂမ္ဘီရသံလိုက်တောင်ကို ထုတ်ယူချိန်မှာ အဲ့ဒါက လက်တစ်ဝါးအရွယ်မျှသာရှိပြီး အလွယ်တကူဆုပ်ကိုင်နိုင်လေသည်။ သို့သော်လည်း ဆူဇီမိုက ဓမ္မစွမ်းအားများကိုထိုးသွင်းလိုက်ရင်း ဂမ္ဘီရသံလိုက်တောင်က လေကိုဆန်၍ ပြန့်ကားပြီး လျင်မြန်စွာ ကြီးထားလာခဲ့၏။
တစ်ခဏအတွင်းမှာပင် ၎င်းက တောင်ထွတ်တစ်ခုအသွင်ပြောင်းလဲသွားခဲ့လေသည်။
ဂမ္ဘီရသံလိုက်တောင်က ပို၍ကြီးမားလာလေလေ ၎င်းကနေ ဖြာထုတ်ပေးနေသော သံလိုက်ဓာတ်စွမ်းအားကလည်း ပို၍သန်မာလာလေလေဖြစ်လေသည်။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအရ သူသည် ဂမ္ဘီရသံလိုက်တောင်ကို ပေတစ်ရာအထိ ပြန့်ကားစေနိုင်လေသည်။
အဲ့ဒါက အစစ်အမှန်တောင်ထွတ်တစ်ခုနှင့် ဝေးကွာသေးသော်လည်း ပေတစ်ရာမြင့်မားသော တောင်ထွတ်တစ်ခုရုတ်တရက် ဆင်းသက်လာခြင်းက တုန်လှုပ်စရာကောင်းလေသည်။
အစကတော့ ယုဝမ်ဝူရွှမ်း ကိုင်ဆွဲထားသော ဧရာမပုဆိန်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ထိခတ်နိုင်လေသည်။
သို့သော်လည်း ဂမ္ဘီရသံလိုက်တောင်၏ ပေါ်ထွက်လာမှုကြောင့် ၎င်းသည် စွမ်းအားကြီးသော သံလိုက်ဓာတ်စွမ်းအားကို ထုတ်ဖော်ပြီး သူ၏ဧရာမပုဆိန်ကို မူလ လမ်းကြောင်းကနေ သွေဖယ်သွားစေလေသည်။
ယုဝမ်ဝူရွှမ်း၏ သွေးချီက သန်မာပြီး ဂမ္ဘီရသံလိုက်တောင်၏ စုပ်ယူအားနှင့်ပင်လျှင် သူက ဟန်ချက်ကို ထိန်းထားနိုင်ဆဲ ဖြစ်လေသည်။
သို့သော်လည်း သူ့လက်ထဲရှိ ဧရာမပုဆိန်က အနည်းငယ်ရွေ့လျားသွားပြီး ဝင်ရောက်လာသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် အနည်းငယ် လွဲချော်သွားခဲ့၏။
အဲ့ဒါက အနည်းငယ်မျှသာဖြစ်သော်လည်း တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပေးဖို့လုံလောက်လေသည်။
ယုဝမ်ဝူရွှမ်း၏ အမူအရာကပြောင်းလဲသွားခဲ့၏။
ဖျတ်ခနဲဆို သူက အကောင်းဆုံးဆုံးဖြတ်ချက်ကို ချလိုက်လေသည်။
သူက သူ့လက်ထဲရှိ ဧရာမပုဆိန်ကို လက်လွှတ်လိုက်၏။ ဧရာမပုဆိန်သည် သူ၏မူပိုင်ဓမ္မလက်နက်ဖြစ်ပြီး သူ့လက်ထဲတွင် သိပ်သည်းပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်ဖော်ပေးနိုင်လေသည်။ သို့သော်လည်း ဂမ္ဘီရသံလိုက်တောင်၏ လွှမ်းခြုံမှုအောက်တွင် သူ၏မူပိုင်ဓမ္မလက်နက်က သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့လေသည်။
သူက ထိုကဲ့သို့သော ပုံစံဖြင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ခုခံနိုင်တော့မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ယုဝမ်ဝူရွှမ်းသည် ဧရာမပုဆိန်ကို အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး သူ၏သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် ဘယ်ဘက်လက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ညာဘက်လက်ဖြင့် သိုလှောင်အိတ်ထဲကနေ အဆောင်လက်ဖွဲ့တစ်ချို့ကို ထုတ်ယူကာ ချိုးချေလိုက်လေသည်။
ဝှစ်.. ဝှစ်.. ဝှစ်..
ခုခံရေးအကာအရံအလွှာများက သူ့ရှေ့တွင် ဆက်တိုက်ထွက်ပေါ်လာပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကို ခုခံဖို့ကြိုးစားလိုက်၏။
ဖောက်.. ဖောက်...ဖောက်...
သို့သော်လည်း... ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ရင်ဆိုင်ရချိန်တွင် ထိုအဆောင်လက်ဖွဲ့များသည် စက္ကူများကဲ့သို့ တစ်လွှာပြီးတစ်လွှာ ထိုးဖောက်ခံလိုက်ရ၏။
“သုံးမြှောင်ဓမ္မကြေးမုံခြောက်စုံ...”
ထိုသို့နှောင့်နှေးကြန့်ကြာမှုနှင့်အတူ ယုဝမ်ဝူရွှမ်း၏ ဓမ္မပညာရပ်က ထွက်ပေါ်လာခဲ့လေပြီ။
သန့်စင်၍လုံးဝိုင်းသော ရွှေရောင်ကြေးမုံတစ်ခုက သူ၏လက်ဖဝါးထဲမှာ ပေါ်ထွက်လာခဲ့၏။ လျှို့ဝှက်ဆန်းကြယ်သောအင်းကွက်များကို ၎င်းပေါ်မှာ ခတ်နှိပ်ထားပြီး ၎င်းက အဆက်မပြတ် လည်ပတ်၍ အလျှံညီးညီးအလင်းတစ်ခုကို ထုတ်ပေးလာခဲ့လေသည်။
ဆပ်တိုက်ထွက်ပေါ်သော လှုပ်ရှားကွက်များသည် ယုဝမ်ဝူရွှမ်း၏ သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အား ၊ ထက်ရှသော ပါရမီနှင့် ထူးချွန်ပြောင်မြောက်သော နည်းစနစ်များကို ထုတ်ဖော်ပြသခဲ့လေသည်။
သူသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ် တာအိုသက်ရှိဘွဲ့ကို ခံယူဖို့ တကယ်ပင်ထိုက်တန်လေသည်။
သို့သော်လည်း ယုဝမ်ဝူရွှမ်း မြင့်မားတိုးတက်လာခဲ့သည်မှာ မကြာသေးပေ။ အလွန်ဆုံး အဲ့ဒါက ဆယ်နှစ်သာလျှင် ရှိသေးလေသည်။
လွန်ခဲ့သည့်ဆယ်နှစ်က ဘာတွေဖြစ်ပျက်ခဲ့သလဲ....
ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အသန်မာဆုံး မူလနတ္ထိများဖြစ်သော မည်ကာမတ္တတပည့် ၈ ယောက်သည် တာအိုအမွေအနှစ်ကုန်းမြေတွင် ဆူဇီမို၏လက်ချက်ဖြင့် သေဆုံးခဲ့ရလေသည်။
ယုဝမ်ဝူရွှမ်း မြင့်မားတိုးတက်လာရသည့်အကြောင်းအရင်းမှာလည်း တာအိုသက်ရှိဖန်သားက ဆူဇီမို၏လက်ထဲမှာ သေဆုံးခဲ့သောကြောင့် ဖြစ်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် တာအိုသက်ရှိဖန်သားသာ ရှိနေသေးပါက ယုဝမ်ဝူရွှမ်းက ဤကဲ့သို့ ဝံ့ကြွားနေနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆယ်နှစ်ကြာပြီးနောက် တာအိုအမွေအနှစ်ကုန်းမြေတွင် မည်ကာမတ္တတပည့် ၈ ယောက်ကို သတ်ဖြတ်ခဲ့ဖူးသော ဆူဇီမိုသည် ပို၍ပင်သန်မာလာခဲ့ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ အဖျက်စွမ်းအားက ပို၍ပင်သိပ်သည်းပြင်းထန်လာခဲ့၏။
ချွမ်း....
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် ခံစစ်အလွှာသုံးခုကို ထိုးဖောက်ပြီး သုံးမြှောင်ဓမ္မကြေးမုံခြောက်စုံ၏ အလယ်ကိုရိုက်ခတ်လိုက်၏။
ဖြောက်ဖြောက်ဖြောက်....
တဖြောက်ဖြောက်မြည်သံနှင့်အတူ သုံးမြှောင်ဓမ္မကြေးမုံခြောက်စုံပေါ်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး အဲ့ဒါက တစ်ခဏအတွင်း ကြေးမုံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
ယုဝမ်ဝူရွှမ်း၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
ဓားချီ၏ သတ်ဖြတ်စွမ်းအားက အရမ်းကိုသန်မာပြီး သူ၏ခုခံရေးအဆောင်သုံးခုနှင့် ခုခံရေးဓမ္မအတတ်တစ်ခုကို ချိုးဖြတ်ဝင်ရောက်လာခဲ့၏။ သို့သော်လည် ကြွင်းကျန်ရစ်သော ထက်ရှမှုက ရပ်တန့်မသွားပေ။
အဲ့ဒီမှာ အများကြီးမလိုအပ်ပေ။ ဆက်တိုက်ဓားချီနှစ်ခုက သူ့ကိုနေရာမှာပင်သတ်ဖြတ်နိုင်လေသည်။
ယုဝမ်ဝူရွှမ်းသည် သူ့ကိုမွန်းကျပ်စေသော သိပ်သည်းပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရ၏။
သူ၏နည်းလမ်းများအားလုံးသည် အထီးကျန်သိုင်းသခင်ထံမှ လှုပ်ရှားကွက်တစ်ခုကိုပင် ခံနိုင်ရည်မရှိသည့်အလားပင်။
အထီးကျန်သိုင်းသခင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ထားပြီး သူ့ခန္ဓာကိုယ်၏ မျိုးဆက်သွေးစွမ်းအားက သေချာပေါက်အားနည်းချက်တစ်ခုဖြစ်နေပေလိမ့်မည်။
ယုဝမ်ဝူရွှမ်းသည် အနားသို့ချည်းကပ်ပြီး ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်ချင်သော်လည်း သူက ထိုသို့မလုပ်နိုင်တော့ပေ။
ဖောက်....
ဓားချီက သုံးမြှောင်ဓမ္မကြေးမုံခြောက်စုံကို ထိုးဖောက်သွားခဲ့လေသည်။
ယုဝမ်ဝူရွှမ်းသည် အဲ့ဒါကို တားဆီး၍ ရှောင်ရှားချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။
ဖောင်း....
သွေးရောင်က ဖြာလက်သွား၏။
ယုဝမ်ဝူရွှမ်း၏ လက်ဖဝါးသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထိုဖောက်ခြင်းခံလိုက်ရ၏။
ဓာချီတွင်ပါဝင်သော သတ်ဖြတ်ခြင်းစွမ်းအားက ဒဏ်ရာတစ်လျှောက် လျင်မြန်စွာပျံနှံ့သွားပြီး သူ့လက်ဖဝါးထဲရှိ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်လိုက်၏။
အပေါ်ယံကြည့်လျှင်တော့... ယုဝမ်ဝူရွှမ်း၏ လက်ဖဝါးက သွေးသံရဲရဲအပေါက်တစ်ပေါက်အဖြစ် ထိုးဖောက်ခံလိုက်ရရုံမျှသာဖြစ်လေသည်။
သို့သော်လည်း တစ်ခဏအတွင်းမှာပင် သူ့လက်ထဲရှိ မရီးဒါန်များနှင့် သွေးကြောများသည် ပြတ်တောက်သွားပြီး အထဲမှာရှိသော အသက်ဓာတ်အားက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
သူ၏လက်ဖဝါးက သုံးစား၍ မရနိုင်တော့ပေ။
ဓားချီက ရပ်တန့်မသွားဘဲ ယုဝမ်ဝူရွှမ်း၏ ရင်ဘတ်ဆီသို့ တိုးဝင်လာခဲ့၏။
ချွမ်း...
ဓားချီသည် သူ၏ကိုယ်ကျပ်ချပ်ဝတ်ပေါ်ကို ဆင်းသက်သွားပြီး ခက်ထန်သည့်အလင်းတစ်ချက်ကို ထွက်ပေါ်လာစေပြီးမှ ပျက်ပြယ်သွားလေသည်။
ကျင့်ကြံသူများက ကြက်သေသေနေကြ၏...။
ဖြစ်စဥ်တစ်ခုလုံးတွင် လူတိုင်းက စိုးရွံ့ထိတ်လန့်နေပြီး အသက်ရှုဖို့ပင် မေ့လျော့နေကြ၏။
ဓားချီက ပျက်ပြယ်သွားသည်ကိုမြင်မှသာ လူတိုင်းသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ လွှမ်းခြုံခြင်းခံထားရသော ယုဝမ်ဝူရွှမ်းကိုမပြောနှင့် ဘေးကနေ ရပ်ကြည့်နေသူများပင်လျှင် ထိုကဲ့သို့သော ဖိအားကိုခံစားရလေသည်။
ယုဝမ်ဝူရွှမ်း၏ နဖူးပေါ်တွင် ချွေးစေးများစွာက ထွက်ပေါ်လာခဲ့၏။
သူ၏ ကိုယ်ကျပ်ချပ်ဝတ်သည် မူလတာအိုဓမ္မလက်နက်တစ်ခုဖြစ်လေသည်။
သို့သော်လည်း ကြွင်းကျန်ရစ်သော ဓားချီက သူ၏ကိုယ်ကျပ်ချပ်ဝတ်ပေါ်တွင် ရှင်းလင်းသောအဖြူရောင်ဒဏ်ချက်တစ်ခုကို ကျန်ရစ်စေခဲ့၏။
ကိုယ်ကျပ်ချပ်ဝတ်၏ ကာကွယ်မှုကြောင့်သာမဟုတ်ရင် သူက ဤဓားချီကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။
ယုဝမ်ဝူရွှမ်းသည် ကပ်ဘေးကနေ လွတ်မြောက်လာခါစဖြစ်ပြီး အနည်းငယ်စိတ်သက်သာရာရသွားခဲ့၏။ သို့သော်လည်း ဆူဇီမိုက သူ့ကိုအသက်ရှုခွင့်ပင်ပေးလိမ့်မည်မဟုတ်ဟု ထင်မှတ်မထားမိပေ။
ဓားချီပျက်ပြယ်သွားသည့်တစ်ချိန်တည်းမှာပင် ဆူဇီမိုက ရှေ့သို့ပြေးဝင်ပြီး သူ၏လက်ကို ဆန့်တန်းကာ ယုဝမ်ဝူရွှမ်းကို ထိုးညွှန်၍ ဟိန်းဟောက်လိုက်၏။
“သတ်!....”
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း...
အသံနယ်ပယ်လျှို့ဝှက်အတတ်က ထွက်ပေါ်လာခဲ့လေသည်။
သာမန်အခြေအနေမှာဆိုလျှင် ယုဝမ်ဝူရွှမ်း၏ သွေးချီနှင့် ကိုယ်ကာယသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ သက်ရောက်မှုကို ခံရချင်မှခံရပေလိမ့်မည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏စိတ်ကို လျှော့ချထားမိပြီး မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက ရုတ်တရက်ဆင်းသက်လာခဲ့၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏စိတ်က ဗလာကျင်းသွားခဲ့၏။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက ဆင်းသက်လာသည့်ခဏမှာပင် သူ၏ဦးခေါင်းထက်ကနေ မိုးကြိုးတစ်စင်းကလည်း ပစ်ခွင်းလာခဲ့၏။ အဲ့ဒါက လျှပ်စီးလျှပ်ပန်းများဖြင့် ရစ်ခွေနေပြီး ယုဝမ်ဝူရွှမ်း၏ ဦးခေါင်းကို ပစ်ချလိုက်ခြင်းဖြစ်လေသည်။
ဘုန်း...
မိုးကြိုးသံက မြည်ဟည်းလာခဲ့၏။
ခရမ်းရောင်မိုးကြိုးကျမ်းနှင့် အစိမ်းရောင်မိုးကြိုးကျမ်းကို ပေါင်းစပ်ပြီးနောက် မဟာဗလာနယ်စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်း ဖြစ်ပေါ်လာခဲ့၏။ အဲ့ဒါက ဓမ္မပညာရပ်များထဲမှတစ်ခုဖြစ်သော မိုးကြိုးအမျက်ဖြစ်လေသည်။
ယုဝမ်ဝူရွှမ်း၏ ကိုယ်ကျပ်ချပ်ဝတ်သည် ဓမ္မလက်နက်များ၏ ထက်ရှမှုကို ခုခံနိုင်သော်လည်း အဲ့ဒါက မိုးကြိုးအမျက်၏ ထိတွေ့ရိုက်ခတ်မှုကို ခုခံနိုင်ခြင်းမရှိပေ။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းနှင့် မိုးကြိုးအမျက်သည် တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့ပြီး ယုဝမ်ဝူရွှမ်းက ကြောင်တိကြောင်တောင် ငေးငိုင်နေ၏။ အစိမ်းရောင်မီးခိုးများက သူ၏ ခန္ဓာကိုယ်မှ အူထွက်လာပြီး သူ၏ဆံပင်များက တွန့်လိမ်ကောက်ကွေး၍ သူက ထုံထိုင်းသောအကြည့်နှင့်အတူ နေရာမှာပင် မလှုပ်မယှက် ရပ်နေမိ၏။