← Chapters

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

Vol. 77 Ch. 1155

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

Vol. 77 Ch. 1155

ဤအပြောင်းအလဲက ပို၍ပင် မြန်ဆန်လေသည်။

အမှားတစ်ခုနှင့်အတူ တိုက်ပွဲက ပြီးဆုံးသွားခဲ့၏။

ယုဝမ်ဝူရွှမ်းသည် တာအိုသက်ရှိအထီးကျန်သိုင်းသခင်၏ ​ရှေ့မှာ ဖြူဖပ်ဖြူရော်မျက်နှာနှင့်အတူ မလှုပ်မယှက် ရပ်တန့်နေ၏။ သူက တည်ငြိမ်ဖို့အကောင်းဆုံးကြိုးစားနေသော်လည်း သူ၏မျက်လုံးများထဲတွငိ အကြောက်တရားကို မြင်နိုင်လေသည်။

တာအိုသက်ရှိအထီးကျန်သိုင်းသခင်၏ လက်ဖဝါးက ယုဝမ်ဝူရွှမ်း၏ ခေါင်းပေါ်တည့်တည့်မှာရောက်ရှိနေ၏။

သူက သူ့လက်ဖဝါးသို့ ခွန်အားကိုစိုက်ထုတ်လိုက်သည်နှင့်အမျှ ယုဝမ်ဝူရွှမ်းသည် သူ၏အမြုတေစိတ်ဝိညာဥ်ကိုပင် ထွက်ခွာခွင့်မရဘဲ သေဆုံးရပေလိမ့်မည်။

“အဲ့ဒါက ဘယ်လိုဖြစ်သွားရတာလဲ...”

“တာအိုသက်ရှိဝူရွှမ်းက တာအိုသက်ရှိအထီးကျန်သိုင်းသခင်ရဲ့လက်ထဲကို ဘယ်လိုဖြစ်ပြီး ပြန်ရောက်သွားရတာလဲ...”

များစွာသော ကျင့်ကြံသူများသည် တွေဝေရှုပ်ထွေးနေကြပြီး စောစောက အဖြစ်အပျက်ကို လိုက်မီအောင်ပင် မမြင်နိုင်ခဲ့ကြပေ။

ကျင့်ကြံသူတစ်ယောက်က ပြောစရာစကားမဲ့သွားရ၏။

“စောစောတုန်းက ယုဝမ်ဝူရွှမ်းက တာအိုသက်ရှိအထီးကျန်သိုင်းသခင်ကို ရုတ်တရုတ် တိုက်ခိုက်လိုက်တာပဲ.. ဒါပေမယ့်…”

ထိုကျင့်ကြံသူက စကားကိုရပ်တန့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ သူ၏မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးမှုက တဖျပ်ဖျပ်လက်သွား၏။

“ဘာဖြစ်ခဲ့တာလဲ... ပြောစမ်းပါဦး”

တစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့် လောဆော်လိုက်၏။

ထိုကျင့်ကြံသူက ရွေးချယ်စရာမရှိဘဲ ဆက်ပြောလိုက်ရလေသည်။

“ဒါပေမယ့်လို့... ဘာဖြစ်ခဲ့တာလဲ ငါလည်းသေချာမသိဘူး... သေရေးရှင်ရေးအခြေအနေမှာပဲ ယုဝမ်ဝူရွှမ်းက ခဏမျှ စိတ်အာရုံပျက်စီးပြီးတော့ သူ့ရဲ့လှုပ်ရှားမှုနည်းစနစ်ကလည်း တဒင်္ဂရပ်တန့်သွားခဲ့တယ်...”

“အဲ့ဒီတဒင်္ဂရပ်တန့်မှုမှာ တာအိုသက်ရှိအထီးကျန်သိုင်းသခင်က အခွင့်အရေးကို ချိန်ဆပြီး သူ့ကိုပြန်လည်တိုက်ခိုက်ခဲ့တာပဲ...”

ကျင့်ကြံသူများက မှင်တက်သွားကြရ၏။

“အဲ့ဒီအချိန်က ခဏလေးပဲ... ဒါပေမယ့်လို့ မြောက်ပိုင်း​ဒေသရဲ့ နံပါတ်တစ်တာအိုသက်ရှိကတော့... အထီးကျန်သိုင်းသခင်ရဲ့ တစ်ဖန်ထပ်ပြီး ဖိနှိမ်ခြင်းကိုခံလိုက်ရတာလား...”

“ဒီတစ်ခေါက်က ပိုပြီးတော့တောင် မြန်ဆန်နေသလိုပဲ...”

“ယုဝမ်ဝူရွှမ်းက သုံးစားမရလို့ အထီးကျန်သိုင်းသခင်ကို အသက်တစ်ရှိုက်စာတောင်ကြာအောင် မခုခံနိုင်ခဲ့တာများလား...”

ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများက ပြည့်နှက်လာ၏။

“ဦးလေးကျန့်... စောစောက ဘာဖြစ်သွားခဲ့တာလဲ...”

ယွီလန်ကလည်း မနေနိုင်ဘဲ မေးမြန်းလိုက်၏။

သူမသည် တိုက်ပွဲနယ်မြေတွင်ရှိသော လူနှစ်ယောက်ကို တစ်ချိန်လုံးအာရုံစိုက်ပြီးကြည့်နေခဲ့၏။ သို့သော်လည်း စောစောက သူတို့ဖလှယ်တိုက်ခိုက်ခဲ့စဥ်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို သူမနားမလည်နိုင်ပေ။

ယုဝမ်ဝူရွှမ်းသည် သူ၏ဝိညာဥ်ကို ရုတ်တရက်ဆုံးရှုံးသွားပြီး ဖမ်းဆီးခံလိုက်ရသည့်အလားပင်။

ဦးလေးကျန့်က လေးနက်သော အသံဖြင့်ပြောလိုက်၏။

“အဲ့ဒါက စက္ခုနည်းစနစ်တစ်ခုပဲ... ယုဝမ်ဝူရွှမ်းက ကြောက်ရွံ့ထိတ်လန့်တဲ့ လက္ခဏာတစ်ခုကို အရင်ပြမိသွားတယ်... သူ့ရဲ့စိတ်က လှုပ်ခတ်သွားပြီး ဟာကွက်တစ်ခုပေါ်လာခဲ့တယ်... အဲ့လိုနဲ့ အထီးကျန်သိုင်းသခင်ရဲ့ စက္ခုနည်းစနစ်ရဲ့သက်ရောက်ခြင်းခံရပြီးတော့ လက်ရှိအခြေအနေကို ရောက်သွားရတာပဲ...”

“ဒီအထီးကျန်သိုင်းသခင်က ငါတို့တွေးထင်ထားတာထက် အများကြီးပိုပြီး ကြောက်စရာကောင်းနေတယ်...”

ဦးလေးကျန့်က ညည်းတွားရေရွတ်လိုက်၏။

ဆူဇီမိုထုတ်ဖော်လိုက်သည့်အရာမှာ တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်မှ ကောင်းကင်ဘုံမိစ္ဆာမျက်လုံးဖြစ်ပြီး လူတစ်ယောက်၏စိတ်ကို သက်ရောက်စေနိုင်လေသည်။

ပြောရမည်ဆိုလျှင် ယုဝမ်ဝူရွှမ်းသည် ကောင်းကင်ဘုံမိစ္ဆာမျက်လုံး၏ စွမ်းအားကို ဒီလောက်မြန်မြန်ချိုးဖြတ်ပြီး သူ၏အသိစိတ်ကို ပြန်လည်ရရှိလာသည်ကပင် အတော်လေး ရှားရှားပါးပါးဖြစ်နေလေပြီ။

ဆူဇီမို၏ မိစ္ဆာနည်းစနစ်က အရမ်းကိုစွမ်းအားကြီးလေသည်။

အကြောင်းမှာ သူ၏မှတ်ဉာဏ်များသည် မိစ္ဆာဂိုဏ်းများမှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး၏ ကျင့်ကြံရေးအသိအမြင်များ ၊ နားလည်ဆင်ခြင်မှုများနှင့် ပေါင်းစည်းထားသောကြောင့်ဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်... ခင်ဗျားဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”

ယခုတင် ထိုင်ချလိုက်​သော ယုဝမ်ကလန်မှ ဓမ္မဝိသေသ တာအိုအရှင်သည် တစ်ဖန်မတ်တတ်ထရပ်ပြီး သုန်မှုန်နေသော အမူအရာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။

ဆူဇီမိုက အမူအရာကင်းမဲ့နေပြီး ခေါင်းကိုခါပြလိုက်၏။

“မင်းက... အဲ့ဒီမေးခွန်းကို ငါ့ကိုမေးရမှာမဟုတ်ဘူး... သူဘာဖြစ်ချင်နေတာလဲ မေးရမှာ...”

“အထီးကျန်သိုင်းသခင်...ခင်ဗျားကျုပ်ကို သတ်လို့မရဘူး...”

ယုဝမ်ဝူရွှမ်းက မဆက်မခြင်မပြုမူရဲပေ။ သူက အံကိုကြိတ်ပြီး ပြောလိုက်သည်။

“ခင်ဗျားစောစောကတင် ကတိပေးထားခဲ့တယ်လေ... ခင်ဗျားက တာအိုသက်ရှိအထီးကျန်သိုင်းသခင်ပဲ... ခင်ဗျားစကားကို ခင်ဗျားပြန်ရုပ်သိမ်းလို့မရဘူး”

“ဒါပေမယ့်... စောစောကတင် ငါမင်းအသက်ကို ချမ်းသာပေးခဲ့ပြီးပြီ... အခွင့်အရေးကိုမဖမ်းဆုပ်တတ်တဲ့လူက မင်းပဲ”

ဆူဇီမိုက အေးစက်စွာဖြင့် ပြောလိုက်၏။ ယုဝမ်ဝူရွှမ်းသည် အကြောက်တရားများဖြင့် ရင်ထဲမှဆို့နင့်သွား၏။

ဆူဇီမိုပြောတာ မှန်လေသည်။

သူတို့၏ စောစောကအလဲအထပ်က ပြီးမြောက်သွားခဲ့လေပြီ။ သူက သွေးသစ္စာကျိန်ဆိုခြင်းကို ပယ်ဖျက်ပေးခဲ့ပြီး ဆူဇီမိုကလည်း သူ၏အသက်ကို ချမ်းသာပေးခဲ့လေသည်။

သို့သော်လည်း လက်ရှိအခြေအနေထိရောက်ရှိအောင် သူကပင် ပြန်လည်ဦးဆောင်ခဲ့ခြင်းဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်... ခင်ဗျားကျုပ်ကို သတ်လို့မရဘူး...”

ယုဝမ်ဝူရွှမ်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ခင်ဗျားကျုပ်ကို သတ်မယ်ဆိုရင်... ခင်ဗျားက... ချန်ကောင်းကင်မြို့တော်ကနေ ထွက်မသွားနိုင်စေရဘူးလို့ ကျုပ်အာမခံတယ်...”

“အို....”

ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ယုဝမ်ဝူရွှမ်း၏ အနားသို့တိုးကပ်ကာ အေးစက်စွာဖြင့် မေးလိုက်၏။

“မင်း..... ငါ့ကို ခြိမ်းခြောက်နေတာလား...”

သူ့လက်ဖဝါးရှိခွန်အားကို စိုက်ထုတ်လိုက်ပြီး ယုဝမ်ဝူရွှမ်း၏ ဦးခေါင်းကို အုပ်မိုး၍ကိုင်လိုက်လေသည်။ သိပ်သည်းပြင်းထန်သော ထိုဖိအားက ထိုသူ၏ ဦးခေါင်းကို အနည်းငယ်ချိုင့်ဝင်သွားစေ၏။

ဦးခေါင်းခွံက အချိန်မရွေး​ပေါက်ကွဲထွက်သွားတောမည့်အလား ကြောက်စရာကောင်းသည့်အသံတစ်ချို့ ထွက်ပေါ်လာခဲ့၏။

ယုဝမ်ဝူရွှမ်းသည် ပြင်းထန်သော နာကျင်မှုနှင့်အတူ ချွေးများထွက်၍ သတိလစ်လုနီးပါး ဖြစ်လာခဲ့လေသည်။

သူက လဲပြိုကျတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက သူ၏လက်ကိုဖြေလျှော့လိုက်ပြီး မွန်းကျပ်ဖွယ်ရာ သေခြင်းခံစားချက်က တစ်ဖန်ပျောက်ကွယ်သွား၏။

ယုဝမ်ဝူရွှမ်းသည် အကြောက်မပြေသေးဘဲ မောဟိုက်နေပြီး သူ့ရှေ့ရှိ ကြော့ရှင်းချောမောသော ကျင့်ကြံသူကို နတ်ဆိုးတစ်ကောင်အလား ကြည့်နေမိ၏။

“မင်းကို သတ်လိုက်မယ်ဆိုရင်... အလွယ်တကူခွင့်လွှတ်ရာကျသွားမှာပေါ့...”

ဆူဇီမိုက သူ၏လက်ဖဝါးကို အောက်သို့လျှောပြီး ယုဝမ်ဝူရွှမ်း၏ ပါးကိုပုတ်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။

“ငါမင်းနဲ့ အခုထိမရှင်းရသေးတဲ့...အကြွေးတစ်ခုကျန်သေးတယ်”

ယုဝမ်ဝူရွှမ်းက ရင်ထဲမှာ ဆို့နင့်သွား၏။

“သူ့ခြေထောက်ကိုမင်းရိုက်ချိုးခဲ့တဲ့... အဲ့ဒီခြင်္သေ့က ငါ့ရဲ့သွေးသောက်ညီကိုပဲ... ကဲပြော.... ငါကမင်းကို ဘယ်လိုလုပ်သင့်လဲ”

“ခင်ဗျား.... ဘာလုပ်ချင်လို့လဲ”

ယုဝမ်ဝူရွှမ်းက လက်သီးကိုတင်းတင်းဆုပ်ပြီး မေးလိုက်၏။

“မျက်လုံးတစ်လုံးအတွက်.... မျက်လုံးတစ်လုံးပဲ... သွားတစ်ချောင်းအတွက်.. သွားတစ်ချောင်းပဲ...”

ဆူဇီမိုကဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက... သူ့ခြေထောက်တစ်ချောင်းကို ချိုးခဲ့တယ်ဆိုမှတော့ ငါကလည်း.. မင်းခြေထောက်တစ်ချောင်းကိုပြန်ချိုးရမှာပေါ့...”

“မင်းဘယ်လိုတောင် ရဲတင်းတာလဲ...”

ယုဝမ်ကလန်၏ ဓမ္မဝိသေသ တာအိုအရှင်က ဒေါသူပုန်ထသွားပြီး အော်ဟစ်ပြောဆိုလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းကလူသားတစ်ယောက်ဆိုပေမယ့်လို့ မိစ္ဆာသားရဲတွေနဲ့ အတူတူခရီးသွားပြီး သွေးသောက်ညီကိုတောင် ဖြစ်လာသေးတယ်... အခုမင်းက မိစ္ဆာသားရဲတစ်ကောင်အတွက်နဲ့ လူသားမျိုးနွယ်က ပြိုင်စံရှားတစ်ယောက်ကို ထိခိုက်အောင်လုပ်ချင်နေတာလား...”

တာအိုအရှင်မူယွီကလည်း မျက်မှောင်အနည်းငယ်ကြုတ်ပြီး ခက်ထန်စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... သိပ်ပြီးတော့ အတင့်ရဲမလာနဲ့”

ရုတ်တရက်ဆူဇီမိုသည် နတ်ဆိုးမကျိ၏ အင်မော်တယ်ဂိုဏ်းများအပေါ် အထင်အမြင်ကို ပြန်လည်အမှတ်ရလာ၏။ ဤလူများသည် မိစ္ဆာဆန်ချင်သည် သို့မဟုတ် သတ်ဖြတ်ချင်သည်ဆိုလျှင် သူတို့၏ အတွင်းစိတ်ကို ဖုံးကွယ်ဖို့အတွက် သူတို့သည် နားကြားကောင်းသော အကြောင်းပြချက်များကို ထုတ်ပေးလာပေလိမ့်မည်။ သူတို့က ကြောင်သူတော်များ ဖြစ်ကြလေသည်။

“ဘာလို့လဲ... မင်းတို့က ငါ့ကို တိုက်ခိုက်ချင်လို့လား...”

ဆူဇီမိုက လှောင်ရယ်၍ ပြန်လှန်မေးလိုက်၏။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ပြောစရာစကားမဲ့သွားပြီး သူတို့၏ အမူအရာများက ပျက်ယွင်းလာကြ၏။

လက်ရှိတာအိုသက်ရှိအထီးကျန်သိုင်းသခင်က အတိတ်ကာလနှင့် မတူပေ။

သူ့မှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ နောက်ခံရှိလေသည်။ သူတို့၏ မိသားစုများနှင့် ဂိုဏ်းများက မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမျက်သင့်မှာကို စိုးရိမ်နေပြီး သူတို့က မဆင်မခြင်ပြုမူရဲ ခြင်းမရှိပေ။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ...”

ယုဝမ်ဝူရွှမ်းက ဆူဇီမိုကိုစိုက်ကြည့်ပြီး မာန်ဖီအော်ဟစ်လိုက်၏။

ဆူဇီမို၏လက်ဖဝါးက ယုဝမ်ဝူရွှမ်း၏ ဦးခေါင်းပေါ်မှာရှိနေဆဲဖြစ်ပြီး နက်မှောင်နေသော ချည်မျှင်များက သူ၏လက်ဖဝါးကနေထွက်လာ၏။

အနက်ရောင်ချည်မျှင်များသည် ယုဝမ်ဝူရွှမ်းကို ရစ်ပတ်ပြီး သူ၏ဓမ္မစွမ်းအားများကို ချိပ်ပိတ်လိုက်၏။

ဆူဇီမိုက အမူအရာကင်းမဲ့နေပြီး သူ၏ခြေထောက်ကိုမြှောက်ကာ ယုဝမ်ဝူရွှမ်း၏ ညာဘက်ခြေထောက်ကို ညင်သာစွာ ခတ်လိုက်၏။

ဖြောက်ဖြောက်ဖြောက်.....

အရိုးကျိုးသံများက ထွက်ပေါ်လာပြီး ကျောချမ်းစရာကောင်းနေ၏။

ယုဝမ်ဝူရွှမ်း၏ ညာဘက်ခြေထောက်ရှိ အရိုးများသည် ဆူဇီမို၏ ကန်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး တစ်လက်မအရွယ်အပိုင်းလေးများအဖြစ် ပြောင်းလဲသွားလေသည်။

သူက ဂမ္ဘီရစိမ့်စမ်းတစ်ခု၏ အကူအညီမရရှိသရွေ့ ဤကဲ့သို့သော ပြင်းထန်သည့် ဒဏ်ရာမျိုးက ပြန်လည်ကောင်းမွန်လာလိမ့်မည် မဟုတ်ချေ။

“အား.....!”

ယုဝမ်ဝူရွှမ်းသည် စူးစူးဝါးဝါးအော်ဟစ်ပြီး သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်ကာ သူ၏ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်လာခဲ့၏။

ထိုအခိုက်အတန့်တွင် သူသည် လွန်ခဲ့သည့်ကိုးနှစ်က ပျက်စီးသွားသော​ခြေထောက်နှင့်အတူ ရွှံ့တောထဲမှာ နာကျင်စွာအော်ဟစ်နေသော ခြင်္သေ့တစ်ကောင်ကို မြင်ခဲ့ရသည့် မိုးသည်းထန်သော ထိုညသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ထင်ရလေသည်။

အရာရာတိုင်းက ကံပါလာပြီးသားဟု ထင်ရ​လေသည်။

သူက အဲ့ဒါကို ရုတ်တရက်နောင်တရမိသွား၏။

ဤခြင်္သေ့က တာအိုသက်ရှိအထီးကျန်သိုင်းသခင်နှင့် ဤကဲ့သို့သော ပတ်သက်ဆက်နွယ်မှုရှိနေသည်ကို သူသိခဲ့မည်ဆိုလျှင် သူက ထိုစဥ်တုန်းက ၎င်းကို ရန်စခဲ့လိမ့်မည် မဟုတ်ပေ။

ရွှေခြင်္သေ့က ဤမြင်ကွင်းကို စောင့်ကြည့်နေ၏။

သူ့ရင်ထဲရှိ ယုဝမ်ဝူရွှမ်းအပေါ်အကြောက်တရားက တဖြည်းဖြည်းချင်းပျက်ပြယ်သွားလေသည်။

သူ၏မျက်လုံးက တစ်ဖန်ဝင်းလက်လာခဲ့၏။

“ခယ်ခယ်... အဲ့ဒါက ငါမင်းကို ပြောပြောနေတဲ့ အစ်ကိုကြီးလေ...”

ရွှေခြင်္သေ့က ပြုံးဖြီး၍ မြင့်မားသောစိတ်ဝိညာဥ်ဖြင့် ပြောလိုက်၏။

“သူက ဒီတစ်ခေါက်... ငါ့ရဲ့အမျက်ဒေါသတွေကို ဖြေဖျောက်ပေးဖို့ ရောက်လာခဲ့တာပဲ...”

ခယ်ခယ်က စိုးရိမ်ပူပန်သောအမူအရာတစ်ခုဖြင့် ပြောမှာပဲ.. ရှင့်အနေနဲ့ အဲ့ဒါကို လုပ်တာက နဲနဲတော့လွန်ရာမကျဘူးလား”

“လွန်ရာကျတယ်... ဟုတ်လား...”

နန်းကြည်က သူမ၏ခေါင်းကို ခါပြလိုက်၏။

“ဒီကိစ္စက... အခုချိန်ထိ မပြီးသေးဘူး”

All Chapters