ပရိုဆိုတာ ဘာလဲ၊ ပရိုဆိုတာ ဒါပဲလေ
Vol. 44 Ch. 648
စုမိသားစု၏ အခန်းတစ်ခန်းတွင်း၌ စုချင်းရွှယ်အား စိတ်လှုပ်ရှားနေသော စုချင်းယောင်အား ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်နေသည်။
“ဟို … အစ်မ … နင် …”
“မမေးနဲ့၊ ဒါ ငါ ဖြစ်ချင်တာပဲ”
စုချင်းယောင်က မစဉ်းစားဘဲ ပြန်ပြောလိုက်သည်။ သူမက သီချင်းပင် ညည်းနေလိုက်သေးသည်။
“ချင်းရွှယ်၊ အခုကစပြီး ငါတို့က အတူတူ ရှိနေရမယ့် ညီအစ်မတွေပဲ၊ သိရဲ့လား၊ မစ္စတာဝိုင် ငါတို့ကို မေ့သွားအောင် ထားလိုက်လို့ မရဘူး”
စုချင်းရွှယ်၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး မျက်လုံးပြူးကာ စိတ်ရှုပ်ထွေးသော အမူအရာ ဖြစ်သွားသည်။ သူမ၏ အစ်မကို သူမ မှတ်ပင် မမှတ်မိလုနီးပါး ဖြစ်သွားလေသည်။
သူမ၏ မှတ်ဉာဏ်ထဲ၌ စုချင်းယောင်သည် အခြားသူများအပေါ် အေးစက်သော သဘောထားရှိပြီး အားလုံးနှင့် ခပ်တန်းတန်းနေသည့် သန်မာသော အမျိုးသမီးတစ်ဦးအဖြစ် အမြဲတမ်း မှတ်ထင်နေခဲ့သည်။ သူမသည် စီးပွားရေးတွင်လည်း ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ကာ မာနခဲ နတ်သမီးလေး၊ စုမိသားစု၏ ကြီးမြတ်သော သခင်မလေး စသည့် နာမည်များ ပေးအပ်ခံခဲ့ရသည်။ အဘယ်ကြောင့် သူမက ရုတ်တရက် အခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားရသနည်း။
“ချင်းရွှယ်၊ ငါ အခု အရမ်း စိတ်အေးသလို ခံစားရတယ်၊ တကယ် စိတ်အေးသွားတာ”
စုချင်းယောင်က စုချင်းရွှယ်ကို အပြုံးနှင့် ပြောပြသည်။
“ငါ ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူး၊ ငါ အဲ့ဒါတွေအားလုံးကို လွှင့်ပစ်လိုက်လို့ ရပြီ၊ အရင်က သူတို့ ငါ့ကို ပေးတဲ့ နာမည်တွေက မစ္စတာဝိုင်ရဲ့ချစ်သူဆိုတဲ့ နာမည်ကို လုံးဝ မယှဉ်နိုင်ဘူး”
“ဒါပေမဲ့ နင် ပြောနေတာ ချစ်သူနော်၊ နင် တစ်ယောက်ယောက်ရဲ့ ချစ်သူ ဖြစ်ဖို့ ဆန္ဒ ရှိတာလား”
စုချင်းရွှယ် ဘာမှမပြောနိုင် ဖြစ်နေ၏။ စုချင်းရွှယ်သည် မယုံနိုင်လောကအောင် မာနကြီးသည်ဟု သူမ အမြဲ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ဤသည်က သူမ၏ ပန်းတိုင် ဖြစ်နေသည်။ ရုတ်တရက် ကြားလိုက်ရသော သတင်းက သူမ၏ အတွေးအမြင်ကို ဖျက်စီးချင်လာသည်။
“ချစ်သူ ဖြစ်တာက ဘာဖြစ်လို့လဲ၊ ငါ နင့်ကို ပေးပါဦးမယ်၊ မိန်းကလေးတစ်ယောက်က ဘာကြောင့် လက်ထပ်တာလဲ”
စုချင်းရွှယ် တစ်ခဏမျှ ငြိမ်သက်သွားသည်။
“အားကိုးနိုင်မယ့်သူ တစ်ယောက်ယောက်ကို ရှာဖို့လား”
“ဟုတ်တယ်၊ ပြီးတော့ ငါ အခုလေးတင် အားကိုးနိုင်မယ့်သူကို ရှာတွေ့လိုက်တာလေ၊ အခု ငါတို့အဖေ တောင်မှ ငါတို့နားမှာ သတိနဲ့ ဖြစ်နေပြီ”
စုချင်းယောင်က ရှင်းပြသည်။
“ငါက ငါ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာနေရုံလေးပါ”
“ဒါပေမဲ့ …”
စုချင်းရွှယ်က စကားစလိုက်သော်လည်း တစ်ခုခု လိုနေသည်ဟု ခံစားရသဖြင့် သူမစကားကို အဆုံး မသတ်နိုင် ဖြစ်နေသည်။
“ဟူး … ချင်းရွှယ်၊ ငါ နင့်ကို မေးမယ်နော်၊ နင့်ကျောင်းမှာ ရှူးဂါးဒယ်ဒီကို အားကိုးတဲ့ မိန်းကလေးတွေ မရှိဘူးလား၊ ပြီးတော့ အဲ့လူတွေက အရမ်း အဝလွန်နေတဲ့ အဘိုးကြီးတွေမလား၊ လှတဲ့မိန်းကလေးတွေက အမြဲတမ်း ပြဿနာတွေနဲ့ ပြည့်မနေဘူးလား”
စုချင်းယောင်က မေးခွန်းထုတ်လာသည်။
စုချင်းရွှယ်၏ ပါးများက ရဲတက်လာပြီး ခေါင်းညိတ်လေသည်။ လှပခြင်းက ပြဿနာများ၏ အစပင်။ တစ်စုံတစ်ယောက်၏ ကာကွယ်မှုမရှိလျင် မိန်းမလှလေးအချို့သည် လှောင်ပြောင်စော်ကားခြင်း အမျိုးမျိုးကို ခံစားရပေလိမ့်မည်။
“အခွင့်အရေးသာရမယ်ဆိုရင် မိန်းကလေး ဘယ်နှစ်ယောက်လောက်က မစ္စတာဝိုင်ရဲ့ ချစ်သူဖြစ်ဖို့ တိုက်ခိုက်ကြလောက်မလဲ”
စုချင်းယောင်က ဆက်မေးလေသည်။
“တော်တော်များမှာ”
စုချင်းရွှယ်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။
ရဲ့လင်းချန်၏ ထူးချွန်မှုက ချမ်းသာမှုနှင့် တိုင်းတာနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။ သူသည် လောကကြီး၏ ထိပ်ဆုံးတွင် ရပ်နေသော လူတစ်ယောက်ဟု ပြောနိုင်ပေသည်။
“အဲ့ဒါပဲလေ၊ မစ္စတာဝိုင်က အရေးပါတဲ့ လူတစ်ယောက်ပဲ၊ ပိုပြီး အဓိကကျတာက သူက ငါတို့နဲ့ အသက် မတိမ်းမယိမ်းပဲ၊ အဲ့ဒီ ရှူးဂါးဒယ်ဒီကြီးတွေနဲ့ အပြတ်အသတ် သာတယ်၊ သူနဲ့တွေ့ရတာက ငါတို့ ကံကောင်းတာ၊ ဒီအခွင့်အရေးကို တန်ဖိုးမထားနိုင်ရင် နင် ရူးမိုက်လို့ပဲ”
စုချင်းယောင်က ဆက်ပြောသည်။
“ဒီလိုမိသားစုထဲမှာ မွေးလာတာက ငါတို့ရဲ့ အဆင့်အတန်းက ပြောင်းလဲမှုတစ်ခုခု လုပ်ဖို့ မလုံလောက် စေဘူး၊ မဟုတ်မှလွဲရော နင်က သူစိမ်းတစ်ယောက်ယောက်ကို လက်ထပ်ဖို့ ဆန္ဒရှိတာလား”
စုချင်းရွှယ် ခေါင်းခါလိုက်သည်။
“နင် ဆန္ဒမရှိဘူးဆိုရင် နင့်ကို ထောက်ပံ့ပေးမယ့်သူ တစ်ယောက်ယောက်ကို ရှာဖို့လိုတယ်၊ အခု မစ္စတာဝိုင်ကလွဲပြီး ငါတို့ ညီအစ်မကို ဘယ်သူက အနိုင်ကျင့်ရဲသလဲ”
စုချင်းယောင်က ချက်ကျလက်ကျ ပြောနေသည်။
“ဒါက ခံစားချက်မရှိတာမျိုး ဖြစ်မနေဘူးလား”
စုချင်းရွှယ်က တွေဝေစွာ မေးလာသည်။
“နင် မှားပြန်ပြီ”
စုချင်းယောင်က စာသင်နေသော ပုံစံမျိုး ဖြစ်နေသည်။
“ဒါက စီးပွားရေးအရ လက်ထပ်တာဆိုရင် ငါတို့ မကြိုက်တာကို ဘေးဖယ်ထားရရုံတင် မကဘူး၊ တစ်ဖက် အမျိုးတွေရဲ့ မတရား ဆက်ဆံတာကိုလည်း ခံရနိုင်တယ်၊ ဒါပေမဲ့ အခု မတူတော့ဘူး၊ ငါတို့က အခြားသူတွေကို အနိုင်ကျင့်မယ့်သူတွေ ဖြစ်သွားပြီ”
ထိုရှင်းပြချက်ကြောင့် စုချင်းရွှယ် အထိတ်တလန့် ဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ငါ ပြောတာကို နားထောင်၊ အခုကစပြီး ငါတို့ကို မစ္စတာဝိုင်က ပိုင်သွားပြီ၊ ငါတို့က ယောက်ျားလေး တစ်ယောက်က ဘာကြိုက်တတ်လဲဆိုတာကို လေ့လာပြီး အကောင်းဆုံး စွမ်းဆောင်ပြမှ ဖြစ်မယ်”
စုချင်းယောင်၏ အမူအရာက လေးနက်လာပြီး အလွန်အမင်း အာရုံစိုက်လာသည်။
“အခုကစပြီး မစ္စတာဝိုင်နားမှာ မိန်းကလေးတွေ အများကြီး ရှိလာလိမ့်မယ်၊ နင် အစားထိုး မခံချင်ရင် နင့်ကိုယ်နင် ဆက်တိုက် တိုးတက်အောင် လုပ်ရမယ်၊ ငါတို့က စိုးရိမ်စရာ အားလုံးကနေ လွတ်လာ တာတော့ မဟုတ်ဘူး၊ ငါတို့က မစ္စတာဝိုင် ပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားဖို့ လိုတာ”
“ဟုတ်သားပဲ နင် ရေခဲချောင်း ကြိုက်လား”
စုချင်းယောင်က ရုတ်တရက် မေးခွန်းထုတ်လာသည်။
စုချင်းရွှယ် ခေါင်းခါလိုက်သည်။ စုချင်းယောင်၏ ထူးဆန်းသော အမြင်ကြောင့် သူမ အံ့ဩနေဆဲပင်။
“မဖြစ်ဘူး၊ နင် အဲ့ဒါကို ကြိုက်လာဖို့ လိုတယ်”
…
နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် အလီနှင့်အတူ ပြန်ရန် ပြင်ဆင်နေသည်။
သူ မော့ကြည့်လိုက်သောအခါ စုချင်းယောင်က ရေခဲချောင်းကိုကိုင်၍ ဖြည်းဖြည်းချင်း အရသာခံ နေသည်ကို တွေ့လိုက်ရသည်။ သူမက နှုတ်ခမ်းနှင့်အတူ လျှာဖြင့် ရေခဲချောင်းကို လျက်နေရာမှ သူ့အား မျက်စိတစ်ဖက်ပင် မှိတ်ပြလာသည်။
ရဲ့လင်းချန်၏ အသက်ရှူနှုန်းက ချက်ချင်း မြန်ဆန်လာလေသည်။
*ကြည့်စမ်းပါဦး၊ ပရိုဆိုတာ ဘာလဲ၊ ပရိုဆိုတာ ဒါပဲလေ*
“မစ္စတာဝိုင်၊ ကျွန်မ ချင်းရွှယ်ကို ကျွန်မနဲ့အတူ အကနဲ့ ယောဂ လိုက်သင်ခိုင်းဖို့ စီစဉ်ထားပါတယ်”
စုချင်းယောင်က ပြောပြသည်။ ရဲ့လင်းချန်က နှာခေါင်းပွတ်၍ ချောင်းဟန့်လိုက်သည်။
“မင်း ငါ့ကို ဒီလိုကိစ္စတွေ သတင်းပို့ဖို့ မလိုပါဘူး”
“ကျွန်မက ရှင့်ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ် အခြေအနေကို အမြဲ သိစေချင်လို့ပါ၊ ခန္ဓာကိုယ်က လုံလုံလောက်လောက် ပျော့ပျောင်းမနေရင် တချို့ပုံစံတွေက ခက်နေလိမ့်မယ်လေ”
စုချင်းယောင်က ရှင်းပြလေသည်။
*သေတာပဲ*
*ဒီမိန်းမကတော့ …*
ရဲ့လင်းချန် စိတ်ထဲမှ ရေရွတ်နေပြီး ယခင်က ဤအမျိုးသမီးအား မစားသုံးခဲ့သည်ကို နောင်တရနေ၏။
“ချင်းယောင်၊ ပစ္စည်းတွေကို ပို့ဆောင်တဲ့အခါကျရင် မင်း အဖွဲ့ကို တာဝန်ယူရလိမ့်မယ်”
ရဲ့လင်းချန်က ညွှန်ကြားလိုက်သည်။
“အင်း၊ စိတ်မပူပါနဲ့၊ ကျွန်မပါ အတူတူ လိုက်ပို့ပေးမှာပါ၊ ကျွန်မကိုယ်ကျွန်မလဲ ရှင့်တံခါးဝအထိ အချိန်မရွေး ပို့ဆောင်ပေးနိုင်ပါတယ်”
…
သူ၏ အိမ်ပြန်ခရီးက အလာနှင့် လုံးလုံးလျားလျား ခြားနားလေသည်။ ယခုအခါတွင် လမ်းတစ်လျှောက်၌ အထူးကားတစ်စီးက လိုက်ပါပို့ဆောင်ပေး၏။
ယခုတစ်ကြိမ်၌ သူ၏ ဦးတည်ရာက ဆန်းကြယ်ကျွန်း ဖြစ်သည်။ သူ့တွင် ပို့ဆောင်ရမည့် ဆေးပင်များနှင့် အခြားပစ္စည်းများ ရှိနေသည်။ ယင်းက ရဲ့လင်းချန်၏ ပင်မစခန်းပင်။
ရဲ့လင်းချန်က ခုံတွင်မှီ၍ သက်တောင့်သက်သာ အနားယူနေသည်။ ထိုအခိုက်တွင် အလီက သူ့ဘေး၌ ပရော်ဖက်ရှင်နယ် သက်တော်စောင့်တစ်ဦးကဲ့သို့ မတ်မတ် ထိုင်နေ၏။
*စနစ်မီနူး*
ရဲ့လင်းချန်၏ အမိန့်နှင့်အတူ စနစ်မီနူး ပေါ်လာသည်။ သူ၏ အကြည့် ရေပန်းစားမှု အမှတ်များအပေါ် ချက်ချင်း ကပ်ညိသွားလေသည်။
ဆယ်၊ရာ၊ထောင်၊သောင်း၊သိန်း၊ သန်း။ စုစုပေါင်း အမှတ် 26,765,866 ရှိနေသည်။
ယခင်တစ်ခေါက်က အမှတ် ဆယ့်သုံးသန်း ဝန်းကျင်မျှသာ ရှိခဲ့သည်။ ရက်အနည်းငယ်အတွင်း သူ၏ ရေပန်းစားမှုအမှတ်က နောက်ထပ် ဆယ့်သုံးသန်း တိုးလာခဲ့လေသည်။
ခွေးရူးပြန်ရောဂါ ကုသဆေး၏ သတင်းက နိုင်ငံပြည်ပသို့ ပျံ့နှံ့သွားပြီး အလွန် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ကြောင်း သေချာလှပေသည်။
သို့သော် ရေပန်းစားမှုအမှတ်များ ကြီးကြီးမားမား တိုးလာသည်ဟု ထင်ရသော်လည်း ကမ္ဘာ့လူဦးရေနှင့် ယှဉ်လိုက်လျင် နည်းလွန်းနေသေး၏။ ကမ္ဘာပေါ်၌ လူပေါင်း ဆယ်သန်းကျော် ရှိလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားသားများထံမှ ရေပန်းစားမှုအမှတ်များ ရရှိရန် ခက်ခဲပေလိမ့်မည်။ လူမျိုး ကွာခြားခြင်းက သူတို့၏ ယုံကြည်မှုအပေါ် သက်ရောက်မှု ရှိဟန်တူ၏။
သို့သော် ရဲ့လင်းချန်သည် တုန်လှုပ်ခြင်း မရှိချေ။ သူသည် ရေပန်းစားမှုအမှတ်များ ရရှိရန် ပြဿနာ အသေးအမွှားလေးများအား အလေးထားနေမည် မဟုတ်ပါ။ နောက်ထပ် ထွက်လာမည့် အရာများက ကမ္ဘာအား ပို၍ပင် ကိုင်လှုပ်နိုင်ပေလိမ့်မည်။
သူ၏ အကြည့်က စွမ်းရည်များ စာရင်းပေါ် ကျရောက်သွားပြန်သည်။ ရေပန်းစားမှုအမှတ်များစွာ ရှိနေသဖြင့် သူ၏ စွမ်းရည်များကို အဆင့်မြှင့်ရန် မသုံးပါက အလကား ဖြစ်ပေမည်။ အခြားအရာများက အရေးမကြီးပါ။ အရေးအကြီးဆုံးအရာက သူ၏ ကိုယ်ပိုင်ခွန်အားပင်။
အဆင့်မြင့်စွမ်းရည် သုံးခုရှိသည်။ ၎င်းတို့မှာ လျင်မြန်စွာပြေးခြင်း စွမ်းရည် (အဆင့်မြင့်အဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အဆင့်မြင့်အဆင့်) နှင့် ရှစ်ဆ ပြင်းထန် သားရဲလေ့ကျင့်ရေး (အဆင့်မြင့်အဆင့်) တို့ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ့တွင် အလယ်အလတ်အဆင့် စွမ်းရည် သုံးခု ရှိလေသည်။ အရဟာ လက်သီးစွမ်းအင် (အလယ်အလတ်အဆင့်)၊ အစီအရင် (အလယ်အလတ်အဆင့်)နှင့် သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အလယ်အလတ်အဆင့်)။
အခြေခံအဆင့် စွမ်းရည် ဆယ့်ငါး။ ကျင့်ကြံခြင်း (အခြေခံအဆင့်)၊ ကြောင်ဘာသာစကား (အခြေခံအဆင့်)၊ သန့်စင်ခြင်း: ခုခံမှု (အခြေခံအဆင့်)၊ နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာ စကား (အခြေခံအဆင့်)၊ ဝေဖန်တိုက်ခိုက်ခြင်း ပညာ (အခြေခံအဆင့်)၊ စားကောင်း သောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲပညာ (အခြေခံ အဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ နဂါး အမဲ လိုက်ခြင်း ပညာ (အခြေခံအဆင့်)၊ အဆိပ်ပြီးခြင်း (အခြေခံအဆင့်)၊ ပိုးကောင် ဘာသာစကား (အခြေခံ အဆင့်) နှင့် မရဏ အထိအတွေ့ (အခြေခံအဆင့်)။
တစ်ရာရာခိုင်နှုန်းဖြစ်နေသော စွမ်းရည်များ: နှလုံးဖျက်လက်ဝါး၊ လေခွင်းကန်ချက်၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီ၊ ဘောလုံး ကျွမ်းကျင်မှု၊ အနောက်တိုင်းဆေးပညာ၊ ဂျာမန်ဘာသာစကား၊ ရုရှား ဘာသာစကား …