ဇာမဏီနှလုံးသားမီးလျှံ သစ်ပင်
Vol. 39 Ch. 535
ဘာသာပြန်- The Fate
သိပ်ကြာခင်တွင် ဝမ်ဖုန်းနှင့် လီပိုင်တို့၏ ပုံရိပ်များသည် မြေအောက်ကမ္ဘာအတွင်း၌ ထွက်ပေါ်လာခဲ့ကြသည်။
ဤကျယ်ပြောနက်ရှိုင်းသော မြေအောက်ကမ္ဘာကြီးကို စိုက်ကြည့်လိုက်ရင်း ဝမ်ဖုန်းကတောင်ထိတ်လန့်သွားခဲ့မိသည်။ ၎င်းက မြေအောက်ထဲ၌ ဖုံးကွယ်နေခဲ့သော ခမ်းနားကြီးကျယ်သည့်နတ်ဘုံနတ်နန်းကြီး အလားပင်။
"လီပိုင်...ဒီမြေအောက်ကမ္ဘာက ဘယ်လောက်ကြီးလဲဆိုတာ မင်းသိလား?"
သူ၏စိတ်အာရုံပိတ်ဆို့ခံထားရတာကို သိရှိလိုက်သည့်အခါ ဝမ်ဖုန်း၏ အမူအရာမှာ တောင့်တင်းသွားပြီး တိုးတိတ်စွာမေးမြန်းလိုက်သည်။
ဝမ်ဖုန်း၏ လက်ရှိကျင့်ကြံမှုခွန်အားက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် ပထမအဆင့်စွမ်းအားရှင်နှင့်တောင် ရင်ဆိုင်နိုင်စွမ်းရှိပါသည်။ သူ၏စိတ်အာရုံသည် မွန်မြတ်ဘုံလောကတစ်ခုလုံးကို မလွှမ်းခြုံနိုင်သော်ငြားလည်း မြင်မြတ်သောစန်းရိအင်ပါယာတစ်ခုကို လွှမ်းခြုံနိုင်ရန်အတွက်တော့ပြဿနာမရှိပါ..။
သို့ပါသော်လည်း ဤမြေအောက်ကမ္ဘာအတွင်း၌ သူဟာ ပတ်ပတ်လည် ၁၀မီတာကိုသာ လွှမ်းခြုံနိုင်စွမ်းရှိသည်။ ဤအကွာအဝေးက မျက်လုံးဖွင့်၍ ကြည့်ရှုတာနဲ့တောင် များစွာကွာခြားခြင်းမရှိပါ။
"ကျုပ်လည်း မသိရဘူး... ကျုပ်ရဲ့ ကျင့်ကြံမှုနဲ့တောင် မိုင်တစ်ထောင်ပတ်ပတ်လည်ပဲ ခံစားသိရှိနိုင်တယ်..
"
လီပိုင်က ခေါင်းကိုခါယမ်းလျက် ပြောဆိုလိုက်သည်။
လီပိုင်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းဟာ တုန်လှုပ်သွားပြီး သူ၏အမူအရာက ပိုမို၍ လေးနက်လာခဲ့သည်။ သူဟာ အရေးကြုံလျှင် အသုံးချရန်အတွက် ကိုယ်တွင်းရှိစွမ်းအားများကိုတောင် တိတ်ဆိတ်စွာ နှိုးဆွလိုက်မိသည်။
"ဂိုဏ်းချုပ်ကို... တွေ့ဆုံပါတယ်... အစောင့်အရှောက်လီပိုင်ကိုတွေ့ဆုံပါတယ်"
ဤအချိန်တွင် စစ်ထူကျုံးတို့သုံးယောက်ကလည်း ဝမ်ဖုန်းတို့နှစ်ယောက်ကို တွေ့မြင်လိုက်ကြရသည်။ သူတို့က ရုတ်တရက် ဝမ်ဖုန်းတို့၏အရှေ့သို့ ရောက်လာကြကာ လေးစားစွာဂါရဝပြုလိုက်သည်။
ဝမ်ဖုန်းက ယဥ်ကျေးမနေရန် စစ်ထူကျုံးတို့ကို လက်ခါယမ်းလျက် အချက်ပြလိုက်သည်။ ဝမ်ဖုန်းသည် ကုချိုးကို စူးစိုက်ကြည့်လျက် နက်ရှိုင်းသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ဒီနေရာအကြောင်းကို မင်းဘာများသိရှိထားသေးလဲ?.."
ဝမ်ဖုန်း၏ အမေးကို ကြားလိုက်ရသည့်အခါ ကုချိုးက ခေါင်းကိုခါယမ်းလျက် ပြောဆိုလိုက်သည်။
"ကျွန်တော်လည်း မသိပါဘူး... အဲ့ဒီကောင်လေး စစ်ထူကျယ်က ဒီနေရာအကြောင်းကို တိတိပပ ပြောမသွားခဲ့ဘူး။ သူကိုယ်တိုင်တောင် ကောင်းကောင်းသိပုံမရဘူး"
ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ကာ သူ၏လက်ကို ခါယမ်းလျက် နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
"ဒီလိုဆိုမှတော့ သွားရောက်ကြည့်ရှုကြတာပေါ့.."
ထိုသို့ပြောဆိုလိုက်ပြီးနောက် လူအုပ်စုတစ်စုသည် မိုးထိအောင်မြင့်မားသော တောင်ထိပ်ကြီးထံသို့ ဦးတည်သွားလာခဲ့ကြသည်။
မရေမတွက်နိုင်သော တောင်တန်းများ၏ ပတ်ပတ်လည်တွင် ရှေးဟောင်းသစ်တောများက ကာရံလျက်ရှိသည်။ ၎င်းသစ်တောကြီးများအတွင်း၌ မြူခိုးမြူငွေ့များ ရစ်သိုင်းလျက်ရှိပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုံအလား လှပနေခဲ့သည်။
တောအုပ်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်လျက်ရှိပြီး ဝမ်ဖုန်းတို့၏ ခြေသံသဲ့သဲ့ကိုသာ ကြားနေရသည်။ဘေးပတ်လည်တွင် မြူခိုးများက အဆက်မပြတ် လှုပ်ရှားနေခဲ့ကြပြီး လူအများကို အနည်းငယ်ကြောက်လန့်မိစေခဲ့သည်။
ဤတောအုပ်ကြီးအတွင်း၌ ဝမ်ဖုန်းနှင့်အခြားသူများသည် ထူးဆန်းသောဖိအား၏ အရှိန်အဝါကို ခံစားကြရသည်။ ၎င်းလျှို့ဝှက်ဆန်းကြယ်သည့်ဖိအားသည် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖိနှိပ်ထားခဲ့သည်။သူတို့၏ ကျင့်ကြံမှုဖြင့်တောင် တောအုပ်ကြီးကို ဖြတ်သန်းသွားလာရာ၌ အင်မတန်မှ နှေးကွေးနေခဲ့သည်။
တောအုပ်ကြီးအတွင်း၌ လီပိုင်တစ်ယောက်တည်းကသာ လေဟာပြင်အတွင်း၌ ပျံသန်းလှုပ်ရှားနိုင်စွမ်းရှိခဲ့သည်။သို့သော် ဤနေရာ၏ ထူးခြားဆန်းကြယ်မှုကြောင့် လီပိုင်ဟာလည်း ပျံသန်းခြင်းမပြုဘဲ ဝမ်ဖုန်းတို့၏အနောက်မှာသာ တိုးတိတ်စွာလမ်းလျှောက်လိုက်ပါလာခဲ့သည်။
တစ်နာရီခန့်လမ်းလျှောက်ပြီးသည့်နောက် ဝမ်ဖုန်းနှင့် အခြားသူများသည် ဧရာမတောင်တန်းကြီး၏ တောင်ခြေသို့ ရောက်လာခဲ့ကြသည်။ ၎င်းတောင်တန်းကြီးသည် မိုင်တစ်သောင်းကျော်မျှ ရှည်လျားပုံပေါ်ပြီး ၎င်းက မြေကြီးအတွင်း၌ နစ်မြုပ်နေသည့် ဓါးတစ်စင်းအလား ခမ်းနားကြီးကျယ်သောမြင်ကွင်းကို ပုံဖော်နေခဲ့သည်။
တောင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများသယ်ဆောင်ထားသည့် ထူးဆန်းသောကျောက်တုံးများရှိနေခဲ့သည်။ ဒါ့အပြင် ထင်းရှုးပင်များနှင့် ဝါးပင်များလည်း ရှိနေခဲ့ကြသည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ဖုန်းတို့သည် ကွေ့ကောက်သော တောင်တက်လမ်းကလေးအတိုင်း ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့ကြသည်။ တောင်တန်းတောအုပ်ကို ဖြတ်သန်းလမ်းလျှောက်နေရင်း ဝမ်ဖုန်းနှင့် အခြားသူများ၏ အမူအရာများမှာ တောင့်တင်းသွားကြသည်။
ထင်းရှုးပင်များနှင့် ဝါးပင်များ၏ အရွက်များသည် လူ့နှလုံးသားနှင့် အင်မတန်တူညီနေခဲ့သည်။ ၎င်းက နှလုံးသားကဲ့သို့ အင်မတန်နီးစွေးသော အသွင်အပြင်ရှိပြီး သစ်ရွက်များပေါ်ရှိ ရွက်ကြောများကလည်း လူ့နှလုံးသားအတွင်းရှိ သွေးပြန်ကြောများနှင့် တူညီနေခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရှုလိုက်မိရုံနဲ့ လူအပေါင်းကို ထိတ်လန့်စေနိုင်၏
Admin, [9/24/2024 1:03 PM]
။
ဝမ်ဖုန်းတို့အဖွဲ့သည် ဗဟုသုတအကြားအမြင်များပြားသော်လည်း ထိုကဲ့သို့ ထူးဆန်းသည့် သစ်ပင်များကိုတော့ မတွေ့မြင်ဖူးပါ။ ကြောက်စရာ အကောင်းဆုံးကတော့ တောင်ခြေမှ လှမ်းမျှော်ကြည့်ရှုခဲ့စဥ်က သူတို့သည် စိမ်းလန်းစိုပြည်သော တောအုပ်ကြီးကိုသာ တွေ့မြင်ခဲ့ရပြီး အနီရောင်ကို စိုးစဥ်းမျှမတွေ့မြင်ခဲ့ရချေ။
သို့သော်လည်း သူတို့တောင်ပေါ်ကို တက်လာသည့်အခါမှာ တွေ့မြင်ရသမျှ အရွက်တိုင်းသည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဒါက အင်မတန်မှ ထူးဆန်းလှချေသည်။
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူဟာ ဘေးနားက လီပိုင်ကို သွားရောက်စူးစမ်းရန် အချက်ပြလိုက်သည်။
လီပိုင်က ခေါင်းညိတ်လိုက်ပြီး ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ထံသို့ လမ်းလျှောက်သွားခဲ့ကာ အရွက်တစ်ရွက်ကို ခူးယူလိုက်သည်။ သူက ၎င်းသစ်ရွက်ကို ထွင်းဖောက်လုမတက် စိုက်ကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌ စိတ်ဝိညာဥ်ကို ထွင်းဖောက်မြင်နိုင်သော အလင်းတန်းတစ်ခု တောက်ပလျက်ရှိသည်။
"ဂိုဏ်းချုပ်... ဒီသစ်ရွက်ရဲ့အပူချိန်က တကယ့်ကို မြင့်မားလွန်းတယ်... အဲ့ဒါက မြင့်မြတ်တဲ့မီးတောက်တစ်ခုလိုပဲ ပူပြင်းနေတယ်... သာမန်လူတစ်ယောက်သာ ဒီသစ်ရွက်ကို ထိတွေ့မိလိုက်ရင် ကျိန်းသေပေါက် လောင်ကျွမ်းပြာကျသွားမှာ။"
လီပိုင်က သစ်ရွက်ကို ဝမ်ဖုန်းထံ လက်ကမ်းပေးလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည် မီးတောက်နီရောင်သစ်ရွက်ကို သူ၏လက်အတွင်း ဆုပ်ကိုင်ထားခဲ့ကာ သူ၏အမူအရာက အင်မတန်မှ လေးနက်နေခဲ့သည်။ သူဟာ သစ်ရွက်ထံမှ အပူချိန်ပြင်းပြင်းကို ခံစားရရုံသာမက သွေးနံ့မျှင်းမျှင်းကိုလည်း ရရှိနေခဲ့သည်။
မီးတောက်မီးလျှံနှင့်တူသော အနီရောင်သစ်ရွက်သည် သူ၏လက်ဖဝါးအတွင်း၌ အနည်းငယ်တုန်ခါနေခဲ့သည်။ ၎င်းက အသက်ရှိနေသည့်လား တစ်ချက်ချက်တွန့်လိမ်သွားလေသည်။
"စနစ်... ဒီသစ်ရွက်ကို စုံစမ်းစစ်ဆေးလိုက်ပါ..."
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး လျှို့ဝှက်စွာပြောဆိုလိုက်သည်။
"ဒင်... စုံစမ်းစစ်ဆေးခြင်းက ဂိုဏ်းအမှတ် ၁၀ဘီလီယံ ကုန်ကျပါလိမ့်မယ်..."
သောက်ကျိုးနည်းစနစ်... လုပ်သမျှအရာတိုင်းက ဂိုဏ်းအမှတ်လိုအပ်တာပဲလား..။
ဝမ်ဖုန်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ စနစ်ကို စုံစမ်းခွင့်ပြုလိုက်ရသည်။
"ဒင်... ဂိုဏ်းအမှတ် ၁၀ဘီလီယံအသုံးပြုပြီး စုံစမ်းစစ်ဆေးလိုက်ပါပြီ"
"ဒါက ဇာမဏီနှလုံးသား မီးလျှံသစ်ပင်ပါ.. "
"ဇာမဏီငှက် ပြန်လည်ထမြောက်ခြင်းမီးတောက်ရဲ့ သက်ရောက်ခြင်းခံရတဲ့ သာမန်သစ်ပင်တွေက လောင်ကျွမ်းသွားခြင်းမရှိပါဘူး... နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာလာတဲ့အခါမှာ အဲ့ဒီသစ်ပင်တွေက ဇာမဏီနှလုံးသားမီးလျှံသစ်ပင်တွေအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်"
"ဇာမဏီနှလုံးသားမီးလျှံသစ်ပင်တိုင်းရဲ့မွေးဖွားမှုက ဘဝရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ညွန်းနေပါတယ်... ဒါ့ကြောင့်မလို့ ဇာမဏီနှလုံးသားသစ်ပင်ရဲ့ ကိုယ်ထည်တစ်ခုလုံးက ရတနာတွေနဲ့ ပြည့်နှက်နေတာပါ... အပင်ရဲ့သစ်ရွက်ကို ရုပ်ခန္ဓာကိုအားကောင်းဖို့အတွက် အသုံးပြုနိုင်သလို အပင်ရဲ့သစ်ကိုင်းတွေနဲ့ ပင်စည်တွေကိုလည်း မှော်ဝင်ရတနာပစ္စည်းတွေထုလုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်... သစ်သီးသစ်ပင်တွေရဲ့ အရည်ကိုသောက်သုံးရင်တော့ တစ်စုံတစ်ယောက်ရဲ့ သွေးမျိုးဆက်ကိုတောင် ပြောင်းလဲနိုင်စွမ်းရှိပါတယ်... ကံကောင်းမယ်ဆိုရဲ့ မြင့်မြတ်တဲ့ဇာမဏီငှက်ရဲ့ ပြန်လည်ထမြောက်ခြင်းစွမ်းအားကိုတောင် ဆက်ခံရရှိနိုင်မှာပါ"
"ဒီနေရာမှာ ပြန်လည်ထမြောက်ခဲ့တဲ့ ဇာမဏီငှက်က ဟုန်မန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေတဲ့ အစစ်အမှန်ဇာမဏီငှက်တစ်ကောင်ပါ.. သာမညဇာမဏီငှက်တောင်မဟုတ်ခဲ့ပါဘူး"
စနစ်၏အသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း တရဆက်ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းသည် ထိတ်လန့်သွားခဲ့သည်။ စနစ်၏ ပြောဆိုမှုကြောင့် သူဟာ ဇာမဏီနှလုံးသားသစ်ပင်၏ အဖိုးတန်မှုကို သိရှိခဲ့ရသည်။ ၎င်းဟာ သူရရှိခဲ့သော ကံတရားမျိုးစေ့လောက် မကောင်းမွန်သောငြားလည်း စကြာဝဠာအတွင်းရှိ ထိပ်တန်းရတနာတစ်ခုဖြစ်ပါ၏။
ဒါပေမယ့်... ဒီတောင်တန်းကြီးပေါ်မှာ ဇာမဏီနှလုံးသားသစ်ပင်တွေ ရာချီပြီး ရှိနေတာမဟုတ်ဘူးလား? ဒါက ဘယ်လိုသဘောတရားကြီးပါလိမ့်။
" ပိုင်ရှင်တွေ့မြင်ရတာက အစစ်အမှန်ဇာမဏီနှလုံးသားသစ်ပင်မဟုတ်ပါဘူး... ဒီနေရာမှာ ဇာမဏီနှလုံးသားသစ်ပင်က အချိန်ကာလကြာမြင့်စွာ တည်ရှိခဲ့တာကြောင့် အနီးနားက သစ်ပင်တွေကလည်း သက်ရောက်ခြင်းခံလိုက်ရပြီး ဇာမဏီနှလုံးသားသစ်ပင်နဲ့ အသွင်သဏ္ဍာန်တူညီသွားခဲ့တာပါ.."
ဝမ်ဖုန်း၏ အတွေးများကို သိရှိနေသည့်အလား စနစ်က ထပ်မံ၍ ပြောဆိုလာခဲ့သည်။ ဝမ်ဖုန်းက စိတ်သက်သာရာ ရသွားခဲ့သည်။ ဤနေရာတွင် ဇာမဏီနှလုံးသားသစ်ပင် ရာချီ၍ရှိနေပါက ဝမ်ဖုန်းဟာ ပျော်ရွှင်မသွားရုံသာမက ထိတ်လန့်သွားရပေလိမ့်မည်။
ရာကျော်သော ဇာမဏီနှလုံးသားသစ်ပင်များသာ မွန်မြတ်ဘုံလောကအတွင်း၌ ထွက်ပေါ်လာခဲ့ပါက မွန်မြတ်ဘုံလောကကို ကပ်ဘေးဒုက္ခကြီး ယူဆောင်လာပေးလိမ့်မည်။
စနစ်ရဲ့ပြောစကားအရဆို ဒီနေရာမှာ အစစ်အမှန်ဇာမဏီနှလုံးသားမီးလျှံသစ်ပင်တစ်ပင်ရှိနေတာပေါ့လေ။
ရုတ်တရက်ဆိုသလို ဝမ်ဖုန်း၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့သည်။ တစ်ပင်တည်းဆိုရင်တောင်မှ ၎င်းက ဝမ်ဖုန်းတို့အတွက် ပွပေါက်ပင်။ အနည်းငယ်အန္တရာယ်ကြီးမားသော်လည်း ဇာမဏီနှလုံးသားမီးလျှံသစ်ပင်အတွက် စွန့်စားရတာက ထိုက်တန်ပါတယ်လေ။
တစ်ပင်တည်းရှိနေတာကြောင့် ဤနေရာတွင် ဇာမဏီငှက်သည် မွန်မြတ်ဘုံလောကကို ဖြတ်သန်းသွားလာရင်း နားခိုခဲ့ပုံပေါ်သည်။
ရာကျော်သော ဇာမဏီနှလုံးသားသစ်ပင်များရှိနေလျှင်တော့ ဤနေရာကို ဇာမဏီငှက်၏ အသိုက်ဟောင်းကြီးဟု ပြောဆိုရမှာဖြစ်သည်။
ဤတောင်တန်းအပေါ်၌ စစ်မှန်သော ဇာမဏီနှလုံးသားမီးလျှံသစ်ပင်ရှိနေကြောင်း တွေးတောလိုက်မိသည့်အခါ ဝမ်ဖုန်းက ပိုမို၍ စိတ်လှုပ်ရှားလာခဲ့ကာ လီပိုင်နှင့်အခြားသူများကို ဦးဆောင်လျက် တောင်ထိပ်ပေါ် ဆက်လက်တက်လှမ်းသွားခဲ့သည်။