← Chapters

ဇာမဏီဥ ရှင်သန်ထမြောက်လေပြီ

Vol. 39 Ch. 541

ဇာမဏီဥ ရှင်သန်ထမြောက်လေပြီ

Vol. 39 Ch. 541

Translator - Hsue Htet

သွေးနီမိုးကြိုး‌ကန်ထဲ၌ ဝမ်ဖုန်းသည် ဇာမဏီဓားသိုင်းကို နားလည်သိမြင်ရန် ကျင့်ကြံဆဲဖြစ်သည်။ ဇာမဏီဓားကျင့်စဉ်၏ ထိန်းချုပ်မှုအောက်၌ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် အဟန့်အတားဖြစ်သော သွေးနီရောင်မိုးကြိုးနဂါးကို ဖျက်ဆီးနိုင်သည်အထိ အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာခဲ့သည်။

လီပိုင်နှင့်အခြားသူများသည်လည်း ဝမ်ဖုန်း ဆင့်ကဲကျင့်ကြံ‌ေနသည့် ဓားကျင့်စဉ်ထဲတွင် နစ်မျောနေကြသည်။

ဝမ်ဖုန်းသည် ဇာမဏီဓားသိုင်းကို ကျင့်ကြံရင်းဖြင့် ဓားသိုင်းကိုသိမြင်နားလည်ခြင်းနှင့်အတူ ဇာမဏီငှက်ပြန်လည်ထ‌ေမြာက်ခြင်း၏ စစ်မှန်သည့်သဘောတရားကို သဘောပေါက်နားလည်ခဲ့ရသည်။

သို့သော်ငြား ၎င်းစစ်မှန်သည့်သဘောတရား အလင်းတန်းလေးသည် ဝမ်ဖုန်းကို ဇာမဏီနတ်သားရဲ၏ ပြန်လည်ထ‌ေမြာက်ခြင်းစွမ်းအင်ကို ပိုင်ဆိုင်စေခြင်းငှာ များစွာအလှမ်းဝေးသေး၏။ သို့သော် ဝမ်ဖုန်း၌ ဇာမဏီငှက်ပြန်လည်ထမြောက်ခြင်းကျင့်စဉ်ကို စွဲထင်စေရန်အတွက်မူ လုံလောက်သည်။ ဝမ်ဖုန်း၏ သိမြင်နားလည်မှု နက်ရှိုင်းလာခြင်းနှင့်အတူ ဝမ်ဖုန်း၏ ဇာမဏီနတ်သားရဲ၏ ပြန်လည်ထမြောက်ခြင်းစွမ်းအင်ကို ပိုင်ဆိုင်ရန်အခွင့်အရေးလည်း ပို၍များလာခဲ့သည်။

နာရီဝက်ခန့်ကြာမြင့်ပြီးနောက် သွေးမိုးကြိုးကန်ထက်တွင် လူးလှိမ့်နေကြသော သွေး‌နီရောင်မိုးကြိုးနဂါးများသည် ဝမ်ဖုန်း ထုတ်လွှတ်လိုက်သည့် ဇာမဏီနတ်ဓားရောင်ခြည်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား‌ကြသည်။ သွေးနီရောင်အလင်းတန်းငယ်လေးများအဖြစ် ပြောင်းလဲသွားကြ၍ လေဟာပြင်ထက်တွင် မျောလွင့်နေလေရာ တောင်ထိပ်ဝန်းကျင်တစ်ခုလုံးမှာ အနီရင့်ရင့်အလင်းထုတစ်လွှာဖြင့် ဖုံးလွှမ်းသွား‌လျက် မြင်ကွင်းမှာ အလွန်တရာထူးခြားပြောင်မြောက်လှပေသည်။

ယခင်က ကြီးမားကျယ်ပြောသည့်ကန်ကြီးသည် အငွေ့ပျံသွားခဲ့သည့်အလား မည်းနက်သည့်ကန်အောက်ခြေထိတိုင် မြင်တွေ့ရလေသည်။ ကန်အောက်ခြေရှိ ဧရာမဇာမဏီရုပ်ကြွင်းကိုလည်း မြင်တွေ့ရလေပြီ။ ဝမ်ဖုန်းမှာ ကျွန်းပေါ်သို့ အဘယ်သို့ရောက်ရှိလာခဲ့သည်ကိုပင် မိမိကိုယ်မိမိ မသိ‌လိုက်ချေ။

ဟူးးး

အချိန်ခဏမျှကြာမြင့်ပြီးနောက် ဝမ်ဖုန်း နိုးလာသည်။ ဝမ်ဖုန်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ရှူထုတ်လိုက်သည်။ ထို့နောက် လက်ထဲရှိ ဇာမဏီနတ်ဓားကိုကြည့်၍ ရှုပ်ထွေးသွားရပြန်သည်။

ဤတစ်ကြိမ်တွင် ဝမ်ဖုန်း၏ကျင့်ကြံမှုသည် စိုးစဉ်းသော်မျှ တိုးတက်မှုမရှိခဲ့။ သို့သော် ဇာမဏီဓားသိုင်းကျင့်စဉ်ကို သိမြင်နားလည်သွားခဲ့ပြီဖြစ်ပြီး ဇာမဏီငှက်ပြန်လည်ထမြောက်ခြင်း၏ စစ်မှန်သောအနှစ်သာရတစ်မျှင်သည်လည်း သူ့ထံတွင် စွဲထင်ရစ်ခဲ့လေပြီ။

ဟုန်မန်နတ်ဘုရားနယ်ပယ်အဆင့်ရှိ ဇာမဏီဓားသိုင်းသည် လက်ရှိအချိန်တွင် ဝမ်ဖုန်း၏သိမြင်နားလည်နိုင်စွမ်းနှင့် များစွာကွာဝေးလွန်းသော ကြီးကျယ်ခမ်းနားလှသည့်ကျင့်စဉ်ဖြစ်သည်။ သို့သော် အပြည့်အဝနားမလည်နိုင်လျှင်သော်မှ ဇာမဏီဓားသိုင်းကျင့်စဉ်သည် သူ၏ဝိဉာဉ်ထဲတွင် စွဲထင်တည်ရှိနေခဲ့ပြီဖြစ်၏။ အနာဂတ်တွင်တော့ ဤကြီးကျယ်ခမ်းနားလှသည့်ကျင့်စဉ်ကို သိမြင်နားလည်ရန်မှာ ဝမ်ဖုန်းအတွက် အသက်တမျှ အရေးကြီးလာပေလိမ့်မည်။

ထို့ပြင် ဇာမဏီဓားသိုင်းသည် လက်ရှိကာလအတွက် ဝမ်ဖုန်း၏ အကြီးမားဆုံးသောဝှက်ဖဲဖြစ်လာပေမည်။

ဝမ်ဖုန်း၏ လက်ရှိကိုယ်ပိုင်နတ်စွမ်းအင်သည်လည်း ဇာမဏီဓားသိုင်းကျင့်စဉ်၏စွမ်းအင်နှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။

ပေါက်ဖွားစ,နတ်စွမ်းအင်သည် တကယ့်ကို ဝမ်ဖုန်းအတွက် အသင့်တော်ဆုံးဖြစ်သည်။ သို့သော် ဝမ်ဖုန်း၏တိုးတက်မှုတွင် အကန့်အသတ်ရှိနေသောကြောင့် ယခုလက်ရှိနတ်စွမ်းအင်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံနယ်ပယ်အဆင့်၌သာ ရှိနေသေးသည်။ ဤဇာမဏီဓားသိုင်းသည် ဝမ်ဖုန်းမှ သူ၏အင်အားအစစ်အမှန်ကို မသုံးစွဲနိုင်သေးလျှင်သော်မှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို တုန်လှုပ်စေနိုင်ရန်အတွက်မူ လုံလောက်၏။

ဤဓားကျိုးတစ်လက်သည် နာရီဝက်မျှသော အချိန်လေးအတွင်း၌ ဝမ်ဖုန်းကို ကြီးမားကောင်းမွန်လှစွာသောကံကြမ္မာကို‌ ဖန်ဆင်းပေးခဲ့သည်။ ဝမ်ဖုန်း စိတ်ထဲမှ တစ်ဖန်သက်ပြင်းချလိုက်ပြန်သည်။ ဝမ်ဖုန်းမှာ ဇာမဏီစစ်နတ်ဘုရားအကြောင်းကို သိလိုစိတ်များ ပို၍ပြင်းထန်လာခဲ့သည်။

ဝမ်ဖုန်း စဉ်းစားတွေး‌ေတာ‌ေနစဉ်၌ လီပိုင်နှင့်အခြားသူများသည်လည်း ကျင့်ကြံခြင်းမှ နိုးထလာကြသည်။ ကုချိုး၊ကုကန်းချိုးညီအစ်ကို၏ မျက်နှာအမူအရာတို့မှာလည်း ဝမ်းမြောက်ပျော်ရွှင်နေကြ၏။

ကုညီအစ်ကို၏ကျင့်ကြံဆင့်မှာ နိမ့်ပါးသော်ငြား သိမြင်နားလည်နိုင်စွမ်းရည်မှာ အားမနည်းချေ။ လီပိုင်နှင့် စစ်ထူကျုံးတို့လောက် အကျိုးမများနိုင်သော်ငြား သူတို့၏အကျိုးရလဒ်သည်လည်း သေချာပေါက် မနည်းပါးပါချေ။

“ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကို သွားကြည့်မယ်”

ဝမ်ဖုန်း လက်ကိုဝှေ့ယမ်း၍ လီပိုင်တို့ကိုပြောလိုက်သည်။

စကားဆုံးသည်နှင့် ဝမ်ဖုန်းသည် ဇာမဏီနတ်ဓားကိုကိုင်ဆောင်၍ မနီးမဝေးရှိ ဇာမဏီနှလုံးသားမီးလျံသစ်ပင်သို့ ဦးတည်လျှောက်သွားသည်။ လီပိုင်တို့သည်လည်း နောက်မှ အလျင်အမြန်လိုက်၏။

ဇာမဏီနှလုံးသားမီးလျံသစ်ပင်အောက်သို့ရောက်သောအခါ ဝမ်ဖုန်းတို့အားလုံး ခံစားချက်တစ်မျိုးကို ခပ်ရေးရေးခံစားလိုက်ရသည်။ စူးရဲတောက်လောင်သော နီရဲရဲပင်စည်ထက်တွင် သွေးနီရောင်မျဉ်းကြောင်းများသည် သွေးကြောများအလား သိပ်သည်းထူထပ်နေ၏။ ဤသစ်ပင်အောက်၌ ရပ်နေခြင်းဖြင့်ပင် ခန္ဓာကိုယ်တွင်းသွေးများကို ဆွဲထုတ်ယူ၍ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ဖြင့် ‌မီးမြှိုက်တောက်လောင်ခံနေရသည်ကဲ့သို့ သွေးများဆူပွက်လာသည်ဟု ခံစားရပေသည်။

ဇာမဏီနှလုံးသားမီးလျံသစ်ပင်မှ ပူနွေးသည့်လေငွေ့များ ထုတ်လွှတ်နေလေရာ ဝမ်ဖုန်းတို့မှာ မီးပြင်းဖိုအတွင်းသို့ ရောက်နေကြသည့်အလား အလွန်အမင်းချွေးထွက်နေကြသည်။ ဧကရာဇ်နှလုံးသားအဆင့် လီပိုင်နှင့် ဝမ်ဖုန်း၏ စနစ်အင်အားများ၏ ထောက်ပံ့မှုကြောင့် မဟုတ်ပါလျှင် ကျင့်ကြံဆင့်နိမ့်သည့် ကုညီအစ်ကိုနှစ်ဦးမှာ ဤကြောက်ခမန်းလိလိပြင်းထန်‌လှသော အပူချိန်ကြောင့် လောင်ကျွမ်းပျော်ကျသွားလောက်ပေပြီ။

“ဟမ်?”

ဝမ်ဖုန်းသည် ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကိုကြည့်နေရင်းဖြင့် မျက်လုံးများတောင့်ခဲသွား၏။ အနည်းငယ်အံ့အားသင့်သွားသည့် မျက်နှာအမူအရာသို့ပြောင်းလဲသွားကာ သူ၏ဘေးရှိ လီပိုင်တို့သည်လည်း တုန်လှုပ်သွားကြသည်။

ဇာမဏီနှလုံးသားမီးလျံသစ်ပင်၏ ပင်စည်ကြီး၏အလယ်ဗဟိုတွင် မီးလျံတစ်ခုတောက်လောင်နေသည်။ ၎င်းမီးလျံသည် နတ်ဘုရားမီးလျံကဲ့သို့ ‌စူးရှတောက်ပ၍ အလွန်တရာအားပြင်းကာ ၎င်းမီးလျံမှ ဇာမဏီငှက်၏အသံ ဝိုးတဝါးထွက်ပေါ်နေသည်။

ဝမ်ဖုန်းတို့အားလုံး တုန်ရီသွား၏။ အကြည့်များမှာ မီးလျံထက်သို့ မလွှဲတမ်းကျရောက်နေကြသည်။ မီးလျံ၏အလယ်ဗဟိုတွင် ဇာမဏီငှက်တစ်ကောင် ယိမ်းနွဲ့ကခုန်နေသည့်အလားပင်။ ဇာမဏီနတ်သားရဲ ရှင်သန်ထမြောက်လာသည်ကဲ့သို့ အလွန်အံ့ချီးဖွယ်ကောင်းလှသည်။

“ဒီဇာမဏီငှက်ဥက ဇာမဏီစစ်နတ်ဘုရား အသွင်ပြောင်းလဲခဲ့တဲ့ဇာမဏီဥဖြစ်နိုင်မလား?”

ဝမ်ဖုန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်လုံးအစုံတို့တောက်ပလာကာ ခပ်ဖျော့ဖျော့ရေရွတ်သည်။

ဇာမဏီဥသာလျှင် ဤသို့အံ့ချီးဖွယ်မြင်ကွင်းမျိုးကို ပိုင်ဆိုင်ပေလိမ့်မည်။

ဇာမဏီနှလုံးသားမီးလျံသစ်ပင်သည်ပင် ဇာမဏီကျင့်စဉ်၏ ရတနာတစ်ပါးဖြစ်သည်။ သာမန်နတ်မီးလျံများနှင့် ပျက်သုဉ်းခြင်းဧကရာဇ်မီးလျံ၊ ဟုန်မန်နတ်ဘုရားမီးလျံများပင်လျှင် ဇာမဏီနှလုံးသားမီးလျံသစ်ပင်တွင် တည်ရှိနေသည့် ဇာမဏီငှက်ပြန်လည်ထမြောက်ခြင်းလမ်းစဉ်၏ လွှမ်းမိုးခြင်းကိုခံရနိုင်၏။

ပြန်လည်ထမြောက်ခြင်းမီးလျံ သို့တည်းမဟုတ် ဇာမဏီဥသာလျှင် ဇာမဏီနှလုံးသားမီးလျံသစ်ပင်၌ ရှင်သန်နိုင်သည်။

ဝမ်ဖုန်းသည် ဟွမ်းချွမ်ဖေးရှန်ဓားကို အသက်သွင်းနိုင်ခဲ့သည့်အခြေအနေကို ပြန်လည်တွေးတောလိုက်သည်တွင် နှလုံးအိမ်တုန်လှုပ်သွား၏။ ထို့နောက် တုံ့ဆိုင်းတွေဝေမနေဘဲ ကြမ္မာဝိဉာဉ်၊ တစ်‌ဖက်လောကလျိုယင်းရုပ်ခန္ဓာ၊ လျိုယင်းနှလုံးအိမ်တို့ကို နိုးထစေလိုက်သည်။

၎င်းဇာမဏီစစ်နတ်ဘုရားသည် မိမိနှင့်ဆက်နွယ်မှု တစ်စုံတစ်ရာရှိလျှင် ထွက်ပေါ်လာသည့်အငွေ့အသက်အရှိန်အဝါ၏ ဆွဲငင်ခြင်းကို သေချာပေါက်ခံရမည်ဟု ဝမ်ဖုန်း ယုံကြည်ထားသည်။

ဘုန်း!

ဝမ်ဖုန်းမှ ကြမ္မာဝိဉာဉ်၏အစိတ်အပိုင်းသုံးခုကို လှုပ်ရှားစေလိုက်သောအခါ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ၊ လျိုယင်းနှလုံးတို့၏ အငွေ့အသက်အရှိန်အဝါသည်လည်း ပြောင်းလဲသွားခဲ့သည်။ လီပိုင်နှင့်အခြားသူများမှာလည်း ဝိဉာဉ်ထိတိုင် တုန်လှုပ်သွားရသည်။

တစ်ပြိုင်နက်တည်းပင် ကန်မျက်နှာပြင်ထက်တွင် မျောနေသော သွေးနီရောင်အလင်းစက်များသည် မီးလျံ၏ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား ရေတံခွန်ကဲ့သို့ မီးလျံသို့ စီးဆင်းလာကြသည်။

၎င်းသွေးနီရောင်အလင်းစက်များ စုပြုံစီးဆင်းလာခြင်းနှင့်အတူ မီးလျံသည်လည်း ပို၍ပို၍အားကောင်းပြင်းထန်လာသည်။ သို့သော် ကမ္ဘာလောကတစ်ခုလုံးကို တောက်လောင်တော့မည့်အလား ၎င်းအံ့ချီးဖွယ်ပြင်းထန်လွန်းလှသည့်အပူချိန်သည် ဝမ်ဖုန်းတို့ကိုမူ မသက်ရောက်ပေ။

ဘုန်း!

ကန်အလယ်ဗဟိုရှိကျွန်းတစ်ခုလုံးမှာ အပြင်းအထန်တုန်ခါနေသည်။ ‌ကန်အောက်ခြေရှိ ဇာမဏီရုပ်ကြွင်းသည် ရုတ်တရက်‌တုန်ခါလာကာ အင်အားတစ်ခု၏ ပင့်မြှောက်ခြင်းကိုခံရသည့်အလား အထက်သို့ ဖြေးဖြေးချင်းမြင့်တက်လာသည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ကန်အလယ်ဗဟိုရှိကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

လီပိုင်တို့သည် ဧရာမဇာမဏီရုပ်ကျွင်းကြီးကိုကြည့်၍ ‌အံ့ဩမင်သက်နေကြသည်။ ဇာမဏီရုပ်ကျွင်းကြီး ကန်အောက်ခြေသို့ နစ်မြုပ်သွားခဲ့ချိန်တွင် ဘာမျှမခံစားခဲ့ရသော်ငြား ၎င်းဇာမဏီရုပ်ကျွင်းကြီး သူတို့အထက်သို့ ရောက်သွားချိန်တွင်တော့ ဇာမဏီနတ်သားရဲကြီး၏ ကြောက်မက်ဖွယ်ကောင်းလွန်းသည့်အရှိန်အဝါကို ခံစားလာရပေသည်။

၎င်းဧရာမဇာမဏီရုပ်ကျွင်းကြီးကို ကြည့်ရှုရုံဖြင့်ပင် ဝိဉာဉ်ထိတိုင် တုန်လှုပ်နေရသည်။ ၎င်းဇာမဏီရုပ်ကျွင်း၏ရှေ့မှောက်၌ ကမ္ဘာလောကကြီးသည်ပင် အရောင်အဆင်းကင်းမဲ့သွားသည်ဟု ခံစားရပေသည်။

တစ်ပြိုင်တည်း၌ မီးလျံသည်လည်း အထက်သို့ ဖြေးဖြေးချင်းမြင့်တက်နေသည်။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ ဇာမဏီရုပ်ကျွင်း၏ ဦးခေါင်းထက်သို့ ရောက်ရှိသွား၏။ ဝမ်ဖုန်းတို့အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်၌ ဇာမဏီရုပ်ကျွင်းကြီးမှာ မီးလျံ၏ဝါးမျိုခြင်းနှင့် မီတာဝက်ခန့်သာ ကွာဝေးတော့လေသည်။

All Chapters