မင်းတော်တော်နားငြီးတာပဲ
Vol. 78 Ch. 1157
မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲတွင် ရှေးတော်ဝင်မိသားစုများ ၊ ပြိုင်စံရှားများနှင့် ဓမ္မဝိသေသ တာအိုအရှင်များက ရှိနေကြ၏။
ဤအဖွဲ့အစည်းများ ၊ ပြိုင်စံရှားများနှင့် ဓမ္မဝိသေသ တာအိုအရှင်များသည် ဤကဲ့သို့သော မဟာပွဲတော်တစ်ခုမှာ မူလနတ္ထိတစ်ယောက်ကြောင့် ကြောက်ရွံ့သွားခဲ့ကြသည်ဆိုလျှင် သူတို့က ကျင့်ကြံရေးလောကမှာ လူအများဟားတိုက်စရာ သေချာပေါက်ဖြစ်လာပေတော့မည်။
မူလနတ္ထိ သို့မဟုတ် ဓမ္မဝိသေသ အဆင့်သို့ ကျင့်ကြံလာနိုင်ခဲ့သော ထိုသူများအားလုံးသည် သန်မာသောစိတ်ဓာတ်များရှိကြပြီး စကားလုံးအနည်းငယ်မျှဖြင့် ထိတ်လန့်ကြောက်ရွံ့သွားကြလိမ့်မည် မဟုတ်ပေ။ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက် သူ၏တိုက်ခိုက်ရည်ခွန်အားက သိသိသာသာလျော့ကျသွားသည်မှာ မလွဲဧကန်ပင်။
သူသည် အခုလေးတင် ယုဝမ်ဝူရွှမ်းကို ဖိနှိမ်နိုင်ခဲ့သော်လည်း သူသည်အလွန်တရာ စွမ်းအားကြီးမားသော ဓမ္မပညာရပ်များကို ထုတ်ဖော်ခဲ့ရပြီး စွမ်းအင်အမြောက်အမြားကုန်ခန်းနေပေလိမ့်မည်။
သူက ဘယ်လောက်ကြာကြာ ခုခံနိုင်မှာတဲ့လဲ...။ သူတို့ဘက်တွင် မူလနတ္ထိများက ထောင်နှင့်ချီ၍ ရှိနေကြ၏။
အထီးကျန်သိုင်းသခင်ဘက်တွင် ခြင်္သေ့နှစ်ကောင်အပါအဝင် အဲ့ဒီမှာမူလနတ္ထိ ငါးယောက်သာလျှင် ရှိကြလေသည်။
ဘယ်ဘက်က ပိုမိုသန်မာသလဲဆိုတာ ရှင်းနေလေသည်။
ဒါ့အပြင် အထီးကျန်သိုင်းသခင်သည် မည်ကာမတ္တတပည့် ရှစ်ယောက်ကို တစ်ခါက တိုက်ခိုက်သတ်ဖြတ်ခဲ့သည့်အတွက် သူ့တွင် မရေမတွက်နိုင်သော ရတနာများနှင့် လျှို့ဝှက်အတတ်များစေချာပေါက်ရှိနေပေလိမ့်မည်။
အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ခြင်းဖြင့် သူတို့သည် ထိုရတနာများကို ရရှိလာနိုင်လေသည်။
တကယ်တော့ ထိုသို့အတွေးရှိသော ကျင့်ကြံသူများသည် တာအိုအမွေအနှစ်ကုန်းမြေရှိတိုက်ပွဲကို ကိုယ်တိုင်တွေ့မြင်ဖူးခြင်း မရှိခဲ့ကြဘဲ ဒဏ္ဍာရီများမှတစ်ဆင့် အထီးကျန်သိုင်းသခင်အပေါ် သူတို့သိမြင်နားလည်မှုက အကန့်အသတ်ရှိလေသည်။
တကယ်တော့ ဤပြိုင်စံရှားများသည် ဒဏ္ဍာရီများမှာ အစစ်အမှန်များ ဟုတ်ရဲ့လားဆိုသော အတွေးသံသယများပင် ရှိကြလေသည်။
အဲ့ဒီမှာ အခြေအနေအပေါ် အမြတ်ထုတ်ပြီး အကျိုးအမြတ်များကို ခိုးယူချင်သော ကျင့်ကြံသူများကလည်း ရှိတတ်ကြလေသည်။
ဆူဇီမိုက ထိုသို့ပြောပြီးနောက် ကျင့်ကြံသူအချို့သည် သုန်မှုန်နေသော အမူအရာများဖြင့် တိုက်ပွဲနယ်မြေအပြင်ဘက်သို့ ဆုတ်ခွာသွားကြလေသည်။ သူတို့သည် အရင်က အထီးကျန်သိုင်းသခင်နှင့် မည်ကာမတ္တတပည့်များကြား တိုက်ပွဲကို တွေ့မြင်ခဲ့ဖူးကြသူများဖြစ်လေသည်။ အဲ့ဒါကို ကိုယ်တိုင်တွေ့မြင်ဖူးခြင်းမရှိဘဲ ထိုတိုက်ပွဲက ဘယ်လောက်တေင်တုန်လှုပ်စရာကောင်းခဲ့သလဲ... စဥ်းစားကြည့်နိုင်လိမ့်မည် မဟုတ်ပေ။
အထီးကျန်သိုင်းသခင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက် သူ၏တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားသည်ဆိုလျှင်တောင် ၊ သူ့မှာ မည်သည့်အကူမှမရှိဘူးဆိုရင်တောင် သူတို့သည် လောလောဆယ်အခြေအနေကို စောင့်ကြည့်ချင်သေးလေသည်။
“ဟီးဟီး....”
ရုတ်တရက် လှောင်ပြောင်ရယ်မောသံတစ်သံက လေထဲကနေထွက်ပေါ်လာခဲ့၏။
တာအိုသက်ရှိ ရာပြည့်တစ္ဆေ၏ပုံရိပ်က ယိမ်းနွဲ့သွားပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲကနေ ပုံရိပ်များစွာက ပေါ်ထွက်လာကာ ကျောက်သားစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ထိုပုံရိပ်များသည် တာအိုသက်ရှိရာပြည့်တစ္ဆေနှင့် ခြားနားမှုမရှိကြပေ။ သူတို့၏အော်ရာများ ၊ ကျင့်ကြံမှုအဆင့် ၊ အမူအရာနှင့် အသံများကပင် ထပ်တူညီနေကြ၏။
တစ္ဆေစစ်ရေးပြ....
ယင်တစ္ဆေဂိုဏ်း၏ လျှို့ဝှက်အတတ်...
အဲ့ဒါကို အောင်မြင်အောင် ကျင့်ကြံနိုင်သော ကျင့်ကြံသူများက မရှိသလောက်နည်းပါပြီး တာအိုသက်ရှိရာပြည့်တစ္ဆေသည် ထိုလျှို့ဝှက်အတတ်ပေါ်မှီခို၍ မူလနတ္ထိအဆင့်တွင် ပြိုင်စံရှားတစ်ယောက်ဖြစ်လာခဲ့လေသည်။
လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာခဲ့၏။
များစွာသော ကျင့်ကြံသူများအတွက် ဤကဲ့သို့သော နည်းစနစ်တစ်ခုကို တွေ့မြင်ရသည်မှာ ပထမဆုံးဖြစ်ပြီး သူတို့က တုန်လှုပ်သွားကြ၏။
တာအိုတွေ့ဆုံပွဲမှာ ပါဝင်ယှဥ်ပြိုင်မည့်သူများသည် မြောက်ပိုင်းဒေသကို ကိုယ်စားပြုပြီး သူတို့တွင် စွမ်းအားကြီးသော ဝှက်ဖဲများရှိပြီး ထူးချွန်ထက်မြတ်ကြလေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ထိုလျှို့ဝှက်အတတ်ကို ကိုယ်ပွားခြင်းနည်းစနစ်တစ်ခုဟု မသတ်မှတ်နိုင်ပေ။ ကိုယ်ပွားခြင်းနည်းစနစ်သည် ပင်မခန္ဓာကိုယ်မှ တိုက်ခိုက်ရေးခွန်အားကို အနည်းနှင့်အများဆိုသလို လက်ခံရရှိထားလေသည်။
တာအိုသက်ရှိရာပြည့်တစ္ဆေက သူ၏တိုက်ခိုက်ရည်ခွန်အားနှင့် ကိုယ်ပွားတစ်ရာကို ဖန်တီးနိုင်မည်ဆိုလျှင် သူ၏ ဂုဏ်သတင်းက ယခုထက်များစွာပို၍ ကျော်လွန်နေပေလိမ့်မည်။
အဲ့ဒါက အစစ်နှင့်အတုကို ရောထွေးစေသော ပုံရိပ်ယောင်နည်းစနစ်တစ်ခုနှင့် ပိုတူလေသည်။
တကယ်တော့ ဤပုံရိပ်ယောင်နည်းစနစ်ကို သင့်လျော်စွာ အသုံးချနိုင်မည်ဆိုလျှင် သူသည် ပြိုင်ဘက်ကို ထိန်းချုပ်လှည့်စားနိုင်ဖို့ လုံလောက်လေသည်။
“ဦးလေးကျန့်... ဘယ်ခန္ဓာကိုယ်က အစစ်လဲ ရှင်ပြောနိုင်လား..”
ယွီလန်က မေးလိုက်လေသည်။
ဦးလေးကျန့်က ခေါင်းခါပြလိုက်၏။
“ကျုပ်မပြောနိုင်ဘူး... ကျုပ်ရဲ့ စိတ်ဝိညာဥ်အသိစိတ်နဲ့တောင် အဲ့ဒီပုံရိပ်တွေကြားက ကွာဟချက်ကို အာရုံမခံနိုင်ဘူး...”
ယွီလန်က ရင်တစ်ချက်ထိတ်သွားခဲ့၏။
ဓမ္မဝိသေသ ပညာရှင်များပင် ထိုလျှို့ဝှက်ချက်၏ အားနည်းချက်ကို ဖောက်ထွင်းမမြင်နိုင်ဘူးဆိုတော့...။
“အထီးကျန်သိုင်းသခင်...”
ပုံရိပ်တစ်ရာက သူတို့၏ပါးစပ်များကို တစ်ပြိုင်နက်တည်းဖွင့်ဟ၍ ပြောဆိုလိုက်ကြ၏။ ဘယ်ခန္ဓာကိုယ်က အစစ်လဲဆိုတာကို ပြောဖို့မဖြစ်နိုင်သလောက်ပင်။
“မင်းက ဘယ်သူကိုမှ မသတ်ဖြတ်ခဲ့ဘူးဆိုတာ.. မင်းက သနားကြင်နာမှုရှိတယ်လို့မဆိုလိုဘူး... တာအိုသက်ရှိရာပြည့်တစ္ဆေက အေးစက်စွာဖြင့်ပြောလိုက်၏။
“အဲ့ဒါမင်းက လက်ရှိအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အကဲဖြတ်နိုင်လို့ပဲ... မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲမှာ ပြိုင်စံရှားတွေက စုစည်းနေကြပြီး ဓမ္မဝိသေသ ပညာရှင်တွေပါ ရှိနေတယ်ဆိုတာကို မင်းက ကောင်းကောင်းသိထားတယ်... မင်းက သိပ်ပြီးတော့မမောက်မာရဲလို့ပဲ..”
“မင်းက ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုတာ... မင်းက မလုပ်ရဲ...”
တာအိုသက်ရှိရာပြည့်တစ္ဆေက စကားဆုံးအောင်မပြောရသေးခင်မှာပင် ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ်က လျှပ်စီးလျှပ်ပန်းများဖြင့် လွှမ်းခြုံလာခဲ့၏။ ဖျပ်ခနဲဆို သူက ပုံရိပ်တစ်ခုထံသို့ ပြေးဝင်သွားလေသည်။
တာအိုသက်ရှိရာပြည့်တစ္ဆေက ထိတ်လန့်တုန်လှုပ်သွား၏။
ရွှစ်....
တစ္ဆေပုံရိပ်များသည် တစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီး မကောင်းဆိုးဝါးပုံစံများနှင့် သတ်ဖြတ်ဆန္ဒများကို ထုတ်ပြကာ ဆူဇီမိုဆီသို့ ခုန်ဝင်လာကြလေသည်။
အခြားသောကျင့်ကြံသူများသည် ဝင်ရောက်လာသောပုံရိပ်များနှင့် ရင်ဆိုင်ရလျှင် သူတို့သည် ခုခံနိုင်ခြင်း သို့မဟုတ် ရှောင်ရှားနိုင်ခြင်းရှိလိမ့်မည်မဟုတ်ပေ။ သူတို့၏ လှုပ်ရှားမှုကလည်း သေချာပေါက်သက်ရောက်ခြင်းခံရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏အရှိန်သည် လုံးဝလျော့ကျမသွားသည့်အပြင် ပို၍ပင်တိုးလာခဲ့၏။
ဖျတ်ခနဲဆို သူက ပုံရိပ်များစွာကို ဖြတ်ကျော်ပြီး သူတို့ထဲမှ တစ်ယောက်ရှေ့သို့ ရောက်ရှိလာကြ၏။
ဤတစ္ဆေပုံရိပ်များက ပုံရိပ်ယောင်မျှသာဖြစ်ပြီး မည်သည့်တိုက်ခိုက်ရည်ခွန်အားမှ မပါရှိသည်ကို သူက မြင်နေခဲ့ပြီးလေပြီ။ ထို့ကြောင့် သူကအကြောက်အလန့်မရှိပေ။
သူသည် တစ္ဆေတစ်ရာထဲတွင် အစစ်အမှန်ခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သူ၏အမြင်အာရုံနှင့် သူ၏စိတ်ဝိညာဥ်အသိစိတ်ကြောင့်မဟုတ်ဘဲ အဲ့ဒါက သူ၏ အံ့မခန်းအာရုံခံသတိစိတ်ကြောင့် ဖြစ်လေသည်။
တစ္ဆေတစ်ရာ၏ ပုံရိပ်များကြားမှာ ကွဲပြားခြားနားမှုမရှိပေ။
သို့သော်လည်း သူ၏အာရုံခံသတိစိတ်ကို နိုးဆွပေးနေသော သတ်ဖြတ်လိုစိတ်က တစ္ဆေတစ်ကောင်တည်းထံမှာသာ ရှိလေသည်။
တာအိုသက်ရှိရာပြည့်တစ္ဆေ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
သူမှီခိုအားထားရဆုံးသော လျှို့ဝှက်အတတ်သည် ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ ဤမျှအထိအာနည်းနေလိမ့်မည်ဟု သူထင်မှတ်မထားပေ။
လျှပ်စီးထွက်ပြေးခြင်းက အရမ်းကို မြန်ဆန်လေသည်။
တာအိုသက်ရှိရာပြည့်တစ္ဆေက တစ်စုံတစ်ရာလွဲမှားနေသည်ကိုနားလည်သည့်အချိန်တွင် သူက နောက်ဆုတ်ချင်သည်ဆိုလျှင်တောင် နောက်ကျသွားခဲ့လေပြီ။
ဆူဇီမိုက သူ၏လက်ကိုဆန့်ထုတ်ပြီး လက်ချောင်းကို ဖြန့်လိုက်၏။ ဖျပ်ခနဲဆိုသူက တာအိုသက်ရှိရာပြည့်တစ္ဆေ၏ လည်ပင်းကို ဆုပ်ကိုင်ပြီး အပေါ်သို့ မြှောက်တင်လိုက်၏။
ဘေးဘက်တွင် လှည့်ပတ်နေသော တစ္ဆေတစ်ရာကလည်း လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။
ယခုအခါ ဆူဇီမို၏လက်ထဲတွင် ရုန်းကန်နေသော ပုံရိပ်တစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။
သူ၏ခြေထောက်က မြေနှင့်လွတ်နေပြီး ယက်ကန်ယက်ကန်ဖြစ်နေ၏။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
များစွာသော ကျင့်ကြံသူများသည် တာအိုသက်ရှိရာပြည့်တစ္ဆေ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ခန့်မှန်းဖို့ကြိုးစားနေကြဆဲ ဖြစ်၏။ သို့သော်လည်း တာအိုသက်ရှိရာပြည့်တစ္ဆေက ဆူဇီမို၏ လက်ထဲကို သက်ဆင်းသွားခဲ့ရလေသည်။
“မင်းက... တော်တော်နားငြီးတဲ့ကောင်ပဲ...”
ဆူဇီမိုက စိတ်ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် အေးစက်စွာပြောလိုက်၏။
“မင်းကငါ့ကို သတ်ရဲမယ်ဆိုရင် ဒီကနေ အသက်ရှင်လျက်ထွက်သွားဖို့ စဥ်းတောင်မစဥ်းစားနဲ့”
တာအိုသက်ရှိရာပြည့်တစ္ဆေ၏ မျက်နှာက ခရမ်းရောင်သန်းလာပြီး ဆူဇီမိုကိုစိုက်ကြည့်ကာ သူ၏နောက်ဆုံးစကားကို ပြောလိုက်၏။
“ဘယ်လောက်တောင်နားငြီးလိုက်သလဲ...”
ဆူဇီမိုက သူ၏လက်ဆီသို့ ခွန်အားကိုစိုက်ထုတ်ပြီး တာအိုသက်ရှိရာပြည့်တစ္ဆေ၏ လည်ပင်းကိုချိုးချေလိုက်၏။
လျှပ်စီးများက တဖျပ်ဖျပ်လက်၍ တာအိုသက်ရှိရာပြည့်တစ္ဆေ၏ အသိစိတ်ထဲသို့ တိုးဝင်ကာ သူ၏အမြုတေစိတ်ဝိညာဥ်ကို ကြေမွပျက်စီးသွားစေလေသည်။
တာအိုသက်ရှိရာပြည့်တစ္ဆေက သေဆုံးသွားခဲ့လေပြီ။
သူက အလျှော့ပေးခြင်းဖြင့် ဤပြဿနာကို မဖြေရှင်းနိုင်သည်ကို ဆူဇီမိုနားလည်လိုက်သောအခါ သူက အခြားနည်းလမ်းတစ်ခုကို ထုတ်သုံးရပေတော့မည်။
“သူ့ကိုသတ်....”
ယင်တစ္ဆေဂိုဏ်း၏ ဓမ္မဝိသေသ တာအိုအရှင်က အေးစက်ခက်ထန်စွာဖြင့် အမိန့်ပေးလိုက်၏။
လက်ရှိကျင့်ကြံသူများသည် အစကတည်းက စိတ်ထဲမှာ တင်းကျပ်နေကြ၏။ သူတို့သည် ထိုအမိန့်သံကိုကြားသောအခါ သူတို့အားလုံးက ရှေ့သို့ပြေးဝင်ပြီး တိုက်ခိုက်လိုက်ကြ၏။
ဂမ္ဘီရသံလိုက်တောင် ပေါ်ထွက်လာပြီး သတ္တုအမျိုးအစားဓမ္မလက်နက်များသည် သူတို့ရောက်ရှိလာသည့်ခဏမှာပင် ဂမ္ဘီရသံလိုက်တောင်၏ စုပ်ယုခြင်းကို ခံလိုက်ရလေသည်။
ကျင့်ကြံသူအချို့သည် ချက်ချင်းပင်တုံ့ပြန်၍ သူတို့၏ဓမ္မလက်နက်များကို လက်လွှတ်ပေးလိုက်ကြ၏။
ဘန်း.. ဘန်း.... ဘန်း
ဓမ္မပညာရပ်များက တစ်ခုပြီးတစ်ခုဆင်းသက်လာကြ၏။
ထိုအခိုက်အတန့်တွင် အနည်းဆုံးမူလနတ္ထိအယောက်တစ်ထောင်သည် မြောက်မြားလှစွာသော ဓမ္မစွမ်းအားများနှင့် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ တိုက်ခိုက်လိုက်ကြပြီး ဆူဇီမိုတို့အုပ်စုကို နှစ်မြှုပ်ချင်သည့် ဓမ္မစွမ်းအား ဆူနာမီတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။
ထိုကဲ့သို့သော စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် ယွီလန်က ရင်ထဲမှတလှပ်လှပ်ဖြစ်၍ တုန်ယင်လာခဲ့၏။
သူမ၏ ကျင့်ကြံမှုအဆင့်အရ သူမက ထိုနေရာသို့ရောက်ရှိသွားလျှင် သေချာပေါက်သေရပေလိမ့်မည်။
ဦးလေးကျန့်က သူမကို အလောတကြီးကာကွယ်ပြီး အပြင်ဘက်သို့ ခုန်ဆုတ်လိုက်၏။
ဓမ္မစွမ်းအားဆူနာမီလှိုင်းသည် ကြီးမားပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ တိုက်ပွဲနယ်မြေရှိ သက်ရှိအားလုံးကို ဖျက်ဆီးပစ်ချင်သည့်အလား ဖိချေသက်ဆင်းလာခဲ့၏။
ခယ်ခယ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
သူမသည် မူလနတ္ထိအဆင့်မှာရှိနေသော်လည်း သူမသည် ဤကဲ့သို့ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ရပ်နှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပေ။
ထိုကဲ့သို့သော စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် သူမသည် လုံးဝအရာမရောက်နိုင်တော့ပေ။ သူမက ခုခံချင်သည်ဆိုလျှင်တောင် တလိပ်လိပ်တက်လာသော ဓမ္မစွမ်းအားဆူနာမီလှိုင်းအပေါ် မည်သည့်သက်ရောက်မှုမှ ရှိစေလိမ့်မည် မဟုတ်ပေ။
ရွှေခြင်္သေ့သည် အသင်္ချေနယ်မြေမြို့တော်မှ တိုက်ပွဲကို တွေ့ကြုံခဲ့ဖူးလေသည်။ ဤကဲ့သို့သော ကြီးမားသည့်ဖြစ်ရပ်နှင့် တွေ့ကြုံခဲ့ပြီးနောက် သူက ယခုအချိန်မှာ ဣန္ဒြေဆယ်နေနိုင်၏။
“ခယ်ခယ်...ဘာမှ မကြောက်နဲ့...”
ရွှေခြင်္သေ့က တိုးတိတ်စွာနှစ်သိမ့်လိုက်၏။
“ပါ.....”
ဆူဇီမိုသည် မန္တန်သံကို ရွတ်ဆိုပြီး လက်ဟန်ချိပ်စည်းများကို လက်နှစ်ဖက်ဖြင့် ထပ်တလဲလဲ လှုပ်ရှားလိုက်၏။ သူ၏အနက်ရောင်ဆံပင်က ကခုန်နေပြီး တလက်လက်တောက်ပနေသော ရွှေရောင်အကာအရံအလွှာတစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာ၏။
ရွှေရောင်အကာအရံအလွှာက ရွှေခြင်္သေ့ ၊ ခယ်ခယ်နှင့် နန်းကြည်တို့ကိုပါ လွှမ်းခြုံသွားခဲ့၏။
ဆူဇီမို၏ ဓမ္မဝိသေသလက္ခဏာသည် ဒေါသူပုန်ထနေသော ဆူနာမီအလယ်မှာ ယိမ်းယိုင်ခြင်းမရှိဘဲ မတ်တတ်ရပ်နေသော ရှေးဟောင်းရွှေရောင်ဗုဒ္ဓတစ်ပါးကဲ့သို့ ခံ့ညားထည်ဝါနေ၏။
မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်း...
ညဝိညာဥ်က ပျောက်ကွယ်သွားခဲ့ပြီမှာ ကြာလေပြီ....။