အကျော်ဇေယျ၏ ရိုက်ချက်
Vol. 78 Ch. 1163
သူတို့သုံးယောက်ပေါ်ထွက်လာပြီးနောက် ရွှေခြင်္သေ့၏ စိတ်ခံစားချက်သည် စိတ်ပျက်အားငယ်နေရာမှ ပျော်ရွှင်တက်ကြွခြင်းသို့ ပြောင်းလဲသွားသည်ကို ခယ်ခယ်က ရှင်းလင်းစွာခံစားမိနိုင်၏။
“သူတို့က ဘယ်သူတွေလဲ...”
သူမက မနေနိုင်ဘဲ မေးမြန်းလိုက်၏။
ရွှေခြင်္သေ့က ပြုံးဖြီး၍ ပြောဆိုလိုက်၏။
“အဲ့ဒါက အစ်ကိုမျောက် ၊ အစ်ကိုကြားနဲ့ အစ်မချင်ချင်တို့ပဲ... သူတို့အကြောင်း ငါမင်းကိုအရင်က ပြောခဲ့ဖူးတယ်လေ... အခုသူတို့က ရောက်လာကြပြီ”
“အာ....”
ခယ်ခယ်က မယုံကြည်နိုင်သော မျက်လုံးများနှင့်အတူ အံ့အားတသင့်ရေရွတ်လိုက်၏။
အစ်ကိုမျောက်နှင့်အခြားသူများသည် အလယ်ပိုင်းတိုက်ရှိ သားရဲတစ်ထောင်တောင်ကြားမှာနေကြောင်း ရွှေခြင်္သေ့က သူမကို ပြောထားခဲ့ဖူးလေသည်။ အခုသူတို့က နယ်မြေဒေသကြီးတစ်ခုကို ဖြတ်ကျော်၍ ဤနေရာသို့ ရောက်ရှိလာသည်ဆိုတော့...။
သို့သော်လည်း ခယ်ခယ်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုက မကြာခင်ပေါ်ထွက်လာခဲ့၏။
“သူတို့က သုံးယောက်ပဲရှိတာလေ... ဒီမှာ မူလနတ္ထိတွေက အများကြီးပဲ... အာ သူတို့က ဒို့ကို ကူညီရင်းနဲ့ ဒုက္ခရောက်တော့မှာပဲ”
သူမက ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဟားဟားဟားဟား.... “
ရွှေခြင်္သေ့က သူ၏အစကစိတ်ပျက်အားငယ်ခြင်းများကို ဖယ်ရှားပြီး မာန်မာနဖြင့်ပြည့်နှက်လာကာ အော်ပြောလိုက်၏။
“ဘာမှစိုးရိမ်မနေနဲ့... ငါတို့ညီကိုမောင်နှမတွေစုစည်းမိတာနဲ့... ငါတို့က ကမ္ဘာပေါ်မှာကြိုက်တဲ့နေရာသွားနိုင်တယ်... ချန်ကောင်းကင်မြို့တော်လောက်က ငါတို့ကို ဘာများလုပ်နိုင်မှာလဲ”
မြို့ရိုးပေါ်တွင် ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်ရှိနေ၏။ သူတို့ထဲမှနှစ်ယောက်က သားရဲထုတ်ဖော်ကြေးမုံဆယ်ချပ်ကို ထိန်းချုပ်နေပြီး မူလနတ္ထိများစွာလည်း ရှိကြလေသည်။
မျောက်နှင့် အခြားနှစ်ယောက်ကို မြင်သောအခါ လူတိုင်းက မျက်မှောင်ကြုတ်လိုက်ကြ၏။
“ဒီသားရဲတောကောင်က ဘယ်ကနေရောက်လာတာလဲ... သူက သူ့အတွက်ဘာက ကောင်းတယ်ဆိုတာမသိဘဲနဲ့ ငါတို့ကို ရန်လာရှာချင်နေတာလား...”
ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က အေးစက်စွာဖြင့် ပြောလိုက်၏။
သားရဲထုတ်ဖော်ကြေးမုံများနှင့် သားရဲသန့်စင်ဝင်္ကပါကို ချန်ကောင်းကင်မြို့တော်တွင် ထားရှိရသည့်အကြောင်းရင်းမှာ မြို့တော်ထဲသို့ မိစ္ဆာသားရဲများ ထိုးဖောက်ဝင်ရောက်လာခြင်းကို တားဆီးဖို့ဖြစ်လေသည်။
မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲကို ကျင်းပသည့် ဒီနေ့လိုအချိန်အခါမျိုးကိုမပြောနှင့် ကျန်သည့်အချိန်များမှာတောင် ချန်ကောင်းကင်မြို့တော်သို့ မိစ္ဆာသားရဲများထိုးဖောက်ဝင်ရောက်မလာရဲခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့လေပြီ။
မြို့ရိုးပေါ်ရှိ ဓမ္မဝိသေသ တာအိုအရှင်သည် သူတို့က မူလနတ္ထိအဆင့်နှင့်တူညီသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲသုံးယောက်ဖြစ်သည်ကို မြင်သောအခါ သူက အဲ့ဒါကို အလေးအနက် ထားမနေတော့ပေ။
“ငါက အလယ်ပိုင်းတိုက်ရဲ့ သားရဲတစ်ထောင်တောင်ကြားက ရောက်လာတာပဲ...”
မျောက်က ဓမ္မဝိသေသ တာအိုအရှင်နှင့် ရင်ဆိုင်ရချိန်တွင် ကြောက်လန့်ခြင်းမရှိဘဲ သွားဖြဲပြလိုက်၏။
“မင်းတို့က ငါညီကိုတွေကို ဘယ်လိုတောင် အနိုင်ကျင့်ရဲတာလဲ... ငါဘာတတ်နိုင်တယ်ဆိုတာ မင်းတို့ကိုပြပေးမယ်”
“တောကောင်.... သေစမ်း”
များစွာသော မူလနတ္ထိများက အော်ဟစ်၍ တိုက်ခိုက်လိုက်ကြ၏။
ဘုန်း...
မျောက်က မြို့ရိုးကို ပြင်းထန်စွာဆောင့်နင်းချလိုက်ကြီး မြို့ရိုးတစ်ခုလုံးကို လှုပ်ခါသွားစေလေသည်။
မြို့ရိုးပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
လူအုပ်ကြီးက တုန်လှုပ်သွားရ၏။
ဘယ်လောက်တောင် ကြီးမားလိုက်တဲ့စွမ်းအားလဲ...။
ဘုန်း....
သူက သူ၏ဘယ်ဘက်ရင်အုပ်ကို လက်သီးဖြင့်ထုရိုက်ပြီး ခပ်ထိုင်းထိုင်းအသံတစ်သံကို ထွက်ပေါ်လာစေလေသည်။
များစွာသော ကျင့်ကြံသူများသည် ရင်တစ်ချက်ထိတ်သွားကြ၏။
မျောက်သည် လူအုပ်ကြီးထဲသို့ ပြေးဝင်သွားပြီး အချိန်မီမရှောင်တိမ်းနိင်သော မူလနတ္ထိအချို့သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။
မျောက်၏နောက်တွင် နေရာလွတ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
သူတို့ ၇ ယောက်ကြားတွင် ဆူဇီမိုနှင့် ညဝိညာဥ်ပြီးလျှင် မျောက်က အသန်မာဆုံးဖြစ်လေသည်။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက မျောက်သည် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်မှ သက်ရှိများနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့၏။
သူ၏မျိုးဆက်သွေးက တုန်လှုပ်စရာကောင်းပြီး သူ၏ကိုယ်ကာယက သန်မာလေသည်။
များစွာသော တာအိုသက်ရှိဓမ္မလက်နက်များသည် သူ၏အရေပြားကို မထိုးဖောက်နိုင်ပေ။
မျောက်သည် မည်သည့်နည်းလမ်းကိုမှ မသုံးဘဲ ဒီတိုင်းပြေးဝင်သွားခြင်းဖြစ်လေသည်။ ဒါတောင် မြို့ရိုးပေါ်ရှိ မည်သည့်မူလနတ္ထိကမှ သူ့ကိုတားဆီးနိုင်ခြင်း မရှိပေ။
“သားရဲတောကောင်... သိပ်ပြီးစောင်းကြွမနေနဲ့ ငါမင်းကို ဖိနှိမ်ပြမယ်...”
ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်က သားရဲသန့်စင်ဝင်္ကပါကို ထိန်းသိမ်းထားဖို့အတွက် သားရဲထုတ်ဖော်ကြေးမုံ ဆယ်ချပ်ကို ထိန်းချုပ်နေဆဲ ဖြစ်လေသည်။ ကျန်ရှိနေသော ဓမ္မဝိသေသ တာအိုအရှင်က အော်ဟစ်၍ လေထဲသို့ ခုန်တက်လိုက်၏။
ထိုသူက သူ၏လက်ကို အနည်းငယ်မြှောက်ပြီး ငွေရောင်အလင်းတန်းတစ်ခုကို ဖြာလက်သွားစေ၏။
ရွှစ်....
တစ်ခဏအတွင်းမှာပင် ငွေရောင်အလင်းက မျောက်၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာပြီး သူ့ကိုတင်းကျပ်စွာရစ်ပတ်ကာ အလင်းရောင်များကို ဖြာထွက်လာစေ၏။
သားရဲဖိနှိမ်ကြိုး....
ကျင့်ကြံရေးလောကတွင် သားရဲများကို ပစ်မှတ်ထားသော လျှို့ဝှက်အတတ်များနှင့် ဓမ္မလက်နက်များစွာရှိလေသည်။
သားရဲထုတ်ဖော်ကြေးမုံက သူတို့ထဲမှ တစ်ခုဖြစ်လေသည်။
သားရဲဖိနှိမ်ကြိုးကလည်း ထိုကဲ့သို့သောဓမ္မလက်နက်တစ်ခုဖြစ်လေသည်။
“ဟမ့်....”
မျောက်က အာရုံစိုက်ကြည့်လိုက်ပြီး သူ၏သွေးချီကို လှည့်ပတ်ကာ သူ၏အသားများကို ပြန့်ကားလာစေပြီး သားရဲဖိနှိမ်ကြိုးကနေ ရုန်းထွက်ဖို့အတွက် ကြိုးစားလိုက်၏။
သားရဲဖိနှိမ်ကြိုးသည် ငွေရောင်အလင်းဖြင့် တောက်ပလာပြီး ပို၍တင်းကျပ်လာခဲ့၏။
“ဟားဟား... သားရဲမျောက်... မင်းက ပိုပြီးရုန်းကန်လေလေ သားရဲဖိနှိမ်ကြိုးက ပိုပြီးတင်းကျပ်လေလေဖြစ်မှာပဲ...”
ဓမ္မဝိသေသ တာအိုအရှင်သည် အူမြူးအားရသော အမူအရာတစ်ခုရှိပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“မင်းက... အခုချက်ချင်း ဒူးထောက်ပြီး အသနားခံတောင်းပန်မယ် ၊ ငါနဲ့အတူ သွေးသစ္စာကျိန်ဆိုမယ်ဆိုရင် ငါက မင်းကို ငါ့ရဲ့စိတ်ဝိညာဥ်တောကောင် အဖြစ်နဲ့ ငါ့အနားမှာ ကျင့်ကြံခိုင်းမယ်...”
သူက ယုံကြည်မှုရှိလေသည်။
သားရဲဖိနှိမ်ကြိုးသည် ထိပ်တန်းအဆင့် တာအိုအရှင်ဓမ္မလက်နက်တစ်ခုဖြစ်လေသည်။
ဤမူလနတ္ထိ၏ သားရဲမျောက်၏ ခွန်အားအရ သူက အဲ့ဒီကနေ ရုန်းထွက်နိုင်စရာအကြောင်းမရှိပေ။
ရွှစ်...ရွှစ်...
မျောက်က သူ၏အဓိပ္ပါယ်မရှိသော စကားများကို ဘယ်လိုကြောင့်နားထောင်နိုင်ပါ့မလဲ...။
သူ၏သွေးချီကို အဆက်မပြတ်လှည့်ပတ်ပြီး သားရဲဖိနှိမ်ကြိုး၏ ချုပ်နှောင်မှုအောက်တွင် သူ၏ခန္ဓာကိုယ်က ပြန့်ကားလာခဲ့၏။
ကျွီ....ကျွိ...
သားရဲထုတ်ဖော်ကြေးမုံမှ အသံတစ်ခုကပင် ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း ထိုသူပြောခဲ့သည့်အတိုင်းပင် သူက ပို၍ရုန်းကန်လေလေ သားရဲဖိနှိမ်ကြိုးက ပို၍ တင်းကျပ်လေလေဖြစ်သည်။
အဲ့ဒါက သူ၏အသားထဲသို့ပင် နစ်ဝင်လာခဲ့၏။
“ဟမ့်... သားရဲမျောက်... မင်းက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ဓမ္မဝိသေသတာအိုအရှင်က လှောင်ရယ်လိုက်၏။
မျောက်၏ မျက်လုံးများက နီရဲလာခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်မှ သွေးရနံကလည်း ဖြာထွက်လာခဲ့၏။
မျောက်သည် သူ၏ဒေါသယမ်းမီးပေါက်ကွဲသည့်အဆင့်မှာ ကြောက်စရာအကောင်းဆုံးဖြစ်ပြီး သူ၏တိုက်ခိုက်ရည်ခွန်အားကလည်း အကန့်အသတ်သို့ ရောက်ရှိလာပေလိမ့်မည်။
ဗြစ်...ဗြစ်....
မျောက်၏ သိပ်သည်းပြင်းထန်သော ခွန်အားနှင့်အတူ ရုန်းကန်ခြင်းကြောင့် သားရဲဖိနှိမ်ကြိုးသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကြောင်းများကို ပေါ်ထွက်လာစေခဲ့လေသည်။
သွေးများက ဒဏ်ရာကနေ စီးကျလာခဲ့၏။
သွေးများတွင် အလွန်တရာသန်မာသော စွမ်းအားတစ်ခုပါဝင်နေပုံရပြီး အဲ့ဒါက သားရဲဖိနှိမ်ကြိုးကို စွန်းထင်းသွားစေလေသည်။
သားရဲဖိနှိမ်ကြိုးပေါ်ရှိ ငွေရောင်အလင်းသည် တဖျပ်ဖျပ်လက်၍ လျင်မြန်စွာ မှိန်ဖျော့သွားခဲ့၏။
“ဟမ်.....”
ဓမ္မဝိသေသ တာအိုအရှင်၏အမူအရာက ပြောင်းလဲသွားလေသည်။
“ဂါး....”
ထိုစဥ်မှာပင် မျောက်သည် ရုတ်တရက် သူ၏ပါးစပ်ကိုဟ၍ မာန်သွင်းအော်ဟစ်ပြီး ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခွန်အားကိုစိုက်ထုတ်ရင်း သားရဲဖိနှိမ်ကြိုးကနေ ဘန်းခနဲ မြည်သံနှင့်အတူ ရုန်းထွက်လိုက်၏။
သားရဲသွေးဖြင့်စွန်းထင်းသွားသော သားရဲဖိနှိမ်ကြိုးသည် ဓမ္မစွမ်းအားများကို ဆုံးရှုံးသွားလေသည်။
အဲ့ဒါက မျောက်၏ခွန်အားဖြင့် ပြတ်သတ်ထွက်သွားပြီး မြေပြင်ပေါ်ကို ပြန့်ကျဲသွား၏။
“ဒီသားရဲ.....”
သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထိုသူက တုန်လှုပ်၍ တံတွေးကိုမျိုချလိုက်ရ၏။
မျောက်၏ သွေးနီမျက်လုံးကိုငေးကြည့်ရင်း သူ၏ဦးရေပြားက ကြိမ်းစပ်၍ ခေါင်းမွေးများထောင်ထလာ၏။
ဝှစ်....
ထိုသူက စဥ်းစားဖို့အချိန်မရဘဲ သူ၏ ဓားပျံကိုဆင့်ခေါ်ကာ အေးစက်စက်အလင်းတန်းတစ်ခုကို ထုတ်ဖော်၍ မျောက်၏နှာရောင်ဆီသို့ ပစ်သွင်းလိုက်၏။
“သွားစမ်း....”
မျောက်၏ ကြီးမားသောလက်က အကျော်ဇေယျပေါ်သို့ ရောက်ရှိသွားလေသည်။
သူ၏ပုခုံးထက်မှ ရွှေရောင်တောင်ဝှေးသည် ကြွတက်လာပြီး ပြိုးပြိုးပြက်ပြက်ရွှေရောင်အလင်းတန်းတစ်ခုနှင့်တူ ပြန့်ကားကာ ဝင်ရောက်လာသော ဓားကိုထိတွေ့ရိုက်ခတ်လိုက်၏။
ဖြောင်း....
ဓားပျံနှင့် အကျော်ဇေယျက ထိတွေ့ရိုက်ခတ်ပြီး ကြွတ်ဆတ်ဆတ်အသံတစ်သံကို ထွက်ပေါ်လာစေ၏။
ခဏမျှရပ်တန့်ပြီးနောက် ဓားပျံပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့၏။
ဓမ္မဝိသေသတာအိုအရှင်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။
သူ၏ မြင်ကွင်းထဲတွင် ရွှေရောင်တောင်ဝှေးက ပို၍နီးကပ်လာပြီး ပို၍ကြီးမားလာခဲ့၏။
“ဘုန်း.....”
အကျော်ဇေယျသည် ဓမ္မဝိသေသ တာအိုအရှင်၏ခန္ဓာကိုယ်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ပစ်ရိုက်ချလိုက်၏။ သူ၏ အသားများနှင့် စိတ်ဝိညာဥ် နှစ်ခုစလုံးက ကြေမွပျက်စီးသွားခဲ့လေပြီ။
သားရဲထုတ်ဖော်ကြေးမုံများကိုထိန်းချုပ်နေသော ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။
ဘုန်း...
မျောက်သည် မြို့ရိုးပေါ်ကို ခြေချ၍ ကောင်းကင်ထက်သို့ ခုန်တက်ပြီး မူလနတ္ထိများ၏ ဦးခေါင်းပေါ်ကနေ ဖြတ်ကျော်ကာ ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်အထက်သို့ ရောက်ရှိလာခဲ့၏။ သူ၏သားရဲချီက ပေါကြွယ်ဝနေပြီး သူ၏သွေးနီရောင်မျက်လုံးများက ကြောက်စရာကောင်းနေ၏။
“ကွဲကြေစမ်း....”
သူက မာန်သွင်းအော်ဟစ်၍ သူ၏ ဧရာမရွှေရောင်တောင်ဝှေးကို သားရဲထုတ်ဖော်ကြေးမုံများဆီသို့ ပစ်ရိုက်ချလိုက်၏။
ထိုအော်ရာနှင့်စွမ်းအားက အရမ်းကိုသန်မာလေသည်။
အဲ့ဒါက ရိုးရှင်းစွာနှင့်ပင် အဖျက်စွမ်းအား ကြီးမားနေ၏။
ထိုတောင်ဝှေး၏ လွှမ်းခြုံမှုအောက်တွင် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ နောက်သို့ခုန်ဆုတ်လိုက်ကြ၏။
ဘုန်း...
အကျော်ဇေယျသည် ၎င်း၏ ရွှေရောင်ကိုယ်ထည်နှင့်အတူ သားရဲထုတ်ဖော်ကြေးမုံများကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
သားရဲထုတ်ဖော်ကြေးမုံ ဆယ်ချပ်က အကျော်ဇေယျ၏ ရိုက်ချက်ဖြင့် ကြေမွပျက်စီးသွားလေသည်။
အစက နန်းကြည်ပေါ်ကို ထိုးကျနေသော အလင်းတန်းသည် ချက်ချင်းပင်ပျက်ပြယ်သွား၏။
နန်းကြည်က စိတ်အားမာန်တက်ကြွသွားပြီး ပျက်ပြယ်တော့မည့်ဆဲဆဲ သူမ၏ မျိုးဆက်သွေးနယ်မြေက အသွင်သဏ္ဌာန်ကို တစ်ဖန်ပြန်လည်ယူ၍ အဘက်ဘက်သို့ တိုက်ခိုက်လိုက်လေသည်။