← Chapters

သတ်ဖြတ်လိုစိတ်

Vol. 78 Ch. 1167

သတ်ဖြတ်လိုစိတ်

Vol. 78 Ch. 1167

“ဘာဖြစ်လို့လဲ .... မြေခွေးလေးတစ်ခုခု...ဖြစ်သွားခဲ့တာလား”

ရွှေခြင်္သေ့က သူတို့သုံးယောက်၏ တစ်မူထူးခြားသော အမူအရာကိုမြင်သောအခါ မနေနိုင်ဘဲ မေးမြန်းလိုက်၏။

ဆူဇီမိုက အလောတကြီးရှိမနေပေ။

မျောက်နှင့်အခြားနှစ်ယောက်သည် အတော်လေးစိတ်လက်ပေါ့ပါးမှုရှိနေပြီး မြေခွေးလေးကအန္တာရယ်မရှိလောက်ပုံကို သူကပြောနိုင်လေသည်။

မျောက်ကာ လက်ခါပြလိုက်၏။

“မြေခွေးလေးက... ဘာမှမဖြစ်ပါဘူး... ဒါပေမယ့်လို့...”

သူက ခဏမျှရပ်တန့်ပြီးနောက် တွေဝေတုံ့ဆိုင်းစွာဖြင့်​ပြောလိုက်၏။

“ငါဆို့က အစတုန်းကတော့ လရောင်ငိုကြွေးတောင်မှာ ရှိနေခဲ့ကြတာပဲ... ဒါပေမယ့်လို့တစ်ချိန်မှာ အမျိုးသမီးတစ်ယောက်က ဘယ်ဆီဘယ်ဝယ်ကရယ်မသိ ပေါ်ထွက်လာပြီးတော့ မြေခွေးလေးကို ခေါ်သွားခဲ့တယ်”

“အား....”

ရွှေခြင်္သေ့က အံအတသင့်ရေရွတ်လိုက်၏။

“ခင်ဗျားစောစောကပြောတော့... ဘာမှမဖြစ်ဘူးဆို”

“အလန့်တကြားလုပ်မနေနဲ့....”

ခယ်ခယ်က ရွှေခြင်္သေ့၏ခေါင်းကိုပုတ်လိုက်လေသည်။

“အစ်ကိုမျောက်ပြောခဲ့တာကို ရှင်မကြားဘူးလား... မြေခွေးလေးကို ခေါ်သွားခဲ့တာ... အတင်းအကျပ်လုယူသွားတာ မဟုတ်ဘူး”

မျောက်က စားမြုံ့ပြန်နေသော အမူအရာတစ်ခုဖြင့် ခေါင်းညိတ်လိုက်၏။

“အဲ့ဒီအမျိုးသမီး ပေါ်လာပြီးတဲ့နောက် သူမက မြေခွေးလေးကို ခေါ်သွားချင်ခဲ့တယ်... ဒါပေမယ့်လို့ ငါတို့က သူမကို ခွင့်ပြုမပေးခဲ့ဘူး... ဒါပေမယ့် သူမက အရမ်းကိုသန်မာတယ်... သူမက လှုပ်ရှားမှုတစ်ခုတောင် လုပ်စရာမလိုဘူး... သူမထံက ဖြာထွက်လာတဲ့ဖိအားကတင် ငါတို့ကို မလှုပ်မယှက် ဖြစ်သွားစေဖို့ လုံလောက်တယ်”

ရွှေခြင်္သေ့ ၊ နန်းကြည်နှင့် အခြားသူများက ကြောင်အ,မှင်တက်သွားကြ၏။

မျောက်နှင့်အခြားသူများကို သူမ၏ စိတ်ဝိညာဥ်အသိစိတ်၏ ဖိအားဖြင့် မလှုပ်မယှက်ဖြစ်စေနိုင်ရန် အဲ့ဒါက ဘယ်အဆင့် ၊ ဘယ်စွမ်းအားလဲ....။

ပေါင်းစည်းခန္ဓာအဆင့်လား.. ဒါမှမဟုတ် အဲ့ထက်ပိုမြင့်တဲ့အဆင့်လား...။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏စိတ်အာရုံထဲမှာ ပုံရိပ်တစ်ခုက ဖျပ်ခနဲ ပေါ်ထွက်လာ၏။ သူက ဝိုးတဝါးခန့်မှန်းမိလိုက်လေသည်။

မျောက်က ဆက်ပြောလိုက်လေသည်။

“ဒါပေမယ့်လို့... အဲ့ဒီအမျိုးသမီးက မြေခွေးလေးနဲ့သိနေပုံရတယ်... သူမက မြေခွေးလေးပေါ် ရန်လိုစိတ်လည်း မရှိဘူး... သူတို့က နှစ်ကိုယ်ကြားစကားတစ်ညပြောပြီးတဲ့နောက် မြေခွေးလေးက သူမနဲ့အတူ လိုက်သွားခဲ့တယ်...”

“မြေခွေးလေးက အတွေ့အကြုံနုနယ်ပြီးတော့ ရိုးအတယ်... သူမက လှည့်စားခံလိုက်ရတာများလား”

ရွှေခြင်္သေ့က ညည်းတွားပြောဆိုလိုက်၏။

ဆူဇီမိုကမေးလိုက်လေသည်။

“အဲ့ဒီအမျိုးသမီးက ဘယ်လိုပုံစံမျိုးလဲ...”

“နတ်သမီးတစ်ပါးလိုပဲ... အရမ်းကိုလှပတယ်”

ဘေးကနေ စိတ်ဝိညာဥ်ကျားက မနေနိုင်ဘဲ အံအားတသင့်ပြောဆိုလိုက်၏။

“ငါ့ဘဝမှာ အဲ့လိုအချောအလှမျိုးကို တစ်ခါမှတောင် မတွေ့မြင်ဖူးခဲ့ဘူး”

အရင်ကသာဆိုလျှင် စိတ်ဝိညာဥ်ကျားသည် အခြားအမျိုးသမီးများကိူ ချီးကျူးပြောဆိုပါက ချင်ချင်သည် ဒေါသထွက်ပြီးစိတ်ဝိညာဥ်ကျားကို ကန်ထုတ်ပေလိမ့်မည်။

သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ ချင်ချင်ပင်လျှင် ခေါင်းညိတ်လိုက်၏။

“တကယ်ပဲ သူမက အရမ်းကိုလှပတယ်... စကားလုံးတွေနဲ့ဖော်ပြဖို့တောင် ခက်ခဲတယ်... ငါတောင်မှ သူမကိုမြင်ပြီး မနာလိုအားကျမိတယ်”

သူတို့၏ မှတ်ချက်စကားများကိုကြားသောအခါ ဆူဇီမိုက ဆက်လက်၍ သံသယမရှိတော့ပေ။

စွမ်းအားကြီးသောခွန်အားနှင့် အလွန်တရာချောမောလှပခြင်း.... ။ အဲ့ဒါက ဒီကမ္ဘာမှာ အဲ့ဒီအမျိုးသမီးတစ်ယောက်သာဖြစ်နိုင်လေသည်။

ထိုအမျိုးသမီးသည် မြေအောက်နန်းတော်၏ ချော်ရည်ကန်ထဲကနေနိုးထလာသော ကြင်ယာတော်ယုဖြစ်နိုင်လေသည်။

ဆူဇီမိုကပြောလိုက်၏။

“အားလုံးပဲ စိုးရိမ်မနေကြနဲ့... အဲ့ဒီစီနီယာက မြေခွေးလေးရဲ့အမေနဲ့ မိတ်ဆွေဟောင်းတွေပဲ... သူမက မြေခွေးလေးကို သေချာပေါက်ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး”

“အစ်ကိုကြီး... ခင်ဗျားက သူမနဲ့ သိလို့လား...”

စိတ်ဝိညာဥ်ကျားက သိချင်စိတ်ဖြင့်မေးမြန်းလိုက်၏။

“အင်း... ငါတို့တစ်ခါတော့တွေ့ဖူးတယ်...”

ဆူဇီမိုက မရေမရာပြန်ဖြေလိုက်၏။

သူတို့နှစ်ယောက်ကြားတွေ့ဆုံမှုက အနည်းငယ်ကြောင်တိကြောင်တောင်နိုင်ပြီး ဆူဇီမိုက တစ်ဖန်ထုတ်၍မပြောချင်ပေ။ သူက စကားလမ်းကြောင်းပြောင်းပြီး မေးမြန်းလိုက်၏။

“မြေခွေးလေးက ထွက်မသွားခင် တခြားဘာပြောခဲ့သေးလဲ...”

“အများကြီးတော့မရှိဘူး... သူမက ငါတို့ကို စိုးရိမ်ပူပန်မနေဖို့ဘဲ ပြောခဲ့တယ်...”

ချင်ချင်က ပြောလိုက်၏။

“သူမက သိပ်မကြာခင် ငါတို့အားလုံးကို ပြန်လာတွေ့မယ်လို့လည်း ပြောခဲ့သေးတယ်...”

ဆူဇီမိုက မြေခွေးလေး၏ ကြီးမားဝိုင်းစက်သောမျက်လုံးများနှင့် နှမြောတမ်းတဖြစ်နေပုံကို တွေးမိပြီး ပြုံးလိုက်လေသည်။

“မင်းတို့က... ဘာလို့လရောင်ငိုကြွေးတောင်မှာ ရှိမနေကြတာလဲ... ဘာလို့ဒီကိုရောက်လာကြတာလဲ”

ဆူဇီမိုက တစ်ဖန်ထပ်မေးလိုက်၏။

ထိုစကားကိုကြားသောအခါ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်က မျက်နှာများနီမြန်းသွားပြီး တိတ်ဆိတ်ငြိမ်သက်နေကြ၏။

မျောက်က အထွန့်တက်ပြောဆိုလိုက်၏။

“အဲ့အကြောင်းကိုတော့ပြောမနေစမ်းပါနဲ့... နံပါတ် ၇ နဲ့ နံပါတ် ၅ က အနားမှာ ရှိမနေကြဘူး... မင်းနဲ့မြေခွေးလေးကလည်း ထွက်သွားကြတယ်... အဲ့လိုနဲ့ ငါတို့သုံးယောက်ပဲ ကျန်နေခဲ့ကြတယ်”

“အဲ့ဒါက ဘာများဖြစ်လို့လဲ...”

ဆူဇီမိုက နားမလည်နိုင်သေးပေ...။

မျောက်က စိတ်ဝိညာဥ်ကျားနှင့်ချင်ချင်ကို မျက်လုံးစွေကြည့်ပြီး ခပ်ယဲ့ယဲ့ပြောဆိုလိုက်၏။

“သူတို့နှစ်ယောက်က တစ်ချိန်လုံး တပူးပူး တတွဲတွဲနဲ့... အနားမှာ ဘာ်သူမှမရှိတဲ့အတိုင်းပဲ ပြုမူနေကြတာ... သူတို့က အရှက်သိက္ခာမဲ့ပြီးတော့ ဆူညံပူညံဖြစ်လွန်းတယ်... ငါသူတို့ကိုကြည့်ရင်းနဲ့ ကန်ထုတ်ပစ်ချင်နေတာ...”

“ဟားဟားဟားဟား..... “

လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြ၏။

“အခုချိန်မင်းဆီကိုသာ ပြေးမလာဘူးဆိုရင် ငါက အော်ဂလီဆန်လွန်းလို့ သေသွားရနိုင်တယ်...”

မျောက်က ချဲ့ကား၍ ပြောဆိုလိုက်၏။ ဆူဇီမိုက မနေနိုင်ဘဲ ရယ်မောပြီး သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“မျောက်.... မင်းကတော့ တကယ့်ကောင်ပဲ”

သူတို့ ညီကိုမောင်နှမများ ပြန်လည်ဆုံစည်းရသည်မှာ ရှားရှားပါးပါးဖြစ်​လေသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရယ်မော၍ ဆဲဆိုနေခဲ့ကြသော နေ့ရက်များကို ပြန်လည်ရောက်ရှိသွားသည့်အလားထင်ရ၏။ လူတိုင်းက သူတို့၏ မျက်နှာပေါ်တွင် အပြုံးများကိုယ်စီရှိနေကြ၏။

အစက အေးတိအေးစက်နှင့် တိတ်တဆိတ်နေတတ်သော ညဝိညာဥ်ပင်လျှင် လူအုပ်ထဲကို ဝင်ရောလာခဲ့၏။

ခယ်ခယ်သည် သူတို့ကြားမှာ စိတ်ရင်းမှန်ကန်မှုနှင့် ရင်းနှီးချစ်ခင်သော ညီကိုမောင်နှမခံစားချက်ကို ရရှိပြီး သူမကလည်း သူတို့ကိုယ်စားပျော်ရွှင်လာသည်။

အစကတော့ နန်းကြည်သည် ဆူဇီမိုနှင့် တာအိုအရှင်ရွှမ်ယွီအကြား တိုက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမက သူတို့ကြားမှ ပျော်ရွှင်မှုနှင့် ဝမ်သာမှုတို့ကို ဖျက်ဆီးမိမည်စိုးရိမ်၍ ထိုအကြောင်းကို ထပ်မံမပြောတော့ပေ။

သူမကလည်း ထိုထဲမှာ နစ်မျောသွားခဲ့၏။

မိသားစုတစ်စုပြန်လည်ဆုံစည်းရခြင်းထက် ဘာကပိုပြီးအရေးကြီးဦးမှာလဲ....။

ဆယ်ရက်အတွင်းမှာပင် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲ၏ သတင်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို ပျံ့နှံသွားခဲ့၏။

အထီးကျန်သိုင်းသခင်သည် ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆင့်တူခြင်းတွင် ပြိုင်စံရှားများကိုဖိနှိမ်ကာ ဓမ္မဝိသေသတာအိုအရှင်များစွာကိုပင် သတ်ဖြတ်ခဲ့လေသည်။

အဆုံးသတ်မှာတော့ သားရဲတစ်သောင်းစစ်တပ်က ရေုာက်ရှိလာခဲ့ပြီး များစွာသောဓမ္မဝိသေသ တာအိုအရှင်များကို ဦးညွတ်၍ သူတို့၏အမှားကို ဝန်ခံစေခဲ့လေသည်။ မြောက်ပိုင်းဒေသက လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ကျင့်ကြံရေးလောကကလည်း အုတ်အော်သောင်းနင်းဖြစ်လာကြ၏။

“လွန်ခဲ့တဲ့ ဆယ်နှစ်က အထီးကျန်သိုင်းသခင်က တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးရဲ့လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရရှိကြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပျက်စီးသွားခဲ့တယ်... သူက ဘယ်လိုဖြစ်ပြီး အဲ့လိုမျိုးခွန်အားကို ပိုင်ဆိုင်နေရသေးတာလဲ...”

“ငါလည်းမသေချာဘူး.... ငါကြားတာတော့ အထီးကျန်သိုင်းသခင်ရဲ့ ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးက တကယ်ပဲ အရင်ကထက်အားနည်းသွားခဲ့တယ်.... ဒါပေမယ့်လို့ သူ့ရဲ့ဓမ္မစွမ်းအားတွေက ကျယ်ပြန့်နက်နဲပြီးတော့ သူရဲ့အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်​ကလ​ည်း ကြောက်စရာကောင်းလွန်းတယ်... သူက တာအိုအရှင်တွေကိုတောင်မှ သတ်ဖြတ်နိုင်တယ်”

“သူကအရမ်းကိုကြောက်စရာကောင်းလွန်းတယ်.... ဒီကောင်လေးရဲ့ ​ကံကြမ္မာက အရမ်းကိုသန်မာလွန်းတယ်... တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ရဲ့ လက်ချက်နဲ့ သေလုမျောပါး ဖြစ်သွားခဲ့ပြီးတာတောင် သူက တစ်ကြော့ပြန်လာနိုင်သေးတယ်ဆိုတော့....”

လူတိုင်းက တုန်လှုပ်သွားခဲ့ကြ၏။

“သူနဲ့ ရန်ငြိုးရန်စရှိထားတဲ့... ဂိုဏ်းတွေနဲ့အဖွဲ့အစည်းတွေက သူမြင့်မားတိုးတက်လာတာကို သေချာပေါက်မြင်ချင်ကြမှာ မဟုတ်ဘူး... အဲ့ဒီမှာ သူ့ကိုဒီတိုင်း ထိုင်ကြည့်မနေနိုင်တဲ့သူတွေ သေချာပေါက်ရှိလာလိမ့်မယ်လို့ ငါထင်တယ်...”

“ဒီကောင်လေးက မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ခံရှိထားတာပဲ.... ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းက သူ့ကို သတ်ဖြ​တ်ရဲမှာလဲ”

“ဟမ့်.... မင်းက အဲ့ဒါကို နားလည်မှာမဟုတ်ဘူး... မင်းက မူလနတ္ထိတစ်ယောက်ကို ရှိသမျှအကုန်ထုတ်ပြီး သတ်ဖြတ်ချင်တယ်ဆိုရင် အဲ့ဒီမှာ နည်းလမ်းတွေအများကြီးရှိတယ်...”

. . . . .

မြောက်ပိုင်ဒေသတာအိုတွေ့ဆုံပွဲအပြီး လဝက်အကြာ​တွင်....

ကျားနဂါးဂိုဏ်း...

ဂိုဏ်း၏ တောင်ကုန်းအနောက်ဘက် လျှို့ဝှက်လိုဏ်ဂူခန်းဝါတစ်ခုတွင် အလင်းရောင်က မှိန်ဖျော့နေ၏။ ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်သည် အထဲမှာရပ်နေပြီး ရိုသေလေးစားသောအမူအရာတစ်ခုနှင့်အတူ အနည်းငယ်ဦးညွတ်ထား၏။

ကျားနဂါးဂိုဏ်း၏ မဟာအကြီးအကဲက ဤလိုဏ်ဂူခန်းဝါထဲမှာ တံထားပိတ်ကျင့်ကြံနေခဲ့၏။

ဤမဟာအကြီးအကဲသည် ပေါင်းစည်းခန္ဓာအဆင့် ပညာရှင်တစ်ယောက်ဖြစ်လေသည်။

အလင်းနှင့်အမှောင်ရောထွေးနေသော လိုဏ်ဂူခန်းဝါ၏ အနက်ပိုင်းထဲတွင် မှုန်ရီဝေဝါးသော ပုံရိပ်တစ်ခုက ဝိုးတဝါးရောင်ပြန်ဟပ်နေ၏။

“ခဏလောက်စောင့်ကြည့်ဦး”

အကြီးအကဲလီက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ဒီကောင်လေးက... ရွှမ်ယွီကို ရှုံးနိမ့်ပြီးသေဆုံးသွားမယ်ဆိုရင် အကုန်လုံးကအဆင်ပြေသွားလိမ့်မယ်.. ဒီကောင်လေးက နိုင်သွားမယ်ဆိုရင်တော့....”

ခဏမျှရပ်တန့်ပြီးနောက် အကြီးအကဲလီက တဖျပ်ဖျပ် ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့်အတူ သူ၏မျက်လုံးကိုဖွင့်လိုက်၏။

“ငါကိုယ်တိုင်... အပြင်ထွက်ပြီး အဲ့ဒီကောင်လေးကို သတ်ဖြတ်ရမယ်”

“ဒါပေမယ့်လို့... မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဒီကောင်လေးရဲ့နောက်မှာ....”

ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က စိုးရွံ့ထိတ်လန့်သောအမူအရာဖြင့် တိုးတိတ်စွာမှတ်ချက်ပြုလိုက်၏။

“အဲ့ဒါစိုးရိမ်နေစရာ မလိုဘူး...”

အကြီးအကဲလီက ပြောလိုက်၏။

“အဲ့ဒီမတိုင်ခင်... ငါက ဂိုဏ်းကိုသစ္စာဖောက်ခဲ့ပြီး ကျားနဂါးဂိုဏ်းနဲ့ ဘာမှမပတ်သက်တော့ကြောင်း ကြေညာလိုက်မယ်... ဒီကိစ္စက ဂိုဏ်းကို မငြိစွန်းစေရဘူး...”

ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

“အထီးကျန်သိုင်းသခင်က အရမ်းကို ထက်ရှလွန်းတယ်... သူ့ကိုသတ်ဖြတ်ချင်တာက ငါတစ်ယောက်ထဲမဟုတ်လောက်ဘူး....”

အကြီးအကဲလီက အေးစက်စွာ ပြောလိုက်၏။

“အမှားအယွင်းမရှိတာ သေချာရအောင် သူ့ကိုဖိနှိမ်ဖိုအတွက် အခြားပညာရှင်တွေနဲ့ ပူးပေါင်းဖို့ ငါကြိုးစားရမယ်... သူ့ကိုထွက်ပြေးလွတ်မြောက်ဖို့အတွက် ဘာအခွင့်အရေးမှပေးလို့ မရဘူး...”

အဲ့ဒါက အသက်ချင်းအလဲအထပ်ပြုလုပ်ခြင်းနှင့် တူညီလေသည်။

အထီးကျန်သိုင်းသခင်က အသတ်ခံရမည်ဆိုလျှင် သူ၏ နောက်ကွယ်ရှိ မဟယာန-မျိုးနွယ်စုခေါင်းဆောင်က အကြီးအကဲလီကို သေချာပေါက်တိုက်ခိုက်သတ်ဖြတ်လာပေလိမ့်မည်။

“ကျုပ်တို့က နည်းနည်းလောက်ထပ်ပြီး စောင့်သင့်သေးလား...”

ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က အကြံပြုလိုက်၏။

“ဒီကောင်လေးရဲ့... နောက်ကွယ်က မဟာယာန-မျိုးနွယ်စုခေါင်းဆောင်က အချိန်သိပ်မကျန်တော့ဘူးလို့... ကျုပ်ကြားရတယ်... သူက ဘဝသက်တမ်းကုန်ခါနီးအချိန်ကို ရောက်နေခဲ့​ပြီ... သူသေသွားတာနဲ့ ခင်ဗျားက ဂိုဏ်းကိုသစ္စာဖောက်တယ်ဆိုတဲ့ နာမည်ဆိုးကိုလည်း ခံယူစရာမလိုဘူး... မဟာယာန-မျိုးနွယ်စုခေါင်းဆောင်ကလည်း သူ့အတွက်ပေါ်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး”

“ငါတို့က ထပ်ပြီးစောင့်လို့မရတော့ဘူး....”

အကြီးအကဲလီက သက်ပြင်းချလိုက်၏။

“ဒီကောင်လေးက မူလနတ္ထိအဆင့်မှာတောင် ဒီလိုမျိုးတိုက်ခိုက်ရေးခွန်အားကိုပိုင်ဆိုင်နေပြီ... သူက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွးတာနဲ့... မဟာယာန-မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကာကွယ်မှုမရှိရင်တောင် ငါတို့က သူ့ကိုထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်တော့ဘူး...”

“အဲ့ဒီအချိန်ကျရင် သူ့ရဲ့ဩဇာတိက္ကမကို တည်ဆောက်ပြီး သူက မြောက်ပိုင်းဒေသမှာ စိုးမိုးခြယ်လှယ်လာလိမ့်မယ်... အဆင်မြင့်ဂိုဏ်း ၊ ရှေးတော်ဝင်မိသားစုတွေနဲ့ အထက်တန်းလွှာကလန်တွေအကုန်လုံးကပါ သူ့ကိုဦးညွတ်ပြီးတော့ အညံ့ခံရလိမ့်မယ်..”

ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က တုန်လှုပ်ချောက်ချားသောအမူအရာဖြင့် သူ၏ပါးစပ်ကိုဖွင့်ဟလိုက်၏။

ဩဇာတိတ်ကမ္မကို တည်ဆောက်ပြီး မြောက်ပိုင်းဒေသမှာ စိုးမိုးခြယ်လှယ်မတဲ့လား....။

All Chapters