← Chapters

သုခဘုံ

Vol. 78 Ch. 1169

သုခဘုံ

Vol. 78 Ch. 1169

ရယ်စရာအကောင်းဆုံး အချက်မှာ သူတို့ရှေ့ရှိ ခရမ်းရောင်တောင်ပံ လင်းယုန်သည် အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်မျှသာ ဖြစ်နေခြင်းပင်။

သို့သော်လည်း ဤအဆင့်နိမ့် မိစ္ဆာသားရဲသည် သူတို့ကဲ့သို့ အလယ်အလတ်အဆင့် မိစ္ဆာသားရဲအုပ်စုနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသပေ။ သူက သူတို့ကိုပင် ပြန်လှန်၍ ငေါက်ငမ်းလိုက်လေသည်။

ဤခရမ်းရောင်တောင်ပံ လင်းယုန်က ရိုးအလွန်းတာပဲလား ဒါမှမဟုတ် သူ့မှာ မှီခိုအားထားရာ တစ်ခုခုရှိနေတာပဲလား..။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်၍ မျောက်သည် ကမ်းလန်ရိုးမတောင်ရိုးကို လွှမ်းခြုံလိုက်ပြီးနောက်.. အံ့အားတသင့် ရေရွတ်လိုက်၏။

ခဏမျှ စစ်ဆေးကြည့်ပြီးနောက်.. အဆင့်နိမ့် မိစ္ဆာသားရဲ ၅ ကောင်၏ အော်ရာကို သူက အာရုံခံမိခဲ့၏။

သူ ထွက်ခွာသွားတုန်းက ဤတောင်ရိုးတွင် မည်သည့် အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်မှ ရှိမနေခဲ့ပေ။

ယခု နှစ်တစ်ရာကျော်သာ ကြာမြင့်ခဲ့ပြီးနောက်.. များပြားလှစွာသော သားရဲများက မိစ္ဆာသားရဲအဖြစ် ကြီးထွားလာခဲ့ကြလေပြီ။

“ကောင်းပြီလေ.. ငါ ဒီကိစ္စကို သေချာ သိရအောင် လုပ်ရမယ်.. မင်းတို့ရဲ့ ပိုင်နက်အရှင်က ဘယ်သူလဲ.. သူ့ကို ခေါ်ပြီး ငါ့ကို လာတွေ့ခိုင်းလိုက်”

မျောက်သည် သူ၏လက်ကို ဝှေ့ယမ်းပြီး ဤ အဆင့်နိမ့် မိစ္ဆာသားရဲကို အရေးလုပ်နေတော့ပေ။

“ဟွန့်”

ခရမ်းရောင်တောင်ပံ လင်းယုန်က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။

“ငါတို့ရဲ့ ပိုင်နက်အရှင်က မင်းတို့တွေ တွေ့ချင်တိုင်း တွေ့လို့ရတဲ့ တစ်စုံတစ်ယောက် မဟုတ်ဘူး.. မင်းတို့ မြန်မြန်ထွက်သွားရင် ပိုကောင်းလိမ့်မယ်.. မဟုတ်ရင်တော့..”

“အပိုတွေ ပြောမနေစမ်းနဲ့”

မျောက်က စိတ်မရှည်သည့်ပုံပေါ်လာပြီး သူ၏မျက်လုံးဖြင့် စွေကြည့်လိုက်၏။ သူက ရှေ့သို့ တက်လှမ်းပြီး သူ၏လက်ဝါးကို ဆန့်ထုတ်လိုက်လေသည်။ သူ၏လက်တွင် ဓမ္မစွမ်းအားများက ရစ်ခွေလာပြီး ခရမ်းရောင်တောင်ပံ လင်းယုန်ကို ဖမ်းဆွဲလိုက်၏။

ခရမ်းရောင်တောင်ပံ လင်းယုန်၏ အမူအရာက ပြောင်းလဲသွားလေသည်။

သူက စဉ်းစားနေဖို့ အချိန်မရပေ။ သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲကာ မျောက်၏ တိုက်ခိုက်မှု ဧရိယာကနေ ထွက်ပြေးလွတ်မြောက်ချင်လေသည်။

မမျှော်လင့်ထားစွာပင်.. မျောက်က ကြီးမားသည့် စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး သူ့ကို ဖိနှိမ်လိုက်လေသည်။

စိတ်ဝိညာဉ်အသိစိတ်၏ လွှမ်းခြုံမှုအောက်တွင် ခရမ်းရောင်တောင်ပံ လင်းယုန်က သွေးချီက အေးခဲရပ်တန့်လုမတတ် ဖြစ်သွားပြီး အသက်သွင်း၍ မရနိုင်တော့ပေ။ သူက သူ၏ အစစ်အမှန်ပုံစံသို့ပင် မပြောင်းလဲနိုင်တော့ပေ။

“တော်တော်သန်မာတာပဲ”

ခရမ်းရောင်တောင်ပံ လင်းယုန်က ရင်ထဲမှာ ဆို့နင့်သွား၏။

အဲဒါက ကျင့်ကြံမှုအဆင့်၏ ဖိနှိမ်မှုတစ်ခုမျှသာ မဟုတ်ဘဲ မျိုးဆက်သွေး ဖိနှိမ်မှုတစ်ခုလည်း ဖြစ်လေသည်။

သူတို့၏ မျိုးဆက်သွေး ကွာဟချက်က သူ့ကို ကြောင်တစ်ကောင်နှင့် တွေ့ရသော ကြွက်တစ်ကောင်ကဲ့သို့ ခုခံဖို့ မတတ်နိုင်အောင် ဖြစ်သွားရစေသည်။

မျောက်၏ အမွေးထူထူ လက်ဖဝါးက အပေါ်ကနေ အုပ်မိုးကျလာ၏။

ကြီးမားသည့် အရိပ်တစ်ခုက သူ့ကို လွှမ်းခြုံသွားလေသည်။

ဖျတ်ခနဲဆို.. မျောက်သည် ခရမ်းရောင်တောင်ပံ လင်းယုန်၏ ဇက်ပိုးကို ဖမ်းဆွဲပြီး သက်သောင့်သက်သာဖြင့် မြှောက်တင်လိုက်၏။

ခရမ်းရောင်တောင်ပံ လင်းယုန်သည် အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်သော်လည်း သူက အားနည်းလွန်းနေပြီး ကြက်ကလေး ငှက်ကလေးကဲ့သို့ မျောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။

“ငါ…”

ခရမ်းရောင်တောင်ပံ လင်းယုန်က လုံးဝ မှင်တက်သွားခဲ့၏။

မျောက်၏ ဖမ်းဆွဲခြင်းကို ခံရပြီးနောက်.. သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ ဓမ္မစွမ်းအားများက ကန့်သတ်ခံလိုက်ရ၏။ သူက မည်သည့်ခွန်အားကိုမှ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

အဲဒါက လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် ဖိနှိမ်ခံရခြင်းဖြစ်၏။

“သားရဲမျောက်.. ငါ့ကို လွှတ်ပေးစမ်း”

ခရမ်းရောင်တောင်ပံ လင်းယုန်က နီမြန်းနေသော မျက်နှာဖြင့် ငေါက်ငမ်းလိုက်၏။

“မင်း တော်တော်နားငြီးတဲ့ကောင်ပဲ”

မျောက်က ခရမ်းရောင်တောင်ပံ လင်းယုန်ကို သူ၏လက်ထဲမှာ အဆက်မပြတ် လှုပ်ခါလိုက်၏။

ခရမ်းရောင်တောင်ပံ လင်းယုန်သည် သူ၏အရိုးများက ပြိုကွဲကုန်တော့မည့်အလား ခံစားရ၏။ သို့သော်လည်း သူက အားနည်းစွာဖြင့် ပြောလိုက်သေး၏။

“မင်းတို့တွေက ကမ်းလန်ရိုးမထဲကို အတင်းဝင်ရောက်ပြီး ငါ့ကို တိုက်ခိုက်ရဲတယ်ဆိုတာ.. ပိုင်နက်အရှင် သိသွားမယ်ဆိုရင်တော့.. မင်းတို့တွေ… ဟော..”

မျောက်၏ ကိုင်လှုပ်ခြင်းဖြင့် သူ၏ခေါင်းက မူးဝေနေပြီး သည်းထန်စွာ မောဟိုက်နေလေသည်။ သူက စကားကို ဆက်လက်ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

“ငါက လောလောဆယ် လုပ်စရာ ဘာမှ မရှိဘူးဆိုမှတော့.. မင်းတို့ ပိုင်နက်အရှင်က ဘယ်သူလဲ.. ငါ သူ့ကို သွားတွေ့ရမယ်”

မျောက်က သူ၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အတွက် စိတ်ဝိညာဉ်ကျားနှင့် အခြားသူများရှေ့တွင် ဤပိုင်နက်အရှင်ကို သင်ခန်းစာတစ်ခုပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။

“ကမ်းလန်ရိုးမရဲ့ ပိုင်နက်အရှင်.. မြန်မြန်ထွက်လာခဲ့စမ်း”

စိတ်ဝိညာဉ်ကျား၏ အသံက တောင်ကြောရိုး၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

တောင်ကြောရိုးမှ မည်သည့်ပြန်ဖြေသံမှ ထွက်မလာခဲ့ပေ။

“လရောင်ငိုကြွေးတောင်ရဲ့ အရှင်သခင်က ဒီကို ရောက်လာခဲ့ပြီ.. မင်းလိုမျိုး ကမြောက်ကခြောက် ပိုင်နက်အရှင်တစ်ယောက်က ဘာလို့ သူ့ကိုထွက်ပြီး နှုတ်မဆက်သေးတာလဲ”

စိတ်ဝိညာဉ်ကျားသည် တစ်ဖန်အော်ဟစ်ပြီး သူတို့၏ သရုပ်သကန်ကိုပင် ထုတ်ဖော်ကာ သူတို့၏ အဆင့်အတန်းကို ထပ်မံမြှင့်တင်လိုက်၏။

ကမ်းလန်ရိုးမှထဲမှာ မည်သူကမှ ထွက်ရှိမလာသေးပေ။

“အဲဒီ ပိုင်နက်အရှင်က ဘာလဲ.. သူက အကြောက်လွန်ပြီးတော့ မျက်နှာတောင် ထွက်မပြရဲတော့ဘူးလား”

ရွှေခြင်္သေ့က ပြုံးဖြီးလိုက်၏။

“ပေါက်တတ်ကရတွေ..”

ဤအခိုက်အတန့်တွင် ခရမ်းရောင်တောင်ပံ လင်းယုန်က အသက်ကို ရှူရှိုက်ရင်း သွားစေ့ကာ ပြောလိုက်၏။

“ငါတို့ရဲ့ ပိုင်နက်အရှင်က ကမ်းလန်ရိုးမတောင်မှာ ရှိမနေဘူး”

စိတ်ဝိညာဉ်ကျားက မေးလိုက်၏။

“သူက ဘယ်နေရာသွားပြီး သဝေထိုးနေတာလဲ”

“ဒီအနီးအနားမှာပဲ”

ခရမ်းရောင်တောင်ပံ လင်းယုန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မင်းတို့တွေက အသားနာချင်တယ် ဆိုရင်တော့.. ငါ မင်းတို့ကို ခေါ်သွားပေးမယ်”

“ဝိုး.. သူက အကောင်ကြီးကြီးပဲ.. မင်းတို့ရဲ့ ပိုင်နက်အရှင်က ဘယ်လို အထင်ကြီးစရာကောင်းတဲ့ ပုဂ္ဂိုလ်အမျိုးအစားလဲ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့”

မျောက်က လှောင်ရယ်ပြီး မေးလိုက်၏။

“ငါတို့ ဘယ်ကို သွားရမှာလဲ”

ခရမ်းရောင်တောင်ပံ လင်းယုန်က သူ၏လက်ကို မြှောက်ပြီး အရပ်တစ်ဖက်သို့ လက်ညိုးညွှန်ပြလိုက်၏။

“ဒီကနေ ကီလိုမီတာ ငါးဆယ်ကျော်မှာ မြို့တစ်မြို့ရှိတယ်.. ပိုင်နက်အရှင်က တစ်နှစ်ပတ်လုံး အဲဒီမှာ နေတာပဲ”

“မြို့တစ်မြို့လား..”

စိတ်ဝိညာဉ်ကျားက သူ၏နှုတ်ခမ်းကို စုဝိုင်းလိုက်၏။

“အဲဒါက ဘယ်လို လူထူးလူဆန်းလဲ.. သားရဲအနေနဲ့ သူက ကမ်းလန်ရိုးမမှာ မနေဘဲ မြို့တစ်မြို့မှာ သွားပြီး ကျင့်ကြံနေတာလား”

မည်သည့်စကားကိုမှ မဆိုတော့ဘဲ မျောက်က ခရမ်းရောင်တောင်ပံ လင်းယုန်နှင့်အတူ ထိုအရပ်ဘက်သို့ ထွက်ခွာလိုက်၏။

သိပ်မကြာမီ.. သူတို့သည် ခရမ်းရောင်တောင်ပံ လင်းယုန်ပြောသော မြို့နှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့ကြ၏။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင် တွေ့မြင်နေကျ သီးပင်စားပင် တချို့အပြင် မက်မွန်ပင်များလည်း ရှိလေသည်။

ယခုအချိန်က နွေဦးရာသီ၏ အစဖြစ်ပြီး အစို့အညှောက်များနှင့် အဖူးအပွင့်များက သစ်ကိုင်းများပေါ်မှာ ပေါ်ထွက်နေ၏။ သူတို့က အစိမ်းရောင် အစက်အပြောက်များအဖြစ် ရှိနေပြီး အသက်ဓာတ်ဖြင့် ပြည့်ဝနေ၏။

ခပ်လှမ်းလှမ်းတွင် မြို့တစ်မြို့ကို ဝိုးတဝါး မြင်နေရလေပြီ။

“ဟမ်”

မျောက်က မျက်မှောင် အနည်းငယ်ကြုတ်၍ တိုးတိတ်စွာ မေးလိုက်၏။

“ကမ်းလန်ရိုးမ ပိုင်နက်အရှင်က အဲဒီမြို့မှာ နေတာလား”

“အဲဒါအမှန်ပဲ”

ခရမ်းရောင်တောင်ပံ လင်းယုန်က ပြန်ဖြေလိုက်၏။

“အဲဒါက ပင်ယန်းမြို့ ဖြစ်လိမ့်မယ်”

မျောက်က ညည်းတွားရေရွတ်လိုက်၏။

“ပင်ယန်းမြို့က ဘာဖြစ်လို့လဲ”

စိတ်ဝိညာဉ်ကျားနှင့် အခြားသူများက တွေဝေရှုပ်ထွေးသွားပြီး အလိုလို မေးမြန်းလိုက်ကြ၏။

မျောက်က ရှင်းပြလိုက်၏။

“နံပါတ်တစ်က အစတုန်းက ပင်ယန်းမြို့မှာ နေခဲ့တာပဲ.. သူက စတင်မကျင့်ကြံခင်တုန်းက အဲဒီမြို့က စာပေပညာရှင်တစ်ယောက်ပဲ”

စိတ်ဝိညာဉ်ကျားနှင့် အခြားသူများက နားလည်သဘောပေါက်သွားကြ၏။

သိပ်မကြာမီ.. လူတိုင်းသည် ပင်ယန်းမြို့သို့ ရောက်ရှိလာခဲ့ကြ၏။

နှစ်တစ်ရာကြာပြီးနောက်.. ပင်ယန်းမြို့က အရင်ကထက်ပို၍ ကြီးမားလာခဲ့၏။

ပင်ယန်းမြို့သည် နေရာတိုင်းမှာ ဖြစ်ပွားခဲ့သော စစ်မီးတောက်များ၏ သက်ရောက်ခြင်းကို မခံခဲ့ရပုံပင်။ အဲဒါက သုခဘုံတစ်ခုနှင့် တူနေ၏။

မြို့သည် လူများ၊ ရထားလုံးများနှင့်အတူ စည်ကားသိုက်မြိုက်နေ၏။

တစ်ချက်ကြည့်ရုံမျှနှင့် အဲဒါက မြို့အများစုထက် ပိုမိုသက်ဝင်လှုပ်ရှားနေသည်။

“ဒီမြို့က မော်တယ်တွေက ကောင်းကောင်း ပြုမူနေထိုင်ကြတဲ့ပုံပဲ”

ချင်ချင်က မျက်လုံးကို ပုတ်ခတ်ပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

ခရမ်းရောင်တောင်ပံ လင်းယုန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

“အဲဒါက သဘာဝပဲ.. ငါတို့ရဲ့ ပိုင်နက်အရှင်က မြို့သူမြို့သားတွေကို ကာကွယ်ပေးနေမှတော့.. သူတို့ကို ဘယ်သူက ထိခိုက်အောင် လုပ်ရဲမှာလဲ”

“ဒီနှစ်တွေထဲမှာ.. မင်းတို့တွေလိုမျိုး ပင်ယန်းမြို့ကို ရန်ရှာဖို့ ရောက်လာတဲ့ ကျူးကျော်သူတွေ များစွာကို ပိုင်နက်အရှင်က မောင်းထုတ်ခဲ့တယ်”

မျောက်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ပြီး အံ့မခန်းပုံစံဖြင့် ချီးကျူးလိုက်ကြ၏။

သားရဲတစ်ကောင်နှင့် ကမ်းလန်ရိုးမ၏ ပိုင်နက်အရှင်အနေဖြင့် သူက ပင်ယန်းမြို့ရှိ မော်တယ်များကို ကာကွယ်ပေးနေသည်မှာ တကယ့်ကို ထူးဆန်းလေသည်။

ထိုအတွက်ကြောင့် မျောက်နှင့် အခြားသူများသည် ဤပိုင်နက်အရှင်အပေါ် ရန်လိုစိတ် လျော့ကျသွားခဲ့လေသည်။

စိတ်ဝိညာဉ်ကျားက သူ၏ခေါင်းကို ခါပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“တကယ်ပဲ အဲဒါက ထူးဆန်းတယ်.. ကျန်းမာသန်စွမ်းတဲ့ မော်တယ်တွေတောင်မှ အသက်တစ်ရာထက် ပိုမနေကြရဘူး”

“ကြည့်စမ်း.. ဒီမြို့ထဲမှာ အသက်တစ်ရာကျော်နေတဲ့ အဘိုးအိုတွေ အများကြီးပဲ.. သူတို့က ကျင့်ကြံထားတဲ့ လက္ခဏာလည်း မရှိဘူး.. သူတို့အားလုံးက မော်တယ်တွေပဲ”

“တကယ်ပဲကိုး”

မျောက်သည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုပြီးနောက်.. အသက်ရှည်လျားသော အဘိုးအိုများစွာကို တွေ့မြင်လိုက်ရ၏။

သက်တော်ရှည် မြို့တစ်မြို့လား..။

မော်တယ်များသည် ကသောင်းကနင်း ဤကာလအတွင်း ကောင်းကောင်းရှင်သန်နေထိုင်နိုင်သည်မှာပင် အတော်လေး ကံကောင်းလှလေပြီ။

သို့သော်လည်း ပင်ယန်းမြို့ရှိ မော်တယ်များသည် ကျန်းမာသန်စွမ်းစွာဖြင့် သာယာအေးချမ်းသော ဘဝမှာ အသက်အလွန်ရှည်စွာ ရှင်သန်နေထိုင်ကြလေသည်။

ခရမ်းရောင်တောင်ပံ လင်းယုန်သည် မျောက်နှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ တုန်လှုပ်မှုကို မြင်သောအခါ သူ၏ အမူအရာက ပို၍ပင် အထင်အမြင်သေးလာပြီး ဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်၏။

“မင်းတို့လို အရိုင်းအစိုင်း မိစ္ဆာသားရဲတွေက ပိုင်နက်အရှင်ရဲ့ နည်းလမ်းတွေကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ”

“မင်းက ဘာသဘောနဲ့ ပြောတာလဲ”

ရွှေခြင်္သေ့က မေးလိုက်၏။

“ဒီမှာရှိတဲ့ မော်တယ်တွေရဲ့ အသက်ရှည်ခြင်းက မင်းရဲ့ ပိုင်နက်အရှင်နဲ့ ပတ်သက်ဆက်နွယ်နေတာလား”

“ဒါပေါ့”

ခရမ်းရောင်တောင်ပံ လင်းယုန်က တိကျသေချာစွာဖြင့် ပြောလိုက်၏။

“ပိုင်နက်အရှင်ရဲ့ စွမ်းအားတွေက အကန့်အသတ်မဲ့တယ်.. အဲဒါက မင်းတို့လို မိစ္ဆာသားရဲတွေ နားလည်နိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး”

ခရမ်းရောင်တောင်ပံ လင်းယုန်၏ စကားကို ကြားရပြီးနောက်.. လူတိုင်းသည် ဤပိုင်နက်အရှင်နှင့် ပတ်သက်၍ ပို၍ပင် သိချင်စိတ်ပြင်းပြလာကြ၏။

“သူက အခု မြို့ထဲမှာ ရှိလား.. ငါ ဘာလို့ သူ့ကို မမြင်ရတာလဲ”

မျောက်က မျက်မှောင်ကြုတ်လိုက်၏။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး အတန်ကြာအထိ ရှာဖွေခဲ့သော်လည်း ပင်ယန်းမြို့တွင် မည်သည့် သားရဲချီကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။

“ဟားဟား.. ပိုင်နက်အရှင်က အခု ဒီမှာရှိနေတယ်.. ဒါပေမဲ့လို့ မင်းတို့တွေက သူ့ကို ရှာဖွေဖော်ထုတ်နိုင်ဖို့ မဖြစ်နိုင်ဘူး”

ခရမ်းရောင်တောင်ပံ လင်းယုန်သည် မျောက်က ငေးငိုင်နေသည်ကို မြင်သောအခါ သူက ကျယ်လောင်စွာ လှောင်ပြောင်သရော်လိုက်၏။

စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် အခြားသူများကလည်း သူတို့၏ခေါင်းကို ခါယမ်းပြီး ဘာကိုမှ ရှာမတွေ့နိုင်ကြပေ။

“ဒီပိုင်နက်အရှင်က ငါတို့ရဲ့ စိတ်ဝိညာဉ်အသိစိတ် ထောက်လှမ်းမှုကနေတောင် ပုန်းကွယ်နိုင်တာလား”

မျောက်က တီးတိုးရေရွတ်လိုက်၏။

“သူက တကယ်ပဲ အစွမ်းအစ ရှိပါပေတယ်”

All Chapters