← Chapters

သခင်… သဘောကောင်းတယ်… ငါ

Vol. 73 Ch. 1128

သခင်… သဘောကောင်းတယ်… ငါ

Vol. 73 Ch. 1128

ဆေးမီးခိုးငွေ့သည် ညင်သာစွာ လွင့်ပါးသွားသည်။ ကျန်းစန်းသည် ရွှီချင်း၏ ငယ်ဘဝပုံရိပ်ကို ရိပ်ခနဲ မြင်လိုက်သည်။

ထိုစဉ် ရွှီချင်းက မီးခိုးငွေ့အတွင်းမှာ အလောင်းပုံများနှင့် သွေးပင်လယ်များကို မြင်သွားသည်။

မီးခိုးငွေ့က ဖြည်းညင်းစွာ လွင့်ပါးသွားသည်နှင့် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရွှီချင်းသည် ပြုံးလိုက်သည်။ ကျန်းစန်းသည်လည်း ပြုံးလိုက်သည်။ သူက ဆေးတံကို မြေပြင်ပေါ်သို့ ခေါက်လိုက်ပြီး ပြာမှုန့်ကို အောက်သို့ သွန်ချလိုက်သည်။

“ ဒီတစ်ခေါက် ငါမင်းကို ဘာသန့်စင်ပေးရမလဲပြော ”

ကျန်းစန်းက မေးသည်။

ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ မှော်ယာဉ်ပျံအား သိမ်းဆည်းထားသော ပုလင်းငယ်တစ်လုံးကို ထုတ်လိုက်သည်။ သူက ပုလင်းကို ကျန်းစန်း၏ အရှေ့မှာ ချလိုက်သည်။

ဤနှစ်များတွင် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတတ်လာသည်နှင့်အမျှ မှော်ယာဉ်ပျံကို သိပ်အသုံးမပြုတော့ပေ။ ယင်းက သူ့အတွက် အသုံးမဝင်ဖြစ်လာသည်။

သို့သော်လည်း ရွှီချင်းသည် ယင်းကို လက်မလျော့ချင်ပေ။ ထို့ကြောင့် မိတ်ဆွေဟောင်းနှင့် ပြန်တွေ့ဆုံရန်အပြင် ကျန်းစန်းကို သူ၏ ဓမ္မစစ်သင်္ဘောအား အဆင့်ကြီးတစ်ဆင့် မြှင့်တင်ပေးစေချင်သည်။

ကျန်းစန်း၏ အကြည့်သည် ဓမ္မစစ်သင်္ဘောပေါ်သို့ ကျရောက်သွားသည်။ ရွှီချင်းပြောနေစရာ မလိုပေ။ သူက ဓမ္မစစ်သင်္ဘောအား ထိန်းသိမ်းထားသော ပုလင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ယင်းကို တစ်ခါနှစ်ခါမျှသာ အသုံးပြုထားကြောင်း သူပြောနိုင်သည်။ ရွှီချင်း၏ အတွေးကို သူနားလည်သည်။ ထို့ကြောင့် ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ မဟာအတောင်ပံလား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

ကျန်းစန်းသည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ သူက လက်ကို ပွတ်သပ်လိုက်ပြီး ချက်ချင်း အတွေးနက်သွားသည်။

“ အဲ့ဒါကို ငါတစ်ယောက်တည်း မလုပ်နိုင်ဘူး… ချီယွဲ့ထုံဂိုဏ်းရဲ့ ဆဌမတောင်ထိပ်က လက်သမားအဖိုးကြီးတွေအားလုံးကို အကူအညီတောင်းရလိမ့်မယ်… အဲ့ဒါက မလုံလောက်သေးဘူး… စည်းချအစီအရင်တစ်ခုကိုလည်း ငါလိုအပ်တယ်… ရွှီချင်း… ငါ မင်းအတွက် မဟာအတောင်ပံတစ်ခုကို သန့်စင်ပေးမယ်… အဲ့ဒါက ချီယွဲ့ထုံဂိုဏ်းတစ်ခုလုံး ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်လိမ့်မယ်… အဲ့ဒါမှ လုံလောက်လိမ့်မယ် ”

“ အဲ့ဒါက တခြားလူတွေအတွက်ဆိုရင် အရမ်းခက်ခဲလိမ့်မယ်… ဒါပေမဲ့ မင်းဆိုရင်တော့ စကားတစ်ခွန်းပြောလိုက်ရုံနဲ့ အဆင်ပြေပါတယ် ”

“ မဟာအတောင်ပံရဲ့ စွမ်းအင်အရင်းအမြစ်က အဓိကသော့ချက်ပဲ… တကယ်လို့ ငါတို့က ဓမ္မရတနာတစ်ခုကို ထည့်နိုင်ရင် ကောင်းလိမ့်မယ်… တကယ်လို့ ငါတို့က နတ်ဘုရားသက်ရှိတစ်ကောင်ရဲ့ အသွေးအသားကို ထည့်နိုင်မယ်ဆိုရင်တော့ ပိုပြီးပြည့်စုံသွားလိမ့်မယ် ”

ကျန်းစန်းသည် စကားပြောပြီးနောက် ဆေးတံကို တစ်ခါရှိုက်လိုက်သည်။ ရွှီချင်းသည် ငှက်မွှေးတစ်ချောင်းကို ထုတ်လိုက်ပြီး ကျန်းစန်း၏ အရှေ့မှာ ချလိုက်သည်။

ထိုငှက်မွှေးထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြီးမားသော နတ်ဘုရားအစွမ်းသည် အထဲမှ ပေါက်ကွဲထွက်လာသည်။ ကံကောင်းစွာပင် ရွှီချင်းက ကြိုပြင်ဆင်ထားသောကြောင့် ကြီးကြီးမားမား သက်ရောက်မှုမရှိခဲ့ပေ။ သို့သော်လည်း ယင်းက ဘေးပတ်ဝန်းကျင်ကို ဝေဝါးလာစေပြီး ပုံပျက်တွန့်လိမ်သွားစေသည်။

ကျန်းစန်း၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားပြီး ဆေးမီးခိုးငွေ့က သူ၏ လည်ချောင်းထဲမှာ တစ်ဆို့သွားသည်။ သူက ဆေးတံကိုပင် ကောင်းမွန်စွာ မကိုင်နိုင်တော့ပေ။ ဆေးတံသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ သူ၏ ဦးရေပြားက ဟက်တက်ကွဲသွားတော့မည့်အလား သူခံစားမိလာသည်။

သူသည် နတ်ဘုရားသက်ရှိများ၏ အသွေးအသားများကို တစ်ကြိမ်ထက်မနည်း မြင်တွေ့ဖူးပြီး ထူးဆန်းသတ္တဝါများ၏ အသွေးအသားများကိုပင် မြင်ဖူးသည်။ သို့သော်လည်း ဤငှက်မွှေးထဲမှာ ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားသည် သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှ မခံစားဖူးသောအရာ ဖြစ်သည်။

ဤငှက်မွှေးနှင့်နှိုင်းယှဉ်လျှင် ယခင်က သူမြင်ခဲ့ဖူးသော အရာအားလုံးက အမှိုက်ဖြစ်သည်။ ယင်းတို့ကြားမှ ခြားနားမှုသည် လမင်းနှင့် ပိုးစုန်းကြူးပမာ ကြီးမားသည်။

“ အဲ့ဒါက… အဲ့ဒါက… ”

ကျန်းစန်းသည် တုန်ယင်သွားပြီး အချိန်အတော်ကြာ ချောင်းဟန့်လိုက်သည်။ ထို့နောက် သူက ငှက်မွှေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ခေါင်းကို ခက်ခက်ခဲခဲ ပြန်မော့လိုက်သည်။

“ နတ်ဘုရားတစ်ပါးရဲ့ အသွေးအသားပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ကျန်းစန်း၏ အမူအရာသည်‌ အေးခဲသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက အောက်ပြုတ်ကျသွားသော ဆေးတံကို တိတ်တဆိတ် ပြန်ကောက်ယူလိုက်ပြီး နက်ရှိုင်းစွာ ရှူသွင်းလိုက်သည်။ ထိုအခါ မီးစတချို့သည် အပြင်သို့ ပျံ့လွင့်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

သူ၏ မျက်နှာသည် နီမြန်းသွားပြီး မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည့်အခါ သူက အက်ရှရှအသံအဖြင့် ပြောသည်။

“ ဒါဆို လုံလောက်ပြီ ”

“ ရွှီချင်း… ငါမင်းအတွက် တစ်ခါမှ မပေါ်ဖူးသေးတဲ့ မဟာအတောင်ပံအသစ်ကို ဒီဇိုင်းရေးဆွဲပေးမယ်… စွမ်းအင်အရင်းအမြစ်အတွက် ဒီငှက်မွှေးကို အသုံးပြုလိုက်မယ်… အဲ့ဒီမဟာအတောင်ပံက သေချာပေါက်… ”

ရွှီချင်းသည် တုံ့ဆိုင်းနေသည်။ သို့သော်လည်း သူက ကျန်းစန်း၏ စကားကို ကြားဖြတ်ပြောလိုက်သည်။

“ စီနီယာအကိုကျန်းစန်း… ငါပြောချင်တာက ဒီငှက်မွှေးရဲ့ အရှိန်အဝါအတိုင်း မဟာအတောင်ပံကို မင်းကို ဒီဇိုင်းရေးဆွဲပေးစေချင်တာပါ… စွမ်းအင်အရင်းအမြစ်ကတော့… ဒီငှက်မွှေးမဟုတ်ဘူး ”

ကျန်းစန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူက ရွှီချင်းကိုတစ်လှည့် ငှက်မွှေးကိုတစ်လှည့် ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်၏ အကျင့်ကို စဉ်းစားမိသွားသည်။ သူနားလည်သွားသည်။

ထိုသို့နားလည်သွားမှုက သူ့အား ကျောက်ရုပ်ဖြစ်သွားစေသည်။ ရွှီချင်းထွက်သွားသည့်တိုင် သူက အသိပြန်မဝင်လာခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။ အဖြေကို နားလည်သွားပြီးနောက် အဆုံးမရှိသော လှိုင်းအတတ်အကျများက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ ငှက်မွှေးက စွမ်းအင်အရင်းအမြစ်လုပ်ဖို့အတွက် မထိုက်တန်ဘူးလို့ သူက တွေးနေတယ်… ဆိုလိုတာက သူတို့မှာ နတ်ဘုရားအသွေးအသားတွေ အများကြီး ရှိတယ်… နတ်ဘုရားတစ်ပါးရဲ့ အပိုင်းအစတချို့ကို ရယူဖို့ နည်းလမ်းအများကြီး ရှိတယ်… ဒါပေမဲ့ ဒီလောက် ပမာဏအများကြီးဆိုရင်… ”

“ သူတို့က နတ်ဘုရားတစ်ပါးကို သတ်ခဲ့တာလား ”

ကျန်းစန်းသည် တုန်ယင်သွားပြီး ထိုအတွေးကို ချက်ချင်း ဖိနှိပ်လိုက်သည်။ ဤလောကတွင် သူသိနိုင်သော တချို့ကိစ္စများရှိပြီး သူက သိထားလျှင်ပင် မသိသင့်သော တချို့ကိစ္စများရှိကြောင်း ရှင်းလင်းစွာ သူနားလည်ထားသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီလာသည်။ ကျန်းစန်း၏ နေရာမှ ပြန်ထွက်ခွာလာသော ရွှီချင်းသည် ဒေသငယ်မြို့တော်၏ လမ်းမပေါ်မှာ လမ်းလျှောက်နေသည်။ သူက အရှိန်အဝါကို တမင်သက်သက် ဖုံးကွယ်မထားသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းဂယက်များက သူ၏ အသွင်အပြင်ကို သေမျိုးများ မမှတ်မိနိုင်အောင် ဖြစ်စေသည်။

လူအုပ်ကြားထဲမှာ လမ်းလျှောက်နေရင်း ဤနေရာမှ စည်ကားသိုက်မြိုက်မှုနှင့် တိုးကြပ်မှုကို ခံစားမိသွားသောအခါ ရွှီချင်း၏ နှလုံးသားသည် တည်ငြိမ်သွားသည်။

သူက ကျင့်ကြံသူများ၊ ဓားကိုင်များ၊ သေမျိုးများနှင့် ယန်ယန်ကိုပင် မြင်သွားသည်။ ယန်ယန်သည် ညှိုးမှိုင်သော အမူအရာဖြင့် ကင်းလှည့်နေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။

ယန်ယန်သည် ရွှီချင်းကို မမြင်နိုင်ပေ။ သူက သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ ရွှီချင်းကို ဖြတ်ကျော်သွားသည်။

ရွှီချင်းသည် သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် အဝေးသို့ လျှောက်သွားသည်။

သူထွက်သွားပြီးနောက် ယန်ယန်၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ တစ်ခဏအကြာမှာ သူက ခေါင်းငုံ့လိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နေဝင်ရီတရောအချိန်သို့ ရောက်ရှိသွားသည်။ လူအုပ်ကြီးသည် တဖြည်းဖြည်း လျော့ပါးသွားသည်။ ထိုစဉ် ဒေသအကြီးအကဲ၏ ခြံဝန်းဆီသို့ ဦးတည်လျှောက်သွားနေသော ရွှီချင်းသည် ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး သူ့အနောက်သို့ ကြည့်လိုက်သည်။

သူ့အနောက်မှ ခြေလှမ်းတစ်ထောင်အကွာတွင် လူတစ်ယောက်သည် ခွေးတစ်ကောင်ကဲ့သို့ ဆောင့်ကြောင့်ထိုင်နေသည်။

ရွှီချင်းက ရပ်လိုက်သည့်အခိုက် သူသည်လည်း ရပ်လိုက်သည်။ ရွှီချင်း၏ ဦးတည်ရာဘက်သို့ ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှု ထွက်ပေါ်လာသည်။

ရွှီချင်း၏ ပုံရိပ်သည် သူ၏ မျက်လုံးထဲမှာ မရှိပေ။

သို့သော်လည်း ရွှီချင်း၏ အရှိန်အဝါကို သူအာရုံခံနိုင်သည်။ ဤသည်မှာ သူ၏ အရည်အချင်းဖြစ်သည်။ သူက မမြင်နိုင်သော်လည်း လမ်းတစ်လျှောက်လုံး အနောက်မှ လိုက်ပါလာခဲ့သည်။ ဤအခိုက်အတန့်မှာ ထိုအရှိန်အဝါက ပျောက်ကွယ်သွားကြောင်း သူအာရုံခံမိသွားသည်။

ယင်းက သူ့ကို စိတ်အားငယ်သွားစေသည်။ သူက စွန့်ပစ်ခံလိုက်ရသည့်အလား နေရာမှာ ဆောင့်ကြောင့်ထိုင်နေသည်။

သို့သော်လည်း ရွှီချင်းသည် သူ့ဘေးမှာ ရပ်နေပြီး သူ့အရှေ့မှ လူကို ကြည့်လိုက်သည်။

ထိုလူသည် အအလေး ဖြစ်သည်။

ရွှီချင်းသည် တစ်ဖက်လူကို အစောကြီးကတည်းက အာရုံခံမိသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သက်စောင့်မီးဘောလုံးသုံးလုံးအဆင့်ထိ ရောက်ရှိနေကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်သည်။ အမှန်မှာ သူက ဓမ္မသွေးကြောအမှတ်အများကြီးကို ဖွင့်လှစ်ထားနိုင်ခဲ့သည်။ သူက စတုတ္ထသက်စောင့်မီးဘောလုံးကို ထွန်းညှိရန် ဓမ္မသွေးကြောအမှတ်နှစ်ခုသာ ကျန်ရှိတော့သည်။

ထိုသို့ပါရမီဖြင့်ဆိုလျှင် သူက မည်သည့်ဂိုဏ်းမှာမဆို ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်ခံရလိမ့်မည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအများအပြားက သူ၏ ကျင့်ကြံခြင်းခရီးစဉ်တွင် တိုက်ပွဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သက်သေပြုပေးနေသည်။

ထို့ပြင် သူ၏ အရည်အချင်းကြောင့် တခြားလူများ အာရုံမခံနိုင်သော အရာများကို သူက အာရုံခံနိုင်သည်။ ယင်းက အအလေး၏ အနာဂတ်ကို သေချာပေါက် ထူးခြားစေလိမ့်မည်။

“ မင်းက နတ်နန်းတော်ကို အချိန်မရွေး ဖွဲ့စည်းနိုင်တယ် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

သူ၏ စကားသံသည် လူသူကင်းမဲ့နေသော လမ်းထဲမှာ ပဲ့တင်ထပ်သွားသည်။ ဤသည်ကို အအလေး ကြားသောအခါ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ချက်ချင်း ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်သည်။

သူ၏ ဦးချမှုတိုင်းသည် အားပါသည်။

သိမ်မွေ့ညင်သာသော အင်အားတစ်ခုက သူ့အား ဖေးမပေးလာသည့်အခါမှသာ အအလေးက အရိုအသေပေးခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ စိတ်ခံစားမှုကို အားထား၍ ရွှီချင်း၏ ဦးတည်ရာဘက်သို့ မျက်နှာမူလိုက်သည်။ သူက လက်ငါးချောင်းထောင်ပြလိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် ကြည်ညိုလေးစားသော အရိပ်အယောင် ထွက်ပေါ်လာသည်။

ရွှီချင်းသည် အအလေးပြောချင်သော အဓိပ္ပာယ်ကို နားလည်သည်။

သူက သက်စောင့်မီးဘောလုံးငါးလုံးကို ထွန်းညှိချင်ပြီး ရွှီချင်းရွေးချယ်ခဲ့သော လမ်းစဉ်အတိုင်း လျှောက်လှမ်းမည်ဟု ပြောနေခြင်း ဖြစ်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ အတိတ်မှာ သူလျှောက်ခဲ့သော လမ်းစဉ်အတိုင်း ချီယွဲ့ထုံဂိုဏ်းမှ တစ်စုံတစ်ယောက်က လျှောက်လှမ်းနိုင်ခြင်းကို သူမြင်ချင်သည်။ သို့သော်လည်း ထိုလမ်းစဉ်သည် အလွန်အမင်း ခက်ခဲသည်။ သို့ဖြစ်၍ တစ်ခဏကြာ တွေးတောပြီးနောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။

သို့သော်လည်း ကျောက်စိမ်းပြားတစ်ခုက အအလေး၏ အရှေ့မှ လေထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ အသံသည် အဝေးမှ ပျံ့လွင့်လာပြီး အအလေး၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဒီကျောက်စိမ်းပြားနဲ့အတူ ပင်လယ်အလောင်းကောင်းမျိုးနွယ်ရဲ့ ကျွန်းပေါ်မှာ သေခြင်းရှင်ခြင်းကပ်ဘေးကို တွေ့ကြုံရင်း မင်းရဲ့ နောက်ဆုံးဓမ္မသွေးကြောအမှတ်ကို ဖွင့်လှစ်နိုင်လိမ့်မယ်… တကယ်လို့ မင်းက သက်စောင့်မီးဘောလုံးငါးလုံးကို ထွန်းညှိနိုင်ပြီး နတ်နန်းတော်တစ်ခုကို ဖွဲ့စည်းနိုင်တဲ့အခါကျရင် အကျဉ်းထောင်ဌာနဆီသွားပြီး နယ်ရုပ်တစ်ယောက် ဖြစ်လာနိုင်တယ် ”

အအလေးသည် ခန္ဓာကိုယ်တုန်ယင်သွားသည်။ သူက ကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ထွက်ပေါ်လာသည်။

သူက ရွှီချင်းကို ချီးကျူးလေးစားသည်။ ယင်းက ဤနှစ်များတွင် မပြောင်းလဲသွားခဲ့ပေ။ ထို့ကြောင့် သူက ရွှီချင်း၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး ရွှီချင်းထံမှ အသိအမှတ်ပြုမှုကို ရယူချင်သည်။ သို့မှသာလျှင် သူက ရွှီချင်း၏ အနောက်သို့ လိုက်ပါခွင့်ရလိမ့်မည်။

အထူးသဖြင့် အတိတ်မှာ သူမြင်တွေ့ခဲ့သော ရွှီချင်း၏ အရိပ်ထဲမှ တည်ရှိမှုက ယခု ပိုပြီးကြောက်စရာကောင်းလာကြောင်း သူအာရုံခံမိခဲ့သည်။ သို့သော်လည်း သူသည် ထိုတည်ရှိမှုကို ယခင်ကဲ့သို့ မကြောက်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းကို ကြည့်နေသော ၎င်း၏ အကြည့်ထဲမှာ ကြောက်ရွံ့ရိုသေခြင်းနှင့် အသနားခံသော အရိပ်အယောင် ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။

ရွှီချင်းသည် ဒေသအကြီးအကဲ၏ ခြံဝန်းဆီသို့ ပြန်ရောက်လာပြီး နေအိမ်ထဲမှာ ထိုင်လိုက်သည်။ ထို့နောက် သူက ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ လေသည် သူ၏ မြင်းမြှီးသဖွယ် ဆံပင်ကို အနည်းငယ် လှုပ်ခါသွားစေသည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးသည်လည်း တုန်လှုပ်သွားသည်။

“ မိတ်ဆွေဟောင်းတွေ အများကြီးရှိတယ်လို့ မထင်ရဘူး… ”

“ လူတချို့က လမ်းလျှောက်နေရင်း ပျောက်ကွယ်သွားတယ်… ”

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။

ယနေ့ သူက ကျန်းစန်းအပြင် အအလေးနှင့် ယန်ယန်ကို မြင်တွေ့ခဲ့သည်။

ယန်ယန်သည် ဓားကိုင်တစ်ယောက် ဖြစ်လာသည်။

ရွှီချင်းသည် ယန်ယန်ကို သွားမတွေ့ခဲ့ပေ။ သို့သော်လည်း သူက ယန်ယန်၏ ရောဂါဇစ်မြစ်ကို နောက်ဆုံးမှာ ရှာတွေ့သွားခဲ့သည်။ ယန်ယန်သည် သူ့ကိုယ်သူနှင့် သူ၏ ရန်သူများအပေါ်မှာ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက် ရှိသည်။

ရန်သူများကို ဆက်တိုက် သတ်ဖြတ်ပြီး သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်မှသာလျှင် သူက ပျော်ရွှင်နိုင်လိမ့်မည်။

ဤသည်မှာ ယန်ယန်က နေမကောင်းဖြစ်နေခြင်းဖြစ်ကြောင်း ယန်ယန်၏ အဖွားက ရွှီချင်းကို ပြောပြခဲ့သည်။

ထိုအချိန်တုန်းက ရွှီချင်းသည် အဖြေကို မမြင်နိုင်ခဲ့ပေ။ သို့သော်လည်း ယခု သူက နားလည်သွားသည်။

ယန်ယန်သည် ဤနှစ်များအတွင်း သူမြင်ခဲ့ဖူးသမျှ လူများထဲမှာ ခန္ဓာကိုယ်ထဲ၌ ဒြပ်နှောလုံးဝမရှိသည့် တစ်ယောက်တည်းသောလူ ဖြစ်သည်။

ယန်ယန်အပြင် ဒြပ်နှောမရှိသော တခြားလူများ ရှိသေးသည်ဟု ထင်မှတ်ရသည်။ သို့သော်လည်း အမှန်မှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများက ရှင်းလင်းခံထားရခြင်း ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် ထိုဒြပ်နှောများက ပြန်ထွက်ပေါ်လာနိုင်သည်။ သို့သော်လည်း ယန်ယန်၏ အခြေအနေသည် ထိုလူများနှင့် ခြားနားသည်။

ယန်ယန်၏ ခန္ဓာကိုယ်ထဲမှာ ဘယ်တုန်းကမှ ဒြပ်နှောမရှိခဲ့ဟန် ရသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းမှာ သူ၏ ဒြပ်နှောများက ရုပ်ခန္ဓာကိုယ်အစား ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။ ယင်းက သူ၏ ဝိညာဉ်ကို ဒြပ်နှောဖြင့် ဆိုးဝါးစွာ ညစ်ထေးသွားစေပြီး သူ၏ အသိစိတ်ကို ပရမ်းပတာ ဖြစ်သွားစေသည်။ ထို့ကြောင့် သူက ရူးသွပ်သွားပြီး သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ဒြပ်နှောများက သူ၏ ဝိညာဉ်ထဲမှာ စုပုံများပြားလာလိမ့်မည်။ ထိုအခါ သူ၏ ရူးသွပ်မှုက ပိုပြီးဆိုးဝါးလာလိမ့်မည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

ထို့ကြောင့် ယန်ယန်၏ အဖွားက သူ့အပေါ် အလွန်အလိုလိုက်ထားခြင်း ဖြစ်သည်။ သူ၏ မြေးမလေးက အချိန်ကြာကြာ အသက်မရှင်နိုင်ကြောင်း သူသိထားသည်။

သို့သော်လည်း လပူဇော်ဒေသကြီးမှ ကိစ္စများစွာကို တွေ့ကြုံပြီးနောက် ရွှီချင်း၏ မျက်လုံးထဲတွင် ယန်ယန်၏ ညစ်ထေးနေသော ဝိညာဉ်သည် နတ်ဘုရားအရှိန်အဝါ တစ်စွန်းတစ်စကို ပိုင်ဆိုင်ထားသည်။

သို့ဖြစ်၍ ရွှီချင်းသည် ယန်ယန်နှင့် မတွေ့ဆုံခဲ့သော်လည်း နီလာနတ်သမီး၏ ငှက်မွှေးတစ်ခုကို ယန်ယန်၏ ဝိညာဉ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။ ထို့ပြင် ငှက်မွှေး၏ အစွမ်းကို ငှားယူပြီး ကျင့်ကြံနိုင်ရန်အတွက် ယန်ယန်ကို သူက အကြံပေးစကား ချန်ထားခဲ့သေးသည်။

“ သူက နတ်ဘုရားအစွမ်း ကျင့်ကြံဖို့အတွက် သင့်တော်တယ် ”

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ယင်ဟွမ်ပြည်နယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် တစ္ဆေအင်ပါယာတောင်ကုန်း ရှိသည်။

လွန်ခဲ့သော သုံးရက်ခန့်က သတ္တမသခင်ကြီးသည် တစ္ဆေအင်ပါယာတောင်ဆီသို့ ခရီးထွက်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ တတိယစီနီယာအကိုက ထိုနေရာမှာ ကျင့်ကြံနေသောကြောင့် ဖြစ်သည်။ အတိတ်တုန်းက ကောင်လေးသည်လည်း သူ၏ တတိယစီနီယာအကိုနှင့်အတူ ထိုနေရာမှာ ကျင့်ကြံနေသည်။

လေပြေက တိုးဝှေ့တိုက်ခတ်လာသည့်အခါ ရွှီချင်း၏ အတွေးများသည် ဆက်လက် လှုပ်ခတ်သွားသည်။ အတိတ်မှ အကြောင်းကိစ္စများနှင့် မိတ်ဆွေဟောင်းများကို သူပြန်စဉ်းစားလိုက်သည်။ ဥပမာ ချင်းချိုးဖြစ်သည်။ သူသည်လည်း ယင်ဟွမ်ပြည်နယ်မှာ ရှိနေသည်။

နောက်ဆုံးမှာတော့ ရွှီချင်းက နန်းဟွမ်ကုန်းမြေဆီသို့ ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ လေတိုးဝှေ့မှုသည် ရပ်တန့်သွားသည်။ ရွှီချင်းသည် သူ၏ အကြည့်နှင့် အတွေးများကို တစ်ချိန်တည်း ပြန်ရုပ်သိမ်းလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ နီလာနတ်သမီးရဲ့ အသွေးအသားကို ငါရပြီးကတည်းက မင်းငါ့ကို အသနားခံတဲ့အကြည့်မျိုးနဲ့ အမြဲတမ်း ကြည့်နေတယ်… အထူးသဖြင့် ယိုလင်းဇီကို ငါ့ဆရာက အဝေးခေါ်ဆောင်သွားပြီးနောက် မင်းရဲ့ အကြည့်က ပိုပြီးအားကောင်းလာတယ်… ဒီတော့ မင်းက အဲ့ဒီအသားကို စားချင်တာလား ”

ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း လရောင်အောက်မှာ သူ၏ အရိပ်လေးသည် ချက်ချင်း လှိုင်းထသွားပြီး အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ဖြန့်ကြက်သွားသည်။ အနက်ရောင်ခေါင်းတလားတစ်လုံးသည် အရိပ်ထဲမှ ပေါ်ထွက်လာသည်။ ထိုခေါင်းတလားကို မျက်လုံးအများအပြားဖြင့် ဖုံးလွှမ်းထားသည်။

မျက်လုံးတိုင်းမှာ ကြောက်ရွံ့ရိုသေခြင်းနှင့် အသနားခံသော အရိပ်အယောင် ထွက်ပေါ်နေသည်။ ၎င်း၏ စိတ်ခံစားချက်များသည် ပြတ်တောင်းပြတ်တောင်း လှိုင်းအတတ်အကျနှင့်အတူ ရွှီချင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။

“ သခင်… သဘောကောင်းတယ်… ငါ… ”

“ စားတယ်… သန်မာမယ်… ငါ… ပေးမယ် ”

“ နတ်ဘုရားမီးတောက်… ”

All Chapters