ကောင်းကင်နက်မျိုးနွယ်၏ နတ်ဘုရား
Vol. 73 Ch. 1137
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးမှ ဧရာမခရမ်းစက်လုံးကို ကြည့်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။
သူက အနားသို့ ကပ်သွားသည့်အခါ ခရမ်းစက်လုံး၏ အရွယ်အစားကြီးမားပုံက သူ၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။ ၎င်းပေါ်မှ မီးတောက်များသည် တဟုန်းဟုန်း တောက်လောင်နေပြီး မြင့်မားသော အပူချိန်က လောကကို ပုံပျက်တွန့်လိမ်သွားစေသည်။ တစ်ချိန်တည်းမှာ ရင်းနှီးကျွမ်းဝင်သော လှိုင်းအတတ်အကျများက ရွှီချင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုလှိုင်းအတတ်အကျများကို နှစ်ပိုင်းခွဲခြားနိုင်သည်။ တစ်ခုသည် သူ၏ ယခင်စစ်သင်္ဘောမှ အမှတ်အသား ဖြစ်သည်။
ဓမ္မစစ်သင်္ဘောက ဖျက်ဆီးခံလိုက်ရပြီး မဟာအတောင်ပံအဖြစ် အဆင့်မြှင့်တင်ခံလိုက်ရသော်လည်း ၎င်းက မဟာအတောင်ပံ၏ အခြေခံအုတ်မြစ်ဖြစ်နေဆဲပင်။
တခြားတစ်ခုသည် ရှေးခေတ်နေလုံးထံမှ လှိုင်းအတတ်အကျများဖြစ်သည်။
လပူဇော်ဒေသကြီးထဲမှာ သူရှိနေခဲ့စဉ် အိမ်ရှေ့စံမင်းသားက ရှေးခေတ်နေလုံးကို ရွှီချင်း၏ ခါးပေါ်မှာ ချည်နှောင်ပေးခဲ့သည်။ ထို့ကြောင့် ရှေးခေတ်နေလုံးနှင့် သူ့ကြားမှာ ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိသည်။ ဤအခိုက်အတန့်မှာ ရွှီချင်းသည် ထိုလှိုင်းအတတ်အကျများမှတဆင့် ခရမ်းစက်လုံးက သူနှင့် ရင်းနှီးကျွမ်းဝင်ကြောင်း ခံစားမိသွားသည်။
သူ၏ အမှတ်အသားကို ၎င်းပေါ်မှာ ထပ်မံတံဆိပ်ရိုက်နှိပ်ပြီး ထိုလှိုင်းအတတ်အကျနှစ်ခုဖြင့် ပေါင်းစပ်နိုင်သရွေ့ ခရမ်းစက်လုံးကို သူထိန်းချုပ်နိုင်လိမ့်မည်။
လှိုင်းအတတ်အကျများကို အာရုံခံမိသောအခါ ရွှီချင်းသည် ခရမ်းစက်လုံးဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက နေရာမှာ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံက ခရမ်းစက်လုံးဆီသို့ ပျံ့လွင့်သွားသည်။
မကြာမီ ယင်းက မည်သည့်အတားအဆီးမှမရှိဘဲ ခရမ်းစက်လုံးဖြင့် တိုက်ရိုက် ပေါင်းစပ်သွားပြီး အထဲမှာ ပျံ့နှံ့သွားသည်။
ထိုလုပ်ငန်းစဉ်သည် အသက်ဆယ်ခါရှူချိန်မျှသာ ကြာမြင့်ခဲ့သည်။ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ခရမ်းစက်လုံးတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားပြီးနောက် ဝုန်းခနဲမြည်သံများက ဧရာမနေလုံးထံမှ မြည်ဟိန်းထွက်လာသည်။
ဤသည်မှာ အိပ်ပျော်နေသော ဧရာမသတ္တဝါတစ်ကောင်က နိုးထလာသည့်အလားပင်။
မီးတောက်များသည် ကောင်းကင်အထိ ပျံတတ်သွားပြီး ၎င်း၏ အရှိန်အဝါသည် ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံး လှုပ်ခါလာသည်။ နောက်ဆုံးမှာတော့ ၎င်းက အစစ်အမှန်နေလုံးသဖွယ် ရွှီချင်း၏ ဦးခေါင်းထက်သို့ ဖြည်းညင်းစွာ မြှောက်တတ်သွားသည်။
ရွှီချင်းသည် နေလုံးအောက်မှာ မတ်တတ်ရပ်နေသည်။ သူ၏ ဆံပင်ရှည်သည် လေတိုးဝှေ့မှုအောက်မှာ တဖျပ်ဖျပ်လှုပ်ယမ်းသွားပြီး သူ၏ ချောမောလှပသော အသွင်ပုံစံသည် ပိုပြီးထင်ရှားလာသည်။ သူ၏ အရှိန်အဝါသည် ခရမ်းရောင်နေလုံးဖြင့် ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်သွားသည်။ ယင်းက ဖိအားကို သူ၏ ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ ပျံ့နှံ့သွားစေသည်။
လူတိုင်း၏ အကြည့်အောက်မှာ ၎င်းက အလွန်အားကောင်းသော ဖိနှိပ်မှုကို ပေးသည်။
တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ စကားသံက ပေါ်ထွက်လာသည်။
“ အကောင်းဆုံးကြိုးစားပါ ချင်းလေး… အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေရဖို့ အချိန်ကျပြီ… ဒီခရမ်းစက်လုံးရဲ့ စွမ်းအားက မသေးငယ်ဘူးဆိုပေမဲ့ အဲ့ဒါက အစစ်အမှန် အာရုဏ်ဦးနေမင်းထက် နိမ့်ကျနေတုန်းပဲ ”
“ အာရုဏ်ဦးနေမင်း ပေါက်ကွဲတဲ့အခါ ဒေသကြီးတစ်ဝက်က သက်ရောက်ခံရလိမ့်မယ်… ခရမ်းစက်လုံးပေါက်ကွဲတဲ့အခါ အဲ့ဒါက အများဆုံး ပြည်နက်တစ်ဝက်ခန့်ကိုပဲ သက်ရောက်နိုင်လိမ့်မယ် ”
“ ဒါပေမဲ့ အဲ့ဒါက ကိစ္စမရှိပါဘူး… ငါ့ရဲ့ တွက်ချက်မှုအရ အဲ့ဒါက နီလာနတ်သမီးရဲ့ အသွေးအသားနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်ပြီးသွားရင် တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ ပေါက်ကွဲစွမ်းအားကို ထုတ်လွှတ်နိုင်လောက်တယ်… ဒါပေမဲ့ ဒီနေရာမှာ မစမ်းကြည့်ဖို့ ငါအကြံပေးချင်တယ်… ငါတို့နေရာပြောင်းကြရအောင်… ဥပမာ အလောင်းကောင်တားမြစ်နယ်မြေဆိုရင်ရော ”
ခေါင်ဆောင်က နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်သည် သိပ်သည်းလာပြီး ရူးသွပ်မှု ထွက်ပေါ်လာသည်။
အမှန်မှာတော့ ခရမ်းစက်လုံးမှာသာ ရွှီချင်း၏ အမှတ်အသားရှိပြီး ၎င်းအပေါ် ရွှီချင်း၏ ထိန်းချုပ်မှုက သူ့ထက် ပိုပြီးအောင်မြင်နိုင်ခြေ မများလျှင် ခေါင်းဆောင်သည် အစောကြီးကတည်းက သူ့ဘာသာ ကြိုးစားကြည့်ပြီးလောက်၏။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူ၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားပြီး ခရမ်းရောင်နေလုံးပေါ်မှာ ပြန်ပေါ်လာသည်။
ပလ္လင်သည် သူ့အောက်မှာ ထွက်ပေါ်လာသည်။ ရွှီချင်းသည် ပလ္လင်ပေါ်မှာ ထိုင်လိုက်ပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။
ချက်ချင်းပင် ကျယ်လောင်သော ဆူညံသံသည် ခရမ်းရောင်နေလုံးထံမှ မြည်ဟိန်းထွက်လာသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါး၏ ဟိန်းသံအလားပင်။ ထို့နောက် ၎င်းက အဝေးသို့ ဦးတည်သွားသည်။
၎င်း၏ အလျင်သည် အလွန်မြန်ဆန်ပြီး ပင်လယ်အလောင်းကောင်းမျိုးနွယ်၏ ကျွန်းပေါ်မှ ချက်ချင်း ပျံသန်းသွားသည်။ ခေါင်းဆောင်သည် ခရမ်းရောင်နေလုံးဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။ သူက ရွှီချင်း၏ ဘေးမှာ ရပ်လိုက်စဉ် မျှော်လင့်သော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာ ခရမ်းရောင်နေလုံးသည် ပျောက်ကွယ်သွားပြီး လေထဲမှာ စက်ဝိုင်းသဏ္ဍာန် လှိုင်းဂယက်များသာလျှင် ကျန်ရစ်ခဲ့တော့သည်။
တားမြစ်ပင်လယ်ပေါ်၌ ခရမ်းရောင်နေလုံးက ထပ်မံ ပြန်ပေါ်လာသည့်အခါ ၎င်းက အလောင်းကောင်တားမြစ်နယ်မြေပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
အနက်ရောင်ပင်လယ်ရေထဲတွင် သွေးလုံးဝမရှိသော်လည်း သွေးနံ့တထောင်းထောင်း ထွက်ပေါ်နေသည်။ တခြားနေရာများနှင့် ခြားနားသော ဒြပ်နှောများသည် ဤနေရာမှာ တအိအိလှုပ်ရှားထကြွနေသည်။ ယင်းက ပင်လယ်၏ မျက်နှာပြင်ကို ပါးလွှာသော မြူခိုးအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။
အစက ဤနေရာမှ မြူခိုးသည် ကောင်းကင်အထိ ဖုံးလွှမ်းထားသည်။ သို့သော်လည်း အတိတ်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စများက ဤတားမြစ်ဒေသကြီးကို နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့သည်မှာ ထင်ရှားသည်။
“ ဒီနေရာက အရမ်းသင့်တော်တယ်… ချင်းလေး မင်းလုပ်နိုင်ပါတယ်… နီလာနတ်သမီးရဲ့ အသွေးအသားတုံးကို ထည့်ပြီး စမ်းသပ်ကြည့်ရအောင် ”
ခေါင်းဆောင်သည် အလောင်းကောင်တားမြစ်နယ်မြေကို ကြည့်လိုက်ပြီး မျက်လုံးဝင်းလက်သွားသည်။ သူ၏ ရူးသွပ်မှုသည် ပိုပြီးအားကောင်းလာသည်။
ရွှီချင်းသည် ခေါင်းဆောင်ဆီသို့ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ စီနီယာအကိုကြီး… မင်းက အရမ်းစိတ်အားထက်သန်နေတယ်… ဒီအလောင်းကောင်တားမြစ်နယ်မြေနဲ့ ပတ်သက်ပြီး မင်းမှာ ဘာအစီအစဉ်ရှိလို့လဲ ”
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူ၏ မျက်နှာသည် တည်ကြည်လာပြီး လေးနက်စွာ ပြောသည်။
“ ဂျူနီယာညီလေး… မင်း ဘယ်လိုလုပ် အဲ့လိုပြောရတာလဲ… မင်းရဲ့ စီနီယာအကိုကြီးအနေနဲ့ ငါက မင်းရဲ့ တိုက်ပွဲစွမ်းအားကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေတဲ့ ကောင်ပါ… မင်းရဲ့ တိုးတတ်မှုကို ငါ့ကိုယ်ပိုင်တိုးတတ်မှုထက် ပိုပြီး တန်ဖိုးထားတယ် ”
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ခေါင်းဆောင်၏ ပေါက်ကရစကားများကို မယုံကြည်ပေ။ တစ်ဖက်လူ၏ အတွေးများကို အနည်းနှင့်အများ သူခန့်မှန်းမိသည်။ ထို့ကြောင့် သူက မည်သည့်စကားမှ ပြန်မပြောဘဲ ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ အကြည့်အောက်မှာ ခေါင်းဆောင်က ကိုးရိုးကားရား ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ ချင်းလေး… အခု အလောင်းကောင်တားမြစ်နယ်မြေထဲမှာ အရှင်သခင်တစ်ပါး မရှိသေးဘူး… ဒီနေရာက လောလောဆယ် စူးစမ်းရှာဖွေဖို့ အကောင်းဆုံး နေရာပဲ… တကယ်လို့ ခရမ်းစက်လုံးက ပေါက်ကွဲသွားမယ်ဆိုရင် အဲ့ဒါက အလောင်းကောင်တားမြစ်နယ်မြေရဲ့ အရှင်သခင်ရဲ့ အသိုက်ထဲထိရောက်အောင် လမ်းကြောင်းဖွင့်လှစ်ပေးလိမ့်မယ်… အဲ့ဒီကောင် အသက်ရှင်ခဲ့ချိန်တုန်းက ရတနာတွေအများကြီး စုဆောင်းထားခဲ့တယ် ”
“ ခရမ်းစက်လုံးရဲ့ ကျရှုံးမှုက ကိုယ့်ဘာသာ ပေါက်ကွဲသွားနိုင်ပြီး အလွန်အန္တရာယ်များတယ်ဆိုပေမဲ့ ဒီလောကကြီးမှာ အန္တရာယ်နဲ့အတူ ဒွန်တွဲရှိမနေတာ ဘာရှိလို့လဲ… အဲ့ဒါက နီလာနတ်သမီးကို တိုက်ခိုက်တာထက် ပိုပြီး အန္တရာယ်များနိုင်မှာလား… မင်းဘာမှ စိုးရိမ်စရာမလိုဘူး… တကယ်လို့ မင်းသေသွားမယ်ဆိုရင်တောင် နောက်ခေတ်တစ်ခေတ်မှာ ငါပြန်မွေးဖွားလာတဲ့အခါကျရင် မင်းကို သေချာပေါက် အသက်ပြန်သွင်းပေးမယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး သူ၏ ရင်ဘက်ကို ထုလိုက်သည်။
“ ဒါ့အပြင် ငါ့ရဲ့ ခန့်မှန်းမှုအရ နီလာနတ်သမီးရဲ့ အသွေးအသားနဲ့ ပေါင်းစပ်ပြီးသွားရင် ခရမ်းစက်လုံးရဲ့ ကိုယ့်ဘာသာ ပေါက်ကွဲသွားနိုင်ခြေက (၃၀)ရာခိုင်နှုန်းပဲ ရှိတယ်… အောင်မြင်နိုင်ခြေက (၇၀)ရာခိုင်နှုန်းတောင် ရှိတယ် ”
“ သေချာစဉ်းစားကြည့်စမ်းပါ… တကယ်လို့ ငါတို့အောင်မြင်သွားရင် အဲ့ဒါက တကယ့်အာရုဏ်ဦးနေမင်းထက်တောင် ပိုပြီးကြောက်စရာကောင်းလိမ့်မယ်… အဲ့ဒီအခါကျရင် ငါတို့က ကျင့်ကြံနေစရာတောင် မလိုတော့ဘူး… ဒီဟာကို ငါတို့ သယ်ဆောင်သွားပြီး မျိုးနွယ်စုအားလုံးကို သိမ်းပိုက်ပစ်လိုက်လို့ ရတယ် ”
သူက ပိုပြီးစကားပြောလေ ပိုပြီးစိတ်လှုပ်ရှားလာလေ ဖြစ်သည်။
“ ချင်းလေး… တစ်ခါလောက် ကြိုးစားကြည့်မလား ”
ရွှီချင်း၏ မျက်နှာသည် ရှုံ့မဲ့သွားသည်။ ခေါင်းဆောင်က အလွန်ရူးသွပ်ပြီး အသက်စွန့်စားရသည်ကို နှစ်သက်ကြောင်း သူသိသည်။ သို့သော်လည်း ထိုသို့အဓိပ္ပာယ်မဲ့သော လုပ်ရပ်များထဲမှာ မပါဝင်ခြင်းက ပိုကောင်းလိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။
ထို့ကြောင့် သူက ငြင်းဆန်ရန် ပြင်လိုက်စဉ် ခေါင်းဆောင်သည် နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို မြန်ဆန်စွာ ထုတ်ယူလိုက်သည်။ ရွှေရောင်ကျောက်စိမ်းပြားတစ်ခုကို ထိုအသွေးအသားတုံးထဲမှာ ထိုးစိုက်ထားပြီး တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများက ယင်းထံမှ ပေါ်လျှိုးထွက်နေသည်။
ရွှီချင်းသည် လှမ်းကြည့်လိုက်သည်။
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ကာ ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။
“ ဒီဟာက ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပဲ… နီလာနတ်သမီးရဲ့ နတ်ဘုရားအရင်းအမြစ်ကို စုပ်ယူပြီးတဲ့နောက် ဒီကျောက်စိမ်းပြားက အဆင့်ဖိနှိပ်မှုကို တောင့်ခံနိုင်ပြီး အောင်အောင်မြင်မြင် တည်နေရာပြောင်းရွှေ့ပေးလိမ့်မယ်… ဒီတော့ ဘာကြောက်စရာရှိသေးလဲ… ငါတို့ မသေနိုင်ပါဘူး ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ကျောက်စိမ်းပြားကိုတစ်လှည့် ခရမ်းရောင်နေလုံးကိုတစ်လှည့် ကြည့်လိုက်သည်။ ခရမ်းရောင်နေလုံးထဲသို့ နီလာနတ်သမီး၏ အသွေးအသားကို ထည့်သွင်းခြင်းနှင့်ပတ်သက်ပြီး မျှော်လင့်မှုက သူ၏ နှလုံးသားထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်ထက်မလျော့သော ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးထွက်လာသည်။
သို့ဖြစ်၍ တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ ခရမ်းရောင်ပိုးကောင်တစ်ကောင်သည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ထိုပိုးကောင်သည် တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပြားထဲသို့ ပေါင်းစပ်သွားသည်။ သို့မှသာ ပထမဆုံး တည်နေရာပြောင်းရွှေ့မည့်လူက သူဖြစ်လိမ့်မည်။
သူ၏ ကျင့်ကြံခြင်းခရီးစဉ်က ဤနေရာထိ ရောက်ရှိလာပြီးနောက် အသက်ရှင်သန်ခြင်းစွမ်းရည်နှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုထိ သူပိုင်ဆိုင်ထားခဲ့သည်။
အသက်ရှင်သန်ရန် အဓိကဦးစားပေး ဆောင်ရွက်ပြီးနောက် ရွှီချင်းသည် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို ထုတ်ယူလိုက်သည်။
ထိုအသားတုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤနေရာမှ ဒြပ်နှောများသည် ချက်ချင်း လှုပ်ရှားထကြွလာသည်။ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။
ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွလာပြီး ချက်ချင်း အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ သူက ဒုတိယ ရွှေရောင်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ရွှီချင်းက ခရမ်းရောင်ပိုးကောင်ကို ထည့်သွင်းလိုက်ကြောင်း သူသတိထားမိသွားသည့်အခါ သူသည်လည်း အပြာရောင်ပိုးကောင်တစ်ကောင်ကို ကျောက်စိမ်းပြားထဲသို့ အမြန်ပို့လွှတ်လိုက်သည်။
ခေါင်းဆောင်လည်း ပြင်ဆင်ပြီးပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားကို ခရမ်းရောင်နေလုံးထဲသို့ ထည့်သွင်းရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးစက်စက် စကားသံသည် ဘေးပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားသည်။
“ မင်းတို့နှစ်ကောင်က သေလမ်းရှာတဲ့နေရာမှာ အတော်ကျွမ်းကျင်တာပဲ… ဒီနေရာက ဖုန်းရွှေကောင်းတဲ့ ရတနာနယ်မြေပဲ ”
“ မဆိုးဘူး… ဒီနေရာမှာ မင်းတို့ရဲ့ အုတ်ဂူဆောက်ဖို့ သင့်တော်တယ် ”
ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်သည်။ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အသံလာရာ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ထိုအခါ အဖိုးကိုး၏ ပုံရိပ်က အဝေးမှာ ထွက်ပေါ်လာကြောင်း သူမြင်သွားသည်။ အဖိုးကိုးသည် ရွှီချင်း၏ အရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီး ခေါင်းငုံ့လိုက်ကာ ခရမ်းရောင်နေလုံးကို ကြည့်လိုက်သည်။ သူက ခေါင်းညိတ်လိုက်သည်။
“ အရမ်းကောင်းတယ်… ဒီပစ္စည်းရယ် နီလာနတ်သမီးရဲ့ အသွေးအသားနဲ့ဆိုရင် မင်းတို့နှစ်ယောက် မရဏလမ်းသွားရဖို့ လုံလောက်တယ်… ဖြစ်နိုင်ခြေကို တွက်ကြည့်မယ်ဆိုရင် (၉၉)ရာခိုင်နှုန်းက မင်းတို့သေဆုံးလိမ့်မယ်… တကယ်လို့ မင်းတို့က နတ်ဘုရားအရင်းအမြစ်ကို ကြိုတင်ဖြတ်တောက်ထားတယ်ဆိုရင်တောင် မင်းတို့ရဲ့ မူလခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီးရင် အသစ်ပြန်လည်ဖွဲ့စည်းနိုင်မလားဆိုတာ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ် ”
“ ဒါပေမဲ့ မင်းတို့ရဲ့ တည်နေရာပြောင်းရွှေ့ ကျောက်စိမ်းပြားက မင်းတို့ရဲ့ ပစ္စည်းတချို့ကို အပြင်တော့ ပို့ဆောင်ပေးနိုင်လောက်ပါတယ်… မင်းတို့ရဲ့ သေလမ်းရှာနိုင်တဲ့ အရည်အချင်းကို ငါတကယ်ချီးကျူးတယ် ”
“ ဒီတော့ နောက်ဆုံးအနေနဲ့ မင်းတို့ ဘာစကားများ ချန်ထားခဲ့ချင်သေးလဲ ”
အဖိုးကိုးသည် ရွှီချင်းနှင့် ချန်းအားညိုကို ကြည့်လိုက်သည်။
ရွှီချင်းသည် မည်သည့်စကားမှ မပြောဘဲ နီလာနတ်သမီး၏ အသွေးအသားကို တိတ်တဆိတ် ပြန်သိမ်းဆည်းလိုက်ပြီး နီလာနတ်သမီး၏ အသွေးအသားကို ခရမ်းရောင်နေလုံးထဲသို့ ပေါင်းစပ်မည့် သူ၏ အတွေးကို ပယ်ဖျောက်လိုက်သည်။ ကျရှုံးမည့် ရာခိုင်နှုန်းက ထိုမျှမြင့်မားနေမှတော့ အနာဂတ်မှာ ခရမ်းရောင်နေလုံး၏ ကိုယ့်ဘာသာ ဖောက်ခွဲမှုကို ပိုပြီးသင့်တော်သော နေရာတွင် အသုံးပြုသင့်ကြောင်း သူခံစားမိသည်။
ထိုအရာကို ယခုကဲ့သို့ အလဟဿ မသုံးဖြုန်းသင့်ပေ။
အရေးကြီးဆုံးမှာ ကိုယ့်ဘာသာ မဖောက်ခွဲခင် သူက ဘေးကင်းလုံခြုံသော အကွာအဝေးတစ်ခုမှာ ရှိနေရမည်ဖြစ်ပြီး အဝေးသို့ တည်နေရာပြောင်းရွှေ့နိုင်ရန် သေချာရမည်။
ခေါင်းဆောင်သည် ခေါင်းပုဝင်သွားပြီး ဆန္ဒမရှိမှုကို ခံစားမိသွားသည်။ သို့သော်လည်း အဖိုးကိုး၏ စကားများက သူ၏ ခန့်မှန်းမှုထက် ပိုပြီးအကျိုးအကြောင်းသင့်ကြောင်း သူခံစားမိသည်။ အကယ်၍ အောင်မြင်နိုင်ခြေက ထိုမျှနည်းပါးမည်ဆိုလျှင် သူ၏ အသက်ကို ထိုအတွက် မစတေးနိုင်ပေ။
ထိုသို့တွေးမိသောအခါ ခေါင်းဆောင်သည် ကိုးရိုးကားရား ပြုံးလိုက်သည်။ အဖိုးကိုးသည် နှာခေါင်းရှုံ့လိုက်သည်။
“ မင်းတို့နှစ်ယောက် သေလမ်းမရှာတော့ဘူးလား ”
ရွှီချင်းနှင့် ခေါင်းဆောင်သည် ခေါင်းခါလိုက်ကြသည်။
အဖိုးကိုးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ လျှောက်ဝင်သွားကာ ပျောက်ကွယ်သွားသည်။ သို့ဖြစ်၍ ရွှီချင်းနှင့် ခေါင်းဆောင်သာ ပင်လယ်ပြင်ပေါ်မှာ ကျန်ရစ်နေခဲ့ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ခိုးကြည့်လိုက်ကြသည်။
ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး တီးတိုးပြောသည်။
“ နောင်တရစရာပဲ… ငါတို့က မီးပန်းဖောက်တော့မယ့်အချိန် လူကြီးတစ်ယောက်ရဲ့ တားဆီးတာကို ခံလိုက်ရတယ်လို့ ဘာဖြစ်လို့ ငါခံစားမိနေတာလဲ… ဒါပေမဲ့ ငါတို့အောင်မြင်သွားရင် အဲ့ဒါက ဒေသကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ့် အဖျက်စွမ်းအားကို ပိုင်ဆိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် လူသားဧကရာဇ်ကတောင် ငါတို့ကို ရိုသေလေးစားရမယ် ”
“ ငါဆန္ဒမရှိဘူး ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း နောင်တရသွားသည်။ သူက လက်မြှောက်လိုက်ပြီး ခရမ်းရောင်နေလုံးကို ဖိချလိုက်သည်။ ချက်ချင်းပင် ခရမ်းစက်လုံးသည် ကျုံ့သွားပြီး သေးငယ်သော ဘောလုံးတစ်လုံးသို့ ပြောင်းလဲသွားကာ သူ၏ လက်ဖဝါးပေါ်သို့ ဆင်းသက်လာသည်။ သူက ခရမ်းစက်လုံးကို ခါးပေါ်မှာ ချည်နှောင်လိုက်သည်။ ထို့နောက် သူက ဘေးဘီကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ခေါင်းဆောင်ဆီသို့ ပို့လွှတ်လိုက်သည်။
“ စီနီယာအကိုကြီး… ဒီကိစ္စအတွက် အလျင်လိုဖို့ မလိုပါဘူး… အရင်ဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ကြတာပေါ့… ငါတို့မှာ ယုံကြည်မှု ပိုရှိလာတဲ့အခါကျရင် နီလာနတ်သမီးရဲ့ အသွေးအသားကို အဲ့ဒီထဲ ပေါင်းထည့်မယ် ”
ခေါင်းဆောင်သည် လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ ဂျူနီယာညီလေး… မင်းပြောတာ မှန်တယ်… ငါလည်း ကြိုပြင်ဆင်ထားမယ်… တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် ငါ့အရင်မိန်းမနေရာဆီ သွားပြီး သူ့အတွက် မီးပန်းအကြီးကြီး ဖောက်ပေးမယ် ”
သူက စကားပြောပြီးနောက် ရွှီချင်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အတူထွက်ခွာသွားကြသည်။
လေထဲမှ အဖိုးကိုးသည် သက်ပြင်းချလိုက်သည်။ ထိုလူနှစ်ယောက်က သေလမ်းရှာခြင်းကို အထူးကျွမ်းကျင်ကြောင်း သူနားလည်သွားသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ထိုနှစ်ယောက်သည် ဝိညာဉ်နတ်သူငယ်ကျင့်ကြံခြင်းအဆင့်ဖြင့် နီလာနတ်သမီးကို ဝါးမျိုရန် ကြံစည်ခဲ့ကြောင်း သူပြန်တွေးမိသွားသောအခါ…
ယခုကိစ္စက သာမန်မျှသာ ဖြစ်သည်ဟု သူခံစားမိသွားသည်။
…..
တစ်ချိန်တည်းမှာ ဝိညာဉ်နက်ဒေသကြီးထဲတွင် ကောင်းကင်နက်မျိုးနွယ်၏ စစ်မြေပြင်ပေါ်မှာ စစ်ပွဲသည် အရေးကြီးအခြေအနေသို့ ရောက်ရှိသွားသည်။
ဘုရင်ထျန်းလန်သည် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ ကောင်းကင်နက်မျိုးနွယ်မှ ကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ သွေးသည် မြစ်ကြီးတစ်စင်းနှယ် ထွက်ပေါ်လာပြီး အင်မော်တယ်အတတ်ပညာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သေဆုံးသွားသော အလောင်းများမှ ဝိညာဉ်အမျှင်တန်းများသည် ကောင်းကင်ပေါ်သို့ ဆက်တိုက် မြှောက်တတ်သွားနေသည်။
ကောင်းကင်နက်မျိုးနွယ်သည် ဆက်တိုက် အနောက်ဆုတ်သွားရပြီး နောက်ပိုင်းမှာ အတူတကွ စုဝေးသွားကြသည်။ အလယ်ဗဟိုတွင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူဆယ့်ခုနစ်ယောက် ရှိသည်။ သူတို့သည် ကောင်းကင်ပေါ်သို့ မျက်နှာမူထားကြပြီး ဝတ်ပြုဆုတောင်းခြင်းကို ပြုလုပ်နေကြသည်။
“ လအသစ်ရဲ့ အရှင်သခင်… ဝမ်ကူးကုန်းမြေကို လမ်းပြပေးတော်မူပါ… သက်ရှိအားလုံးအတွက် ဝမ်းနည်းပူဆွေးပြီး နိဗ္ဗာန်ကို စံစားတော်မူပါ ”
“ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အရှင်သခင်အတွက် စတေးပါတယ်… ဒီဘဝမှာ နာကျင်မှုမရှိပါဘူး… အာရုဏ်ဦးနဲ့ နေဝင်ချိန်က နိဂုံးချုပ်သွားတာနဲ့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်က ဘယ်တော့မှ မပျက်စီးနိုင်တော့ပါဘူး ”
“ လအသစ်ရဲ့ အရှင်သခင်က ဝမ်ကူးကုန်းမြေမှာ မွေးဖွားလာခဲ့တယ်… သက်ရှိအားလုံးက သူ့ကို ခရမ်းအရှင်သခင်လို့ တလေးတစား ခေါ်ကြတယ် ”
“ အရှင်သခင်အတွက် ကျုပ်တို့ရဲ့ ဝိညာဉ်ကို စတေးပါတယ်… အခြားတစ်ဖက်မှာ မွန်မြတ်ခြင်း၊ ထာဝရပျော်ရွှင်မှုရဲ့ သံစဉ်နဲ့ နောင်ဘဝက စောင့်ဆိုင်းနေတယ် ”
ဘုရင်ထျန်းလန်၏ အရှိန်အဝါသည် သက်တံ့သဖွယ် ထွက်ပေါ်လာသည်။ သူက ထိုမြင်ကွင်းကို မြင်သွားသောအခါ နှာခေါင်းရှုံ့လိုက်သည်။
“ နတ်ဘုရားဆင်းသက်ဖို့လား… မင်းတို့ရဲ့ နတ်ဘုရားက နှစ်နှစ်ချိုက်ချိုက် အိမ်မောကျနေတယ်… သူက မင်းတို့ရဲ့ အသက်ကို လုံးဝဂရုစိုက်မှာ မဟုတ်ဘူး ”
ဘုရင်ထျန်းလန်က ထိုသို့ပြောလိုက်သော်လည်း သူ၏ နှလုံးသည် တုန်လှုပ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဝတ်ပြုဆုတောင်းခြင်းက အနီရောင်လနှင့် နီလာနတ်သမီးအတွက် မဟုတ်ဘဲ တစ်ခါမှ သူမကြားဖူးသော ခရမ်းအရှင်သခင်ဆိုသူကို ရည်ညွှန်းနေသောကြောင့် ဖြစ်သည်။
ဘုရင်ထျန်းလန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ လက်ဝှေ့ယမ်းလိုက်သည်။ အရေအတွက်များပြားသော ကျင့်ကြံသူများက သူ၏ အနောက်မှာ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက သူတို့အရှေ့မှ ကောင်းကင်နက်မျိုးနွယ်၏ စစ်တပ်ကို သတ်ဖြတ်ရန် အသင့်ဖြစ်နေကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုကြောင့် တစ်နှစ်ပတ်လုံး လင်းထိန်နေသော မိုးကောင်းကင်သည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ အလွန်ကြီးမားသော ခရမ်းလဂြိုလ်တစ်လုံးသည် ကောင်းကင်ပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့်အတူ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ သက်ဆင်းလာသည်။