← Chapters

စွမ်းအားကြီးသော မက်မွန်ပင်

Vol. 79 Ch. 1171

စွမ်းအားကြီးသော မက်မွန်ပင်

Vol. 79 Ch. 1171

“ဒါက..”

“အစ်ကိုမျောက်.. ရှင်က တော်တော် နမော်နမဲ့နိုင်တာပဲ.. ဟုတ်တယ်မလား”

“အဲ့လိုပဲ ဖြစ်ရမယ်.. မဟုတ်ရင် သူက ဘာလို့ ကလေးတစ်ယောက် ရိုက်တာကို ခံရမှာလဲ”

စိတ်ဝိညာဉ်ကျားက သူ၏ခေါင်းကို ခါယမ်းပြီး မတ်တတ်ထရပ်လိုက်၏။ သူက သည်းထန်စွာ မောဟိုက်နေပြီး သူ၏ အသိစိတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့၏။

“ကောင်လေး.. မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ”

သူသည် မလှမ်းမကမ်းတွင်ရှိသော ကောင်လေးကို စိုက်ကြည့်ပြီး ခက်ထန်ကြမ်းကြုတ်စွာဖြင့် ပြောလိုက်၏။

ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်ချက်က အဓိက မကျပေ။

အဓိက အချက်မှာ သူသည် မျောက်နှင့် အခြားသူများ၏ ရှေ့တွင် ကလေးတစ်ယောက်၏ မျက်နှာဖြတ်ရိုက်ခြင်းကို ခံလိုက်ရခြင်းပင်။ အဲဒါက အရမ်းကို အရှက်ရစရာ ကောင်းလေသည်။

ရွှစ်..

စိတ်ဝိညာဉ်ကျား၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏သွေးချီက ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ကို လျှပ်စီးများက ရစ်ခွေလာပြီး ကျားမျိုးနွယ်၏ တစ်မူထူးခြားသော လွှမ်းမိုးခြယ်လှယ်နိုင်သည့် အော်ရာကို ထုတ်ဖော်လိုက်၏။

“ဝေါင်း”

စိတ်ဝိညာဉ်ကျားက ကောင်လေးဘက်သို့ ဟိန်းဟောက်လိုက်၏။

သန်မာသော လေခွင်းသံက ထွက်ပေါ်လာခဲ့လေသည်။

“ခင်ဗျား တော်တော်နားငြီးတာပဲ”

ကောင်လေးက မျက်မှောင်ကြုတ်ပြီး တစ်နည်းတစ်ဖုံ စိတ်တိုလာပုံရ၏။

အစကတော့ သူသည် စိတ်ဝိညာဉ်ကျားကို သင်ခန်းစာတစ်ခု ပေးချင်ရုံသာဖြစ်၏။ သို့သော်လည်း ထိုသူက ပြန်ထလာပြီး သူ့ကိုပင် အော်ဟစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အဲဒါက သူ့ကို အတော်လေး စိတ်မကျေမနပ်ဖြစ်သွားစေ၏။

ရွှစ်..

စိတ်ဝိညာဉ်ကျား၏ အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားရပြီး ကောင်လေးက နေရာကနေ ပျောက်ကွယ်သွားခဲ့လေပြီ။

“မြန်လှချေလား”

စိတ်ဝိညာဉ်ကျားသည် ရင်တစ်ချက်ထိတ်သွားပြီး စဉ်းစားဖို့ အချိန်မရပေ။ သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး အလွန်ကြီးမားသည့် အင်အားကို ထုတ်ဖော်ကာ ရှေ့သို့ ပစ်ထိုးလိုက်၏။

ဘန်း..

စိတ်ဝိညာဉ်ကျား၏ လက်သီးက ကောင်လေး၏ အဝတ်စကို မထိတွေ့ခင်မှာပင် သူ၏မျက်နှာက တစ်ဖန်ထပ်၍ အပြင်းအထန် နာကျင်သွား၏။

ခဏမျှ မူးဝေထုံထိုင်းသွားပြီးနောက်.. စိတ်ဝိညာဉ်ကျားသည် ကောင်လေးထံမှ နောက်ထပ် ထိုးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားပြီဆိုတာကို နားလည်လိုက်ရ၏။

သူသည် မြေပြင်ထက်ကနေ ပြန်ကျုံးထလာသောအခါ သူ၏ပါးနှစ်ဖက်က ယောင်ကိုင်းနေပြီး သူ၏ဦးခေါင်းက ကျားဦးခေါင်းကဲ့သို့ အမှန်တကယ်ပင် ယောင်ကိုင်းနေခဲ့ပြီဖြစ်၏။

ဤတစ်ကြိမ်တွင်တော့ မျောက်နှင့် အခြားသူများက မရယ်ကြတော့ပေ။

သူတို့သည် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး ထက်ရှသော အမြင်အာရုံ ရှိကြလေသည်။ ကောင်လေးသည် အပြစ်ကင်းစင်၍ ချစ်စရာကောင်းသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို ကြောက်စရာကောင်းလေသည်။

အဆင့်တူချင်းတွင် စိတ်ဝိညာဉ်ကျားကို အနိုင်ယူနိုင်သော သားရဲ များများစားစား မရှိပေ။

စိတ်ဝိညာဉ်ကျားသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲမထားလျှင်တောင်.. သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိမနေလျှင်တောင်.. ကောင်လေးကလည်း လူသားပုံစံမှာ ရှိနေဆဲပင်။

“စိတ်ဝင်စားစရာပဲ”

မျောက်က သူ၏မျက်လုံးထဲရှိ တိုက်ပွဲဝင်လိုစိတ် တစ်စွန်းတစ်စနှင့်အတူ သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

သူက ဘဝမှာ တိုက်ခိုက်ရတာကို သဘောအကျဆုံး ဖြစ်လေသည်။ အရင်တုန်းက သူသည် ဆူဇီမိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံသောအခါ.. ထိုလိုဏ်ဂူမှာ နှစ်ဝက်ကြာအောင် နေထိုင်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် နေ့တိုင်းလိုလို တိုက်ခိုက်နေခဲ့ကြ၏။

ယခု.. ကောင်လေးက ဘယ်လောက်သန်မာသလဲ သူတွေ့မြင်ရသောအခါ မျောက်၏ လက်များက ယားယံလာခဲ့၏။

“ကလေးလေး.. ငါ မင်းနဲ့ ကစားပေးမယ်”

မျောက်က သွားဖြီး၍ ရှေ့သို့ ခုန်ဝင်လာခဲ့၏။ မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုက တလိပ်လိပ်တက်လာပြီး သူ၏ အမွေးထူထူ လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်လေးကို ဖမ်းဆွဲလိုက်၏။

မျောက်က အားနည်းမှု မရှိသည်ကို မြင်သောအခါ.. ကောင်လေးက သူ၏ခါးကို မတ်ပြီး အာရုံစိုက်လိုက်လေသည်။

ဘန်း.. ဘန်း.. ဘန်း…

ကောင်လေးသည် အရေးနိမ့်ခြင်း မရှိဘဲ မျောက်နှင့် သုံးကြိမ်ဆက်တိုက် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

“ဟမ့်”

မျောက်သည် အစက ကောင်လေး ထိခိုက်ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်သောကြောင့် ထိန်ချန်ထားခဲ့လေသည်။

သို့သော်လည်း.. သူတို့နှစ်ယောက်သည် ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်ပြီးနောက် မျောက်၏ခွန်အားက အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။ နောက်ဆုံးမှာတော့ သူ၏ အကန့်အသတ်အထိ မြှင့်တင်ပြီးတာတောင် သူက ကောင်လေးကို နောက်လန်မကျစေနိုင်ပေ။

ဒါ့အပြင်.. ကောင်လေးမှာ တိုက်ခိုက်ဖို့ ခွန်အားကျန်ရှိနေသေးသည်ကို မျောက်က ခံစားမိနိုင်၏။

မျောက်သည် အကြောက်အလန့် ကင်းမဲ့နေပြီး သူ၏သားကောင်ကို တွေ့ရှိသွားသည့်အလား ကျေနပ်နှစ်ခြိုက်နေ၏။ သူက ဆက်လက်၍ ထိန်ချန်ခြင်း မရှိတော့ဘဲ ကောင်လေးနှင့် တိုက်ခိုက်ဖို့အတွက် သူ၏ ခွန်အားအကုန်ကို ထုတ်ဖော်လိုက်၏။

“အဲဒါက ဘယ်သူ့ကလေးလဲ.. သူက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ”

ချင်ချင်က တွေဝေနေ၏။

သူတို့ ၇ ယောက်ကြားတွင် မျောက်သည် တိုက်ခိုက်ရည်ခွန်အားအရာမှာ တတိယဖြစ်ပြီး ဓမ္မဝိသေသ တာအိုအရှင်များနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။ ဤကောင်လေးက ဘယ်လိုကြောင့် အဲ့လောက်ထိ စွမ်းအားကြီးနေရတာလဲ..။

“နံပါတ် ၅.. နင် တစ်ခုခု မပြောနိုင်ဘူးလား”

ချင်ချင်က ဘေးဘက်သို့ တစ်ချက်ကြည့်​ပြီး မေးလိုက်၏။

ညဝိညာဉ်က ခဏမျှ စဉ်းစားပြီးနောက်.. ပြောလိုက်လေသည်။

“မက်မွန်ပင်တွေက အစကတည်းက အရမ်းကို စွမ်းအားကြီးမားကြတာပဲ.. ကမ္ဘာဦးခေတ်တုန်းက အဲဒါက နဂါးနှိမ်နင်းသစ်သားနဲ့ တစ္ဆေကြောက်သစ်သားဆိုပြီး နာမည်ကြီးခဲ့တယ်.. မျိုးနွယ်စုတွေ အတော်များများက အဲဒါကို အင်မော်တယ်သစ်သားဆိုပြီး ရည်ညွန်းခဲ့ကြတယ်”

“အဲ့လောက်တောင်ပဲလား”

ချင်ချင်က တိတ်တဆိတ် ပြောစရာစကားမဲ့သွားရ၏။

ခယ်ခယ်က တွေဝေရှုပ်ထွေးနေပြီး မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။

“ဒါပေမဲ့လို့.. သားရဲအဆင့်ထိရောက်အောင် အသိစိတ်ဝင်လာခဲ့တဲ့ မက်မွန်ပင်တွေက မရှိသလောက်ပဲ.. သူတို့က အသိစိတ်ဝင်လာခဲ့မယ်ဆိုရင်တောင် ဒီအဆင့်ထိ ကျင့်ကြံဖို့က တော်တော်ခဲယဉ်းတယ်.. အခုလို သန်မာတဲ့ တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ဖို့ဆိုတာကတော့ အဝေးကြီးပဲ”

“အဲဒါကတော့ မက်မွန်ပင်တွေက ဘယ်လိုမျိုး အသိစိတ်ဝင်လာသလဲဆိုတဲ့အပေါ် မူတည်တယ်”

ညဝိညာဉ်က ပြောလိုက်ခြင်းဖြစ်သည်။

“နင်က ဘာကိုဆိုလိုတာလဲ”

ချင်ချင်နှင့် အခြားသူများက နားမလည်နိုင်ကြသေးပေ။

ညဝိညာဉ်က ရှင်းပြလိုက်၏။

“ရှင်းရှင်းပြောရရင်တော့.. မက်မွန်ပင်တွေက ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်ချီရဲ့ အားဖြည့်မှုနဲ့ အချိန်အတော်ကြာ ဆင့်ကဲပြောင်းလဲပြီးမှ အသိစိတ်ဝင်လာမယ်ဆိုရင် သူထိန်းချုပ်နိုင်တဲ့ စွမ်းအားက အကန့်အသတ်ရှိတယ်”

“အဲဒါက တိုက်တိုက်ဆိုင်ဆိုင်နဲ့ အသိစိတ်တစ်ခုကို ရရှိပြီး ကျင့်ကြံရေးလမ်းကြောင်းထဲကို ဝင်ရောက်လာနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်.. အဲဒါက ပုံမှန်ပါပဲ”

ခဏမျှ ရပ်တန့်ပြီးနောက် ညဝိညာဉ်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့လို့.. အဲဒါက ပညာရှင်တစ်ယောက်ရဲ့ လမ်းညွှန်ပြသမှုနဲ့ ဉာဏ်အလင်းပွင့်ပြီး သူရဲ့ အသိစိတ်ကို ရရှိလာမယ်ဆိုရင်တော့.. လုံးဝ ကွဲပြားခြားနားနေလိမ့်မယ်”

“ပညာရှင်လား”

ချင်ချင်နှင့် အခြားသူများက အလိုလို မေးမြန်းလိုက်ကြ၏။

ညဝိညာဉ်က ပြောလိုက်၏။

“ဥပမာ.. အင်မော်တယ်တစ်ပါးက ဒီမက်မွန်ပင်ကို လမ်းညွှန်မှုပေးပြီး အသိစိတ်ရရှိလာစေမယ်ဆိုရင် အဲဒီမက်မွန်ပင်ရဲ့ တာအိုအမွေအနှစ်က အဲဒီ အင်မော်တယ်ဆီကနေ ဆင်းသက်လာတာလို့ အဓိပ္ပာယ်ရတယ်”

“သူက ကျင့်ကြံရေးလမ်းကြောင်းထဲကို ဝင်ရောက်လိုက်တာနဲ့ သူ့ရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မဲ့လာလိမ့်မယ်”

ချင်ချင်နှင့် အခြားသူများက နားလည်လာကြ၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ၎င်းနှင့် ဆင်တူသော ဒဏ္ဍာရီများစွာ ရှိလေသည်။

ပြောကြသည်မှာ.. အထက်ဘုံမှ အင်မော်တယ်များသည် အစိမ်းရောင် ကျောက်တုံးတစ်တုံးပေါ်တွင် မကြာခဏ ကျင့်ကြံမည်ဆိုပါက နောက်ဆုံးမှာ အစိမ်းရောင်ကျောက်တုံးသည် အသိစိတ်နှင့် ဉာဏ်ရည်ကို ရရှိလာပေလိမ့်မည်။

အစိမ်းရောင်ကျောက်တုံးက စတင်ကျင့်ကြံသည်နှင့် ၎င်းက အလွန်တရာ စွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းလာနိုင်လေသည်။

“အဲ့လိုဆိုမှာတော့.. ဒီမက်မွန်ပင်ကို အသိစိတ်ရရှိစေခဲ့တဲ့ ပုဂ္ဂိုလ်က အရမ်းကို တစ်မူထူးခြားတဲ့ နောက်ခံရှိမှာပဲ”

ချင်ချင်က ခန့်မှန်းတွက်ချက်လိုက်၏။

“အဲဒါက မဟာသားရဲတစ်ပါး ဒါမှမဟုတ် သားရဲအိုတစ်ပါးများ ဖြစ်နေမလား”

မဟာသားရဲသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် ညီမျှလေသည်။

သားရဲအိုများကတော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များနှင့် ညီမျှလေသည်။

လူတိုင်းက ဆွေးနွေးနေစဉ်မှာပင်.. ဘန်းခနဲ မြည်သံနှင့်အတူ ပုံရိပ်တစ်ခုက လန်ကျလာခဲ့၏။

လေထဲတွင် ထိုပုံရိပ်သည် သူ၏သွေးချီကို တစ်ဖန်ထုတ်ဖော်ပြီး သူ၏ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်၍ နောက်သို့ ဒယီးဒယိုင် ခြေသုံးလှမ်းဆုတ်လိုက်ရ၏။

အဲဒါကတော့ ရိုက်နှက်ခံလိုက်ရသော မျောက်ပင်ဖြစ်လေသည်။

ဤတစ်ကြိမ်တွင်တော့.. ချင်ချင်နှင့် အခြားသူများက တကယ့်ကို တုန်လှုပ်သွားရ၏။

မျောက်တောင်မှ ဒီကောင်လေးကို အနိုင်မယူနိုင်ဘူးလား..။

ညဝိညာဉ်သည် မျက်မှောက် အနည်းငယ်ကြုတ်ပြီး လေးနက်သော အကြည့်နှင့်အတူ တီးတိုးရေရွတ်လိုက်၏။

“ဒီမက်မွန်ပင်ကို လမ်းညွှန်ပြသမှုပေးခဲ့တဲ့ ပုဂ္ဂိုလ်က မဟာယာနမျိုးနွယ်ခေါင်းဆောင်တစ်ယောက်ထက် ပိုပြီးတော့ ကြောက်စရာကောင်းနေလောက်တယ်”

“အစ်ကိုမျောက် ဘာမှမပူနဲ့.. ကျုပ် ခင်ဗျားကို ကူညီပေးမယ်”

ဘေးဘက်ကနေ စိတ်ဝိညာဉ်ကျားက သူ၏ ယောင်ကိုင်းနေသော ပါးကို ပွတ်သပ်ပြီး ရှေ့သို့ ဒေါသတကြီး ခုန်ဝင်တော့မည်ပင်။

“ဒီကို ပြန်လာခဲ့”

ချင်ချင်က ငေါက်ငမ်းလိုက်၏။

“နင်တို့ ယောက်ျားနှစ်ယောက်.. ကလေးငယ်တစ်ယောက်ကို ပူးပေါင်းပြီး တိုက်ခိုက်ရမှာ မရှက်ကြဘူးလား”

စိတ်ဝိညာဉ်ကျား၏ မျက်နှာက နီမြန်းသွား၏။

သူက အဲဒါကို ပြုလုပ်ချင်သောကြောင့် မဟုတ်ဘဲ သူ၏စိတ်ထဲမှာ မကျေမချမ်း ခံစားနေရသောကြောင့် ဖြစ်လေသည်။

သူက ကလေးငယ်တစ်ယောက်၏ ရိုက်နှက်ခြင်းခံရသည်ဆိုသော သတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူက လရောင်ငိုကြွေးတောင်မှာ ဘယ်လိုဆက်ပြီး ရှင်သန်နေထိုင်ရပါ့မလဲ။

“ဟွန့်.. ခင်ဗျားတို့တွေက လူဆိုးအုပ်စုပဲ.. အကုန်လုံး ဒီကိုလာခဲ့ကြ.. ကျုပ်က ခင်ဗျားတို့ကို ကြောက်မနေဘူး”

ထိုစဉ်မှာပင်.. ကောင်လေး၏ ကလေးဆန်သော အသံက ထွက်ပေါ်လာခဲ့၏။

“ငါ့ လခွမ်းပဲ”

ထိုအခိုက်အတန့်တွင် စိတ်ဝိညာဉ်ကျားက ဆက်လက်၍ မချုပ်တည်းနိုင်တော့ပေ။ သူက ချင်ချင်၏ ဟန့်တားမှုကို လျစ်လျူရှုပြီး ရှေ့သို့ပြေးဝင်ကာ ငေါက်ငမ်းလိုက်၏။

“ကောင်စုတ်လေး.. မင်းရဲ့ ဘိုးဘိုးကျားက မင်းကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်လိုက်ဦး”

“ကျုပ်လည်း ပါမယ်ဟေ့”

ရွှေခြင်္သေ့ကလည်း မနေနိုင်တော့ဘဲ ဝင်ပါလိုက်လေသည်။

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့က ရှေ့သို့ ခုန်တက်လိုက်ကြ၏။

“ဖမ်းချုပ်မယ်”

ကောင်လေးက လက်တစ်ဖက်ကို ဆက်တိုက်လှုပ်ရှားပြီး ခပ်အုပ်အုပ် အော်ဟစ်လိုက်၏။

ရုတ်တရက်.. မျောက်နှင့် အခြားနှစ်ယောက်၏ ခြေထောက်အောက်ကနေ သစ်ကိုင်းများက ကြီးထွားပေါ်ထွက်လာပြီး လှောင်အိမ်တစ်ခုအဖြစ် ယှက်လိမ်ကာ သူတို့ကို အထဲမှာထား၍ ချုပ်နှောင်လိုက်၏။

သူတို့သုံးယောက်က တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သော်လည်း လုံးဝ ရုန်းထွက်နိုင်ခြင်း မရှိကြပေ။

မက်မွန်ပင်သစ်ကိုင်းများသည် ကလေးငယ်တစ်ယောက်၏ လက်မောင်းလုံးလောက်သာ ရှိသော်လည်း အဲဒါက တစ်မူထူးခြားအောင် မာကြော၍ ဖျက်ဆီး၍ မရနိုင်ပေ။

“ဝေါင်း”

စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့သည် သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ကြ၏။ သို့သော်လည်း ရွှေခြင်္သေ့သည် သူ၏ လက်သည်းများနှင့်ပင် မက်မွန်ပင်ကိုင်းများကို မချိုးဖျက်နိုင်ပေ။

အတိတ်ကာလက သူပေါင်းစည်းထားခဲ့သော မနှိုင်းယှဉ်သာအောင် ထက်ရှသည့် ကျားလက်သည်းများအပေါ် မှီခိုရင်း စိတ်ဝိညာဉ်ကျားက မက်မွန်ပင် သစ်ကိုင်းအချို့ကို ဖြတ်တောက်နိုင်ခဲ့လေသည်။ သို့သော်လည်း သစ်ကိုင်းများက တစ်ဖန်ပြန်လည် ထွက်ပေါ်လာပြီး အကြားအလပ် မရှိအောင် လျင်မြန်စွာ ပိတ်ဆို့သွား၏။

မျောက်၏ အခြေအနေကလည်း မကောင်းလှပေ။

သူသည် အကျော်ဇေယျကို ဆင့်ခေါ်ပြီး သစ်ကိုင်းအချို့ကို ချိုးဖျက်နိုင်ခဲ့လေသည်။

သို့သော်လည်း အကျော်ဇေယျသည် တစ်လွှာပြီးတစ်လွှာ အသစ်ထွက်ပေါ်လာသော သစ်ကိုင်းများကြားမှာ ငြိတွယ်သွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

“ဟမ်”

ထိုအခါမှသာလျှင်.. ကောင်လေးသည် အူမြူးအားရသော အမူအရာကို ထုတ်ဖော်ပြသ​ပြီး သူ၏လက်သီးကို ဝှေ့ယမ်းပြလိုက်၏။

“လူဆိုးတွေ..မှတ်ရောပဲ.. အခုတော့ ငါ ဘယ်လောက်သန်မာလဲဆိုတာ မင်းတို့ သိပြီမလား”

All Chapters