← Chapters

လူတိုင်း၏ အာရုံစိုက်မှု

Vol. 79 Ch. 1174

လူတိုင်း၏ အာရုံစိုက်မှု

Vol. 79 Ch. 1174

မြောက်ပိုင်ဒေသတာအိုတွေ့ဆုံပွဲ အဆုံးသတ်သွားပြီးနောက် မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကက လုံးဝငြိမ်သက်မသွားခဲ့ပေ။

အထီးကျန်သိုင်းသခင်က တာအိုအရှင်ရွှမ်ယွီကို လေးလပိုင်း ငါရက်နေ့မှာ ယန်တိုင်းပြည်မြို့တော်တွင် တစ်ယောက်ချင်းတိုက်ခိုင်ဖို့ စိန်ခေါ်ထားလေသည်။

ရွှမ်ယွီက ထိုစိန်ခေါ်မှုကို လက်ခံလိုက်၏။

တိုက်ပွဲမစတင်ခင်မှာပင် ကြီးမားသောလှိုင်းဂယက်နှင့်အတူ အဲ့ဒါက လူအများ၏ အာရုံစိုက်စရာဖြစ်လာခဲ့လေသည်။

ပထမတစ်ချက် တိုက်ပွဲမှာပါဝင်မည့် နှစ်ဖက်စလုံးသည် အလွန်တရာထူးခြားနေကြ၏။

တစ်ဖက်သည် အထီးကျန်သိုင်းသခင်ဖြစ်ပြီး သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားဟု နာမည်ကြီးကျော်ကြားလေသည်။

အခြားတစ်ဖက်ကတော့ ဖန်သားနန်းတော်မှ ကျင့်ကြံသူတစ်ယောက် တာအိုအရှင်ရွှမ်ယွီဖြစ်လေသည်။

သူတို့နှစ်ယောက်စလုံးက နာမည်ကြီးကြလေသည်။

ပို၍အရေးကြီးသည်မှာ အဲ့ဒါက အဆင့်ကြီးတစ်ဆင့်ကွာဟနေသည့် တိုက်ပွဲတစ်ပွဲ ဖြစ်လေသည်။

ဤတိုက်ပွဲသည် ဘယ်ဘက်ကမှ အရှုံးမခံနိုင်သည့် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုဖြစ်လာပေလိမ့်မည်။

ဤအချိန်အတောအတွင်း မြောက်ပိုင်းဒေသသည် ဆူညံပွက်လောရိုက်နေပြီး များစွာသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် တိုက်ပွဲကို အာရုံစိုက်လာကာ နောက်ကွယ်မှ လှုပ်ရှားမှုများလည်းရှိနေကြ၏။

လေးလပိုင်းသို့ စတင်ဝင်ရောက်ချိန်တွင် ယန်တိုင်းပြည်၏ မြို့တော်ဟောင်းပတ်လည်တစ်ဝိုက်မှာ ကျင့်ကြံသူများက ရစ်သီရစ်သီလုပ်လာကြ၏။

ကျင့်ကြံသူများအားလုံးသည် အံ့မခန်းဤတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့လိုကြလေသည်။

“အထီးကျန်သိုင်းသခင်နဲ့ ရွှမ်ယွီကြားက ရန်ငြိုးရန်စက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကတည်းက ဖြစ်တည်လာခဲ့တာလို့ ငါကြားမိတယ်...”

“အဲ့ဒါအမှန်ပဲ...”

ဒီနေရာက အရင်တုန်းကတော့ စည်ပင်ထွန်းကားခဲ့တဲ့နေရာတစ်ခုပဲ... အဲ့ဒါက ရွှမ်ယွီရဲ့ အမိန့်ကြောင့် ဒီမြို့တော်က အပျက်အစီးပုံဘဝကို ရောက်သွားခဲ့တာ...”

ကျင့်ကြံသူအချို့သည် ယန်တိုင်းပြည်မြို့တော်ဟောင်း အပျက်အစီးပုံပေါ်တွင် မတ်တတ်ရပ်ရင်း ဤကိစ္စကို ဆွေးနွေးနေကြ၏။

“ဒီတိုက်ပွဲမှာ ဘယ်ဘက်ကနိုင်မယ်လို့ မင်းတို့တွေထင်လဲ...”

“အဲ့ဒါကသေချာပေါက် တာအိုအရှင်ရွှမ်ယွီပဲ ဖြစ်မှာပေါ့”

ကျင့်ကြံသူတစ်ယောက်က ဝေဖန်ဆန်းစစ်ပြလိုက်၏။

“အဲ့ဒါက သာမန်ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်သာဆိုလျှင် အထီးကျန်သိုင်းသခင်က သေချာပေါက်အနိုင်ရဖို့များတယ်... ဒါပေမယ့်လို့ တာအိုအရှင်ရွှမ်ယွီက အလွန်တရာသန်မာပြီးတော့ ဖန်သားနန်းတော်ရဲ့ ဓမ္မဝိသေသ တာအိုအရှင်တွေကြားမှာ အဆင့်နှစ် ချိတ်တယ်လို့ ငါကြားမိတယ်... တာအိုအရှင်ဖန်သားပြီးရင် သူပဲ...”

တာအိုအရှင်ဖန်သားသည် ဖန်သားနန်းတော်၏ မည်ကာမတ္တတပည့်ဖြစ်လေသည်။

သူက တာအိုအရှင်ဖန်သားဘွဲ့ကို ခံယူနိုင်ခဲ့ခြင်းမှာ ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေတွင် ဖန်သားနန်းတော်၏ ဒီဘက်မျိုးဆက် မည်ကာမတ္တတပည့်ကို သတ်ဖြတ်ခဲ့သောကြောင့်ဖြစ်လေသည်။

“လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ရွှမ်ယွီက မူလနတ္ထိအဆင့်မှာပဲ... အခုသူက ဓမ္မဝိသေသအဆင့်ကို ရောက်နေပြီဆိုတော့ သူက ကိုင်တွယ်ဖို့လွယ်ကူမယ့်သူ မဟုတ်ဘူး... တာအိုအရှင်ရွှမ်ယွီက နိုင်မယ်လို့ ငါလည်းထင်တယ်...”

“မဟုတ်သေးပါဘူး... “

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ခေါင်းခါပြလိုက်၏။

“မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲမှာတုန်းက အထီးကျန်သိုင်းသခင်ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တဲ့ ဓမ္မဝိသေသတာအိုအရှင်တွေ အများကြီးပဲလို့ ငါကြားမိတယ်”

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း တိုက်ပွဲ၏ ရလဒ်သည် ဆွေးနွေးစရာခေါင်းစဥ်တစ်ခုဖြစ်လာခဲ့လေသည်။

“ကြည့်စမ်း..... ဟိုမှာ ဖန်သားနန်းတော်က ကျင့်ကြံသူတွေက ထပ်ပြီးတော့ပေါ်လာပြန်ပြီ...”

ကျင့်ကြံသူတစ်ယောက်က မလှမ်းမကမ်းရှိ ကောင်းကင်ထက်ကို လက်ညိုးထိုးပြီးပြောလိုက်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဖန်သားနန်းတော်မှ ကျင့်ကြံသူများသည် နေ့တိုင်းလိုလို ယန်တိုင်းပြည်မြို့တော်ဟောင်းတစ်ဝိုက်သို့ အ​ခြေအနေများကို အကဲဖြတ်စစ်ဆေးဖို့အတွက် ရောက်လာတတ်လေသည်။

“အထီးကျန်သိုင်းသခင်က အပျက်အစီးပုံတွေကြားမှာ ထောင်ချောက်တစ်ခုဆင်ထားမှာကို သူတို့က စိုးရိမ်နေကြတာပဲ...”

ကျင့်ကြံသူတစ်ယောက်က ခေါင်းခါ၍ နှုတ်ခမ်းဆူလိုက်လေသည်။

ဖန်သားနန်းတော်က အရေးမပါတာကို အရာလုပ်နေတာပဲ... အထီးကျန်သိုင်းသခင်က ပြောင်းပြောင်တင်းတင်းစိန်ခေါ်ထားပြီဆိုမှတော့ သူက ဘာလို့ အဲ့လိုကိစ္စမျိုးကို လုပ်မှာလဲ...”

အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍များသော ကျင့်ကြံသူများက စုဝေးလာကြ၏။

အမျိုးမျိုးသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ ဂိုဏ်းချုပ်များပင်လျှင် တိုက်ပွဲကိုကိုယ်တိုင်ကြည့်ရှုဖို့အတွက် ရောက်ရှိလာကြ၏။ လူစုလူဝေးက တုန်လှုပ်စရာကောင်းပြီး အံ့မခန်းဖြစ်လာခဲ့လေသည်။

မဟာကျိုးဧကရီ ကျိယောင်ရွှယ်က စစ်တပ်တစ်တပ်ကို ကိုယ်တိုင်ဦးဆောင်လာခဲ့၏။

ဆန်းကြယ်တောင်ထွတ်၏ အင်မော်တယ်ကြိုးကြာအိုကြီးက သူမ၏ တပည့်ဂိုဏ်းသားများကို ဦးဆောင်ပြီး ရောက်လာခဲ့ပြန်လေသည်။

တစ်ချိန်တည်းမှာပင် ယန်မြို့တော်ဟောင်းအပြင်ဘက်တွင် အမျိုးသမီးတစ်ယောက် ရောက်ရှိလာခဲ့၏။ သူမသည် အနက်ရောင်ဆံပင်များကို ဖြန့်ချထားပြီး နှင်းဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူမသည် ရေခဲလိုအသားအရေ ၊ ကျောက်စိမ်းအရိုးနှင့်အတူ အလွန်တရာချောမောလှပလေသည်။ သူမ၏ မျက်လုံးများက ဝင်းလက်တောက်ပ၍ ညို့ငင်ဓာတ်ပြည့်ဝနေပြီး ရက်ရက်စက်စက်ချောမောလှပသည်ဟု ဆိုနိုင်လေသည်။

အဖြူရောင်ဝတ်အမျိုးသမီးက အပျက်အစီးပုံများကို တိတ်တဆိတ်ကြည့်နေ၏။

ရုတ်တရက် အမျိုးသမီး၏ ရင်ခွင်ထဲကနေ သေးငယ်သောလက်ဖဝါးတစ်စုံနှင့်အတူ အမွေးပွပွဦးခေါင်းတစ်ခုက ပြူထွက်လာခဲ့၏။

သူမ၏ ငိုက်မျဉ်းနေသော မျက်လုံးများကိုပွတ်သပ်ရင်း သူက ငေးငိုင်စွာ မေးလိုက်၏။

“ကျွန်မတို့ ရောက်လာပြီလား...”

အဖြူရောင်ဝတ်အမျိုးသမီးက ပြန်ဖြေလိုက်၏။

“အင်း...”

တောကောင်လေးသည် စိတ်အားမာန်တက်ကြွသွားပုံရပြီး သူမ၏ခေါင်းကိုပြူထွက်ကာ ယန်တိုင်းပြည်မြို့တော်ဟောင်းရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။ အဲ့ဒါက မီးတောက်နီရောင် မြေခွေးလေးတစ်​ကောင်ဖြစ်​လေသည်။

“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း... ကျွန်မပြောတာမမှန်ဘူးလား... သခင်လေးက ကျွန်မကို မမေ့ပါဘူးလို့... သူက ကျွန်မအတွက် လက်စားချေဖို့ အဲ့ဒါကို လုပ်နေတာ...”

မြေခွေးလေးက အူမြူးအားရစွာဖြင့် ​ပြောဆိုလိုက်၏။

“သူက အဲ့ဒါကို နှစ်တစ်ရာကျော်အောင်အချိန်ဆွဲထားမှတော့ ဘာမှအထင်ကြီးစရာမရှိဘူး...”

အဖြူရောင်ဝတ်အမျိုးသမီးက အထင်သေးသည့်အရိပ်အငွေ့နှင့်အတူ ပြန်လည်ပြောဆိုလိုက်၏။

မြေခွေးလေးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ငြင်းဆန်လိုက်လေသည်။

“အခုလို လုပ်ပေးတာပဲ... သခင်လေးက တကယ့်ကို အံ့မခန်းဖြစ်နေပြီ... သူက တာအိုအရှင်ရွှမ်ယွီနဲ့ အဆင့်ကြီးတစ်ဆင့် ကွာဟနေတယ်လေ...”

“နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း... ရှင်က သခင်လေးကို သက်သက်မဲ့ မျက်မုန်းကျိုးနေသလိုပဲ...’’

“သူက...”

အဖြူရောင်ဝတ်အမျိုးသမီးသည် လိုဏ်ဂူအနက်ပိုင်းထဲရှိမြင်ကွင်းကို ပြန်လည်အမှတ်ရသွားပြီး ဒေါသစိတ်နှင့်ရှက်ရွံ့စိတ်က ရောထွေးလာခဲ့၏။ သူမ၏ပါးနှစ်ဖက်က နီမြန်းသွားပြီး အံကိုတင်းတင်းကြိတ်ကာ ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။

“ဘာပဲဖြစ်ဖြစ်... နတ်မိမယ်အစစ်အမှန်ကျောက်စိမ်း ဒီအလောင်းအစားမှာ ကျွန်မနိုင်သွားပြီ”

မြေခွေးလေးက ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်၏။

“သခင်လေးက... ကျွန်မကို ဘယ်တုန်းကမှမမေ့ခဲ့ဘူး... သူက ကျွန်မကို ကာကွယ်ပေးလိမ့်မယ်... ဘာမှစိတ်ပူမနေနဲ့”

အဖြူရောင်ဝတ်အမျိုးသမီးက တည်ငြိမ်သောအမူအရာတစ်ခုရှိနေ၏။

“အဲ့ဒီအကြောင်းကို ဒီတိုက်ပွဲမှာ သူနိုင်မှပဲ ဆက်ပြောကြတာပေါ့... ဖန်သားနန်းတော်က ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ကိုင်တွယ်ဖို့လွယ်ကူမှာ မဟုတ်ဘူး”

“သူရှုံးသွားမယ်ဆိုရင်တော့.... ငါပြောတာမှန်တယ်လို့ အဓိပ္ပါယ်ရတာပဲ... အဲ့ဒီလူက မင်းကို ကာကွယ်ဖို့အစွမ်းအစမရှိတဲ့အတွက် မင်းက ဒီနေ့ကစပြီး ငါ့နောက်ကို လိုက်ခဲ့ရမယ်....”

ယန်တိုင်းပြည်မြို့တော်ဟောင်း နန်းတော်ထဲတွင်....

လေးလပိုင်း ငါးရက်နေ့ကိုရောက်ရှိဖို့ တစ်ရက်သာလျှင်လိုတော့လေသည်။

ဆူဇီမိုက ယိုယွင်းပျက်စီးနေသော နန်းတော်ထဲမှာ ကျင့်ကြံနေဆဲ ဖြစ်လေသည်။

သူသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အပြင်လောကနှင့် ပိုင်းခြားထားပြီး သူ၏ကျင့်ကြံမှုအဆင့်က ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော်လည်း သူက အလောတ​ကြီးရှိမနေပေ။

သူက စိတ်လှုပ်ရှားပျာယာခတ်နေလို့ သူ့အတွက် ကောင်းကျိုးမရှိနိုင်ပေ။

နန်းကြည်က ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး နေ့နေ့ညည စောင့်ရှောက်ပေးနေလေသည်။

မျောက်နှင့် အခြားသူများကလည်း ပြီးခဲ့သည့်ရက်အနည်းငယ်က ရောက်ရှိလာခဲ့ကြလေပြီ။

သူတို့ထဲတွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော ကလေးငယ်တစ်ယောက်ပါလာခဲ့၏။

သူ၏မျက်လုံးများက နက်မှောင်နေပြီး အလွန်တရာ ဉာဏ်ရည်ထက်မြက်မည့်ပုံပေါ်လေသည်။

ဆူဇီမိုသည် အဆင့်ချိုးဖြတ်တက်လှမ်းဖို့အတွက် အရေးကြီးသော အခြေအနေတစ်ခုမှာရှိနေကြောင်း မျောက်နှင့်တခြားသူများက သိထားကြသည့်အတွက် မဆင်မခြင်ဝင်ရောက်ခြင်းမရှိဘဲ အပြင်ဘက်ကနေ စောင့်ဆိုင်းနေကြ၏။

တိုက်ပွဲမတိုင်ခင် နောက်ဆုံးည ဖြစ်လေသည်။

ရုတ်တရက် နက်မှောင်နေသော နန်းတော်အတွင်းတွင် အလင်းတန်းနှစ်ခုက တောက်ပလာခဲ့၏။ အဲ့ဒါက ဆူဇီမို၏ မျက်လုံးနှစ်ဖက်ဖြစ်လေသည်။

သူ၏အော်ရာက အဆက်မပြတ်မြင့်တက်လာခဲ့၏။

အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။

အတန်ကြာပြီးနောက် ထိုဖြစ်ရပ်က တဖြည်ဖြည်းငြိမ်သက်၍ ရပ်တန့်သွားခဲ့လေသည်။

သူက အဆင့်ချိုးဖျက်တက်လှမ်းသွားခဲ့လေပြီ။

ပကတိမူလနတ္ထိအဆင့်....

ထိုအခိုက်အတန့်တွင် သူ၏အမြုတေစိတ်ဝိညာဥ်က အမှန်တကယ်ပြီးပြည့်စုံလာခဲ့သည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိနိုင်၏။ သူ၏ခန္ဓာကိုယ်တွင် မည်သည့်အားနည်းချက်မှမရှိတော့ပေ။

ရုတ်တရက်.. သူ၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခုက ဝင်ရောက်လာခဲ့၏။

သူသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး သူ၏မျက်လုံးကိုမှိတ်ကာ အလေးအနက်စဥ်းစားဆင်ခြင်လိုက်၏။

အရုဏ်တက်ချိန်မှသာ ပြီးခဲ့သည့်ညက ဉာဏ်အလင်းပွင့်မှုကို နားလည်ဆင်ခြင်ဖို့ ကြိုးစားခဲ့ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက နောက်ဆုံးပေါ်ထွက်လာခဲ့၏။

ဆူဇီမိုအဆင်ပြေသည်ကိုခံစားမိပြီး မျောက်နှင့်အခြားသူများက ဆက်လက်၍ စောင့်စားမနေတော့ဘဲ နန်းတော်ထဲသို့ ဝင်ရောက်လာကြ၏။

“မင်းတို့တွေ ပြန်ရောက်လာကြပြီပဲ...”

ဆူဇီမိုက မျောက်နှင့်အခြားသူများကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးပြလိုက်၏။

ရုတ်တရက်ဆိုသလို သူ၏အကြည့်သည် မျောက်နှင့်အခြားသူများကြားမှ ကလေးငယ်တစ်ယောက်အပေါ် ဆင်းသက်သွားပြီး ရပ်တန့်သွားခဲ့လေသည်။

ကောင်လေးကလည်း သူ့ကိုပြန်ကြည့်နေ၏။

ကောင်လေးသည် သူ့ကိုယ်သူထိန်းချုပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေသော်လည်း သူ၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်ဝမ်းသာမှုကို ဆူဇီမိုက တွေ့မြင်နိုင်လေသည်။

ဤကောင်လေးကို သူမသိပေ။

သူသည် ဤကောင်လေးနှင့် အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးကြောင်း သေချာလေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ ဤကောင်လေးထံမှ ရင်းနှီးကျွမ်းဝင်မှု အငွေ့အသက်တစ်ခုကို သူက ခံစားနေရ၏။

သူသည် ကောင်လေး၏ နက်မှောင်၍ ဉာဏ်ရည်ထက်မြတ်မည့် မျက်လုံးများကိုကြည့်ရင်း တစ်စုံတစ်ရာကို ရုတ်တရက်တွေးမိသွားသည့်အလား ဆတ်ခနဲ တုန်ယင်သွား၏။

ကောင်လေးထံမှ ထွက်ပေါ်လာသော ရင်းနှီးကျွမ်းဝင်သည့် အငွေ့အသက်ကို နောက်ဆုံးမှာ သူသိရှိသွားလေသည်။

ထိုမျက်လုံးတစ်စုံနှင့် ထိုအကြည့်သည် အတိတ်ကာလတုန်းက သူနှင့်အတူ အဖော်ပြုပေးခဲ့သော ဇူဖန်နှင့် ထပ်တူနီးပါးတူညီနေ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ကောင်လေး၏ အစစ်အမှန်ပုံစံကို မြင်မိသွား၏။

ချက်ချင်းပင် သူက ကိစ္စများစွာကို နားလည်လာခဲ့၏။

All Chapters