ဓမ္မပညာရပ်များ၏ တိုက်ပွဲ
Vol. 79 Ch. 1176
ဆူဇီမိုသည် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုပြီး တာမင်းမန္တန်ကို ပေါက်ကွဲထွက်ပေါ်လာစေ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲပြောင်းလဲပြီး ချက်ချင်းနီးပါးပင် တိုက်ခိုက်ရေး တာမင်းဓမ္မချိပ်စည်းသုံးခုကို ဆင့်ခေါ်လိုက်၏။
မိစ္ဆာနှိမ်နှင်းချိပ်စည်း ၊ သားရဲနှိမ်နှင်းချိပ်စည်းနှင့် အင်မော်တယ်ထောင်ချောက်ချိပ်စည်းတို့က တစ်ပြိုင်နက်တည်းဆင်းသက်လာကြ၏။
ချက်ချင်းပင် လောကက ပြောင်းလဲ၍ လှုပ်ခါသွားလေသည်။
မိုးကောင်ကင်၏ အစွန်းတစ်ဖက်တွင် ဗုဒ္ဓအလင်းရောင်များက တိမ်လွှာများကို ထိုးဖောက်၍တောက်ပလာပြီး လောကကို ထွန်းလင်းလာစေ၏။
အစစ်အမှန်ဟုထင်ရသော ဧရာမရွှေရောင်လက်ဝါးသုံးခုသည် ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့သော စွမ်းအားနှင့်အတူ တာအိုအရှင်ရွှမ်ယွီဆီသို့ ဖိချေသက်ဆင်းလာခဲ့၏။
ဆူဇီမိုသည် မည်သည့်အကဲစမ်းမှုမှမရှိဘဲ သူ၏စွမ်းအားကုန်ဖြင့် တိုက်ခိုက်လိုက်လေသည်။
သူက ဤတိုက်ပွဲအတွက် စောင့်ဆိုင်းနေရသည်မှာ ကြာခဲ့လေပြီ။
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က သူသည် တာအိုအရှင်ရွှမ်ယွီနှင့် ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့ခဲ့ရ၏။
သို့သော် ယခုအခါမှာတော့ သူသည် တာအိုအရှင်ရွှမ်ယွီ၏ ရှေ့တည့်တည့်မှာ မတ်တတ်ရပ်နေနိုင်ခဲ့လေပြီ။
“အဲ့ဒါက တာမင်းကျောင်းတော်ရဲ့ ဒဏ္ဍာရီလာပျောက်ဆုံးနေတဲ့ လျှို့ဝှက်အတတ်လား....”
“အဲ့ဒီဓမ္မချိပ်စည်းသုံးခုရဲ့ ပေါင်းစည်းစွမ်းအားက ဓမ္မဝိသေသတာအိုအရှင်အချို့ရဲ့ အကန့်အသတ်ထက်တောင်ကျော်လွန်နေခဲ့ပြီပဲ.....”
“အထီးကျန်သိုင်းသခင်က မူလနတ္ထိအဆင့်မှာပဲ ရှိသေးတယ်... ဒါတောင် သူ့ရဲ့ ဓမ္မစွမ်းအားတွေက အရမ်းကိုကြောက်စရာကောင်းပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကိုတောင် ဆင့်ခေါ်နိုင်နေပြီ”
တာမင်းဓမ္မချိပ်စည်းသုံးခုက ဆင်းသက်လာပြီး ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းနှင့်အတူ တောက်ပကာ လေထုကိုခြောက်ခမ်းသွားစေလေသည်။
တာအိုအရှင်ရွှမ်ယွီသည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ ဖိချေသက်ဆင်းလာသော ရွှေရောင်လက်ဝါးများကို ကြည့်လိုက်၏။
သူ၏ မျက်လုံးထဲတွင် အထင်သေးသည့်အရိပ်အယောင်က ဖျပ်ခနဲ ပေါ်ထွက်လာပြီး သူက ငေါက်ငမ်းလိုက်လေသည်။
“သွေးနီရောင်သက်တံ အထွတ်အမြတ်ခုတ်ချက်...”
တာအိုအရှင်ရွှမ်ယွီ၏ လက်ဝါးကနေ ဓမ္မပညာရပ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
အဲ့ဒီနောက် သွေးနီရောင်အလင်းတန်းသည် သူ၏လက်ဖဝါးကနေ ရုန်းကန်ပစ်လွင့်သွားပြီး အဘက်ဘက်သို့ ပျံသန်းသွားလေသည်။
တာအိုအရှင်ရွှမ်ယွီသည် ချစ်ချစ်တောက်ပူလောင်သော နေတစ်စင်းကို ဖိချေဖျက်ဆီးပစ်လိုက်သည့်အလားပင်။
ဖောက်...ဖောက်...ဖောက်...
သွေးနီရောင်အလင်းများသည် ရွှေရောင်လက်ဝါးများနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ခဏမျှ လွန်ဆွဲသွားကြ၏။ အဲ့ဒီနောက် ရွှေရောင်လက်ဝါးများသည် တိုက်စား၍ ထိုးဖောက်ခံလိုက်ရ၏။
တစ်ခဏအတွင်းမှာပင် ဧရာမအထွတ်အမြတ်ရွှေရောင်လက်ဝါးသုံးခုသည် စကာပေါက်ဖြစ်၍ အရောင်မှိန်ကျသွားလေသည်။
“ဒီလိုမျိုး ခလေးကလားလှည့်ကွက်တွေနဲ့များ... မင်းမရှက်ဘူးလား”
တာအိုအရှင်ရွှမ်ယွီက လှောင်ရယ်လိုက်၏။
တကယ်တော့.... သူတို့ကြားတွင် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် ကွာဟနေသည်ကို လက်ရှိကျင့်ကြံသူများအားလုံးက သိထားကြ၏။
အထီးကျန်သိုင်းသခင်သည် တာအိုအရှင်ရွှမ်ယွီကို အရေးနိမ့်ခြင်းမရှိဘဲ ထိပ်တိုက်တိုက်ခိုက်နိုင်ခြင်းကပင် ထိုဓမ္မပညာရပ်၏ စွမ်းအားကို သက်သေပြပြီးလေပြီ။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က ထူးမခြားနားပုံစံဖြင့်ပြောလိုက်၏။
“သူက အစစ်အမှန်တာမင်းဓမ္မချိပ်စည်းကို အပြည့်အစုံ မရရှိသေးတာ နှမြောစရာပဲ... “
“ငါကြားတာတော့... တာမင်းဓမ္မချိပ်စည်းရဲ့ နောက်ဆုံးချိပ်စည်းနှစ်ခုက စွမ်းအားအကြီးဆုံးလို့ပြောတယ်... ဒါပေမယ့်လို့ သူတို့က ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်းထောင်ချီနေခဲ့ပြီ... ဒီကောင်လေးက အဲ့ဒါကို မထုတ်ဖော်နိုင်တာ မထူးဆန်းပါဘူး”
မီးလျှံကိုလံဘတ်တောင်ကြား၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
ဓမ္မပညာရပ်နှစ်ခုသည် ယခုအချိန်ထိ ပျက်ပြယ်မသွားသေးဘဲ လေထဲရှိ ဓမ္မစွမ်းအားမျက သိပ်သည်းပြင်းထန်သော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
သို့သော်လည်း တာအိုအရှင်ရွှမ်ယွီသည် အကြောက်အလန့်ကင်းမဲ့သော အမူအရာတစ်ခုရှိနေ၏။ သူ၏ စွမ်းအားကြီးသော ခန္ဓာကိုယ်ကို မှီခိုရင်း သူ၏ပုံရိပ်သည် ဖျပ်ခနဲလှုပ်ရှားသွားကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ ဓမ္မစွမ်းအားအလွှာများကို ဖြတ်ကျော်ပြီး ဆူဇီမိုထံသို့ ဝင်ရောက်လာခဲ့၏။
“သူက လှုပ်ရှားနေပြီ....”
“သူက အထီးကျန်သိုင်းသခင်ကို အနီးကပ်ဝင်လုံးဖို့ ကြိုးစားနေတာလား...”
ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
ဖန်သားနန်းတော်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကြားတွင် အသန်မာဆုံး ခန္ဓာမီးဆေးဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။
ဒဏ္ဍာရီအရ ဖန်သားနန်းတော်၏ လျှို့ဝှက်အတတ် ဖန်သားနှလုံးသားသုတ္တန်ကို အကန့်အသတ်ထိကျင့်ကြံပြီးပါက ထိုသူ၏ ခန္ဓာကိုယ်သည် ဓမ္မရတနာများနှင့် ယှဥ်လာနိုင်ပြီး ဖျက်ဆီး၍မရနိုင်ဘဲ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
ဖန်သားနန်းတော်သည် ကိုယ်ကာယနှင့် မျိုးဆက်သွေးမှာ အသန်မာဆုံးဖြစ်လေသည်။
အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်သည် လွန်ခဲ့သည့်ဆယ်နှစ်က တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ကြောင်း လူတိုင်းက သိထားကြ၏။
သူ၏ ပြန်လည်တည်ဆောက်ထားသော ခန္ဓာကိုယ်သည် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲတွင် သိပ်သည်းပြင်းထန်သော ခွန်အားကို ပြသခဲ့သော်လည်း အဲ့ဒါက တာအိုအရှင်ရွှမ်ယွီထက် အနည်းငယ်အားနည်းနေဆဲ ဖြစ်လေသည်။
ဆူဇီမိုက အဲ့ဒါကိုသတိထားမိလေသည်။ အရင်တုန်းကတော့ သူသည် အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းခဲ့လေသည်။
ယခုအခါမှာတော့ အဲ့ဒါက အတိတ်ကာလမှာကျန်ခဲ့ပြီဖြစ်ပြီး တာအိုအရှင်ရွှမ်ယွီက ချည်းကပ်လာနိုင်ခဲ့မည်ဆိုလျှင် သူ၏အခြေအနေသည် အလွန်တရာအန္တရာယ်များကာ အသည်းအသန်ဖြစ်လာပေလိမ့်မည်။
ရွှစ်...
ဆူဇီမို၏ ခန္ဓာကိုယ်သည် လျှပ်စီးလျှပ်ပန်းများဖြင့် တဖျပ်ဖျပ်လက်ပြီး သူ၏နောက်ကျောတွင် ဧရာမတောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့၏။
သူက ရုန်းကန်ပေါက်ကွဲအားကို ထုတ်ဖော်၍ နောက်သို့အလျင်အမြန်ခုန်ဆုတ်ကာ သူတို့နှစ်ယောက်ကြားအကွာအဝေးကို အကောင်းဆုံးခြားထားဖို့ ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် နောက်ထပ်ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။
ဘန်းဘုန်းဘုန်း....
သူ၏ ဓမ္မပညာရပ်ဖွဲ့တည်လာစဥ် ကောင်းကင်သည် တစ်ခဏအတွင်း နက်မှောင်နေသော တိမ်စိုင်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။ အဲ့ဒါက ကြောက်စရာကောင်းလောက်အောင် မည်းမှောင်နေပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်နေ၏။
“ခရမ်းရောင်မိုးကြိုးမုန်တိုင်း....”
သူကရှေ့သို့ လက်ညိုးညွန်လိုက်၏။
ခရမ်းရောင်မိုးကြိုးများသည် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခုဆင်းသက်လာပြီး လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။
ခရမ်းရောင်မိုးကြိုးများသည် ရစ်ခွေယှက်လိမ်၍ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ တာအိုအရှင်ရွှမ်ယွီဆီသို့ တိုက်ခတ်လာခဲ့လေသည်။
အဲ့ဒါကထိပ်တန်းအဆင့် ဓမ္မပညာရပ်တစ်ခု၏ စွမ်းအားဖြစ်လေသည်။
အဲ့ဒါက လောကကို တုန်ခါသွားစေပြီး လေနှင့်မိုးကို ဆင့်ခေါ်နိုင်လေသည်။
ဆူဇီမို၏ တိုက်ခိုက်မှုများက ယခုအချိန်ထိ ရပ်တန်မသွားခဲ့ပေ။
သူ၏ လက်ဟန်ချိပ်စည်းလှုပ်ရှားမှုသည် တစ်ဖန်ထပ်၍ပြောင်းလဲသွားပြီး နက်မှောင်နေသော တိမ်စိုင်များအလယ်တွင် ဧရာမမိုးကြိုးလျှပ်စီးလုံးတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ပြိုးပြိုးပြက်ပြက် လျှပ်စီးပင်လယ်တစ်ခုသည် တာအိုအရှင်ရွှမ်ယွီ၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာပြီး အကန့်အသတ်မဲ့သော မိုးကြိးစွမ်းအားများက တစ်နေရာထဲမှာ စုဆုံ၍ ဆင်းသက်လာခဲ့၏။
ခရမ်းရောင်မိုးကြိုးမုန်တိုင်း.....
မိုးကြိုးအမျက်.....
မဟာဗလာနယ်စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်း၏ ထိပ်တန်းအဆင့် ဓမ္မပညာရပ်များအားလုံးသည် ဆင်းသက်လာခဲ့ပြီး တာအိုအရှင်ရွှမ်ယွီကို ဆွဲယူနစ်မြုပ်လုနီးပါးပင်။
လူအုပ်ကြီးက တုန်လှုပ်သွားကြရ၏။
သူတို့သာ ကိုယ်တိုင်ကြုံတွေ့ရခြင်းမရှိလျှင် ဤကဲ့သို့သော ဓမ္မပညာရပ်တစ်ခုသည် မူလနတ္ထိတစ်ယောက်ဆီကနေ ဆင်းသက်လာသည်ကို စဥ်းစားကြည့်နိုင်ဖို့ ခက်ခဲလေသည်။
တာအိုအရှင်ရွှမ်ယွီက တည်တံ့သောအမူအရာဖြင့် ဂါထာမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
“ဖန်သားလိုခန္ဓာကိုယ်... အတွင်းအပြင်ကြည်လင်.. အညစ်အကြေးများကို သန့်စင်.. မဖျက်ဆီးနိုင်သောအသွင်..”
ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုက လွှမ်းခြုံသွားလေသည်။ နဖူးမှခြေဖျားထိ သူသည် အပြစ်ဆိုစရာမရှိဘဲ ဖန်သားကဲ့သို့ ဖျက်ဆီး၍ မရနိုင်တော့ပေ။
မိုးကြိုးပင်လယ်ထဲမှာပင် သူ့ကိုကိုင်လှုပ်၍ မရနိုင်တော့ပေ။
ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသောလျှပ်စီးကြောင်းများသည် သူ၏ ဖန်သားအစစ်အမှန်ခန္ဓာကိုယ်ကို ထိတွေ့ရိုက်ခတ်ပြီးနောက် ချက်ချင်းပင်ပျက်ပြယ်သွားကြ၏။
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး လုံးဝအံ့အားသင့်သွားခြင်းမရှိပေ။
ခရမ်းရောင်မိုးကြိုးမုန်တိုင်းနှင့် မိုးကြိုးအမျက်က တာအိုအရှင်ရွှမ်ယွီကို အပြင်းအထန်ဒဏ်ရာရရှိသွားစေလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။
သူ၏ အစစ်အမှန်သတ်ဖြတ်ကွက်ကို ကြီးမားသည့် မိုးကြိုးလျှပ်စီးလုံးထဲမှာ ဖုန်းကွယ်ထားလေသည်။
ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော လျှပ်စီးပင်လယ်ထဲတွင် မသိသာမထင်ရှားသော အစိမ်းရောင်ကြာစေ့များ လွင့်မျောနေသည်ကို မည်သူကမှ သတိမထားမိကြပေ။
ကြာစေ့များက တောက်ပဝင်းလက်နေ၏။
သို့သော်လည်း ၎င်းကို ပြိုးပြိုးပြက်ပြက် လျှပ်စီးအလင်းများက ဖုံးကွယ်ပေးထား၏။
ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာစေ့များ....
ခရမ်းရောင်မိုးကြိုးမုန်တိုင်းနှင့် မိုးကြိုးအမျက် ဆင်းသက်လာပြီးနောင် ချက်ချင်းပင် ဆူဇီမို၏ မျက်လုံးက အေးစက်စက်အလင်းဖြင့် တောက်ပလာပြီး စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို လှည့်ပတ်ကာ တိုးတိတ်စွာရေရွတ်လိုက်၏။
“ခုတ်ပိုင်းစမ်း....”
ကြာစေ့ ၅၄ စေ့သည် လျင်မြန်စွာစုစည်း၍ အလွန်တရာလက်ရာမြောက်သော အစိမ်းရောင်ကြာပန်းဓားတစ်ခုကို လျှပ်စီးပင်လယ်ထဲမှာ ဖြစ်ပေါ်လာစေ၏။
အစိမ်းရောင်ကြာပန်းဓားသည် ကြောက်စရာကောင်းသောအော်ရာတစ်ခုဖြာထွက်နေပြီး မိုးကြိုး ဓမ္မပညာရပ်နှစ်ခုကို ကျော်လွန်သွားခဲ့လေသည်။
အဲ့ဒါက အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်လေသည်။
ခုတ်ချက်တစ်ချက်က အမြုတေစိတ်ဝိညာဥ်ကို ဖြတ်တောက်နိုင်၏။
တာအိုအရှင်ရွှမ်ယွီ၏ ဖန်သားအစစ်အမှန်ခန္ဓာကိုယ်နှင့်ပင်လျှင် အဲ့ဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
အစိမ်းရောင်ကြာပန်းဓားသည် မိုးကြိုးအမျက်နှင့် တစ်ချိန်တည်းနီးပါဆင်းသက်လာခဲ့ပြီး တာအိုအရှင်ရွှမ်ယွီ၏ ဦးခေါင်းဆီသို့ ခုတ်ပိုင်းချလိုက်၏။
လျှပ်စီးများ၏ အလယ်တွင်ရှိနေသော တာအိုအရှင်ရွှမ်ယွီသည် သူ၏ ဖန်သားအစစ်အမှန် ခန္ဓာကိုယ်ကို ဆင့်ခေါ်ပြီး ဝင်ရောက်လာသော မိုးကြိုးလျှပ်စီးများကို ခုခံလိုက်၏။
ရုတ်တရက်ဆိုသလို....
သူသည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
အဲ့ဒါသည် နောက်ခဏ၌ သူသည် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလားပင်။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ.... ။
တာအိုအရှင်ရွှမ်ယွီက ဝေခွဲမရဖြစ်သွား၏။
မိုးကြိုးဓမ္မပညာရပ်နှစ်ခု၏ စွမ်းအားသည် သန်မာသော်လည်း သူ၏ ဖန်သားအစစ်အမှန်ခန္ဓာကိုယ်က အဲ့ဒါကို သေချာပေါက်ခုခံနိုင်လေသည်။ သူက ဘာ့ကြောင့် အဲ့ဒီစိုးတထိတ်ထိတ်ခံစားချက်ကို ရနေရတာလဲ...။
သူ၏ ဤကျင့်ကြံမှုအဆင့်သို့ ရောက်ရှိချိန်တွင် သူက အန္တရာယ်အပေါ် အလွန်တရာထက်ရှသော အာရုံခံစိတ်တစ်ခုရှိလေသည်။ သို့သော်လည်း သူက ယခုအချိန်မှာ စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။
ထပ်မံ၍ စဥ်းစားနေဖို့ အချိန်မရဘဲ တာအိုအရှင်ရွှမ်ယွီက မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ အတွေးတစ်ခုနှင့်အတူ အနက်ရောင်ဓမ္မလက်နက်တစ်ခုက သူ၏အသိစိတ်ထဲကနေ ရုတ်တရက်ပျံသန်းထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းထက်မှာ ရစ်ဝဲလိုက်၏။
ချွမ်း.....
တစ်ချိန်တည်းမှာပင် သတ္တုချင်းထိခတ်သံကို ကြားလိုက်ရလေသည်။
အစိမ်းရောင်ကြာပန်းဓားသည် အနက်ရောင်ဓမ္မလက်နက်နှင့် ပြင်းထန်စွာထိတွေ့ရိုက်ခတ်သွားပြီး ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်ဖော်ကာ ဘေးပတ်လည်ရှိ မိုးကြိုးလျှပ်စီးများကို ချက်ချင်းပင်ဖိနှိမ်သွားခဲ့လေသည်။
“မီးပိတ်ဆို့ခြင်းတောင်း....”
လူအုပ်ထဲတွင် အဖြူရောင်အမျိုးသမီး၏ ရင်ခွင်ထဲရှိ မြေခွေးလေးသည် ပြူးကျယ်လာသောမျက်လုံးများနှင့်အတူ အံ့အားတသင့်ရေရွတ်လိုက်၏။